စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌ ၂၀၁၃ခု မေလ
(၃)ရက်နေ့ နံနက်ပိုင်းအချိန်ဟောကြားသော
သတ္တ၀ါများသေရခြင်းအကြောင်း
အပိုင်း (၁)မြတ်စွာဘုရားကိုသိမြင်ခြင်းသည် ကိုယ့်လိုသူ့လိုဆရာတစ်ယောက်ယောက်ထံ၌မူလတန်းပညာအလယ်တန်းပညာအထက်တန်း
ပညာတက်ကသိုလ်ပညာအသီးသီးကိုသင်ယူပြီး ဘွဲဒီဂရီရလားသည့်ပုံစံမျိုးမဟုတ်ပါ။ ကိုယ့်လိုသူ့လိုပုဂ္ဂိုလ်များပညာသင်လျှင်သင်ပေး
ရန်ဆရာတစ်ယောက်ရှိပြီး ထိုဆရာထံမှသင်ယူခြင်းကို တဆင့်သင်ယူသည်ဟုခေါ်သည်။ မြတ်စွာဘုရားမှာမိမိသိမြင်သောတရားကို
သင်ပေးသူဆရာမရှိပါ၊ သူ့ဟာသူတရားရှာပြီး မိမိကိုယ်တော်တိုင်တရားကိုဆရာမရှိဘဲသိမြင်ခြင်းဖြစ်သည်။ ထိုကြောင့် ဘုရား၏
၏ဂုဏ်တော်၌ သမ္မာသမ္ဗုဒ္ဓတစ်ပုဒ်ပါသည်၊ သမ္မာသမ္ဗုဒ္ဓပုဒ်မှာ သမ္မာတစ်ပုဒ် သံတစ်ပုဒ် ဗုဒ္ဓတစ်ပုဒ်ဖြစ်သည်၊သုံးပုဒ်ကိုစကားတစ်လုံး
ဖြင့်သမ္မာသမ္ဗုဒ္ဓလို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ သမ္မာ၊ ကောင်းစွာ။ သံ၊ ကိုယ်တော်တိုင်။ ဗုဒ္ဓ၊ သိသူ။ အဓိပ္ပါယ်က မှန်စွာကိုယ်တော်
တိုင်သိသူ။ အမှန်ကိုသိသည်၏အဓိပ္ပါယ်က အကောင်းအဆိုးသိခြင်းကိုပြောလိုခြင်းမဟုတ်ပါ၊ အမှန်သိခြင်းကိုပြောခြင်းဖြစ်သည်။ဘု
ရားမဖြစ်မီအလောင်းတော်ဘ၀တို့၌ ဤကကောင်းသည်ဤကမကောင်းစသည်ဖြင့်အကောင်းအဆိုးကိုသာသိပြီးလာခဲ့၏၊ သူကိုယ်
တိုင်တရားရှာလို့သိလာသောအခါ၌ အမှန်ကိုမသင်ဘဲကိုယ်တိုင်သိသွားသည်။ အလောင်းးတော်ဘ၀ဖြစ်တုံးက ဤခန္ဓာကိုယ်ကို ငါ
သူပုဂ္ဂိုလ်သတ္တ၀ါလူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်မြင်ခဲ့သည်၊ ဘုရားဖြစ်ရန်တရားရှာသောအခါ ငါသူပုဂ္ဂိုလ်သတ္တ၀ါဆို
ခြင်းသည်အခေါ်သာဖြစ်၏၊ အမှန်အရှိကသက်သက်ဒုက္ခသာရှိနေသည်ဟုမြင်သည်။ ထိုကိုပြောလိုသောကြောင်း ဧ၀မေတသ ကေ
ဝလသ ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိ စသည်ဖြင့်ပါဠိတော်၌ဟောထားသည်။ ဧ၀ံသည်အဓွန့်စကားဖြစ်သည်၊ ဧ၀ံ၊ ဤသို့ငါပြော
ပြဟောပြသည့်အတိုင်း။ ကေ၀လသ၊ သက်သက်။ သက်သက်ဆိုသောစကားသည် မင်းတို့ငါတို့သိနေသောလူဆိုတဲ့အသိမှာ လူလို့
သိနေတဲ့အသိခံခန္ဓာသည်လူမဟုတ် သက်သက်ဒုက္ခပါ။ နတ်လို့သိနေတဲ့အသိမှာ နတ်လို့သိနေတဲ့အသိခံခန္ဓာသည်နတ်မဟုတ် သက်သက်ဒုက္ခပါ၊ ဗြဟ္မာလို့သိနေသည် သို့သော် အသိခံခန္ဓာသည်ဗြဟ္မာမဟုတ် သက်သက်ဒုက္ခပါ၊ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်
လို့သိနေသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိနေသောအသိခံခန္ဓာသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်မဟုတ် သက်သက်
ဒုက္ခပါ။ ကေ၀လသ၏သက်သက်ကို အဓိပ္ပါယ်ဖွင့်ပြီးထပ်ရှင်းပြသောအခါ ဒုက္ခက္ခန္ဓသ ဒုက္ခအစုကြီးသာဖြစ်သည်။ ဒုက္ခကိုသိမြင်၍
ဘုရားစြေ်သည်၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိတုံးကဘုရားမဖြစ်၊ ထိုအသိမျိုးကတရားကိုသိမြင်ခြင်းမဟုတ်ပါ အများသိနေ
ကြသည့်အတိုင်းသိသောအသိမျိုးသာဖြစ်သည်။ တရားကိုသိခြင်းသည် သက်သက်ဒုက္ခလို့သိမြင်နေခြင်းဖြစ်သည်၊ ထိုသိမြင်ခြင်းကို
ဘုရားဖြစ်တယ်လို့ခေါ်သည်။ ထို့ကြောင့် ဓမ္မစက္ကပ၀တ္တနသုတ်၌ ပုဗ္ဗေ အနနုသုတေသု ဓမ္မေသု ဟုဟောထားသည်။ ပုဗ္ဗေ၊ ဘုရားမ
ဖြစ်မီရှေ့အခါက။ အနနုသုတေသု ၊တစ်စုံတယောက်သောသူကမှလည်းကြားပင်မကြားဖူသော။ ဓမ္မေသု၊ တရားတို့၌။ ရှေ့ကတစ်စုံ
