Total Pageviews

Thursday, December 18, 2014

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
        ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ဇယသုခကျောင်း၌ 
           ၂၀၁၃ ခု မေလ ၃ ရက်နေ့ ညနေပိုင်းအချိန်ဟောကြားအပ်သော 
                သတ္တ၀ါများသေရခြင်းအကြောင်း 
                                          အပိုင်း(၃)

     ပဋိစ္စသမုပ္ပါဒ်ကို ယခုကိုယ်တိုင်နာယူလို့ကိုယ်တိုင်သိခွင့်ရနေကြပါသည်၊ ပဋိစ္စသမုပ္ပါဒ်၌ခန္ဓာပဋိစ္စသမုပ္ပါဒ်သည် အဓိကပဓာနအ
ကျဆုံးဖြစ်ပါသည်။ စာကိုရနေပြီးခန္ဓာကိုယ်ကိုမမြင်တပ်မသိတပ်လျှင်လည်း လိုရင်းကိုမမိသေ့လို့နားလည်ရပါလိမ့်မယ်၊ ရနေသော
စာကိုအခြေခံလျက် ခန္ဓာမှာမြင်အောင်ကြည့်တတ်ရပါလိမ့်မယ်။ ဥပမာပြရလျှင်   ဥစ္စာရတနာတို့မြှုပ်ထားခြင်းကိုရေးထားသောသစ်
ကျမ်းစာကိုတော့ဖတ်၍ရပါလျက် ပစ္စည်းဥစ္စာရွှေငွေရတနာများရှိသောနေရာကိုသွားပြီး ကိုယ်တိုင်တူးဖေါ်ပြီးမယူလျှင် ကိုယ့်အတွက်
ချမ်းသာရန်အကြောင်းမရှိပါ။ အလားတူသစ်ကျမ်းနှင့်ကျမ်းစာတူပါသည် ရွှေငွေသည်မြေကြီးမှာရှိသလို တရားသည်လည်းခန္ဓာမှာရှိပါ
သည်။ ယင်းကြောင်းစာကိုရှေ့သင်ပြီးလျှင် ခန္ဓာမှာမြင်အောင်ကြည့်ရသည်ကိုနားလည်ရပါလိမ်မယ်၊ ကြားနေကျစကားနှင့်ပြောရလျှင်
စာသင်ခြင်းကိုပရိယတ်ခေါ်ပါသည် စာသင်သည့်စကားကိုဆရာတစ်ယောက်ယောက်ထံမှာဒူးတုတ်ပြီး အတ္ထောအက္ခရာသညာတော
သမ္မာသမ္ဗုဒ္ဓမတုလံစသည်တို့ကိုသင်ယူခြင်းကိုမှ စာသင်သည်ဟုနားလည်သူများပါသည်။ တရားနာခြင်းသည်လည်း စာသင်သည်လို့
နားလည်ပါ၊ တရားကိုနာယူလျှင် ထိုတရားအကြောင်းကိုသိပါသည်၊ စာသင်ယူသောပုဂ္ဂိုလ်သည်လည်း မိမိတတ်သောစာနှင့်ခန္ဓာကို
မြင်အောင်ကြည်လျှင် တရားကိုမြင်သွားပါသည်။ သာသနာ၏အဆုံးအမ၌ ပထမပရိယတ်သင်ယူမှုသည်အဓိကပါ၊ သင်ယူပြီးလျှင် ကိုယ်တိုင်လိုက်နာကျင့်သုံးရသည်ကပဋိပတ်၊ ကိုယ်ကိုတိုင်သင်ယူပြီး ကိုယ်ကိုတိုင်လိုက်နာကျင့်သုံးလျှင် လိုက်နာကျင့်သုံးစကား
သည် ခန္ဓာကိုဉာဏ်နှင့်ကြည့်လျှင် ခန္ဓာ၏သဘောကိုသိမြင်သွားခြင်းကိုပဋိဝေဓ၊ မြင်တတ်သိတတ်သွားပါသည် မြင်တတ်သိတတ်
သွားသည်ကိုပဋိဝေဓခေါ်ပါသည်။ ပဋိဝေဓ၌နှစ်မျိုးရှိပါသည် နိဗ္ဗာန်ကိုမြင်တတ်သိတတ်သည်ပဋိဝေဓတစ်မျိုး၊ ဒုက္ခကိုမြင်တတ်သိ
တတ်သည်ပဋိဝေဓတစ်မျိုး နှစ်မျိုးရှိပါသည်။ ဒုက္ခကိုမြင်တတ်သိတတ်အောင် ရှေ့ဦးစွာစရပါသည်၊ဒုက္ခကိုတောင်မှမမြင်တတ်မသိ တတ်တဲ့ ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမြင်နိုင်ရန်လုံးဝမဖြစ်နိုင်ပါ၊ ဒုက္ခချုပ်ငြိမ်းရာကို နိဗ္ဗာန်ခေါ်ပါသည်။ နိဗ္ဗာန်ကိုသိလိုလျှင် ဒုက္ခကိုရှေ့ဦးသိ
ရပါမယ် ဒုက္ခကိုသိလျှင်ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသိရန်လွယ်ကူသွားပြီးဖြစ်ပါသည်၊ ထို့ကြောင့် ဒုက္ခကိုသိရန်သင်ယူရပါမယ်။ ယခု
ဘုန်းကြီးဇရာမရဏကနေပြီး အလောင်းတော်ကြီးများပြန်လည်စီးစစ်နေပုံကိုထည့်ပြီးပြောထားပါသည်။ အသေသည် ခန္ဓာကြောင့်
ဖြစ်သည်၊ ခန္ဓာသည် ကံကြောင့်ဖြစ်သည် သေကြရာ၌ကံသည်လည်းအကူအညီးပါသည်၊ ကံသည် အစွဲအလမ်းရှိသောကြောင့်ဖြစ်
သည်၊ အစွဲအလမ်းကြီးမှုကိုရပ်ပြောရွာပြောစကားနှင့်ပြောရလျှင် စည်းစိမ်ချမ်းသာကိုစွဲလမ်းမှုကတစ်မျိုး၊ ဘ၀ကိုစွဲလမ်းမှုသည်ကတစ်
မျိုး စွဲလမ်းမှုသည်အမျိုးမျိုးရှိပါသည်။ စွဲလမ်းမှုအမျိုးမျိုးတို့ကိုစာစကားနှင့်ပြောလျှင် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပဒုပါဒါန် အတ္တ၀ါဒုပါဒါန်
တို့ဖြစ်သည်။ စာစကားနှင့်ပြောလျှင်စာနှင့်ဝေးသူရွာသူရွာသားမပြောနဲ့ စာနှင့်အမြဲတန်းထိတွေ့နေသောဘုန်းကြီးတောင်မှနားမလည်
နိုင်ပါ။ စာစကားသည်အဆင့်မြင့်ပါသည် အဆင့်မြင့်သောစာစကားကိုနားမလည်နိုင်သောကြောင့်  တရားကိုသိမြင်ကြသောဆရာ
တော်ကြီးတို့သည် ဒေဟာဒေဟာကိုခေါ်သည်ဆိုလျှက်ကောက်ပြကြပါသည်၊ ထိုကဲသို့ကောက်ပြမှသိခွင့်ရသည်ဖြစ်၍ အလွန်ကျေး
ဇူးများပါသည်။ ကံဖြစ်ခြင်းသည် အစွဲအလမ်းဥပါဒါန်ကြောင့်ဖြစ်ပါသည်၊ ဥပါဒါန်သည် စည်းစိမ်ကိုစွဲလမ်းမှုကတစ်မျိုး ခန္ဓာကိုစွဲလမ်းမှု
ကတစ်မျိုး ဤအစွဲအလမ်းကြောင့်ကံဖြစ်လာပါသည် ဥပါဒါနပစ္စယာ ဘဝေါ။ အကြောင်းကြောင့်အကျိုးထွက်လာခြင်းသည် ခန္ဓပဋိစ္စသ
မုပ္ပါဒ်ဖြစ်ပါသည်၊ သံကွင်းဆက်သလိုအကြောင်းကျိုးဆက်ပါသည်၊ ခန္ဓာငြိမ်းလျှင်အားလုံးငြိမ်းသွားပါလိမ့်မယ်။ ယင်းကြောင်း ခန္ဓာအ
ဘယ်ကြောင်ဖြစ်သလဲစီးစစ်သောအခါ ကံကြောင့်ထွက်လာပါသည် ဘ၀ပစ္စယာ ဇာတိ။ ကံသည် အစွဲကြောင့်ဖြစ်သည် ဥပါဒါနပစ္စ
ယာ ဘဝေါ၊ အစွဲဥပါဒါန်သည်လည်း အသေကိုကျေးဇူးပြုခြင်း၌ အကူအညီအထောက်အပံ့ပါနေပါသည်။ ရပ်ထဲရွာထဲ၌အမျိုးမျိုးသော
အစွဲသန်မှုများရှိသည် ထိုအစွဲသန်ခြင်းဟူသမျှသည် နိဗ္ဗာန်ကိုကျေးဇူးပြုသည်ဟူ၍မရှိပါ။ နားလည်အောင်ပြောရလျှင် အစွဲသန်သော
ပုဂ္ဂိုလ်သည် စိတ်အေးချမ်းမှုမဖြစ်ဘဲ စိတ်သည်ပူလောင်နေပါသည်၊ စိတ်အေးချမ်းမှနိဗ္ဗာန်သည် ခေတ္တခဏပေါ်လာသည်။ အေးချမ်း
သည့်နိဗ္ဗာန်ကိုရရန်ခက်ခဲ့ပါသည် ထို့ကြောင့် အစွဲမသန်ရပါ၊ အစွဲမသန်ရဆိုသော်လည်း တားမြစ်ဟန့်တားလိုမရပါ၊ အမှန်ကိုမသိ
ခြင်းကြောင့် အစွဲသန်နေကြခြင်းဖြစ်ပါသည်။ အမှန်ကိုမသိခြင်းကြောင့်အစွဲသန်နေသည်ဟုမြင်သောအခါ အစွဲပြုတ်အောင်အမှန်ကို
သူ့ကိုသင်ပေးရပါလိမ့်မယ်၊ အကောင်းအဆိုးကိုသင်ပေးသဖြင့်အစွဲမပြုတ်ပါ၊ အမှန်ကိုသင်ပေးမှအမှန်ကိုနားလည်မှ    အစွဲပြုတ်ပါ
သည်။ ကိုယ်ကရှေ့ဦးစွာအစွဲပြုတ်ရပါမယ် ကိုယ့်ကိုအရေးကြီးပါသည်၊ နားလည်အောင်ပြောရလျှင် အိမ်သားအိမ်သူနှစ်ယောက်တို့
တွင် အိမ်သားပြုတ်ပြီးမှအိမ်သူပြုတ်လျှင် အိမ်သူသည်နောက်ကျသွားပါပြီ၊ အိမ်သူပြုတ်ပြီးမှအိမ်သားပြုတ်လျှင် အိမ်သားသည်နောက်
ကျသွားပါသည် ကိုယ့်ကိုရှေ့ဦးစွာပြုတ်အောင်လုပ်ရပါလိမ့်မယ်။ ကိုယ့်ကိုရှေ့ဦးစွာပြုတ်ရန်အတွက် တရားကိုနားလည်ရပါလိမ့်မယ် တရားကိုနားမလည်လျှင် အစွဲပြုတ်ရန်ခက်ခဲပါသည်၊ ထိုကြောင့် အသိမှန်အောင်တရားကိုနှလုံးသွင်းရပါသည်။ အစွဲသန်လျှင်ကံဖြစ်
သည် ဥပါဒါနပစ္စယာ ဘဝေါ၊ ကံဖြစ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်သည် ဘ၀ပစ္စယာ ဇာတိ၊ ခန္ဓာဖြစ်လျှင် သေရသည် ဇာတိပစ္စယာ
ဇရာမရဏံ။
        ဤဥပါဒါန်အစွဲ၏ဖြစ်ကြောင်းသည် လိုချင်မှုအားကြီးခြင်းကြောင်းဖြစ်ပါသည်။လိုချင်မှုအားကြီးလာသောပုဂ္ဂိုလ်မှာ အစွဲသန်လာ
ပါသည် လိုချင်မှုကိုတဏှာခေါ်ပါသည်၊ လိုချင်ရုံသက်သက်နှင့်တဏှာမဖြစ်ပါ လိုချင်ရုံသက်သက်ကိုလောဘခေါ်ပါသည်။ ယခုပဋိစ္စ
သမုပ္ပါဒ်စက်ဝိုင်းမှာ တဏှာအမည်နှင့်ပါဝင်နေသည်၊ လောဘကနေပြီး နောက်တစ်မျိုးကိုပြောင်းသွားသောအနေအထားပြောင်းသွား
ခြင်းကိုတဏှာပါ။ တဏှာ၏အဓိပ္ပါယ်သည်အစီးပါ အစီးကိုသဘာဝနှင့်ပြောရလျှင် ထမင်းစားသုံးသောအခါ၌ လက်ကိုရေဖြင်းဆေးပြီး
ထမင်းလုံးသည်လက်မှာမကပ်ပါ စားသောက်လို့ရပါသည်။ လက်မှာထမင်းမကပ်ဘဲထမင်းလုံးရှိနေခြင်းသည် လောဘသဘောဖြစ်ပါ
သည်၊ လောဘသည်ကပ်ငြိခြင်းသဘောမရှိ လိုချင်ခြင်းသဘောရှိသည် တဏှာသည်ကပ်ငြိခြင်းသဘောရှိပါသည်။    ထမင်းလုံးကို
ကြိမ်ဖန်များစွာနယ်ပေးလိုက်လျှင် ထမင်းလုံးမှကိုယ်စီးထွက်လာသည်၊ ထိုအခါသွားကိုင်ကြည့်လျှင်လက်မှာကပ်သည် ထိုအစီးသည်
ထမင်းလုံးမှထွက်လာသောအစီးဖြစ်သည်၊ ထမင်းလုံးထမင်းစေ့သာမန်သည် လောဘနှင့်တူပါသည် လောဘသည်ခွာသာခွဲသာသ
ဘောရှိပါသည်။ ထမင်းမှအစီးဖြစ်၍ကိုင်လျှင် ဖြုတ်၍ခွာ၍မရဘဲကပ်ငြိနေပါသည်။ လောဘကနေပြီးအစီးထွက်တဲ့သဘောကို တဏှာ
ခေါ်ပါသည်၊ တဏှာသည်ကပ်ငြိခြင်းသဘောရှိပါသည်။ ယခုဘုရားသင်ပေးသောနည်းကိုကြည့်လျှင် ကပ်ငြိသောသဘောရှိသောတ
ဏှာကိုနားလည်ပါလိမ့်မယ်၊ မြင်လျှင်ကပ်ငြိသည် ကြားလျှင်ကပ်ငြိသည် နံလျှင်ကပ်ငြိသည် စားလျှင်ကပ်ငြိသည်   အလုပ်လုပ်လျှင်
အလုပ်အပေါ်၌ကပ်ငြိသည် စဉ်းစားလျှင်လည်းကပ်ငြိသည် ခွါ၍ခါ၍မရခြင်းကိုကပ်ငြိသည်ခေါ်ပါသည်။ ကပ်ငြိဖန်များလာလျှင်စွဲလာ
ပါသည် ကပ်သည့်သဘောသည်တဏှာ ကပ်ဖန်များလာလျှင်စွဲလာသည်ကဥပါဒါန် စွဲဖန်များလျှင်အလုပ်ပေါ်လာသည်ကဘ၀ အလုပ်
ပေါ်လျှင်အဖြစ်ပေါ်သည်ဇာတိ အဖြစ်ပေါ်လျှင်သေရသည်ဇရာမရဏတို့ဖြစ်သည်။
     တဏှာကိုရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာဟူ၍ တဏှာခြောက်ပါးစာမှာရှိပါသည်၊  စာ 
မှာရှိသောတဏှာကိုပြောခြင်းမဟုတ်ဘဲ မိမိတို့ဝမ်းထဲ၌ရှိသောတဏှာကိုပြောခြင်းဖြစ်ပါသည်။ ၀မ်းထဲ၌ရှိသောလိုချင်ခြင်းတဏှာ
သည် မြင်မှုကြားမှုနံမှုစားသောက်မှုလုပ်ကိုင်မှုစဉ်းမှုကိုဆက်ပါသည်၊ မျက်စေ့မှမြင်လိုက်လျှင်လို့ချင်ခြင်းငြိခနေ့ပေါ်လာပါသည် အမြင်
ခံအပေါ်၌လိုချင်မှုများ ပြင်းစွာကိုမရမဖြစ်လိုချင်သောစိတ်ဖြစ်နေခြင်းကိုတဏှာခေါ်ပါသည်။ မရမဖြစ်စိတ်ဖြစ်နေခြင်းသည် မြင်မှုနှင့်
ပါတ်သက်၍ဖြစ်တဲ့အတွက်နဲ့ သူ့ကိုရူပတဏှာ ပါဠိစကားပါ၊ မိမိတို့ရခိုင်စကားနှင့်ပြောလျှင် မြင်လို့လိုချင်သည်။ ခလေးသူငယ်တို့ကို
ကြည့်ပါ ပစ္စည်းတစ်ခုကိုမြင်လျှင်လိုချင်သည်ချော့လို့ကိုမရပါ ရအောင်ပေးလိုက်ရသည်။ ဥပမာအားဖြင့်ခလေးတစ်ယောက်သည် 
လေဘောလုံးကိုမြင်လျှင်လိုချင်လာ၍ မိဘထံမှတောင်းသည်၊ ထိုခလေးသည် ဘောလုံးကိုမမြင်မီလိုချင်သောစိတ်မဖြစ်သေ့ပါ၊ မိဘ
သည်လေဘောလုံးတောင်းနေသောခလေးကိုမယူနဲ့ ခဏနေလျှင်ပျက်စီးသွားလိမ့်မယ် ဟန့်တားသော်လည်းမရပါ၊ အသိအမြင်ရှိ
သောမိဘကပြောနေစေကာမူ ခလေးသည်မိဘ၏စကားကို အသံတော့ကြားပါသည်အဓိပ္ပါယ်ကိုနားမလည်ပါ။ သူလိုချင်သည်သာ
သိနေသည်ဖြစ်၍ မိဘသည် ခလေးရရှိအောင်ဝယ်ပေးလိုက်ရသည်၊ ကစားကစားယင့်နဲ့လေဘောလုံသည် ပေါက်ကွဲပျက်စီးသွားပါ
သည်။ ဤဥပမာကိုကြည့်ပါ ခလေးသည်မြင်လျှင်လိုချင်လာသည် မရမဖြစ်စွဲလမ်းသည် ရအောင်အလုပ်လုပ်သည်ဖြစ်၍(တောင်း
ခြင်း)၀ယ်ပေးလိုက်ရသည်၊ ၀ယ်ပေးသည်ဖြစ်၍ရရှိသည် နောက်ဆုံးပေါက်ကွဲပျက်စီးသွားသည်။ ဤအကြောင်းအရာတို့သည်  တ
ဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ တရားတို့တန်းပြီးဖြစ်သွားပါသည်။ ယခုမိမိ
တို့ခန္ဓာကိုကြည့်ပါ လွန်လေပြီးသောအတိတ်ဘ၀၌ လူ့ဘ၀ကိုလိုချင်မှုရှိခဲ့ပါသည် ရှိခဲ့သည်ဖြစ်၍ကုသိုလ်ကံကိုမိမိတို့ပြုလပ်ခဲ့သည်၊ မိမိပြုလုပ်ခဲ့သောကုသိုလ်ကံက လူ့ဘ၀ကိုပို့ပေးလိုက်သည်ဖြစ်၍ ယခုလူ့ဘ၀၌လူဖြစ်နေကြပါသည်။ အတိတ်ဘ၀၌လူ့ဘ၀ကိုရချင်
သည်ဖြစ်၍ ရအောင်လုပ်ခဲ့ပါသည်၊ လူအများပြောနေကြပါသည် ထိုဘ၀၌ကုသိုလ်ကံကောင်းလို့ယခုဘ၀၌လူအဖြစ်ရနေသည်။ ကု
သိုလ်ကံကောင်းလို့ဆိုသောစကားသည် ကံကိုပြောခြင်းဖြစ်သည်။ လူ့ဘ၀ကိုရအောင်လုပ်ခြင်းပါနေသည် မရမဖြစ်လည်းပါနေပါ
သည် တဏှာ ဥပါဒါန် ကံဖြစ်နေပါပြီ။ မိမိတို့၏လုပ်ငန်းစဉ်မှာ မြင်ရ၍လိုချင်သည် ကြားရ၍လိုချင်စည် နံရ၍လိုချင်သည် စားရ၍လို
ချင်သည် လုပ်ကိုင်ရ၍လိုချင်သည်စဉ်းစားရ၍လိုချင်သည် လိုချင်သည်ဖြစ်၍ရရှိလာပါသည်။ ယခုလက်ရှိဘ၀ခန္ဓာရနေမှုကိုကြည့်ပါ
