ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၁၃ ခု မေလ ၄ ရက်နေ့ ညနေပိုင်းအချိန်ဟောကြားအပ်သော
သတ္တ၀ါများသေရခြင်းအကြောင်း
အပိုင်း (၆)၀ိညာဏ်မှအစဉ်အတိုင်းကြည့်လျှင် ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖသ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘ၀ ဇာတိ ဤတရားတို့
အားလုံးသည် အိုမှုနာမှုသေမှု၏အကြောင်းရင်းဖြစ်သည်၊ ၀ိညာဏ်မှနေပြီးဇာတိထိ အိုရခြင်း၏အကြောင်းရင်း နာရခြင်း၏အကြောင်း
ရင်း သေရခြင်း၏အကြောင်းရင်းပါ၊ ထိုအိုရနာရသေရခြင်း၏အကြောင်းရင်းကိုကြည့်လျှင် သမုဒယသစ္စာချည်းထွက်ပြီး အိုနာသေ
သည်ဒုက္ခသစ္စာပါ။ ရခိုင်အသုံးရခိုင်စကားနှင့်ပြောလျှင် ခန္ဓာ၌သိတတ်သောစိတ်ရှိသည် ထိုသိတတ်သောစိတ်သည် အိုနာသေ၏အ
ကြောင်းရင်းဖြစ်သည်၊ ခန္ဓာ၌မှတ်တတ်သောစိတ်ရှိသည် မှတ်တတ်သောစိတ်ကို နာမ်ခေါ်ပါသည်၊ နာမ်သည်လည်း အိုနာသေ၏အ
ကြောင်းရင်းဖြစ်ပါသည်။ ထို့နောက် ဤခန္ဓာကြီးမှာ ဆံပင်အမွေးခြေသည်းလက်သည်းကအစ ကလီစာအားလုံးရနေမှုသည်လည်း
အိုဖို့နာဖို့သေဖို့အကြောင်းပါ၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ကိုရနေခြင်းသည် အိဖို့နာဖို့သေဖို့အကြောင်းပါ၊ နေ့တိုင်းနေ့တိုင်း
မြင်နေရမှု ကြားနေရမှု နံနေရမှု စာနေရမှု လုပ်ကိုင်နေရမှု စဉ်းစားနေရမှုတို့သည် အိုနာသေ၏အကြောင်းပါ၊ မြင်၍ခံစားရမှု ကြား၍ခံ
စားရမှု နံ၍ခံစားရမှု စားရ၍ခံစားရမှု လုပ်ကိုင်ရ၍ခံစားရမှု စဉ်းစား၍ခံစားရမှုဝေဒနာတို့သည်လည်း အိုခြင်းနာခြင်းသေခြင်း၏အ
ကြောင်းဖြစ်ပါသည်၊ ခံစားပြီးလျှင် မြင်လို့လိုချင်မှု ကြားလို့လိုချင်မှု နံလို့လိုချင်မှု စားရလို့လိုချင်မှု လုပ်ကိုင်ရလို့လိုချင်မှု စဉ်းစာလို့လို
ချင်မှုစိတ်မှာဖြစ်လာသည် ထိုလိုချင်မှုတို့သည် အိုဖို့နာဖို့သေဖို့အတွက်အကြောင်းဖြစ်သည်၊ လိုချင်ပြီးနောက် မရမဖြစ်စိတ်ထဲပြောင်း
သွားခြင်းကို အစွဲဥပါဒါန်ခေါ်ပါသည်၊ မြင်မှုကိုမရမဖြစ် ကြားမှုကိုမရမဖြစ် နံမှုကိုမရမဖြစ် စားရမှုကိုမရမဖြစ် လုပ်ကိုင်မှုကိုမရမဖြစ်
စဉ်းစားမှုကိုမရမဖြစ်တို့သည် သေဖို့အကြောင်းဥပါဒါန်ခေါ်သောအစွဲဖြစ်သည်၊ အစွဲရှိသည်ဖြစ်၍ မမြင်ရမဖြစ်လျှင် မြင်ရအောင်အ
လုပ်လုပ်လာရသည်၊ မြင်ရအောင်အလုပ်လုပ်ရခြင်း ကြားရအောင်အလုပ်လုပ်ရခြင်း နံရအောင်အလုပ်လုပ်ရခြင်း စားရအောင်အ
လုပ်လုပ်ရခြင်း အနေအထိုင်အ၀တ်အစားရအောင်အလုပ်လုပ်ရခြင်း စဉ်းစားမိအောင်အလုပ်လုပ်ရခြင်းတို့သည်ကံပါ၊ ကံသည်
လည်း သေဖို့အတွက်ကျေးဇူးပြုပါသည် ကမ္မဘ၀ပစ္စယာ ဇာတိ၊ အလုပ်လုပ်ပြီးဖြစ်လျှင် အလုပ်လုပ်သည့်အတွက် ရလာသောအကျိုး
ကို ဇာတိ ဥပပတ္တိဘ၀ ကံကြောင့်ဖြစ်သောအကျိုး၊ ကံကြောင့်ဖြစ်သောအကျိုးရလာပြီဖြစ်လျှင် ဇာတိခေါ်သောဖြစ်ပေါ်မှုလာပါသည်
လုပ်သင့်သလောက်လုပ်ပြီး ကိုလိုချင်သလောက်မရလျှင်လည်း အလုပ်အားလျှော်စွာရလာခြင်းသည် ဥပပတ္တိဘ၀၊ ဥပပတ္တိခေါ်သော
လုပ်ငန်းအကျိုးကိုရပြီဖြစ်လျှင် ထိုလုပ်ငန်းအကျိုးသည် ကုန်ဆုံးမှုမှာလမ်းဆုံးပါသည်၊ ယင်းကိုဇာတိပစ္စယာ ဇရာမရဏံ ရပ်ပြောရွာ
ပြောပြောလျှင် သေသည်။
မြင်စိတ်ကြားစိတ်ကအစ ရှေ့ကိုဆက်ပြီး လုပ်ငန်လုပ်၍ရလာသည့်အရာအားလုံး စုပေါင်းကြည့်လိုက်လျှင် သေဖို့အကြောင်းနှင့်
အသေသာရှိသည်၊ ပျက်စီးရန်အကြောင်းနှင့် ပျက်စီးခြင်းသာရှိသည်။ တနင်္ဂနွေတစ်ရက် တနင်္လာတစ်ရက် အင်္ဂါတစ်ရက် ကိုယ်မနေ
မနားရှာနေမှုတို့သည် တရားကိုရှာသည်မဟုတ်ဘဲ အသေကိုသာရှာနေကြသည်ကို မြတ်စွာဘုရားသည် ပရိယေသနသုတ်၌ဟော
ထားပါသည်၊ အတ္တနာ မရဏဓမ္မော သမာနော မရဏဓမ္မံယေ၀ ပရိယေသတိ၊ အတ္တနာ၊ မိမိကိုယ်၌ကိုက။ မရဏဓမ္မော သမာနော၊
သေမျိုးခန္ဓာသဘောရှိနေသူဖြစ်ပါလျက်၊ ကိုယ့်ခန္ဓာသည်သေမျိုး။ မရဏဓမ္မံယေ၀၊ နောက်အသေတစ်မျိုးကိုသာလျှင်။ ပရိယေသတိ၊ မ
ရရအောင်ရှာနေ၏။ နေတိုင်း တနင်္ဂနွေတစ်ရက်ကုန်အောင်ရှာမှုသည် အသေကိုရှာနေမှုဖြစ်သည်၊ တနင်္လာတစ်ရက် အင်္ဂါတစ်ရက်နဲ့
