Total Pageviews

Thursday, December 18, 2014

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
        ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ဇယသုခကျောင်း၌ 
           ၂၀၁၃ ခု မေလ ၃ ရက်နေ့ ညနေပိုင်းအချိန်ဟောကြားအပ်သော 
                သတ္တ၀ါများသေရခြင်းအကြောင်း 
                                          အပိုင်း(၃)

     ပဋိစ္စသမုပ္ပါဒ်ကို ယခုကိုယ်တိုင်နာယူလို့ကိုယ်တိုင်သိခွင့်ရနေကြပါသည်၊ ပဋိစ္စသမုပ္ပါဒ်၌ခန္ဓာပဋိစ္စသမုပ္ပါဒ်သည် အဓိကပဓာနအ
ကျဆုံးဖြစ်ပါသည်။ စာကိုရနေပြီးခန္ဓာကိုယ်ကိုမမြင်တပ်မသိတပ်လျှင်လည်း လိုရင်းကိုမမိသေ့လို့နားလည်ရပါလိမ့်မယ်၊ ရနေသော
စာကိုအခြေခံလျက် ခန္ဓာမှာမြင်အောင်ကြည့်တတ်ရပါလိမ့်မယ်။ ဥပမာပြရလျှင်   ဥစ္စာရတနာတို့မြှုပ်ထားခြင်းကိုရေးထားသောသစ်
ကျမ်းစာကိုတော့ဖတ်၍ရပါလျက် ပစ္စည်းဥစ္စာရွှေငွေရတနာများရှိသောနေရာကိုသွားပြီး ကိုယ်တိုင်တူးဖေါ်ပြီးမယူလျှင် ကိုယ့်အတွက်
ချမ်းသာရန်အကြောင်းမရှိပါ။ အလားတူသစ်ကျမ်းနှင့်ကျမ်းစာတူပါသည် ရွှေငွေသည်မြေကြီးမှာရှိသလို တရားသည်လည်းခန္ဓာမှာရှိပါ
သည်။ ယင်းကြောင်းစာကိုရှေ့သင်ပြီးလျှင် ခန္ဓာမှာမြင်အောင်ကြည့်ရသည်ကိုနားလည်ရပါလိမ်မယ်၊ ကြားနေကျစကားနှင့်ပြောရလျှင်
စာသင်ခြင်းကိုပရိယတ်ခေါ်ပါသည် စာသင်သည့်စကားကိုဆရာတစ်ယောက်ယောက်ထံမှာဒူးတုတ်ပြီး အတ္ထောအက္ခရာသညာတော
သမ္မာသမ္ဗုဒ္ဓမတုလံစသည်တို့ကိုသင်ယူခြင်းကိုမှ စာသင်သည်ဟုနားလည်သူများပါသည်။ တရားနာခြင်းသည်လည်း စာသင်သည်လို့
နားလည်ပါ၊ တရားကိုနာယူလျှင် ထိုတရားအကြောင်းကိုသိပါသည်၊ စာသင်ယူသောပုဂ္ဂိုလ်သည်လည်း မိမိတတ်သောစာနှင့်ခန္ဓာကို
မြင်အောင်ကြည်လျှင် တရားကိုမြင်သွားပါသည်။ သာသနာ၏အဆုံးအမ၌ ပထမပရိယတ်သင်ယူမှုသည်အဓိကပါ၊ သင်ယူပြီးလျှင် ကိုယ်တိုင်လိုက်နာကျင့်သုံးရသည်ကပဋိပတ်၊ ကိုယ်ကိုတိုင်သင်ယူပြီး ကိုယ်ကိုတိုင်လိုက်နာကျင့်သုံးလျှင် လိုက်နာကျင့်သုံးစကား
သည် ခန္ဓာကိုဉာဏ်နှင့်ကြည့်လျှင် ခန္ဓာ၏သဘောကိုသိမြင်သွားခြင်းကိုပဋိဝေဓ၊ မြင်တတ်သိတတ်သွားပါသည် မြင်တတ်သိတတ်
သွားသည်ကိုပဋိဝေဓခေါ်ပါသည်။ ပဋိဝေဓ၌နှစ်မျိုးရှိပါသည် နိဗ္ဗာန်ကိုမြင်တတ်သိတတ်သည်ပဋိဝေဓတစ်မျိုး၊ ဒုက္ခကိုမြင်တတ်သိ
တတ်သည်ပဋိဝေဓတစ်မျိုး နှစ်မျိုးရှိပါသည်။ ဒုက္ခကိုမြင်တတ်သိတတ်အောင် ရှေ့ဦးစွာစရပါသည်၊ဒုက္ခကိုတောင်မှမမြင်တတ်မသိ တတ်တဲ့ ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမြင်နိုင်ရန်လုံးဝမဖြစ်နိုင်ပါ၊ ဒုက္ခချုပ်ငြိမ်းရာကို နိဗ္ဗာန်ခေါ်ပါသည်။ နိဗ္ဗာန်ကိုသိလိုလျှင် ဒုက္ခကိုရှေ့ဦးသိ
ရပါမယ် ဒုက္ခကိုသိလျှင်ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသိရန်လွယ်ကူသွားပြီးဖြစ်ပါသည်၊ ထို့ကြောင့် ဒုက္ခကိုသိရန်သင်ယူရပါမယ်။ ယခု
ဘုန်းကြီးဇရာမရဏကနေပြီး အလောင်းတော်ကြီးများပြန်လည်စီးစစ်နေပုံကိုထည့်ပြီးပြောထားပါသည်။ အသေသည် ခန္ဓာကြောင့်
ဖြစ်သည်၊ ခန္ဓာသည် ကံကြောင့်ဖြစ်သည် သေကြရာ၌ကံသည်လည်းအကူအညီးပါသည်၊ ကံသည် အစွဲအလမ်းရှိသောကြောင့်ဖြစ်
သည်၊ အစွဲအလမ်းကြီးမှုကိုရပ်ပြောရွာပြောစကားနှင့်ပြောရလျှင် စည်းစိမ်ချမ်းသာကိုစွဲလမ်းမှုကတစ်မျိုး၊ ဘ၀ကိုစွဲလမ်းမှုသည်ကတစ်
မျိုး စွဲလမ်းမှုသည်အမျိုးမျိုးရှိပါသည်။ စွဲလမ်းမှုအမျိုးမျိုးတို့ကိုစာစကားနှင့်ပြောလျှင် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပဒုပါဒါန် အတ္တ၀ါဒုပါဒါန်
တို့ဖြစ်သည်။ စာစကားနှင့်ပြောလျှင်စာနှင့်ဝေးသူရွာသူရွာသားမပြောနဲ့ စာနှင့်အမြဲတန်းထိတွေ့နေသောဘုန်းကြီးတောင်မှနားမလည်
နိုင်ပါ။ စာစကားသည်အဆင့်မြင့်ပါသည် အဆင့်မြင့်သောစာစကားကိုနားမလည်နိုင်သောကြောင့်  တရားကိုသိမြင်ကြသောဆရာ
တော်ကြီးတို့သည် ဒေဟာဒေဟာကိုခေါ်သည်ဆိုလျှက်ကောက်ပြကြပါသည်၊ ထိုကဲသို့ကောက်ပြမှသိခွင့်ရသည်ဖြစ်၍ အလွန်ကျေး
