စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တသုဝဏ္ဏဆရာတော် ဘင်္ဂလာဒေခ်ျနိုင်ငံ ဖလောင်းချိပ်(co
x's bazar)မြို့ ဇယသုခကျောင်း၌ ၂၀၁၂-ခု မေလ ၆ ရက်နေ့
တွင်ဟောကြားအပ်သော ပဋိစ္စသမုပ္ပါဒ်အလွှာလေးပါးတရားတော်မှကောက်နှုတ်ချက် အပိုင်း (၁)
၁။အတိတ်အကြောင်းတစ်လွှာ
၂။ပစ္စုပ္ပန်အကျိုးတစ်လွှာ
၃။ပစ္စုပ္ပန်အကြောင်းတစ်လွှာ
၎။အနာဂါတ်အကျိုးတစ်လွှာ-ပေါင်းလေးလွှာ
ထိုလေးလွှာတို့တွင် အတိတ်အကြောင်းတစ်လွှာကြောင့် ပစ္စုပ္ပန်အကျိုးလွှာဟုဆိုအပ်သော ယ
ခုခန္ဓာငါးပါးဖြစ်တဲ့အခါမှာ ပတိရူပဒေသ၀ါသမှာဖြစ်ခြင်း၊ပတိရူပဒေသ၀သမှာမဖြစ်ခြင်းလို့အကျိုး
လွှာနှစ်မျိုးကွဲသွားခြင်းကိုနားလည်ရလိမ့်မယ်။ပစ္စုပ္ပန်အကျိုးလွှာကိုကြည့်လျှင်တစ်မျိုးတည်းသာထင်
လိမ့်မယ်။ဘုရားပွင့်သောခေတ်ကာလနှင့်ကြုံခြင်း အကျိုးတစ်ခု၊ဘုရားမပွင့်သောခေတ်ကာလနှ
င့်မကြုံ ခြင်းအကျိုးတစ်ခု။ဘုရားတရားထွန်းကားသောဒေသမှာလူဖြစ်လာရခြင်းသည် ပတိရူပေ
ဒသ၀ါသမှာဖြစ်ခြင်းဖြစ်သည်။အမွန်ဆုံးအကောင်းဆုံးပတိရူပဒေသ၀ါသဖြစ်သည်၊ဘုရားတရားမ
ထွန်းကားသောဒေသမှာလူဖြစ်ခြင်းသည် ပတိရူပဒေသ၀သမဟုတ်။ပတိ၊သင့်တင့်လျှောက်ပတ်
သော။ဒေသ၊အရပ်။ဝါသ၊နေထိုင်ခြင်း။ဥစ္စာလည်းရလွယ်သောအရပ် ပညာလည်းရလွယ်သော
အရပ်ကို သင့်တင့်လျှောက်ပတ်သောအရပ်လို့ခေါ်သည်။ဥစ္စာမှာ လောကီဥစ္စာ လောကုတ္တရာဥ
စ္စာဟုနှစ်မျိုးရှိသည်၊လောကီဥစ္စာသာရရှိ၍ လောကုတ္တရာဥစ္စာကိုမရသောအရပ်သည် ပတိရူပ
ဒေသ၀ါသမပြည့်စုံနိုင်၊ပညာ၌လည်း လောကီပညာသာရရှိ၍လောကုတ္တရာပညာမရရှိသောအရပ်
သည် ပတိရူပဒေသ၀ါသကိုပြည့်ပြည့်စုံစုံရရှိသည်လို့မခေါ်ဆိုနိုင်ပါ။ယခုလက်ရှိဘ၀ခန္ဓာပစ္စုပ္ပန်
အကျိုးသည် ဘုရားသာသနာထဲ့မှာလာပြီးဖြစ်နေသောကြောင်း ပတိရူပဒေသ၀ါသအပြည့်အစုံ
ကိုရရှိနေသည်လို့ယုံကြည်ရလိမ့်မယ်။မိမိကကြိုးစားအားထုပ်လျှင် လောကုတ္တရာပညာနှင့်လော
ကုတ္တရာဥစ္စာတို့ကိုရနိုင်သည်လို့ယုံကြည်ပါ။အကြောင်းက လောကုတ္တရာပညာကိုရလွယ်နိုင်အော
င်လမ်းညွှန်ဟောပြောသောတရားရတနာရှိနေလို့ပါ၊တရားရတနာမရှိလျှင် လောကုတ္တရာပညာနှင့်