တစ်ယောက်ကသော်မှ ငါ့ကိုပြောပြသင်ပြဖို့လူမရှိသောကြောင့်ကြားပင်မကြားဖူးခဲ့၊ ထိုမကြားဖူးသောတရားတို့၌။ စက္ခုံ ဥဒပါဒိ၊ အ
သိပညာဉာဏ်သည်ထင်ထင်ရှားရှားဖြစ်ခဲ့ပြီ။ ဉာဏ်ကိုရသွားသည်လို့ဆိုလိုသည်၊ ဉာဏ်ကိုရသွားသည့်ဆိုစကားက သက်သက်ဒုက္ခ
လို့သိခြင်းပင်ဖြစ်သည်။ ယခုလက်ရှိခန္ဓာ၌ သောက ပရိဒေ၀ ဒုက္ခ ဒေါမနသ ဥပါယသ ဤအကျိုးအခြင်အရာငါးပါးပေါ်နေသည်လို့ဘု
ရားကဟောထားသည်။ သောက၊ စိုးရိမ်ခြင်း။ စိုးရိမ်မှုသည်ခန္ဓာတိုင်း၌ရှိသည်၊ ခန္ဓာဖြစ်တဲ့သတ္တ၀ါတိုင်းကိုကြည့်လျှင် အကြောင်း
တိုက်ဆိုင်လာတိုင်းစိုးရိမ်မှုပေါ်နေကြသည်၊ ထိုစိုးရိမ်မှုပေါ်ခြင်းသည် သက်သက်ဒုက္ခပေါ်နေခြင်းပါ။ ပရိဒေ၀၊ ငိုကြွေးခြင်း။ စိုးရိမ်မှု
များလာလျှင် ၀မ်းနည်းမျက်ရည်ကျလာ၏၊ မိမိကိုယ်ကိုကြည့်လျှင်သိနိုင်ပါသည် မဟုတ်လို့ငြင်းလို့မရပါ။ ထိုအခြင်းအရာသည် ဗုဒ္ဓဘာ
သာလူမျိုးတစ်မျိုးသာစိုးရိမ်ငိုကြွေးမျက်ရည်ကျသည်မဟုတ်ပါ လူမျိုးတိုင်းဘာသာတိုင်းအားလုံး ငိုကြွေးခြင်းမျက်ရည်ကျခြင်းကိုပရိဒေဝ
ဟုခေါ်သည်။ ငိုခြင်းမျက်ရည်ကျခြင်းသည် ခန္ဓာတိုင်းမှာရှိသည်၊ အရှေ့ဘက်ကိုကြည့် ရှိ၏၊ တောင်ဘက်အနောက်ဘက်မြောက်ဘ
က်ကြည့်ပါ ပရိဒေ၀သည်ရှိနေကြပါသည်။ ဒုက္ခ၊ ကိုယ်ဆင်းရဲခြင်း။ ကိုယ်ဆင်းရဲခြင်းသည်လည်း ဗုဒ္ဓဘာသာလူမျိုးတစ်မျိုးတည်းမှာ
သာရှိသည်မဟုတ်ပါ၊ စားစရာသောက်စရာနေစရာဝတ်စရာမရှိလို့ တောင်းဘက်ကနေမြောက်ဘက်ကို အရှေ့ဘက်ကနေအနောက်
ဘက်ကိုပြေးလျက် လူမျိုးတိုင်းဘာသာတိုင်းခန္ဓာရသူတိုင်း ကိုယ်၏ဆင်းရဲခြင်းဖြစ်နေကြရ၏။ မြို့ထဲ၌နေသောသူ တောထဲ၌နေသော
သူ အာရှဥရောပအာဖရိက၌နေသောသူများလည်း ပြေးလွှားသွားလာနေကြရသည်၊ ထိုအခြင်းအရာသည် ကိုယ်ဆင်းရဲနေခြင်းဖြစ်ပါ
သည်။ စေစေစပ်စပ်ကြည့်လျှင် တစ်ခုမှလည်းချမ်းသာခြင်းမရှိကိုသိနိုင်ပါသည်။ ဒေါမနသ၊ စိတ်ဆင်းရဲခြင်း။ ကိုယဆင်းရဲနေရုံမဟုတ်
သေ့ စိတ်လည်းဆင်းရဲရ၏။ စားဝတ်နေရေးအတွက်ပြေးလွှားသွားလာနေသောသူတို့၏၀မ်ထဲ၌အပူပါနေသည်၊ ထိုအပူသည်ပင်စိတ်
ဆင်းရဲခြင်းဖြစ်ပါသည်။ ဥပါယာသ၊ မစားနိုင်မသောက်နိုင်တမှိုင်မှိုင်ဖြစ်နေခြင်းသည် ဥပါယာသဖြစ်သည်။ တစ်စုံတစ်ခုကြောင်းဖြစ်
စေ မီးရေလေကြောငိ့ဖြစ်စေ သဘာဝဘေးဆိုးကြီးကျရောက်ခြင်းကြောင့် စားစရာနေစရာဝတ်စရာမရှိလို့တမှိုင်မှိုင်ဖြစ်နေခြင်းသည်
ဥပါယာသဖြစ်သည်။ စိုးရိမ်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်း ဤအကျိုးဆက်ငါးပါးသည် ဘုရားဟော
ခြင်းကြောင့်ဖြစ်နေသည်မဟုတ်ပါ၊ ဘုရားစောသည်ဖြစ်စေမဟောသည်ဖြစ်စေ ခန္ဓာရသူတိုင်းဖြစ်ကြရပါသည်။ မြတ်စွာဘုရားသည်
ထိုတရားကိုသိမြင်ခြင်းကြောင့်ဘုရားဖြစ်ပါသည်။ စိုးရိမ်ခြင်းငိုကြွေးခြင်းစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်းသည် တ
ရားနာနေကြသောဗုဒ္ဓဘာသာလူမျိုးတစ်မျိုး၌သာရှိသည်မဟုတ်ပါ၊ ကုလားလူမျိုးဟိန္ဒီလူမျိုးတို့၌လည်းရှိသည်၊ ကုလားရခိုင်ဟိန္ဒီလို့အ
ခေါ်အမည်သာကွဲသည် ခံစားပုံသဘောချင်းတူကြပါသည်၊ အမည်ကိုလိုက်ပြီးအဟုတ်ကြီးမြင်မနေရပါ။ ပင်ရင်းရှိသောတရားသည်
ဆင်းရဲတရားသာရှိသည်၊ ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိလို့ဟောထားပါသည်။ ကဲ့ ဤဆင်းရဲသည် မည်သည့်အကြောင်းကြောင့်