ဇူးများပါသည်။ ကံဖြစ်ခြင်းသည် အစွဲအလမ်းဥပါဒါန်ကြောင့်ဖြစ်ပါသည်၊ ဥပါဒါန်သည် စည်းစိမ်ကိုစွဲလမ်းမှုကတစ်မျိုး ခန္ဓာကိုစွဲလမ်းမှု
ကတစ်မျိုး ဤအစွဲအလမ်းကြောင့်ကံဖြစ်လာပါသည် ဥပါဒါနပစ္စယာ ဘဝေါ။ အကြောင်းကြောင့်အကျိုးထွက်လာခြင်းသည် ခန္ဓပဋိစ္စသ
မုပ္ပါဒ်ဖြစ်ပါသည်၊ သံကွင်းဆက်သလိုအကြောင်းကျိုးဆက်ပါသည်၊ ခန္ဓာငြိမ်းလျှင်အားလုံးငြိမ်းသွားပါလိမ့်မယ်။ ယင်းကြောင်း ခန္ဓာအ
ဘယ်ကြောင်ဖြစ်သလဲစီးစစ်သောအခါ ကံကြောင့်ထွက်လာပါသည် ဘ၀ပစ္စယာ ဇာတိ။ ကံသည် အစွဲကြောင့်ဖြစ်သည် ဥပါဒါနပစ္စ
ယာ ဘဝေါ၊ အစွဲဥပါဒါန်သည်လည်း အသေကိုကျေးဇူးပြုခြင်း၌ အကူအညီအထောက်အပံ့ပါနေပါသည်။ ရပ်ထဲရွာထဲ၌အမျိုးမျိုးသော
အစွဲသန်မှုများရှိသည် ထိုအစွဲသန်ခြင်းဟူသမျှသည် နိဗ္ဗာန်ကိုကျေးဇူးပြုသည်ဟူ၍မရှိပါ။ နားလည်အောင်ပြောရလျှင် အစွဲသန်သော
ပုဂ္ဂိုလ်သည် စိတ်အေးချမ်းမှုမဖြစ်ဘဲ စိတ်သည်ပူလောင်နေပါသည်၊ စိတ်အေးချမ်းမှနိဗ္ဗာန်သည် ခေတ္တခဏပေါ်လာသည်။ အေးချမ်း
သည့်နိဗ္ဗာန်ကိုရရန်ခက်ခဲ့ပါသည် ထို့ကြောင့် အစွဲမသန်ရပါ၊ အစွဲမသန်ရဆိုသော်လည်း တားမြစ်ဟန့်တားလိုမရပါ၊ အမှန်ကိုမသိ
ခြင်းကြောင့် အစွဲသန်နေကြခြင်းဖြစ်ပါသည်။ အမှန်ကိုမသိခြင်းကြောင့်အစွဲသန်နေသည်ဟုမြင်သောအခါ အစွဲပြုတ်အောင်အမှန်ကို
သူ့ကိုသင်ပေးရပါလိမ့်မယ်၊ အကောင်းအဆိုးကိုသင်ပေးသဖြင့်အစွဲမပြုတ်ပါ၊ အမှန်ကိုသင်ပေးမှအမှန်ကိုနားလည်မှ    အစွဲပြုတ်ပါ
သည်။ ကိုယ်ကရှေ့ဦးစွာအစွဲပြုတ်ရပါမယ် ကိုယ့်ကိုအရေးကြီးပါသည်၊ နားလည်အောင်ပြောရလျှင် အိမ်သားအိမ်သူနှစ်ယောက်တို့
တွင် အိမ်သားပြုတ်ပြီးမှအိမ်သူပြုတ်လျှင် အိမ်သူသည်နောက်ကျသွားပါပြီ၊ အိမ်သူပြုတ်ပြီးမှအိမ်သားပြုတ်လျှင် အိမ်သားသည်နောက်
ကျသွားပါသည် ကိုယ့်ကိုရှေ့ဦးစွာပြုတ်အောင်လုပ်ရပါလိမ့်မယ်။ ကိုယ့်ကိုရှေ့ဦးစွာပြုတ်ရန်အတွက် တရားကိုနားလည်ရပါလိမ့်မယ် တရားကိုနားမလည်လျှင် အစွဲပြုတ်ရန်ခက်ခဲပါသည်၊ ထိုကြောင့် အသိမှန်အောင်တရားကိုနှလုံးသွင်းရပါသည်။ အစွဲသန်လျှင်ကံဖြစ်
သည် ဥပါဒါနပစ္စယာ ဘဝေါ၊ ကံဖြစ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်သည် ဘ၀ပစ္စယာ ဇာတိ၊ ခန္ဓာဖြစ်လျှင် သေရသည် ဇာတိပစ္စယာ
ဇရာမရဏံ။
        ဤဥပါဒါန်အစွဲ၏ဖြစ်ကြောင်းသည် လိုချင်မှုအားကြီးခြင်းကြောင်းဖြစ်ပါသည်။လိုချင်မှုအားကြီးလာသောပုဂ္ဂိုလ်မှာ အစွဲသန်လာ
ပါသည် လိုချင်မှုကိုတဏှာခေါ်ပါသည်၊ လိုချင်ရုံသက်သက်နှင့်တဏှာမဖြစ်ပါ လိုချင်ရုံသက်သက်ကိုလောဘခေါ်ပါသည်။ ယခုပဋိစ္စ
သမုပ္ပါဒ်စက်ဝိုင်းမှာ တဏှာအမည်နှင့်ပါဝင်နေသည်၊ လောဘကနေပြီး နောက်တစ်မျိုးကိုပြောင်းသွားသောအနေအထားပြောင်းသွား
ခြင်းကိုတဏှာပါ။ တဏှာ၏အဓိပ္ပါယ်သည်အစီးပါ အစီးကိုသဘာဝနှင့်ပြောရလျှင် ထမင်းစားသုံးသောအခါ၌ လက်ကိုရေဖြင်းဆေးပြီး
ထမင်းလုံးသည်လက်မှာမကပ်ပါ စားသောက်လို့ရပါသည်။ လက်မှာထမင်းမကပ်ဘဲထမင်းလုံးရှိနေခြင်းသည် လောဘသဘောဖြစ်ပါ
သည်၊ လောဘသည်ကပ်ငြိခြင်းသဘောမရှိ လိုချင်ခြင်းသဘောရှိသည် တဏှာသည်ကပ်ငြိခြင်းသဘောရှိပါသည်။    ထမင်းလုံးကို
ကြိမ်ဖန်များစွာနယ်ပေးလိုက်လျှင် ထမင်းလုံးမှကိုယ်စီးထွက်လာသည်၊ ထိုအခါသွားကိုင်ကြည့်လျှင်လက်မှာကပ်သည် ထိုအစီးသည်
ထမင်းလုံးမှထွက်လာသောအစီးဖြစ်သည်၊ ထမင်းလုံးထမင်းစေ့သာမန်သည် လောဘနှင့်တူပါသည် လောဘသည်ခွာသာခွဲသာသ
ဘောရှိပါသည်။ ထမင်းမှအစီးဖြစ်၍ကိုင်လျှင် ဖြုတ်၍ခွာ၍မရဘဲကပ်ငြိနေပါသည်။ လောဘကနေပြီးအစီးထွက်တဲ့သဘောကို တဏှာ
ခေါ်ပါသည်၊ တဏှာသည်ကပ်ငြိခြင်းသဘောရှိပါသည်။ ယခုဘုရားသင်ပေးသောနည်းကိုကြည့်လျှင် ကပ်ငြိသောသဘောရှိသောတ
ဏှာကိုနားလည်ပါလိမ့်မယ်၊ မြင်လျှင်ကပ်ငြိသည် ကြားလျှင်ကပ်ငြိသည် နံလျှင်ကပ်ငြိသည် စားလျှင်ကပ်ငြိသည်   အလုပ်လုပ်လျှင်
အလုပ်အပေါ်၌ကပ်ငြိသည် စဉ်းစားလျှင်လည်းကပ်ငြိသည် ခွါ၍ခါ၍မရခြင်းကိုကပ်ငြိသည်ခေါ်ပါသည်။ ကပ်ငြိဖန်များလာလျှင်စွဲလာ
