စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၅ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီအချိန် ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်ဆယ့်နှစ်ပါး (အ၀ိဇ္ဇာ- သင်္ခါရ)
ယခုပဋိစ္စသမုပ္ပါဒ်တရားကို လေ့လာအားထုတ်နေကြသော တကာတကာမတို့သည် ပုံမှန်သွားနေကျ ရက်အတိုင်းဆိုလျှင် လုပ်ကိုင်သွားလာ
စားသောက်ပြီး တစ်ရက်ကို ကုန်ဆုံးကြပါသည်။ ကုန်နေကျရက်အထဲမှာ ယနေ့သည် ပဋိစ္စသမုပ္ပါဒ်တရားကို လေ့လာလိုက်စားပြီး သံသရာကြီး
၌ ဘ၀ကောင်းကျိုးပေးရန်အတွက် ဆက်နေမှုကိုဖြတ်သော သံသရာဖြတ်လမ်းအလုပ် ပေါ်သွားပါသည်၊ ထိုအလုပ်သဘောသည် အများအပြော နဲ့ပြောလျှင် ပါရမီဖြစ်သွားပါသည်၊ ကိုယ့်အတွက် လမ်းပွင့်သွားပါသည်။
အားလုံးသူ တရိုတသေ စိတ်တ၀င်တစားနဲ့ ရရှိသောအချိန်မှာ လေ့လာကြပါ၊ ဘုရားပွင့်မှသာ ရရှိသောအရာမျိုးငါးပါးကို ဘုရားဟောထား
သည်ကို အားလုံးကြားဖူးကြပါလိမ့်မယ်။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ၊ ဘုရားဖြစ်ရန် ခဲယဉ်းသည်။ မနုသ၁တ္တဘာဝေါ ဒုလ္လဘော၊ လူဖြစ်ရန် ခဲယဉ်းသည်။ ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော၊ ရဟန်းဖြစ်ရန် ခဲယဉ်းသည်။ သဒ္ဓမ္မသ၀နံ အတိဒုလ္လဘံ၊ သူတော်ကောင်းတရားကို နာရဖို့ရန် ခဲယဉ်း
သည်။ သူတော်ကောင်းတရားဆိုသည်မှာ ဘုရားသူတော်ကောင်းများတရားကို နာရဖို့ရန် ခဲယဉ်းသည်ကို နားလည်ယူရပါမယ်။
သာသနာပအခါ၌ ဘုရားအလောင်း ဝေလာမပုဏ္ဏား ၀ိဓူရအမတ် ဝေသ၁န္တရာမင်းစသည်တို့၏ တရားကိုနာနေရသည်၊ ဇနသန္ဓဇာတ်၌
လောကတိုးတက် ကြီးပွားကြောင်းတရား ဆယ်ပါးဟောထားသည်၊ နောင်တတရား ဆယ်ပါးလို့လည်းခေါ်ပါသည်။ နောင်တမရအောင် ဆယ်ပါး
ဟောထားသောတရားသည်လည်း သူတော်ကောင်းတရားဖြစ်ပါသည်၊ သို့သော်လည်း သဒ္ဓမ္မသ၀နံ စကားသည် ထိုတရားတို့ကို ပြောသည့်စ
ကားမဟုတ်ပါ၊ ဘုရားတရားကို ပြောခြင်းဖြစ်ပါသည်။ ဘုရားသည် ကမ္ဘာတိုင်မှာမပွင့်ပါ၊ ကမ္ဘာတိုင်းမှာမပွင့်လျှင် ပွင့်သောကမ္ဘာ၌လည်း ကိုယ်နဲ့
မတွေ့လျှင် တရားကိုမနာရဖြစ်သည်၊ ယင်းကြောင့် ယခုကဲသို့ တရားနာရသောအချိန်၌ ကိုယ့်ကိုသတိထားလျက် နာယူကြပါ။
အင်္ဂါတစ်ဆယ့်နှစ်ပါး၌ မူလနှစ်ဖြာ သစ္စာနှစ်ခု လေးခုအလွှာကို ပြောခဲ့ပြီးပါပြီ၊ တရားကိုသိအောင် စက်ဝိုင်းကိုလည်းကြည့်ပါ။ လေးခုအလွှာ
၌ အတိတ်အကြောင်း တစ်နံပါတ်အကွက်နှင့် ပစ္စုပ္ပန်အကျိုး နှစ်နံပါတ်အကွက်အကြားက ထွက်လို့မရပါ၊ သူတို့က အကြောင်းမှန် အကျိုးမှန်စပ်
နေ၍ဖြစ်သည်၊ အစပ်မှန်ပြီး အကြားမရှိသည်ဖြစ်၍ ထွက်ပေါက်မရှိပါ။ ပစ္စုပ္ပန်အကြောင်း သုံးနံပါတ်အကွက်နှင့် အနာဂါတ်အကျိုး လေးနံပါတ်အ
ကွက် အကြား၌လည်း အကြောင်းအကျိုး အစပ်မှန်နေ၍ ထွက်ပေါက်မရှိပါ၊ သံသရာ၏ထွက်ပေါက်သည် ပစ္စုပ္ပန်အကျိုး နှစ်နံပါတ်အကွက်နှင့် ပ
စ္စုပ္ပန်အကြောင်း သုံးနံပါတ်အကွက် ဝေဒနာနှင့်တဏှာအကြား၌ ထွက်ပေါက်တစ်ခုသာရှိသည်။ စပ်ပုံစပ်နည်းကိုကြည့်ပါ အကျိုးသည် ရှေ့မှခံပြီး
အကြောင်းသည် နောက်မှခံ၍ စပ်နေပါသည်။ အကျိုးမှနေပြီး အကြောင်းကို ပြောင်းပြန်စပ်နေပါသည်၊ နှစ်နံပါတ်အကွက် အကျိုးသည် ယခု
လက်ရှိခန္ဓာဖြစ်ပါသည်။
လက်ရှိခန္ဓာ ယခုရနေခိုက်မှာ အကြောင်းကိုမလုပ်လျှင် အကျိုးသည် ဖြစ်ပေါ်မလာဖြစ်သည်၊ ယခုလက်ရှိခန္ဓာသည် ပစ္စုပ္ပန်အကျိုးဖြစ်သည်။ နံပါတ်နှစ်အကွက် ပစ္စုပ္ပန်အကျိုးမှ ပစ္စုပ္ပန်အကြောင်းဖြစ်သော နံပါတ်သုံးအကွက်မှ တဏှာ ဥပါဒါန် ကံကိုမလုပ်လျှင် အနာဂါတ်အကျိုးဖြစ်သော နံပါတ်လေးအကွက်မှ ဇာတိ ဇရာမရဏတို့သည် မလာဖြစ်သည်။ ထိုအခါ အကြောင်းနှင့်အကျိုးသည် သိမ်းသွားပါသည်၊ အကြောင်းသိမ်း၍ အ
