စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒ န္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်းတွင် ၂၀၁၃ ခု မေ
လ ၃ ရက်နေ့ မွန်းလွဲအချိန်ဟောကြားအပ်သော
သတ္တ၀ါများသေရခြင်းအကြောင်း
အပိုင်း(၂)
မြတ်စွာဘုရားသာသနာတော်သည် အမှန်သိရန်လိုရင်းမှတ်ပါ၊ ဘုရားသာသနာတော်မှာ အကောင်းအသိအဆိုးအသိသည် လို
ရင်းမဟုတ်ပါ အမှန်သိရန်လိုရင်းဖြစ်သည်။ အကောင်းအသိအဆိုးအသိကိုစာစကားနှင့်ကြားညှပ်ပြောရလျှင် ကုသိုလ်အသိကိုအ
ကောင်းအသိခေါ်ပြီး အကုသိုလ်အသိကိုအဆိုးအသိခေါ်သည်။ ကုသိုလ်သည်ကောင်း၏အကုသိုလ်သည်မကောင်းဤကဲသို့အားလုံး
သိလာကြသည် ဤကဲသို့သိလျှက်ဘုရားသာသနာ၏အဆုံးအမကိုမရသမျှကာလပတ်လုံးအကောင်းအသိအဆိုးအသိနှင့်နေလျက်
တစ်နေ့တစ်နေ့မှာအကောင်းကိုလုပ်မယ်အဆိုးကိုလုပ်မယ် တစ်ဘ၀ကုန်အောင်ထိအကောင်းအဆိုးလုပ်လျက်ကုန်ဆုံးကြသည်၊ အ
မှန်အလုပ်ထဲမှာမပါခဲ့ပါ။ ထို့ကြောင့် သစ္စာတရားသည်ပျောက်လျှက် သံသရာမှာအိုဘေးနာဘေးသေဘေးမှမလွတ်နိုင်ဖြစ်ရပါသည်။
ထိုအိုဘေးနာဘေးသေဘေးမှမလွတ်နိုင်ခြင်းသည်ပင် အမှန်ဖြစ်သောသစ္စာတရားကိုသိသည်သဘောမဟုတ်ခြင်းသည်ထင်ရှားပါသ
ည်။ အိုဘေးနာဘေးသေဘေးမှမလွတ်ရခြင်းသည် တရားကိုမသိခြင်းကြောင့် ကိုယ်ကသူကသိနေကြသည်၊ အိုဘေးနာဘေးသေ
ဘေးမှလွတ်ရန် တရားကိုသိအောင်လုပ်နည်းလုပ်ဟန်ကိုအစရှာမရဖြစ်နေကြသည်။ ဘုရားပွင့်ထွန်းပေါ်ပေါက်လာပြီးမှ တရားကိုသိ
ရန်အတွက်နည်းလမ်းအစပေါ်သည်၊ တရားကိုနာမှ တရားကိုသိသည်ဟုနားလည်ပေးပါ။ အလှူလုပ်တတ်၍တရားကိုသိနေသည် သီ
လကိုဆောက်တည်တတ်၍တရားကိုသိနေသည် မေတ္တာပို့တတ်၍တရားကိုသိနေသည် သမာပတ်ဈာန်ဖြင့် မြေချိုးမိုးပျံတတ်၍တရား
ကိုသိနေသည် သူတပါး၏စိတ်ကိုသိ၍တရားကိုသိနေသည်မဟုတ်ပါ၊ တရားကိုသိနေသည်ဟုယူဆလျှင် အားလုံးတောက်လျှောက်
မှားပါလိမ့်မည်။ တရားကိုသိသည်ဆိုရာ၌ အသိခံတရားတစ်ခုလိုသည်၊ ထိုအသိခံတရားသည် ရုပ်နှင့်နာမ်ဖြစ်သည်။ ရုပ်နာမ်ကို
သိလျှင် တရားကိုသိသောအပိုင်းသို့ဝင်ရောက်လာပါပြီ။ အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တို့ကိုသိပုံနှင့်မတူပါ၊ ရုပ်နှင့်နာမ်ကိုသိ
မှ တရားကိုသိသည့်အပိုင်းသို့ရောက်သည်၊ ရုပ်နှင့်နာမ်ကို ပထမတရားဟောချိန်၌ထုပ်ပြခဲ့ပါပြီ။
အလောင်းတော်ကြီးတောထွက်တဲ့အခါ ဤအိုမှုနာမှုသေမှုဖြစ်ရခြင်း၏အကြောင်းကိုရှာ၏၊ အိုမှုနာမှုသေမှုကိုအလောင်းတော်
ကြီးသည် မျက်မြင်နားကြားဒုက္ခလို့တောသိနေသည်၊ အိုသောအမူအရာမျိုးနာသောအမူအရာမျိုးသေသောအမူအရာမျိုးကို ဥာဏ်ရှိသူ
စဉ်းစားအဖြေထုတ်လျင် ချမ်းသာမဟုတ်ဆင်းရဲအဖြေထွက်ပါလိမ့်မည်။ အိုရခြင်းနာရခြင်းသေရခြင်းသည်ဆင်းရဲပါ၊ အအိုအနာအ
သေဆင်းရဲသည်အမှန်ဖြစ်သောကြောင့် သူ့ကိုဆင်းရဲအမှန်ဟုခေါ်ပါသည်။ ယခုလူဟူ၍ခေါ်နေကြသောခန္ဒာ၌ အအိုအနာအသေ
ရှိသလို နတ်ဟူ၍ခေါ်နေကြသောခန္ဒာ၌အအိုအနာအသေသည်ရှိသည်၊ ဗြဟ္မာဟူ၍ခေါ်နေကြသောခန္ဒာ၌လည်း အအိုအနာအသေ
သည်ရှိသည်၊ ငရဲတိရစ္တာန်ပြိတ္တာအသူရကာယ်ခန္ဒာ၌လည်း အအိုအနာအသေရှိသည်။ ထိုကိုပင် ဒုက္ခသစ္စံ ပရိဇာနန္တော စာမှာဖတ်ဖူး
ပါလိမ့်မည်၊ အဓိပ္ပါယ်က ဒုက္ခသစ္စံ၊ ဒုက္ခအမှန်ကို။ ပရိဇာနန္တော၊ ပိုင်းပိုင်းခြားခြားပိုင်ပိုင်နိုင်နိုင်သိခြင်း။ သုံးဆယ့်တစ်ဘုံမှာ အိုမှုနာမှု
သေမှုသာရှိသည်ဟုဒုက္ခအမှန်ကိုသိလျှင် သုခချမ်းသည်မရှိဖြစ်၏။ လူပြည်နတ်ပြည်ကိုလိုချင်မှုနှင့်ကုသိုလ်လုပ်ခြင်းသည် ဒုက္ခကိုမ