ပါသည် ကပ်သည့်သဘောသည်တဏှာ ကပ်ဖန်များလာလျှင်စွဲလာသည်ကဥပါဒါန် စွဲဖန်များလျှင်အလုပ်ပေါ်လာသည်ကဘ၀ အလုပ်
ပေါ်လျှင်အဖြစ်ပေါ်သည်ဇာတိ အဖြစ်ပေါ်လျှင်သေရသည်ဇရာမရဏတို့ဖြစ်သည်။
     တဏှာကိုရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာဟူ၍ တဏှာခြောက်ပါးစာမှာရှိပါသည်၊  စာ 
မှာရှိသောတဏှာကိုပြောခြင်းမဟုတ်ဘဲ မိမိတို့ဝမ်းထဲ၌ရှိသောတဏှာကိုပြောခြင်းဖြစ်ပါသည်။ ၀မ်းထဲ၌ရှိသောလိုချင်ခြင်းတဏှာ
သည် မြင်မှုကြားမှုနံမှုစားသောက်မှုလုပ်ကိုင်မှုစဉ်းမှုကိုဆက်ပါသည်၊ မျက်စေ့မှမြင်လိုက်လျှင်လို့ချင်ခြင်းငြိခနေ့ပေါ်လာပါသည် အမြင်
ခံအပေါ်၌လိုချင်မှုများ ပြင်းစွာကိုမရမဖြစ်လိုချင်သောစိတ်ဖြစ်နေခြင်းကိုတဏှာခေါ်ပါသည်။ မရမဖြစ်စိတ်ဖြစ်နေခြင်းသည် မြင်မှုနှင့်
ပါတ်သက်၍ဖြစ်တဲ့အတွက်နဲ့ သူ့ကိုရူပတဏှာ ပါဠိစကားပါ၊ မိမိတို့ရခိုင်စကားနှင့်ပြောလျှင် မြင်လို့လိုချင်သည်။ ခလေးသူငယ်တို့ကို
ကြည့်ပါ ပစ္စည်းတစ်ခုကိုမြင်လျှင်လိုချင်သည်ချော့လို့ကိုမရပါ ရအောင်ပေးလိုက်ရသည်။ ဥပမာအားဖြင့်ခလေးတစ်ယောက်သည် 
လေဘောလုံးကိုမြင်လျှင်လိုချင်လာ၍ မိဘထံမှတောင်းသည်၊ ထိုခလေးသည် ဘောလုံးကိုမမြင်မီလိုချင်သောစိတ်မဖြစ်သေ့ပါ၊ မိဘ
သည်လေဘောလုံးတောင်းနေသောခလေးကိုမယူနဲ့ ခဏနေလျှင်ပျက်စီးသွားလိမ့်မယ် ဟန့်တားသော်လည်းမရပါ၊ အသိအမြင်ရှိ
သောမိဘကပြောနေစေကာမူ ခလေးသည်မိဘ၏စကားကို အသံတော့ကြားပါသည်အဓိပ္ပါယ်ကိုနားမလည်ပါ။ သူလိုချင်သည်သာ
သိနေသည်ဖြစ်၍ မိဘသည် ခလေးရရှိအောင်ဝယ်ပေးလိုက်ရသည်၊ ကစားကစားယင့်နဲ့လေဘောလုံသည် ပေါက်ကွဲပျက်စီးသွားပါ
သည်။ ဤဥပမာကိုကြည့်ပါ ခလေးသည်မြင်လျှင်လိုချင်လာသည် မရမဖြစ်စွဲလမ်းသည် ရအောင်အလုပ်လုပ်သည်ဖြစ်၍(တောင်း
ခြင်း)၀ယ်ပေးလိုက်ရသည်၊ ၀ယ်ပေးသည်ဖြစ်၍ရရှိသည် နောက်ဆုံးပေါက်ကွဲပျက်စီးသွားသည်။ ဤအကြောင်းအရာတို့သည်  တ
ဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ တရားတို့တန်းပြီးဖြစ်သွားပါသည်။ ယခုမိမိ
တို့ခန္ဓာကိုကြည့်ပါ လွန်လေပြီးသောအတိတ်ဘ၀၌ လူ့ဘ၀ကိုလိုချင်မှုရှိခဲ့ပါသည် ရှိခဲ့သည်ဖြစ်၍ကုသိုလ်ကံကိုမိမိတို့ပြုလပ်ခဲ့သည်၊ မိမိပြုလုပ်ခဲ့သောကုသိုလ်ကံက လူ့ဘ၀ကိုပို့ပေးလိုက်သည်ဖြစ်၍ ယခုလူ့ဘ၀၌လူဖြစ်နေကြပါသည်။ အတိတ်ဘ၀၌လူ့ဘ၀ကိုရချင်
သည်ဖြစ်၍ ရအောင်လုပ်ခဲ့ပါသည်၊ လူအများပြောနေကြပါသည် ထိုဘ၀၌ကုသိုလ်ကံကောင်းလို့ယခုဘ၀၌လူအဖြစ်ရနေသည်။ ကု
သိုလ်ကံကောင်းလို့ဆိုသောစကားသည် ကံကိုပြောခြင်းဖြစ်သည်။ လူ့ဘ၀ကိုရအောင်လုပ်ခြင်းပါနေသည် မရမဖြစ်လည်းပါနေပါ
သည် တဏှာ ဥပါဒါန် ကံဖြစ်နေပါပြီ။ မိမိတို့၏လုပ်ငန်းစဉ်မှာ မြင်ရ၍လိုချင်သည် ကြားရ၍လိုချင်စည် နံရ၍လိုချင်သည် စားရ၍လို
ချင်သည် လုပ်ကိုင်ရ၍လိုချင်သည်စဉ်းစားရ၍လိုချင်သည် လိုချင်သည်ဖြစ်၍ရရှိလာပါသည်။ ယခုလက်ရှိဘ၀ခန္ဓာရနေမှုကိုကြည့်ပါ
ယခုလ်ရှိဘ၀ခန္ဓာသည် တသက်လုံးဤပုံစံမနေရပါသေရပါလိမ့်မယ်၊ လိုချင်ခြင်းတဏှာသည်လည်း သေရာ၌အထောက်အပံ့ပါနေပါ
သည်၊ လိုချင်သည်ဖြစ်၍ရသည်လောက်သာသိပါသည် သေဘို့ရာ၌အထောက်အပံ့ပါနေသည်ကိုမသိပါ၊ ခုနားကခလေးသည် လေ
ဘောလုံးကိုလိုချင်သကဲသိုနားလည်ပါ။ မိဘကခလေးကိုမယူပါနဲ့ ခဏနေလျှင်ကွဲသွားပျက်သွားလိမ့်မယ် အသိအမြင်ရှိသောမိဘက
ပြောသော်လည်း ပြောမရတားမရသလို ငါရို့ကိုလည်းဘုရားက ဘ၀ကိုသွားမနေနဲ့ဘ၀သွားနေလျှင်အသေနှင့်တွေ့လိမ့်မယ်၊ ဘုရားစ
ကားကိုတော့ကြားပါသည် သို့သော်အဓိပ္ပါယ်ကိုနားမလည်ပါ၊ ဤတရားကိုဘုရားအဆူဆူဟောခဲပြောခဲ့ပြီးဖြစ်ကြပါသည်။ ယခုလော
ကကြီးမှာဘုရားခုနစ်ဆူကို ဆွမ်းကပ်ကိုးကွယ်ကြသည်ကိုကြားဖူးပါလိမ့်မယ်၊ ဘုရားခုနစ်ဆူမှာအစဆုံးဝိပသီ သိခီ ဝေသဘူ ကကု
သံဂေါဏာဂုမ်ကသပယခုနောက်ဆုံးဘုရားသည်ဂေါတမ အရိမေတ္တယျဘုရားသည်လည်းဤတရားကိုသိပြီးဘုရားဖြစ်ပါလိမ့်မယ်။ဘု
ရားဟောသောတရားကိုသူငါကြားတော့ကြားပါသည် အမှန်အတိုင်းနားမလည်ပါ အမျိုးမျိုးလုပ်နေကြသည်တို့ကိုကြည့်လျှင်သိနိုင်ပါ