ယခုလ်ရှိဘ၀ခန္ဓာသည် တသက်လုံးဤပုံစံမနေရပါသေရပါလိမ့်မယ်၊ လိုချင်ခြင်းတဏှာသည်လည်း သေရာ၌အထောက်အပံ့ပါနေပါ
သည်၊ လိုချင်သည်ဖြစ်၍ရသည်လောက်သာသိပါသည် သေဘို့ရာ၌အထောက်အပံ့ပါနေသည်ကိုမသိပါ၊ ခုနားကခလေးသည် လေ
ဘောလုံးကိုလိုချင်သကဲသိုနားလည်ပါ။ မိဘကခလေးကိုမယူပါနဲ့ ခဏနေလျှင်ကွဲသွားပျက်သွားလိမ့်မယ် အသိအမြင်ရှိသောမိဘက
ပြောသော်လည်း ပြောမရတားမရသလို ငါရို့ကိုလည်းဘုရားက ဘ၀ကိုသွားမနေနဲ့ဘ၀သွားနေလျှင်အသေနှင့်တွေ့လိမ့်မယ်၊ ဘုရားစ
ကားကိုတော့ကြားပါသည် သို့သော်အဓိပ္ပါယ်ကိုနားမလည်ပါ၊ ဤတရားကိုဘုရားအဆူဆူဟောခဲပြောခဲ့ပြီးဖြစ်ကြပါသည်။ ယခုလော
ကကြီးမှာဘုရားခုနစ်ဆူကို ဆွမ်းကပ်ကိုးကွယ်ကြသည်ကိုကြားဖူးပါလိမ့်မယ်၊ ဘုရားခုနစ်ဆူမှာအစဆုံးဝိပသီ သိခီ ဝေသဘူ ကကု
သံဂေါဏာဂုမ်ကသပယခုနောက်ဆုံးဘုရားသည်ဂေါတမ အရိမေတ္တယျဘုရားသည်လည်းဤတရားကိုသိပြီးဘုရားဖြစ်ပါလိမ့်မယ်။ဘု
ရားဟောသောတရားကိုသူငါကြားတော့ကြားပါသည် အမှန်အတိုင်းနားမလည်ပါ အမျိုးမျိုးလုပ်နေကြသည်တို့ကိုကြည့်လျှင်သိနိုင်ပါ
သည်။ ဘုရားသင်သည်ကိုသာနားလည်ရပါမယ် ဘုရားမသင်သည်ကိုနားမလြည်ရပါ၊ဘုရားကလိုချင်သည်ဖြစ်၍ရအောင်လုပ်လျှက်ရ
သောအခါ၌ချမ်းသာကိုရသည်မဟုတ်ဘဲ အသေကိုသာရသည်ကိုသင်ြ့ပပေးသည်။
     တဏှာသည်အစီးဖြစ်သည် ခွါမရသည်ဖြစ်၍ပေးနေရသည် တဏှာခြောက်မျိုးရှိပါသည်၊ မြင်လျှင်လိုချင်သည်ကြားလျှင်လိုချင်
သည် နံလျှင်လိုချင်သည် စားလျှင်လိုချင်သည် လုပ်ကိုင်ရလျှင်လိုချင်သည် စဉ်းစားရ၍လိုချင်သည် တဏှာခြောက်မျိုးရှိပါသည်။ ဤ
ခြောက်မျိုးတို့သည် မိမိတို့ခန္ဓာသူတပါးခန္ဓာ၌နေ့တိုင်းလည်ပတ်နေပါသည် နေ့တိုင်းလည်ပတ်နေခြင်းသည် ကြောင်းကျိုးဖြစ်နေခြင်း
ဖြစ်ပါသည်၊ လည်ပတ်အဓိပါယ်သည် အကြောင်းကြောင့်အကျိုးဖြစ်နေသည်ကိုလည်ပတ်သည်ခေါ်ပါသည်။ နေ့တိုင်းအကြောင်း
ကြောင့်အကျိုးသည်မျက်စေ့မှလည်ပတ်သည် နားမှလည်ပတ်သည် နှာခေါင်းမှလည်ပတ်သည် လျှာမှလည်ပတ်သည် ခန္ဓာကိုယ်မှ
လည်ပတ်သည် စိတ်မှလည်ပတ်သည် အကြောင်းကြောင့်အကျိုးဖြစ်နေခြင်းပါ၊ လည်ပတ်မှုကိုရှေ့ဦးစွာသိရန်လိုပါသည် အသက်ရှင်
နေသည်ဖြစ်၍မဟုတ်ပါ ပုဂ္ဂိုလ်သတ္တ၀ါဖြစ်နေသည်မဟုတ်ပါ လူနတ်ဗြဟ္မာဖြစ်နေသည်မဟုတ်ပါ အကြောင်းအကျိုးဖြစ်နေသည်ကို
နားလည်ပါ။ အကြောင်းအကျိုးသာရှိသည်ပုဂ္ဂိုလ်သတ္တ၀ါမရှိ လူနတ်ဗြဟ္မာငါသူယောက်ျားမိန်းမမရှိ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်မ
ရှိပါ၊ လူနတ်ဗြဟ္မာငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ယောက်ျားမိန်းမသည် အပြောမှာသာရှိပြီး တကယ့်သဘောမှာမရှိပါ။အကြောင်း
အကျိုးသဘာဝကိုမြင်တတ်ဖို့အရေးကြီးပါသည်၊ အကြောင်းအကျိုးသဘာဝကိုမြင်သောအခါ တရားကိုပထမအဆင့်မြင်ပါပြီ။   အ
ကြောင်းသည် အကြောင်းမှန်သမုဒယသစ္စာ အကျိုးသည်ဆင်းရဲအမှန်ဒုက္ခသစ္စာ၊ အကြောင်းအကျိုးလည်ပတ်နေမှုမှာ သမုဒယနှင့်ဒု
က္ခသစ္စာနှစ်ပါးဖြစ်ပါသည်။ တဖန်ဆက်ပြီးရှာသောအခါ လိုချင်သောတဏှာသည်ဝေဒနာကြောင်းဖြစ်သည်ကိုမြင်ပါသည်။ ခန္ဓာကြောင်းသေရလျှင် ခန္ဓာဖြစ်ကြောင်းကိုလိုက်ရှာသောအခါ ခန္ဓာဖြစ်ကြောင်းများတသီတတန်းကြီးထွက်လာပါသည်၊ ကံ ဥပါဒါန်
တဏှာတို့သည် ခန္ဓာဖြစ်ကြောင်းများဖြစ်သည်။ လိုချင်မှုတဏှာသည် ဝေဒနာကြောင့်ဖြစ်သည်၊ ခံစားမှုကိုဝေဒနာခေါ်ပါသည် ခံစားမှု
ဝေဒနာဖြစ်နေခြင်းတို့ကိုနားလည်အောင်ပြောရလျှင် ခံစားမှုဖြစ်ခြင်းတို့သည်မျက်စေ့နှင့်အဆင်းကိုမြင်လျှင် ခံစားမှုဖြစ်ပေါ်လာသည်၊
နားနှင့်အသံကိုကြားလျှင် ခံစားမှုဖြစ်ပေါ်လာသည်၊ နှာခေါင်းနှင့်အနံ့ကိုနံလျှင် ခံစားမှုဖြစ်ပေါ်သည်၊ လျှာနှင့်အစားအစာကိုစားလျှင် ခံ
စားမှုဖြစ်ပေါ်သည်၊ စိတ်နှင့်စဉ်းစားလျှင် ခံစားမှုဖြစ်ပေါ်သည်။ ခံစားမှုကိုအားလုံးသူသိပါသည် တစ်စုံတစ်ယောက်ကိုပြောသောအခါ
အသံကိုခဏလေးနားထောင်ကြည့်ပါ ဘယ်လိုခံစားရလေပြောပါ၊ အနည်းငယ်စားကြည့် ဘယ်လိုခံစားရသလဲပြောပါစသည်ဖြင့်ပြော
ကြသည်။ ခံစားမှုဝေးနာသည်စာထဲမှာမဟုတ်ပါ ခန္ဓာထဲမှာပေါ်နေပါသည်၊ မြင်မှုနှင့်ဖြစ်တဲ့ခံစားမှု ကြားမှုနှင့်ဖြစ်တဲ့ခံစားမှု နံမှုနှင့်ဖြစ်
တဲ့ခံစားမှု စားသောက်မှုနှင့်ဖြစ်တဲ့ခံစားမှု လုပ်ကိုင်မှုနှင့်ဖြစ်တဲ့ခံစားမှု စိတ်ကူးနှင့်ဖြစ်တဲ့ခံစားမှု အားလုံးပေါင်းလျှင်ခြောက်မျိုးရှိသည်။
ထိုကိုပါဠိဘာသာဖြင့်စက္ခုသမ္ဇသဇာ ဝေဒနာ၊ သောတသမ္ဇသဇာ ဝေဒနာ၊ ဃာနသမ္ဇသဇာ ဝေဒနာ၊ ဇိဝှာသမ္ဇသဇာ ဝေဒနာ၊ ကာယ
သမ္ဇသဇာ ဝေဒနာ၊ မနောသမ္ဇသဇာ ဝေဒနာ ဝေဒနာသာပေါ်ပါသည်လူမပေါ်ပါ၊မျက်စေ့ဖြင့်မြင်သောအခါခံစားမှုသာစိတ်မှာပေါ်လာ
သည် လူပုဂ္ဂိုလ်သတ္တ၀ါအသက်လိပ်ပြာမပေါ် ခံစားမှုသာပေါ်ပါသည်။ မျက်စေ့၌ဖြစ်ပေါ်နေသည်ကခံစားမှု နား၌ဖြစ်ပေါ်နေသည်က
ခံစားမှုသာဖြစ်သည် လူပေါ်နေသည်မဟုတ်ပါခံစားမှုသာပေါ်နေပါသည်။ ခုနားကခလေသည်  လေဘောလုံးကိုမြင်၍လိုချင်ခြင်းကို
ကြည့်ပါ လေဘောလုံးကိုမြင်သောအခါလိုချင်မှုပေါ်လာသည်၊ လေဘောလုံးကိုယူလိုက်လျှင်ကစားလို့ရမယ် ကလေး၏စိတ်မှာဖြစ်
နေသည့်အခြင်းအရသည် ခံစားမှုပေါ်နေခြင်းပါ၊ ထိုခံစားမှုသည်ငါသူမဟုတ်ပါ။ ခလေးသည်ခံစားမှုဆိုသောတရားပေါ်နေသည်ကိုမ
သိပါ ငါလိုချင်သည်သာသိပါသည်၊ ခလေးသည်မသိတတ်သည်ဖြစ်၍လိုချင်သည်ကိုသာသိသည်ဆိုစေအုံ အသက်ခုနစ်ဆယ်ရှစ်
ဆယ်ရှိသောသူလည်း ငါလိုချင်သည်ဘဲသိပါသည် ခံစားမှုကိုငါယူထားခြင်းဖြစ်ပါသည်။ ငါသူပုဂ္ဂိုလ်သတ္တ၀ါအသက်လိပ်ပြာမဟုတ်ပါ 
တရားပေါ်လာခြင်းဖြစ်ပါသည်။ ခံစားမှုပေါ်လာခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုတဏှာသို့ဆက်ပါသည် ဝေဒနာပစ္စယာ တ
ဏှာပါ။မြင်မှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် ကြားမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်
သည် နံမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် စားမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် ၀တ်ဆင်မှုနေထိုင်မှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် တွေးတောကြံစည်မှုကိုခံစားရခြင်းဟူသောအကြောင်း
ကြောင့် လိုချင်မှုဖြစ်သည်။ လိုချင်မှုသည်နဂိုမူလ၌မရှိပါ ခံစားရခြင်ကြောင့်ဖြစ်လာသည်၊ ယင်းကြောင့် လိုချင်မှုသည်ဖြစ်ပေါ်လာ
သောတရားဖြစ်သည် သူငါတို့ကလိုချင်မှုသည်ရှိနေသည်ဟုသိနေကြသည်၊ လိုချင်မှုသည် ရှိနေသောတရားမဟုတ်ပါဖြစ်ပေါ်သောတ
ရားဖြစ်သည်။ ဖြစ်ပေါ်လာခြင်း၏အကြောင်းကိုစိစစ်သောအခါ ခံစာမှုကြောင့်လိုချင်မှုဖြစ်ပေါ်လာပါသည်။ ခံစားမှုသည်အကြောင်း 
ဖြစ်ပေါ်လာသောလိုချင်မှုသည်အကျိုး ယခုအကြောင်းအကျိုးကိုသိသောဉာဏ်ပေါ်နေပါပြီ။ ခံစားမှုကြောင့်လိချင်မှုပေါ်လာပြီး(ဝေဒနာ
ပစ္စယာ တဏှာ) ထိုလိုချင်မှုအားကြီးလျှင်စွဲလမ်းမှုကိုဆက်ပါသည်(တဏှာပစ္စယာ ဥပါဒါနံ) စွဲလမ်မှုပေါ်လျှင်ရအောင်အလုပ်ထွက်
လာသည်(ဥပါဒါနပစ္စယာ ဘဝေါ) ရအောင်လုပ်လျှင်ရလာပါသည်(ဘ၀ပစ္စယာ ဇာတိ) ရလျှင်သေရပျက်စီးရသည်(ဇာတိပစ္စယာ ဇရာ
မရဏံ)။ သေရပျက်စီးရခြင်း၌ ခံစားမှုဝေဒနာအထောက်အကူပါသည် အသေကိုကျေးဇူးပြုသည်ပြောစကားသည် ဤသည်တို့ကို
ပြေခြင်းဖြစ်သည်၊ အသေကိုကျေးဇူးမပြုသောခံစားမှုမရှိပါ ခံစားမှုဟူသမျှသည်အသေကိုကျေးဇူးပြုပါသည်။ ယင်းကြောင့် ခံစားမှုဟူ
သမျှသည်ဆင်းရဲကြောင်းသာဖြစ်၍ ခံစားမှုကိုရပ်စကားရွာစကားနှင်ပြောလျှင်သုံးမျိုးရှိပါသည်။ ခံစားတတ်တဲ့အမူအရာသဘော၌ ချမ်း
သာကိုခံစားခြင်းသည်သုခဝေဒနာဆင်းရဲကိုခံစားခြင်းသည်ဒုက္ခဝေဒနာချမ်းသာဆင်းရဲ၏အလယ်အလတ်ကိုခံစားခြင်းသည်ဥပေက္ခာ
ဝေဒနာ၊ စိတ်ထဲ၌ကောင်သည်မွန်သည်ခံစားလျှင် သုခဝေဒနာ၊ စိတ်ထဲ၌မကောင်းမမွန်ခံစားလျှင် ဒုက္ခဝေဒနာ၊ ကောင်းလည်းအထူး
မကောင်းဆိုးလည်းအထူးမဆိုးခံစားသောအနေအထားကို ဥပေက္ခာဝေဒနာ လျစ်လျူ ရှုသည်လည်းခေါ်ပါသည်။ သဘောသဘာဝနှင့်
နားလည်အောင်ပြောလျှင် လမ်း၌ကိုယ့်လမ်းကိုကိုယ်ကြည်လျက်သွားသောအခါ လမ်းကိုကြည့်လျက်မြင်စိတ်ဖြစ်နေသည်၊ ထိုမြင်
စိတ်သည် ကောင်းမကောင်းဝမ်နည်းဝမ်းသာမဖြစ်ခြင်းသည်ဥပေက္ခာဝေဒနာ ကောင်းမကောင်းမလာသေ့ပါ၊ မိမိသွားနေသောလမ်း
၌ ချိုင့်ခွက်ကြီးကိုမြင်သောအခါ သို့မဟုတ်ဆူးကိုမြင်သောအခါလမ်းဖယ်သွားပါသည် ဒုက္ခဝေဒနာပါ၊ သွားနေသောလမ်းသည် ကတ္တ
ရာများချေမွေ့လျက်ဆက်လျှောက်သွားသည် သုခဝေဒနာပါ။ ခံစားမှုသုခဒုက္ခပေါ်နေခြင်းသည်ငါသူမဟုတ် သူ့သဘာဝနှင့်သူတရား
ဖြစ်နေပါသည်၊ နားနှာခေါင်းလျှာကိုယ်စိတ်၌လည်းဤတူဖြစ်နေပါသည်။ ဤအနေအထားသွားနေခြင်းကို ဝေဒနာပစ္စယာ တဏှာ၊ ခံ
စားမှုဝေဒနာသည် လိုချင်မှုတဏှာကိုကျေးဇူးပြုနေပါသည် ပျက်သည်သေသည့်တိုင်အောင်ကျေးဇူးပြုသွားပါသည်။ 
     ခန္ဓာဖြစ်ကြောင်းတစ်ခုကိုကိုင်ပြီးရှာသောအခါ ဝေဒနာကြောင့်တဏှာဖြစ်သည်၊ တဏှာကြောင့်ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ကြောင့်
ကံဖြစ်သည်၊ ကံကြောင့်ခန္ဓာဖြစ်သည်၊ ခန္ဓာကြောင့်သေရသည်။ ရခိုင်စကားနှင့်ပြောလျှင် ခံစားမှုကြောင့်လိုချင်သည်၊ လိုချင်သည့်အ
တွက်နဲ့စွဲလမ်းသည်၊ စွဲလမ်းသည့်အတွက်နဲ့ ရအောင်လုပ်သည်၊ ရအောင်လုပ်တဲ့အတွက်နဲ့ ရရှိသည်၊ ရရှိသည့်အတွက်နဲ့ သေသည်
အားလုံးဆက်နေပါသည်။  ခံစားမှုဝေဒနာဖြစ်ကြောင်းကိုတဖန်လိုက်ရှာသောအခါ ဖသကြောင့်ဖြစ်ကြောင်းကိုတွေ့ရသည်၊ ဖသ
သည်မာဂဓီဘာသာဖြစ်သည်၊ ဘုရားသည်မာဂဓတိုင်းမှာပွင့်သည်ဖြစ်၍ မာဂဓီဘာသာစကားနှင့်ပြောခြင်းဖြစ်သည်။ ဖသကိုမိမိတို့ရ
ခိုင်စကားနှင့်ပြောရလျှင် မြင်နေရမှုကြားနေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုစဉ်းစားနေရမှုတို့ဖြစ်သည်။ ဖသ၏တိုက်ရိုက်အဓိပ္ပါ
ယ်သည် တွေ့ထိမှုဖြစ်သည်၊ တွေ့ထိ၏အဓိပ္ပါယ်သည် မြင်နေကြားနေနံနေစားနေလုပ်ကိုင်နေကြံတွေးစဉ်းစားနေမှုတို့သည်ဖသဖြစ်ပါ
သည်။ တစ်နေ့တစ်နေ့မှာ မြင်နေရမှုကြားနေရမှုအစရှိသောခြောက်မျိုးတို့သည် မလည်ဘဲနေလို့မရပါ။ ဖသပါဠိလိုပြောလိုက်မှ သူငါ
တို့သည် တရားဟောနေသည့်ထင်ကြပါသည် ထိုအသိသည်ခလေးအသိဖြစ်သည်၊ လူကြီးအသိသိပေးရန်အတွက် မြင်နေရမှုကြား
နေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုကြံတွေးစဉ်းစားနေရမှုတို့သည် တရားဖြစ်နေဟုသိပေးရပါမယ်။ တရားကိုပါဠိနှင့်ပြောလိုလျှင်
လည်းပြောနိုင်ပါသည် ရခိုင်လိုကုလားလိုပြောလိုလျှင်လည်းပြောလို့ရပါသည်၊ ဝေါဟာရတစ်ခုခုတော့ထွက်လာပါလိမ့်မယ် နဂိုမူလ
သည်မြင်နေရမှုကြားနေရမှုကိုပြောခြင်းဖြစ်သည်။ မြင်နေရမှုအစရှိသောခြောက်မျိုးကြောင့် ခံစားမှုဝေဒနာဖြစ်ပါသည်၊ ဤခြောက်မျိုး
တို့သည် တပြိုင်နက်ဝေဒနာတစ်ခုတည်းကိုကျေးဇူးပြုသည်မဟုတ်ပါ တစ်မျိုးမှတစ်မျိုးကိုကျေးဇူးပြုပါသည်။ မြင်နေရမှုဖသကြောင့် မြင်
မှုခံစားသောဝေဒနာကိုကျေးဇူးပြုပါသည်၊ မြင်လျှင်မြင်ခံစားဖြစ်သည်။ မြင်လိုချင်မြင်စွဲရအောင်လုပ်ရလျှင်သေသည် မြင်မှုလမ်း၌ဤပုံစံ