ရက်ဖြစ်ပြီးလဖြစ် လဖြစ်ပြီးနှစ်ဖြစ် နှစ်ဖြစ်လျှင်ဘ၀ကုန်အောင် သေအောင်ထိဆက်ပြီးအသေကိုရှာနေကြသည်။ ကိုယ်ကဘုရားတ
ရားကိုမနာကြားရသောအခါ ငါသည် အကောင်းလုပ်သည်မာနတက်ပြီးလျှင်လမ်းဆုံးသည်၊ ဘုရားတရားကိုလိုက်ကြည့်လျှင် အ
ကောင်းလုပ်ခြင်းသည်လည်း အသေကိုရှာနေခြင်းဖြစ်သည်၊ အသေကိုရှာခြင်းကိုသစ္စာနည်းနှင်ပြောလျှင် သမုဒယသစ္စာ သေသည်
က ဒုက္ခသစ္စပါ။
ရှေ့ကိုတစ်ခါဆက်ပြီး အလောင်းတော်ကြီးသည် သေရခြင်းအကြောင်းကိုစီးစစ်ပါသည်၊ သိစိတ်ဝိညာဏ်သည် အသေကိုကျေး
ဇူးပြုသည်ကိုမြင်ပြီဖြစ်၍ သိစိတ်ဝိညာဏ်၏ဖြစ်ကြောင်းကိုရှာသောအခါ ပြုပြင်မှုသင်္ခါရကြောင့် ၀ိညာဏ်ဖြစ်သည်ကိုမြင်ပါသည် သင်္ခါ
ရပစ္စယာ ၀ိညာဏံ ဘုရားဖြစ်သောအခါဟောလာပါသည်။ သင်္ခါရကြောင့်သိစိတ်ဖြစ်မိလျှင် သိစိတ်ဖြစ်သည်နှင့်တောက်လျှောက် အ
သေကိုကျေးဇူးပြုသွားသည်၊ သိစိတ်ကိုဖြစ်စေတတ်သောသင်္ခါရသည်လည်း အသေကိုကျေးဇူးပြုသည့်အထဲမှာပါသည်ကို အလောင်း
တော်ကြီးမြင်သွားပါသည်။ ပြုပြင်မှုသင်္ခါရကို မြတ်စွာဘုရားကိုယ်တိုင်သိ၍ထုပ်သောအခါ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနဉ္ဇာ
ဘိသင်္ခါရ ပထမသုံးပါးတစ်အုပ်စုထုပ်ပြသည်၊ ကုသိုလ်လုပ်ငန်းများသည် ပုညာဘိသင်္ခါရဖြစ်သည်၊ ကုသိုလ်လုပ်ငန်း၌ ဒါန သီလ
ဘာဝနာသည် ပုညာဘိသင်္ခါရဖြစ်သည်၊ ပုညာဘိသင်္ခါရခေါ်သော ဒါန သီလ ဘာဝနာ၌ ကာယသင်္ခါရ ၀စီသင်္ခါရ စိတ္တသင်္ခါရသုံးမျိုး
သည် ဒုတိယအုပ်စုဖြစ်လာသည်။ မြတ်စွာဘုရားကောက်လိုရင်းက ဒါနနှင့်သီလသည် ကာယသင်္ခါရ၀စီသင်္ခါရအထဲမှာပါသည်၊ ဒါန
နှင့်သီလကို ကိုယ်နှုတ်ဖြင့်လုပ်သောအလုပ်မျိုးဖြစ်သည် မည်သူ့ကိုအလှုပေးလိုက် နှုတ်ဖြင့်ခိုင်းပြီးပေးလို့ရပါသည်၊ ဒါနနှင့်သီလသည်
ကာယသင်္ခါရ၀စီသင်္ခါရဖြစ်၍ ကိုယ်နှုတ်ဖြင့်လုပ်သောကောင်းမှုမျိုးဖြစ်သည်။ ဘာဝနာသည် စိတ္တသင်္ခါရဖြစ်သည်၊ ဘာဝနာကို ကိုယ်
နှုတ်ဖြင့်လုပ်လို့မရပါ စိတ်မှာသာပွါးရပါသည် မေတ္တာပွါးများမှု သနားကရုနာထားမှုမျိုးတို့ဖြစ်သည်၊ နှုတ်မှသနားနေလို့မပြီးပါ စိတ်မှသူ
များချမ်းသာရန်သနားနေမှဖြစ်သည် မေတ္တာသည်လည်း စိတ်မှတကယ့်အကျိုးစီးပွါးလိုလားရန်မေတ္တာထားမှဖြစ်ပါသည်၊ ထို့ကြောင့်
ဘာဝနာသည် စိတ္တသင်္ခါရ စိတ်မှာသာပွါးရပါသည်။ ပုညာဘိသင်္ခါရ၌ ဒါနသီလဘာဝနာသုံးမျိုးတို့တွင် ဒါနနှင့်သီလသည် ကာယ
သင်္ခါရနှင့်ဝစီသင်္ခါရဖြစ်၍ ကိုယ်နှုတ်ဖြင့်လုပ်၍ရပါသည်၊ ဘာဝနာကို ကိုယ်နှုတ်ဖြင့်လုပ်၍မရပါ စိတ်မှာသာလုပ်ရပါသည်။
လုပ်ငန်းတစ်ခုကို ပီပီပြင်ပြင်နားလည်အောင်ပြောရလျှင် တချို့ဒေသမှာ ကိုးပါးသီလကိုဆောက်တည်ကြပါသည်၊ ကိုးပါးသီလ၌
ပါဏာတိပါတာမှစပြီး ဥစ္စာသယန မဟာသယနာထိ ရှစ်ပါးသီလနှင့်အားလုံးတူပါသည်။ ကိုးပါးသီလ၌တစ်ခုထူးခြားသည်က မေတ္တာ
သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ၊ သူ့ကိုရခိုင်လိုပြန်လျှင် မေတ္တာသဟဂတေန၊ မေတ္တာ
နှင့်တကွဖြစ်သော။ စေတသာ၊ စိတ်ဖြင့်။ မေတ္တာစိတ်သည် ကာယသင်္ခါရ၀စီသင်္ခါရမှာမဖြစ်ဘဲ စိတ္တသင်္ခါရမှာသာဖြစ်သည်ကိုနှုတ်မှ
မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ နှုတ်မှထုတ်ပြီးသီလဆောက်တည်လျှင်လည်း
သူသည်သီလမဟုတ်ပါ ဘာဝနာဖြစ်ပါသည်၊ ဘာဝနာသည် စိတ်မှာဖြစ်ပါသည် နှုတဖြင့်ဆို၍မရပါ။ သို့သော်လည်း လောကကြီးမှာ
ကိုးပါးသီလကိုဆောက်တည်ရန် မေတ္တာသဟဂတေနဆိုလာကြပါသည်၊ ဆိုပင်ဆိုငြားသော်လည်း နှုတ်ကဆို၍မေတ္တာဘာဝနာသီ
လမလုံပါ၊ ဆိုလိုသည်မှာ သီလမဟုတ်ဘာဝနာဖြစ်ပါသည်၊ ဘာဝနာသည် ကိုယ်နှုတ်ကိုထိန်းသည်မဟုတ်ပါ စိတ်ကိုထိန်းပါသည်။
သင်္ခါရသည် ပြုလုပ်မှုကိုပြောပါသည် ဘာဝနာကိုစိတ်ဖြင့်ပြုလုပ်ရပါသည် ဒါနနှင့်သီလကို ကိုယ်နှုတ်ဖြင့်ပြုလုပ်ရပါသည်။ ဤအခြင်း
အရာတို့ကို ကျကျနနမသိလျှင် သူများဆိုတိုင်းသူများလုပ်တိုင်း လိုက်လုပ်နေကြပါသည်၊ ကိုယ်မသိလျှင် အများယောင်လို့ယောင်နေ