သည်။ ဘုရားသင်သည်ကိုသာနားလည်ရပါမယ် ဘုရားမသင်သည်ကိုနားမလြည်ရပါ၊ဘုရားကလိုချင်သည်ဖြစ်၍ရအောင်လုပ်လျှက်ရ
သောအခါ၌ချမ်းသာကိုရသည်မဟုတ်ဘဲ အသေကိုသာရသည်ကိုသင်ြ့ပပေးသည်။
     တဏှာသည်အစီးဖြစ်သည် ခွါမရသည်ဖြစ်၍ပေးနေရသည် တဏှာခြောက်မျိုးရှိပါသည်၊ မြင်လျှင်လိုချင်သည်ကြားလျှင်လိုချင်
သည် နံလျှင်လိုချင်သည် စားလျှင်လိုချင်သည် လုပ်ကိုင်ရလျှင်လိုချင်သည် စဉ်းစားရ၍လိုချင်သည် တဏှာခြောက်မျိုးရှိပါသည်။ ဤ
ခြောက်မျိုးတို့သည် မိမိတို့ခန္ဓာသူတပါးခန္ဓာ၌နေ့တိုင်းလည်ပတ်နေပါသည် နေ့တိုင်းလည်ပတ်နေခြင်းသည် ကြောင်းကျိုးဖြစ်နေခြင်း
ဖြစ်ပါသည်၊ လည်ပတ်အဓိပါယ်သည် အကြောင်းကြောင့်အကျိုးဖြစ်နေသည်ကိုလည်ပတ်သည်ခေါ်ပါသည်။ နေ့တိုင်းအကြောင်း
ကြောင့်အကျိုးသည်မျက်စေ့မှလည်ပတ်သည် နားမှလည်ပတ်သည် နှာခေါင်းမှလည်ပတ်သည် လျှာမှလည်ပတ်သည် ခန္ဓာကိုယ်မှ
လည်ပတ်သည် စိတ်မှလည်ပတ်သည် အကြောင်းကြောင့်အကျိုးဖြစ်နေခြင်းပါ၊ လည်ပတ်မှုကိုရှေ့ဦးစွာသိရန်လိုပါသည် အသက်ရှင်
နေသည်ဖြစ်၍မဟုတ်ပါ ပုဂ္ဂိုလ်သတ္တ၀ါဖြစ်နေသည်မဟုတ်ပါ လူနတ်ဗြဟ္မာဖြစ်နေသည်မဟုတ်ပါ အကြောင်းအကျိုးဖြစ်နေသည်ကို
နားလည်ပါ။ အကြောင်းအကျိုးသာရှိသည်ပုဂ္ဂိုလ်သတ္တ၀ါမရှိ လူနတ်ဗြဟ္မာငါသူယောက်ျားမိန်းမမရှိ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်မ
ရှိပါ၊ လူနတ်ဗြဟ္မာငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ယောက်ျားမိန်းမသည် အပြောမှာသာရှိပြီး တကယ့်သဘောမှာမရှိပါ။အကြောင်း
အကျိုးသဘာဝကိုမြင်တတ်ဖို့အရေးကြီးပါသည်၊ အကြောင်းအကျိုးသဘာဝကိုမြင်သောအခါ တရားကိုပထမအဆင့်မြင်ပါပြီ။   အ
ကြောင်းသည် အကြောင်းမှန်သမုဒယသစ္စာ အကျိုးသည်ဆင်းရဲအမှန်ဒုက္ခသစ္စာ၊ အကြောင်းအကျိုးလည်ပတ်နေမှုမှာ သမုဒယနှင့်ဒု
က္ခသစ္စာနှစ်ပါးဖြစ်ပါသည်။ တဖန်ဆက်ပြီးရှာသောအခါ လိုချင်သောတဏှာသည်ဝေဒနာကြောင်းဖြစ်သည်ကိုမြင်ပါသည်။ ခန္ဓာကြောင်းသေရလျှင် ခန္ဓာဖြစ်ကြောင်းကိုလိုက်ရှာသောအခါ ခန္ဓာဖြစ်ကြောင်းများတသီတတန်းကြီးထွက်လာပါသည်၊ ကံ ဥပါဒါန်
တဏှာတို့သည် ခန္ဓာဖြစ်ကြောင်းများဖြစ်သည်။ လိုချင်မှုတဏှာသည် ဝေဒနာကြောင့်ဖြစ်သည်၊ ခံစားမှုကိုဝေဒနာခေါ်ပါသည် ခံစားမှု
ဝေဒနာဖြစ်နေခြင်းတို့ကိုနားလည်အောင်ပြောရလျှင် ခံစားမှုဖြစ်ခြင်းတို့သည်မျက်စေ့နှင့်အဆင်းကိုမြင်လျှင် ခံစားမှုဖြစ်ပေါ်လာသည်၊
နားနှင့်အသံကိုကြားလျှင် ခံစားမှုဖြစ်ပေါ်လာသည်၊ နှာခေါင်းနှင့်အနံ့ကိုနံလျှင် ခံစားမှုဖြစ်ပေါ်သည်၊ လျှာနှင့်အစားအစာကိုစားလျှင် ခံ
စားမှုဖြစ်ပေါ်သည်၊ စိတ်နှင့်စဉ်းစားလျှင် ခံစားမှုဖြစ်ပေါ်သည်။ ခံစားမှုကိုအားလုံးသူသိပါသည် တစ်စုံတစ်ယောက်ကိုပြောသောအခါ
အသံကိုခဏလေးနားထောင်ကြည့်ပါ ဘယ်လိုခံစားရလေပြောပါ၊ အနည်းငယ်စားကြည့် ဘယ်လိုခံစားရသလဲပြောပါစသည်ဖြင့်ပြော
ကြသည်။ ခံစားမှုဝေးနာသည်စာထဲမှာမဟုတ်ပါ ခန္ဓာထဲမှာပေါ်နေပါသည်၊ မြင်မှုနှင့်ဖြစ်တဲ့ခံစားမှု ကြားမှုနှင့်ဖြစ်တဲ့ခံစားမှု နံမှုနှင့်ဖြစ်
တဲ့ခံစားမှု စားသောက်မှုနှင့်ဖြစ်တဲ့ခံစားမှု လုပ်ကိုင်မှုနှင့်ဖြစ်တဲ့ခံစားမှု စိတ်ကူးနှင့်ဖြစ်တဲ့ခံစားမှု အားလုံးပေါင်းလျှင်ခြောက်မျိုးရှိသည်။
ထိုကိုပါဠိဘာသာဖြင့်စက္ခုသမ္ဇသဇာ ဝေဒနာ၊ သောတသမ္ဇသဇာ ဝေဒနာ၊ ဃာနသမ္ဇသဇာ ဝေဒနာ၊ ဇိဝှာသမ္ဇသဇာ ဝေဒနာ၊ ကာယ
သမ္ဇသဇာ ဝေဒနာ၊ မနောသမ္ဇသဇာ ဝေဒနာ ဝေဒနာသာပေါ်ပါသည်လူမပေါ်ပါ၊မျက်စေ့ဖြင့်မြင်သောအခါခံစားမှုသာစိတ်မှာပေါ်လာ
သည် လူပုဂ္ဂိုလ်သတ္တ၀ါအသက်လိပ်ပြာမပေါ် ခံစားမှုသာပေါ်ပါသည်။ မျက်စေ့၌ဖြစ်ပေါ်နေသည်ကခံစားမှု နား၌ဖြစ်ပေါ်နေသည်က
ခံစားမှုသာဖြစ်သည် လူပေါ်နေသည်မဟုတ်ပါခံစားမှုသာပေါ်နေပါသည်။ ခုနားကခလေသည်  လေဘောလုံးကိုမြင်၍လိုချင်ခြင်းကို
ကြည့်ပါ လေဘောလုံးကိုမြင်သောအခါလိုချင်မှုပေါ်လာသည်၊ လေဘောလုံးကိုယူလိုက်လျှင်ကစားလို့ရမယ် ကလေး၏စိတ်မှာဖြစ်