လောကုတ္တရာဥစ္စာကိုဘလောက်ပင်ရချင်ငြားသော်လည်း လက်ရှိဘ၀မှာမရနိုင်ပါ။ထို့ကြောင့်
လက်ရှိဘ၀ယခုခန္ဓာရနေခြင်းသည် ပတိရူပဒေသ၀ါသအကောင်းဆုံးမှာဖြစ်နေသည်လို့နားလ
ည်ပေးပါ။
ယခုလက်ရှိခန္ဓာသည် ဘုရားပွင့်သောခေတ်ကာလနှင့်ကြုံသည်ဖြစ်၍ အတိတ်ကံလည်း
ကောင်းသည်လို့ဆိုနိုင်သည်၊ထိုအတိတ်ကံက မိမိကိုအကျိုးပေးသောအခါ ဘုရားတရားထွန်းက
ားသောဒေသ၊ဘုရားတရားနာကြားရသောဒေသမှာဖြစ်စေလို့မှာလိုက်သယောင်ပါ။ ကိုယ့်လိုလူ
တိအများကြီးရှိ၏၊သို့သော်လည်း ဘုရားတရားမထွန်းကားသောဒေသ ဘုရားတရားမနာကြားရ
သောဒေသမှာဖြစ်နေကြရ၏။မိမိတို့၏ရှေ့အတိတ်ကိုကြည့်လျှင် အတိတ်ကပေးသောကုသ်ုလ်
ကံသည် ကောင်းသည်လို့ဆိုရပါလိမ့်မည်၊မင်္ဂလာစကားနှင့်ပြောရလျှင် ပုဗ္ဗေစ ကတပုညတာ
ယခုလက်ရှိဘ၀မရောက်မှီ ရှေ့အတိတ်ဘ၀ခန္ဓာမှာပြုအပ်ပြီးသောကုသိုလ်ရှိခဲ့သည်၊သူများနှင့်မ
တူပြုခဲ့၏၊ထိုကုသိုလ်သည်ဘုရားသာသနာထဲမှာ ဘုရားတရားကိုနာကြားနိုင်အောင်ပြုလုပ်ခဲ့ေ
သာကုသိုလ်ဖြစ်သည်။ယခု ပုဗ္ဗေစ ကတပုညတာလည်းရှိပြီ ပတိရူပဒေသ၀ါသနှင့်လည်းပြည့်စုံ
နေသောကြောင့် မဂ်ဉာဏ်ဖိုဉာဏ်ရရှိရန်အတွက် ပစ္စုပ္ပန်အကြောင်းလွှာပျောက်ရန် ပစ္စုပ္ပန်အ
ကျိုးလွှာ၌ ‘‘အတ္တသမ္မာပဏီဓိ’’ ပြည့်စုံရန်လိုနေသည်။
(က) အတ္တသမ္မာပဏီဓိ-စိတ်ကောင်းထားခြင်း
(ခ) အတ္တသမ္မာပဏီဓိ-စိတ်ကိုမှန်အောင်ထားခြင်း
(က)စိတ်ကောင်းထားခြင်း-အတ္တသမ္မာပဏီဓိကိုပြောရလျှင် ဤအရာ၌အတ္တ၏အဓိပ္ပါယ်သည်
ပစ္စုပ္ပန်အကျိုးခန္ဓာမှာရုပ်နှင့်နာမ်၌ နာမ်ခန္ဓာစိတ်ကိုအတ္တလို့ခေါ်သည်။အတ္တ၊မိမိစိတ်ကို။သမၼာ၊ေ
ကာင်းအောင်။ပဏီဓိ၊ဆောက်တည်ခြင်း။ပစ္စုပ္ပန်အကျိုးလွှာခန္ဓာမှာ ပထမဆုံး မိမိစိတ်ကိုကောင်း
အောင်ဆောက်တည်ရသည်။စိတ်ကိုကောင်းအောင်လုပ်လိုလျှင် အလှူလုပ်ရန်စိတ်ကူးရသည်
သီလဆောက်တည်ရန်စိတ်ကူးရသည် ပုတီးမေတ္တာပွါးရန်စိတ်ကူးရသည်၊အားလုံးပေါင်းပြောရ
လျှင် စိတ်ကောင်းထားရ၏။စာစကားနှင့်ပြောလျှင် စေတနာကောင်းထားရသည်၊စေတနာကော
င်းထားမှ ကိုယ်လည်းကောင်းသည် ကိုယ့်ပတ်ဝန်းကျင်လည်းကောင်းသည်။စိတ်ကိုကောင်းအေ