ဖြစ်လေလို့မေးလျှင် မဖြေနိုင်ဖြစ်ကြပါလိမ့်မည်၊ ကံသမားက ကံမကောင်းလို့ဖြစ်သည်ဖြေလိမ့်မယ်၊ တချို့က အလာကပေးလို့ဖြစ်
သည် တချို့ကဘုရားသခင်ဖန်ဆင်းလို့ ဘုရားသခင်မကြည့်ရှုမစောင့်ရှောက်လို့ဖြသည်။ ဆိုလိုရင်းက ဘုရားသခင်ပေးသည်ကံမ
သည်ယူခြင်းသည် လမ်းကြောင်းလွဲနေခြင်းဖြစ်သည်၊ ဒုက္ခ၏ဇာတ်မြစ်မှန်ကိုမသိသောကြောင်း လမ်းလွဲခြင်းဖြစ်သည်။ ဤဒုက္ခဖြစ်
ခြင်းသည် ကံကြောင်းလည်းမဟုတ် ဖန်ဆင်းရှင်ဘုရားသခင်ကြောင်းလည်းမဟုတ် နတ်ကြောင်းလည်းမဟုတ် ဗြဟ္မာကြောင်းလည်း
မဟုတ်ပါ၊ ခန္ဓာရှိလို့ဤဒုက္ခဖြစ်ရသည်။ ဤခန္ဓာမရှိလျှင် စိုးရိမ်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတမှိုင်မှိုင်ဖြစ်ခြင်းတို့
သည်မရှိနိုင်ပါ ခန္ဓာရှိလို့သာဖြစ်ခြင်းဖြစ်သည်။ တခါတလေ၀မ်းနည်းဝမ်းသာဖြစ်ခြင်းလည်းရှိသည်၊ သားသမီးဆွေမျိုးအသိုင်းအ၀ိုင်း
နှင့်တွေ့ဆုံရခြင်းကြောင့် ၀မ်းသာဖြစ်ရခြင်းလည်းရှိသည်၊ တခါတလေအစီးအပွါးအဆင်မပြေမှုကြောင့် ၀မ်းနည်းခြင်းဖြစ်ရသည်၊ ထို့
အတူ ငိုကြွေးခြင်းမငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းကိုယ်ချမ်းသာခြင်း စိတ်ဆင်းရဲခြင်းစိတ်ချမ်းသာခြင်း တမှိုင်မှိုင်ဖြစ်ခြင်းတမှိုင်မှိုင်မ
ဖြစ်ခြင်း ဤကဲသို့နှစ်မျိုးစီရှိသည်။ ထိုအနေအထားမျိုးကို မမြဲသောအကျိုးခေါ်ပါသည်၊ ထိုအခြင်းအရာသည်လည်းဒုက္ခပါ။ ခန္ဓာ၏အ
ကျိုးမမြဲပုံသဘာဝကို ဉာဏ်နှင့်ကြည့်လျှင်သိနိုင်မြင်နိုင်၏၊ အကျိုးငါးခုသည်ခန္ဓာကြောင့်ဖြစ်ရပါသည်။
မုချအကျိုးနှစ်ပါး
ခန္ဓာကြောင့်ဖြစ်သောနောက်မုချအကျိုးနှစ်ခုရှိသည်၊ တရွေ့ရွေ့ကြီးပြင်းရင့်လာသောဇရာတရားနှင့် တရွေ့ရွေ့ကြီးပြင်းယင်းနှင့်သေ
ရသောမရဏတရားပါ။ ဤဇရာနှင့်မရဏတရားနှစ်ပါးသည် အမြဲတန်းမုချအားဖြင်းရှိနေသည်၊ ဇရာနှင့်မရဏသည်လည်း ခန္ဓာရခြင်း
ကြောင်းဖြစ်ရပါသည်။ အမိဝမ်းထဲ၌ခန္ဓာစဖြစ်လာသောသူကို တစ်ရက် တစ်လ ဆယ်လစသည်ဖြင့်ရေတွက်ကြီးရင့်လာခြင်းသည် ဇ
ရာပါ။ မိခင်ဝမ်းထဲပဋိသန္ဓေကိုရေတွက်နေသောကြားကာလ၌ ပဋိသန္ဓေသည်ပျက်စီးသွား၏ ထိုပျက်စီးခြင်းသည်မရဏပါ။ထို့ကြောင့်
ခန္ဓာဖြစ်လျှင်ကြီးရင့်သည်ဆိုသောဇရာဒုက္ခနှင့် သေသည်ဆိုသောမရဏဒုက္ခနှစ်ခုတို့သည် မုချအားဖြင့်ဖြစ်ကြရပါသည်၊ မည်သူမှ
လွတ်ရိုးထုံးစဉ်မရှိပါ ခန္ဓာကြောင့်ဖြစ်သောမုချဒုက္ခဖြစ်သည်။ မိခင်ဝမ်းထဲ၌မသေခဲဘဲ ကိုးလလွယ်ဆယ်လဖွားပြီးအပြင်ကိုရောက်
လာခြင်းသည်ဇရာပါ။ ထိုမှတစ်နှစ်ဆယ်နှစ်စသည်ဖြင့် ရေတွက်ကြီးရင့်လာခြင်းသည်ဇရာပါ။ ထိုဇရာသည် ဆံဖြူ သွားကျိုးခါးကိုင်း
နားထိုင်းအထီးဖြစ်ပြီး ရောဂါမျိုးစုံဖြစ်လျက်မစားနိုင်မသောက်နိုင်ဆိုတဲ့ဒုက္ခတစ်ခုရှိသေ့သည် ထိုဒုက္ခသည်ဗျာဓိဒုက္ခပါ။ ဤဗျာဓိဒုက္ခ
သည် ကံမကောင်းအကြောင်းမလှ၍ဖြစ်ရခြင်းမဟုတ်ပါ၊ ခန္ဓာရှိလို့ဗျာဓိဒုက္ခဖြစ်ရသည် ခန္ဓာမရှိလျှင်နာခြင်းဆိုတဲ့ဗျာဓိဒုက္ခမဖြစ်ပါ။ ထို့
ကြောင့်မြတ်စွာဘုရားက ငါသည်ဘုရားမဖြစ်မီလေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ဆဲကာလမှာ ကံမကောင်းလို့ဖြစ်သည်
ကံမကောင်းလို့ဖြစ်သည်ဤကဲသို့မြင်ခဲ့သည်၊ ယခုအခါ ခန္ဓာရှိလို့ဖြစ်တဲ့ဒုက္ခများကိုသိမြင်သောကြောင့် ငါသည်ဘုရားဖြစ်သည်။ ထို
တရားကိုငါတစ်ယောက်တည်းသာ အစဦးဆုံးမြင်သိပြီးဖြစ်၏။ မြတ်စွာဘရားကိုယ်တော်တိုင်သိမြင်ခဲ့သောတရားကို ပြန်လည်ဟော