နေသည့်အခြင်းအရသည် ခံစားမှုပေါ်နေခြင်းပါ၊ ထိုခံစားမှုသည်ငါသူမဟုတ်ပါ။ ခလေးသည်ခံစားမှုဆိုသောတရားပေါ်နေသည်ကိုမ
သိပါ ငါလိုချင်သည်သာသိပါသည်၊ ခလေးသည်မသိတတ်သည်ဖြစ်၍လိုချင်သည်ကိုသာသိသည်ဆိုစေအုံ အသက်ခုနစ်ဆယ်ရှစ်
ဆယ်ရှိသောသူလည်း ငါလိုချင်သည်ဘဲသိပါသည် ခံစားမှုကိုငါယူထားခြင်းဖြစ်ပါသည်။ ငါသူပုဂ္ဂိုလ်သတ္တ၀ါအသက်လိပ်ပြာမဟုတ်ပါ 
တရားပေါ်လာခြင်းဖြစ်ပါသည်။ ခံစားမှုပေါ်လာခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုတဏှာသို့ဆက်ပါသည် ဝေဒနာပစ္စယာ တ
ဏှာပါ။မြင်မှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် ကြားမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်
သည် နံမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် စားမှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် ၀တ်ဆင်မှုနေထိုင်မှုခံစားရခြင်းဟူသောအကြောင်းကြောင့် လိုချင်မှုဖြစ်သည် တွေးတောကြံစည်မှုကိုခံစားရခြင်းဟူသောအကြောင်း
ကြောင့် လိုချင်မှုဖြစ်သည်။ လိုချင်မှုသည်နဂိုမူလ၌မရှိပါ ခံစားရခြင်ကြောင့်ဖြစ်လာသည်၊ ယင်းကြောင့် လိုချင်မှုသည်ဖြစ်ပေါ်လာ
သောတရားဖြစ်သည် သူငါတို့ကလိုချင်မှုသည်ရှိနေသည်ဟုသိနေကြသည်၊ လိုချင်မှုသည် ရှိနေသောတရားမဟုတ်ပါဖြစ်ပေါ်သောတ
ရားဖြစ်သည်။ ဖြစ်ပေါ်လာခြင်း၏အကြောင်းကိုစိစစ်သောအခါ ခံစာမှုကြောင့်လိုချင်မှုဖြစ်ပေါ်လာပါသည်။ ခံစားမှုသည်အကြောင်း 
ဖြစ်ပေါ်လာသောလိုချင်မှုသည်အကျိုး ယခုအကြောင်းအကျိုးကိုသိသောဉာဏ်ပေါ်နေပါပြီ။ ခံစားမှုကြောင့်လိချင်မှုပေါ်လာပြီး(ဝေဒနာ
ပစ္စယာ တဏှာ) ထိုလိုချင်မှုအားကြီးလျှင်စွဲလမ်းမှုကိုဆက်ပါသည်(တဏှာပစ္စယာ ဥပါဒါနံ) စွဲလမ်မှုပေါ်လျှင်ရအောင်အလုပ်ထွက်
လာသည်(ဥပါဒါနပစ္စယာ ဘဝေါ) ရအောင်လုပ်လျှင်ရလာပါသည်(ဘ၀ပစ္စယာ ဇာတိ) ရလျှင်သေရပျက်စီးရသည်(ဇာတိပစ္စယာ ဇရာ
မရဏံ)။ သေရပျက်စီးရခြင်း၌ ခံစားမှုဝေဒနာအထောက်အကူပါသည် အသေကိုကျေးဇူးပြုသည်ပြောစကားသည် ဤသည်တို့ကို
ပြေခြင်းဖြစ်သည်၊ အသေကိုကျေးဇူးမပြုသောခံစားမှုမရှိပါ ခံစားမှုဟူသမျှသည်အသေကိုကျေးဇူးပြုပါသည်။ ယင်းကြောင့် ခံစားမှုဟူ
သမျှသည်ဆင်းရဲကြောင်းသာဖြစ်၍ ခံစားမှုကိုရပ်စကားရွာစကားနှင်ပြောလျှင်သုံးမျိုးရှိပါသည်။ ခံစားတတ်တဲ့အမူအရာသဘော၌ ချမ်း
သာကိုခံစားခြင်းသည်သုခဝေဒနာဆင်းရဲကိုခံစားခြင်းသည်ဒုက္ခဝေဒနာချမ်းသာဆင်းရဲ၏အလယ်အလတ်ကိုခံစားခြင်းသည်ဥပေက္ခာ
ဝေဒနာ၊ စိတ်ထဲ၌ကောင်သည်မွန်သည်ခံစားလျှင် သုခဝေဒနာ၊ စိတ်ထဲ၌မကောင်းမမွန်ခံစားလျှင် ဒုက္ခဝေဒနာ၊ ကောင်းလည်းအထူး
မကောင်းဆိုးလည်းအထူးမဆိုးခံစားသောအနေအထားကို ဥပေက္ခာဝေဒနာ လျစ်လျူ ရှုသည်လည်းခေါ်ပါသည်။ သဘောသဘာဝနှင့်
နားလည်အောင်ပြောလျှင် လမ်း၌ကိုယ့်လမ်းကိုကိုယ်ကြည်လျက်သွားသောအခါ လမ်းကိုကြည့်လျက်မြင်စိတ်ဖြစ်နေသည်၊ ထိုမြင်
စိတ်သည် ကောင်းမကောင်းဝမ်နည်းဝမ်းသာမဖြစ်ခြင်းသည်ဥပေက္ခာဝေဒနာ ကောင်းမကောင်းမလာသေ့ပါ၊ မိမိသွားနေသောလမ်း
၌ ချိုင့်ခွက်ကြီးကိုမြင်သောအခါ သို့မဟုတ်ဆူးကိုမြင်သောအခါလမ်းဖယ်သွားပါသည် ဒုက္ခဝေဒနာပါ၊ သွားနေသောလမ်းသည် ကတ္တ
ရာများချေမွေ့လျက်ဆက်လျှောက်သွားသည် သုခဝေဒနာပါ။ ခံစားမှုသုခဒုက္ခပေါ်နေခြင်းသည်ငါသူမဟုတ် သူ့သဘာဝနှင့်သူတရား
ဖြစ်နေပါသည်၊ နားနှာခေါင်းလျှာကိုယ်စိတ်၌လည်းဤတူဖြစ်နေပါသည်။ ဤအနေအထားသွားနေခြင်းကို ဝေဒနာပစ္စယာ တဏှာ၊ ခံ
စားမှုဝေဒနာသည် လိုချင်မှုတဏှာကိုကျေးဇူးပြုနေပါသည် ပျက်သည်သေသည့်တိုင်အောင်ကျေးဇူးပြုသွားပါသည်။ 
     ခန္ဓာဖြစ်ကြောင်းတစ်ခုကိုကိုင်ပြီးရှာသောအခါ ဝေဒနာကြောင့်တဏှာဖြစ်သည်၊ တဏှာကြောင့်ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ကြောင့်
ကံဖြစ်သည်၊ ကံကြောင့်ခန္ဓာဖြစ်သည်၊ ခန္ဓာကြောင့်သေရသည်။ ရခိုင်စကားနှင့်ပြောလျှင် ခံစားမှုကြောင့်လိုချင်သည်၊ လိုချင်သည့်အ