ာင်မလုပ်လျှင်ပစ္စုပ္ပန်အကျိုးမှာ စိတ်၏သဘာဝမူရင်းကယုတ်တဲ့သဘောရှိသည်။ပါပသ္မိ ရမတိ မ
နော မြတ်စွာဘုရားက သတ္တ၀ါတို့၏စိတ်ကိုမြင်လို့ဟောထားသည်။မနော၊သတ္တ၀ါတို့၏စိတ်သ
ည်။ပါပသ္မိံ၊မကောင်းမှု၌။ရမတိ၊ပျော်ပိုက်၏။စိတ်ကိုသတိနှင့်ကောင်းအောင်မလုပ်လျှင် သတ္တ၀ါ
တို့၏စိတ်သည် မကောင်းမှုမှာပျော်ပိုက်သည်။မကောင်းမှုမှာပျော်ပိုက်သည်၏အဓိပ္ပါယ်က သက်
သက်သူတပါးကိုမနာလိုစိတ် သူများပစ္စည်းကိုမတော်မတရားလိုချင်တဲ့စိတ် လိုချင်သောအရာမ
ရလျှင်မကြေနပ်တဲ့စိတ်။မကောင်းသောစိတ်ရှိနေလျှင် မိမိကိုယ့်ကိုအကျိုးစီးပွါးလိုလားမှုမရှိဖြစ်
သည်၊သိုသော်လူမိုက်သည် ငါစိတ်ကောင်းထားသည်လို့ထင်မှတ်နေသည်။လူမိုက်သည် ကိုယ်
မကောင်းမှုးလုပ်နေခြင်းကို ငါသည်မကောင်းမှုးလုပ်နေသည်လို့မသိပါ။ဘုရားစကားနှင့်ပြောရ
လျှင် အထ ပါပါနိ ကမ္မာနိ ကရံ ဗာလော နဗုဇ္ဈတိ။ဗာလော၊လူမိုက်သည်။အထ၊ထိုလူမိုက်လို့အ
မည်ခံနေရုံသက်သက်မဟုတ်သေ့ဘဲ။ပါပါနိကမ္မာနိ၊မကောင်းမှူးကို။ကရံ ကရောန္တော၊ပြုလုပ်နေ
သော်လည်း။နဗုဇ္ဈတိ၊ငါမကောင်းမှူးကိုလုပ်နေသည်လို့မသိ။လူမိုက်သည်ရပ်ထဲရွာထဲမှာ ခိုးဝှက်
လိမ်နေသော်လည်း ငါသည်မကောင်းမှူးကိုလုပ်နေသည်လို့မသိ။အကြောင်းက ပစ္စုပ္ပန်ခန္ဓာ၌သ
တိမရှိလို့ဖြစ်သည်။စိတ်ကောင်းမထားလျှင်ပစ္စုပ္ပန်အကျိုး၌ မကောင်းကြောင်းသာသာထွက်၍ တ
သက်လုံးမကောင်းကြောင်းနှင့်နေရသည်၊သေလျှင်လည်းအနာဂါတ်ဘ၀၌ မကောင်းကျိုးသာလျှ
င်ရမည်ဖြစ်သည်။
ပစ္စုပ္ပန်ဘဝ အကျိုး-အပြစ်
ကောသလမင်းကြီး၏အသဒိသအလှူကို ကြားဖူးကြလိမ့်မယ်၊တိုင်းသူပြည်သားနှင့်ပြိုင်ပြီး အ
သဒိသအလှူကိုလှူသောအခါ တနေ့တည်း၌တစ်ဆယ့်လေးကုဋေကုန်သောအလှူကိုလှူသည်၊
ဆွမ်းသုံးပြီးဆုံးသောအခါ၌ကောသလမင်းကြီးသည် အနုမောဒနာတရားနာယူရန် ရေစက်ခွက်
ကိုကိုင်ယူပြင်ဆင်လေသည်။မြတ်စွာဘုရားသည်‘‘မင်းကြီးကား ကြီးစွာသောအလှူဒါနကိုပေးလှူ
အပ်လေပြီ၊လူများအပေါင်းသည် စိတ်ကိုကြည်လင်စေခြင်းငှါစွမ်းနိုင်၏လော၊သို့မဟုတ်မစွမ်းနိုင်
သလော’’ဟုဆင်ခြင်တော်မူလတ်သော် ကာဠအမတ်နှင့်ဇုဏှအမတ်နှစ်ဦးတို့၏စိတ်ထားမတူမှု