ကျိုးငြိမ်းခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ မသိသူက နိဗ္ဗန်မှာ တစ်ခုမှမရှိပြောပါလိမ့်မယ်၊ နိဗ္ဗာန်မှာ ငြိမ်းအေးမှုရှိပါသည်။ ဥပမာ နေပူသောအခါ၌ သစ်ပင်ရိပ်ကိုကြည့်ပါ၊ ဤအတိုင်းကြည့်လျှင် သစ်ပင်ရိပ်၌ တစ်ခုမှမရှိမြင်သည်၊ ၀င်ကြည့်လျှင် သစ်ပင်ရိပ်၌ အအေးဓာတ်ရှိပါသည်။ သစ်ပင်ရိပ်
၌ တစ်ခုမှမရှိဆိုပြီး သစ်ပင်ရိပ်ကိုမ၀င်လျှင် အအေးဓာတ်ကိုမရပါ။ နိဗ္ဗာန်၌လည်း အေးချမ်းမှု ငြိမ်းအေးမှုရှိသည်၊ ငြိမ်းအေးနေသည်ကို ဉာဏ်မရှိ
သူသည် မသိနိုင်ဖြစ်သည်။
အကြောင်းသမုဒယနှင့် အကျိုးဒုက္ခသိမ်းခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ ထို့ကြောင့် သမုဒယနိရောဓော နိဗ္ဗာနံ၊ ဒုက္ခနိရောဓော နိဗ္ဗာနံ ဘုရားက
ဟောထားပါသည်၊ အကြောင်းငြိမ်း၍ အကျိုးသိမ်းရာ နိဗ္ဗာန်ကိုရရန်အတွက် ပစ္စုပ္ပန်ခန္ဓာဖြစ်နေခိုက်တွင် အကြောင်းကို သိမ်းဆည်းနိုင်သောအ
လုပ်ကို လုပ်ရပါလိမ့်မယ်၊ အကြောင်းကို သိမ်းဆည်းသောသဘောသည် အကြောင်းကို ဖယ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။ ပစ္စုပ္ပန်ခန္ဓာရှိနေစဉ် တွင် အကြောင်းကို ပယ်သောအလုပ်ကို လုပ်လိုလျှင် အလှုသီလ ပုတီးမေတ္တာကို စွန့်လွှတ်လိုက်ရမယ်လား ဤကဲသို့လည်းရှိတတ်သည်၊ သိမ်း
ဖို့မတတ်သည်ဖြစ်၍ လူတချို့သည် စွန့်လွှတ်လိုက်ခြင်းလည်းရှိသည်၊ ထိုသဘောသည် အကြောင်းကို သိမ်းဆည်းသောအလုပ်ကို မတတ်၍ဖြစ်
ပါသည်။
နံပါတ်နှစ်အကွက်မှ ၀ိဉာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာတို့ဖြစ်သော ပစ္စုပ္ပန်အကျိုးခန္ဓာမှနေပြီး နံပါတ်သုံးအကွက် တဏှာ ဥပါ ဒါန် ကံအကြောင်းကို မသေမီသိမ်းလိုလျှင် ကာလသည် တစ်ခုတည်းဖြစ်သည်။ ပစ္စုပ္ပန်အကျိုးသည် မိမိတို့ခန္ဓာဖြစ်သည်၊ ကိုယ့်ခန္ဓာကို စီးပြီးစိုက် ကြည့်လျှင် တနေ့မှ အေးချမ်းမှုမရှိဖြစ်သည်၊ ထိုင်ရသည် ထရသည် သွားလာရသည် လုပ်ကိုင်ရသည်၊ ထိုသဘောကို ပြောပြသူ မရှိသည့်အ တွက်ကြောင့် ဒုက္ခလို့မသိတတ်ဖြစ်သည်။ ယခုထိုင်နေကြသည် ထိုင်နေလျှင် မထဘဲနေပါလား မထ၍မရပါ ထရပါသည်၊ တဖန်သွားရပြန်သည် လုပ်ကိုင်ရပြန်သည် ဤအခြင်းအရာတို့နှင့် ကုန်ဆုံးနေရခြင်းဖြစ်သည်၊ ထိုသဘောကို မြတ်စွာဘုရားက သင်္ခါရဒုက္ခ ပြုပြင်နေရသောဒုက္ခဟော ပါသည်။
ဘုရားတရားကိုမနာဖူးလျှင် ပြုပြင်နေရသော သင်္ခါရဒုက္ခကို မိဘလည်း ပြောဖို့မတတ်ပါ၊ ဆရာသမားလည်း ပြောဖို့မတတ်ပါ၊ မပြုမပြင်ရ
သောခန္ဓာဟူ၍ သုံးဆယ့်တစ်ဘုံ၌ မရှိဖြစ်ပါသည်။ ထိုသဘောသည် သင်္ခါရဒုက္ခဖြစ်၍ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဟောထားပါသည်၊ ယခုလက်ရှိခ
န္ဓာကို ပြောခြင်းဖြစ်ပါသည်။ လက်ရှိခန္ဓာသည် ၀ိဉာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာတို့ဖြစ်သည်၊ လက်ရှိခန္ဓာ၌ သိမှု လှုပ်ရှားမှုစသည်
တို့ရှိကြသည်၊ ထိုလှုပ်ရှားမှုကို ပါဠိစကားဖြင့် သင်္ခါရဖြစ်သည်။ ထိုင်နေခြင်းမှ လုံးဝမထဘဲနေလျှင် သေပါလိမ့်မယ်၊ ထို့ကြောင့် ထိုင်ရထရသည်၊
ထိုင်ရထရသွားလာရစသည်တို့က နှိပ်စက်နေသောကြောင့် ဒုက္ခခေါ်ပါသည်။ ထိုင်ရထရစသည်ဖြင့် ပြု ပြင်နေရသည်ကို ဒုက္ခရနေသည်လို့ တစ်
ယောက်လည်း ပြောဖို့မတတ်ပါ၊ ဘုရားပွင့်လာပြီးမှ ဒုက္ခသည် သီးခြားမဟုတ် ဤခန္ဓာဖြစ်သည်ကို ဟောကြား၍သိရပါသည်။ ဤခန္ဓာကြီး
သည် ထိုင်ရသောဒုက္ခ ထရသောဒုက္ခ သွားလာရသောဒုက္ခ အိပ်ရသောဒုက္ခများရှိပါသည်၊ ဘုရားက ထိုသဘောကို ဒုက္ခဟော၏၊ မိမိတို့သည်
ကြားကြပါသည်၊ သို့သော်လည်း နားမလည်ကြပါ။ ထိုင်ရခြင်း ထရခြင်း အိပ်ရခြင်းအမှုတို့ကို လုပ်ပေးနေရသည်ပြောမှ နားလည်ကြသည်။ ထို
ထိုင်ရခြင်း ထရခြင်း အိပ်ရခြင်းတို့သည် ဤခန္ဓာကိုယ်ကို ပြု ပြင်နေရခြင်းဖြစ်ပါသည်၊ ယင်းပြု ပြင်နေရခြင်းသည် မွေးဖွားသည်မှ သေသည့်အ