သိခြင်းကြောင့်ဖြစ်သည်။ ကုသိုလ်လုပ်ပြီးလူစည်းစိမ်းကိုအကြိမ်ကြိမ် နတ်စည်းစိမ်ကိုအကြိမ်ကြိမ်ဗြဟ္မာစည်းစိမ်ကိုအကြိမ်ကြိမ်ရလို
မှုနှင့်လုပ်လာခြင်းသည် ဒုက္ခကိုအမှန်မသိခြင်းသည်ထင်ရှားပါသည်၊ ဒုက္ခကိုအမှန်မသိသဘောသည်အ၀ိဇ္ဇာပါ။ လိုချင်ရချင်ခြင်းသ
ဘောသည်တဏှာမူလနှစ်ဖြာဖြစ်သည်၊မူလနှစ်ဖြာသည်စာထဲမှာမဟုတ်ပါမိမိတို့၏ခန္ဒ္ဒာထဲမှာဖြစ်သည်။အ၀ိဇ္ဖာတဏှာတည်းဟူသော
မူလနှစ်ဖြာရှိနေသမျှ အိုဘေးနာဘေးသေဘးကမလွတ်ပါ။ တရားကိုမသိဘဲလျက် အလှူလုပ်ခြင်းသီလဆောက်တည်ခြင်းပုတီးမေ
တ္တာပွါးများခြင်းတိုကိုလုပ်ငြားသော်လည်း အိုဘေးနာဘေးသေဘေးမှမလွတ်ပါ။ အကြောင်းက အိုဘေးနာဘေးသေဘေးကိုသိတတ်
သောဝိဇ္ဖာမရှိလို့ဖြစ်သည်။ အ၀ိဇ္ဖာနှင့်တဏှာနှစ်ပါးသည် မိမိတို့ခန္ဓာ၌ရှိနေပါသည်၊ ဤအ၀ိဇ္ဖာနှင့်တဏှာနှစ်ပါးတို့ခန္ဓာ၌ရှိနေခြင်းသ
ည် အလှူမပေးတတ်၍မဟုတ်ပါ သီလကိုမဆောက်တည်တတ်၍လည်းမဟုတ်ပါ တရားကိုမနာဖူးခြင်ကြောင်းဖြစ်သည်။ တရားကိုမ
နာလျှင်တရားကိုမသိနိုင်ပါ၊ အလှူပုတီးမေတ္တာဈာန်သမာပတ်တို့ကိုသာသိနေခြင်းသည် တရားကိုသိနေသောအပိုင်းသို့မရောက်ပါ
သေ့ တရားကိုသိသောအပိုင်းသို့ရောက်လိုလျှင် ရုပ်နှင့်နာမ်ကိုသိအောင်ကြိုးစားရပါလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်၌ကံကြောင်းနာမ်ရုပ်ဖြစ်
သည်ကိုသင်ထားပြီးပါပြီ၊ထိုနာမ်ရုပ်၏သဘောသည်လည်း ဖြစ်လည်းဖြစ်သည်ပျက်လည်းပျက်သည်။ ခန္ဓာသည်နာမ်နှင့်ရုပ်ပါ၊ ဇာတိ
ဥပပတ္တိဘ၀သည် နာမ်နှင့်ရုပ်ဖြစ်သည်။ ဘုရားစကားကိုမကြားဖူးသောပုဂ္ဂိုလ်သည် ဇာတိကို လူဇာတိနတ်ဇာတိဗြဟ္မာဇာတိငရဲတိ
ရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိဤသို့ကောက်ယူတတ်သည်၊ ဤသို့ကောက်ယူလျှင် အကောင်းအဆိုးကိုရွေးကောက်ခြင်းသာဖြစ်
သည်။ လူဇာတိနတ်ဇာတိဗြဟ္မာဇာတိသည်အကောင်း ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိသည်မကောင်း ဤသို့အကောင်းအ
ဆိုးကိုရွေးကောက်၏၊ အမှန်ကောက်ယူမှုမဟုတ်ပါ။ လောကကြီးမှာမွေးဖွားသည့်လောက်ကပင်တစ်သက်လုံးအားလုံးသူ လူဇာတိ
နတ်ဇာတိဗြဟ္မာဇာတိငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိကောက်လာကြသည်၊ ထိုသို့ကောက်ခြင်းအားဖြင့် သုတော်ကောင်းတ
ရားလမ်းနှင့်မသူတော်တရားလမ်းနှစ်ခုပေါ်လာသည်၊ အကောင်းကိုကောက်လျှင်သူတော်ကောင်းတရားလမ်းထွက်ပြီး အဆိုးကို
ကောက်လျှင်မသူတော်တရားလမ်းထွက်လာသည်။ လောကမှာသူတော်ကောင်းအလုပ်နှင့်မသူတော်အလုပ်နှစ်မျိုးရှိနေပြီး ဘုရားအ
ရိယာသူတော်ကောင်းများ၏အသိ မဂ္ဂသစ္စာလမ်းမှန်သည်ပျောက်နေသည်၊ ထို့ကြောင့် သစ္စာကိုမသိသည်ဖြစ်၍ဒုက္ခရောက်ရခြင်း
ဖြစ်သည်။ မြတ်စွာဘုရားက ငါဘုရားသည်လည်းသံသရာ၌ကျင်လည်သောအခါ ကုသိုလ်အကုသိုလ်ကိုမသိခဲ့၍ ဒုက္ခရောက်ခဲ့ရသ
ည်မဟုတ် သစ္စာကိုမသိခဲ့၍ဒုက္ခရောက်ခဲ့ရသည်ဟုဆို၏။ ကုသိုလ်အကုသိုလ် ကောင်းမကောင်းကိုအားလုံးသူများသိကြသည် သို့
သော် အမှန်ဖြစ်သောသစ္စာတရားကိုမသိကြပါ။ ဘုရားတရားကိုနာသောအခါ အမှန်ဖြစ်သောသစ္စာတရားသည်လေးပါးရှိပါသည်၊
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ဖြစ်သည်။ ဒုက္ခသစ္ခာ၊ ဒုက္ခ၊ဆင်ရဲ။ သစ္စာ၊အမှန်။ ဆင်းရဲအမှန်သည် ဒုက္ခသစ္စာ