ပြောသောအခါ နားရှိဉာဏ်ရှိသူနားထောင်စဉ်းစားဆင်ခြင်ကြည့်လျှင်မငြင်းနိုင်ပါ။ ခန္ဓာသည်ကြီးပြီးရင့်နေသည်ဇရာဒုက္ခ၊ ကြိးရင့်ပြီး
မစားနိုင်မသောက်နိုင်မသွားနိုင်မလာနိုင်ဖြစ်သည်ဗျာဓိဒုက္ခ၊ ထို့နောက်သေရသည်မရဏဒုက္ခ ဤအကျိုးတို့သည်ကံမကောင်းလို့မဟု
တ်ပါ ခန္ဓာကပေးသောဒုက္ခများဖြစ်သည်။ ခန္ဓာကပေးသောဒုက္ခသည် ခန္ဓာရရှိခြင်းထို့နောက်ကြီးရင့်ရခြင်း နောက်ဆုံးသေဆုံးရခြင်း
ဖြစ်သည်။ ထို့ကြောင့်မြတ်စွာဘုရားက ဇာတိပစ္စယာ ဇရာမရဏံလို့ဟောထားပါသည်။ အိုဒုက္ခနာဒုက္ခသေဒုက္ခများကို ခန္ဓာတိုင်းကို
ကြည့်ပါ ခန္ဓာရသူတိုင်းအိုနာသေဒုက္ခမှမလွတ်ပါ။ ၀မ်းနည်းဝမ်းသာ မျက်ရည်ကျမျက်ရည်မကျ ကိုယ်ဆင်းရဲကိုယ်မဆင်းရဲ စိတ်ဆင်းရဲ
စိတ်မဆင်းရဲ တမှိုင်မှိုင်ဖြစ်တမှိုင်မှိုင်မဖြစ်နှစ်မျိုးစီရှိသည်၊ သူတို့ကမမြဲသောအကျိုးဖြစ်သည် မြဲသောအကျိုးဖြစ်သော အိုမှုနာမှုသေမှု
သည် နှစ်မျိုးမရှိတစ်မျိုးတည်းသာရှိသည်။ ဤဒုက္ခတို့သည် ခန္ဓာရှိနေခြင်းကြောင်းဖြစ်သည်။ ခန္ဓာကအကြောင်း အိုနာသေကအကျိုး၊
သောက ပရိဒေ၀စသည်လည်းအကျိုးပါ။ ခန္ဓာကြောင့်ဖြစ်သောအကျိုးနှစ်မျိုးကွဲသွား၏၊ ထိုအကျိုးနှစ်မျိုးတို့တွင် အိုနာသေကမုချအကျိုး
မြဲသောအကျိုး ခန္ဓာရသူတိုင်းမလွတ်ပါ။ ၀မ်းနည်းဝမ်းသာ မျက်ရည်ကျမျက်ရည်မကျ ကိုယ်ဆင်းရဲကိုယ်မဆင်းရဲ စိတ်ဆင်းရဲစိတ်မ
ဆင်းရဲ တမှိုင်မှိုင်ဖြစ်တမှိုင်မှိုင်မဖြစ်ဤနှစ်မျိုးစီတို့၌ ဖြစ်သူလည်းရှိသည်မဖြစ်သူလည်းရှိသည်။ ဤနှစ်မျိုးစီသောအခြင်းအရာများ
သည် ခန္ဓာ၏အကျိုးဆက်ဖြစ်သည်။ အိုနာသေကမုချအကျိုး စိုးရိမ်ခြင်းငိုကြွေးခြင်းစသည်ကမမြဲသောအကျိုးဖြစ်သည်၊ မုချအကျိုးဖြစ်
သောအိုနာသေကို မည်သူမှမလွတ်နိုင်ပါ။ ခန္ဓာကြောင်းဖြစ်သောမြဲသောအကျိုးနှင့် ခန္ဓာကြောင်းဖြစ်သောမမြဲသောအကျိုးတို့သည်
မိမိတို့ခန္ဓာမှာရှိနေပါသည်။
ပဋိစ္စသမုပ္ပါဒနှင့်ပဋိစ္စသမုပ္ပန္န
မိမိတို့ခန္ဓာကအကြောင်းပဋိစ္စသမုပ္ပါဒ၊ ခန္ဓာကြောင်းဖြစ်သောအိုနာသေနှင့်စိုးရိမ်ခြင်းစသည်တို့က အကျိုးတရားပဋိစ္စသမုပ္ပန္နဖြစ်
သည်။ ပဋိစ္စသမုပ္ပါဒ်သည်စာမဟုတ်ပါ ခန္ဓာကိုပြောခြင်းဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ်ကိုသိသည်တရားကိုသိသည်ဟုဆိုခြင်းသည် ဤခန္ဓာ
ကိုသိခြင်းဖြစ်သည်၊ ဘုရားဟောပြီးနောက်မှ ဘုရားစကားကိုစာနျင့်မှတ်တမ်းရေးထားသည့်အတွက်နဲ့စာလို့ခေါ်ခြင်းဖြစ်သည်၊ နဂိုမူ
လက ခန္ဓာပါ။ ထိုခန္ဓာသည်ဒုက္ခပါ၊ ခန္ဓာကြောင်းဒုက္ခနှစ်မျိုးသာရှိသည်၊ ခန္ဓာရှိလို့ဒုက္ခဖြစ်ကြရပါသည်။ နိမိတ်ကြီးလေးပါးကိုလူတိုင်း
ကြားဖူးကြပါလိမ့်မယ် လူအိုလူနာလူသေရဟန်လေးပါး၊ အလောင်းတော်သည် လူအိုတွေ့စဉ်၌တောမထွက်နိုင်သေ့ အိုမှုမှလွတ်
မြောက်ရန်ကိုစိတ်ထဲ၌သရှိခဲ့သည်၊ နာသူတွေ့စဉ် နောက်သေသူတွေ့စဉ်၌လည်းတောမထွက်နိုင်သေ့ပါ၊ အိုယင်းနာယင်းနဲ့သေနေ
ကြသည် တစ်ယောက်မှမလွတ်ကြောက်စရာကောင်း၏ ဤအိုနာသေမှမည်သည့်နည်းလမ်းဖြင့်လွတ်မည်နည်းဟု အလောင်းတော်
ကြီး၏စိတ်ထဲ၌ရှာခဲ့သည်။ ရှာယင်းနဲ့ဥယျာဉ်သို့ထွက်သောအခါ ရဟန်းကိုတွေ့လေသည်။ အလောင်းတော်ကြီးသည် ရဟန်းကိုရ
ဟန်းဟုမသိပါ၊ မောင်စံ ဤလူတစ်ယောက်သည် ခေါင်း၌လည်းဆံပင်မရှိဘဲ ခန္ဓာ၌၀တ်ထားသောအ၀တ်သည်လည်းင့ါတို့နှင့်မတူ
ဘယ်လိုလူလည်းဟုအလောင်းတော်ကြီးသည် မြင်းထိမ်းသည်မောင်စံအားမေးလေသည်။ မောင်းစံသည်လည်းရဟန်းလို့မသိပါ၊ သု