ဆက်သွားပါသည်။ ကြားလျှင်လည်းကြားသည်ကိုခံစားသည် ကြား၍လိုချင်မှုဖြစ်သည် သီးခြားစီတစ်ခုတစ်ခုကို တစ်ခုတစ်ခုသည်
ကျေးဇူးပြုသည်။ပါဠိနှင်ပြောလျှင် သောတသမ္ဖသ အဓိပ္ပါယ်ကကြားနေသည်။၊သောတသမ္ဖသပါဠိသည် တရားဖြစ်သည်ဟုမယူရပါစ
ကားဖြစ်ပါသည်၊ နား၌ကြားနေရမှုသည်သာတကယ်အမှန်တရားဖြစ်ပါသည်။ ဝေါဟာရကိုတရားခေါ်သည်မဟုတ်ပါ၊ ပါဠိဝေါဟာရ
ဖြင့်ပြောလျှင် သောတသမ္ဖသကြောင့်ဝေဒနာဖြစ်ပါသည် ကြား၍ခံစားရသည်။ ရခိုင်ကုလားကျေးငှက်တိရိစ္ဆာန်တို့၌လည်း ကြား၍ခံ
စားရမှုရှိသည် ကြား၍ခံစားမှုဖြစ်နေခြင်းသည်တရားဖြစ်နေပါသည်။ ဥပမာ လူတစ်ယောက်ကြက်မွေးမြူသည်ဆိုပါစို့ ထိုလူသည်အ
စာကိုင်၍ဖြစ်စေမကိုင်ဘဲဖြစ်စေကြက်ကိုစိစိခေါ်လိုက်လျှင် အသံကြားသည်နှင့်ကြက်သည်ပြေးလာ၏၊ ကြက်သည်ငါတော့အစာစား
ရလိမ့်မယ် ခေါ်သံကိုနားမှာကြားလျှင်စားချင်စိတ်သည်ရိတ်ခနဲပေါ်လာသည်၊ ဤအခြင်းအရာသည် ဖသပစ္စယာ ဝေဒနာပါ။ အသံ
ပေးပြီးကြက်ကိုလိုက်ထုပ်လိုက်လျှင် ကြက်သည်သေရမှာကြောက်၍ပြေးသွားပါသည် ဒုက္ခဝေဒနာပါ။ မိမိတို့သည်ဝေဒနာကိုငါသူ
ထင်နေကြပါသည် ကြားမှုသည်ငါသူမဟုတ်ဝေဒနာတရားဖြစ်နေသည်ပြောလျှင်နားမလည်ပါ၊ တရားသည်မရှိမဟုတ်ရှိပါသည်၊ တ
ရားရှိပင်ရှိငြားသော်လည်း တရားကိုနားလည်နိုင်လောက်သောဉာဏ်မရှိပါ။ ခေတ်သုံးစကားနှင့်ပြောလျှင် တရားကိုနားလည်နိုင်
လောက်တဲ့ဦးနှောက်ဖွံ့ဖြိုးမှုမရှိဖြစ်သည်၊ အသံတော့ကြားပါသည် ဉာဏ်မရှိသည့်ဖြစ်၍တရားကိုနားမလည်ပါ။ တရားကိုနားမလည်
လျှင်လည်း စိတ်ပျက်ပြီးတရားနာမှုမှမထပါနှင့်နားထောင်ရပါသည်၊ ကိုယ့်မှာဉာဏ်ရှိသည်လို့နားလည်ထားရပါမယ် ကြားဖန်နား
ထာင်ဖန်များလာလျှင်နားလည်လာပါလိမ့်မယ်၊ ဘုရားစကားကိုနားထောင်ဖန်များလာလျှင် ဉာဏ်ရှိသူနားလည်လာပါသည်။
     မြင်သည်၌ မြင်လျှင်ခံစားမှုပေါ်လာသည် ခံစားမှုပေါ်လာလျှင်လိုချင်သည်စွဲလမ်းသည်အလုပ်လုပ်သည်ရရှိသည်သေရသည် ကြားသည်နံသည်စသည်၌လည်းဤနည်းတူဆက်နေပါသည်။ ကြား၍ဆက်ပြီးသေရသည်ကတစ်မျိုး နံ၍ဆက်ပြီးသေရသည်ကတစ်
မျိုး လုပ်ကိုင်၍ဆက်ပြီးသေရသည်ကတစ်မျိုး အားလုံးသေလမ်းကိုကျေးဇူးပြုနေပါသည်။ မြင်နေမှုကြားနေမှုနံနေမှုစားနေမှုလုပ်ကိုင်
နေမှုကြံတွေးစဉ်းစားနေမှုတို့သည် ချမ်းသာကိုကျေးဇူးမပြုဘဲ အသေကိုကျေးဇူးပြုပါသည်၊ အသေကိုကျေးဇူးပြုသောတရားကို ပါဠိစ
ကားနှင့်ပြောလျှင်သမုဒယသစ္စာ သေကြောင်းပါ၊ အသေသည်ဒုက္ခသစ္စာ သေရကျိုး၊ သမုဒယ ဒုက္ခ သေကြောင်းနှင့်သေကျိုးနှစ်ခုသာ
ရှိပါသည်။ ငါတို့သူတို့ပြောကြသည် မသေခင်မြင်နေရသည် ဤစကားကိုစီးပြီးစဉ်းစားကြည်ပါ၊ မသေခင်မြင်ရသည့်စကား၌ မြင်ရ
ခြင်းသည်သေရန်အတွက်ဖြစ်သည်၊ မြင်နေရသည့်ကအကြောင်း သေရသည်ကအကျိုး။ မသေခင်ကြားနေရသည် မသေခင်နံနေရ
သည် မသေခင်စားနေရသည် မသေခင်လုပ်ကိုင်နေရသည် မသေခင်စဉ်းစားနေရသည်တို့သည် သက်သက်အသေကိုကျေးဇူးပြုနေ
ပါသည်။ ဗုဒ္ဓဘာသာလူမျိုးကိုသာအသေကိုကျေးဇူးပြုနေသည်မဟုတ်ဘဲ ခွေးဝက်ကြက်ငှက်ပိုးပုရွက်မှအစ ရှိသမျှခန္ဓာကိုကျေးဇူးပြုနေ
ပါသည်။ ထို့ကြောင့် ခန္ဓာဟူသမျှသည် ဆင်းရဲကြောင်းနှင့်ဆင်းရဲသာရှိပါသည်၊ ဆင်းရဲကြောင်းစကားကိုတော့ကြားပါသည် သို့သော်
အဓိပ္ပါယ်ကိုနားမလည်ဖြစ်တတ်သည်၊ ဆင်းရဲကြောင်းသည်သေကြောင်း ဆငိးရဲသည်သေရခြင်းပါ၊ သေကြောင်းနှင့်သေရကျိုးသာရှိ
သည် နောက်တခြားမရှိပါ။ ပါဠိနှင့်ပြောလျှင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာသာရှိပါသည်။
     မြင်နေရမှုကြားနေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုစဉ်းစားနေရမှုတိုသည် အသေကိုကျေးဇူးပြုနေသည်ဖြစ်၍ အလောင်း
တော်ကြီးသည်ဗောဓိပင်အောက်၌ ဖသဖြစ်ကြောင်းကိုရှာသောအခါ သဠာယတနကြောင့်ဖသဖြစ်သည်ကိုမြင်ပါသည်၊ မျက်စေ့နား
နှာခေါင်းလျှာကိုယ်စိတ် ဤခြောက်ပါးကိုသဠာယတနခေါ်ပါသည်။မျက်စေ့ရှိခြင်းကြောင့်မြင်နေရသည်၊သူငါတို့ကအသက်ရှိလို့မြင်နေ
ရသည်ဟုပြောကြပါသည် ဤအပြောသည်အများကြီးကွာဝေးပါသည်။ ယခုအလောင်းတော်ကြီးစီးစစ်ရှာဖွေ၍သိနေသည်က မျက်စေ့
ရှိလို့မြင်ရသည် နားရှိလို့ကြားရသည် နှာခေါင်းရှိလို့နံ၇သည် ပါးစပ်ရှိလို့စားရသည် ခန္ဓာရှိလို့လုပ်ကိုင်နေရသည် စိတ်ရှိလို့စဉ်းစားနေ
ရသည်။ သူငါမြင်နေရကြားနေရနံနေရစားနေရလုပ်နေရစဉ်းစားနေရမှုတို့သည် အသက်ရှိလို့ဖြစ်သည်ဟုထင်မြင်နေကြသည်၊  အ
သက်ရှိလို့မြင်နေရကြားနေရနံနေရစားနေရလုပ်နေရစဉ်းစားနေရသည်ထင်မြင်ယူလျှင် အကြောင်းမှန်အကျိုးမှန်ကိုတည့်တည့်မကျပါ။
ရခိုင်လူမျိုးတစ်မျိုးတည်းသာအကြောင်းမှန်အကျိုးမှန်အကျိုးမှန်ကိုတည့်တည့်မကျသည်မဟုတ် ကုလားတရုပ်ဂျပန်စသည့်အားလုံးသူ 
အသက်ရှိလို့မြင်နေရသည်ဟုယူကြသည်၊ ထို့ကြောင့် လောကအမြင်နှင့်ဘုရားအမြင်သည် မိုးနှင့်မြေလောက်ကွာပါသည်၊ ဆီနှင့်ရေ
ကိုပုလင်းတစ်လုံးမှာထည့်ပြီးရောနှောသော်လည်းမရောနှောဘဲခြားနားနေသလို ဘုရားအမြင်နှင့်လောကအမြင်သည်ခြားနားနေပါ
သည်။ သူငါတို့သည်ဘုရားကိုလူအလယ်မှာဝိုင်းပြီးထိုင်နေသည်ကိုမြင်ပါလိမ့်မယ် ဘုရားသည်လည်းငါတို့ကြည့်သလို ငါတို့ကြားသ
လိုဖြစ်လိမ့်မယ်လို့ထင်ပါလိမ့်မယ်၊ အမြင်အကြားသည်ဘုရားနှင့်ငါတို့နှင့်မတူပါ၊ ဆီနှင့်ရေကိုမျက်စေ့ရှိသူကြည့်လျှင်ခြားနားနေမှုကို
မြင်သကဲသို့ ဉာဏ်ရှိသူကြည်လျှင်လည်း ခြားနားနေသည်ကိုမြင်ပါသည်။ မြတ်စွာဘုရားဥပမာပေးသည်ကိုကြည့်ပါ ရေမှာရှိနေသော
ကြာသည်ရေနှင့်မရောသလို လောက၌ဉာဏ်ရှိပြီးဘုရားဖြစ်လာသောငါဘုရားသည်လည်း အများနှင့်မရောပါ။ အသိအမြင်အနံ့မ
ရောပါ အားလုံးသီးခြားဖြစ်သည်။ ဘုရား၏တပည့်သားကိုလည်းထိုကဲသို့သင်ပါသည် တကာတကာမတို့သည်မိမိတို့ကိုယ်တိုင်တတ်
အောင်သင်လျှင် အများနှင့်မရောသီးခြားဖြစ်နေပါလိမ့်မယ်။ အခြားဟာကိုထားပါ အလှူပေးသူနှင့်အလှူမပေးသူမတူလူအလယ်မှာ
ခြားနေပါသည် သီလရှိသူနှင့်သီလမရှိသူလူအလယ်မှာခြားနေပါသည်၊ သာမန်လောက်ကလေးမှာခြားနေလျှင် အသိနှင့်ဆိုပိုပြီးခြား
နားသွားပါသည်၊ ကြည့်လျှင်တော့တူနေသလိုမြင်ပြီး အသိမှာခြားနေပါသည်၊ မြတ်စွာဘုရားသည် မြင်မှုကြားမှုတို့၌ငြိကပ်မှုမရှိပါ။
     သဠာယတန၌အာယတနခြောက်ပါးသည် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ဖြစ်ပါသည်။ ပါဠိအားဖြင့်စက္ခာယတန သော
တာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနတို့ဖြစ်သည်။ ပါဠိအသံဖြင့်ဟောကြပြောကြသောအခါ သူငါတို့
၏နားမှာတရားဟောနေသည်တော့ကြားပါသည် တရားကိုမမြင်ပါ၊ စိတ်၌လည်းတရားဟောနေသည်လို့သိပါသည် တရားကိုမမြင်ပါ ယခုတရားကိုမြင်အောင်ပြောနေပါသည်။ သဠာယတနသမှာ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယ တန မနာယတနတိုသည် ကိုယ်ခန္ဓာကိုပြောခြင်းဖြစ်သည်။ မျက်စေ့ဤခန္ဓာမှာရှိပါသည် နားဤခန္ဓာနှာရှိပါသည် နှာခေါင်းလျှာကိုယ်
စိတ် ဤခန္ဓာမှာရှိပါသည်၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ကိုပယ်လိုက်လျှင် ဤခန္ဓာ၌တခုမှမကျံပါ။ စက္ခာယတန သောတာ တနယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနတို့ကိုကြားနေသောအခါ တရားဟောနေသည်သိသောအသိနှင့်
ကိုယ်ခန္ဓာပေါ်၌ဤတရားကိုသိသောအသိသည်မတူပါ၊ ဤအသိသည်တရားကိုမြင်နေသည် ထိုအသိသည်တရားကိုနားထောင်နေ
သည်၊ တရားကိုနားထောင်သောအသိသည် သဒ္ဓါဖြစ်ပါသည်။ သဠာယတနဆိုသည်နှင့် ခန္ဓာကိုယ်ကိုစိုက်ကြည့်လိုက်လျှင်ဤခန္ဓာပါ၊
ဤခန္ဓာသည် လူလားတရားမေလျှင်တရားပါ။ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ် ဤအာယာတနခြောက်ပါးကိုလူခေါ်ပါသည်၊ ခွေး၌
လည်းမျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ကို ခွေးခေါ်နေခြင်းပါ။ အခေါ်အမည်သာကွဲပြီး ရှိနေမှုသည်တူကြပါသည်၊ ထိုတူသောရှိနေ
မှုသည် တရားဖြစ်သည်။ အခေါ်အပြောမှာတော့ခွဲပြီးခေါ်ပြောရသည် ထိုမှသာနားလည်ပါလိမ့မယ် သဘောမှာတော့တူပါသည်။မျက်
စေ့ရှိသောသူသည် အမြင်ကိုကျေးဇူးပြုပါသည် စက္ခုသမ္ဖသ၊ နားရှိသောသူသည် အကြားကိုကျေးဇူးပြုသည် သောတသမ္ဖသ၊ အမြင်
အကြားကိုကျေးဇူးပြုနေမှုသည်လူမှာသာမဟုတ် ခွေးဝက်ကြက်စသည်တို့၌လည်း အမြင်အကြားကိုကျေးဇူးပြုနေပါသည်။ ယင်း
ကြောင့် ငါသူလူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ မျက်စေ့ရှိလျှင်အမြင်ကိုကျေးဇူးပြုမှာပါ။ အသက်ရှိလို့မြင်သည်ပြောသောစကား
သည် သမုတိသစ္စာဖြစ်ပါသည် တစ်ယောက်နှင့်တစ်ယောက်နားလည်အောင်ပြောခြင်းဖြစ်သည်၊ အမှန်မှာ အသက်ရှိလို့မြင်သည်မ
ဟုတ် မျက်စေ့ရှိသည်ဖြစ်၍မြင်သည်။ စာကိုမတောက်တခေါက်လောက်တတ်တဲ့သူသည်ပြောလိမ့်မယ် သေသောသူမှာမျက်စေ့ရှိ
သည် ထိုသေသူသည်မမြင် ဤမမြင်ခြင်းသည်အသက်မရှိလို့ဖြစ်သည်။ ဤစကားသည်နားမလည်လို့ပြောခြင်းဖြစ်သည်၊ သေသူမှာ
မျက်စေ့မရှိပါ မျက်လုံးသာရှိပါသည်၊ သေသူမှာအကြည်ရုပ်မရှိပါ အကြည်ရုပ်မရှိသည်ကိုမျက်စေ့မရှိခေါ်ပါသည်။ မျက်လုံးသည်ကိုယ်
ရုပ် ကာယပသဒရုပ် မျက်စေ့သည်စက္ခုပသဒရုပ်၊ မျက်လုံးအလယ်တည့်တည့်မှာအကြည်ရုပ်ကို မျက်စေ့ခေါ်ပါသည်။ သေသူ၌ထိုအ
ကြည်ရုပ်သည် ပျောက်သွားပျက်စီးသွားပါသည်၊ နား၌လည်းထို့အတူပါ ထိုပသဒရုပ်များမရှိလို့ သေနေရခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ
မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်လို့ခေါ်သည့်အာယာတနခြောက်ပါးရှိလျှင် မြင်ရကြားရသည်ကိုကျေးဇူးပြုပါသည်၊ ကျေးဇူးပြုမှုသည်
သေအောင်ထိကျေးဇုးပြုပါသည်။ သေအောင်ထိဆိုလျှင် ဤမျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ရှိခြင်းသည် တကာတကာမတို့အ
တွက် ကောင်းအောင်ချမ်းသာအောင်ကျေးဇူးမြ့ပုဘဲ သေအောင်ကျေးဇူးပြုပါသည်။ ထိုကြောင့် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်
သည် အသေကိုကျေးဇူးပြုသည်ဖြစ်၍ အကြောင်းမှန်သမုဒယသစ္စာ ဆင်းရဲကြောင်း၊ သေသည်ကအကျိုးမှန်ဒုက္ခသစ္စာ ဆင်းရဲအမှန်။
ဤခန္ဓာမှာ သေကြောင်းနှင့်သေရကျိုးသာရှိသည်၊ စာစကားနှင့်ပြောလျှင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာသာရှိသည် နောက်တခြားမရှိ
ပါ။ ယခုအချိန်စေ့ပြီဖြစ်လို့ တရားထိုင်ကြရအောင်။ 

                  

Saturday, November 15, 2014

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌ ၂၀၁၃ခု မေလ

                      (၃)ရက်နေ့ နံနက်ပိုင်းအချိန်ဟောကြားသော

                  သတ္တ၀ါများသေရခြင်းအကြောင်း

                                                                အပိုင်း (၁)
    မြတ်စွာဘုရားကိုသိမြင်ခြင်းသည် ကိုယ့်လိုသူ့လိုဆရာတစ်ယောက်ယောက်ထံ၌မူလတန်းပညာအလယ်တန်းပညာအထက်တန်
ပညာတက်ကသိုလ်ပညာအသီးသီးကိုသင်ယူပြီး ဘွဲဒီဂရီရလားသည့်ပုံစံမျိုးမဟုတ်ပါ။ ကိုယ့်လိုသူ့လိုပုဂ္ဂိုလ်များပညာသင်လျှင်သင်ပေး
