Total Pageviews
Saturday, January 17, 2015
စစ်တွေမြို့ ဓာလယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
          ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
             ၂၀၁၃ ခု မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်ဟောကြားအပ်သော
                    သတ္တ၀ါများသေရခြင်းအကြောင်း
                                                                         အပိုင်း (၅)
      မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဤခြောက်ခုကို အာယာတနခေါ်ပါသည်၊ အာယာတနခြောက်ပါးသည် အိမ်ခြောက်ပါးဖြစ်ပါ
သည် မျက်စေ့အိမ် နားအိမ် နှာခေါင်းအိမ် လျှာအိမ် ကိုယ်အိမ် စိတ်အိမ်တို့ဖြစ်သည်။ ထိုအိမ်ခြောက်ပါးခေါ်သော မျက်စေ့နားနှာ
ခေါင်းလျှာကိုယ်စိတ်တို့သည် အသေကိုကျေးဇူးပြုသည်ကို မြတ်စွာဘုရားမဖြစ်မီအလောင်းတော်ဘ၀ တရားရှာဖွယ်စဉ်ကာလ၌သိခဲ့
ပါသည်၊ ယင်းကိုဘုရားဖြစ်သောအခါ သဠာယတနပစ္စယာ ဖသော၊ ဖသပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥ
ပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝေါပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံဟောကြားထားပါသည်။ ဟောကြားထားသော်လည်း ဘုရားဟောသောစကားသည် မာဂဓတိုင်းဖြစ်စကားဖြစ်၍ ဘုန်းကြီးများတကာတကာမများသည် နားမလည်နိုင်ဖြစ်သည်အတွက် မိမိ
တို့ရခိုင်သည်ရခိုင်ဘာသာ ရှမ်းသည်ရှမ်းဘာသာ ကုလားသည်ကုလားဘာသာ ဗမာသည်ဗမာဘာသာတိုဖြင့် သေသေချာချာဘာ
သာပြန်ပြီးကြည့်လျှင် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်မှဆက်သွားပြီး သေသည်ထိကျအောင်ကျေးဇူးပြုနေသည်ကိုသိသွားပါသည်။
ဆိုလိုသည်က မျက်စေ့ရှိလျှင်မသေချင်ပါလို့မလွတ်ပါ၊ နားရှိလျှင် မသေချင်ပါလို့မလွတ်ပါ၊ နှာခေါင်းလျှာကိုယ်စိတ်ရှိလျှင် မသေချင်ပါ
လို့မလွတ်ပါ။ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ကို ယခုတရားနာထားပြီးဖြစ်၍ ရုပ်နှင့်နာမ်ဖြစ်သည်ကိုသိနေကြပါပြီ။ ရုပ်သည်ရုပ်ခ
န္ဓာ နာမ်သည်နာမ်ခန္ဓာ ရုပ်နာမ်ခန္ဓာကြီးဖြစ်နေသည့်အတွက်ကြောင့် ခန္ဓာရှိလျှင်သေရပါသည်၊ လူဖြစ်၍သေရသည်မဟုတ်ပါ ခန္ဓာ
ဖြစ်လျှင်သေရပါသည်၊ ဇာတိ ခန္ဓာဖြစ်ခြင်းကြောင်း ဇရာမရဏံ သေရသည်။ ဘ၀ ဥပါဒါန် တဏှာ ဝေဒနာ ဖသ သဠာယတနတို့
သည်လည်း ခန္ဓာတို့ကိုအမည်းအမျိုးမျိုးနှင့်ပြောခြင်းသာဖြစ်ပါသည် ဤတရားတို့အားလုံးသည်လည်းခန္ဓာပါ။
      မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဖြစ်ပေါ်လာသည့်အကြောင်းကြောင့်သေရလျှင် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်သည်အ