ခြင်းတို့သည် အသက်နှစ်ဆယ့်ငါးနှစ် အသက်ငါးဆယ်နှစ်ရှိပါပြီ သေသေချာချာမသိသေ့ယောင်တုံးပါ၊ အလှူသီလကို ကျကျနနမသိ
သေ့လျှင် တရားလုပ်ငန်းကို ကျကျနနသိဖို့အရေးမလွယ်ပါ။ ယင်းကြောင့် ယောင်မနေပါနဲ့ ယောင်နေခြင်းသည်မတိကျလို့ မသိလို့
ယောင်နေခြင်းပါ သိသောသူမှာယောင်မနေပါ။ ထို့ကြောင့် ကိုးပါးသီလကိုဆိုသော်ငြားလည်း ကိုယ်နှုတ်မှာဖြစ်သောသီလမဟုတ်ပါ၊
စာသံနှင့်ပြောလျှင် ကာယသင်္ခါရ ၀စီသင်္ခါရကုသိုလ်မဟုတ် စိတ္တသင်္ခါရကုသိုလ်လို့နားလည်ပါ။ ယင်းနဲ့ နံပါတ်ကိုးဖြစ်သော မေတ္တာ
သဟဂတေနသည် သီလမဟုတ် ဘာဝနာလို့သီးခြားနားလည်ပါ၊ မေတ္တာသဟဂတေန၊ မေတ္တာနှင့်ယှဉ်သော။ စေတသာ၊ စိတ်ဖြင့်။
မေတ္တာနှင့်ယှဉ်ရာ၌ ကိုယ်နှုတ်မဟုတ်ပါ စိတ်နှင့်ယှဉ်ရပါမယ်။ သဗ္ဗပါဏဘူတေသု၊ အလုံးစုံသောထွက်သက်ဝင်သက်ရှိသောသတ္တ
ဝါတို့၌ အသက်ရှူ နေသောပုဂ္ဂိုလ်ကို ပါဏခေါ်သည်၊ ထွက်သက်ဝင်သက်ရှိသောသတ္တ၀ါကိုခေါ်ပါသည်၊ ဘင်္ဂလာမှာ ကုလားစကား
နှင့်ပြောလျှင် ပြာဏ်= အသက် ထွက်သက်ဝင်သက်ကိုပြောခြင်းပါ။ သဗ္ဗပါဏဘူတေသု၊ အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော
သတ္တ၀ါတို့၌။ ဖရိတွာ၊ ဖြန့်နှံ၍။ ဖြန့်နှံ၍ဆိုသည်ကမေတ္တာ သတ္တ၀ါအားလုံးကျန်းမာပါစေ ချမ်းသာပါစေစိတ်မှာရှိမှ နှုတ်ကိုရောက်
သည် လိုရင်းသည်စိတ်ဖြစ်သည်။ စိတ်သည်ဘာဝနာမှာပါသည်ဖြစ်၍ ကိုးပါးသီလပြည့်ချင်လိုလျှင် ရှစ်ပါးသီလကိုဆောက်တည်ပြီး
မေတ္တာပွါးလျှင်ကိုးပါးဖြစ်သည်။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိမဆိုလျှင်လည်း
မေတ္တာပွါးလျှင် ကိုးပါးဖြစ်ပါသည်၊ မေတ္တာသဟဂတေန စေတသာဆိုသော်လည်း မေတ္တာမပွါးလျှင်ရှစ်ပါးပါ၊ မေတ္တာပွါးလျှင် ကိုးခုန၀င်္ဂ
သီလ မေတ္တာမပွါးလျှင် ရှစ်ခုအဋ္ဌင်္ဂသီလလို့မှတ်ပါ။ တချို့က မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရတွာ ၀ိဟရဏံ သမာဒိယာမိမဆိုလျှင် ကိုးပါးမရထင်တတ်သည် မဟုတ်ပါ၊ ဘုန်းကြီးများပေးဖို့မတတ်မှုလည်းရှိမယ် ပေးဖို့မတတ်လျှင်လည်း ရှစ်ပါး
သီလကိုယူပြီး မေတ္တာပွါးလိုက်လျှင် ကိုးပါးဖြစ်ပါသည်၊ ပုညာဘိသင်္ခါရအထဲမှာပါနေသောအဓိပ္ပါယ်ကို နားလည်အောင်ပြောခြင်းဖြစ်
ပါသည်။
အပုညာဘိသင်္ခါရ-အပုညာဘိသင်္ခါရအဓိပ္ပါယ်သည်ကောင်းမှုမဟုတ် ကောင်းမှုမဟုတ်လျှင်မကောင်းမှုဖြစ်သည်၊'အ'သည်မဟုတ်၊
ပုည ကောင်းမှု ကောင်းမှုမဟုတ်လျှင် မကောင်းမှုအကုသိုလ်ဖြစ်သည်။ ကာယကံအကုသိုလ် ၀စီကံအကုသိုလ် မနောကံအကုသိုလ်
သည် အပုညာဘိသင်္ခါရဖြစ်သည်၊ အကုသိုလ်သည်လည်း ခန္ဓာမှာဖြစ်သောအကုသိုလ်တစ်မျိုး နှုတ်မှာဖြစ်သောအကုသိုလ်တစ်မျိုး
စိတ်မှာဖြစ်သောအကုသိုလ်တစ်မျိုး သုံးမျိုးပြားပါသည်။ သူများအသက်သတ်မှု သူများဥစ္စာခိုးမှု သူများအိမ်ရာပြစ်မှားမှုတို့သည် ခန္ဓာမှာ
ဖြစ်သောအကုသိုလ်ဖြစ်သည်၊ မုသားပြောဆိုမှု ကုန်းတိုက်သောစကားကိုပြောဆိုမှု ကြမ်းတမ်းသောစကားကိုပြောဆိုမှု သိမ်ဖျင်း
သောစကားကိုပြောဆိုမှုတို့သည် နှုတ်မှာဖြစ်သောအကုသိုလ်ဖြစ်သည်၊ သူများစည်းစိမ်ကိုမတရားလိုချင်မှု သူတပါးကိုပျက်စီးစေလိုမှု
အယူမှားမှုတို့သည် စိတ်မှာဖြစ်သောအကုသိုလ်ဖြစ်သည်၊ ယင်းကာယကံအကုသိုလ် ၀စီကံအကုသိုလ် မနောကံအကုသိုလ်တို့သည်
အပုညာဘိသင်္ခါရဖြစ်ပါသည်။
အာနဉ္ဇာဘိသင်္ခါရ- အာနဉ္ဇာဘိသင်္ခါရသည် မတုန်မလှုပ်သော အရူပသမာပတ်ကုသိုလ်ကိုခေါ်ပါသည်။ ဗုဒ္ဓ၀င်ခေတ်ဦးပိုင်းမှာ ကာဠဒေ၀ိလရသေ့တစ်ပါးရှိခဲ့သည်၊ ဘုရားအလောင်းတော်ကြီးကိုမွေးဖွားသောအခါ အိမ်ကိုလာပြီးကြည့်သောရသေ့ဖြစ်သည်၊ ထို
ကာဠဒေ၀ိလရသေ့ရနေသော သီလကောင်းမှုမျိုးဖြစ်သည်။ ဗြဟ္မာနှစ်ဆယ်၌ ရူပဗြဟ္မာတစ်ဆယ့်ခြောက်ခု အရူပဗြဟ္မာလေးခု ပေါင်း
လျှင်နှစ်ဆယ်ဖြစ်သည်၊ အရူပကုသိုလ်လေးခုသည် ရုပ်မရှိဘဲ သက်သက်နာမ်ဖြစ်သောဘုံပါ။ ကာဠဒေ၀ိလရသေ့သည် မိမိခန္ဓာ