ရန်ဆရာတစ်ယောက်ရှိပြီး ထိုဆရာထံမှသင်ယူခြင်းကို တဆင့်သင်ယူသည်ဟုခေါ်သည်။ မြတ်စွာဘုရားမှာမိမိသိမြင်သောတရားကို
သင်ပေးသူဆရာမရှိပါ၊ သူ့ဟာသူတရားရှာပြီး မိမိကိုယ်တော်တိုင်တရားကိုဆရာမရှိဘဲသိမြင်ခြင်းဖြစ်သည်။ ထိုကြောင့်    ဘုရား၏
၏ဂုဏ်တော်၌ သမ္မာသမ္ဗုဒ္ဓတစ်ပုဒ်ပါသည်၊ သမ္မာသမ္ဗုဒ္ဓပုဒ်မှာ သမ္မာတစ်ပုဒ် သံတစ်ပုဒ် ဗုဒ္ဓတစ်ပုဒ်ဖြစ်သည်၊သုံးပုဒ်ကိုစကားတစ်လုံး
ဖြင့်သမ္မာသမ္ဗုဒ္ဓလို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ သမ္မာ၊ ကောင်းစွာ။ သံ၊ ကိုယ်တော်တိုင်။ ဗုဒ္ဓ၊ သိသူ။ အဓိပ္ပါယ်က မှန်စွာကိုယ်တော်
တိုင်သိသူ။ အမှန်ကိုသိသည်၏အဓိပ္ပါယ်က အကောင်းအဆိုးသိခြင်းကိုပြောလိုခြင်းမဟုတ်ပါ၊ အမှန်သိခြင်းကိုပြောခြင်းဖြစ်သည်။ဘု
ရားမဖြစ်မီအလောင်းတော်ဘ၀တို့၌ ဤကကောင်းသည်ဤကမကောင်းစသည်ဖြင့်အကောင်းအဆိုးကိုသာသိပြီးလာခဲ့၏၊ သူကိုယ်
တိုင်တရားရှာလို့သိလာသောအခါ၌ အမှန်ကိုမသင်ဘဲကိုယ်တိုင်သိသွားသည်။ အလောင်းးတော်ဘ၀ဖြစ်တုံးက ဤခန္ဓာကိုယ်ကို ငါ
သူပုဂ္ဂိုလ်သတ္တ၀ါလူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်မြင်ခဲ့သည်၊ ဘုရားဖြစ်ရန်တရားရှာသောအခါ ငါသူပုဂ္ဂိုလ်သတ္တ၀ါဆို
ခြင်းသည်အခေါ်သာဖြစ်၏၊ အမှန်အရှိကသက်သက်ဒုက္ခသာရှိနေသည်ဟုမြင်သည်။ ထိုကိုပြောလိုသောကြောင်း ဧ၀မေတသ ကေ
ဝလသ ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိ စသည်ဖြင့်ပါဠိတော်၌ဟောထားသည်။ ဧ၀ံသည်အဓွန့်စကားဖြစ်သည်၊ ဧ၀ံ၊ ဤသို့ငါပြော
ပြဟောပြသည့်အတိုင်း။ ကေ၀လသ၊ သက်သက်။ သက်သက်ဆိုသောစကားသည် မင်းတို့ငါတို့သိနေသောလူဆိုတဲ့အသိမှာ လူလို့
သိနေတဲ့အသိခံခန္ဓာသည်လူမဟုတ် သက်သက်ဒုက္ခပါ။ နတ်လို့သိနေတဲ့အသိမှာ နတ်လို့သိနေတဲ့အသိခံခန္ဓာသည်နတ်မဟုတ် သက်သက်ဒုက္ခပါ၊ ဗြဟ္မာလို့သိနေသည် သို့သော် အသိခံခန္ဓာသည်ဗြဟ္မာမဟုတ် သက်သက်ဒုက္ခပါ၊ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်
လို့သိနေသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိနေသောအသိခံခန္ဓာသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်မဟုတ် သက်သက်
ဒုက္ခပါ။ ကေ၀လသ၏သက်သက်ကို အဓိပ္ပါယ်ဖွင့်ပြီးထပ်ရှင်းပြသောအခါ ဒုက္ခက္ခန္ဓသ ဒုက္ခအစုကြီးသာဖြစ်သည်။ ဒုက္ခကိုသိမြင်၍
ဘုရားစြေ်သည်၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိတုံးကဘုရားမဖြစ်၊ ထိုအသိမျိုးကတရားကိုသိမြင်ခြင်းမဟုတ်ပါ အများသိနေ
ကြသည့်အတိုင်းသိသောအသိမျိုးသာဖြစ်သည်။ တရားကိုသိခြင်းသည် သက်သက်ဒုက္ခလို့သိမြင်နေခြင်းဖြစ်သည်၊ ထိုသိမြင်ခြင်းကို
ဘုရားဖြစ်တယ်လို့ခေါ်သည်။ ထို့ကြောင့် ဓမ္မစက္ကပ၀တ္တနသုတ်၌ ပုဗ္ဗေ အနနုသုတေသု ဓမ္မေသု ဟုဟောထားသည်။ ပုဗ္ဗေ၊ ဘုရားမ
ဖြစ်မီရှေ့အခါက။ အနနုသုတေသု ၊တစ်စုံတယောက်သောသူကမှလည်းကြားပင်မကြားဖူသော။ ဓမ္မေသု၊ တရားတို့၌။ ရှေ့ကတစ်စုံ
တစ်ယောက်ကသော်မှ ငါ့ကိုပြောပြသင်ပြဖို့လူမရှိသောကြောင့်ကြားပင်မကြားဖူးခဲ့၊ ထိုမကြားဖူးသောတရားတို့၌။ စက္ခုံ ဥဒပါဒိ၊ အ
သိပညာဉာဏ်သည်ထင်ထင်ရှားရှားဖြစ်ခဲ့ပြီ။ ဉာဏ်ကိုရသွားသည်လို့ဆိုလိုသည်၊ ဉာဏ်ကိုရသွားသည့်ဆိုစကားက သက်သက်ဒုက္ခ
လို့သိခြင်းပင်ဖြစ်သည်။ ယခုလက်ရှိခန္ဓာ၌ သောက ပရိဒေ၀ ဒုက္ခ ဒေါမနသ ဥပါယသ ဤအကျိုးအခြင်အရာငါးပါးပေါ်နေသည်လို့ဘု
ရားကဟောထားသည်။ သောက၊ စိုးရိမ်ခြင်း။ စိုးရိမ်မှုသည်ခန္ဓာတိုင်း၌ရှိသည်၊ ခန္ဓာဖြစ်တဲ့သတ္တ၀ါတိုင်းကိုကြည့်လျှင် အကြောင်း
တိုက်ဆိုင်လာတိုင်းစိုးရိမ်မှုပေါ်နေကြသည်၊ ထိုစိုးရိမ်မှုပေါ်ခြင်းသည် သက်သက်ဒုက္ခပေါ်နေခြင်းပါ။ ပရိဒေ၀၊ ငိုကြွေးခြင်း။ စိုးရိမ်မှု
များလာလျှင် ၀မ်းနည်းမျက်ရည်ကျလာ၏၊ မိမိကိုယ်ကိုကြည့်လျှင်သိနိုင်ပါသည် မဟုတ်လို့ငြင်းလို့မရပါ။ ထိုအခြင်းအရာသည် ဗုဒ္ဓဘာ
သာလူမျိုးတစ်မျိုးသာစိုးရိမ်ငိုကြွေးမျက်ရည်ကျသည်မဟုတ်ပါ လူမျိုးတိုင်းဘာသာတိုင်းအားလုံး  ငိုကြွေးခြင်းမျက်ရည်ကျခြင်းကိုပရိဒေဝ
ဟုခေါ်သည်။ ငိုခြင်းမျက်ရည်ကျခြင်းသည် ခန္ဓာတိုင်းမှာရှိသည်၊ အရှေ့ဘက်ကိုကြည့် ရှိ၏၊ တောင်ဘက်အနောက်ဘက်မြောက်ဘ
က်ကြည့်ပါ ပရိဒေ၀သည်ရှိနေကြပါသည်။ ဒုက္ခ၊ ကိုယ်ဆင်းရဲခြင်း။ ကိုယ်ဆင်းရဲခြင်းသည်လည်း ဗုဒ္ဓဘာသာလူမျိုးတစ်မျိုးတည်းမှာ
သာရှိသည်မဟုတ်ပါ၊ စားစရာသောက်စရာနေစရာဝတ်စရာမရှိလို့ တောင်းဘက်ကနေမြောက်ဘက်ကို အရှေ့ဘက်ကနေအနောက်
ဘက်ကိုပြေးလျက် လူမျိုးတိုင်းဘာသာတိုင်းခန္ဓာရသူတိုင်း ကိုယ်၏ဆင်းရဲခြင်းဖြစ်နေကြရ၏။ မြို့ထဲ၌နေသောသူ တောထဲ၌နေသော
သူ အာရှဥရောပအာဖရိက၌နေသောသူများလည်း ပြေးလွှားသွားလာနေကြရသည်၊ ထိုအခြင်းအရာသည် ကိုယ်ဆင်းရဲနေခြင်းဖြစ်ပါ
သည်။ စေစေစပ်စပ်ကြည့်လျှင် တစ်ခုမှလည်းချမ်းသာခြင်းမရှိကိုသိနိုင်ပါသည်။ ဒေါမနသ၊ စိတ်ဆင်းရဲခြင်း။ ကိုယဆင်းရဲနေရုံမဟုတ်
သေ့ စိတ်လည်းဆင်းရဲရ၏။ စားဝတ်နေရေးအတွက်ပြေးလွှားသွားလာနေသောသူတို့၏၀မ်ထဲ၌အပူပါနေသည်၊ ထိုအပူသည်ပင်စိတ်
ဆင်းရဲခြင်းဖြစ်ပါသည်။ ဥပါယာသ၊ မစားနိုင်မသောက်နိုင်တမှိုင်မှိုင်ဖြစ်နေခြင်းသည် ဥပါယာသဖြစ်သည်။ တစ်စုံတစ်ခုကြောင်းဖြစ်
စေ မီးရေလေကြောငိ့ဖြစ်စေ သဘာဝဘေးဆိုးကြီးကျရောက်ခြင်းကြောင့် စားစရာနေစရာဝတ်စရာမရှိလို့တမှိုင်မှိုင်ဖြစ်နေခြင်းသည်
ဥပါယာသဖြစ်သည်။ စိုးရိမ်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်း ဤအကျိုးဆက်ငါးပါးသည် ဘုရားဟော
ခြင်းကြောင့်ဖြစ်နေသည်မဟုတ်ပါ၊ ဘုရားစောသည်ဖြစ်စေမဟောသည်ဖြစ်စေ ခန္ဓာရသူတိုင်းဖြစ်ကြရပါသည်။ မြတ်စွာဘုရားသည်
ထိုတရားကိုသိမြင်ခြင်းကြောင့်ဘုရားဖြစ်ပါသည်။ စိုးရိမ်ခြင်းငိုကြွေးခြင်းစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်းသည် တ
ရားနာနေကြသောဗုဒ္ဓဘာသာလူမျိုးတစ်မျိုး၌သာရှိသည်မဟုတ်ပါ၊ ကုလားလူမျိုးဟိန္ဒီလူမျိုးတို့၌လည်းရှိသည်၊ ကုလားရခိုင်ဟိန္ဒီလို့အ
ခေါ်အမည်သာကွဲသည် ခံစားပုံသဘောချင်းတူကြပါသည်၊ အမည်ကိုလိုက်ပြီးအဟုတ်ကြီးမြင်မနေရပါ။ ပင်ရင်းရှိသောတရားသည်
ဆင်းရဲတရားသာရှိသည်၊ ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိလို့ဟောထားပါသည်။ ကဲ့ ဤဆင်းရဲသည် မည်သည့်အကြောင်းကြောင့်
ဖြစ်လေလို့မေးလျှင် မဖြေနိုင်ဖြစ်ကြပါလိမ့်မည်၊ ကံသမားက ကံမကောင်းလို့ဖြစ်သည်ဖြေလိမ့်မယ်၊ တချို့က အလာကပေးလို့ဖြစ်
သည် တချို့ကဘုရားသခင်ဖန်ဆင်းလို့ ဘုရားသခင်မကြည့်ရှုမစောင့်ရှောက်လို့ဖြသည်။ ဆိုလိုရင်းက ဘုရားသခင်ပေးသည်ကံမ
သည်ယူခြင်းသည် လမ်းကြောင်းလွဲနေခြင်းဖြစ်သည်၊ ဒုက္ခ၏ဇာတ်မြစ်မှန်ကိုမသိသောကြောင်း လမ်းလွဲခြင်းဖြစ်သည်။ ဤဒုက္ခဖြစ်
ခြင်းသည် ကံကြောင်းလည်းမဟုတ် ဖန်ဆင်းရှင်ဘုရားသခင်ကြောင်းလည်းမဟုတ် နတ်ကြောင်းလည်းမဟုတ် ဗြဟ္မာကြောင်းလည်း
မဟုတ်ပါ၊ ခန္ဓာရှိလို့ဤဒုက္ခဖြစ်ရသည်။ ဤခန္ဓာမရှိလျှင် စိုးရိမ်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်းတို့
သည်မရှိနိုင်ပါ ခန္ဓာရှိလို့သာဖြစ်ခြင်းဖြစ်သည်။ တခါတလေ၀မ်းနည်းဝမ်းသာဖြစ်ခြင်းလည်းရှိသည်၊ သားသမီးဆွေမျိုးအသိုင်းအ၀ိုင်း
နှင့်တွေ့ဆုံရခြင်းကြောင့် ၀မ်းသာဖြစ်ရခြင်းလည်းရှိသည်၊ တခါတလေအစီးအပွါးအဆင်မပြေမှုကြောင့် ၀မ်းနည်းခြင်းဖြစ်ရသည်၊ ထို့
အတူ ငိုကြွေးခြင်းမငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းကိုယ်ချမ်းသာခြင်း စိတ်ဆင်းရဲခြင်းစိတ်ချမ်းသာခြင်း တမှိုင်မှိုင်ဖြစ်ခြင်းတမှိုင်မှိုင်မ
ဖြစ်ခြင်း ဤကဲသို့နှစ်မျိုးစီရှိသည်။ ထိုအနေအထားမျိုးကို မမြဲသောအကျိုးခေါ်ပါသည်၊ ထိုအခြင်းအရာသည်လည်းဒုက္ခပါ။ ခန္ဓာ၏အ
ကျိုးမမြဲပုံသဘာဝကို ဉာဏ်နှင့်ကြည့်လျှင်သိနိုင်မြင်နိုင်၏၊ အကျိုးငါးခုသည်ခန္ဓာကြောင့်ဖြစ်ရပါသည်။

                                                                  မုချအကျိုးနှစ်ပါး
    ခန္ဓာကြောင့်ဖြစ်သောနောက်မုချအကျိုးနှစ်ခုရှိသည်၊ တရွေ့ရွေ့ကြီးပြင်းရင့်လာသောဇရာတရားနှင့် တရွေ့ရွေ့ကြီးပြင်းယင်းနှင့်သေ
ရသောမရဏတရားပါ။ ဤဇရာနှင့်မရဏတရားနှစ်ပါးသည် အမြဲတန်းမုချအားဖြင်းရှိနေသည်၊ ဇရာနှင့်မရဏသည်လည်း ခန္ဓာရခြင်း
ကြောင်းဖြစ်ရပါသည်။ အမိဝမ်းထဲ၌ခန္ဓာစဖြစ်လာသောသူကို တစ်ရက် တစ်လ ဆယ်လစသည်ဖြင့်ရေတွက်ကြီးရင့်လာခြင်းသည် ဇ
ရာပါ။ မိခင်ဝမ်းထဲပဋိသန္ဓေကိုရေတွက်နေသောကြားကာလ၌ ပဋိသန္ဓေသည်ပျက်စီးသွား၏ ထိုပျက်စီးခြင်းသည်မရဏပါ။ထို့ကြောင့်
ခန္ဓာဖြစ်လျှင်ကြီးရင့်သည်ဆိုသောဇရာဒုက္ခနှင့် သေသည်ဆိုသောမရဏဒုက္ခနှစ်ခုတို့သည် မုချအားဖြင့်ဖြစ်ကြရပါသည်၊ မည်သူမှ
လွတ်ရိုးထုံးစဉ်မရှိပါ ခန္ဓာကြောင့်ဖြစ်သောမုချဒုက္ခဖြစ်သည်။ မိခင်ဝမ်းထဲ၌မသေခဲဘဲ ကိုးလလွယ်ဆယ်လဖွားပြီးအပြင်ကိုရောက်
လာခြင်းသည်ဇရာပါ။ ထိုမှတစ်နှစ်ဆယ်နှစ်စသည်ဖြင့် ရေတွက်ကြီးရင့်လာခြင်းသည်ဇရာပါ။ ထိုဇရာသည် ဆံဖြူ သွားကျိုးခါးကိုင်း
နားထိုင်းအထီးဖြစ်ပြီး ရောဂါမျိုးစုံဖြစ်လျက်မစားနိုင်မသောက်နိုင်ဆိုတဲ့ဒုက္ခတစ်ခုရှိသေ့သည် ထိုဒုက္ခသည်ဗျာဓိဒုက္ခပါ။ ဤဗျာဓိဒုက္ခ
သည် ကံမကောင်းအကြောင်းမလှ၍ဖြစ်ရခြင်းမဟုတ်ပါ၊ ခန္ဓာရှိလို့ဗျာဓိဒုက္ခဖြစ်ရသည် ခန္ဓာမရှိလျှင်နာခြင်းဆိုတဲ့ဗျာဓိဒုက္ခမဖြစ်ပါ။ ထို့
ကြောင့်မြတ်စွာဘုရားက ငါသည်ဘုရားမဖြစ်မီလေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ဆဲကာလမှာ ကံမကောင်းလို့ဖြစ်သည်
ကံမကောင်းလို့ဖြစ်သည်ဤကဲသို့မြင်ခဲ့သည်၊ ယခုအခါ ခန္ဓာရှိလို့ဖြစ်တဲ့ဒုက္ခများကိုသိမြင်သောကြောင့် ငါသည်ဘုရားဖြစ်သည်။ ထို
တရားကိုငါတစ်ယောက်တည်းသာ အစဦးဆုံးမြင်သိပြီးဖြစ်၏။ မြတ်စွာဘရားကိုယ်တော်တိုင်သိမြင်ခဲ့သောတရားကို ပြန်လည်ဟော
ပြောသောအခါ နားရှိဉာဏ်ရှိသူနားထောင်စဉ်းစားဆင်ခြင်ကြည့်လျှင်မငြင်းနိုင်ပါ။ ခန္ဓာသည်ကြီးပြီးရင့်နေသည်ဇရာဒုက္ခ၊ ကြိးရင့်ပြီး
မစားနိုင်မသောက်နိုင်မသွားနိုင်မလာနိုင်ဖြစ်သည်ဗျာဓိဒုက္ခ၊ ထို့နောက်သေရသည်မရဏဒုက္ခ ဤအကျိုးတို့သည်ကံမကောင်းလို့မဟု
တ်ပါ ခန္ဓာကပေးသောဒုက္ခများဖြစ်သည်။ ခန္ဓာကပေးသောဒုက္ခသည် ခန္ဓာရရှိခြင်းထို့နောက်ကြီးရင့်ရခြင်း နောက်ဆုံးသေဆုံးရခြင်း
ဖြစ်သည်။ ထို့ကြောင့်မြတ်စွာဘုရားက ဇာတိပစ္စယာ ဇရာမရဏံလို့ဟောထားပါသည်။ အိုဒုက္ခနာဒုက္ခသေဒုက္ခများကို ခန္ဓာတိုင်းကို
ကြည့်ပါ ခန္ဓာရသူတိုင်းအိုနာသေဒုက္ခမှမလွတ်ပါ။ ၀မ်းနည်းဝမ်းသာ မျက်ရည်ကျမျက်ရည်မကျ ကိုယ်ဆင်းရဲကိုယ်မဆင်းရဲ စိတ်ဆင်းရဲ
စိတ်မဆင်းရဲ တမှိုင်မှိုင်ဖြစ်တမှိုင်မှိုင်မဖြစ်နှစ်မျိုးစီရှိသည်၊ သူတို့ကမမြဲသောအကျိုးဖြစ်သည် မြဲသောအကျိုးဖြစ်သော အိုမှုနာမှုသေမှု
သည် နှစ်မျိုးမရှိတစ်မျိုးတည်းသာရှိသည်။ ဤဒုက္ခတို့သည် ခန္ဓာရှိနေခြင်းကြောင်းဖြစ်သည်။  ခန္ဓာကအကြောင်း အိုနာသေကအကျိုး၊