ဒ္ဓ၀ါသဗြဟ္မာကအလောင်းတော်ကြီးသိအောင် မောင်စံခန္ဓာ၌ပူးဝင်ပြီးရဟန်းအကြောင်းကိုပြောပြသည်။ အရှင်သား ဤပုဂ္ဂိုလ်သည်ရ
ဟန်းဖြစ်ပါသည်၊ အိုဒုက္ခမှလွတ်အောင် နာဒုက္ခမှလွတ်အောင် သေဒုက္ခမှလွတ်အောင်တရားကျင့်သူကိုရဟန်းခေါ်ပါသည်ဟုမောင်စံ
ပြောသောအခါ၌ အလောင်းတော်ကြီးသည် ငါသည်ဤလမ်းကိုစိတ်ထဲ၌ရှာနေ၏ ယခုသည်အဆင်ပြေပြီကြံလျက် ရဟန်းကြီးကို
ကိုယ်တိုင်မေးရန် စီးလာသောရထားကိုရဟန်အနားသို့မောင်းခိုင်းလေသည်။ ရဟန်းအနားသို့ရောက်သောအခါ အလောင်းတော်ကြီး
က လူသားအသင်သည်ငါတို့နှင့်မတူ ဘယ်လိုလူမျိုးလည်းဟုမေးလိုက်သည်၊ ရဟန်းသည်းလည်း သုဒ္ဓ၀ါသဗြဟ္မာမှဖန်ဆင်းထား
သောကြောင့် မင်းသားငါသည်ရဟန်းဖြစ်သည်၊ အိုဒုက္ခနာဒုက္ခသေဒုက္ခမှလွတ်အောင် တရားကျင့်နေသူကိုရဟန်းဟုခေါ်သည်။ အ
လောင်းတော်ကြီး၏စိတ်၌ ယနေ့သည်မင်္ဂလာရှိသည် ယနေ့ပင်တောထွက်မည်ဟုဆုံးဖြတ်ချက်ချလိုက်လေသည်။ အလောင်းတော်
ကြီးသည် ထိုနေ့သန်းခေါင်ယံ၌တောထွက်ပြီးတရားလုပ်သည် တရားလုပ်လို့ဘုရားဖြစ်သည်။ ဘုရားဖြစ်သောအခါ အိုနာသေဒုက္ခမှ
လွတ်သောလမ်းကိုသိမြင်သွားသည်။သိမြင်ပုံက အိုမှုနာမှုသေမှုကအမှန်အကျိုးဒုက္ခ စာစကားနှင်ပြောလျှင်ပဋိစ္စသမုပ္ပန္နအကျိုးတရား
ခန္ဓာကပဋိစ္စသမုပ္ပါဒ အကြောင်းတရား။ ခန္ဓာကိုအကြောင်းပြု၍ အိုမှုနာမှုသေမှုဖြစ်ရသည်၊ ကံမကောင်းအကြောင်းမလှသောကြောင့်
အိုနာသေဖြစ်ရသည်မဟုတ် ခန္ဓာကြောင်းဖြစ်ရသည်။ အလောင်းတော်ကြီးသည် ဥယျာဉ်ကစားပွဲထွက်သည့်လောက်ကပင် ဤဇရာ
မရဏ အိုနာသေဒုက္ခဖြစ်သောအကြောင်းကိုရှာခဲံ့ပြီ မသိခဲပါ။ တရားကျင့်လျှင်အိုနာသေဒုက္ခမှလွတ်သည်လို့ ရဟန်းထံမှကြားသော
နေ့ပင်တောထွက်ပြီးတရားလုပ်လျက် ဤအိုနာသေဒုက္ခသည်အဘယ်ကြောင်းဖြစ်လည်း ဤအိုနာသေဒုက္ခသည်အဘယ်ကြောင်း
ဖြစ်လည်း စိတ်ထဲမှာထည့်ပြီးတရားအားထုပ်သောကြောင့် မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့်ကျော်တစ်ရက် ဗုဒ္ဓဟူးနေ့သို့
အာရုံတက်သည်နှင့်တပြိုင်နက် ခန္ဓာရှိလို့အိုနာသေဖြစ်သည်ကိုသိမြင်လေသည်။ စာစကားဖြင့်ဇာတိပစ္စယာ ဇရာမရဏံ၊ သံသရာ
တစ်လျှာက်လုံးကံမကောင်းလို့အိုနာသေဖြစ်သည် ကံမကောင်းလို့အိုနာသေဖြစ်သည့်အမှားကို အမှန်သိသောအချိန်၌စွန့်ပယ်လိုက်
သည်၊ အမှားကိုစွန့်ပယ်ရခြင်း၏အကြောင်းက အမှန်ကိုသိမြင်လို့ဖြစ်သည်။ ကံမကောင်းလို့အိုနာသေဖြစ်သည်ယူခြင်းသည်အမှား
ဖြစ်၍ ခန္ဓာရရှိလိုအိုနာသေဖြစ်သည်ယူခြင်းသည်အမှန်ဖြစ်သည်။ အမှန်ကိုသိသောဉာဏ်ရသည်နှင့် အမှားကိုစွန်ပစ်လိုက်၏။ အမှန်
ကိုသိသောဉာဏ်က မဂ်ဉာဏ်၊ အမှားကိုစွန့်ပစ်သည်က သမုဒယသစ္စာကိုစွန့်ပစ်ခြင်းဖြစ်သည်။
လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့ခေါ်နေကြသည် အမှန်ကလူမဟုတ်နတ်မဟုတ်ဗြဟ္မာမဟုတ် ငရဲတိရစ္ဆာန်ပြိတ္တာ
အသုရကာယ်လည်းမဟုတ် သက်သက်ဒုက္ခသာသိနေသည်၊ ထိုအခါစိတ်ထဲ၌ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါအသိဖြစ်သော အမှားသိ
သည်ပျောက်သွား၏။ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါအသိကိုအမှန်သိထင်နေကြသည် အမှန်သိမဟုတ်ပါအမှားသိသာဖြစ်သည်။ ထိုလူ
နတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါထင်နေသောအမှားသိကို လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ် အိုနာသေသက်သက်ဒုက္ခလို့အမှန်အသိဖြင့်အ