ထိ ပြု ပြင်နေရပါသည်။ တဖန် ကြည့်ရသည် နားထောင်ရသည် နမ်းရှူ ရသည် စားရသည် ၀တ်ဆင်ရသည်၊ ထိုအလုံးစုံ ပစ္စုပ္ပန်အကျိုးသည် ဒုက္ခ
သစ္စာဖြစ်ပါသည်။
တရားကိုမနာဖူးသောအခါ လူအကျိုးရနေသည်သာသိပါသည်၊ ဒုက္ခဖြစ်နေသည်ကို မသိပါ၊ နတ်အကျိုး ဗြဟ္မာအကျိုးသာသိ၍ ဒုက္ခဖြစ်နေ
သည်ကို မသိကြပါ၊ သူ့လိုကိုယ့်လိုကိုမပြောနဲ့ မြေလျှိုးမိုးပျံ သူတပါးစိတ်ကိုသိသော ပုဂ္ဂိုလ်တောင်မှ ဒုက္ခရောက်နေသည်လို့မသိပါ။ ယခု ဘုရား
တရားကို ကြားနာရသောအခါ ဒုက္ခဟူ၍သိပါပြီ။ ထို့ကြောင့် နံပါတ်သုံးအကွက်မှ အကြောင်းမဖြစ်လိုလျှင် လက်ရှိခန္ဓာကိုယ်ကို အင်မတန်ကြီး
သော ဒုက္ခကြီးပါလား အမြဲတမ်း နှလုံးသွင်းပေးရပါမယ်၊ ထိုင်ထစသည်တို့ကို ဒုက္ခဖြစ်နေသည်သိပေးလျှင် ဒုက္ခကို မသိတတ်မှုသည်မရှိပါ။ ရှေ့
က မွေးဖွားသည်မှ သေသည့်အထိသည် လူဖြစ်နေသည်၊ လူဖြစ်နေလျှင် မသေမချင်း စားရသည် သွားလာနေထိုင်ရသည်စသည်ဖြင့် သိလာခဲ့ပါ
သည်၊ ထိုအသိသည် ဤခန္ဓာကိုယ်အား ဖုံးကွယ်ပစ်လိုက်ပါသည်၊ ဒုက္ခသိသောဉာဏ်ကို ဆွဲထုတ်ပစ်လိုက်ပါသည်။ သိတတ်သောသူ ပြော
တတ်သောသူကိုလည်း ရှာမရလိုက်ဖြစ်သည်။ ဤခန္ဓာကိုယ်ကို ဒုက္ခသိဖန်များလျှင် ယခုလိုခန္ဓာမျိုးကို ရလိုချင်သောစိတ်သည် နည်းလာပါ သည်၊ နည်းလာရခြင်းသည် ဒုက္ခကိုသိ၍ဖြစ်ပါသည်။ ရလိုချင်မှုသည် တဏှာဖြစ်သည်၊ ဒုက္ခမှန်းသိ၍ ရလိုချင်သောတဏှာသည် နည်းလာပါ သည်။
ပါဠိဖြင့် ဒုက္ခေ ဉာဏံ၊ ဒုက္ခေ၊ ဒုက္ခကို။ ဉာဏံ၊ သိခြင်း။ ဒုက္ခကို သိနေသောအသိဝင်လျှင် မသိတတ်သော အ၀ိဇ္ဇာသည် ပျောက်သွားပါသည်၊
ဆုတောင်း၍ပျောက်သည်မဟုတ်ဘဲ အသိကြောင့် ပျောက်သွားပါသည်။ အမှောင်ထဲ၌ မီးထွန်းသလို သိဉာဏ်ဟူသောအလင်းရောင် မီးထွန်း
လိုက်လျှင် အမှောင်ဟူသော အ၀ိဇ္ဇာပျောက်သွားပါသည်၊ ဤခန္ဓာ၌ အ၀ိဇ္ဇာပျောက်လျှင် အ၀ိဇ္ဇာနှင့်တဏှာအရင်းခံ၍ မလာနိုင်ဖြစ်သည်။ အလှု
ပေး သီလဆောက်တည်၍ အ၀ိဇ္ဇာပျောက်သည်မဟုတ်ပါ၊ ပုတီးစိပ် မေတ္တာပို့၍ အ၀ိဇ္ဖာပျောက်သည်မဟုတ်ပါ၊ တန်းခိုးဣဒ္ဓိပါဒ်ရပြီး မြေကိုငုပ်
လျှိုး မိုးပေါ်ပျံ၍ အ၀ိဇ္ဇာပျောက်သည်မဟုတ်ပါ၊ ဒုက္ခကိုသိ၍ အ၀ိဇ္ဇာပျောက်သွားပါသည်။ မြေကိုငုပ်လျှိုး မိုးပေါ်ပျံမှုအားလုံးသည် ဒုက္ခဖြစ်သည်။
ဒုက္ခတစ်လုံးကိုသိလျှင် ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန်နှင့် နိဗ္ဗာန်ရောက်ရန်အတွ
က် လမ်းသည် တစ်လမ်းတည်းဖြစ်သည်။ ထိုတစ်လမ်းကို မကြားဖူးလျှင် ခက်ပါသည်၊ ဘုရားပွင့်ပြီး ဘုရားတရားကို ကြားဖူးလျှင် မခက်ပါ။ ယခု ဘုရားတရားကို မကြားဖူး၍ မသိမဖြစ်ပါစေနှင့်၊ ဘုရားတရားကိုမကြားဖူးဘဲ သေသွားကြသောသူများ အများကြီးရှိပါသည်။ ကိုယ့်တစ်ယောက်
တည်းသော ခန္ဓာကိုကြည့်ပါ ဟိုအိမ်ဒီအိမ်မကြည့်ပါနဲ့၊ ကိုယ့်ဘ၀သည် အရေးအကြီးဆုံးဖြစ်ပါသည်။ ကိုယ်လွတ်မြောက်ရန်အတွက် ကိုယ်
က ရှေ့ဦးစွာသိရပါမယ်၊ ဘုရားတရားကိုကြားဖူးလျှင် လွတ်မြောက်သောလမ်းကိုသိ၍ ကိုယ့်အတွက် အလုပ်လုပ်၍ရပါပြီ။ အကျိုးဖြစ်သော ခန္ဓာငါးပါးကို အမှန်မသိ၍ အကြောင်းဖြစ်သော တဏှာ ဥပါဒါန် ကံ ထွက်နေရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ခန္ဓာကိုခင်နေမှုသည် အမှန်မသိ၍
ခင်နေခြင်းဖြစ်သည်၊ စာစကားနှင့်ပြောလျှင် ငါ,ငါ့ဟာဖြစ်နေပါသည်။ စိတ်ထဲ၌ ငါ,ငါ့ဟာချည်း ဖြစ်နေခြင်းသည် လက်ရှိခန္ဓာ၏ သင်္ခါရဒုက္ခကို အ
မှန်မသိ၍ဖြစ်ပါသည်။
သင်္ခါရပါဠိစကားကို အသေအချာနားမလည်ဘဲ ထိုလူတစ်ယောက်သေပြန်ပြီ သင်္ခါရ၊ ဤလူတစ်ယောက်သေပြန်ပြီ သင်္ခါရစသည်ဖြင့် ယမ်း
သန်းပြီးပြောကြသည်၊ သင်္ခါရ၏အဓိပ္ပါယ်သည် ယခုလုပ်နေရသည်ကို သင်္ခါရခေါ်ပါသည်။ သာမညဒုက္ခမဟုတ်ပါ ရိုးရိုးကြည့်လျှင် ဒုက္ခသိဖို့ခက်
