စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တသုဝဏ္ဏဆရာတော် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဖလောင်းချိပ်(co
x's bazar)မြို့ ဇယသုခကျောင်း၌ ၂၀၁၂ ခု မေလ ၆ ရက်နေ့
ဟောကြားအပ်သော ပဋိစ္စသမုပ္ပါဒ်အလွှာလေးပါးတရားတော်
မှကောက်နှုတ်ချက် အပိုင်း(၂)
တရားဟောနေသော ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ကာဠအမတ်သည် ဘုရားသာသနာနှင့်ကြုံပါလျက် မစ္ဆရိယစိတ်ကြောင်း တနည်းစိတ်ကောင်း
မရှိသည့်အတွက်ကြောင့် တိုင်းပြည်မှနှင်ထုပ်ခံရသည်။ထို့ကြောင့် ပစ္စုပ္ပန်၌အကျိုးရှိရန် စိတ်ကို
ကောင်းအောင်ပြု ပြင်ရ၏။စိတ်ကိုကောင်းအောင်ပြု ပြင်ခြင်းသဘောက မိမိကဒါနမလုပ်နိုင်ငြား
သော်လည်း သူတပါးဒါနလုပ်ခြင်းကိုမြင်လျှင် ၀မ်းသာရသည်၊မိမိကသီလကိုမဆောက်တည်နိုင်
သော်လည်း သူတပါးသီလဆောက်တည်ခြင်းကိုဝမ်းသာရသည်၊မိမိကသမထဘာဝနာ ၀ိပဿ
နာဘာဝနာမပွါးများနိုင်သော်လည်း သူတပါးသမထဘာဝနာ ၀ိပဿ နာဘာဝနာပွါးများနေခြင်း
ကိုဝမ်းသာရသည်။စိတ်ကောင်းထားလျှင် ကိုယ်လည်းအကျိုးရှိ၏ သူတပါးလည်းအကျိုးရှိသည်။
ကောသလမင်းကြီးသည်ဇုဏှအမတ်ကိုခေါ်စေ၍ ‘‘ဇုဏှ--သင်ဤကဲသို့ကြံစည်အပ်သည်
မှန်သလော’’ဟု မေးမြန်အပ်သော် ဇုဏှအမတ်သည်လည်း‘‘မှန်ပါသည်’’ဟု လျှောက်ဆိုအပ်ေ
လေသော် မင်းကြီးသည်‘‘သာဓု သာဓုဦးလေး၊ကျွန်ုပ်သည်ဦးလေးကိုကြည်ညို ပါ၏၊ဦးလေးသ
ည်ကျွန်ုပ်၏အခြံအရံ လူများကိုယူပြီးလျှင် ကျွန်ုပ်လှူသောနည်းအတိုင်ပင် ခုနစ်ရက်ပတ်လုံးအလှူ
ဒါနကိုပေးလှူပါလော’’ဟု ပြောဆိုကာ ဇုဏှအမတ်အားမင်းစည်းစိမ်ကိုအပ်နှင်းလေသည်။
ဇဏှအမတ်သည် စိကောင်းထားခြင်းကြောင့် ပစ္စုပ္ပန်၌အကျိုးရှိသည်၊တမလွန်၌လည်းအ
ကျိုးရှိသည်။ဇုဏှအမတ်သည် ပစ္စုပ္ပန်အကျိုးခန္ဓာကနေပြီးအကောင်းဆက်သည်။ကာဠအမတ်
က ပစ္စုပ္ပန်အကျိုးခန္ဓာကနေပြီး စိတ်ကောင်းမရှိသောကြောင့် မကောင်းဆက်သည်။အကောင်း
ဆက်လျှင် အနာဂါတ်ခန္ဓာ၌ လူ နတ် ဗြဟ္မာကောင်းကျိုးခန္ဓာငါးပါး။မကောင်းဆက်လျှင် အနာဂါတ်ခန္ဓာ၌ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်မကောင်ကျိုးခန္ဓာငါးပါး။
(ခ)စိတ်ကိုမှန်အောင်ဆောက်တည်ခြင်း
အတ္တ၊မိမိစိတ်ကို။သမ္မာ၊မှန်အောင်။ပဏီဓိ၊ဆောက်တည်ခြင်း။မိမိစိတ်ကို ကောင်းအောင်ထ
က် မှန်အောင်ဆောက်တည်နည်း။စိန်ကိုမှန်အောင်လုပ်လျှင် ကောင်းသောအကျိုးနှင့် မကောင်း