စားထည့်ပါ။ အိုနာသေသည် ချမ်းသာလားဆင်းရဲလားစဉ်စားဆင်ခြင်ကြည့်ပါ ဆင်းရဲဖြစ်ပါသည် ဆင်းရဲအမှန်သိရပါမည်။ ဆင်းရဲဖြစ်
သည်ကိုအမှန်မသိဘဲ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါထင်ပြီးအသိအမှားနှင့်သိနေကြသောကြောင့် သံသရာ၌ကျင်လည်သောလမ်းမှမ
ထွက်နိုင်ပါ။ ယခုအမှန်ကိုသိသောအခါ၌ လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါတို့သည်အခေါ်သာဖြစ်သည်၊သက်သက်ဒုက္ခသာရှိ၏ဟုသိသွား
သည်။ လူနတ်ဗြဟ္မာခေါ်နေခြင်းကအခေါ်အမှန်ဖြစ်ပြီး လူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ် သက်သက်ဒုက္ခသာလို့စိတ်ထဲ၌သိနေခြင်း
က အသိအမှန်ဖြစ်သည်။ ခေါ်ဗုံတစ်မျိုးသိဗုံတစ်မျိုးနားလည်ရပါလိမ့်မည်၊ ခေါ်သောအခါ၌ခေါ်ချင်သလိုခေါ်ခေါ် ခေါ်လို့ရပါသည်၊ သို့
သော် သိသည့်အခါခေါ်သည့်အတိုင်းမသိရပါ အမှန်သိရပါမည်။ ငါတိုကအခေါ်အတိုင်းသိပေးလိုက်သဖြင့် လူဘက်ကိုကိုင်းပြီးအသိ
အမှားဖြစ်သွားသည်။ ထို့ကြောင့် အလှူလုပ်သီလဆောက်တည်သောအခါတို့၌ လူဖြစ်ရပါလို၏နတ်ဖြစ်ရပါလို၏ဖြစ်လာသည်၊ ထိုလူ
ဖြစ်နတ်ဖြစ်ရပါလို၏သည် အသိမှားနေခြင်းဖြစ်သည်။ အမှန်က ဒုက္ခလို့သိပေးရပါမည် ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိဟောထား
ပါသည်။ဘယ်ခန္ဓာကိုဘဲကြည့်ကြည့်ဉာဏ်နှင့်ကြည့်လျှင် အိုဒုက္ခနာဒုက္ခသေဒုက္ခသာရှိသည်အခြားမရှိပါ၊ ထိုအိုနာသေဒုက္ခကိုပင် လူ
နတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့ဆိုင်းဘုတ်တပ်ထားသည်။ မြတ်စွာဘုရားကဆိုင်းဘုတ်စာတန်းဖတ်ပြီးသွားမနေနဲ့ စာ
တန်းအောက်၌အိုဒုက္ခနာဒုက္ခသေဒုက္ခရှိနေ၏ ထိဒုက္ခအစစ်ကြီးကိုသာကြည့်ပါ၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည်လည်း အိုဒုက္ခ
နာဒုက္ခသေဒုက္ခ၊ လူနတ်ဗြဟ္မာသည်လည်းအိုဒုက္ခနာဒုက္ခသေဒုက္ခ ထိုဒုက္ခမှအခြားမရှိပါ၊ ဒုက္ခကိုသိလျှင် အသိခံကဒုက္ခ သိဉာဏ်က
မဂ္ဂ၊ အသိခံနှင့်သိဉာဏ်လမ်းမှန်နေပါပြီ။ မိခင်မွေးလိုက်သည့်နေ့ကပင် နှစ်ဆယ့်ငါးနှစ်ငါးဆယ်နှစ်ထိဒုက္ခကိုမသိခဲဘဲ လူနတ်ဗြဟ္မာ ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိလာခဲ့ခြင်းသည် ကုသိုလ်ကံမကောင်းခြင်းကြောင့်မဟုတ်ပါ တရားကိုမနာရခြင်းကြောင့်ဖြစ်ပါ
သည်။ တရားကိုမနာယူသောသူသည် တရားကိုမသိပါ၊ ကံကောင်း၍လူဖြစ်သည် ကံကောင်း၍လူဖြစ်သည်လောက်သာသိနေသည်။
တချို့ကဘုရားဖန်ဆင်း၍လူဖြစ်တယ် နောက်ဗြဟ္မာဖန်ဆင်း၍လူဖြစ်တယ် ဤသို့အလွဲလွဲအချော်ချော်သိနေကြသည်၊ ဘုရားတရား
ကိုနာကြားသောအခါ လူမဟုတ်သက်သက်ဒုက္ခလို့သိသွားသည်။ ယခုတရားကိုနာယူသောအခါ နှစ်ဆယ့်ငါးနှစ်အတွင်းမှာလည်း တ
ရားကိုသိလို့ရသည်၊ အသက်ငါးဆယ်ရှိသူ ဘိုးသက်ဘွားသက်ရှိသူလည်းတရားကိုနာယူသောကြောင့် တရားကိုသိ၍ရသည်။ လူတ
ရားဒုက္ခတရားလားမေးလျှင်ဒုက္ခတရားပါ လူလို့အခေါ်သာဖြစ်သည်။ နားလည်ရမှာက တရားကိုမနာသောသူသည်တရားကိုမသိပါ ကံနှင့်ကံ၏အကျိုးကိုသာသိနေမည်ဖြစ်သည် ကံနှင့်ကံ၏အကျိုးကိုသာသိနေသူသည်သာသနာပပါ။ မြတ်စွာဘုရားသည်လည်းအ
လောင်းတော်ဘ၀၌ ကံကောင်းလျှင်လုပြည်နတ်ပြည်ရောက်သည် ကံမကောင်းလျှင်ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ရောက်သည်ဟု
နားလည်ခဲ့သည်။ ဘုရားဖြစ်သောအခါ ထိုကဲသို့မဟုတ် သက်သက်ဒုက္ခသာဟုသိသွား၏ ကေ၀လသ ဒုက္ခက္ခန္ဓသ။ ယခုမိမိတို့ဉာဏ်