ပါသည်၊ စားရန်အတွက် လုပ်နေရသည်ကို ဒုက္ခသိဖို့ရန်ခက်သည်၊ ထိုလုပ်နေရမှုသည် ပြု ပြင်နေရသော သင်္ခါရဒုက္ခဖြစ်ပါသည်။ တနင်္ဂနွေတစ်
ရက်လည်း ဤခန္ဓာကိုဘဲ ပြု ပြင်နေရသည်၊ တနင်္လာတစ်ရက်လည်း ဤခန္ဓာကိုဘဲ ပြု ပြင်နေရသည်၊ အင်္ဂါတစ်ရက်လာလည်း ဤခန္ဓာကိုပြု ပြင်
ယင်းနဲ့ အသက်ကြီးလာပြီး သေအောင်ထိ ပြု ပြင်လာရသည်။ ခန္ဓာကိုယ်ကို ပြု ပြင်မှုမှ နောက်တခြားမရှိပါ၊ ထိုသဘောသည် သင်္ခါရဒုက္ခဖြစ်ပါ
သည်။ ဒုက္ခအစစ်လို့ နားလည်ပေပါ၊ စားစရာမရှိ နေစရာမရှိ ဝတ်စရာမရှိခြင်းသည် ဒုက္ခအစစ်မဟုတ်ပါ၊ စားစရာမရှိစသည်ကို အားလုံးသူသိ
သော ဒုက္ခသာဖြစ်၍ ဒုက္ခအစစ်မဟုတ်ပါ၊ ဒုက္ခအစစ်သည် ပြု ပြင်ရမှုဖြစ်ပါသည်။ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အ
တ္တာ၊ ထိုပြု ပြင်မှုသဘောသည် ကိုယ့်အလိုကျ တစ်ခါမှလေ့မကျပါ၊ ထိုသဘောသည် အနတ္တဖြစ်ပါသည်။
ခန္ဓာကြီးကို ဒုက္ခသိပေးရမယ်ဟု ကြား၍သိလျှင် သတိရတိုင်း သိပေးရန်လိုသည်၊ ကိုယ်ကသတိမရ၍ တရားကို မေ့သွားခြင်းသာဖြစ်သည်။
ဘုရားတရားကို ကြားတတ်သွားလျှင် သိပေးရန် ခက်သည်မဟုတ်ပါ၊ သိသောအသိကို ပွါးများသောအခါ ကိုယ်သည် အလေ့အကျင့်မရှိ၍သာ ခ
က်ခဲ့ပါသည်။ အလေ့အကျင့် ရှိလာပြီးဖြစ်လျှင် အသိသည် ပွါးသွားပါသည်၊ အသိပွါးလာလျှင် ဉာဏ်တက်လာပါသည်။ ထို့ကြောင့် အကြောင်း
ကိုသိမ်းလိုလျှင် သို့မဟုတ် ဖယ်ပစ်လိုက်လိုလျှင် ပစ္စုပ္ပန်ခန္ဓာကိုယ်ကို ဒုက္ခမြင်အောင်ကြည့်ပါ၊ ထိုင်ရ ထရ သွားလာရ စားသေက်ရ လုပ်ကိုင်ရ
အားလုံးတို့သည် ဒုက္ခဖြစ်ပါသည်။ ထိုင်ကြည့်ပါ ထိုင်လျှင် ခဏနေ ညောင်းလာသည်၊ မညောင်းပါနဲ့ တား၍မရဖြစ်သည်၊ ထိုသဘေသည် ခန္ဓာမှ
နှိပ်စက်ထားသည်။ ထိုအခါ ထိုင်နေသည်မှထ၍ ရပ်ပေးရသည်၊ ထရပ်ပြီးနေပြန်လျှင်လည်း ခဏနေလျှင် ရပ်နေမှုသည် ညောင်းလာသည်၊ ထို
သဘောတို့သည် ခန္ဓာမှပေးသော ဒုက္ခဖြစ်ပါသည်။ ထိုဒုက္ခသည် ခလေးအရွယ်ကိုလည်းပေးသည်၊ အသက်ရှစ်ဆယ်ရှိသော လူကြီးအရွယ်ကို
လည်းပေးသည်၊ ဂုဏ်ပါဝါ သြဇာအာဏာရှိသော သူကိုလည်းပေးသည်၊ တစ်ယောက်မှ မလွတ်ဖြစ်သည်၊ ဘုရားသည် ဤသဘောတရားတို့ကို
သိ၍ ဘုရားဖြစ်ပါသည်။ ဤခန္ဓာသာမဟုတ် ကျေးငှက် ကြက်ဝက် တိရစ္ဆာန်ခန္ဓာတို့သည်လည်း ထို့အတူ ဤအတိုင်းဖြစ်သည်၊ နတ်ဗြဟ္မာ ငရဲ
တိရစ္ဆာန်တို့သည်လည်း ဤအတိုင်းဖြစ်ပါသည်။ ဒုက္ခကို မခံလိုသော်လည်း ကံကောင်းလျက် ဒုက္ခဖြစ်နေရခြင်းသည် ဤခန္ဓာကြီး ရှိနေသည်
ဖြစ်၍ ဤခန္ဓာကြီးသည် အင်မတန်ကြီးသောဒုက္ခပါလား မြင်တတ်ရပါမယ်။
မြင်တတ်သောအသိပေါ်လျှင် ဉာဏ်ကိုပွားပေးရပါမယ်၊ ဉာဏ်ကိုပွားလျှင် အရှုခံကဒုက္ခ ကိုယ်သိသော သိဉာဏ်ကမဂ္ဂ သေသည်ကသမုဒ
ယ လမ်းမှန်ရသွားပါသည်။ သေသည်ဆိုရာ၌ ခန္ဓာကိုယ်ကိုခင်သောစိတ် တွယ်တာသောစိတ်များသည် တဖြည်းဖြည်း ပျောက်,ပျောက်,ပျောက်
သွားပါသည်၊ ထိုသဘောကို သမုဒယသေသည်ခေါ်ပါသည်။ နံပါတ်နှစ်အကွက်မှ သမုဒယသေလျှင် နံပါတ်သုံးအကွက်မှ ဇာတိ ဇရာမရဏ
နောက်ခန္ဓာမလာတောပါ၊ နောက်ခန္ဓာမလာသည်က နိရောဓဖြစ်ပါသည်။
လောကစကားနှင့် နားလည်အောင်ပြောလျှင် သားတစ်ယောက်တည်းသာရှိသော မိခင်သည် တစ်ယောက်တည်းသောသားကို သားအလို
ကိုလိုက်လျက် သားတောင်းသည့်အတိုင်းပေးသည်၊ သားသည် ကြီးလာသောအခါ အလိုလိုက်ခဲ့သည်အတွက် မိဘစကားကိုမနာယူဘဲ မိဘကို
နှိပ်စက်လျက် ထင်သလိုသာလုပ်လာသည်၊ သား၏အလိုကိုလိုက်၍ ပေးလာမှုကြောင့် မိဘတို့၌ ဥစ္စာအစီးအပွားသည်လည်း ကုန်ဆုံးပျက်စီး
သွားသည်ဖြစ်၍ မိဘတို့သည် ဆင်းရဲဒုက္ခသို့ ရောက်သွားခဲ့သည်။ မိဘတို့သည် ဆင်းရဲဒုက္ခသို့ ရောက်၍နေရသည်ကို ဆင်ခြင်ကြည့်သော် သားကြောင့် ဒုက္ခဖြစ်ရသည်ကို သိမြင်လေသည်၊ သားကြောင့်သိသောအခါ၌ တစ်ယောက်ယောက်သောသူက သားသည် ဤကဲဤကဲသို့ဖြစ်