ကိုယ်ကိုစီးစစ်သောအခါ ဤခန္ဓာကိုယ်ကြီးရှိလို့ သင်္ချိုင်းကုန်းကိုပို့နေရသည် ဤခန္ဓာကြီးရှိလို့ မျက်ရည်ကျနေရသည်၊ ဤခန္ဓာကြီးမရှိ
လျှင် သင်္ချိုင်းကုန်းကိုပို့စရာ မျက်ရည်ကျငိုကြွေးနေစရာမလို ဤသည်ပင်နိဗ္ဗာန်ချမ်းသာ ဤလိုဆင်ခြင်သည်။ ဤခန္ဓာကြီးသည်ရုပ်ပါ
ကာဠဒေ၀ိလရသေ့သည် ရုပ်ကိုမုန်းပြီး စိတ်နာမ်ချည်းသက်သက်ဖြစ်သွားခြင်းသည်အရူပ၊ နာမ်ကိုဝင်စားသောစိတ်သည် အရူပသ
မာပတ်ပါ၊ ရုပ်ကိုမုန်းပြီး နာမ်ကိုပွါးစီးသောသမာပတ်မျိုးကို ကာဠဒေ၀ိလရသေ့ရရှိသွားသည်၊ သေသောအခါ အရူပဗြဟ္မာဘုံမှာဖြစ်
သည်ကို ကြားဖူကြပါလိမ့်မယ်။ အရူပဘုံသည် ရုပ်လုံးဝမရှိဘဲ နာမ်ချည်းသက်သက်ဖြစ်သောဘုံဖြစ်သည်၊ နာမ်ချည်းသက်သက်ရ
အောင်အားစိုက်သောသမာပတ်ကို အရူပသမာပတ်ခေါ်ပါသည်။ ဤနေရာမှာ အရူပသမာပတ်ကို အာနဉ္ဇာဘိသင်္ခါရခေါ်ပါသည်၊ အ
ရူပဗြဟ္မာဖြစ်အောင်စီမံသောကုသိုလ်ကို အာနဉ္ဖာဘိသင်္ခါရခေါ်သည်။ အာနဉ္ဇာဘိသင်္ခါရကို ကာယသင်္ခါရ ၀စီစင်္ခါရ စိတ္တသင်္ခါရသုံးမျိုး
နှင့်ခွဲတမ်းချလျှင် ကာယသင်္ခါရ၀စီသင်္ခါရတို့မှာမရဘဲ စိတ္တသင်္ခါရတစ်မျိုးတည်း၌သာရပါသည်။ ပုညာဘိသင်္ခါရသည် ကာယသင်္ခါရ ၀စီ
သင်္ခါရ စိတ္တသင်္ခါရသုံးမျိုး၌ဖြစ်သည်၊ အပုညာဘိသင်္ခါရသည်လည်း ကာယသင်္ခါရ ၀စီသင်္ခါရ စိတ္တသင်္ခါရသုံးမျိုး၌ဖြစ်သည်၊ အာနဉ္ဇာဘိ
သင်္ခါရသည် စိတ္တသင်္ခါရတစ်မျိုး၌သာရပါသည်။ သင်္ခါရကို နားလည်လွယ်အောင်အားလုံးပေါင်းလိုက်လျှင် ပုညာဘိသင်္ခါရသည်ကု
သိုလ် အာနဉ္ဖာဘိသင်္ခါရသည်လည်းကုသိုလ်ပါ၊ ကုသိုလ်၌ လူနတ်ကိုဖြစ်စေတတ်သောကုသိုလ်နှင့် ဗြဟ္မာကိုဖြစ်စေတတ်သောကု
သိုလ်တို့ဖြစ်သည်၊ ကုသိုလ်ကိုပေါင်းတည်းပေါင်းလိုက်လျှင် ကုသိုလ်သင်္ခါရ ကုသိုလ်ချည်းဖြစ်သည်။ အပုညာဘိသင်္ခါရသည် အကု
သိုလ်ဖြစ်ပါသည်။ သင်္ခါရသုံးမျိုးကို သဘောတူရာတူရာပေါင်းလိုက်လျှင် ကုသိလ်နှင့်အကုသိုလ်နှစ်မျိုးသာထွက်ပါသည်၊ ကံနှင့်ပြော
လျှင် ကုသိုလ်ကံ အကုသိုလ်ကံနှစ်မျိုးဖြစ်ပါသည်။
ပဋိသန္ဓေ၀ိညာဏ်စိတ် ပ၀တ္တိဝိညာဏ်စိတ် ဖြစ်ရခြင်းအကြောင်းရင်းကို အလောင်းတော်ကြီးစီးစစ်သောအခါ ကံကြောင့်ဖြစ်သ
ည်ကိုမြင်သွားပါသည်၊ ကံကိုအားကိုးမိလို့ အသေမှာကျနေရသည်ကိုမြင်သွားသည်။ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနဉ္ဇာဘိ
သင်္ခါရကို ယခုတရားသင်သောအခါ စေတနာကိုကောက်ပြထားခဲ့ပါပြီ၊ မြတ်စွာဘုရားသည် စေတနာကိုကံလို့ဟောပါသည် စေတနာ
ကိုကံလို့ဟောသောအခါ စေတနာကံကြောင့် ၀ိညာဏ်ဖြစ်သည်။ ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဝိညာဏ်ဖြစ်လျှင် ၀ိညာဏ်မှ
ဆက်ပြီး သေအောင်ထိအကျိုးပေးသွားပါသည်၊ ကံသည်တကာတကာမတို့အတွက် ချမ်းသာကိုမပေးဘဲ အသေကိုအကျိုးပေးပါသည်၊
ထို့ကြောင့် ကံသမားသည် နိဗ္ဗာန်ကိုမရနိုင်ပါ။ ရပ်ပြောရွာပြောပြောလျှင် အကုသိုလ်ကံကြောင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်
လျှင်လည်း သေနေရပါသည်၊ ကုသိုလ်ကံကြောင့် လူနတ်ဖြစ်လျှင်လည်း သေနေရသည်၊ ဗြဟ္မာဖြစ်လျှင်လည်း သေနေရသည် သုံး
ဆယ်တစ်ဘုံမှာ ကံကသာသေနေရာသို့ပို့ပါသည်၊ ယင်းကြောင့် ကံသည်အသေကိုကျေးဇူးပြုတတ်သောတရားကို အလောင်းတော်
ကြီးမြင်ပါသည်။
ကံသည်အသေကိုကျေးဇူးပြုတတ်သောတရားကို အလောင်းတော်ကြီးမြင်သောအခါ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ်သည်ကိုဟော
ကြားပါသည်၊ သင်္ခါရကြောင့်ဝိညာဏ်ဖြစ်သည်ဆိုရာ၌ ကံကြောင့်ပဋိသန္ဓေခန္ဓာဖြစ်သည်ကိုဆိုလိုပါသည်။ ပဋိသန္ဓေကြောင့် နာမ်ရုပ်
ဖြစ်သည်၊ နာမ်ရုပ်ကြောင့် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဖြစ်သည်၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ကြောင့် မြင်ရမှုကြားရမှုစ
သည်ဖြစ်သည်၊ မြင်ရမှုကြားရမှုစသည်ကြောင့် ခံစားမှုဖြစ်သည်၊ ခံစားမှုကြောင့် လိုချင်မှုဖြစ်သည်၊ လိုချင်မှုကြောင့် စွဲလမ်းမှုဖြစ်သည်