တွက်နဲ့စွဲလမ်းသည်၊ စွဲလမ်းသည့်အတွက်နဲ့ ရအောင်လုပ်သည်၊ ရအောင်လုပ်တဲ့အတွက်နဲ့ ရရှိသည်၊ ရရှိသည့်အတွက်နဲ့ သေသည်
အားလုံးဆက်နေပါသည်။  ခံစားမှုဝေဒနာဖြစ်ကြောင်းကိုတဖန်လိုက်ရှာသောအခါ ဖသကြောင့်ဖြစ်ကြောင်းကိုတွေ့ရသည်၊ ဖသ
သည်မာဂဓီဘာသာဖြစ်သည်၊ ဘုရားသည်မာဂဓတိုင်းမှာပွင့်သည်ဖြစ်၍ မာဂဓီဘာသာစကားနှင့်ပြောခြင်းဖြစ်သည်။ ဖသကိုမိမိတို့ရ
ခိုင်စကားနှင့်ပြောရလျှင် မြင်နေရမှုကြားနေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုစဉ်းစားနေရမှုတို့ဖြစ်သည်။ ဖသ၏တိုက်ရိုက်အဓိပ္ပါ
ယ်သည် တွေ့ထိမှုဖြစ်သည်၊ တွေ့ထိ၏အဓိပ္ပါယ်သည် မြင်နေကြားနေနံနေစားနေလုပ်ကိုင်နေကြံတွေးစဉ်းစားနေမှုတို့သည်ဖသဖြစ်ပါ
သည်။ တစ်နေ့တစ်နေ့မှာ မြင်နေရမှုကြားနေရမှုအစရှိသောခြောက်မျိုးတို့သည် မလည်ဘဲနေလို့မရပါ။ ဖသပါဠိလိုပြောလိုက်မှ သူငါ
တို့သည် တရားဟောနေသည့်ထင်ကြပါသည် ထိုအသိသည်ခလေးအသိဖြစ်သည်၊ လူကြီးအသိသိပေးရန်အတွက် မြင်နေရမှုကြား
နေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုကြံတွေးစဉ်းစားနေရမှုတို့သည် တရားဖြစ်နေဟုသိပေးရပါမယ်။ တရားကိုပါဠိနှင့်ပြောလိုလျှင်
လည်းပြောနိုင်ပါသည် ရခိုင်လိုကုလားလိုပြောလိုလျှင်လည်းပြောလို့ရပါသည်၊ ဝေါဟာရတစ်ခုခုတော့ထွက်လာပါလိမ့်မယ် နဂိုမူလ
သည်မြင်နေရမှုကြားနေရမှုကိုပြောခြင်းဖြစ်သည်။ မြင်နေရမှုအစရှိသောခြောက်မျိုးကြောင့် ခံစားမှုဝေဒနာဖြစ်ပါသည်၊ ဤခြောက်မျိုး
တို့သည် တပြိုင်နက်ဝေဒနာတစ်ခုတည်းကိုကျေးဇူးပြုသည်မဟုတ်ပါ တစ်မျိုးမှတစ်မျိုးကိုကျေးဇူးပြုပါသည်။ မြင်နေရမှုဖသကြောင့် မြင်
မှုခံစားသောဝေဒနာကိုကျေးဇူးပြုပါသည်၊ မြင်လျှင်မြင်ခံစားဖြစ်သည်။ မြင်လိုချင်မြင်စွဲရအောင်လုပ်ရလျှင်သေသည် မြင်မှုလမ်း၌ဤပုံစံ
ဆက်သွားပါသည်။ ကြားလျှင်လည်းကြားသည်ကိုခံစားသည် ကြား၍လိုချင်မှုဖြစ်သည် သီးခြားစီတစ်ခုတစ်ခုကို တစ်ခုတစ်ခုသည်
ကျေးဇူးပြုသည်။ပါဠိနှင်ပြောလျှင် သောတသမ္ဖသ အဓိပ္ပါယ်ကကြားနေသည်။၊သောတသမ္ဖသပါဠိသည် တရားဖြစ်သည်ဟုမယူရပါစ
ကားဖြစ်ပါသည်၊ နား၌ကြားနေရမှုသည်သာတကယ်အမှန်တရားဖြစ်ပါသည်။ ဝေါဟာရကိုတရားခေါ်သည်မဟုတ်ပါ၊ ပါဠိဝေါဟာရ
ဖြင့်ပြောလျှင် သောတသမ္ဖသကြောင့်ဝေဒနာဖြစ်ပါသည် ကြား၍ခံစားရသည်။ ရခိုင်ကုလားကျေးငှက်တိရိစ္ဆာန်တို့၌လည်း ကြား၍ခံ
စားရမှုရှိသည် ကြား၍ခံစားမှုဖြစ်နေခြင်းသည်တရားဖြစ်နေပါသည်။ ဥပမာ လူတစ်ယောက်ကြက်မွေးမြူသည်ဆိုပါစို့ ထိုလူသည်အ
စာကိုင်၍ဖြစ်စေမကိုင်ဘဲဖြစ်စေကြက်ကိုစိစိခေါ်လိုက်လျှင် အသံကြားသည်နှင့်ကြက်သည်ပြေးလာ၏၊ ကြက်သည်ငါတော့အစာစား
ရလိမ့်မယ် ခေါ်သံကိုနားမှာကြားလျှင်စားချင်စိတ်သည်ရိတ်ခနဲပေါ်လာသည်၊ ဤအခြင်းအရာသည် ဖသပစ္စယာ ဝေဒနာပါ။ အသံ
ပေးပြီးကြက်ကိုလိုက်ထုပ်လိုက်လျှင် ကြက်သည်သေရမှာကြောက်၍ပြေးသွားပါသည် ဒုက္ခဝေဒနာပါ။ မိမိတို့သည်ဝေဒနာကိုငါသူ
ထင်နေကြပါသည် ကြားမှုသည်ငါသူမဟုတ်ဝေဒနာတရားဖြစ်နေသည်ပြောလျှင်နားမလည်ပါ၊ တရားသည်မရှိမဟုတ်ရှိပါသည်၊ တ
ရားရှိပင်ရှိငြားသော်လည်း တရားကိုနားလည်နိုင်လောက်သောဉာဏ်မရှိပါ။ ခေတ်သုံးစကားနှင့်ပြောလျှင် တရားကိုနားလည်နိုင်
လောက်တဲ့ဦးနှောက်ဖွံ့ဖြိုးမှုမရှိဖြစ်သည်၊ အသံတော့ကြားပါသည် ဉာဏ်မရှိသည့်ဖြစ်၍တရားကိုနားမလည်ပါ။ တရားကိုနားမလည်
လျှင်လည်း စိတ်ပျက်ပြီးတရားနာမှုမှမထပါနှင့်နားထောင်ရပါသည်၊ ကိုယ့်မှာဉာဏ်ရှိသည်လို့နားလည်ထားရပါမယ် ကြားဖန်နား
ထာင်ဖန်များလာလျှင်နားလည်လာပါလိမ့်မယ်၊ ဘုရားစကားကိုနားထောင်ဖန်များလာလျှင် ဉာဏ်ရှိသူနားလည်လာပါသည်။
     မြင်သည်၌ မြင်လျှင်ခံစားမှုပေါ်လာသည် ခံစားမှုပေါ်လာလျှင်လိုချင်သည်စွဲလမ်းသည်အလုပ်လုပ်သည်ရရှိသည်သေရသည် ကြားသည်နံသည်စသည်၌လည်းဤနည်းတူဆက်နေပါသည်။ ကြား၍ဆက်ပြီးသေရသည်ကတစ်မျိုး နံ၍ဆက်ပြီးသေရသည်ကတစ်
မျိုး လုပ်ကိုင်၍ဆက်ပြီးသေရသည်ကတစ်မျိုး အားလုံးသေလမ်းကိုကျေးဇူးပြုနေပါသည်။ မြင်နေမှုကြားနေမှုနံနေမှုစားနေမှုလုပ်ကိုင်