သောက ပရိဒေ၀စသည်လည်းအကျိုးပါ။ ခန္ဓာကြောင့်ဖြစ်သောအကျိုးနှစ်မျိုးကွဲသွား၏၊ ထိုအကျိုးနှစ်မျိုးတို့တွင် အိုနာသေကမုချအကျိုး
မြဲသောအကျိုး ခန္ဓာရသူတိုင်းမလွတ်ပါ။ ၀မ်းနည်းဝမ်းသာ မျက်ရည်ကျမျက်ရည်မကျ ကိုယ်ဆင်းရဲကိုယ်မဆင်းရဲ စိတ်ဆင်းရဲစိတ်မ
ဆင်းရဲ  တမှိုင်မှိုင်ဖြစ်တမှိုင်မှိုင်မဖြစ်ဤနှစ်မျိုးစီတို့၌ ဖြစ်သူလည်းရှိသည်မဖြစ်သူလည်းရှိသည်။ ဤနှစ်မျိုးစီသောအခြင်းအရာများ
သည် ခန္ဓာ၏အကျိုးဆက်ဖြစ်သည်။ အိုနာသေကမုချအကျိုး စိုးရိမ်ခြင်းငိုကြွေးခြင်းစသည်ကမမြဲသောအကျိုးဖြစ်သည်၊ မုချအကျိုးဖြစ်
သောအိုနာသေကို မည်သူမှမလွတ်နိုင်ပါ။ ခန္ဓာကြောင်းဖြစ်သောမြဲသောအကျိုးနှင့် ခန္ဓာကြောင်းဖြစ်သောမမြဲသောအကျိုးတို့သည်
မိမိတို့ခန္ဓာမှာရှိနေပါသည်။

                                                           ပဋိစ္စသမုပ္ပါဒနှင့်ပဋိစ္စသမုပ္ပန္န
    မိမိတို့ခန္ဓာကအကြောင်းပဋိစ္စသမုပ္ပါဒ၊ ခန္ဓာကြောင်းဖြစ်သောအိုနာသေနှင့်စိုးရိမ်ခြင်းစသည်တို့က အကျိုးတရားပဋိစ္စသမုပ္ပန္နဖြစ်
သည်။ ပဋိစ္စသမုပ္ပါဒ်သည်စာမဟုတ်ပါ ခန္ဓာကိုပြောခြင်းဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ်ကိုသိသည်တရားကိုသိသည်ဟုဆိုခြင်းသည် ဤခန္ဓာ
ကိုသိခြင်းဖြစ်သည်၊ ဘုရားဟောပြီးနောက်မှ ဘုရားစကားကိုစာနျင့်မှတ်တမ်းရေးထားသည့်အတွက်နဲ့စာလို့ခေါ်ခြင်းဖြစ်သည်၊ နဂိုမူ
လက ခန္ဓာပါ။ ထိုခန္ဓာသည်ဒုက္ခပါ၊ ခန္ဓာကြောင်းဒုက္ခနှစ်မျိုးသာရှိသည်၊ ခန္ဓာရှိလို့ဒုက္ခဖြစ်ကြရပါသည်။ နိမိတ်ကြီးလေးပါးကိုလူတိုင်း
ကြားဖူးကြပါလိမ့်မယ် လူအိုလူနာလူသေရဟန်လေးပါး၊ အလောင်းတော်သည် လူအိုတွေ့စဉ်၌တောမထွက်နိုင်သေ့ အိုမှုမှလွတ်
မြောက်ရန်ကိုစိတ်ထဲ၌သရှိခဲ့သည်၊ နာသူတွေ့စဉ် နောက်သေသူတွေ့စဉ်၌လည်းတောမထွက်နိုင်သေ့ပါ၊ အိုယင်းနာယင်းနဲ့သေနေ
ကြသည် တစ်ယောက်မှမလွတ်ကြောက်စရာကောင်း၏ ဤအိုနာသေမှမည်သည့်နည်းလမ်းဖြင့်လွတ်မည်နည်းဟု အလောင်းတော်
ကြီး၏စိတ်ထဲ၌ရှာခဲ့သည်။ ရှာယင်းနဲ့ဥယျာဉ်သို့ထွက်သောအခါ ရဟန်းကိုတွေ့လေသည်။ အလောင်းတော်ကြီးသည် ရဟန်းကိုရ
ဟန်းဟုမသိပါ၊ မောင်စံ ဤလူတစ်ယောက်သည် ခေါင်း၌လည်းဆံပင်မရှိဘဲ ခန္ဓာ၌၀တ်ထားသောအ၀တ်သည်လည်းင့ါတို့နှင့်မတူ
ဘယ်လိုလူလည်းဟုအလောင်းတော်ကြီးသည် မြင်းထိမ်းသည်မောင်စံအားမေးလေသည်။ မောင်းစံသည်လည်းရဟန်းလို့မသိပါ၊ သု
ဒ္ဓ၀ါသဗြဟ္မာကအလောင်းတော်ကြီးသိအောင် မောင်စံခန္ဓာ၌ပူးဝင်ပြီးရဟန်းအကြောင်းကိုပြောပြသည်။ အရှင်သား ဤပုဂ္ဂိုလ်သည်ရ
ဟန်းဖြစ်ပါသည်၊ အိုဒုက္ခမှလွတ်အောင် နာဒုက္ခမှလွတ်အောင် သေဒုက္ခမှလွတ်အောင်တရားကျင့်သူကိုရဟန်းခေါ်ပါသည်ဟုမောင်စံ
ပြောသောအခါ၌ အလောင်းတော်ကြီးသည် ငါသည်ဤလမ်းကိုစိတ်ထဲ၌ရှာနေ၏ ယခုသည်အဆင်ပြေပြီကြံလျက် ရဟန်းကြီးကို
ကိုယ်တိုင်မေးရန် စီးလာသောရထားကိုရဟန်အနားသို့မောင်းခိုင်းလေသည်။ ရဟန်းအနားသို့ရောက်သောအခါ အလောင်းတော်ကြီး
က လူသားအသင်သည်ငါတို့နှင့်မတူ ဘယ်လိုလူမျိုးလည်းဟုမေးလိုက်သည်၊ ရဟန်းသည်းလည်း သုဒ္ဓ၀ါသဗြဟ္မာမှဖန်ဆင်းထား
သောကြောင့် မင်းသားငါသည်ရဟန်းဖြစ်သည်၊ အိုဒုက္ခနာဒုက္ခသေဒုက္ခမှလွတ်အောင် တရားကျင့်နေသူကိုရဟန်းဟုခေါ်သည်။ အ
လောင်းတော်ကြီး၏စိတ်၌ ယနေ့သည်မင်္ဂလာရှိသည် ယနေ့ပင်တောထွက်မည်ဟုဆုံးဖြတ်ချက်ချလိုက်လေသည်။ အလောင်းတော်
ကြီးသည် ထိုနေ့သန်းခေါင်ယံ၌တောထွက်ပြီးတရားလုပ်သည် တရားလုပ်လို့ဘုရားဖြစ်သည်။ ဘုရားဖြစ်သောအခါ အိုနာသေဒုက္ခမှ
လွတ်သောလမ်းကိုသိမြင်သွားသည်။သိမြင်ပုံက  အိုမှုနာမှုသေမှုကအမှန်အကျိုးဒုက္ခ စာစကားနှင်ပြောလျှင်ပဋိစ္စသမုပ္ပန္နအကျိုးတရား
ခန္ဓာကပဋိစ္စသမုပ္ပါဒ အကြောင်းတရား။ ခန္ဓာကိုအကြောင်းပြု၍ အိုမှုနာမှုသေမှုဖြစ်ရသည်၊ ကံမကောင်းအကြောင်းမလှသောကြောင့်
အိုနာသေဖြစ်ရသည်မဟုတ် ခန္ဓာကြောင်းဖြစ်ရသည်။ အလောင်းတော်ကြီးသည် ဥယျာဉ်ကစားပွဲထွက်သည့်လောက်ကပင် ဤဇရာ
မရဏ အိုနာသေဒုက္ခဖြစ်သောအကြောင်းကိုရှာခဲံ့ပြီ မသိခဲပါ။ တရားကျင့်လျှင်အိုနာသေဒုက္ခမှလွတ်သည်လို့ ရဟန်းထံမှကြားသော
နေ့ပင်တောထွက်ပြီးတရားလုပ်လျက် ဤအိုနာသေဒုက္ခသည်အဘယ်ကြောင်းဖြစ်လည်း  ဤအိုနာသေဒုက္ခသည်အဘယ်ကြောင်း
ဖြစ်လည်း စိတ်ထဲမှာထည့်ပြီးတရားအားထုပ်သောကြောင့် မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့်ကျော်တစ်ရက် ဗုဒ္ဓဟူးနေ့သို့
အာရုံတက်သည်နှင့်တပြိုင်နက် ခန္ဓာရှိလို့အိုနာသေဖြစ်သည်ကိုသိမြင်လေသည်။ စာစကားဖြင့်ဇာတိပစ္စယာ ဇရာမရဏံ၊ သံသရာ
တစ်လျှာက်လုံးကံမကောင်းလို့အိုနာသေဖြစ်သည် ကံမကောင်းလို့အိုနာသေဖြစ်သည့်အမှားကို အမှန်သိသောအချိန်၌စွန့်ပယ်လိုက်
သည်၊ အမှားကိုစွန့်ပယ်ရခြင်း၏အကြောင်းက အမှန်ကိုသိမြင်လို့ဖြစ်သည်။ ကံမကောင်းလို့အိုနာသေဖြစ်သည်ယူခြင်းသည်အမှား
ဖြစ်၍ ခန္ဓာရရှိလိုအိုနာသေဖြစ်သည်ယူခြင်းသည်အမှန်ဖြစ်သည်။ အမှန်ကိုသိသောဉာဏ်ရသည်နှင့် အမှားကိုစွန်ပစ်လိုက်၏။ အမှန်
ကိုသိသောဉာဏ်က မဂ်ဉာဏ်၊ အမှားကိုစွန့်ပစ်သည်က သမုဒယသစ္စာကိုစွန့်ပစ်ခြင်းဖြစ်သည်။
    လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့ခေါ်နေကြသည် အမှန်ကလူမဟုတ်နတ်မဟုတ်ဗြဟ္မာမဟုတ် ငရဲတိရစ္ဆာန်ပြိတ္တာ
အသုရကာယ်လည်းမဟုတ် သက်သက်ဒုက္ခသာသိနေသည်၊ ထိုအခါစိတ်ထဲ၌ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါအသိဖြစ်သော အမှားသိ
သည်ပျောက်သွား၏။ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါအသိကိုအမှန်သိထင်နေကြသည် အမှန်သိမဟုတ်ပါအမှားသိသာဖြစ်သည်။ ထိုလူ
နတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါထင်နေသောအမှားသိကို လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ် အိုနာသေသက်သက်ဒုက္ခလို့အမှန်အသိဖြင့်အ
စားထည့်ပါ။ အိုနာသေသည် ချမ်းသာလားဆင်းရဲလားစဉ်စားဆင်ခြင်ကြည့်ပါ ဆင်းရဲဖြစ်ပါသည် ဆင်းရဲအမှန်သိရပါမည်။ ဆင်းရဲဖြစ်
သည်ကိုအမှန်မသိဘဲ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါထင်ပြီးအသိအမှားနှင့်သိနေကြသောကြောင့် သံသရာ၌ကျင်လည်သောလမ်းမှမ
ထွက်နိုင်ပါ။ ယခုအမှန်ကိုသိသောအခါ၌ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါတို့သည်အခေါ်သာဖြစ်သည်၊သက်သက်ဒုက္ခသာရှိ၏ဟုသိသွား
သည်။ လူနတ်ဗြဟ္မာခေါ်နေခြင်းကအခေါ်အမှန်ဖြစ်ပြီး လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ် သက်သက်ဒုက္ခသာလို့စိတ်ထဲ၌သိနေခြင်း
က အသိအမှန်ဖြစ်သည်။ ခေါ်ဗုံတစ်မျိုးသိဗုံတစ်မျိုးနားလည်ရပါလိမ့်မည်၊ ခေါ်သောအခါ၌ခေါ်ချင်သလိုခေါ်ခေါ် ခေါ်လို့ရပါသည်၊ သို့
သော် သိသည့်အခါခေါ်သည့်အတိုင်းမသိရပါ အမှန်သိရပါမည်။ ငါတိုကအခေါ်အတိုင်းသိပေးလိုက်သဖြင့် လူဘက်ကိုကိုင်းပြီးအသိ
အမှားဖြစ်သွားသည်။ ထို့ကြောင့်  အလှူလုပ်သီလဆောက်တည်သောအခါတို့၌ လူဖြစ်ရပါလို၏နတ်ဖြစ်ရပါလို၏ဖြစ်လာသည်၊ ထိုလူ
ဖြစ်နတ်ဖြစ်ရပါလို၏သည် အသိမှားနေခြင်းဖြစ်သည်။ အမှန်က ဒုက္ခလို့သိပေးရပါမည် ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိဟောထား
ပါသည်။ဘယ်ခန္ဓာကိုဘဲကြည့်ကြည့်ဉာဏ်နှင့်ကြည့်လျှင် အိုဒုက္ခနာဒုက္ခသေဒုက္ခသာရှိသည်အခြားမရှိပါ၊ ထိုအိုနာသေဒုက္ခကိုပင် လူ
နတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့ဆိုင်းဘုတ်တပ်ထားသည်။ မြတ်စွာဘုရားကဆိုင်းဘုတ်စာတန်းဖတ်ပြီးသွားမနေနဲ့ စာ
တန်းအောက်၌အိုဒုက္ခနာဒုက္ခသေဒုက္ခရှိနေ၏ ထိဒုက္ခအစစ်ကြီးကိုသာကြည့်ပါ၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည်လည်း အိုဒုက္ခ
နာဒုက္ခသေဒုက္ခ၊ လူနတ်ဗြဟ္မာသည်လည်းအိုဒုက္ခနာဒုက္ခသေဒုက္ခ ထိုဒုက္ခမှအခြားမရှိပါ၊ ဒုက္ခကိုသိလျှင် အသိခံကဒုက္ခ သိဉာဏ်က
မဂ္ဂ၊ အသိခံနှင့်သိဉာဏ်လမ်းမှန်နေပါပြီ။ မိခင်မွေးလိုက်သည့်နေ့ကပင် နှစ်ဆယ့်ငါးနှစ်ငါးဆယ်နှစ်ထိဒုက္ခကိုမသိခဲဘဲ လူနတ်ဗြဟ္မာ ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိလာခဲ့ခြင်းသည် ကုသိုလ်ကံမကောင်းခြင်းကြောင့်မဟုတ်ပါ တရားကိုမနာရခြင်းကြောင့်ဖြစ်ပါ
သည်။ တရားကိုမနာယူသောသူသည် တရားကိုမသိပါ၊ ကံကောင်း၍လူဖြစ်သည် ကံကောင်း၍လူဖြစ်သည်လောက်သာသိနေသည်။
တချို့ကဘုရားဖန်ဆင်း၍လူဖြစ်တယ် နောက်ဗြဟ္မာဖန်ဆင်း၍လူဖြစ်တယ် ဤသို့အလွဲလွဲအချော်ချော်သိနေကြသည်၊ ဘုရားတရား
ကိုနာကြားသောအခါ လူမဟုတ်သက်သက်ဒုက္ခလို့သိသွားသည်။ ယခုတရားကိုနာယူသောအခါ နှစ်ဆယ့်ငါးနှစ်အတွင်းမှာလည်း တ
ရားကိုသိလို့ရသည်၊ အသက်ငါးဆယ်ရှိသူ ဘိုးသက်ဘွားသက်ရှိသူလည်းတရားကိုနာယူသောကြောင့် တရားကိုသိ၍ရသည်။ လူတ
ရားဒုက္ခတရားလားမေးလျှင်ဒုက္ခတရားပါ လူလို့အခေါ်သာဖြစ်သည်။ နားလည်ရမှာက တရားကိုမနာသောသူသည်တရားကိုမသိပါ ကံနှင့်ကံ၏အကျိုးကိုသာသိနေမည်ဖြစ်သည် ကံနှင့်ကံ၏အကျိုးကိုသာသိနေသူသည်သာသနာပပါ။ မြတ်စွာဘုရားသည်လည်းအ
လောင်းတော်ဘ၀၌ ကံကောင်းလျှင်လုပြည်နတ်ပြည်ရောက်သည် ကံမကောင်းလျှင်ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ရောက်သည်ဟု
နားလည်ခဲ့သည်။ ဘုရားဖြစ်သောအခါ ထိုကဲသို့မဟုတ် သက်သက်ဒုက္ခသာဟုသိသွား၏ ကေ၀လသ ဒုက္ခက္ခန္ဓသ။ ယခုမိမိတို့ဉာဏ်
နှင့်စဉ်းစားကြည့်လျှင် မဟုတ်ငြင်းမရပါ။ အိုနာသေကိုဒုက္ခဟုသိလျှင် မိမိဝမ်းထဲ၌အမှန်ကိုသိသောဉာဏ်ပေါ်လာပါသည်၊ အမှန်ကို
သိသောဉာဏ်ပေါ်လာလျှင် ငါသူပုဂ္ဂိုလ်သတ္တ၀ါအသိသည် စိတ်ထဲ၌ပျောက်သွားသည်။ ဘုရား၏စိတ်ထဲမှာတောငါသူမဟုတ် ပြော
သောအခါငါသူနှင့်ပြောသည် သမုတိသစ္စာပါ၊ ငါသူနှင့်မပြောလျှင်လည်း စကားကိုနားမလည်နိုင်ပါ၊ တကယ်ရှိရင်းကဒုက္ခသက်သက်
သာဖြစ်သည်ဟုသိလျှင် အပြောလည်းမှန်အသိလည်းမှန်နေပြီးဖြစ်၏။ ဤအိုနာသေဒုက္ခသည်ခန္ဓာကြောင်းဖြစ်သည်ဟုသိလျှင် ဒုက္ခ
ဖြစ်ခြင်း၏အကြောင်းရင်းကိုအမှန်သိခြင်းဖြစ်သည်၊ ဒုက္ခကိုအမှန်သိသောဉာဏ်ကို ဒုက္ခကစ္စံ ပရိဇာနန္တော၊ ဘုံအားဖြင့်ဗြဟ္မာနှစ်ဆယ်
နတ်ပြည်ခြောက်ထပ် လုဘုံနှင့်အားလုံးပေါင်းနှစ်ဆယ့်ခုနစ်ဘုံ၊ ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ပေါင်းလျှင် အားလုံးသုံးဆယ့်တစ်ဘုံ။
သုံးဆယ့်တစ်ဘုံကိုဉာဏ်နှင့်ကြည့်လိုက်သောအခါ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်နေသည်မဟုတ် အခေါ်သာဖြစ်
နေသည် သက်သက်ဒုက္ခသာဖြစ်၏။ ခန္ဓာဖြစ်လျှင်သေရမည် ဤသည်ကိုထိုးဖောက်မြင်ခြင်းကိုသမ္ဗောဓဟုခေါ်သည်၊ သံ၊ကိုယ်တိုင်။
ဗောဓ၊ ထိုးဖောက်။ ကိုယ်တိုင်ထိုးဖောက်မသိခြင်းကြောင်း လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့အသိလွဲခဲ့သည်၊ ယခုငါဘုရားသည်ကိုယ်တိုင်ထိုးဖောက်၍ ဒုက္ခကိုပိုင်းပိုင်းခြားခြားသိမြင်ပြီးဖြစ်သည်။ ဉာဏ်ရှိသူစဉ်းစားကြည့်လျှင် လူနတ်ဗြဟ္မာငရဲ တိရိစ္ဆာန်ပြိတ္တာအသူရကာယ်သည်အိုနာသေဒုက္ခ၊ သုံးဆယ့်တစ်ဘုံလုံးအိုနာသေဒုက္ခသာရှိသည်။ အိုနာသေဒုက္ခဖြစ်ရခြင်း၏အ