ဖြစ်သည်။ ထိုဆင်းရဲအမှန်သည် ကိုယ့်လိုသူ့လိုသိနေကြသော အ၀တ်ဆင်းရဲအစားဆင်းရဲအနေအထိုင်ဆင်းရဲ ငရဲ၌ဖြစ်သောဆင်း
ရဲတိရစ္ဆာန်၌ဖြစ်သောဆင်းရဲပြိတ္တာ၌ဖြစ်သောဆင်းရဲ အသူရကာယ်၌ဖြစ်သောဆင်းရဲကိုဆိုခြင်းမဟုတ်ပါ။ဒုက္ခသစ္စာစကား၌ဒုက္ခဟူ
သည် ရုပ်နှင့်နာမ်ကိုခေါ်ပါသည်၊ ရုပ်နှင့်နာမ်ဟုဆိုသောခန္ဓာသည် အအိုဆင်းရဲအနာဆင်းရဲအသေဆင်းရဲရှိသောကြောင့် ဒုက္ခဖြစ်
သည်၊ ထိုအအိုဆင်းရဲအနာဆင်းရဲအသေဆင်းရဲကို မအိုရအောင်မနာရအောင်မသေရအောင်အစားထိုးထည့်မရပါ၊ အစားထိုးထည့်
မရသည်ကို သစ္စာခေါ်သည်။ အစားအစာမရှိသောဒုက္ခကို အစားအစာဖြင့်ဝအောင်အစားထိုးထည့်ပစ်လိုက်လျှင် အစားအစာမရှိ
သောဒုက္ခသည်ပျောက်သွား၏၊ ထို့အတူ အ၀တ်မရှိသောဒုက္ခနေစရာထိုင်စရာမရှိသောဒုက္ခကို အ၀တ်ဝတ်စရာနေစရာထိုင်စရာတို့
ဖြင့်ရှိအောင်အစားထိုးထည့်ပေးလိုက်လျှင် ထိုဝတ်စရာနေစရာထိုင်စရာမရှိသောဒုက္ခသည်ပျောက်သွား၏၊ သစ္စာဆိုသည့်သကားက
မည်သည့်နည်းနှင့်မှအစားထိုးထည့်ပေးလို့မရခြင်းကိုဆိုသည်။ ဤခန္ဓာကိုယ်ကြီးသည်ပဋိသန္ဓေမှစ၍ တစ်လဆယ်လတစ်နှစ်ဆယ်
နှစ်ငါးဆယ်နှစ်စသည်ဖြင့် တရွေ့ရွေ့ကြီးရင့်အိုနေခြင်း ထို့နောက်နာရခြင်း ထို့နောက်သေရခြင်းတို့ကိုအစားထိုးထည့်ပေးလို့မရပါ။
အိုနာသေဆင်းရဲသည်အမှန်ရှိသောကြောင့် သူ့ကိုဒုက္ခသစ္ခာဆင်းရဲအမှန်ပါ။ ဤအိုဆင်းရဲနာဆင်းရဲသေဆင်းရဲသည် ငရဲတိရစ္ဆာန်ပြိ
တ္တာအသူရကာယ်ခန္ဓာမှာလည်းရှိသည် လူနတ်ဗြဟ္မာခန္ဓာမှာလည်းရှိသည် အားလုံးပေါင်းလိုက်လျှင်အောက်အ၀ီစိကစပြီး အထက်ဗြ
ဟ္မာဘ၀ဂ်တိုင်အောင်ရှိသည်ကိုသိနိုင်သည်။ သာမန်လူနားလည်အောင်ပြောရလျှင် မိမိတို့ကရခိုင်လူမျိုးဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ၏ခ
န္ဓာ၌လည်းအိုမှုနာမှုသေမှုရှိပြီး တခြားဘာသာ၏ခန္ဓာ၌လည်းအိုမှုနာမှုသေမှုရှိသည်။ ဗုဒ္ဓဘာသာတခြားဘာသာစကာသုံးသာကွဲပြီး
ရရှိခြင်းဒုက္ခချင်းကတူကြသည်။ မည်သည့်နေရာကိုမဆိုကြည့်လျှင် ဤအိုနာသေဒုက္ခကိုမြင်ရလိမ့်မယ်။ ယခုပထမသိသောသစ္စာ
သည် ဒုက္ခသစ္စာပါ၊ အလောင်းတော်ကြီးသည်လည်းဤဒုက္ခသစ္စာကိုမသိခဲ့သောကြောင့် သံသရာ၌ကျင်လည်ခဲ့ရသည်၊ တရားကိုသိ
လို၍ပါရမီဖြည့်သည်စကားနှင့် သစ္စာကိုမသိ၍ကျင်လည်ခဲ့ရသည့်စကားသည် စကားသုံးကွဲပြီးတစ်မျိုးတည်းဖြစ်သည်။ အလောင်း
တော်ကြီးသည်သစ္စာကိုသိရန်အတွက်ရှာခဲ့ခြင်းသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာခဲ့သည်၊ အလောင်းတော်ကြီးဘ၀ဖြင့်
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းရှာခဲ့သောတရားကို မိမိတို့ကသု့စကားကိုနားထောင်လိုက်နာလိုက်တဲ့အခါ လေးအသင်္ချေနှင့်ကမ္ဘာ
တစ်သိန်းရှာရန်မလိုပါ၊ အကြောင်းက တပည့်ဖြစ်၍ပါ။ တပည့်ဟူသည် ဆရာ၏ပြောစကားကိုနားလည်သဘောပေါက်ရန်သာလို
သည်။ မြတ်စွာဘုရားကငါဘုရားဟောကြားလို့ ရဟန်းတို့လည်းဒုက္ခကိုသိနေပြီ ငါဘုရားသည်လည်းသိပြီးပြီ အသိအားဖြင့်ထူးခြားမှု
မရှိပါ၊ သို့သော် ငါဘုရားသည်ဆရာဖြစ်၍ရဟန်းတို့သည်တပည့်ဖြစ်သည် ဤသို့ထူးသည်။ ရဟန်းများသည်မြတ်စွာဘုရားဟောကြား
မှ ဒုက္ခသစ္စာကိုသိကြသည်၊ မြတ်စွာဘုရားကိုတစ်စုံတစ်ယောက်မှမပြောကြားဘဲ ဒုက္ခသစ္စာကိုသိသည်။
သမ္မာသမ္ဗုဒ္ဓေါ၊သမ္မာ၊ မှန်ကန်စွာ။ သံ၊ ကိုယ်တိုင်။ ဗုဒ္ဓေါ၊ သစ္စာကိုသိသည်။ သုံးဆယ့်တစ်ဘုံ၌ သစ္စာလေးပါးကိုတစ်စုံတစ်ယော