နေသည်ဟု မိဘတို့ကိုလာပြောလျှင် ထိုမိဘသည် သားအကြောင်းကို ငါတို့ကိုလာမပြောနဲ့ ပြောလာသူအား ပြန်ပြောလိုက်သည်။ အကြောင်း
က သားသည် မိဘကိုဒုက္ခပေးသည်ဖြစ်၍ သားအကြောင်းကို မကြားလိုမမြင်လိုဖြစ်ပြီး သားကို ညီးငွေ့နေပြီးဖြသည်။
ထို့အတူ မိမိတို့ခန္ဓာသည်လည်း သားနှင့်အလားသဏ္ဌာန်တူပါသည်၊ ခန္ဓာမှ သူလိုသောအ၀တ်ကို ၀တ်ဆင်ပေးရသည်၊ သူလိုသော အစား
အစာဆိုလျှင် ညဥ့်ကာလမှာလည်း ထစားပေးရသည်၊ ထိုအစားအစာလို ဤအစားအစာလိုလည်း ရှာပေးရပါသည်။ တစ်ခါတလေ ရှာ၍မရလျှင်
ခိုးကျွေးပေးရသည်၊ ခိုးကျွေးပေးသော်လည်း ဤခန္ဓာကိုယ်သည် ကိုယ့်အလိုသို့ မပါဖြစ်ပါသည်။ အဖျားတက်၍ လဲနေပြန်ပြီ၊ ၀မ်းသွားနေပြန်ပြီစ
သည်ဖြင့် ဤခန္ဓာကိုယ်သည် ကိုယ့်အလိုသို့မလိုက်ပါ။ ဤခန္ဓာကိုယ်သည် အမြဲတမ်း နှိပ်စက်နေမှုကိုသိသောအခါ ခန္ဓာကိုယ်ကို တွယ်တာမှု
ချစ်ခင်မှုတို့သည် တဖြည်းတဖြည်း စိတ်၌ပျောက်လာသည်၊ ခန္ဓာမှနှိပ်စက်သော အပြစ်ဒုက္ခကိုမြင်၍ ခင်တွယ်မှု ပျောက်လာခြင်းဖြစ်ပါသည်။ တ
မင်တကာ အပြစ်ကိုရှာပြီး ကြည့်ခြင်းမဟုတ်ဘဲ အရှိကိုအရှိအတိုင်း ကြည့်ခြင်းဖြစ်ပါသည်။
သားသည် သက်သက် ငါ့ကို အပြစ်ချည်းမြင်နေသည်ဟု မိဘကိုပြောလိမ့်မယ်၊ သက်သက် အပြစ်မြင်သည်မဟုတ်ပါ၊ မိဘသည် သားနှိပ်
စက်ခံရမှုများပြီဖြစ်၍ သူ့မှာရှိသောအပြစ်ကို မြင်အောင်ကြည့်ခြင်းဖြစ်သည်။ အပြစ်ကိုမြင်လျှင် သားကိုညီးငွေ့လာသည်၊ သားဆိုးနှင့် ဘယ်ပုံ
ဘယ်နည်းဖြင့် ခွဲရမယ်ကို စိတ်ထဲ၌ အမြဲတွေးနေသည်၊ သားဆိုးကိုမြင်လျှင် မကြည့်လိုသည်ဖြစ်၍ မျက်နှာကို တဘက်သို့လှည့်ထားသည်၊ သားဆိုနှင့်ခွဲရအောင် အမြဲစိတ်ကူးလာပါသည်။ ဤအတူ သားဆိုးနှင့်တူသော ဤခန္ဓာကိုယ်ကို ဒုက္ခသိဖန်များလာလျှင် နံပါတ်သုံးအကွက်မှ
တွယ်တာသောစိတ် တဏှာမလာဖြစ်ပါသည်။ ထို့ကြောင့် နံပါတ်သုံးအကွက်မှ အကြောင်းကိုသိမ်းလိုလျှင် ခန္ဓာ၏သဘောကိုသိရပါမယ်။ စာနှင့်
ပြောလျှင် အာဒီန၀ါနုပသ၁ိနော ၀ိဟရတော တဏှာ နိရုဇ္ဈတိ၊ ဘုရားစကားကို မကြားဖူးလျှင် လုပ်နည်းကိုင်နည်းကို မရနိုင်ဖြစ်သည်၊ ဘုရားစ ကားက အပြစ်မြင်မှ သူ့ကိုဖယ်၍ရသည်၊ အပြစ်မမြင်လျှင် ဖယ်၍မရဖြစ်ပါသည်။ အပြစ်မြင်သည်ဆိုရာ၌လည်း ရှိသောအပြစ်ကို မြင်အောင် ကြည့်တတ်ရပါမယ်၊ ကိုယ်က တမင်တကာ အပြစ်လုပ်ပြီး ကြည့်သည်မဟုတ်ဘဲ ခန္ဓာမှာရှိသောအပြစ်ကို အရှိအတိုင်း ကြည့်တတ်ရပါမယ်၊ ကြည့်တတ်လျှင် အကြောင်းကိုသိမ်းနိုင်သော ထွက်ပေါက်ကိုမြင်ပါသည်။
ရှေ့ကိုတစ်ခါတက်ပါမယ်၊ မူလနှစ်ဖြာ သစ္စာနှစ်ခု လေးခုအလွှာပြီးလျှင် စာအတိုင်း အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များနှင့်၊ ပါဠိကိုရေးထား
သောလင်္ကာ၌ အင်္ဂါတစ်ဆယ့်နှစ်ပါးကို ရေတွက်ရအောင်၊ ၁၊ အ၀ိဇ္ဇာ၊ ၂၊ သင်္ခါရ၊ ၃၊ ၀ိဉာဏ်၊ ၄၊ နာမ်ရုပ်၊ ၅၊ သဠာယတန၊ ၆၊ ဖသ၁၊ ၇၊ ဝေဒနာ
၊ ၈၊ တဏှာ၊ ၉၊ ဥပါဒါန်၊ ၁၀၊ ကမ္မဘ၀၊ ၁၁၊ ဇာတိ၊ ၁၂၊ ဇရာ မရဏ တစ်ဆယ့်နှစ်ပါးဖြစ်သည်။ အင်္ဂါတစ်ဆယ့်နှစ်ပါးကို စာဖြင့်ရေးထားသော်
လည်း တခြားမထင်ပါနဲ့ ကိုယ့်ခန္ဓာဖြစ်ပါသည်။ ဘုရားက ကိုယ့်ခန္ဓာမှာ အင်္ဂါတစ်ဆယ့်နှစ်ရပ်ရှိသည်ကို အသေးစိတ် ရေတွက်ပြထားပါသည်၊
ဤအင်္ဂါရပ် တစ်တယ့်နှစ်ပါးရှိသည်အတွက်ကြောင့် ခန္ဓာခေါ်ရမှုဖြစ်လာသည်။ ဥပမာ အိမ်,ကျောင်း အဆောက်အအုံတို့၌ တိုင်,ပုံးယား,ပုံးဖီစ
သည်တို့ရှိကြသည်၊ ထိုပုံးယား ပုံးဖီစသည်တို့ကို အချိုးကျတစ်ခုစီ ဆက်စပ်လိုက်လျှင် အဆောက်အအုံတစ်ခုဖြစ်လာသည်။ မြေမှာချပြီး တိုင်စ
သည်တို့ကို စုပုံထားလိုက်လျှင် သစ်ပုံခေါ်ပါမယ်၊ ထိုသစ်ဝါးတို့ကို အချိုးကျသူ့နေရာနှင့်သူ တည်ဆောက်လိုက်သောအခါ အိမ်,ကျောင်း အဆော