စွဲလမ်းမှုကြောင့် အလုပ်လုပ်မှုဖြစ်သည်၊အလုပ်သည်ကကံပါ၊ အလုပ်လုပ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်ရသည် ခန္ဓာဖြစ်ရလျှင်သေရ
သည်။ အလောင်းတော်ကြီသည် ရှေ့အယင်က ဤကဲသို့တရားဖြစ်ပေါ်မှုတို့ကိုမသိခဲ့ မသိခြင်းသည်အ၀ိဇ္ဇာ၊ ယခုသိသည်အခါ ၀ိဇ္ဇာ
ဖြစ်သည်။ ငါသည် ဤသဘောတရားတို့ကို အသေအချာမသိခဲ့၍ ကံကိုချည်းအားကိုနေခဲ့သောကြောင့် သေကိန်းဆိုက်ခဲ့သည်၊ ဘု
ရားဖြစ်၍ပြန်လည်ဟောပြသောအခါ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ မသိခဲ့၍ ကံသည်ချမ်းသာကိုဖြစ်စေတတ်သောတရားထင်မှတ်ပြီး ကံကို
အားကိုးသည့်အတွက်ကြောင့် ပဋိသန္ဓေခန္ဓာဖြစ်ရသည်။ ပဋိသန္ဓေစိတ်ခေါ်သော လူပဋိသန္ဓေ နတ်ပဋိသန္ဓေ ဗြဟ္မာပဋိသန္ဓေ ငရဲတိ
ရစ္ဆာန်ပြိတ္တာအသူရကာယ်ပဋိသန္ဓေရသည်၊ ပဋိသန္ဓေဖြစ်လျှင် ခန္ဓာဖြစ်ရသည် ခန္ဓာဖြစ်ရလျှင် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဖြစ်
ရသည်၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဖြစ်ရလျှင် မြင်ရမှုကြားရမှုတို့နှင့်ကြုံရသည်၊ မြင်ရမှုကြားရမှုတို့နှင့်ကြုံလျှင် ခံစားမှုဖြစ်ရ
သည်၊ ခံစားရမှုနှင့်ကြုံလျှင် လိုချင်မှုဖြစ်ရသည်၊ လိုချင်မှုဖြစ်ရလျှင် စွဲလမ်းမှုဖြစ်ရသည်၊ စွဲလမ်မှုဖြစ်ရလျှင် ဖြစ်အောင်လုပ်သည်၊ ဖြစ်
အောင်လုပ်လျှင် ခန္ဓာဘဲပြန်ရသည် ခန္ဓာရလျှင်သေရပြန်ပါသည်၊ လုံးလည်လိုက်ပြီး မသိလျှင် ခန္ဓာကြီးသည်သေကိန်းဆိုက်ပြီး သက်
သက်ဒုက္ခရောက်နေမှုကိုမြင်သွားသည်။ ထိုကိုဘုရားဖြစ်သောအခါ ကေ၀လသ ဒုက္ခက္ခန္ဓသ သမုဒယော ဟောတိဟောထားပါသည်
သက်သက်ဒုက္ခဖြစ်နေသည်ကိုမြင်ပါသည်။ အားလုံးစုလိုက်လျှင် မသိ၍သေနေရသည် မသိသည်ကအ၀ိဇ္ဇာ သမုဒယသစ္စာ၊ သေ
သည်ကဒုက္ခသစ္စပါ။
အင်္ဂါတစ်ဆယ့်နှစ်ပါးတို့သည် အ၀ိဇ္ဖာ သင်္ခါရ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖသ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘ၀ ဇာတိ ဇ
ရာမရဏတစ်ဆယ့်နှစ်ပါး၊ ထိုတစ်ဆယ့်နှစ်ပါးတို့တွင် ဇရာမရဏသည် အကျိုးဒုက္ခသစ္စာ ဇရာမရဏမှနေနောက်ပြန်လှည့်ပြီး ဇာတိ
ကစပြီးအ၀ိဇ္ဇာထိ တစ်ဆယ့်တစ်ပါးသည် အကြောင်းသမုဒယသစ္စာဖြစ်သည်။ ထို့ကြောင့် ပါဠိကိုစီးပြီးနားထောင်ကြည့်လျှင် ပစ္စယာ ပစ္စယာကြားပါလိမ့်မယ်၊ အ၀ိဇ္ဇာမှာပစ္စာပါသည် သင်္ခါရ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖသ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘ၀ ဇာတိ
တို့မှာပစ္စယာပါသည် ဇရာမရဏမှာပစ္စယာမပါ။ အင်္ဂါတစ်ဆယ့်နှစ်ပါးမှာ အကြောင်းအင်္ဂါသည်တစ်ဆယ့်တစ်ချက် အကျိုးအင်္ဂါသည်
တစ်ချက်ဖြစ်သည်၊ အကြောင်းတစ်ဆယ့်တစ်ချက်သည် ချမ်းသာကြောင်းမဟုတ်သေကြောင်းဖြစ်သည်၊ အကျိုးတစ်ချက်သည် လူနတ်
စည်းစိမ်မဟုတ် သေရခြင်းဖြစ်သည် သေကြောင်းနှင့်သေကျိုးဘဲရှိသည်။ ပဋိစ္စသမုပ္ပါဒ်ကိုအားလုံးပေါင်းလိုက်သောအခါ သမုဒယ ဒု
က္ခ၊ သမုဒယ ဒုက္ခနှစ်ခုထွက်သည်၊ ဇာတိမှနေပြီးအ၀ိဇ္ဇာထိသည် သမုဒယ၊ ဇရာမရဏသည် ဒုက္ခ၊ ခွဲလိုက်သောအခါ သမုဒယသစ္စာ
နှင့်ဒုက္ခသစ္စာနှစ်ပါးထွက်လာပါသည် သစ္စာသည် အားလုံးလေးပါးရှိပါသည်။ ထို့ကြောင့် လူနတ်ဗြဟ္မာဖြစ်နေသည် ငရဲတိရစ္ဆာန်ပြိတ္တ
ာအသူရကာယ်ဖြစ်နေသည်တို့သည် ဒုက္ခရောက်နေခြင်းဖြစ်သည်၊ ဒုက္ခရောက်ရခြင်းအကြောင်းသည် ဒုက္ခရောက်အောင်လုပ်သော
ကြောင့် ဒုက္ခရောက်နေရခြင်းဖြစ်ပါသည်။
ဇာတိမှနေပြီးအ၀ိဇ္ဇာထိသည် ဒုက္ခရောက်အောင်လုပ်နေမှုတို့ဖြစ်သည်၊ ဒုက္ခရောက်အောင်လုပ်နေသည်ကို သူငါမသိကြပါ ကံ
ကိုအားကိုနေသည် ဤကံသည် ဒုက္ခကိုဖြစ်စေတတ်သောအကြောင်းကို ယခုထိမသိသေ့ပါ၊ ယခုကိုယ့်ကိုမေးကြည့်ပါ ကိုယ့်ကိုပြန်
မေးကြည့်လျှင် ကံကောင်းမှချမ်းသာမယ် ထိုအဓိပ္ပါယ်ထွက်လာပါလိမ့်မယ်၊ လွန်ခဲ့သောဘ၀၌ ကုသိုလ်ကံကောင်း၍ ယခုဘ၀၌လူ
ဖြစ်နေသည် ကုသိုလ်ကံကောင်း၍နတ်ဖြစ်နေသည် ကုသိုလ်ကံကောင်း၍ဗြဟ္မာဖြစ်နေသည်၊ ဤကဲသို့ဖြစ်နေခြင်းသည် ချမ်းသာနေ