နေမှုကြံတွေးစဉ်းစားနေမှုတို့သည် ချမ်းသာကိုကျေးဇူးမပြုဘဲ အသေကိုကျေးဇူးပြုပါသည်၊ အသေကိုကျေးဇူးပြုသောတရားကို ပါဠိစ
ကားနှင့်ပြောလျှင်သမုဒယသစ္စာ သေကြောင်းပါ၊ အသေသည်ဒုက္ခသစ္စာ သေရကျိုး၊ သမုဒယ ဒုက္ခ သေကြောင်းနှင့်သေကျိုးနှစ်ခုသာ
ရှိပါသည်။ ငါတို့သူတို့ပြောကြသည် မသေခင်မြင်နေရသည် ဤစကားကိုစီးပြီးစဉ်းစားကြည်ပါ၊ မသေခင်မြင်ရသည့်စကား၌ မြင်ရ
ခြင်းသည်သေရန်အတွက်ဖြစ်သည်၊ မြင်နေရသည့်ကအကြောင်း သေရသည်ကအကျိုး။ မသေခင်ကြားနေရသည် မသေခင်နံနေရ
သည် မသေခင်စားနေရသည် မသေခင်လုပ်ကိုင်နေရသည် မသေခင်စဉ်းစားနေရသည်တို့သည် သက်သက်အသေကိုကျေးဇူးပြုနေ
ပါသည်။ ဗုဒ္ဓဘာသာလူမျိုးကိုသာအသေကိုကျေးဇူးပြုနေသည်မဟုတ်ဘဲ ခွေးဝက်ကြက်ငှက်ပိုးပုရွက်မှအစ ရှိသမျှခန္ဓာကိုကျေးဇူးပြုနေ
ပါသည်။ ထို့ကြောင့် ခန္ဓာဟူသမျှသည် ဆင်းရဲကြောင်းနှင့်ဆင်းရဲသာရှိပါသည်၊ ဆင်းရဲကြောင်းစကားကိုတော့ကြားပါသည် သို့သော်
အဓိပ္ပါယ်ကိုနားမလည်ဖြစ်တတ်သည်၊ ဆင်းရဲကြောင်းသည်သေကြောင်း ဆငိးရဲသည်သေရခြင်းပါ၊ သေကြောင်းနှင့်သေရကျိုးသာရှိ
သည် နောက်တခြားမရှိပါ။ ပါဠိနှင့်ပြောလျှင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာသာရှိပါသည်။
     မြင်နေရမှုကြားနေရမှုနံနေရမှုစားနေရမှုလုပ်ကိုင်နေရမှုစဉ်းစားနေရမှုတိုသည် အသေကိုကျေးဇူးပြုနေသည်ဖြစ်၍ အလောင်း
တော်ကြီးသည်ဗောဓိပင်အောက်၌ ဖသဖြစ်ကြောင်းကိုရှာသောအခါ သဠာယတနကြောင့်ဖသဖြစ်သည်ကိုမြင်ပါသည်၊ မျက်စေ့နား
နှာခေါင်းလျှာကိုယ်စိတ် ဤခြောက်ပါးကိုသဠာယတနခေါ်ပါသည်။မျက်စေ့ရှိခြင်းကြောင့်မြင်နေရသည်၊သူငါတို့ကအသက်ရှိလို့မြင်နေ
ရသည်ဟုပြောကြပါသည် ဤအပြောသည်အများကြီးကွာဝေးပါသည်။ ယခုအလောင်းတော်ကြီးစီးစစ်ရှာဖွေ၍သိနေသည်က မျက်စေ့
ရှိလို့မြင်ရသည် နားရှိလို့ကြားရသည် နှာခေါင်းရှိလို့နံ၇သည် ပါးစပ်ရှိလို့စားရသည် ခန္ဓာရှိလို့လုပ်ကိုင်နေရသည် စိတ်ရှိလို့စဉ်းစားနေ
ရသည်။ သူငါမြင်နေရကြားနေရနံနေရစားနေရလုပ်နေရစဉ်းစားနေရမှုတို့သည် အသက်ရှိလို့ဖြစ်သည်ဟုထင်မြင်နေကြသည်၊  အ
သက်ရှိလို့မြင်နေရကြားနေရနံနေရစားနေရလုပ်နေရစဉ်းစားနေရသည်ထင်မြင်ယူလျှင် အကြောင်းမှန်အကျိုးမှန်ကိုတည့်တည့်မကျပါ။
ရခိုင်လူမျိုးတစ်မျိုးတည်းသာအကြောင်းမှန်အကျိုးမှန်အကျိုးမှန်ကိုတည့်တည့်မကျသည်မဟုတ် ကုလားတရုပ်ဂျပန်စသည့်အားလုံးသူ 
အသက်ရှိလို့မြင်နေရသည်ဟုယူကြသည်၊ ထို့ကြောင့် လောကအမြင်နှင့်ဘုရားအမြင်သည် မိုးနှင့်မြေလောက်ကွာပါသည်၊ ဆီနှင့်ရေ
ကိုပုလင်းတစ်လုံးမှာထည့်ပြီးရောနှောသော်လည်းမရောနှောဘဲခြားနားနေသလို ဘုရားအမြင်နှင့်လောကအမြင်သည်ခြားနားနေပါ
သည်။ သူငါတို့သည်ဘုရားကိုလူအလယ်မှာဝိုင်းပြီးထိုင်နေသည်ကိုမြင်ပါလိမ့်မယ် ဘုရားသည်လည်းငါတို့ကြည့်သလို ငါတို့ကြားသ
လိုဖြစ်လိမ့်မယ်လို့ထင်ပါလိမ့်မယ်၊ အမြင်အကြားသည်ဘုရားနှင့်ငါတို့နှင့်မတူပါ၊ ဆီနှင့်ရေကိုမျက်စေ့ရှိသူကြည့်လျှင်ခြားနားနေမှုကို
မြင်သကဲသို့ ဉာဏ်ရှိသူကြည်လျှင်လည်း ခြားနားနေသည်ကိုမြင်ပါသည်။ မြတ်စွာဘုရားဥပမာပေးသည်ကိုကြည့်ပါ ရေမှာရှိနေသော
ကြာသည်ရေနှင့်မရောသလို လောက၌ဉာဏ်ရှိပြီးဘုရားဖြစ်လာသောငါဘုရားသည်လည်း အများနှင့်မရောပါ။ အသိအမြင်အနံ့မ
ရောပါ အားလုံးသီးခြားဖြစ်သည်။ ဘုရား၏တပည့်သားကိုလည်းထိုကဲသို့သင်ပါသည် တကာတကာမတို့သည်မိမိတို့ကိုယ်တိုင်တတ်
အောင်သင်လျှင် အများနှင့်မရောသီးခြားဖြစ်နေပါလိမ့်မယ်။ အခြားဟာကိုထားပါ အလှူပေးသူနှင့်အလှူမပေးသူမတူလူအလယ်မှာ
ခြားနေပါသည် သီလရှိသူနှင့်သီလမရှိသူလူအလယ်မှာခြားနေပါသည်၊ သာမန်လောက်ကလေးမှာခြားနေလျှင် အသိနှင့်ဆိုပိုပြီးခြား
နားသွားပါသည်၊ ကြည့်လျှင်တော့တူနေသလိုမြင်ပြီး အသိမှာခြားနေပါသည်၊ မြတ်စွာဘုရားသည် မြင်မှုကြားမှုတို့၌ငြိကပ်မှုမရှိပါ။