သောအကျိုးတို့သည်ငြိမ်းလားသည်၊ငြိမ်းရခြင်းအကြောင်းက စိတ်ကိုမှန်အောင်လုပ်လို့ဖြစ်သ
ည်။ စိတ်ကိုမှန်အောင်လုပ်မည်ဆိုလျှင် ဘုရားတရားကိုနာယူမှတ်သားရမည်၊ ဘုရားတရားကို
မနာယူသောသူသည် စိတ်ကို့မှန်အောင်လုပ်ဖို့မတတ်နိုင်ပါ၊ အလွန်ဆုံးကောင်းအောင်သာလုပ်
နိုင်လိမ့်ဖြစ်သည်။ စိတ်ကိုမှန်အောင်လုပ်ရန် အင်္ဂါလေးပါးရှိသည်။
၁။ ဘုရားကိုဆည်းကပ်ခြင်း
၂။ ဘုရားတရားကိုရွေး၍နာကြားခြင်း
၃။ နည်းမှန်လမ်းမှန်နှလုံးသွင်းခြင်း
၎။ ကိုယ့်စိတ်ကိုမှန်အောင်လုပ်ခြင်း
ထိုအရာကို သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျှော်စွာကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ
လို့ဆိုထားသည်။ စိတ်ကိုမှန်အောင်လုပ်လိုလျှင် ဘုရားသူတော်ကောင်းကိုဆည်းကပ်ရမည်။ ဘု
ရားသာသနာရှိနေတဲ့အတွက်ကြောင့် ဘုရားသာသနာကိုဆည်းကပ်ကိုးကွယ်ပါ။ ဘုရားကိုဆ
ည်းကပ်ဆိုခြင်းသည် ဓာတ်တော်မွေတော်ဆင်းထုတော်ရုပ်ပွါးတော်တို့ကို နေ့စဉ်နေ့တိုင်း ဆွမ်း
လှူပန်းလှူကိုဆိုလိုခြင်းမဟုတ်ပါ။ ထိုအရာသည် ဆည်းကပ်ခြင်းမဟုတ်လား မေးစရာဖြစ်၏၊ ဆ
ည်းကပ်ခြင်းမှန်၏ သို့သော်လည်း ထိုဆည်းကပ်ခြင်းသည် မြတ်တရားကိုမနာရပါ။
တရားနာယူနေသော ပရိတ်သတ်
ဤအရာမှာ ဘုရားကိုသိဖို့ရန်လိုသည်၊ ဘုရားစကားကိုနားလည်ဖို့လိုလာသည်၊ ဘုရားပရိ
နိဗ္ဗာန်ပြုခါနီး ဘုရား၏ကိုယ်စားထားခဲ့ခြင်းက ယောဝေါ အာနန္ဒ မယာ ဓမ္မောစ ၀ိနယောစ ဒေ
သိတော ပညတ္တော။ အာနန္ဒာ ငါဘုရားပရိနိဗ္ဗာန်စံလျှင် ငါတို့မှာဆရာမရှိတောပြီလို့ ၀မ်းနည်းမေ
နနဲ့ ငါသည်သင်တို့အတွက် ၀ိနည်းကိုလည်းပညတ်ထားပြီးပြီ သုတ်အဘိဓမ္မာကိုလည်းဟော
ထားပြီ။ သော ဝေါ မမစ္စယေ သတ္ထာ။ သော၊ ထိုငါဟောပြောခဲ့ပြီးသော သုံးပုံပိဋကတ်သည်။ မ
မစ္စယေန၊ ငါပရိနိဗ္ဗာန်စံပြီးနောက်ပိုင်မှာ။ ဝေါ၊သင်တို့၏။ သတ္ထာ၊ ငါ့ကိုယ်စားဆရာပါ။ ဘုရားကိုယ်တိုင်နှုတ်တော်ကမြွက်ပြီး သုတ် ၀ိနည်း အဘိဓမ္မာတို့သည် ငါ့ကိုယ်စားသင်တို့၏
ဆရာဖြစ်သည်လို့ပြောခဲ့သည်။ တရားကိုလည်းမနာ ပရိယတ်ကိုလည်းမသင်ဘဲနဲ့ ဘုရားကိုမ
တွေ့နိုင်၊ ဘုရားနှင့်တွေ့လိုလျှင် တရားကိုနာရသည် ပရိယတ်ကိုလည်းသင်ယုရသည်။ ဘုရားကို
ယ်တိုင်ပြောစကားတခုရှိသည်၊ အဿ ၀နတာ ဓမ္မဿ ပရိဟာယန္တိ၊ တရားကိုမနာယူသူသည်
တရားကိုမသိနိုင်။ တရားကိုမသိလျှင် ကောင်း မကောင်းကုသိုလ်အကုသိုလ်ကိုသာသိလိမ့်မယ်၊