နှင့်စဉ်းစားကြည့်လျှင် မဟုတ်ငြင်းမရပါ။ အိုနာသေကိုဒုက္ခဟုသိလျှင် မိမိဝမ်းထဲ၌အမှန်ကိုသိသောဉာဏ်ပေါ်လာပါသည်၊ အမှန်ကို
သိသောဉာဏ်ပေါ်လာလျှင် ငါသူပုဂ္ဂိုလ်သတ္တ၀ါအသိသည် စိတ်ထဲ၌ပျောက်သွားသည်။ ဘုရား၏စိတ်ထဲမှာတောငါသူမဟုတ် ပြော
သောအခါငါသူနှင့်ပြောသည် သမုတိသစ္စာပါ၊ ငါသူနှင့်မပြောလျှင်လည်း စကားကိုနားမလည်နိုင်ပါ၊ တကယ်ရှိရင်းကဒုက္ခသက်သက်
သာဖြစ်သည်ဟုသိလျှင် အပြောလည်းမှန်အသိလည်းမှန်နေပြီးဖြစ်၏။ ဤအိုနာသေဒုက္ခသည်ခန္ဓာကြောင်းဖြစ်သည်ဟုသိလျှင် ဒုက္ခ
ဖြစ်ခြင်း၏အကြောင်းရင်းကိုအမှန်သိခြင်းဖြစ်သည်၊ ဒုက္ခကိုအမှန်သိသောဉာဏ်ကို ဒုက္ခကစ္စံ ပရိဇာနန္တော၊ ဘုံအားဖြင့်ဗြဟ္မာနှစ်ဆယ်
နတ်ပြည်ခြောက်ထပ် လုဘုံနှင့်အားလုံးပေါင်းနှစ်ဆယ့်ခုနစ်ဘုံ၊ ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ပေါင်းလျှင် အားလုံးသုံးဆယ့်တစ်ဘုံ။
သုံးဆယ့်တစ်ဘုံကိုဉာဏ်နှင့်ကြည့်လိုက်သောအခါ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်နေသည်မဟုတ် အခေါ်သာဖြစ်
နေသည် သက်သက်ဒုက္ခသာဖြစ်၏။ ခန္ဓာဖြစ်လျှင်သေရမည် ဤသည်ကိုထိုးဖောက်မြင်ခြင်းကိုသမ္ဗောဓဟုခေါ်သည်၊ သံ၊ကိုယ်တိုင်။
ဗောဓ၊ ထိုးဖောက်။ ကိုယ်တိုင်ထိုးဖောက်မသိခြင်းကြောင်း လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့အသိလွဲခဲ့သည်၊ ယခုငါဘုရားသည်ကိုယ်တိုင်ထိုးဖောက်၍ ဒုက္ခကိုပိုင်းပိုင်းခြားခြားသိမြင်ပြီးဖြစ်သည်။ ဉာဏ်ရှိသူစဉ်းစားကြည့်လျှင် လူနတ်ဗြဟ္မာငရဲ တိရိစ္ဆာန်ပြိတ္တာအသူရကာယ်သည်အိုနာသေဒုက္ခ၊ သုံးဆယ့်တစ်ဘုံလုံးအိုနာသေဒုက္ခသာရှိသည်။ အိုနာသေဒုက္ခဖြစ်ရခြင်း၏အ
ကြောင်းက ခန္ဓာကြောင်းဖြစ်ရပါသည်။ ခန္ဓာရရှီလို့ဟုသိခြင်းသည် အကြောင်းမှန်ကိုသိနေပြီးဖြစ်၍ သမုဒယေဉာဏံပါ၊ သမုဒယက
အကြောင်းမှန်၊ ဉာဏကသိခြင်း။ ခန္ဓာရှိခြင်းကြောင်းအိုနာသေဖြစ်သည် ခန္ဓာရှိခြင်းကြောင်းကိုပါဠိဝေါဟာရဖြင့် ဇာတိပစ္စယာပါ၊ အ
နက်အားဖြင့် ဇာတိပစ္စယာ၊ ဥပပတ္တိဘ၀ ဇာတိဟူသောအကြောင်းကြောင့်။ ဆင်ခြင်ကြည့်လျှင်ဤစကားသည် အများကြီးအဆင့်မြင့်
ပါသည်၊စာဖတ်တတ်သောသူတောင်မှ ဤစာကိုဆိုနေသော်လည်းနားမလည်နိုင်ပါ တရားလို့သာသိသည်၊ စာကိုလှန်ကြည့်လိုက်
လျှင် ဥပပတ္တိဘ၀ ဇာတိဟူသောအကြောင်းကြောင့်ကိုဖတ်တတ်သည် အဓိပ္ပါယ်ကိုမသိပါ၊ ယခုမိမိတို့ရနေသောခန္ဓာကို ဥပပတ္တိဘ၀ ဇာတိဟုခေါ်ပါသည်။ ခန္ဓာရခြင်းဟူသောအကြောင်းကြောင့်ပြောလျှင် အဓိပ္ပါယ်သည်ရှင်းပါသည်၊ သို့သော်ပါဠိဝေါဟာရဖြစ်နေသော
ကြောင်း အဓိပ္ပါယ်ကိုနားမလည်နိုင်ပါ။ မိမိဘာသာနှင့်ပြန်လိုက်သောအခါ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်သည်၊ အိုနာသေ၏အ
ကြောင်းမှန်ကိုယခုသိပါပြီ။ ကံမကောင်း၍အိုနာသေဖြစ်ရသလား ခန္ဓာရ၍အိုနာသေဖြစ်ရသလားမေးလျှင် ခန္ဓာရခြင်းကြောင်းအိုနာ
သေဖြစ်သည်လို့ဖြေရပါလိမ့်မည်။ အကြောင်းမှန်ကိုဘုရားတရားကြားနာရ၍သိပါပြီ၊ အကြောင်းမှန်ကိုသိသောဉာဏ်ကို ဉာဏ်၊ အ
ကျိုးမှန်ကိုသိသောဉာဏ်ကိုလည်း ဉာဏ်ပါ၊ အကြောင်းမှန်သိခြင်းကို သမုဒယေဉာဏံ၊ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်