က်အအုံတစ်ခုဖြစ်လာသည်၊ နဂိုမူလသည် အိမ်ကျောင်းမရှိ သစ်ဝါးတို့သာရှိပါသည်။ ပင်ရင်းရှိသည်က သစ်ဝါးတို့သာရှိပြီး ထိုသစ်ဝါးတို့ကို သူ့
နေရာနှင့်သူ တည်ဆောက်သောအခါ အိမ်ကျောင်းခေါ်သော အဆောက်အအုံဖြစ်ပေါ်လာပါသည်။ ယခုလည်း ထို့အတူ ဤခန္ဓာ၌ လူ ပုဂ္ဂိုလ်သ
တ္တ၀ါမရှိပါ၊ သစ်ဝါးနှင့်တူသော အ၀ိဇ္ဇာအစ ဇရာ မရဏအဆုံး ဤတစ်ဆယ့်နှစ်မျိုးတို့သာ ဤခန္ဓာ၌ရှိပါသည်။
ဤခန္ဓာ၌ မသိမှုရှိသည်၊ ပြု ပြင်မှုရှိသည်၊ သိတတ်မှတ်တတ်မှုရှိသည်၊ စိတ်ရှိသည်၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ရှိသည်၊ လိုချင်မှုရှိ
သည်၊ စွဲလမ်းမှုရှိသည်၊ အလုပ်လုပ်မှုရှိသည်၊ ဖြစ်ပေါ်မှုရှိသည်၊ နောက်ဆုံး သေရပျက်စီးရမှုရှိပါသည်၊ ဤသဘောတို့သည် ခန္ဓာ၌ရှိနေကြပါသ
ည်။ အရင်းနှင့်အဖျားကို ယူပြောလျှင် မသိမှုနှင့် သေရပျက်စီးရမှုရှိသည်၊ မသိမှုနှင့်ပြု ပြင်ခြင်းတို့သည် နောက်ဆုံး သေဖို့အတွက်ဖြစ်သည့် အဓိ
ပ္ပါယ်ဆောင်သည်။
ပစ္စုပ္ပန်ခန္ဓာ၌ မွေးဖွားသည့်လောက်ကပင် သစ္စာကိုမသိဘဲ စားဖို့ သောက်ဖို့ နေဖို့ ၀တ်ဖို့ပြု ပြင်လာခြင်းသည် ဇရာ မရဏခေါ်သော သေ
အောင်ထိဖြစ်သည်။ ဤအင်္ဂါတစ်ဆယ့်နှစ်ပါးကို တရားကိုယ်မကောက်တတ်၍ ခန္ဓာကိုယ်ကို လူကိုယ်ကောက်နေကြသည်၊ ဤခန္ဓာကိုယ်ကို တရားလို့မသိ၍ လူနတ်ဗြဟ္မာ ငရဲတိရစ္ဆာန် ပြိတ္တာအသူရကာယ်သိနေကြသည်။ ကိုယ်သိသလို သူ့ကိုမေးကြည့်သော်လည်း သူလည်း ဤပုံစံ
သိပါသည်၊ ဘွဲ့ဒီဂရီရသော မူလတန်း အလယ်တန်း အထက်တန်းစာပြ ဆရာဆရာမတို့သည်လည်း ဤပုံစံသာသိပါသည်။ တရားကိုမသိ၍ လူ
နတ်ဗြဟ္မာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သိသော အသိသည် မှားနေသည့်အတွက် ထိုအသိနောက်မှ လူနတ်ဗြဟ္မာကို လိုချင်သောအသိစိ
တ် လိုက်လာပါသည်။ ခန္ဓာဉာဏ်ရောက်မှုတရားဖြစ်၍ ကိုယ့်ကိုစီးပြီး ဉာဏ်နှင့်ကြည့်ပါ၊ လူနတ်ဗြဟ္မာသိသည်နှင့် လိုချင်သောစိတ်သည် နော
က်မှလိုက်လာသည်၊ ထိုအသိသည် အသိမှားဖြစ်ပါသည်။
လိုချင်သောစိတ်သည် လောဘဖြစ်သည်။ လောဘသည် အကုသိုလ်ဖြစ်သည်၊ အသိမှား၍ အကုသိုလ်စိတ်သည် ရိတ်ခနဲပေါ်လာသည်။ င
ရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သိသည်နဲ့ မလိုချင် တိုးပစ်လိုက်သည်၊ တိုးပစ်တွန်းပစ်သောသဘောသည် ဒေါသဖြစ်သည်၊ ဒေါသအဓိပ္ပါယ်သ
ည် မကျေနပ် မကြိုက်သဘောဖြစ်သည်၊ ဒေါသည် အကုသိုလ်ဖြစ်ပါသည်။ အကုသိုလ်ပေါ်ရခြင်း အကြောင်းရင်းခံသည် ငရဲတိရစ္ဆာန်ပြိတ္တာအ
သုရကာယ် အသိမှားနေ၍ဖြစ်သည်၊ အသိမှားမှုသည် အ၀ိဇ္ဇာဖြစ်ပါသည်။ လူနတ်ဗြဟ္မာ၌ လိုချင်ခြင်း အသိမှားမှုသည်လည်း အ၀ိဇ္ဇာဖြစ်သည်။
နှစ်ခုစလုံး အမှန်မသိ အသိမှားမှုသည် အ၀ိဇ္ဇာပါ၊ အ၀ိဇ္ဇာကို အရကောက်လျှင် မောဟဖြစ်ပါသည်။
ထိုသို့ဖြစ်လျှင် လောဘ,ဒေါသ,မောဟ သုံးမျိုးထွက်လာသည်၊ လူနတ်ဗြဟ္မာသိသည်နဲ့ လူနတ်ဗြဟ္မာအသိသည် မောဟဖြစ်သည်၊ လူနတ်ဗြ
ဟ္မာကို လိုချင်ခြင်းသည် လောဘဖြစ်သည်၊ အသိမှားလျှင် လိုချင်သောစိတ်ဝင်လာသည်၊ ထိုသဘောသည် မောဟနှင့်လောဘ တွဲနေပါသည်။ စာထဲ၌မဟုတ်ဘဲ ခန္ဓာ၌ မောဟနှင့်လောဘ တွဲဖြစ်နေသည်၊ ဤမောဟလောဘသည် အသိမှား၍ဖြစ်လာပါသည်။ ဥပမာ ရွှေအတုအစစ်ကိုမ
သိသော ရွှေကိုအလွန်လိုချင်သော ပုဂ္ဂိုလ်ထံသို့ ရွှေအတုကိုပြလာသည်၊ အရောင်ကလည်းကောင်းပြီး လိုချင်သောစိတ်ရှိသည်ဖြစ်၍ ထိုရွှေအ
တုကို ၀ယ်ယူထားလိုက်သည်၊ ရွှေအတုကို ၀ယ်ယူထားလိုက်ခြင်းသည် အသိမှန်၍မဟုတ် အသိမှား၍ဖြစ်သည်။ အသိမှားလျှင် လောဘလိုက်
လာသည်၊ မောဟနှင့်လောဘသည် တွဲဖက်ဖြစ်ပါသည်။
ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်အခေါ်ကို ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ် သိနေသည်ဖြစ်လျှင် အသိနောက်က ဒေါသကပ်လိုက်လာသ