ကြောင်းက ခန္ဓာကြောင်းဖြစ်ရပါသည်။ ခန္ဓာရရှီလို့ဟုသိခြင်းသည် အကြောင်းမှန်ကိုသိနေပြီးဖြစ်၍ သမုဒယေဉာဏံပါ၊ သမုဒယက
အကြောင်းမှန်၊ ဉာဏကသိခြင်း။ ခန္ဓာရှိခြင်းကြောင်းအိုနာသေဖြစ်သည် ခန္ဓာရှိခြင်းကြောင်းကိုပါဠိဝေါဟာရဖြင့် ဇာတိပစ္စယာပါ၊ အ
နက်အားဖြင့် ဇာတိပစ္စယာ၊ ဥပပတ္တိဘ၀ ဇာတိဟူသောအကြောင်းကြောင့်။ ဆင်ခြင်ကြည့်လျှင်ဤစကားသည် အများကြီးအဆင့်မြင့်
ပါသည်၊စာဖတ်တတ်သောသူတောင်မှ ဤစာကိုဆိုနေသော်လည်းနားမလည်နိုင်ပါ တရားလို့သာသိသည်၊ စာကိုလှန်ကြည့်လိုက်
လျှင် ဥပပတ္တိဘ၀ ဇာတိဟူသောအကြောင်းကြောင့်ကိုဖတ်တတ်သည် အဓိပ္ပါယ်ကိုမသိပါ၊ ယခုမိမိတို့ရနေသောခန္ဓာကို ဥပပတ္တိဘ၀ ဇာတိဟုခေါ်ပါသည်။ ခန္ဓာရခြင်းဟူသောအကြောင်းကြောင့်ပြောလျှင် အဓိပ္ပါယ်သည်ရှင်းပါသည်၊ သို့သော်ပါဠိဝေါဟာရဖြစ်နေသော
ကြောင်း အဓိပ္ပါယ်ကိုနားမလည်နိုင်ပါ။ မိမိဘာသာနှင့်ပြန်လိုက်သောအခါ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်သည်၊ အိုနာသေ၏အ
ကြောင်းမှန်ကိုယခုသိပါပြီ။ ကံမကောင်း၍အိုနာသေဖြစ်ရသလား ခန္ဓာရ၍အိုနာသေဖြစ်ရသလားမေးလျှင် ခန္ဓာရခြင်းကြောင်းအိုနာ
သေဖြစ်သည်လို့ဖြေရပါလိမ့်မည်။ အကြောင်းမှန်ကိုဘုရားတရားကြားနာရ၍သိပါပြီ၊ အကြောင်းမှန်ကိုသိသောဉာဏ်ကို ဉာဏ်၊ အ
ကျိုးမှန်ကိုသိသောဉာဏ်ကိုလည်း ဉာဏ်ပါ၊ အကြောင်းမှန်သိခြင်းကို သမုဒယေဉာဏံ၊ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်
ဟုသိသောအသိသည် အကျိုးမှန်ကိုသိခြင်းမဟုတ်ပါ၊ ထိုအကျိုးမှန်ကိုမသိခြင်းကိုပါဠိဝေါဟာရဖြင့် ဒုက္ခေအဉာဏံ။ ဒုက္ခလို့မသိ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိနေခြင်းကိုဆိုလိုပါသည်။ သမုဒယေ အဉာဏံ၊ ဒုက္ခေ အဉာဏံလို့ဘုရားစကား
ကိုမိမိတို့ကကြားသည် သို့သော်နားမလည်ပါ။ ဒုက္ခေ၊ ဒုက္ခ၍။ အဉာဏံ၊ မသိခြင်း။ ဒုက္ခကိုမသိဆိုသောစကားသည် လူနတ်ဗြဟ္မာငရဲ
တိရစ္ဆာန်ပြိတ္တာအသူရကာယ်ဟူ၍သိနေခြင်းကို ဒုက္ခကိုမသိခေါ်သည်၊ သူသူငါငါမွေးဖွားသည့်လောက်ကပင် ဤသို့သိလာခြင်းသည်
ဒုက္ခကိုမသိသူအထဲ၌ပါနေခြင်းသည်ထင်ရှား၏၊ တရားကိုမကြားရဘဲဒုက္ခကိုမသိနိုင်ပါ ခက်ခဲ့ပါသည်။ ဘုရားနှင့်တွေ့၍ စကားကိုနား
လည်သောသူဖြစ်လျှင်လည်းအလွယ်လေးပါ၊ တရားကိုလည်းမနာယူစကားကိုလည်းနားမလည်သောသူဖြစ်လျှင် ဘဲဥကိုအစရှာ
သည်ထက်ခက်ပါသည်။ ဤဒုက္ခသည်ခန္ဓာရခြင်းကြောင့်ဖြစ်သည် ကံမကောင်းကြောင်းမဟုတ်ပါ။ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်
ရသည်ဟုသိလျှင် အကြောင်းမှန်ကိုသိသောဉာဏ်သည် သမုဒယေ ဉာဏံ၊ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်လျှင် ခန္ဓာမရှလျှင်အိုနာ
သေမဖြစ်သည်ကိုသိလို့ရပါပြီ၊ ခန္ဓာမရှိသည်က နိရောဓသစ္စာ၊ ခန္ဓာမရှိလျှင်အိုနာသေမဖြစ်ဟုသိသောဉာဏ်က မ၈္ဂသစ္စာ၊ ဒုက္ခသ  စ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ၊ သစ္စာလေးပါးရှိပါသည် အိုနာသေကဒုက္ခသစ္စာ၊ ဤအိုနာသေသည်ခန္ဓာကြောင်းဖြစ်
သည်ဟုသိခြင်းသည် သမုဒယသစ္စာ၊ အကြောင်းမရှိလျှင် အကျိုးသည်လည်းမရှိနိုင်ပါ၊ ခန္ဓာကိုယ်ကိုအမှန်သိရန်အရေးကြီးပါသည် ဤခန္ဓာသည် လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓာမဟုတ်ပါ။ တရားကိုမသိလျှင်အဖြေမထွက်နိုင်ဖြစ်သည် တောင်မှန်း
မြောက်မှန်းမသိအမှောင်ထဲမှာဝင်နေသလို ထိုအခြင်းအရာသည်အ၀ိဇ္ဇာပါ။ စိတ်ထဲမှာအမှန်ကိုမသိသောအ၀ိဇ္ဇာဆိုတဲ့သဘောချေတိ
ရှိနေသောကြောင်း အမှန်ကိုမသိနိုင်ဖြစ်သည်၊ ထိုအမှောင်ကိုဖျက်လိုက်သောအခါ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်မ
ဟုတ်ရုပ်နာမ်။ ခုနားကမှောင်နေသောအသိသည်ပျောက်ပြီးအလင်းရသွားသည်၊ ရုပ်နာမ်၏သဘာဝတ္ထကိုသိအောင်တရားကျင့်ရပြန်
၏၊ ထိုကြောင့်မြတ်စွာဘုရားက အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ မ၈္ဂင်ရှစ်ပါးသည်တရားပါ။ ပုတီးစိပ်မေတ္တာပို့ကိုတရားခေါ်
သည်မဟုတ်ပါ၊မစားမသောက်တောထဲတောင်ထဲမှာနေထိုင်းခြင်းကို တရားခေါ်သည်မဟုတ်ပါ။ အသိမှန်နှင့်ခန္ဓာကိုကြည့်နေသည်
ကိုတရားခေါ်ပါသည်၊ ထိုတရားသည် မဂ္ဂင်ရှစ်ပါးဖြစ်သည်။ အသိမှန်နှင့်ခန္ဓာကိုကြည့်ရန်အတွက် ဘုရားထံမှာသင်ယူရပါသည်၊ သင်
ယူမှုမရှိဘဲ တောထဲတောင်ထဲထွက်နေငြားသော်လည်းတရားပျောက်နေပါသည်။ ယခုခေတ်စကားနှင့်ပြောလျင် သက်သားလွတ်စား
ခြင်းကတစ်မျိုး မီးလွတ်စားခြင်းကတစ်မျိုး၊ ဤဘင်္ဂလာမှာဆိုကုလားအသံဖြင့်နိရာမိခ်ျ ပါဠိဝေါဟာရဖြင့်နိရာမိသ၊ နိရာမိခ်ျစားခြင်းသည်
တရားလုပ်ရပ်မဟုတ်ပါ၊ တရားလုပ်ရပ်သည် ခန္ဓာကိုအမှန်မြင်အောင်ကြည့်ရန်လိုသည်၊ ခန္ဓာကိုယ်၏အမှန်ကိုရှေ့ဦးစွာနားလည်ရပါ
မည်၊ ခန္ဓာကိုယ်၏အမှန်ကရုပ်နာမ် ရုပ်နာမ်ကိုမသိဘဲ ဘယ်လောက်ပင်လုပ်လုပ်တရားလုပ်လို့မရပါ။ ရုပ်နာမ်ကိုသိမှုကတစ်ပိုင်း၊ ရုပ်
နာမ်၏သဘောသဘာဝကိုသိမှုကတစ်ပိုင်းပါ။ ယခုတရားထိုင်ခြင်းသည် ရုပ်နာမ်၏သဘောကိုသိအောင်ထိုင်ခြင်းဖြစ်သည်၊ ရုပ်နာမ်
၏သဘောကိုသိရန် ယခုတရားထိုင်ကြရအောင်။

Tuesday, October 28, 2014

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒ န္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်းတွင် ၂၀၁၃ ခု မေ
                        လ ၃ ရက်နေ့ မွန်းလွဲအချိန်ဟောကြားအပ်သော
                   သတ္တ၀ါများသေရခြင်းအကြောင်း
                                             အပိုင်း(၂)

       မြတ်စွာဘုရားသာသနာတော်သည် အမှန်သိရန်လိုရင်းမှတ်ပါ၊ ဘုရားသာသနာတော်မှာ အကောင်းအသိအဆိုးအသိသည် လို
ရင်းမဟုတ်ပါ အမှန်သိရန်လိုရင်းဖြစ်သည်။ အကောင်းအသိအဆိုးအသိကိုစာစကားနှင့်ကြားညှပ်ပြောရလျှင်  ကုသိုလ်အသိကိုအ 
ကောင်းအသိခေါ်ပြီး အကုသိုလ်အသိကိုအဆိုးအသိခေါ်သည်။ ကုသိုလ်သည်ကောင်း၏အကုသိုလ်သည်မကောင်းဤကဲသို့အားလုံး
သိလာကြသည် ဤကဲသို့သိလျှက်ဘုရားသာသနာ၏အဆုံးအမကိုမရသမျှကာလပတ်လုံးအကောင်းအသိအဆိုးအသိနှင့်နေလျက်
တစ်နေ့တစ်နေ့မှာအကောင်းကိုလုပ်မယ်အဆိုးကိုလုပ်မယ် တစ်ဘ၀ကုန်အောင်ထိအကောင်းအဆိုးလုပ်လျက်ကုန်ဆုံးကြသည်၊ အ
မှန်အလုပ်ထဲမှာမပါခဲ့ပါ။ ထို့ကြောင့် သစ္စာတရားသည်ပျောက်လျှက် သံသရာမှာအိုဘေးနာဘေးသေဘေးမှမလွတ်နိုင်ဖြစ်ရပါသည်။
ထိုအိုဘေးနာဘေးသေဘေးမှမလွတ်နိုင်ခြင်းသည်ပင် အမှန်ဖြစ်သောသစ္စာတရားကိုသိသည်သဘောမဟုတ်ခြင်းသည်ထင်ရှားပါသ
ည်။ အိုဘေးနာဘေးသေဘေးမှမလွတ်ရခြင်းသည် တရားကိုမသိခြင်းကြောင့် ကိုယ်ကသူကသိနေကြသည်၊ အိုဘေးနာဘေးသေ
ဘေးမှလွတ်ရန် တရားကိုသိအောင်လုပ်နည်းလုပ်ဟန်ကိုအစရှာမရဖြစ်နေကြသည်။ ဘုရားပွင့်ထွန်းပေါ်ပေါက်လာပြီးမှ တရားကိုသိ
ရန်အတွက်နည်းလမ်းအစပေါ်သည်၊ တရားကိုနာမှ တရားကိုသိသည်ဟုနားလည်ပေးပါ။ အလှူလုပ်တတ်၍တရားကိုသိနေသည် သီ
လကိုဆောက်တည်တတ်၍တရားကိုသိနေသည် မေတ္တာပို့တတ်၍တရားကိုသိနေသည် သမာပတ်ဈာန်ဖြင့် မြေချိုးမိုးပျံတတ်၍တရား
ကိုသိနေသည် သူတပါး၏စိတ်ကိုသိ၍တရားကိုသိနေသည်မဟုတ်ပါ၊ တရားကိုသိနေသည်ဟုယူဆလျှင် အားလုံးတောက်လျှောက်
မှားပါလိမ့်မည်။ တရားကိုသိသည်ဆိုရာ၌ အသိခံတရားတစ်ခုလိုသည်၊ ထိုအသိခံတရားသည် ရုပ်နှင့်နာမ်ဖြစ်သည်။ ရုပ်နာမ်ကို
သိလျှင် တရားကိုသိသောအပိုင်းသို့ဝင်ရောက်လာပါပြီ။ အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တို့ကိုသိပုံနှင့်မတူပါ၊ ရုပ်နှင့်နာမ်ကိုသိ
မှ တရားကိုသိသည့်အပိုင်းသို့ရောက်သည်၊ ရုပ်နှင့်နာမ်ကို ပထမတရားဟောချိန်၌ထုပ်ပြခဲ့ပါပြီ။
       အလောင်းတော်ကြီးတောထွက်တဲ့အခါ ဤအိုမှုနာမှုသေမှုဖြစ်ရခြင်း၏အကြောင်းကိုရှာ၏၊ အိုမှုနာမှုသေမှုကိုအလောင်းတော်
ကြီးသည် မျက်မြင်နားကြားဒုက္ခလို့တောသိနေသည်၊ အိုသောအမူအရာမျိုးနာသောအမူအရာမျိုးသေသောအမူအရာမျိုးကို ဥာဏ်ရှိသူ
စဉ်းစားအဖြေထုတ်လျင် ချမ်းသာမဟုတ်ဆင်းရဲအဖြေထွက်ပါလိမ့်မည်။ အိုရခြင်းနာရခြင်းသေရခြင်းသည်ဆင်းရဲပါ၊  အအိုအနာအ
သေဆင်းရဲသည်အမှန်ဖြစ်သောကြောင့် သူ့ကိုဆင်းရဲအမှန်ဟုခေါ်ပါသည်။ ယခုလူဟူ၍ခေါ်နေကြသောခန္ဒာ၌ အအိုအနာအသေ
ရှိသလို နတ်ဟူ၍ခေါ်နေကြသောခန္ဒာ၌အအိုအနာအသေသည်ရှိသည်၊ ဗြဟ္မာဟူ၍ခေါ်နေကြသောခန္ဒာ၌လည်း အအိုအနာအသေ
သည်ရှိသည်၊ ငရဲတိရစ္တာန်ပြိတ္တာအသူရကာယ်ခန္ဒာ၌လည်း အအိုအနာအသေရှိသည်။ ထိုကိုပင် ဒုက္ခသစ္စံ ပရိဇာနန္တော စာမှာဖတ်ဖူး
ပါလိမ့်မည်၊ အဓိပ္ပါယ်က ဒုက္ခသစ္စံ၊ ဒုက္ခအမှန်ကို။ ပရိဇာနန္တော၊ ပိုင်းပိုင်းခြားခြားပိုင်ပိုင်နိုင်နိုင်သိခြင်း။ သုံးဆယ့်တစ်ဘုံမှာ အိုမှုနာမှု
သေမှုသာရှိသည်ဟုဒုက္ခအမှန်ကိုသိလျှင် သုခချမ်းသည်မရှိဖြစ်၏။ လူပြည်နတ်ပြည်ကိုလိုချင်မှုနှင့်ကုသိုလ်လုပ်ခြင်းသည် ဒုက္ခကိုမ
သိခြင်းကြောင့်ဖြစ်သည်။ ကုသိုလ်လုပ်ပြီးလူစည်းစိမ်းကိုအကြိမ်ကြိမ် နတ်စည်းစိမ်ကိုအကြိမ်ကြိမ်ဗြဟ္မာစည်းစိမ်ကိုအကြိမ်ကြိမ်ရလို
မှုနှင့်လုပ်လာခြင်းသည် ဒုက္ခကိုအမှန်မသိခြင်းသည်ထင်ရှားပါသည်၊ ဒုက္ခကိုအမှန်မသိသဘောသည်အ၀ိဇ္ဇာပါ။ လိုချင်ရချင်ခြင်းသ
ဘောသည်တဏှာမူလနှစ်ဖြာဖြစ်သည်၊မူလနှစ်ဖြာသည်စာထဲမှာမဟုတ်ပါမိမိတို့၏ခန္ဒ္ဒာထဲမှာဖြစ်သည်။အ၀ိဇ္ဖာတဏှာတည်းဟူသော
မူလနှစ်ဖြာရှိနေသမျှ အိုဘေးနာဘေးသေဘးကမလွတ်ပါ။ တရားကိုမသိဘဲလျက်  အလှူလုပ်ခြင်းသီလဆောက်တည်ခြင်းပုတီးမေ
တ္တာပွါးများခြင်းတိုကိုလုပ်ငြားသော်လည်း အိုဘေးနာဘေးသေဘေးမှမလွတ်ပါ။ အကြောင်းက အိုဘေးနာဘေးသေဘေးကိုသိတတ်
သောဝိဇ္ဖာမရှိလို့ဖြစ်သည်။ အ၀ိဇ္ဖာနှင့်တဏှာနှစ်ပါးသည် မိမိတို့ခန္ဓာ၌ရှိနေပါသည်၊ ဤအ၀ိဇ္ဖာနှင့်တဏှာနှစ်ပါးတို့ခန္ဓာ၌ရှိနေခြင်းသ
ည် အလှူမပေးတတ်၍မဟုတ်ပါ သီလကိုမဆောက်တည်တတ်၍လည်းမဟုတ်ပါ တရားကိုမနာဖူးခြင်ကြောင်းဖြစ်သည်။ တရားကိုမ
နာလျှင်တရားကိုမသိနိုင်ပါ၊ အလှူပုတီးမေတ္တာဈာန်သမာပတ်တို့ကိုသာသိနေခြင်းသည် တရားကိုသိနေသောအပိုင်းသို့မရောက်ပါ
သေ့ တရားကိုသိသောအပိုင်းသို့ရောက်လိုလျှင် ရုပ်နှင့်နာမ်ကိုသိအောင်ကြိုးစားရပါလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်၌ကံကြောင်းနာမ်ရုပ်ဖြစ်
သည်ကိုသင်ထားပြီးပါပြီ၊ထိုနာမ်ရုပ်၏သဘောသည်လည်း ဖြစ်လည်းဖြစ်သည်ပျက်လည်းပျက်သည်။ ခန္ဓာသည်နာမ်နှင့်ရုပ်ပါ၊ ဇာတိ
ဥပပတ္တိဘ၀သည် နာမ်နှင့်ရုပ်ဖြစ်သည်။ ဘုရားစကားကိုမကြားဖူးသောပုဂ္ဂိုလ်သည် ဇာတိကို လူဇာတိနတ်ဇာတိဗြဟ္မာဇာတိငရဲတိ
ရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိဤသို့ကောက်ယူတတ်သည်၊ ဤသို့ကောက်ယူလျှင် အကောင်းအဆိုးကိုရွေးကောက်ခြင်းသာဖြစ်
သည်။ လူဇာတိနတ်ဇာတိဗြဟ္မာဇာတိသည်အကောင်း  ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိသည်မကောင်း ဤသို့အကောင်းအ
ဆိုးကိုရွေးကောက်၏၊ အမှန်ကောက်ယူမှုမဟုတ်ပါ။ လောကကြီးမှာမွေးဖွားသည့်လောက်ကပင်တစ်သက်လုံးအားလုံးသူ လူဇာတိ