က်မှမပြောဘဲ ဆရာအဖြစ်နှင့်သိတော်မုသည်။ သစ္စာကိုသိရာ၌ အစဆုံးဒုက္ခသစ္စာကိုသိတော်မူသည်။ အလောင်းတော်ကြီးသည် ဤအိုဒုက္ခနာဒုက္ခသေဒုက္ခ၏ဖြစ်ခြင်းအကြောင်းရင်းကိုရှာသောအခါ ခန္ဓာရှိခြင်းကြောင်းအိုနာသေဒုက္ခဖြစ်ရသည်ကိုသိသွားသည်။ စာစကားနှင့်ပြောရလျှင် ဇာတိပစ္စယာ ဇရာမရဏံ ခန္ဓာရှိခြင်းကြောင့်အိုနာသေဖြစ်သည်။ ဘုရားစကားကိုယုံကြည်သည်ဖြစ်စေ မယုံ
ကြည်သည်ဖြစ်စေ လေးစားသည်ဖြစ်စေမလေးစားသည်ဖြစ်စေ ဤအိုနာသေသည်ခန္ဓာရှိခြင်းကြောင့်ဖြစ်သည်။ နတ်ဗြဟ္မာတခြားဘု
ရားသည်ပေး၍အိုနာသေဖြစ်ခြင်းမဟုတ်ပါ၊ ဘုရားကဟောကြားသောကြောင့်လည်း အိုနာသေဖြစ်ခြင်းမဟုတ်ပါ၊ သဘာဝကိုယ်က
မှန်နေပါသည် သဘာဝအမှန်သည်တရားပါ။ ယခုအိုနာသေသည်ခန္ဓာကြောင့်ဖြစ်သည်ကိုသိပါပြီ၊ ခန္ဓာသည်အကြောင်းအိုနာသေ
သည်အကျိုး၊ အကြောင်းကိုယမုဒယ အကျိုးကိုဒုက္ခပါ၊ အိုနာသေကိုဖြစ်စေတတ်သည်ကကံမဟုတ်ပါ ခန္ဓာကြောင်းသာဖြစ်သည်။ ဘု
ရားစကားကိုမယုံကြည်သူတစ်ယောက်က ရှင်ကြီးဂေါတမသည် ခန္ဓာကြောင့်အိုနာသေဖြစ်သည်ဟုဟော၏ ငါသည်ခန္ဓာကြောင့်အို
နာသေမဖြစ်ဟောမယ် ဟောကြည့်လျှင်လုံးဝမရပါ။ ထို့ကြောင့် ဤခန္ဓာသည်အိုနာသေ၏အကြောင်းရင်းဖြစ်လျက်အစားထိုးထည့်မရ
သည်ဖြစ်၍သူ့ကိုသစ္စာ၊ ထိုသစ္စာသည်အကြောင်းသစ္စာဖြစ်၍ သမုဒယသစ္စာခေါ်သည်။ သဘောပေါက်လိမ့်မယ်ထင်သည် သဘော
မပေါက်လျှင်နားမလည်နိုင်ပါ။ သူငါအားလုံးမိခင်မွေးဖွားလို့ အသက်နှစ်ဆယ့်ငါးနှစ်ငါးဆယ်နှစ်ခုနှစ်ဆယ်နှစ်ရှိနေကြပါပြီ ထိုယောင်
ယောင်ဤယောင်နှင့်ပါ။ ထိုဘ၀ကကုသိုလ်ကြောင့်ယခုဘ၀၌လူဖြစ်သည် ယခုဘ၀မှကုသိုလ်ကံကြောင့် နောက်ဘ၀၌လည်းလူဖြစ်
အောင်ကြိုးစားကြသည် တရားသိမှုသည်ပါမလာပါ၊ ဤသည်ကိုယောင်သည်ဟုခေါ်ပါသည်။ တစ်ယောက်မှမဟုတ် အိမ်၌လူငါး
ယောက်ရှိလျှင်ငါးယောက်လုံးယောင်လျက်ဖြစ်သည်၊ဤသဘောကိုစာနှင့်ပြောလျှင် တွေဝေသည်ဟုခေါ်ပါသည်၊ တွေဝေမှုသည်မော
ဖြစ်သည်။ နားလည်ရမှာက ခန္ဓာရှိခြင်းကြောင့်အိုနာသေဖြစ်သည်၊ ခန္ဓာသည်အကြောင်းပါဠိနှင့်ပြောလျှင်သမုဒယသစ္စာ။ အိုနာသေ
ရခြင်း၏အကြောင်းကို ရပ်ထဲရွာထဲ၌ပြောသောစကားများကိုနားထောင်ကြည့်လျှင် မည်သူတစ်ယောက်သည်အဖျားကြီးပြီးသေဆုံး
သည်ဟုပြော၏၊ အဖျားကြီးခြင်းသည်လည်းမှန်သည် သို့သော် အဖျားကြီးခြင်းကြောင့်သေရသည်မဟုတ်ပါ ခန္ဓာရခြင်းကြောင်းဖြစ်ပါ
သည်။ သေခြင်းအကြောင်းကိုအမျိုးမျိုးနာမည်တတ်ပြီးပြောကြပါလိမ့်မယ် အပြင်ဘက်အကြောင်းသာထွက်လာပြီး ကြောင်းရင်းအမှန်
ကိုမသိပါ။ ဤတရားကိုဤသာသနာမှ ဘုရား၏အဆုံးအမတရားကိုမနာဖူးလျှင် သေရခြင်း၏အကြောင်းရင်းကိုတစ်ယောက်မှအမှန်
မသိပါ၊ အမှန်သိလျှင်သူများတမြင်တကြားပြောနေခြင်တို့ကိုနားလည်လို့ရပါသည်။ အမှန်စင်စစ်သေရခြင်းသည် ဖျား၍လည်းမဟုတ်
ဝမ်းပျက်၍သေရခြင်းလည်းမဟုတ် ခန္ဓာရရှိခြင်းကြောင့်သေရခြင်းဖြစ်ပါသည်။ ထိုအမြင်ကိုသိရန်အတွက်ဆရာလိုပါသည် ဆရာ
သည်ဘုရားဖြစ်ပါသည်။ ဘုရား၏ဂုဏ်တော်ကိုးပါး၌ဂုဏ်တော်တစ်ပါးပါသည် သတ္ထာဒေ၀မနုသာနံ။ ဒေ၀မနုသာနံ၊ နတ်လူတို့၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသောမြတ်စွာဘုရား။ ဆရာရှိသောသူသည် သေနေရသည်ကိုဒုက္ခဟုအမှန်သိပြီး သေရခြင်း၏အကြောင်း
ရင်းအမှန်သမုဒယကိုလည်းသိပါသည်၊ စာစကားနှင့်ပြောလျှင် ဒုက္ခသစ္စာကိုလည်းသိသည်သမုဒယသစ္စာကိုလည်းသိပါသည်။ ဟုတ်
ပါပြီ သမုယသစ္စာဟုခေါ်သောခန္ဓာနှင့်သေရခြင်းဟုခေါ်သောဒုက္ခသစ္စာလုံးလုံးမရှိလျှင် သေစရာမရှိပါ၊ ဆိုလိုရင်းကဤခန္ဓာမရှိလျှင်