ကိုသိမြင်တော်မူသည်။ထိုအမတ်နှစ်ဦးတို့သည် ပတိရူပဒေသ၀ါသဟုဆိုအပ်သော သင့်တင့်ေ
လျှာက်ပတ်သောအရပ်၌လည်းဖြစ်နေကြသည်၊နှစ်ယောက်လုံး မင်း၏အမတ်ဖြစ်နေကြသည်၊
ဂုဏ်လည်းရှိ၏၊စီးပွါးဥစ္စာလည်းရှိ၏။သို့သော်ပစ္စုပ္ပန်အကျိုးထဲမှာ စိတ်ထားမတူဖြစ်နေကြသည်။
မြတ်စွာဘုရားသည်တရားဟောရန်အတွက် ပရိတ်သတ်များသည်စိတ်ထားဖြူ စင်ပြီး ၀မ်းမြော
က်ဝမ်းသာဖြစ်ကြ၏လောဟုကြည့်ရှု့တော်မူသောအခါမှာ ထိုအမတ်နှစ်ဦးတို့၏စိတ်ထားကိုမြင်
တော်မူသည်။ကာဠအမတ်သည်‘‘ဩ--မင်းကြီးနန်းတော်၏ဆုတ်ယုတ်ခြင်းဆုံးရှုံးခြင်းသည်ဖြစ်ခဲ့
လေပြီတကား၊တနေ့တည်းတရက်တည်းဖြင့်ပင် တစ်ဆယ့်လေးကုဋေသောဥစ္စာသည် ကုန်ခန်း
ခြင်သို့ရောက်ခဲ့လေ၏၊ဤရဟန်းတို့သည် ဤမင်းကြီးအလှူကိုခံယူသုံးဆောင်၍ကျောင်းသို့ပြန်
သွားပြီးလျှင်စင်းစင်းကြီးအိပ်ကြကုန်တော့မည် မင်း၏နန်းတော်မှာပျက်စီးခြင်းမလှပျက်စီးလေကု
န်ပြီး’’ဟု ကာဠအမတ်သည်ကြံစည်စဉ်းစားလေသည်။ဇုဏှအမတ်ကမူဤသို့ကြံစည်ဆင်ခြင်သ
ည်‘‘ဩ--မင်းကြီးသည် အလှူဒါနကိုကောင်းမွန်အောင်ပေးလှူအပ်ပြီတကား၊မှန်၏-မင်းအဖြစ်၌မ
တည်သောသူသည် ဤသို့သောအလှူဒါနကိုမပေးနိုင်ချေ၊ခပ်သိမ်းသောသတ္တ၀ါတိုအား အလှူ၏
အဖို့ဘာဂကို မပေးသောအလှူရှင်မည်သည်မရှိ၊ငါသည်မင်းကြီး၏အလွမ်မွန်မြတ်သောအသဒိ
သအလှူဒါနကြီးကို ၀မ်းမြောက်ဝမ်းသာသာဓုခေါ်ပါ၏’’ဤသို့ဇုဏှအမတ်သည်ကြံစည်ဆင်ခြင်
ဝမ်းမြောက်လေသည်။ဤကဲသို့အမတ်နှစ်ဦးတို့၏စိတ်ဖြစ်ပုံကို မြတ်စွာဘရား၏ဉာဏ်တော်ဖြင့်
သိတော်မူ၍‘‘အကယ်၍ငါဘုရားသည် မင်းကြီး၏အလှူဒါနနှင့်လိုက်လျောအောင် အနုမောဒနာ
တရားအကျယ်အားဖြင့်ဟောကြားခဲ့လျှင် ကာဠအမတ်၏ဦးခေါင်းသည် ခုနစ်စိတ်ကွဲလိမ့်မယ်၊
ဇုဏှအမတ်မူကားသောတာပတ္တိဖိုလ်၌တည်ပေလိမ့်မည်’’ဟု သိတော်မူပြီးလျှင် ကာဠအမတ်၌
သနားမှုကိုအကြောင်းပြု၍ ကြီးစွာသောအလှူဒါနကိုပေးလှူသောမင်းကြီးအား လေးပါဒသာရှိသ
ည့်ဂါထာတပုဒ်ကိုသာဟာတော်မူ၍ နေရာမှထပြီးလျှင် ကျောင်းတော်သို့ကြွတော်မူလေသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ cox's bazar မြို့ ဇယသုခကျောင်း၌ စစ်တွေမြို့ ဓာတ်လယ်