     သဠာယတန၌အာယတနခြောက်ပါးသည် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ဖြစ်ပါသည်။ ပါဠိအားဖြင့်စက္ခာယတန သော
တာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနတို့ဖြစ်သည်။ ပါဠိအသံဖြင့်ဟောကြပြောကြသောအခါ သူငါတို့
၏နားမှာတရားဟောနေသည်တော့ကြားပါသည် တရားကိုမမြင်ပါ၊ စိတ်၌လည်းတရားဟောနေသည်လို့သိပါသည် တရားကိုမမြင်ပါ ယခုတရားကိုမြင်အောင်ပြောနေပါသည်။ သဠာယတနသမှာ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယ တန မနာယတနတိုသည် ကိုယ်ခန္ဓာကိုပြောခြင်းဖြစ်သည်။ မျက်စေ့ဤခန္ဓာမှာရှိပါသည် နားဤခန္ဓာနှာရှိပါသည် နှာခေါင်းလျှာကိုယ်
စိတ် ဤခန္ဓာမှာရှိပါသည်၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ကိုပယ်လိုက်လျှင် ဤခန္ဓာ၌တခုမှမကျံပါ။ စက္ခာယတန သောတာ တနယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနတို့ကိုကြားနေသောအခါ တရားဟောနေသည်သိသောအသိနှင့်
ကိုယ်ခန္ဓာပေါ်၌ဤတရားကိုသိသောအသိသည်မတူပါ၊ ဤအသိသည်တရားကိုမြင်နေသည် ထိုအသိသည်တရားကိုနားထောင်နေ
သည်၊ တရားကိုနားထောင်သောအသိသည် သဒ္ဓါဖြစ်ပါသည်။ သဠာယတနဆိုသည်နှင့် ခန္ဓာကိုယ်ကိုစိုက်ကြည့်လိုက်လျှင်ဤခန္ဓာပါ၊
ဤခန္ဓာသည် လူလားတရားမေလျှင်တရားပါ။ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ် ဤအာယာတနခြောက်ပါးကိုလူခေါ်ပါသည်၊ ခွေး၌
လည်းမျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ကို ခွေးခေါ်နေခြင်းပါ။ အခေါ်အမည်သာကွဲပြီး ရှိနေမှုသည်တူကြပါသည်၊ ထိုတူသောရှိနေ
မှုသည် တရားဖြစ်သည်။ အခေါ်အပြောမှာတော့ခွဲပြီးခေါ်ပြောရသည် ထိုမှသာနားလည်ပါလိမ့မယ် သဘောမှာတော့တူပါသည်။မျက်
စေ့ရှိသောသူသည် အမြင်ကိုကျေးဇူးပြုပါသည် စက္ခုသမ္ဖသ၊ နားရှိသောသူသည် အကြားကိုကျေးဇူးပြုသည် သောတသမ္ဖသ၊ အမြင်
အကြားကိုကျေးဇူးပြုနေမှုသည်လူမှာသာမဟုတ် ခွေးဝက်ကြက်စသည်တို့၌လည်း အမြင်အကြားကိုကျေးဇူးပြုနေပါသည်။ ယင်း
ကြောင့် ငါသူလူနတ်ဗြဟ္မာပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါ မျက်စေ့ရှိလျှင်အမြင်ကိုကျေးဇူးပြုမှာပါ။ အသက်ရှိလို့မြင်သည်ပြောသောစကား
သည် သမုတိသစ္စာဖြစ်ပါသည် တစ်ယောက်နှင့်တစ်ယောက်နားလည်အောင်ပြောခြင်းဖြစ်သည်၊ အမှန်မှာ အသက်ရှိလို့မြင်သည်မ
ဟုတ် မျက်စေ့ရှိသည်ဖြစ်၍မြင်သည်။ စာကိုမတောက်တခေါက်လောက်တတ်တဲ့သူသည်ပြောလိမ့်မယ် သေသောသူမှာမျက်စေ့ရှိ
သည် ထိုသေသူသည်မမြင် ဤမမြင်ခြင်းသည်အသက်မရှိလို့ဖြစ်သည်။ ဤစကားသည်နားမလည်လို့ပြောခြင်းဖြစ်သည်၊ သေသူမှာ
မျက်စေ့မရှိပါ မျက်လုံးသာရှိပါသည်၊ သေသူမှာအကြည်ရုပ်မရှိပါ အကြည်ရုပ်မရှိသည်ကိုမျက်စေ့မရှိခေါ်ပါသည်။ မျက်လုံးသည်ကိုယ်
ရုပ် ကာယပသဒရုပ် မျက်စေ့သည်စက္ခုပသဒရုပ်၊ မျက်လုံးအလယ်တည့်တည့်မှာအကြည်ရုပ်ကို မျက်စေ့ခေါ်ပါသည်။ သေသူ၌ထိုအ
ကြည်ရုပ်သည် ပျောက်သွားပျက်စီးသွားပါသည်၊ နား၌လည်းထို့အတူပါ ထိုပသဒရုပ်များမရှိလို့ သေနေရခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ
မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်လို့ခေါ်သည့်အာယာတနခြောက်ပါးရှိလျှင် မြင်ရကြားရသည်ကိုကျေးဇူးပြုပါသည်၊ ကျေးဇူးပြုမှုသည်
သေအောင်ထိကျေးဇုးပြုပါသည်။ သေအောင်ထိဆိုလျှင် ဤမျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ရှိခြင်းသည် တကာတကာမတို့အ
တွက် ကောင်းအောင်ချမ်းသာအောင်ကျေးဇူးမြ့ပုဘဲ သေအောင်ကျေးဇူးပြုပါသည်။ ထိုကြောင့် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်
သည် အသေကိုကျေးဇူးပြုသည်ဖြစ်၍ အကြောင်းမှန်သမုဒယသစ္စာ ဆင်းရဲကြောင်း၊ သေသည်ကအကျိုးမှန်ဒုက္ခသစ္စာ ဆင်းရဲအမှန်။
ဤခန္ဓာမှာ သေကြောင်းနှင့်သေရကျိုးသာရှိသည်၊ စာစကားနှင့်ပြောလျှင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာသာရှိသည် နောက်တခြားမရှိ
ပါ။ ယခုအချိန်စေ့ပြီဖြစ်လို့ တရားထိုင်ကြရအောင်။