အသေမလာပါ အသေမလာခြင်းကိုချမ်းသာဟုခေါ်ပါသည်။ လိုရင်းက ခန္ဓာမရှိလျှင်အသေမရှိပါ ခန္ဓာမရှိလျှင်အသေမရှိသောကြောင့်
ချမ်းသာသုခပါ၊ ထိုချမ်းသာသုခသည် နိရောဓသစ္စာပါ၊ ခန္ဓာနှင့်အသေငြိမ်းခြင်းသည်နိရောဓပါ။ ခန္ဓာငြိမ်းခြင်းသည်လည်းနိရောဓ အ
သေငြိမ်းခြင်းသည်လည်းနိရောဓ၊ ခန္ဓာငြိမ်းခြင်းကြောင့် အသေလည်းငြိမ်းပါသည်။ ခန္ဓာဟူသောအကြောင်းမရှိလျှင် သေရခြင်းဟူ
သောအကျိုးလည်းမရှိပါ။ခန္ဓာမရှိလျှင်အသေမရှိသဘောကိုနားလည်ပြီဖြစ်ပါလိမ့်မယ် ခန္ဓာမရှိအောင်ကျင့်စဉ်ကိုလုပ်ရန်ကိုယ့်တာဝန်
ဖြစ်သည်။ ဤခန္ဓာနှင့်တကွသက်ရှိသက်မဲ့အရာအားလုံးကို ဘုရားဖန်ဆင်းထားသည်ယူလျှင် ကိုယ့်အလုပ်သည် လမ်းပိတ်ပြီးဉာဏ်
ပျောက်သွားပါပြီ၊သိကြားဗြဟ္မာဖန်ဆင်းသည်ယူလျှင်လည်း မိမိချမ်းသာရန်အတွက်ဖန်ဆင်းသူသိကြားဗြဟ္မာထံမှာမူတည်သွားသည်။
ခေါင်းခင်ကိုလက်မြှောက်ပြီး ဘုရားလို့တစ်မျိုးထာဝရလို့တစ်မျိုးဗြဟ္မာလို့တစ်မျိုးဆုတောင်းနေခြင်းသည် ကိုယ့်ကိုယ်အားကိုးမှုပျောက်
သွားပါသည်။ အပြင်ဘက်ကိုအားကိုးသည့်လောက်ကပင်မှားနေပါပြီ၊ ဘုရားစကားကိုကြားဖူးကြပါလိမ့်မယ် အတ္တာဟိ အတ္တနော နာ
ထော ကိုယ့်ကိုယ်ကိုအားကိုးပါ။ ကိုယ့်ကိုယ်ကိုအားမကိုးဘဲ အပြင်ထွက်ပြီးအားကိုးလို့မရပါ၊ ကိုယ့်ကိုယ်ကိုဆိုသည့်စကားသည် တ
ရားဖြစ်ပါသည်၊တရားကိုအားကိုးပါဟုပြောခြင်းဖြစ်ပါသည်။
ခန္ဓာရှိခြင်းကြောင်းအသေရှိသည်သိလျှင် ခန္ဓာမရှိရအောင်လုပ်ရမှာကိုယ့်တာဝန်ဖြစ်ပါသည်၊ ဘုရားနှင့်မဆိုင်ပါ။ ခန္ဓာမရှိ
အောင်လုပ်သောအခါ ဤခန္ဓာ၏ဖြစ်ကြောင်းကိုရှာရပါလိမ့်မယ်။ မြတ်စွာဘုရားသည်ဗောဓိပင်အောက်၌ ဤခန္ဓာ၏ဖြစ်ကြောင်းကိုရှာ
သောအခါ ဤခန္ဓာသည်ကံကြောင်းဖြစ်သည်ကိုမြင်တော်မူသည်။ ကံကြောင့်ခန္ဓာဖြစ်လာသည်အတွက်ကြောင်း အသေမှမလွတ်နိုင်
ပါ ကံသည်လည်းသတ္တ၀ါများသေရန်အတွက်အထောက်အပံ့ပါသည်။ ပရိတ်သတ်အားလုံးတို့သည် မွေဖွားသည်မှသေဆုံးသည့်တိုင်
အောင် ကံကိုအားကိုးပြီးနေကြသည်။ ကံ၌နှစ်မျိုးရှိပါသည်၊ ခန္ဓာကိုယ်ဖြင့်ကောင်းသောအလုပ်တစ်ခု မကောင်းသောအလုပ်တစ်ခုရှိ
ပါသည်၊ ကောင်းသောအလုပ်ကိုကုသိုလ်ကံခေါ်ပြီး မကောင်းသောအလုပ်ကိုအကုသိုလ်ကံခေါ်ပါသည်။အပြော၌လည်း ကောင်း
သောအပြောကိုကုသိုလ်ကံ မကောင်းသောအပြောကိုအကုသိုလ်ကံ၊ စိတ်၌လည်းကောင်းသောစိတ်ထားကိုကုသိုလ်ကံ မကောင်း
သောစိတ်ထားကိုအကုသိုလ်ကံခေါ်ပါသည်။ မိမိတို့သည် တစ်သက်လုံးကောင်းမကောင်းကံကိုလုပ်လာကြပြီး ထိုကံကိုပင်အားကိုး
လာကြပါသည်၊ တရားကိုအားကိုးမှုပါမလာပါ။ ကံကြောင်းခန္ဓာဖြစ်သည် ခန္ဓာဖြစ်လျှင်အသေ၌လမ်းဆုံးပါသည် ကံကိုအားကိုလျှင် ငြိမ်းအေးသောနိဗ္ဗာန်ကိုမရနိုင်ပါ။ ကံသည်ခန္ဓာကိုဖြစ်စေတတ်သောကြောင့်သမုဒယသစ္စာ ဆင်းရဲကြောင်းအမှန်ဖြစ်သည်။ သေရန်
အကြောင်းမှာ ကံသည်အားပေးအားမပါလာသည်၊ ကံပါလာလျှင်ထိုကံကြောင်း ဇာတိခေါ်သောခန္ဓာဖြစ်ရသည်။ ဤကံကိုအများသိ
သောနည်းဖြင့်ကြည့်လျှင် ဇာတိထဲ၌အကုသိုလ်ကံကြောင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဇာတိဖြစ်ရသည်၊ ကုသိုလ်ကံကြောင့် လူ
နတ်ဗြဟ္မာဇာတိဖြစ်ရသည်။ ဘယ်ဇာတိဘဲဖြစ်ဖြစ် ဇာတိဖြစ်လျှင်အသေမှာလမ်းဆုံးပါသည်၊ ကံသည်အသေကိုသာအားပေးသော
ကြောင့်ကံကိုအားကိုးရန်မထိုက်ပါ။ ငါ ငါ့ဟာလို့လည်းမယူသင့်ပါ၊ အကြောင်းက ကိုယ်အားကိုးသူကကိုယ့်ကိုသတ်နေသောကြောင်း