ည်၊ မောဟနှင့်ဒေါသ တွဲဖက်ဖြစ်သည်။ မောဟနှင့်လောဘ မောဟနှင့်ဒေါသ တွဲနေကြသည်၊ အစဉ်အတိုင်းပြောလျှင် လောဘ ဒေါသ မောဟ
ဖြစ်သည်။ တွဲသောအခါ မောဟ လောဘ၊ မောဟ ဒေါသဖြစ်သည်၊ စိတ်ထဲ၌ တွဲပုံတွဲနည်းဖြစ်သည်၊ ကိုယ်စိတ်ထဲ၌ ထိုကဲသို့ဖြစ်နေခြင်းသည်
တရားဖြစ်နေပါသည်။ ဘုရားပွင့်လာခြင်းသည် ဤတရားတို့ဖြစ်နေသည်ကို ဟောပြပြောပြခြင်းဖြစ်သည်။ ထိုသဘောတို့သည် လူနတ်ဗြဟ္မာ ပု
ဂ္ဂိုလ်သတ္တ၀ါမဟုတ် တရားများလည်ပြီး ဖြစ်နေကြည်၊ လောဘ ဒေါသ မောဟတရားများဝင်ရောက်ပြီး ကိုယ့်ကို ချောက်ထဲချပြီး သက်သက်ဒုက္ခ
ဖြစ်အောင် ဖိသတ်နေသည်ကို ဘုရားဖြစ်သောအခါ လောဘဖြစ်၍ ဒုက္ခဖြစ်ရောက်ရမှု ဒေါသဖြစ်၍ ဒုက္ခရောက်ရမှုတို့ကို ဟောကြားပါသည်။ ဝ
တ္ထုတစ်ခု၌ ရဟန်းတစ်ပါးသည် သင်္ကန်းတစ်ထည်၌ လောဘဖြစ်၍ သေသည်နောက်၌ သင်္ကန်း၌ သန်းကြေးလာဖြစ်သည်၊ တကာတကာမတို့၌
လည်း စီးပွါးပစ္စည်းဥစ္စာတို့ကို သိုဝှက်ထားခဲ့သည်၊ သေခါနီး သူများကိုလည်းမပြောနိုင်ဖြစ်သည်၊ ပြောပြန်လျှင်လည်း သူများသိသွားမယ်ကြော
က်သည်၊ ထိုစီးပွါးပစ္စည်းဥစ္စာကို စွဲလမ်းပြီးသေလျှင် ပစ္စည်းဥစ္စာ၏ အနီးအနား၌ စပါးကြီးမြွေဖြစ်ရပြန်ပြီ။ လောဘတို့သည် ချမ်းသာကိုမပေးပါ၊
လောဘ ဒေါသ မောဟသည် စာမှာမဟုတ် ခန္ဓာမှာဖြစ်ပါသည်။
ဤခန္ဓာ၌ရှိသော အ၀ိဇ္ဇာအစ မရဏထိ တရားကိုယ်ကိုကောက်၍ တရားကိုယ်ကိုသိလျှင် ငါ သူပြုတ်ပါသည်၊ အ၀ိဇ္ဇာ၏တရားကိုယ်သည်
မောဟဖြစ်ပါသည်။ မောဟကို သိကြပါလိမ့်မယ်၊ တစ်ယောက်နှင့်တစ်ယောက် စကားပြောကြလျှင် "မောဟကြီးသည်" ဟုပြောကြသည်၊ မော ဟကြီးသည်ဆိုသော စကားအဓိပ္ပါယ်သည် မသိတတ်မှုကိုပြောပါသည်။ အ၀ိဇ္ဇာအခေါ်ခံဖြစ်သော မောဟသည် စာအုပ်ထဲ၌ သဝေထိုးမယီးချာ
မော ဟယေဟ ထိုကဲသို့ရေးထားသော မောဟကို ပြောသည်မဟုတ်ပါ၊ ကိုယ့်ခန္ဓာ၌ရှိသော မောဟကိုဆိုလိုပါသည်။ ကိုယ့်ခန္ဓာ၌ရှိသော မော
ဟသည် ငါမဟုတ် မောဟသာဖြစ်သည်၊ မောဟကို ငါယူထား၍ ဒုက္ခရောက်နေကြရပါသည်။ တရားကိုသိလိုလျှင် မောဟလာသောအခါ မော
ဟလို့သိပေးလိုက်ပါ၊ ယင်းမောဟသည်လည်း အခါတိုင်း အချိန်တိုင်း ရောက်လာ၍ ဖြစ်သည်မဟုတ်ပါ၊ သူဖြစ်ချင်သောအခါ ဖြစ်လာပါသည်။
မောဟသဘောသည် တွေဝေသည် မိမောသည် မဆုံးဖြတ်နိုင်တို့ဖြစ်ပါသည်။ မောဟရောက်လာသောပုံစံသည် ထိုယောင်ယောင် ဤယောင်ယေင် မဆုံးဖြတ်နိုင်ဖြစ်သည်၊ တစ်ခုခုကို ဆုံးဖြတ်ချက်မချနိုင်ဘဲ တွေဝေနေမှု မိမောနေမှုတို့သည် စိတ်၌ပေါ်နေပါသည်။ သတိနှင့်
ကြည့်မှ မောဟဖြစ်နေသည်ကို သိရပါသည်၊ စာထဲ၌ရှိသောမောဟသည် အတုမောဟဖြစ်သည်။ တွေဝေသည် မိမောသည် အမှန်အတိုင်းမသိ
တတ်သော အစစ်မောဟသည် ခန္ဓာမှာရှိသည်၊ ထိုမောဟကို သိလိုသည်လျှင် ခန္ဓာမှာရှာရပါမယ်၊ တရားကိုရှာလိုလျှင် ခန္ဓာမှာရှာပါ၊ ခန္ဓာ၌ တ
ရားရှိပါသည်။
တွေဝေသည် မိမောသည် မဆုံးဖြတ်နိုင် အမှန်မသိ ဤသဘောတို့ကို မောဟခေါ်သည်။ ထို့ကြောင့် ခန္ဓာ၌ သဘောတရားသာရှိပါသည်၊ အသက်လည်းမဟုတ် သတ္တ၀ါလည်းမဟုတ် လိပ်ပြာလည်းမဟုတ်ပါ။ မောဟကို ထင်ရှားရုပ်လုံးပေါ်အောင် လုပ်သောအရာများရှိသည်၊ မောဟ
ဝင်လာပြီဖြစ်လျှင် ရှက်စိတ်ကြောက်စိတ်သည် ပျောက်သွားသည်။ ထိုအခါ မောဟသည် ရုပ်လုံးပေါ်နေပြီဖြစ်သည်၊ ရှက်မှုကြောက်မှုသည် မော
ဟ၀င်ခံရသူ၌ လုံးလုံးမရှိဖြစ်ပါသည်။
နားရှင်းအောင်ပြောရလျှင် မောဟ၀င်ရောက်သောသူသည် ရန်ဖြစ်ရန် မရှက်မကြောက်ပါ၊ သူတပါးသည် ရှက်စရာကြောက်စရာကြီး ထိုသို့
ပြောလာလျှင် ပြောသူကို ငါ့ကိုသူက မဟုတ်မဟတ်လုပ်တယ်ပြောလျက် မောဟကိုကိုင်ထားသည်၊ အရှက်အကြောက်မရှိခြင်းသည် မောဟကို
ငါယူထား၍ဖြစ်သည်။ ရှက်စိတ်ကြောက်စိတ် မရှိခြင်းသည် စိတ်ငြိမ်သက်မှုမရှိဘဲ စိတ်ပျံ့လွင့်သွားခြင်းဖြစ်သည်၊ စိတ်ပျံ့လွင့်သွားလျှင် လူပုံအ