သည်အဖြေထွက်ပါလိမ့်မယ် ယင်းသည် မသိမှုအ၀ိဇ္ဇာပါ။ ထိုဘ၀မှကုသိုလ်ကံကို ချမ်းသာကြောင့်သိနေပြီး ယခုဘ၀၌ လူနတ်ဗြဟ္မာ
ခန္ဓာရနေခြင်းကို ချမ်းသာကျိုးကိုရနေသည့်ထင်မှတ်နေခြင်းသည် သေကြေင်းနှင့်သေကျိုးကိုရနေသည်ကိုမသိ၍ဖြစ်ပါသည်၊ မသိခြင်း ၏အကြောင်းရင်းသည် ဘုရားတရားကိုမနာရခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားတရားကိုနာသောအခါ သေကြောင်းနှင့်သေဖို့ရန်ဖြစ်
နေသည်ကိုနားလည်သွားပါသည်။ သေကြောင်းသည်ကံပါ ကံကိုသေဖို့အကြောင်းဖြစ်သည်ကိုမသိခြင်းသည်အ၀ိဇ္ဇာ၊ ကံကိုသေ
ကြောင်းသိလျှင် ၀ိဇ္ဇာဖြစ်သွားပါလိမ့်မယ်၊ သေနေရခြင်းသည် ကံကိုသေကြောင်းမသိခြင်းကြောင့်ဖြစ်သည်၊ တရားကိုမသိဆိုခြင်း
သည် ဤအကြောင်းခြင်းအရာတို့ကိုပြောခြင်းပါ။ ကံကိုသေကြောင်းမသိဘဲ ချမ်းသာကြောင်းသိလာမှုသည် အသက်ငါးဆယ်ရှိပါပြီ
ကံသည်ချမ်းသာကြောင်း အသက်ခုနစ်ဆယ်ရှစ်ဆယ်ရှိပါပြီ ကံသည်ချမ်းသာကြောင်းသိလာသည်။ ကံသည်ချမ်းသာကြောင်းဖြစ်လျှင်
သင်္ခါရပစ္စယာ ၀ိညာဏံဆက်ပြပါသည်၊ ရှေ့ကိုဆက်ပြီးသွားလျှင် ဇရာမရဏသို့ရောက်သွားပါသည်၊ ဇရာမရဏသို့ရောက်လျှင် ကံ
သည်သေကြောာင်းဖြစ်ပါသည်၊ သေရသည်ကို ချမ်းသာလို့မဆိုနိုင်ပါ မရဏမ္ပိ ဒုက္ခသစ္စံဟောထားပါသည်။ ကံကိုချမ်းသာကြောင်းအ
သိသည် အသိမှန်မဟုတ်အသိမှားဖြစ်သည် အသိမှားကိုအ၀ိဇ္ဇာခေါ်ပါသည်၊ စာအက္ခရာအ၀ိဇ္ဇာကိုပြောသည်မဟုတ်ပါ ကံကိုချမ်း
သာကြောင်းသိနေသောအသိမှားကိုပြောခြင်းဖြစ်ပါသည်။ ကံကိုချမ်းသာကြေင်းသိနေမှုသည် ပညာမဟုတ်ပညာကန်းနေပါသည် အ
ဝိဇ္ဇာပါ ပညာပြောင်းပြန်ဖြစ်နေပါသည်၊ ကလေးစကားနှင့်ပြောလျှင် မျက်စေ့တွင်လူငယ်ပြောင်းပြန်ဖြစ်နေပါပြီ မျက်စေ့လူငယ်ပြောင်း
ပြန်ဖြစ်နေလျှင် မိဘသည်လည်းတည့်ပေးဖို့မတတ်ပါ ဘိုးဘွားဘီဘင်လည်းတည့်ပေးဖို့မတတ်ပါ။ ဘုရားမပွင့်မီ ဆရာသမားမြောက်
များစွာနှင့်တွေ့ပါသည် ဘုရားလောင်းသူတော်ကောင်းနှင့်လည်းတွေ့ပါသည် တွေ့ပင်တွေ့ခြားသော်လည်း ထိုပုဂ္ဂိုလ်တို့သည် ကံသည်
သေကြောင်းပြောဖို့မတတ်ပါ ချမ်းသာကြောင်းသာပြောတတ်ပါသည်။
ပုံစံတစ်ခုကိုထုပ်ပြပါမယ်- ငါရို့ဘုရာလောင်းသည် သမိုင်းမှာမှတ်တမ်းတင်လောက်အောင် မဟာဂေါဝိန္ဒပညာရှိကြီးတစ်
ယောက်ဖြစ်ခဲ့သည်၊ ခုနစ်ပြည်ထောင်စုအတွင်း၌ လူနှင့်တကွခုနစ်ပြည်မင်းတို့သည် ပညာရှိသတ်မှတ်လိုက်ကြသည်။ မဟာဂေါဝိန္ဒ
ပညာရှိ၏အဆုံးအမကိုမင်းနှင့်တကွ ခုနစ်ပြည်ထောင်စုသားတို့သည် ခံယူကြသည်၊ ပညာရှိ၏အဆုံးအမကိုယူ၍သေသောအခါ အ
ဆုံးအမကိုအပြည့်အစုံရသောသူတို့သည် ဗြဟ္မာပြည်၌ဖြစ်သည်၊ ထိုခေတ်ထိုအခါစကားနှင့်ပြောလျှင် ထိပ်တန်းနေရာကိုရောက်ပြီး
ချမ်းသာကိုရသည်ပြောပါလိမ့်မယ် ယခုစကားနှင့်ပြောလျှင် အသေကိုရခြင်းပါ၊ ဘုရားလောင်း၏အဆုံးအမကို အပြည့်အစုံရသောပု
ဂ္ဂိုလ်သည် ဗြဟ္မာဘ၀နှင့်သေရပါသည် အသေကမလွတ်ပါ။ မဟာဂေါဝိန္ဒပညာရှိကြီး၏အဆုံးအမကို အပြည့်အစုံမရသောပုဂ္ဂိုလ်
သည် နတ်ဘ၀ကိုရောက်ပြီး နတ်ဘ၀အဖြစ်နှင့်သေရပါသည်။ ပဉ္စသိခနတ်သားသည်လာရောက်ပြီး မြတ်စွာဘုရားအား အရှင်ဘုရား
ရှေ့ခေတ်၌ မဟာဂေါဝိန္ဒပညာရှိကြီးတစ်ယောက်ရှိခဲ့ပါသည် ထိုပညာရှိကြီး၏တရားကိုနာရသောပုဂ္ဂိုလ်သည် သေသောအခါ အ
ပြည့်အစုံရသောပုဂ္ဂိုလ်သည် ဗြဟ္မာပြည်ကိုရောက်ကြပါသည်၊ အပြည့်အစုံကိုမရသောပုဂ္ဂိုလ်သည် နတ်ပြည်ခြောက်ထပ်၌ဖြစ်ကြပါ
သည် အယုတ်ဆုံးဘုရား အောက်ဆုံးရသောပုဂ္ဂိုလ်သည် ဂန္ဓဗ္ဗနတ်ဖြစ်ပါသည်၊ ဂန္ဓဗ္ဗနတ်သည် ကချေသည်နတ်ဖြစ်သည်။ အရှင်ဘု
ရားသည် ထိုအကြောင်းအရာကိုသတိရပါသလား ပဉ္စသိခနတ်လာလျှောက်ပါသည်။ မြတ်စွာဘုရားက မဟာဂေါဝန္ဒသည် တခြားပု
ဂ္ဂိုလ်မဟုတ်ငါဘုရားဖြစ်သည်၊ ပဉ္စသိခ ငါမဟာဂေါဝိန္ဒပညာရှိဖြစ်သောအခါ ငါ၏အဆုံးအမကို အပြည့်အစုံရသောပုဂ္ဂိုလ်သည် ဗြဟ္မာ
ပြည်ကိုရောက်သည် အဆုံးအမအပြည့်အစုံမရသောပုဂ္ဂိုလ်သည် နတ်ပြည်ကိုရောက်သည်၊ ထိုအခါ အဆုံးအမအပြည့်အစုံရသော
ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမရဘုရားဆုံးဖြတ်ချက်ပြုပါသည် န နိဗ္ဗိဒါယ န ၀ိရာဂါယ န နိရောဓာယ န ဥပသမာယ န အဘိညာယ န သ
မ္ဘောဒါယ န နိဗ္ဗာနာယ သံဝတ္တတိ နောက်ဆုံး န နိဗ္ဗာနာယစကားကိုနားထောင်ကြည့်သော် နိဗ္ဗာန်ကိုရခြင်းမပါ၊ မဟာဂေါဝိန္ဒပညာရှိ
ဘ၀နှင့် နိဗ္ဗာန်ကိုငါသည်မသိခဲ့ ယာဝဒေ၀ ဗြဟ္မလောကူပပတ္တိယာ မှတ်ချက်ပေးပါသည်၊ မဟာဂေါဝိန္ဒပညာရှင်ဖြစ်သောအခါ ငါ၏
အဆုံးအမသည် ဗြဟ္မာပြည်သို့ရောက်သည်မှာလမ်းဆုံသည်၊ ဗြဟ္မာပြည်သို့ရောက်သည်မှာလမ်းဆုံးလျှင် သေဖို့ရန်ဖြစ်သည်။ သာ
သနာပအခါ၌ ဘုရားလောင်းပညာရှိ၏အဆုံးအမကိုရငြားသော်လည်း အသေကိုဘဲရပါသည်၊ မြတ်စွာဘုရားဆက်ပြီးမိန့်ကြားသည်
ယခုငါဘုရားဖြစ်နေသောအခါ ငါ၏အဆုံးအမကို အပြည့်အစုံရသောပဂ္ဂိုလ်သည် ရဟန္တာဖြစ်သည်၊ အပြည့်အစုံမရသောပုဂ္ဂိုလ်သည်
အနာဂါမ် သကဒါဂါမ် သေတာပန်ဖြစ်သည်။ အောက်ထိုက်ဆုံးသောတာပန်ဖြစ်သော်လည်း ဤတရားသည် နိဗ္ဗိဒါယ ၀ိရာဂါယ နိ
ရောဓာယ ဥပသမာယ အဘိညာယ သမ္ဘောဒါယ နိဗ္ဗာနာယ သံဝတ္တတိ နိဗ္ဗာန်ကိုရောက်သောတရားဖြစ်သည်၊ ရဟန္တာဖြစ်လျှင် နိဗ္ဗာ
န်ကိုရောက်သည် သောတာပန်ဖြစ်လျှင်လည်း နိဗ္ဗာန်ကိုရောက်ပါသည်။ ယခုငါဘုရားဖြစ်သောအခါဟောသောတရားသည် နိဗ္ဗာန်ကို
ရောက်သည်၊ ငါဘုရားမဖြစ်မီ နိုင်ငံအသီးသီးမှ ပညာရှင်ကြီးမြှောက်ထားသော်လည်း နိဗ္ဗာန်ကိုရောက်သောတရားကိုမဟောနိုင်ခဲ့ပါ
သင်္ချိုင်းကုန်းကိုရောက်သောတရားမှာသာလမ်းဆုံးသည်။
နိဗ္ဗာန်လမ်းတရားသည် ဘုရားပွင့်မှသာရှိပါသည် ဘုရားမပွင့်လျှင်မရှိပါ၊ မရှိခြင်းအကြောင်းသည် ပညာမရှိမသိတတ်၍ဖြစ်သည်
မသိမှုသည်အ၀ိဇ္ဇာပါ၊ အ၀ိဇ္ဇာရှိလျှင် သေသည်နေရာကိုရောက်သည်။ ဗြဟ္မာပြည်ရောက်မှုသည်လည်း အ၀ိဇ္ဇာသတ္တိ၊ အ၀ိဇ္ဇာသည် ပ
ညာကန်းမှုကိုခေါ်သည်၊ ငါရို့ကသူများစိတ်ကိုသိနေသောပုဂ္ဂိုလ်ကို ပညာရှင်ကြီးဆိုပြီးအထင်ကြီးသည် တရားကိုနားမလည်သောအ
ခါ အထင်ကြီးမှုသည်ဖြစ်လာသည် အာသ၀ကုန်နေသောပုဂ္ဂိုလ်ကိုမှ ရဟန္တာခေါ်ပါသည် အ၀ိဇ္ဇာသည် အာသ၀ဖြစ်သည်။ အ၀ိဇ္ဇာ တ
ဏှာ ဥပါဒါန်ကုန်နေမှ ရဟန္တပါ၊ အာသ၀တရားလေးပါးရှိပါသည် ကာမာသ၀ ဘာဝါသ၀ ဒိဋ္ဌာသ၀ အ၀ိဇ္ဇာသ၀လေးပါးပါ။ ကာမာသ
ဝ ဘာဝါသ၀သည် တဏှာ၊ ဒိဋ္ဌာသ၀သည် ဒိဋ္ဌိ ဥပါဒါန်၊ အ၀ိဇ္ဇာသ၀သည် အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ကုန်နေရပါမယ်၊ ကုန်နေ
သည်၏အဓိပ္ပါယ်သည် တဏှာလောဘမရှိလျှင် အလောဘဖြစ်သွားသည် အ၀ိဇ္ဇာမရှိလျှင် ၀ိဇ္ဇာဖြစ်သွားသည် အယူမှားအမြင်မှားမှုမ
ရှိလျှင် အယူမှန်အမြင်မှန်ဖြစ်သွားသည်၊ အယူမှားမှုသည်ကုန်သွားသည် အသူ့ကြောင့်လည်း အမြင်မှန်၍ဖြစ်သည်။ တကယ်တရား
ဆိုသည်က အာသ၀ကုန်နေရသည် အသ၀ကုန်ရန်အတွက်ကျင့်စဉ်သည် မဂ္ဂင်ရှစ်ပါးဖြစ်ပါသည်။
အ၀ိဇ္ဖာကနေပြီးဇာတိထိ တစ်ဆယ့်တစ်ပါးသောအကြောင်းကြောင့် သေနေရသည်ကိုသိပါပြီ၊ ဤအသေသည် ခန္ဓာကြောင့်ဖြစ်
သည် ခန္ဓာရှိသည်ဖြစ်၍သေရသည်ကို အလောင်းတော်ကြီးသည် သိမြင်သွားသည်။ အလောင်းတော်ကြီးသည် အိုနာသေမှလွတ်
အောင်ရှာသောအခါ ခန္ဓာမရှိလျှင် အသေသည်မရှိသိမြင်လေသည်၊ ပထမ ခန္ဓာရှိလျှင် အသေသည်ရှိသည် အသေမှလွတ်အောင်ရှာ
သောအခါ ခန္ဓာမရှိလျှင် အသေသည်မရှိ၊ ဒုတိယ ခန္ဓာမရှိလျှင် အသေသည်မရှိကို အတွေးနှင့်သိထားပါပြီ၊ ဤခန္ဓာမရှိအောင် မရှိပုံမ
ရှိနည်းကိုကြည့်ပါသည်။ ခန္ဓာသည်ငါးပါးရှိသည် ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာ၊ ကျဉ်းချုံးလိုက်လျှင်
ရုပ်ခန္ဓာတစ်ပါး ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာတို့သည် နာမ်ခန္ဓာဖြစ်သည် ရုပ်နှင့်နာမ်။ ယခု ခန္ဓာရှိလျှင် အ
သေသည်ရှိသည် ခန္ဓာမရှိလျှင် အသေသည်မရှိမြင်ထားသည်၊ အသေမှလွတ်လို၍ ခန္ဓာမရှိအောင်အလုပ်လုပ်သောအခါ ထွက်လေ
ဝင်လေနှာသီးဝမှာထိနေသည်ကို နောက်ကသိစိတ်နှင့်ကြည့်နေသည်၊ သိစိတ်သည် ၀ိညာဏက္ခန္ဓာနာမ်တရား၊ ထိနေသောနှာခေါင်း