ဖြစ်သည်၊ ကံကိုအသူအားကိုးလေ အားကိုးသူကိုကံကသတ်ပါသည်။ ကံသည်သမုဒယသစ္စာဖြစ်ပြီး ဇာတိသည်ဒုက္ခသစ္စာဖြစ်သွားပါ
သည်၊ ဇာတိသည်ဒုက္ခသစ္စာကနေပြီးအိုနာသေကိုကျေးဇူးပြုသောအခါ ဇာတိသည်သမုဒယသစ္စာဖြစ်သည်။ ဇာတိသည် အမည်နှစ်
မျိုးရပါသည်၊ ကံ၏အကျိုးကိုခံယူသောအခါ ဇာတိသည်ဒုက္ခသစ္စာ၊ ဇာတိကနေပြီးအိုနာသေကိုကျေးဇူးပြုသောအခါ ဇာတိသည်သမုဒ
ယသစ္စာဖြစ်ပြီး အိုနာသေသည်ဒုက္ခသစ္စာဖြစ်သည်။ ခန္ဓာဖြစ်လျှင်သေရသည် ခန္ဓာသည်အကြောင်းသမုဒယ သေရခြင်းသည်အကျိုး
ဒုက္ခ၊ သမုဒယ ဒုက္ခ သမုဒယ ဒုက္ခ သံကွင်းဆက်သကဲသို့ဖြစ်ပြီးထွက်လမ်းမရှိပါ။ ကံသည်သမုဒယဆင်းရဲကြောင်းအမှန် ဇာတိဟု
ခေါ်သောခန္ဓာရရှိခြင်းသည်ဆင်းရဲအမှန် နောက်ဆုံးသေရပါသည်။ သေရခြင်း၏အကြောင်းမှာ ခန္ဓာသည်လည်းအရင်းကျကျနဲ့ပါပြီး
ထိုခန္ဓာသည်ကံကြောင်းဖြစ်လာရသောကြောင့် ကံသည်လည်းသေရခြင်း၌အားပေးအားမပါလာပါသည်၊ ထို့ကြောင့် ကံကိုလုပ်တော
လုပ်ရပါ၏ သို့သော်အားကိုးမနေရပါ။ တရားကိုမသိသူသည် ကံကိုအားကိုးပြီးနေပါသည်၊ ဘုရားဖြစ်လာသောအခါ ဘုရားသည်တ
ရားကိုအားကိုးခိုင်းပါသည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဘုရားနှင့်သံဃာကိုတောသိပါပြီ။ ဘုရား
သည် တရားကိုသိမြင်သဖြင့်ဘုရားဖြစ်သည်၊ သံဃာသည်လည်း တရားကိုသိသည်ဖြစ်၍သံဃာဖြစ်သည်၊ လိုရင်းသည် တရားထွက်
ပါသည်။ ထိုကြောင့် တရားကိုအားကိုးရပါမယ်၊ ကိုယ့်ကိုယ်ကိုအားကိုးပါ ကိုယ့်ကိုယ်ကိုအားကိုးပါပြောခြင်းသည် တရားကိုအားကိုး
ပါဟုပြောခြင်းဖြစ်ပါသည်။ တရားကိုအားကိုးရမယ့်နေရာမှာလည်း သူငါနားမရှင်းဖြစ်ပါလိမ့်မယ်၊ အလှူပေးခြင်း သီလဆောက်တည်
ခြင်း မေတ္တာပို့ခြင်း သိဒ္ဓိပေါက်ပြီးမြေချိုးမိုးပျံလပ်နေခြင်းတို့သည် တရားကိုအားကိုးနေသည်ဟုထင်မြင်တတ်ပါသည်။ တရားကိုအား
ကိုဆိုတဲ့နေရာမှာ အလှူသီလပုတီးမေတ္တာတို့ကိုထည့်ထားလျှင် ကိုယ်အထည့်သာဖြစ်သည်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ ဓမ္မံ ၊တရားကို။ သရဏံ၊ အားကိုးရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ဆိုရာ၌ ဓမ္မမှာအလှူသီလပုတီးမေတ္တာတို့ကိုထည့်ယူလျှင် ဘုရားပွင့် ခြင်းကိုစောင့်ရန်မလိုဖြစ်သွားပါသည်။ အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တိုသည်တရားတောတရားပါ သို့သော်အားကိုးရာတ ရားမဟုတ်ပါ၊အကြောင်းကခန္ဓာကိုထောက်ပံ့သောကြောင့်ဖြစ်ပါသည်။မသေအောင်မထောက်ပံ့သောကမ္မဘ၀ကိုအားကိုးလျှင်အသေ နှင့်တွေ့ကြုံရမှာဖြစ်သည်၊ ထို့ကြောင့် အလှူသီလပုတီးမေတ္တာဈာန်သမာပတ်တို့သည် အားကိုးရာတရားမဟုတ်ပါ။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တို့သည် အားကိုးရာတရားဖြစ်ပါသည်။ မဂ်လေးတန်၌ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိမဂ္ဂင်ရှစ်ပါးကြားဖူးကြပါလိမ့်မယ်။ ဤမဂ္ဂင်ရှစ်ပါးတရားသည်အားကိုးရာ တရားဖြစ်ပြီး မဂ္ဂင်ရှစ်ပါးလမ်းမှန်ကိုမကျသမျကာလပတ်လုံး အသေလမ်းကိုရောက်ရပါလိမ့်မယ်၊ ကံအလုပ်ကိုလုပ်တောလုပ်နေရ သည် အသေလမ်းကိုပေးသည့်အတွက်ကြောင့်အားကိုးရာမဟုတ်ပါ။ ထိုကံ၌ ကုသိုလ်ကံသည်လည်းအသေကိုကျေးဇူးပြု၍ အကု သိုလ်ကံသည်လည်း အသေကိုကျေးဇူးပြုသည်ဟုနားလည်ပါ။ ကံကြောင်းခန္ဓာဖြစ်သည် ခန္ဓာကြောင့်သေနေရလျှင် မကောင်းသော အကုသိုလ်ကံသည် အသေကိုကျေးဇူးပြုလျှင်လည်းပြုပါစေ ကောင်းသောဒါနကံ သီလကံ ပုတီးမေတ္တာဈာန်သမာပတ်ကံတိုသည့်  ကောင်းလျက်နဲ့ အဘယ်ကြောင့်အသေကိုကျေးဇူးပြုသနည်းရှာသောအခါ ဥပါဒါနပစ္စယာ ဘဝေါ အစွဲသည်အမှားမှားအယွင်းယွင်း စွဲခြင်းကြောင်းပါ။