နတ်ဇာတိဗြဟ္မာဇာတိငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိကောက်လာကြသည်၊ ထိုသို့ကောက်ခြင်းအားဖြင့် သုတော်ကောင်းတ
ရားလမ်းနှင့်မသူတော်တရားလမ်းနှစ်ခုပေါ်လာသည်၊ အကောင်းကိုကောက်လျှင်သူတော်ကောင်းတရားလမ်းထွက်ပြီး  အဆိုးကို
ကောက်လျှင်မသူတော်တရားလမ်းထွက်လာသည်။ လောကမှာသူတော်ကောင်းအလုပ်နှင့်မသူတော်အလုပ်နှစ်မျိုးရှိနေပြီး ဘုရားအ
ရိယာသူတော်ကောင်းများ၏အသိ မဂ္ဂသစ္စာလမ်းမှန်သည်ပျောက်နေသည်၊ ထို့ကြောင့်  သစ္စာကိုမသိသည်ဖြစ်၍ဒုက္ခရောက်ရခြင်း 
ဖြစ်သည်။ မြတ်စွာဘုရားက ငါဘုရားသည်လည်းသံသရာ၌ကျင်လည်သောအခါ ကုသိုလ်အကုသိုလ်ကိုမသိခဲ့၍ ဒုက္ခရောက်ခဲ့ရသ
ည်မဟုတ် သစ္စာကိုမသိခဲ့၍ဒုက္ခရောက်ခဲ့ရသည်ဟုဆို၏။ ကုသိုလ်အကုသိုလ် ကောင်းမကောင်းကိုအားလုံးသူများသိကြသည် သို့
သော် အမှန်ဖြစ်သောသစ္စာတရားကိုမသိကြပါ။ ဘုရားတရားကိုနာသောအခါ အမှန်ဖြစ်သောသစ္စာတရားသည်လေးပါးရှိပါသည်၊
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ဖြစ်သည်။ ဒုက္ခသစ္ခာ၊ ဒုက္ခ၊ဆင်ရဲ။ သစ္စာ၊အမှန်။ ဆင်းရဲအမှန်သည် ဒုက္ခသစ္စာ
ဖြစ်သည်။ ထိုဆင်းရဲအမှန်သည် ကိုယ့်လိုသူ့လိုသိနေကြသော အ၀တ်ဆင်းရဲအစားဆင်းရဲအနေအထိုင်ဆင်းရဲ ငရဲ၌ဖြစ်သောဆင်း
ရဲတိရစ္ဆာန်၌ဖြစ်သောဆင်းရဲပြိတ္တာ၌ဖြစ်သောဆင်းရဲ အသူရကာယ်၌ဖြစ်သောဆင်းရဲကိုဆိုခြင်းမဟုတ်ပါ။ဒုက္ခသစ္စာစကား၌ဒုက္ခဟူ
သည် ရုပ်နှင့်နာမ်ကိုခေါ်ပါသည်၊ ရုပ်နှင့်နာမ်ဟုဆိုသောခန္ဓာသည် အအိုဆင်းရဲအနာဆင်းရဲအသေဆင်းရဲရှိသောကြောင့် ဒုက္ခဖြစ်
သည်၊ ထိုအအိုဆင်းရဲအနာဆင်းရဲအသေဆင်းရဲကို မအိုရအောင်မနာရအောင်မသေရအောင်အစားထိုးထည့်မရပါ၊ အစားထိုးထည့်
မရသည်ကို သစ္စာခေါ်သည်။ အစားအစာမရှိသောဒုက္ခကို အစားအစာဖြင့်ဝအောင်အစားထိုးထည့်ပစ်လိုက်လျှင် အစားအစာမရှိ
သောဒုက္ခသည်ပျောက်သွား၏၊ ထို့အတူ အ၀တ်မရှိသောဒုက္ခနေစရာထိုင်စရာမရှိသောဒုက္ခကို အ၀တ်ဝတ်စရာနေစရာထိုင်စရာတို့
ဖြင့်ရှိအောင်အစားထိုးထည့်ပေးလိုက်လျှင် ထိုဝတ်စရာနေစရာထိုင်စရာမရှိသောဒုက္ခသည်ပျောက်သွား၏၊ သစ္စာဆိုသည့်သကားက
မည်သည့်နည်းနှင့်မှအစားထိုးထည့်ပေးလို့မရခြင်းကိုဆိုသည်။ ဤခန္ဓာကိုယ်ကြီးသည်ပဋိသန္ဓေမှစ၍ တစ်လဆယ်လတစ်နှစ်ဆယ်
နှစ်ငါးဆယ်နှစ်စသည်ဖြင့် တရွေ့ရွေ့ကြီးရင့်အိုနေခြင်း ထို့နောက်နာရခြင်း ထို့နောက်သေရခြင်းတို့ကိုအစားထိုးထည့်ပေးလို့မရပါ။
အိုနာသေဆင်းရဲသည်အမှန်ရှိသောကြောင့် သူ့ကိုဒုက္ခသစ္ခာဆင်းရဲအမှန်ပါ။ ဤအိုဆင်းရဲနာဆင်းရဲသေဆင်းရဲသည် ငရဲတိရစ္ဆာန်ပြိ
တ္တာအသူရကာယ်ခန္ဓာမှာလည်းရှိသည် လူနတ်ဗြဟ္မာခန္ဓာမှာလည်းရှိသည် အားလုံးပေါင်းလိုက်လျှင်အောက်အ၀ီစိကစပြီး အထက်ဗြ
ဟ္မာဘ၀ဂ်တိုင်အောင်ရှိသည်ကိုသိနိုင်သည်။ သာမန်လူနားလည်အောင်ပြောရလျှင် မိမိတို့ကရခိုင်လူမျိုးဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ၏ခ
န္ဓာ၌လည်းအိုမှုနာမှုသေမှုရှိပြီး တခြားဘာသာ၏ခန္ဓာ၌လည်းအိုမှုနာမှုသေမှုရှိသည်။ ဗုဒ္ဓဘာသာတခြားဘာသာစကာသုံးသာကွဲပြီး
ရရှိခြင်းဒုက္ခချင်းကတူကြသည်။ မည်သည့်နေရာကိုမဆိုကြည့်လျှင် ဤအိုနာသေဒုက္ခကိုမြင်ရလိမ့်မယ်။  ယခုပထမသိသောသစ္စာ
သည် ဒုက္ခသစ္စာပါ၊ အလောင်းတော်ကြီးသည်လည်းဤဒုက္ခသစ္စာကိုမသိခဲ့သောကြောင့် သံသရာ၌ကျင်လည်ခဲ့ရသည်၊ တရားကိုသိ
လို၍ပါရမီဖြည့်သည်စကားနှင့် သစ္စာကိုမသိ၍ကျင်လည်ခဲ့ရသည့်စကားသည် စကားသုံးကွဲပြီးတစ်မျိုးတည်းဖြစ်သည်။   အလောင်း
တော်ကြီးသည်သစ္စာကိုသိရန်အတွက်ရှာခဲ့ခြင်းသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာခဲ့သည်၊ အလောင်းတော်ကြီးဘ၀ဖြင့် 
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းရှာခဲ့သောတရားကို မိမိတို့ကသု့စကားကိုနားထောင်လိုက်နာလိုက်တဲ့အခါ လေးအသင်္ချေနှင့်ကမ္ဘာ
တစ်သိန်းရှာရန်မလိုပါ၊ အကြောင်းက တပည့်ဖြစ်၍ပါ။ တပည့်ဟူသည် ဆရာ၏ပြောစကားကိုနားလည်သဘောပေါက်ရန်သာလို
သည်။ မြတ်စွာဘုရားကငါဘုရားဟောကြားလို့ ရဟန်းတို့လည်းဒုက္ခကိုသိနေပြီ ငါဘုရားသည်လည်းသိပြီးပြီ အသိအားဖြင့်ထူးခြားမှု
မရှိပါ၊ သို့သော် ငါဘုရားသည်ဆရာဖြစ်၍ရဟန်းတို့သည်တပည့်ဖြစ်သည် ဤသို့ထူးသည်။ ရဟန်းများသည်မြတ်စွာဘုရားဟောကြား
မှ ဒုက္ခသစ္စာကိုသိကြသည်၊ မြတ်စွာဘုရားကိုတစ်စုံတစ်ယောက်မှမပြောကြားဘဲ ဒုက္ခသစ္စာကိုသိသည်။
       သမ္မာသမ္ဗုဒ္ဓေါ၊သမ္မာ၊ မှန်ကန်စွာ။ သံ၊ ကိုယ်တိုင်။ ဗုဒ္ဓေါ၊ သစ္စာကိုသိသည်။ သုံးဆယ့်တစ်ဘုံ၌ သစ္စာလေးပါးကိုတစ်စုံတစ်ယော
က်မှမပြောဘဲ ဆရာအဖြစ်နှင့်သိတော်မုသည်။ သစ္စာကိုသိရာ၌ အစဆုံးဒုက္ခသစ္စာကိုသိတော်မူသည်။ အလောင်းတော်ကြီးသည် ဤအိုဒုက္ခနာဒုက္ခသေဒုက္ခ၏ဖြစ်ခြင်းအကြောင်းရင်းကိုရှာသောအခါ ခန္ဓာရှိခြင်းကြောင်းအိုနာသေဒုက္ခဖြစ်ရသည်ကိုသိသွားသည်။ စာစကားနှင့်ပြောရလျှင် ဇာတိပစ္စယာ ဇရာမရဏံ ခန္ဓာရှိခြင်းကြောင့်အိုနာသေဖြစ်သည်။ ဘုရားစကားကိုယုံကြည်သည်ဖြစ်စေ မယုံ
ကြည်သည်ဖြစ်စေ လေးစားသည်ဖြစ်စေမလေးစားသည်ဖြစ်စေ ဤအိုနာသေသည်ခန္ဓာရှိခြင်းကြောင့်ဖြစ်သည်။ နတ်ဗြဟ္မာတခြားဘု
ရားသည်ပေး၍အိုနာသေဖြစ်ခြင်းမဟုတ်ပါ၊ ဘုရားကဟောကြားသောကြောင့်လည်း အိုနာသေဖြစ်ခြင်းမဟုတ်ပါ၊  သဘာဝကိုယ်က
မှန်နေပါသည် သဘာဝအမှန်သည်တရားပါ။ ယခုအိုနာသေသည်ခန္ဓာကြောင့်ဖြစ်သည်ကိုသိပါပြီ၊   ခန္ဓာသည်အကြောင်းအိုနာသေ
သည်အကျိုး၊ အကြောင်းကိုယမုဒယ အကျိုးကိုဒုက္ခပါ၊ အိုနာသေကိုဖြစ်စေတတ်သည်ကကံမဟုတ်ပါ ခန္ဓာကြောင်းသာဖြစ်သည်။ ဘု
ရားစကားကိုမယုံကြည်သူတစ်ယောက်က ရှင်ကြီးဂေါတမသည် ခန္ဓာကြောင့်အိုနာသေဖြစ်သည်ဟုဟော၏ ငါသည်ခန္ဓာကြောင့်အို
နာသေမဖြစ်ဟောမယ် ဟောကြည့်လျှင်လုံးဝမရပါ။ ထို့ကြောင့် ဤခန္ဓာသည်အိုနာသေ၏အကြောင်းရင်းဖြစ်လျက်အစားထိုးထည့်မရ
သည်ဖြစ်၍သူ့ကိုသစ္စာ၊ ထိုသစ္စာသည်အကြောင်းသစ္စာဖြစ်၍ သမုဒယသစ္စာခေါ်သည်။ သဘောပေါက်လိမ့်မယ်ထင်သည် သဘော
မပေါက်လျှင်နားမလည်နိုင်ပါ။ သူငါအားလုံးမိခင်မွေးဖွားလို့ အသက်နှစ်ဆယ့်ငါးနှစ်ငါးဆယ်နှစ်ခုနှစ်ဆယ်နှစ်ရှိနေကြပါပြီ ထိုယောင်
ယောင်ဤယောင်နှင့်ပါ။ ထိုဘ၀ကကုသိုလ်ကြောင့်ယခုဘ၀၌လူဖြစ်သည်  ယခုဘ၀မှကုသိုလ်ကံကြောင့် နောက်ဘ၀၌လည်းလူဖြစ်
အောင်ကြိုးစားကြသည် တရားသိမှုသည်ပါမလာပါ၊ ဤသည်ကိုယောင်သည်ဟုခေါ်ပါသည်။ တစ်ယောက်မှမဟုတ်   အိမ်၌လူငါး
ယောက်ရှိလျှင်ငါးယောက်လုံးယောင်လျက်ဖြစ်သည်၊ဤသဘောကိုစာနှင့်ပြောလျှင် တွေဝေသည်ဟုခေါ်ပါသည်၊ တွေဝေမှုသည်မော
ဖြစ်သည်။ နားလည်ရမှာက ခန္ဓာရှိခြင်းကြောင့်အိုနာသေဖြစ်သည်၊ ခန္ဓာသည်အကြောင်းပါဠိနှင့်ပြောလျှင်သမုဒယသစ္စာ။ အိုနာသေ
ရခြင်း၏အကြောင်းကို ရပ်ထဲရွာထဲ၌ပြောသောစကားများကိုနားထောင်ကြည့်လျှင် မည်သူတစ်ယောက်သည်အဖျားကြီးပြီးသေဆုံး
သည်ဟုပြော၏၊ အဖျားကြီးခြင်းသည်လည်းမှန်သည် သို့သော် အဖျားကြီးခြင်းကြောင့်သေရသည်မဟုတ်ပါ ခန္ဓာရခြင်းကြောင်းဖြစ်ပါ
သည်။ သေခြင်းအကြောင်းကိုအမျိုးမျိုးနာမည်တတ်ပြီးပြောကြပါလိမ့်မယ် အပြင်ဘက်အကြောင်းသာထွက်လာပြီး ကြောင်းရင်းအမှန်
ကိုမသိပါ။ ဤတရားကိုဤသာသနာမှ ဘုရား၏အဆုံးအမတရားကိုမနာဖူးလျှင် သေရခြင်း၏အကြောင်းရင်းကိုတစ်ယောက်မှအမှန်
မသိပါ၊ အမှန်သိလျှင်သူများတမြင်တကြားပြောနေခြင်တို့ကိုနားလည်လို့ရပါသည်။ အမှန်စင်စစ်သေရခြင်းသည် ဖျား၍လည်းမဟုတ်
ဝမ်းပျက်၍သေရခြင်းလည်းမဟုတ် ခန္ဓာရရှိခြင်းကြောင့်သေရခြင်းဖြစ်ပါသည်။ ထိုအမြင်ကိုသိရန်အတွက်ဆရာလိုပါသည်    ဆရာ
သည်ဘုရားဖြစ်ပါသည်။ ဘုရား၏ဂုဏ်တော်ကိုးပါး၌ဂုဏ်တော်တစ်ပါးပါသည် သတ္ထာဒေ၀မနုသာနံ။ ဒေ၀မနုသာနံ၊ နတ်လူတို့၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသောမြတ်စွာဘုရား။ ဆရာရှိသောသူသည် သေနေရသည်ကိုဒုက္ခဟုအမှန်သိပြီး  သေရခြင်း၏အကြောင်း
ရင်းအမှန်သမုဒယကိုလည်းသိပါသည်၊ စာစကားနှင့်ပြောလျှင် ဒုက္ခသစ္စာကိုလည်းသိသည်သမုဒယသစ္စာကိုလည်းသိပါသည်။ ဟုတ်
ပါပြီ သမုယသစ္စာဟုခေါ်သောခန္ဓာနှင့်သေရခြင်းဟုခေါ်သောဒုက္ခသစ္စာလုံးလုံးမရှိလျှင် သေစရာမရှိပါ၊ ဆိုလိုရင်းကဤခန္ဓာမရှိလျှင် 
အသေမလာပါ အသေမလာခြင်းကိုချမ်းသာဟုခေါ်ပါသည်။ လိုရင်းက ခန္ဓာမရှိလျှင်အသေမရှိပါ ခန္ဓာမရှိလျှင်အသေမရှိသောကြောင့်
ချမ်းသာသုခပါ၊ ထိုချမ်းသာသုခသည် နိရောဓသစ္စာပါ၊ ခန္ဓာနှင့်အသေငြိမ်းခြင်းသည်နိရောဓပါ။ ခန္ဓာငြိမ်းခြင်းသည်လည်းနိရောဓ အ
သေငြိမ်းခြင်းသည်လည်းနိရောဓ၊ ခန္ဓာငြိမ်းခြင်းကြောင့် အသေလည်းငြိမ်းပါသည်။ ခန္ဓာဟူသောအကြောင်းမရှိလျှင်   သေရခြင်းဟူ
သောအကျိုးလည်းမရှိပါ။ခန္ဓာမရှိလျှင်အသေမရှိသဘောကိုနားလည်ပြီဖြစ်ပါလိမ့်မယ် ခန္ဓာမရှိအောင်ကျင့်စဉ်ကိုလုပ်ရန်ကိုယ့်တာဝန်
ဖြစ်သည်။ ဤခန္ဓာနှင့်တကွသက်ရှိသက်မဲ့အရာအားလုံးကို ဘုရားဖန်ဆင်းထားသည်ယူလျှင် ကိုယ့်အလုပ်သည် လမ်းပိတ်ပြီးဉာဏ်
ပျောက်သွားပါပြီ၊သိကြားဗြဟ္မာဖန်ဆင်းသည်ယူလျှင်လည်း မိမိချမ်းသာရန်အတွက်ဖန်ဆင်းသူသိကြားဗြဟ္မာထံမှာမူတည်သွားသည်။
ခေါင်းခင်ကိုလက်မြှောက်ပြီး ဘုရားလို့တစ်မျိုးထာဝရလို့တစ်မျိုးဗြဟ္မာလို့တစ်မျိုးဆုတောင်းနေခြင်းသည် ကိုယ့်ကိုယ်အားကိုးမှုပျောက်
သွားပါသည်။ အပြင်ဘက်ကိုအားကိုးသည့်လောက်ကပင်မှားနေပါပြီ၊ ဘုရားစကားကိုကြားဖူးကြပါလိမ့်မယ် အတ္တာဟိ အတ္တနော နာ
ထော ကိုယ့်ကိုယ်ကိုအားကိုးပါ။ ကိုယ့်ကိုယ်ကိုအားမကိုးဘဲ အပြင်ထွက်ပြီးအားကိုးလို့မရပါ၊ ကိုယ့်ကိုယ်ကိုဆိုသည့်စကားသည် တ
ရားဖြစ်ပါသည်၊တရားကိုအားကိုးပါဟုပြောခြင်းဖြစ်ပါသည်။
         ခန္ဓာရှိခြင်းကြောင်းအသေရှိသည်သိလျှင် ခန္ဓာမရှိရအောင်လုပ်ရမှာကိုယ့်တာဝန်ဖြစ်ပါသည်၊ ဘုရားနှင့်မဆိုင်ပါ။ ခန္ဓာမရှိ
အောင်လုပ်သောအခါ ဤခန္ဓာ၏ဖြစ်ကြောင်းကိုရှာရပါလိမ့်မယ်။ မြတ်စွာဘုရားသည်ဗောဓိပင်အောက်၌ ဤခန္ဓာ၏ဖြစ်ကြောင်းကိုရှာ
သောအခါ ဤခန္ဓာသည်ကံကြောင်းဖြစ်သည်ကိုမြင်တော်မူသည်။ ကံကြောင့်ခန္ဓာဖြစ်လာသည်အတွက်ကြောင်း အသေမှမလွတ်နိုင်
ပါ ကံသည်လည်းသတ္တ၀ါများသေရန်အတွက်အထောက်အပံ့ပါသည်။ ပရိတ်သတ်အားလုံးတို့သည် မွေဖွားသည်မှသေဆုံးသည့်တိုင်
အောင် ကံကိုအားကိုးပြီးနေကြသည်။ ကံ၌နှစ်မျိုးရှိပါသည်၊ ခန္ဓာကိုယ်ဖြင့်ကောင်းသောအလုပ်တစ်ခု မကောင်းသောအလုပ်တစ်ခုရှိ
ပါသည်၊ ကောင်းသောအလုပ်ကိုကုသိုလ်ကံခေါ်ပြီး မကောင်းသောအလုပ်ကိုအကုသိုလ်ကံခေါ်ပါသည်။အပြော၌လည်း  ကောင်း
သောအပြောကိုကုသိုလ်ကံ မကောင်းသောအပြောကိုအကုသိုလ်ကံ၊ စိတ်၌လည်းကောင်းသောစိတ်ထားကိုကုသိုလ်ကံ  မကောင်း
သောစိတ်ထားကိုအကုသိုလ်ကံခေါ်ပါသည်။ မိမိတို့သည် တစ်သက်လုံးကောင်းမကောင်းကံကိုလုပ်လာကြပြီး ထိုကံကိုပင်အားကိုး
လာကြပါသည်၊ တရားကိုအားကိုးမှုပါမလာပါ။ ကံကြောင်းခန္ဓာဖြစ်သည် ခန္ဓာဖြစ်လျှင်အသေ၌လမ်းဆုံးပါသည် ကံကိုအားကိုလျှင် ငြိမ်းအေးသောနိဗ္ဗာန်ကိုမရနိုင်ပါ။ ကံသည်ခန္ဓာကိုဖြစ်စေတတ်သောကြောင့်သမုဒယသစ္စာ ဆင်းရဲကြောင်းအမှန်ဖြစ်သည်။ သေရန်