ဒီမျိုးသိခြင်းသည် တရားကိုမနာယူလို့ဖြစ်သည်။ တရားကိုသိရန် ဘုရားကိုရှာလျှင် တရားကိုနာ
ယုရမည်၊ ဘုရားကိုရှာလို့ တရားကိုနာခြင်းသည် သူတော်ဆည်းကပ်ဖြစ်သည်။
တရားအားထုပ်နေကြသောပရိတ်သတ်များ
မြတ်သောတရားနာဆိုရာ၌ မြတ်သောတရားကိုထုတ်ရလျှင် စိတ်သည်နာမ်တရား၊ စိတ်
သည်နှလုံးအိမ်၌ဖြစ်သည် နှလုံးအိမ်ကရုပ်တရား၊ စိတ်ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နှင့်နာမ်ဖဖစ်သည်။
ထိုစိတ်သည်တစ်နာရီကိုမပြောနဲ့ ငါးမိနစ်မှာတောင်ရေတွက်မရဖြစ်နေသည်။ ထိုစိတ်ကိုသတိ
နှင့်ကြည့်လျှင် အကြည့်ခံစိတ်သည် ဖြစ်လည်းဖြစ်သည် ပျက်လည်းပျက်သည်။ ဤဖြစ်နေပျက်
ပျက်နေသောစိတ်ကို ယမ်းသန်းပြီးဖြစ်ပျက်ရာဖြစ်ပျက်ရာလို့ ဆိုနေရမှာမဟုတ် မြင်နေရမှာဖြစ်
သည်။ ပစ္စုပ္ပန်အကျိုးခန္ဓာဖြစ်မှုပျက်မှုက ဒုက္ခသစ္စာ။ ဖြစ်ပျက်ကိုမြင်လျှင် ပစ္စုပ္ပန်အကြောင်လွှာ သမုဒယသစ္စာမှာမဂ်ဝင်လာသည်၊ ရှေ့ကဖြစ်ပျက်နောက်ကမဂ်။ မဂ်လို့ခေါ်သော သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပ သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိတို့ဖြစ်သည်။ လုပငန်းခွင်သို့ရောက်နေပုံကို
ပြောပြမည်၊ စိတ်ဖြစ်ပေါ်နေခြင်းကိုကြည့်သောအခါ ကြည့်ရန်အတွက် စိတ်ကိုညွတ်ပြီးထားရသ
ည်၊ ထိုညွတ်ထားခြင်သည် သမ္မာသင်္ကပ္ပဖြစ်သည်။ ထိုစိတ်ကိုညွတ်ထားခြင်းမှာ အားထုတ်ခြင်း
ဝိရိယလည်းပါရသည်၊ ထိုအားထုတ်မှုသည် သမ္မာဝိရိယဖြစ်သည်။ ထိုစိတ်၌ကပ်ထားသော သတိပါသည်-သမ္မာသတိ။ စိတ်ကိုမလွတ်အောင်စူးစိုက်ထားရခြင်းသည်-သမ္မာသမာဓိ၊ မဂ္ဂင်ငါး
ပါးဖြစသည်။ မဂ္ဂင်ငါးပါးမဂ္ဂသစ္စာဖြင့်ကြည့်သောအခါ တစ်စိတ်တည်းမဟုတ်ပဲနဲ့ အစားဝင်လာ
သည်ပျောက်လားသည်၊ နောက်အစားဝင်လာသည်ပျောက်လားသည်ကို မြင်လာသည်နားလည်
လာသည်။ အသိလွယ်အောင်ပြောလျှင် ဖြစ်ပျက်ကိုမြင်သည်၊ ဖြစ်ပျက်ကိုမြင်ရာ၌ မဂ္ဂင်ငါးပါးပါ
သည်။ မဂ္ဂင်ငါးပါးဝင်လျှင် အကြောင်းလို့ခေါ်သော သမုဒယသစ္စာကိုခွါနေသည် လုံးလုံးမကွာ
သေ့ ထိုဉာဏ်ကိုပွါးရသည်။ ပွါးဖန်များလာလျှင် သမုယသစ္စာပစ္စုပ္ပန်အကြောင်းကို ခွါဟာကနေ
ပြီး ကွာလို့ကွာလို့ဖြစ်လာသည်။ အမြင်ခံဖြစ်ပျက်က ဒုက္ခသစ္စာ၊ အဖြစ်အပျက်ကိုမြင်နေသောသိ
ဉာဏ်က မဂ္ဂသစ္စာ၊ ပစ္စုပ္ပန်အကြောင်းသေတာက သမုဒယသစ္စာ၊ နောင်ခန္ဓာမလာဟာက
နိရောဓသစ္စာ၊ ကဲ့ အချိန်စေ့ပြီ။