အသေကိုကျေးဇူးပြုခြင်းသည် ယူဆပုံမှားသောကြောင်းဖြစ်သည်၊ အယူအဆလွဲလျှင်အစွဲအလမ်းမှားသည် အယူအဆအစွဲအ
လမ်းမှားလျှင် မိမိပြုသောကံသည်လည်းအသေကိုကျေးဇူးပြုပါသည်။ ဥပါဒါနဟောအယူအဆအစွဲအလမ်းသည်လေးပါးရှိသည်၊ ကာ
မုပါဒါန် ဒိဋ္ဌုပါဒါန် သိလပ္ပဒုပါဒါန် အတ္တ၀ါဒုပါဒါန်လေးပါးပါ။ ကာမုပါဒါန်၊ မြင်စရာကြားစရာနံစရာစားစရာလုပ်ကိုင်စရာစဉ်းစားစရာတို့
ကိုကာမခေါ်သည်၊ မျက်လုံးဖြင့်မြင်စရာဟူသမျှကိုကာမ၊နားဖြင့်ကြားစရာဟူသမျှကိုကာမ၊ နှခေါင်းဖြင့်နံစရာဟူသမျှကိုကာမ၊ ပါးစပ်
ဖြင့်စားစရာဟူသမျှကိုကာမ၊ ကိုယ်ဖြင့်ဝတ်စရာနေစရာလုပ်ကိုင်စရာဟူသမျှကိုကာမ၊ စိတ်ဖြင့်စဉ်းစားစရာဟူသမျှကိုကာမခေါ်သည်။
ဆိုခဲ့သောကာမတိုကိုစွဲလမ်းသောစိတ်ကို ဥပါဒါန်ခေါ်သည်၊ ပေါင်းလိုက်လျှင် ကာမုပါဒါန်ဖြစ်သည်။ မြင်စရာကိုမြင်ပြီး မမြင်ရလျှင်မ
နေနိုင်စွဲလမ်းသည်၊ ကြားစရာကိုကြားပြီး မကြားရလျှင်မနေနိုင် နံစရာကိုနမ်းပြီး မနမ်းရလျှင်မနေနိုင် စားစရာကိုစားပြီး မစားရလျှင်မ
နေနိုင် ၀တ်စရာနေစရာလုပ်ကိုင်စရာတို့ကို ၀တ်မိနေမိလုပ်ကိုင်မိပြီး မ၀တ်ရမနေရမလုပ်ကိုင်ရလျှင်မနေနိုင်ဖြစ်နေခြင်းတို့သည်အစွဲ
အလမ်းပါ။ ကြံစရာတွေးစရာကို မိမိတို့ကြံချင်သလိုကြံတွေးချင်သလိုတွေးကြသည် ထိုအကြံအတွေး၌ အကြံအမှားအတွေးအမှားတို့
ကိုစွဲလမ်းနေခြင်းသည်ကာမုပါဒါန်ပါ။ ကာမုပါဒါန်ကိုလောကအမြင်နှင့်ကြည့်လျှင် လောကမှာမြင်စရာမျိုးစုံကိုမြင်အောင်လုပ်ကြသည်၊
မြင်စရာအမျိုးစုံကိုမြင်သောအခါ ထိုမြင်စရာအမျိုးစုံကိုရရှိအောင်သည် စွဲလမ်းခြင်းဖြစ်သည်၊ ရရှိအောင်အတွက်အလုပ်လုပ်ရသည် အ
လုပ်သည်ကံပါ၊ ကံပေါ်လာပါပြီ ကံပေါ်လာလျှင်ဤကံသည် ဇာတိဆိုတဲ့ခန္ဓာကိုကျေးဇူးပြုပါသည်။ ဆိုလိုရင်းက စွဲလမ်းပြီးဆိုလျှင် အ
လုပ်ပေါ်လာရသည်၊ အလုပ်ပေါ်လာလျှင် အလုပ်ကိုလုပ်သောအကျိုးရရှိလာသည်၊ ထိုအလုပ်ကိုလုပ်သောအကျိုးကိုမပျက်ပါစေနှင့်
တားမရပါ၊ အကြောင်းက အကျိုးဖြစ်သောခန္ဓာရနေသောကြောင့်ဖြစ်သည်။ ရအောင်ဆိုတဲ့အစွဲသည်ဥပါဒါန် ရရှိအောင်အလုပ်လုပ်
ခြင်းသည်ကံဖြစ်သည်၊ အလုပ်ကိုလုပ်၍အကျိုးရရှိခြင်းသည် ဇာတိခန္ဓာငါးပါးဖြစ်သည်၊ အကျိုးခန္ဓာငါးပါးသည် အသေကိုကျေးဇူးပြု၏
မရဏပါ။အစွဲမှားမှုသည် သေရသည့်အကြောင်း၌အထောက်အပံ့ပါသည်၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ။ ဇရာမရဏအတွက် ဇာတိ ကမ္မဘ၀ ဥပါဒါန်သုံးဦးသတ်နေကြသည်။ ဒိဋ္ဌုပါဒါန်။ဒိဋ္ဌိ၊ အမြင်၊ ဥပါဒါန၊ စွဲလမ်းသည်၊ အမြင်
မှားအယူမှားကိုစွဲလမ်းခြင်းသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။ ဒိဋ္ဌုပါဒါန်ကိုမြတ်စွာဘုရားသည် ဆယ်ချက်ဟောထားပါသည်။
၁။ နတ္ထိ ဒိန္နံ၊ အလှူကြီးပေးသဖြင့်အကျိုးမရှိ။
၂။ နတ္ထိ ယိဋ္ဌံ၊ အလှူငယ်ပေးသဖြင့်အကျိုးမရှိ။
၃။ နတ္ထိ ဟုတ္တံ၊ ဧည့်သည်အာဂန္တုတို့အားပေးသဖြင့်အကျိုးမရှိ။
၎။ နတ္ထိ သုဂတ ဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော၊ ကောင်းသောအကျိုး မကောင်းသောအကျိုးမရှိ။
၅။ နတ္ထိ အယံလောကော၊ဤဘ၀ ဤလောကသည်မရှိ။
၆။ နတ္ထိ ပရလောကော၊ နောက်ဘ၀ နောက်လောကသည်မရှိ။