ဝနှင့်လေသည် ရူပက္ခန္ဓာရုပ်တရား၊ ထိုအခါ ရုပ်နှင့်နာမ်ပေါ်နေပါသည်။ ထိမှုသည် နဂိုမူလ၌မရှိပါသူသည်ဖြစ်ပေါ်နေသောတရားဖြစ်
သည်၊ ထိမှုကို သတိကပ်လို့သတိကပ်လို့ကြည့်ဖန်များလျှင် ထိတိုင်းထိတိုင်းသိနေသည်၊ ထိတိုင်းသတိနှင့်သိနေသေအခါ ထိမှုသည်
အမြဲတန်းထိနေသကဲသို့မြင်ပါလိမ့်မယ်၊ စူးစူးစိုက်စိုက်ကြည့်ဖန်များလာသောအခါ ဉာဏ်ပေါ်လာပါသည်။ ထိုထိမှုသည်ရှိနေသည်မ
ဟုတ် ထိပြီးလျှင် ဖြတ်ဆိုပျောက်သွားသည်၊ ကြည့်ဖန်များလာသောအခါဉာဏ်ပေါ်လာသည် ထွက်လေ၀င်လေထိမှုသည် ဖြတ်ဆို ပျာက်သွားမှုကို ထိုဉာဏ်ကမြင်ပါသည်။ ပထမ၌ထိမှုသည် ရှိနေသည်ချည်းမြင်နေသည် ထိုမြင်ခြင်းသည် ဤရုပ်ခန္ဓာရှိနေသည်မြင် မှုဖြစ်သည် ကြည့်ဖန်များလာသောအခါမရှိပါ သူကဖြစ်ပြီးလျှင် ပျောက်သွားသည်ကိုမြင်ပါသည်။
ရုပ်နာမ်ခန္ဓာသည်နဂို၌မရှိ ဖြစ်လာသည် ဖြစ်လာပြီးလျှင်ပျောက်သွားသည် ထိုအရာကို ကိုယ်ကိုတိုင်မမြင်သောအခါ မိခင်မွေး
သောခန္ဓာသည် ယခုထိရှိနေသည်ငါရို့ကထင်နေသည်။ စိတ်သည်လည်း ယခုထိရှိနေသည် ရှိနေသည်မဟုတ်ပါ ဖြစ်ပြီးပျက်နေပါ
သည်။ သူများသင်သောအခါ ဖြစ်ပျက်ကိုကြည့်ပါသင်လို့သိထားသည် ကိုယ်ကိုတိုင်မြင်နေသောအခါ ထိုမြင်ခြင်းသည် သူများသင်လို့
မြင်သည်မဟုတ် ကိုယ်ကိုတိုင်မြင်သည်၊ ရှိနေသည်မဟုတ် ဖြစ်ပျက်နေသည် ဖြစ်ပျက်နေသည်ကိုမြင်လျှင် ရှိနေသောအယူအဆ
သည် ပျောက်သွားသည်။
အမြင်ခံကဖြစ်ပျက်ဒုက္ခ သိဉာဏ်ကမဂ် မဂ်ဝင်နေပါပြီ မဂ်သည်မဂ္ဂသစ္စာဖြစ်သည်၊ မဂ်ဝင်နေလျှင် မရှိမှုကိုခင်သောတဏှာမလာ
မာနလည်းမလာပါ ရှိနေသည်မြဲနေသည်ယူသောဒိဋ္ဌိလည်းမလာပါ။ ဒိဋ္ဌိသည် ပထမပျောက်ရပါသည် ဒိဋ္ဌိကိလေသာပျောက်နေပါပြီ။
ဤခန္ဓာသည် ဖြစ်ပျက်ဒုက္ခမြဲနေပြီး ဖြစ်ပြီးပျက်သွားသည်ဥပ္ပါဒါဝယ သိသည်ဉာဏ်ကမဂ္ဂ၊ ဤခန္ဓာမရှိလျှင် ဇာတိနိရောဓာ ဇရာမရဏ
နိရောဓော နောက်ဇရာမရဏမလာပါ။ ခန္ဓာမရှိအောင်ဉာဏ်ကမြင်နေရပါမယ် ကြည့်ဖန်ကြည့်ဖန်များလာလျှင် ဉာဏ်ရင့်လာပြီး ခန္ဓာ
လုံးဝမရှိသည်ကိုမြင်ပါမယ်၊ ထို့ကြောင့် ပထမဖြစ်ပျက်မြင် ဒုတိယဖြစ်ပျက်မုန်း နောက်ဖြစ်ပျက်ဆုံးသည်၊ ဤခန္ဓာလုံးဝမရှိမှုကို ကိုယ်
ကိုတိုင်မြင်နေသည် ခန္ဓာလုံးဝမရှိမှုကိုမြင်နေလျှင် ခန္ဓာလုံးဝမရှိသည်ကနိရောဓ သိနေသည်ဉာဏ်ကမဂ္ဂ။ မြင်နေသောဉာဏ်သည်
ဖြစ်ပျက်မရှိသည်ကိုမြင်နေရသည် ဖြစ်ပျက်မရှိမှုကိုမြင်အောင်အတွက် ဖြစ်ပျက်အမြင်မှစရပါသည်၊ ဖြစ်ပျက်ကိုမြင်သောဉာဏ်သည်
ဝိပသနာဉာဏ် ဖြစ်ပျက်မရှိမှုကိုမြင်သောဉာဏ်သည် အရိယာမဂ်ဉာဏ်ဖြစ်ပါသည်။
ခုနားကဘုန်းကြီးပြောခဲ့ပါပြီ ငါဘုရား၏အဆုံးအမကို အညံ့စားဆုံးရသောပုဂ္ဂိုလ်သည် သောတာပန်ဖြစ်သည် အပြည့်အစုံရ
သောပုဂ္ဂိုလ်သည် ရဟန္တာဖြစ်သည်။ သောတာပန်ဖြစ်ပြီးမှ သကဒါဂါမ်ဖြစ်သည်၊ သကဒါဂါမ်ဖြစ်ပြီးမှ အနာဂါမ်ဖြစ်သည်၊ အနာဂါမ်
ဖြစ်ပြီးမှ ရဟန္တာဖြစ်သည် ဤဉာဏ်နှင့်တဆင့်တဆင့်တက်သွားပါသည်။ ထိုဉာဏ်ကို ကိုယ်ကမသင်ယူလို့မရပါ သင်ယူရပါသည်၊ ထို့ကြောင့် တရားအားထုတ်ခြင်းသည် ဖြစ်ပျက်ကိုမြင်ရပါမယ်၊ ယင်းကိုတရားစခန်းတို့၌သင်ပေးပါသည်- ယုံကြည်ကျန်းမာ၊ စိတ်
ပြောင့်စွာနဲ့၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်သိမြင်၊ ဤငါးအင် မှန်ပင်မဂ်ရကြောင့်။ မဂ်သည်လမ်းပါ မသေရာနိဗ္ဗာန်ကိုသွား
သောလမ်းဖြစ်သည်၊ ဤအင်္ဂါငါးပါးသို့မ၀င်လျှင် တရားအားထုတ်သောအထဲသို့မရောက်ပါ၊ နာမ်နှင့်ရုပ်ဖြစ်သည်ချုပ်သည်ကိုမြင်နေရ
သည် ဤထောင့်ကိုရောက်မှ နိဗ္ဗာန်တံခါးပွင့်ပါသည်။ ခုနားကဇာတိပစ္စယာ ဇရာမရဏံမှာ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ
တို့ကိုသိမှုပါသွားပါပြီ နောက်ကသိသည်ဉာဏ်က မဂ္ဂသစ္စာ သစ္စာလေးပါးဖြစ်ပါသည်။ သစ္စာလေးပါးကိုမသိ၍ သံသရာ၌လည်နေရ
ပါသည် သစ္စလေးပါးကိုသိလျှင် သံသရာမှလွတ်မြောက်ပြီး ငြိမ်းသွားပါလိမ့်မယ်၊ လွတ်မြောက်ရန်အတွက် ကိုယ်ကိုတိုင်သင်ယူပြီး ကိုယ်ကိုတိုင်အလုပ်လုပ်ရပါသည်။ ယခုအချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။