ဟုသိသောအသိသည် အကျိုးမှန်ကိုသိခြင်းမဟုတ်ပါ၊ ထိုအကျိုးမှန်ကိုမသိခြင်းကိုပါဠိဝေါဟာရဖြင့် ဒုက္ခေအဉာဏံ။ ဒုက္ခလို့မသိ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်လို့သိနေခြင်းကိုဆိုလိုပါသည်။ သမုဒယေ အဉာဏံ၊ ဒုက္ခေ အဉာဏံလို့ဘုရားစကား
ကိုမိမိတို့ကကြားသည် သို့သော်နားမလည်ပါ။ ဒုက္ခေ၊ ဒုက္ခ၍။ အဉာဏံ၊ မသိခြင်း။ ဒုက္ခကိုမသိဆိုသောစကားသည် လူနတ်ဗြဟ္မာငရဲ
တိရစ္ဆာန်ပြိတ္တာအသူရကာယ်ဟူ၍သိနေခြင်းကို ဒုက္ခကိုမသိခေါ်သည်၊ သူသူငါငါမွေးဖွားသည့်လောက်ကပင် ဤသို့သိလာခြင်းသည်
ဒုက္ခကိုမသိသူအထဲ၌ပါနေခြင်းသည်ထင်ရှား၏၊ တရားကိုမကြားရဘဲဒုက္ခကိုမသိနိုင်ပါ ခက်ခဲ့ပါသည်။ ဘုရားနှင့်တွေ့၍ စကားကိုနား
လည်သောသူဖြစ်လျှင်လည်းအလွယ်လေးပါ၊ တရားကိုလည်းမနာယူစကားကိုလည်းနားမလည်သောသူဖြစ်လျှင် ဘဲဥကိုအစရှာ
သည်ထက်ခက်ပါသည်။ ဤဒုက္ခသည်ခန္ဓာရခြင်းကြောင့်ဖြစ်သည် ကံမကောင်းကြောင်းမဟုတ်ပါ။ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်
ရသည်ဟုသိလျှင် အကြောင်းမှန်ကိုသိသောဉာဏ်သည် သမုဒယေ ဉာဏံ၊ ခန္ဓာရခြင်းကြောင်းအိုနာသေဖြစ်လျှင် ခန္ဓာမရှလျှင်အိုနာ
သေမဖြစ်သည်ကိုသိလို့ရပါပြီ၊ ခန္ဓာမရှိသည်က နိရောဓသစ္စာ၊ ခန္ဓာမရှိလျှင်အိုနာသေမဖြစ်ဟုသိသောဉာဏ်က မ၈္ဂသစ္စာ၊ ဒုက္ခသ စ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ၊ သစ္စာလေးပါးရှိပါသည် အိုနာသေကဒုက္ခသစ္စာ၊ ဤအိုနာသေသည်ခန္ဓာကြောင်းဖြစ်
သည်ဟုသိခြင်းသည် သမုဒယသစ္စာ၊ အကြောင်းမရှိလျှင် အကျိုးသည်လည်းမရှိနိုင်ပါ၊ ခန္ဓာကိုယ်ကိုအမှန်သိရန်အရေးကြီးပါသည် ဤခန္ဓာသည် လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓာမဟုတ်ပါ။ တရားကိုမသိလျှင်အဖြေမထွက်နိုင်ဖြစ်သည် တောင်မှန်း
မြောက်မှန်းမသိအမှောင်ထဲမှာဝင်နေသလို ထိုအခြင်းအရာသည်အ၀ိဇ္ဇာပါ။ စိတ်ထဲမှာအမှန်ကိုမသိသောအ၀ိဇ္ဇာဆိုတဲ့သဘောချေတိ
ရှိနေသောကြောင်း အမှန်ကိုမသိနိုင်ဖြစ်သည်၊ ထိုအမှောင်ကိုဖျက်လိုက်သောအခါ လူနတ်ဗြဟ္မာငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်မ
ဟုတ်ရုပ်နာမ်။ ခုနားကမှောင်နေသောအသိသည်ပျောက်ပြီးအလင်းရသွားသည်၊ ရုပ်နာမ်၏သဘာဝတ္ထကိုသိအောင်တရားကျင့်ရပြန်
၏၊ ထိုကြောင့်မြတ်စွာဘုရားက အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ မ၈္ဂင်ရှစ်ပါးသည်တရားပါ။ ပုတီးစိပ်မေတ္တာပို့ကိုတရားခေါ်
သည်မဟုတ်ပါ၊မစားမသောက်တောထဲတောင်ထဲမှာနေထိုင်းခြင်းကို တရားခေါ်သည်မဟုတ်ပါ။ အသိမှန်နှင့်ခန္ဓာကိုကြည့်နေသည်
ကိုတရားခေါ်ပါသည်၊ ထိုတရားသည် မဂ္ဂင်ရှစ်ပါးဖြစ်သည်။ အသိမှန်နှင့်ခန္ဓာကိုကြည့်ရန်အတွက် ဘုရားထံမှာသင်ယူရပါသည်၊ သင်
ယူမှုမရှိဘဲ တောထဲတောင်ထဲထွက်နေငြားသော်လည်းတရားပျောက်နေပါသည်။ ယခုခေတ်စကားနှင့်ပြောလျင် သက်သားလွတ်စား
ခြင်းကတစ်မျိုး မီးလွတ်စားခြင်းကတစ်မျိုး၊ ဤဘင်္ဂလာမှာဆိုကုလားအသံဖြင့်နိရာမိခ်ျ ပါဠိဝေါဟာရဖြင့်နိရာမိသ၊ နိရာမိခ်ျစားခြင်းသည်
တရားလုပ်ရပ်မဟုတ်ပါ၊ တရားလုပ်ရပ်သည် ခန္ဓာကိုအမှန်မြင်အောင်ကြည့်ရန်လိုသည်၊ ခန္ဓာကိုယ်၏အမှန်ကိုရှေ့ဦးစွာနားလည်ရပါ
မည်၊ ခန္ဓာကိုယ်၏အမှန်ကရုပ်နာမ် ရုပ်နာမ်ကိုမသိဘဲ ဘယ်လောက်ပင်လုပ်လုပ်တရားလုပ်လို့မရပါ။ ရုပ်နာမ်ကိုသိမှုကတစ်ပိုင်း၊ ရုပ်
နာမ်၏သဘောသဘာဝကိုသိမှုကတစ်ပိုင်းပါ။ ယခုတရားထိုင်ခြင်းသည် ရုပ်နာမ်၏သဘောကိုသိအောင်ထိုင်ခြင်းဖြစ်သည်၊ ရုပ်နာမ်
၏သဘောကိုသိရန် ယခုတရားထိုင်ကြရအောင်။