၇။ နတ္ထိ မာတာ၊ အမိ၌ပြုအပ်သောကောင်းကျိုးဆိုးပြစ်သည်မရှိ။
၈။ နတ္ထိ ပိတာ၊ အဖ၌ပြုအပ်သောကောင်းကျိုးဆိုးပြစ်သည်မရှိ။
၉။ နတ္ထိ သတ္တာ သြပပါတိကာ၊ ကိုယ်ထင်ရှားဖြစ်သောသတ္တ၀ါသည်မရှိ။
၁၀။ နတ္ထိ လောကေ သမဏဗြဟ္မဏာ၊ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စလောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပ
ဝေဒေန္တိ၊ လမ်းမှန်ကျင့်ပြီးလမ်းမှန်လျှောက်လျက် ဤလောကတမလွန်လောကကို အဘိဥာဉ်ဖြင့်မျက်မှောက်ပြုလျက်ပြောကြား
သောပုဂ္ဂိုလ်သည်မရှိ အမြင်စွဲလမ်းမှုဆယ်ချက်ဖြစ်သည်။
နတ္ထိ ဒိန္နံ နတ္ထိ ဒိန္ခနတ္ထိ ယိဋ္ဌံ၊အလှူကြီးဘဲပေးပေးအလှူငယ်ဘဲပေးပေးအကျိုးမရှိ၊စီးပွါးဥစ္စာသာကုန်သည်ဟုစိတ်၌ထင်မြင်နေသောအ
စွဲအလမ်းသည် အမြင်မှားသောစွဲလမ်းမှုဖြစ်သည်။ အမြင်မှားသောစွဲလမ်းမှုရှိလျှင် အလှူပေးသောကံကောင်းတောင်သူ့မှာပေါ်မလာ
နိုင်ပါ၊ အလှူမပေးဆိုတဲ့ ကံဆိုးပေါ်လာပါလိမ့်မယ်၊ ကံဆိုးပေါ်လာလျှင် မကောင်းသောခန္ဓာရလာပါလိမ့်မယ် ထိုခန္ဓာသည်လည်းအ
သေမှမလွတ်ပါ။ ဒိဋ္ဌုပါဒါန်၏အမြင်မှားစွဲလမ်းမှုဖြစ်လျှင်လည်း အသေကိုကျေးဇူးပြုပါသည်။ တချို့ ကောင်းကံ၏အကျိုးမကောင်းကံ၏
အကျိုးသည်လုံးဝအကျိုးပေးခြင်းမရှိဟုယူနေခြင်းသည် အယူမှားမှုဖြစ်သည်၊ထိုအသိမှားအမြင်မှားအယူမှားမှုသည်ဒိဋ္ဌုပါဒါန်ဖြစ်သည်။
နတ္ထိ မာတာ၊ နတ္ထိ ပိတာ၊ အမိအဖ၌ပြုအပ်သောကျေးဇူးမရှိယူခြင်းသည် ဣသရနိမာန ဖန်ဆင်းရှင်ဝါဒသမားတို့၌ လောကမှာသက်ရှိ
သက်မဲ့အရာအားလုံးကို ဘုရားဖန်ဆင်းသည်ဟုယုံကြည်သည်၊ အမိအဖကိုဘုရားဖန်ဆင်းသည် သားသမီးမြေးမြစ်တို့ကိုလည်း ဘု
ရားဖန်ဆင်းပေးသည့်အတွက် ကျေးဇုးရှိခြင်းအတူတူဘုရား၌သာကျေးဇူးရှိပြီး အမိအဖဆရာသမားမြေးမြစ်ဘိုးဘွားတို့၌ ကျေးဇူးမရှိ
ယူသောအယူသည်ဒိဋ္ဌုပါဒါန်ဖြစ်သည်။မှားသောအယူအစွဲအမြင်ဖြစ်လျှင် မှားသောအလုပ်မှားသောအပြောမှားသောအကြံအစည်များ
ဖြစ်ပေါ်လာပြီး အနာဂါတ်၌မှားသောခန္ဓာဖြစ်ရသည်၊ မှားသောအကုသိုလ်ကံသည်လည်း အသေကိုကျေးဇူးပြုပါသည်။ ကံကိုယုံကြ
ည်သောပုဂ္ဂိုလ်များသည်လည်း ကောင်းသောအကျိုးပေးခြင်းသည်မှန်၏ သို့သော်လည်း အသေကိုကျေးဇူးပြုပါသည်။ ယခုမိမိတို့ခန္ဓာ
ကြီးဖြစ်နေမှုသည် သေရန်အတွက်ဖြစ်နေခြင်းပါ၊ သေရန်အတွက်ကံကကျေးဇူးပြုနေသည်၊ ထိုကံကိုလွန်ခဲ့သောအတိတ်ဘ၀၌ ကံ
ကောင်းမှလူဖြစ်သည့်အစွဲဥပါဒါန်ကြောင့် လူဖြစ်အောင်ကုသိုလ်ကိုပြုလုပ်ခဲ့၍ ကုသိုလ်ကံကြောင့်ယခုလူဖြစ်လာပါသည်။ ကုသိုလ်ကံ
ကိုစွဲခဲ့သောဥပါဒါန်သည် ငြိမ်းအေးရာနိဗ္ဗာန်ကိုကျေးဇူးမပြုဘဲ အသေကိုသာကျေးဇူးပြုနေသည်၊ အသေကိုကျေးဇူးပြုသည်ဖြစ်၍ မိမိ
တို့ကုသိုလ်ကံကိုစွဲခဲ့သောဥပါဒါန်သည် မှားသောလမ်းဖြစ်သည်။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရ
ဏံ အကောင်းကိုစွဲလျှင်လည်းအသေကိုကျေးဇူးပြုသည် မကောင်းကိုစွဲလျှင်လည်းအသေကိုကျေးဇူးပြုပါသည်။ အစွဲဟူသမျှမကောင်း
ဟုနားလည်ရပါမယ်။ သီလပ္ပဒုပါဒါန်၌ အကျင့်ကိုစွဲလျှင်အကျင့်ဆိုးသွားသည်၊ လောက၌ တောထဲတောင်ထဲသွားပြီးမစားမသောက်
ဘဲကျင့်ကြံမှုများရှိကြပါသည်၊ မကောင်းမဟုတ်ပါကောင်းပါသည် အမှန်သိမှုမပါဘဲအစွဲအားသန်လျှင် အသေကိုကျေးဇူးပြုပါသည်။ ထို
အစွဲသည်တဏှာကြောင့်ဖြစ်သည်ကို နောက်လာမယ့်အချိန်၌ပြောပါမယ်၊ ယခုအချိန်စေ့၍တရားထိုင်ကြရအောင်။