လယ်၌ အရှက်တကွဲ အကျိုးနည်းကိုလုပ်သည်။ မောဟထွက်သွားပြီးမှ တစ်ယောက်ယောက်သည် လာပြီးပြောလာလျှင် ငါလည်းဖြစ်ချင်ရာဖြစ်
စိတ်မွန်းပြီး စိတ်လိုက်မာန်ပါပြုလိုက်တယ်။
မောဟ၀င်လျှင် သရဲတစ္ဆေ ၀င်ပူးသည်ထက်ဆိုးပါသည်၊ သရဲတစ္ဆေ၀င်ပူးလျှင် မထွက်သမျှ သရဲတစ္ဆေအဖြစ်ချည်း သက်သက်ပြောနေသည်။
ယခုလည်း ထို့အတူ မောဟ၀င်ရောက်လာလျှင် မထွက်သမျှ မောဟစကားချည်း ပြောနေသည်၊ ထိုသဘောကို ကျကျနနသိတတ်သော ဘုရား
ဆရာထံ၌ မလေ့လာလျှင် မသိနိုင်ပါ။ ယခု လေ့လာသည်ဖြစ်၍ ကျကျနနသိပြီဖြစ်ခဲ့သော် မောဟလာလျှင် တံခါးဖွင့်မပေးပါနဲ့ တံခါးကို ပိတ်ထား
လိုက်ပါ၊ တံခါးကို ပိတ်ထားခြင်းသည် သတိဖြစ်ပါသည်။ အ၀ိဇ္ဇာ၏တရားကိုယ်သည် မောဟဖြစ်ပါသည်။
အ၀ိဇ္ဇာတရားကိုယ်ပြီးလျှင် သင်္ခါရဖြစ်သည်၊ သင်္ခါရအဓိပ္ပါယ်သည် ပြု ပြင်မှုဖြစ်သည်။ ပြု ပြင်မှုကို စေတနာခေါ်ပါသည်၊ စကားအပြောမှာ"ေ
စတနာနဲ့လုပ်သည် စေတနာနဲ့လုပ်သည်" ပြောကြပါသည်၊ ပြု ပြင်မှုကို စေတနာခေါ်ပါသည်။ ယင်းစေတနာသည် သဝေထိုးစလုံးယေစေ တ၀န်းပူယေတ နငယ်ယီးချာနာ ဤကဲသို့ စာအုပ်၌ရေထားသော စေတနာကိုဆိုသည်မဟုတ်ပါ၊ အဘိဓမ္မာကျမ်းစာတို့ကိုကြည့်လျှင် စေတနာ
ရေးထားသည်ကို တွေ့ပါလိမ့်မယ်၊ အဘိဓမ္မာကျမ်းစာတို့၌ ရေးထားသောစေတနာသည် အစစ်မဟုတ် အတုဖြစ်ပါသည်၊ ခန္ဓာ၌ရှိသောစေတနာ ကို အက္ခရာနဲ့ ဖေါ်ပြခြင်းသာဖြစ်၍ အစစ်စေတနာတရားသည် ခန္ဓာမှာရှိပါသည်။ တရားကိုရှာလျှင် ခန္ဓာမှာတွေ့ပါသည်၊ စာအုပ်ကိုလှန်ဖတ်နေ
၍ တရားအစစ်ကိုမရပါ၊ စာအုပ်ကိုဖတ်ပြီးလျှင် ခန္ဓာ၌ တရားကိုရှာရပါသည်။ ခန္ဓာ၌ တရားကိုမရှာဘဲ တောထဲတောင်ထဲသွားပြီး တရားရှာ၍မရ
ပါ၊ တရားသည် ကိုယ်နဲ့ပါသွားသည်ကို သူကမသိဖြစ်နေပါသည်။
ဤခန္ဓာ၌ စေတနာသည် သက်သက်ပေါ်နေသည်၊ စေတနာပေါ်၍ ထိုင်ထသွားလာ လုပ်ကိုင်မှုတို့ဖြစ်ကြသည်၊ ဤသဘောတို့သည် စေတ
နာသတ္တိဖြစ်ပါသည်။ သင်္ခါရတရားကိုယ်ဖြစ်သော စေတနာသည် သင်္ဂြိုဟ်ကျမ်း အဘိဓမ္မာကျမ်းမှာရှိသော စေတနာမဟုတ်ပါ၊ ကိုယ့်ခန္ဓာမှာရှိ
သော စေတနာဖြစ်ပါသည်။ ယင်းစေတနာသည် ပေါ်ပြီးပျက်သွားပါသည်၊ ခုနားကမောဟလည်း ရောက်လာသည် ရောက်လာပြီး ထွက်သွားပါ
သည်၊ ထွက်သွားခြင်းသည် ပျောက်ခြင်းဖြစ်သည်။ စေတနာသည်လည်း ဖြစ်လည်းဖြစ်သည် ပျောက်လည်းပျောက်ပါသည်၊ ထိုအခါ တရားသ
ဘောသည် မြဲမနေဘဲ ဖြစ်ပြီးပျောက်သွားပါသည်။
စေတနာတစ်ခုဖြစ်၍ ပျောက်သွားပြီး နောက်စေတနာတစ်ခု အစားမ၀င်လျှင် သေပါသည်။ စေတနာဖြစ် စေတနာပျောက် စေတနာဖြစ် စေ
တနာပျောက် ဤကဲသို့ စေတနာအစားဝင်နေ၍ ယနေ့ထိ အသက်မသေဘဲ အသက်ရှင်ပြီး ရှိနေခြင်းဖြစ်ပါသည်။ စေတနာအဆက်ဆက် အစား
ဝင်နေခြင်းသဘောကို ဖြစ်ပျက်အစဉ်ကြီးခေါ်ပါသည်။ စေတနာသည် တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခုဝင်နေသည်ကို ဉာဏ်မျက်စိဖြင့် ရိတ်ခနဲမြင်
လိုက်လျှင် ဉာဏ်မျက်စိပွင့်သွားပါသည်။
အ၀ဇ္ဇာပစ္စယာ သင်္ခါရ၌ တစ်ခုနှင့်တစ်ခုမတူကြပါ၊ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ပါသည်။ သင်္ခါရပစ္စယာ ၀ိဉာဏံ၊ သင်္ခါရကြောင့် ၀ိဉာဏ်ဖြစ်
သည်။ ၀ိဉာဏ်ဖြစ်သောအခါ သင်္ခါရသည် သေသွားပြီဖြစ်သည်၊ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ဖြစ်နေမှုကို ဖြစ်ပျက်အစဉ်ကြီးခေါ်ပါသည်။ အ၀ိ
ဇ္ဇာတရားကိုယ်သည် မောဟဖြစ်သည်၊ မောဟသည် ကိုယ့်ခန္ဓာ၌ရှိပါသည်။ သင်္ခါရတရားကိုယ်သည် စေတနာဖြစ်သည်၊ စေတနာသည်လည်း
ကိုယ့်ခန္ဓာ၌ရှိပါသည်။ တရားကိုယ်သဘောသည် လူကိုယ်နတ်ကိုယ်ဗြဟ္မာကိုယ်မဟုတ် ငရဲတိရစ္ဆာန်ပြိတ္တအသူရကာယ်ကိုယ်မဟုတ် တရားကို
ယ်ဖြစ်သည်၊ တရားကိုယ်ကိုသိလျှင် တရားသဘောကို သိပါသည်။ ယခု အချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။