အကြောင်းမှာ ကံသည်အားပေးအားမပါလာသည်၊ ကံပါလာလျှင်ထိုကံကြောင်း ဇာတိခေါ်သောခန္ဓာဖြစ်ရသည်။ ဤကံကိုအများသိ
သောနည်းဖြင့်ကြည့်လျှင် ဇာတိထဲ၌အကုသိုလ်ကံကြောင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိဖြစ်ရသည်၊ ကုသိုလ်ကံကြောင့် လူ
နတ်ဗြဟ္မာဇာတိဖြစ်ရသည်။ ဘယ်ဇာတိဘဲဖြစ်ဖြစ် ဇာတိဖြစ်လျှင်အသေမှာလမ်းဆုံးပါသည်၊ ကံသည်အသေကိုသာအားပေးသော
ကြောင့်ကံကိုအားကိုးရန်မထိုက်ပါ။ ငါ ငါ့ဟာလို့လည်းမယူသင့်ပါ၊ အကြောင်းက ကိုယ်အားကိုးသူကကိုယ့်ကိုသတ်နေသောကြောင်း
ဖြစ်သည်၊ ကံကိုအသူအားကိုးလေ အားကိုးသူကိုကံကသတ်ပါသည်။ ကံသည်သမုဒယသစ္စာဖြစ်ပြီး ဇာတိသည်ဒုက္ခသစ္စာဖြစ်သွားပါ
သည်၊ ဇာတိသည်ဒုက္ခသစ္စာကနေပြီးအိုနာသေကိုကျေးဇူးပြုသောအခါ ဇာတိသည်သမုဒယသစ္စာဖြစ်သည်။ ဇာတိသည်   အမည်နှစ်
မျိုးရပါသည်၊ ကံ၏အကျိုးကိုခံယူသောအခါ ဇာတိသည်ဒုက္ခသစ္စာ၊ ဇာတိကနေပြီးအိုနာသေကိုကျေးဇူးပြုသောအခါ ဇာတိသည်သမုဒ
ယသစ္စာဖြစ်ပြီး အိုနာသေသည်ဒုက္ခသစ္စာဖြစ်သည်။ ခန္ဓာဖြစ်လျှင်သေရသည် ခန္ဓာသည်အကြောင်းသမုဒယ သေရခြင်းသည်အကျိုး
ဒုက္ခ၊ သမုဒယ ဒုက္ခ သမုဒယ ဒုက္ခ သံကွင်းဆက်သကဲသို့ဖြစ်ပြီးထွက်လမ်းမရှိပါ။ ကံသည်သမုဒယဆင်းရဲကြောင်းအမှန် ဇာတိဟု
ခေါ်သောခန္ဓာရရှိခြင်းသည်ဆင်းရဲအမှန် နောက်ဆုံးသေရပါသည်။ သေရခြင်း၏အကြောင်းမှာ ခန္ဓာသည်လည်းအရင်းကျကျနဲ့ပါပြီး 
ထိုခန္ဓာသည်ကံကြောင်းဖြစ်လာရသောကြောင့် ကံသည်လည်းသေရခြင်း၌အားပေးအားမပါလာပါသည်၊ ထို့ကြောင့် ကံကိုလုပ်တော
လုပ်ရပါ၏ သို့သော်အားကိုးမနေရပါ။ တရားကိုမသိသူသည် ကံကိုအားကိုးပြီးနေပါသည်၊ ဘုရားဖြစ်လာသောအခါ  ဘုရားသည်တ
ရားကိုအားကိုးခိုင်းပါသည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဘုရားနှင့်သံဃာကိုတောသိပါပြီ။ ဘုရား
သည် တရားကိုသိမြင်သဖြင့်ဘုရားဖြစ်သည်၊ သံဃာသည်လည်း တရားကိုသိသည်ဖြစ်၍သံဃာဖြစ်သည်၊ လိုရင်းသည် တရားထွက်
ပါသည်။ ထိုကြောင့် တရားကိုအားကိုးရပါမယ်၊ ကိုယ့်ကိုယ်ကိုအားကိုးပါ ကိုယ့်ကိုယ်ကိုအားကိုးပါပြောခြင်းသည် တရားကိုအားကိုး
ပါဟုပြောခြင်းဖြစ်ပါသည်။ တရားကိုအားကိုးရမယ့်နေရာမှာလည်း သူငါနားမရှင်းဖြစ်ပါလိမ့်မယ်၊ အလှူပေးခြင်း သီလဆောက်တည်
ခြင်း မေတ္တာပို့ခြင်း သိဒ္ဓိပေါက်ပြီးမြေချိုးမိုးပျံလပ်နေခြင်းတို့သည် တရားကိုအားကိုးနေသည်ဟုထင်မြင်တတ်ပါသည်။ တရားကိုအား
ကိုဆိုတဲ့နေရာမှာ အလှူသီလပုတီးမေတ္တာတို့ကိုထည့်ထားလျှင် ကိုယ်အထည့်သာဖြစ်သည်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ ဓမ္မံ ၊တရားကို။ သရဏံ၊ အားကိုးရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ဆိုရာ၌ ဓမ္မမှာအလှူသီလပုတီးမေတ္တာတို့ကိုထည့်ယူလျှင် ဘုရားပွင့်   ခြင်းကိုစောင့်ရန်မလိုဖြစ်သွားပါသည်။ အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တိုသည်တရားတောတရားပါ သို့သော်အားကိုးရာတ ရားမဟုတ်ပါ၊အကြောင်းကခန္ဓာကိုထောက်ပံ့သောကြောင့်ဖြစ်ပါသည်။မသေအောင်မထောက်ပံ့သောကမ္မဘ၀ကိုအားကိုးလျှင်အသေ   နှင့်တွေ့ကြုံရမှာဖြစ်သည်၊ ထို့ကြောင့် အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တို့သည် အားကိုးရာတရားမဟုတ်ပါ။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တို့သည် အားကိုးရာတရားဖြစ်ပါသည်။ မဂ်လေးတန်၌ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိမဂ္ဂင်ရှစ်ပါးကြားဖူးကြပါလိမ့်မယ်။ ဤမဂ္ဂင်ရှစ်ပါးတရားသည်အားကိုးရာ တရားဖြစ်ပြီး မဂ္ဂင်ရှစ်ပါးလမ်းမှန်ကိုမကျသမျကာလပတ်လုံး အသေလမ်းကိုရောက်ရပါလိမ့်မယ်၊ ကံအလုပ်ကိုလုပ်တောလုပ်နေရ  သည် အသေလမ်းကိုပေးသည့်အတွက်ကြောင့်အားကိုးရာမဟုတ်ပါ။  ထိုကံ၌ ကုသိုလ်ကံသည်လည်းအသေကိုကျေးဇူးပြု၍ အကု သိုလ်ကံသည်လည်း အသေကိုကျေးဇူးပြုသည်ဟုနားလည်ပါ။  ကံကြောင်းခန္ဓာဖြစ်သည် ခန္ဓာကြောင့်သေနေရလျှင်  မကောင်းသော အကုသိုလ်ကံသည် အသေကိုကျေးဇူးပြုလျှင်လည်းပြုပါစေ ကောင်းသောဒါနကံ သီလကံ ပုတီးမေတ္တာဈာန်သမာပတ်ကံတိုသည့်  ကောင်းလျက်နဲ့  အဘယ်ကြောင့်အသေကိုကျေးဇူးပြုသနည်းရှာသောအခါ  ဥပါဒါနပစ္စယာ ဘဝေါ အစွဲသည်အမှားမှားအယွင်းယွင်း စွဲခြင်းကြောင်းပါ။
       အသေကိုကျေးဇူးပြုခြင်းသည် ယူဆပုံမှားသောကြောင်းဖြစ်သည်၊ အယူအဆလွဲလျှင်အစွဲအလမ်းမှားသည် အယူအဆအစွဲအ
လမ်းမှားလျှင် မိမိပြုသောကံသည်လည်းအသေကိုကျေးဇူးပြုပါသည်။ ဥပါဒါနဟောအယူအဆအစွဲအလမ်းသည်လေးပါးရှိသည်၊ ကာ
မုပါဒါန် ဒိဋ္ဌုပါဒါန် သိလပ္ပဒုပါဒါန် အတ္တ၀ါဒုပါဒါန်လေးပါးပါ။ ကာမုပါဒါန်၊ မြင်စရာကြားစရာနံစရာစားစရာလုပ်ကိုင်စရာစဉ်းစားစရာတို့
ကိုကာမခေါ်သည်၊ မျက်လုံးဖြင့်မြင်စရာဟူသမျှကိုကာမ၊နားဖြင့်ကြားစရာဟူသမျှကိုကာမ၊ နှခေါင်းဖြင့်နံစရာဟူသမျှကိုကာမ၊ ပါးစပ်
ဖြင့်စားစရာဟူသမျှကိုကာမ၊ ကိုယ်ဖြင့်ဝတ်စရာနေစရာလုပ်ကိုင်စရာဟူသမျှကိုကာမ၊ စိတ်ဖြင့်စဉ်းစားစရာဟူသမျှကိုကာမခေါ်သည်။
ဆိုခဲ့သောကာမတိုကိုစွဲလမ်းသောစိတ်ကို ဥပါဒါန်ခေါ်သည်၊ ပေါင်းလိုက်လျှင် ကာမုပါဒါန်ဖြစ်သည်။ မြင်စရာကိုမြင်ပြီး မမြင်ရလျှင်မ
နေနိုင်စွဲလမ်းသည်၊ ကြားစရာကိုကြားပြီး မကြားရလျှင်မနေနိုင် နံစရာကိုနမ်းပြီး မနမ်းရလျှင်မနေနိုင် စားစရာကိုစားပြီး မစားရလျှင်မ
နေနိုင် ၀တ်စရာနေစရာလုပ်ကိုင်စရာတို့ကို ၀တ်မိနေမိလုပ်ကိုင်မိပြီး မ၀တ်ရမနေရမလုပ်ကိုင်ရလျှင်မနေနိုင်ဖြစ်နေခြင်းတို့သည်အစွဲ
အလမ်းပါ။ ကြံစရာတွေးစရာကို မိမိတို့ကြံချင်သလိုကြံတွေးချင်သလိုတွေးကြသည် ထိုအကြံအတွေး၌ အကြံအမှားအတွေးအမှားတို့
ကိုစွဲလမ်းနေခြင်းသည်ကာမုပါဒါန်ပါ။ ကာမုပါဒါန်ကိုလောကအမြင်နှင့်ကြည့်လျှင် လောကမှာမြင်စရာမျိုးစုံကိုမြင်အောင်လုပ်ကြသည်၊
မြင်စရာအမျိုးစုံကိုမြင်သောအခါ ထိုမြင်စရာအမျိုးစုံကိုရရှိအောင်သည် စွဲလမ်းခြင်းဖြစ်သည်၊ ရရှိအောင်အတွက်အလုပ်လုပ်ရသည် အ
လုပ်သည်ကံပါ၊ ကံပေါ်လာပါပြီ ကံပေါ်လာလျှင်ဤကံသည် ဇာတိဆိုတဲ့ခန္ဓာကိုကျေးဇူးပြုပါသည်။ ဆိုလိုရင်းက စွဲလမ်းပြီးဆိုလျှင် အ
လုပ်ပေါ်လာရသည်၊ အလုပ်ပေါ်လာလျှင် အလုပ်ကိုလုပ်သောအကျိုးရရှိလာသည်၊ ထိုအလုပ်ကိုလုပ်သောအကျိုးကိုမပျက်ပါစေနှင့်
တားမရပါ၊ အကြောင်းက အကျိုးဖြစ်သောခန္ဓာရနေသောကြောင့်ဖြစ်သည်။ ရအောင်ဆိုတဲ့အစွဲသည်ဥပါဒါန် ရရှိအောင်အလုပ်လုပ်
ခြင်းသည်ကံဖြစ်သည်၊ အလုပ်ကိုလုပ်၍အကျိုးရရှိခြင်းသည် ဇာတိခန္ဓာငါးပါးဖြစ်သည်၊ အကျိုးခန္ဓာငါးပါးသည် အသေကိုကျေးဇူးပြု၏
မရဏပါ။အစွဲမှားမှုသည် သေရသည့်အကြောင်း၌အထောက်အပံ့ပါသည်၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ။ ဇရာမရဏအတွက် ဇာတိ ကမ္မဘ၀ ဥပါဒါန်သုံးဦးသတ်နေကြသည်။ ဒိဋ္ဌုပါဒါန်။ဒိဋ္ဌိ၊ အမြင်၊ ဥပါဒါန၊ စွဲလမ်းသည်၊ အမြင်
မှားအယူမှားကိုစွဲလမ်းခြင်းသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။ ဒိဋ္ဌုပါဒါန်ကိုမြတ်စွာဘုရားသည် ဆယ်ချက်ဟောထားပါသည်။
 ၁။ နတ္ထိ ဒိန္နံ၊ အလှူကြီးပေးသဖြင့်အကျိုးမရှိ။
 ၂။ နတ္ထိ ယိဋ္ဌံ၊ အလှူငယ်ပေးသဖြင့်အကျိုးမရှိ။
 ၃။ နတ္ထိ ဟုတ္တံ၊ ဧည့်သည်အာဂန္တုတို့အားပေးသဖြင့်အကျိုးမရှိ။
 ၄။ နတ္ထိ သုဂတ ဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော၊ ကောင်းသောအကျိုး မကောင်းသောအကျိုးမရှိ။
 ၅။ နတ္ထိ အယံလောကော၊ဤဘ၀ ဤလောကသည်မရှိ။
 ၆။ နတ္ထိ ပရလောကော၊ နောက်ဘ၀ နောက်လောကသည်မရှိ။
 ၇။ နတ္ထိ မာတာ၊ အမိ၌ပြုအပ်သောကောင်းကျိုးဆိုးပြစ်သည်မရှိ။
 ၈။ နတ္ထိ ပိတာ၊ အဖ၌ပြုအပ်သောကောင်းကျိုးဆိုးပြစ်သည်မရှိ။
 ၉။ နတ္ထိ သတ္တာ သြပပါတိကာ၊ ကိုယ်ထင်ရှားဖြစ်သောသတ္တ၀ါသည်မရှိ။
 ၁၀။ နတ္ထိ လောကေ သမဏဗြဟ္မဏာ၊ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စလောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပ
        ဝေဒေန္တိ၊ လမ်းမှန်ကျင့်ပြီးလမ်းမှန်လျှောက်လျက် ဤလောကတမလွန်လောကကို အဘိဥာဉ်ဖြင့်မျက်မှောက်ပြုလျက်ပြောကြား
        သောပုဂ္ဂိုလ်သည်မရှိ အမြင်စွဲလမ်းမှုဆယ်ချက်ဖြစ်သည်။
နတ္ထိ ဒိန္နံ  နတ္ထိ ဒိနနတ္ထိ ယိဋ္ဌံ၊အလှူကြီးဘဲပေးပေးအလှူငယ်ဘဲပေးပေးအကျိုးမရှိ၊စီးပွါးဥစ္စာသာကုန်သည်ဟုစိတ်၌ထင်မြင်နေသောအ
စွဲအလမ်းသည် အမြင်မှားသောစွဲလမ်းမှုဖြစ်သည်။ အမြင်မှားသောစွဲလမ်းမှုရှိလျှင် အလှူပေးသောကံကောင်းတောင်သူ့မှာပေါ်မလာ
နိုင်ပါ၊ အလှူမပေးဆိုတဲ့ ကံဆိုးပေါ်လာပါလိမ့်မယ်၊ ကံဆိုးပေါ်လာလျှင် မကောင်းသောခန္ဓာရလာပါလိမ့်မယ် ထိုခန္ဓာသည်လည်းအ
သေမှမလွတ်ပါ။ ဒိဋ္ဌုပါဒါန်၏အမြင်မှားစွဲလမ်းမှုဖြစ်လျှင်လည်း အသေကိုကျေးဇူးပြုပါသည်။ တချို့ ကောင်းကံ၏အကျိုးမကောင်းကံ၏
အကျိုးသည်လုံးဝအကျိုးပေးခြင်းမရှိဟုယူနေခြင်းသည် အယူမှားမှုဖြစ်သည်၊ထိုအသိမှားအမြင်မှားအယူမှားမှုသည်ဒိဋ္ဌုပါဒါန်ဖြစ်သည်။
နတ္ထိ မာတာ၊ နတ္ထိ ပိတာ၊ အမိအဖ၌ပြုအပ်သောကျေးဇူးမရှိယူခြင်းသည် ဣသရနိမာန ဖန်ဆင်းရှင်ဝါဒသမားတို့၌ လောကမှာသက်ရှိ
သက်မဲ့အရာအားလုံးကို ဘုရားဖန်ဆင်းသည်ဟုယုံကြည်သည်၊ အမိအဖကိုဘုရားဖန်ဆင်းသည် သားသမီးမြေးမြစ်တို့ကိုလည်း ဘု
ရားဖန်ဆင်းပေးသည့်အတွက် ကျေးဇုးရှိခြင်းအတူတူဘုရား၌သာကျေးဇူးရှိပြီး အမိအဖဆရာသမားမြေးမြစ်ဘိုးဘွားတို့၌ ကျေးဇူးမရှိ
ယူသောအယူသည်ဒိဋ္ဌုပါဒါန်ဖြစ်သည်။မှားသောအယူအစွဲအမြင်ဖြစ်လျှင် မှားသောအလုပ်မှားသောအပြောမှားသောအကြံအစည်များ
ဖြစ်ပေါ်လာပြီး အနာဂါတ်၌မှားသောခန္ဓာဖြစ်ရသည်၊ မှားသောအကုသိုလ်ကံသည်လည်း အသေကိုကျေးဇူးပြုပါသည်။ ကံကိုယုံကြ
ည်သောပုဂ္ဂိုလ်များသည်လည်း ကောင်းသောအကျိုးပေးခြင်းသည်မှန်၏ သို့သော်လည်း အသေကိုကျေးဇူးပြုပါသည်။ ယခုမိမိတို့ခန္ဓာ
ကြီးဖြစ်နေမှုသည် သေရန်အတွက်ဖြစ်နေခြင်းပါ၊ သေရန်အတွက်ကံကကျေးဇူးပြုနေသည်၊ ထိုကံကိုလွန်ခဲ့သောအတိတ်ဘ၀၌  ကံ
ကောင်းမှလူဖြစ်သည့်အစွဲဥပါဒါန်ကြောင့် လူဖြစ်အောင်ကုသိုလ်ကိုပြုလုပ်ခဲ့၍ ကုသိုလ်ကံကြောင့်ယခုလူဖြစ်လာပါသည်။ ကုသိုလ်ကံ
ကိုစွဲခဲ့သောဥပါဒါန်သည် ငြိမ်းအေးရာနိဗ္ဗာန်ကိုကျေးဇူးမပြုဘဲ အသေကိုသာကျေးဇူးပြုနေသည်၊ အသေကိုကျေးဇူးပြုသည်ဖြစ်၍ မိမိ
တို့ကုသိုလ်ကံကိုစွဲခဲ့သောဥပါဒါန်သည် မှားသောလမ်းဖြစ်သည်။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရ
ဏံ အကောင်းကိုစွဲလျှင်လည်းအသေကိုကျေးဇူးပြုသည် မကောင်းကိုစွဲလျှင်လည်းအသေကိုကျေးဇူးပြုပါသည်။ အစွဲဟူသမျှမကောင်း
ဟုနားလည်ရပါမယ်။ သီလပ္ပဒုပါဒါန်၌ အကျင့်ကိုစွဲလျှင်အကျင့်ဆိုးသွားသည်၊ လောက၌ တောထဲတောင်ထဲသွားပြီးမစားမသောက်
ဘဲကျင့်ကြံမှုများရှိကြပါသည်၊ မကောင်းမဟုတ်ပါကောင်းပါသည် အမှန်သိမှုမပါဘဲအစွဲအားသန်လျှင် အသေကိုကျေးဇူးပြုပါသည်။ ထို
အစွဲသည်တဏှာကြောင့်ဖြစ်သည်ကို နောက်လာမယ့်အချိန်၌ပြောပါမယ်၊ ယခုအချိန်စေ့၍တရားထိုင်ကြရအောင်။