ကျောင်းတိုက်ဆရာတော် တရားဟောကြားနေပုံ
အလှူရှင်ဖြစ်သောကောသလမင်းကြီးသည် နှလုံးမသာယာခြင်းသို့ရောက်လျက် ‘‘ဤသို့သဘောရှိသောပရိတ်သတ်၌ ကြီးစွာသောအလှူကိုပေးလှူသောငါ့အား အလှူကြီးနှင့်လို
က်လျောအောင် အနုမောဒနာတရားမဟောကြားဘဲဂါထာတပုဒ်ကိုသာဟောကြားပြီးလျှင် မြတ်
စွာဘုရားသည်နေရာမှထ၍ ကြွတော်မုခဲ့လေပြီ၊ငါသည် မြတ်စွာဘုရားအားလျောက်ပတ်သော
အလှူဒါနကိုမပြုမူ၍ မလျောက်ပတ်သောအလှူဒါနကိုပြုအပ်သည်ဖြစ်လိမ့်မည်၊ငါအားအမျက်ထွ
က်တော်မူသည်ဖြစ်လေရာ၏၊အသဒိသဒါနနှင့်သင့်လျှောက်ပတ်သော အနုမောဒနာတရားဟေ
ာကြားသင့်ပေ၏’’ဟုကြံလျက် ကျောင်းတော်သို့သွားရောက်၍ မြတ်စွာဘုရားကို ‘‘အရှင်ဘုရား
အကျွန်ုပ်သည် လှူသင့်သောအလှူဒါနကိုမလှူအပ်ပါသလော၊သို့မဟုတ် ပေးလှူရန်သင့်လျှော်
သောကပ္ပိယဘဏ္ဍာကိုမပေးလှူမိဘဲ အကပ္ပိယဘဏ္ဍာကိုသာလှူအပ်မိပါသလော’’ဟုမေးမြန်ေ
လျှာက်ထားလေသည်။မြတ်စွာဘုရားက ဤသို့လျှောက်ခြင်းသည် အဘယ်အကြောင်းနည်း
ပြန်မေးလတ်သော် ကောသလမင်းကြီးသည်‘‘အရှင်ဘုရားသည် အသဒိသဒါနနှင့်လိုက်လျော
လျှေက်ပတ်သော အနုမောဒနာတရားမဟောကြားအပ်ပါကုန်’’ဟုလျှောက်လေသည်။မြတ်စွာဘု
ရားက မင်ကြီးသည်လှူဖို့ရန်သင့်လျော်သောအလှူဒါနကိုပင်လအပ်ပြီးဖြစ်သည်၊အမတ်နှစ်ဦးတို့
၏စိတ်ဖြစ်ပုံကို ပြန်ကြားမိန်းကြားတော်မူပြီးလျှင် ကာဠအမတ်၌သနားမှုကိုအကြောင်းပြု၍ အနု
မောဒနာနရားအကျယ်မဟောကြားသောအဖြစ်ကိုမိန်းဆိုတော်မူလေသည်။ထိုအခါ ကောသလမ
င်းကြီးသည်‘‘ကာဠ--သင်ဤကဲသို့ကြံစည်အပ်သည်မှန်သလော’’ဟုမေးမြန်၍‘‘မှန်ပါသည်’’ဟု ကာဠအမတ်ကလျှောက်ဆိုအပ်လေသော် မင်းကြီးသည် ‘‘သင့်ဥစ္စာကို ငါသည်တပြားတချပ်မျှ
မယူဘဲ ငါ၏သားမယားတို့နှင့်အတူတကွ ငါသည်မိမိဥစ္စာကိုပေးလှူသည့်အတွက် သင့်အားဘာ
များနှိပ်စက်မှုရှိသနည်း။ အမောင်ကာဠအမတ် သင့်အားငါပေးအပ်ပြီးသောစည်းစိမ်သည် ပေး
အပ်ပြီးပင်ဖြစ်ပစေ သင်သည်ငါ၏တိုင်းနိုင်ငံအတွင်းမှ ယနေ့ပင်ထွက်သွားလော’’ဟု ကာဠအမ
တ်ကိုပြည်နှင်ဒဏ်ပေးလိုက်သည်။
No comments:
Post a Comment