ကြောင်း သေရခြင်းသည်အကျိုး အကြောင်းအကျိုးသာရှိပါသည်၊ အကြောင်းသည်ချမ်းသာကြောင်းလားမေးလျှင် ချမ်းသာကြောင်းမ
ဟုတ်ပါ ဆင်းရဲကြောင်းဖြစ်ပါသည်။ ဆင်းရကြောင်းကိုငါရို့သည် ဆင်းရဲကြောင်းရခိုင်လိုပြန်လိုက်လျှင်လည်း ဆင်းရဲဆိုသည့်စကား
ကို တိကျသေချာစွာနားမည်ပါ၊ ဆင်းရဲဒုက္ခဆင်းရဲပြန်လိုက်သည်ကို စားစရာမရှိနေစရာမရှိဝတ်စရာမရှိရောဂါကြီးကျနေသည် ငရဲတိ ရစ္ဆာန်ပြိတ္တာအသူရကာယ်ဘုံ၌ဖြစ်နေသည်တို့ကို ဆင်းရဲဟုနားလည်ကြသည်၊ ယင်းကဲသို့နားလည်မှုသည် မပြည့်စုံသောနားလည်မှု
ပါ၊ တကယ်စင်စစ်မြတ်စွာဘုရားဟောလိုသောဆင်းရဲသည် သက်သက်သေနေရသည့်သဘောကိုပြောခြင်းဖြစ်ပါသည်၊ ကေ၀လသ
ဒုက္ခက္ခန္ဓသ သက်သက်သေနေရသောသဘောကိုဒုက္ခခေါ်ပါသည်။ ဆင်းရဲကြောင်ကိုရခိုင်စကားနှင့်ပီပီပြင်ပြင်ပြောလျှင် သေ
ကြောင်းအဓိပ္ပါယ်ထွက်သည်၊ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်သည် သေကြောင်းထဲရောက်သွားပါသည် မျက်စေ့နားနှာခေါင်း
လျှာကိုယ်စိတ်ရှိသည်ဖြစ်၍သေနေရသည် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်မရှိလျှင်သေစရာလည်းမရှိပါ သူ့ကိုသေကြောင်းလို့နား
လည်ပါ၊ သေကြောင်းကိုပါဠိနှင့်ပြောလျှင် သမုဒယသစ္စာပါ။ ယင်းကြောင့်  မည်သည့်စာကိုဘဲမဆိုဖတ်တတ်လို့ဖတ်လျှင် သမုဒယသ
စ္စာဆိုပြီးမြင်ရကြားရဖတ်ရလျှင် သေကြောင်းတရားလို့ဆုံးဖြတ်ချက်ချလိုက်ပါ၊ သေကြောင်းတရားသမုဒယသစ္စာ၌ ဒါနပါလာလျှင်
သေကြောင်းတရား သီလပုတီးမေတ္တာတို့ပါလာလျှင်လည်း သေကြောင်းတရားလို့ကိန်းသေချလိုက်ပါ။ သမုဒယသစ္စာကို ရခိုင်လို
ပြန်လိုက်လျှင်ဆင်းရဲကြောင်းရသည် ယင်းဆင်းရဲဆိုသည့်စကားကို သေရသည်ကိုပြောသည်နားလည်ပါ၊ စားစရာဝတ်စရာနေစရာမ
ရှိသည်ကို ဆင်းရဲနားလည်မယူရပါ ထိုနားလည်မှုသည် ကလေးသူငယ်နားလည်မှုမျိုးဖြစ်သည်၊ ဘုရားတရားကိုတစ်ခါမှမကြားဖူးသူ
နားလည်မှုပါ၊ စားစရာနေစရာဝတ်စရာအားကိုးစရာမှီခိုစရာမရှိသောဆင်းရဲကို ဘုရားတရားကိုနားထောင်ရန်မလိုဘဲ အများသိသော
ဆင်းရဲဖြစ်သည်။ မြတ်စွာဘုရားပြောလိုသောဆင်းရဲသည် စားစရာဝတ်စရာမရှိသောဆင်းရဲမဟုတ် သေနေရသည့်ဆင်းရဲဖြစ်သည်၊
ဆင်းရဲကြောင်းစာမှာတွေ့လိုက်ပြီဖြစ်လျှင် ထိုဆင်းရဲကိုကိုယ်က သေကြောင်းအသေအချာနားလည်လိုက်ပါ၊ ယခုပဋိစ္စသမုပ္ပါဒ်ကိုသင်
ကြားနေသည်ဖြစ်၍ ဆင်းရဲကြောင်းစကားကို သေကြောင်းနားလည်ရသွားပါပြီ။
     မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်သည် သေမှုကိုအားပေးသည်ဆိုလျှင် ဤသေမှုကိုအားပေးသော မျက်စေ့နားနှာခေါင်းလျှာ
ကိုယ်စိတ်ဖြစ်ခြင်းအကြောင်းကို ဆက်ပြီးအလောင်းတော်ကြီးဆင်ခြင်သည်၊ ဆင်ခြင်ရသည့်အကြောင်းသည် အသေကိုမလိုချင်၍
သေကြာင့်တို့ကိုဖယ်ပစ်လိုက်ရန်အတွက် ဆက်ပြီးစုံစမ်းဆင်ခြင်ရခြင်းဖြစ်သည်။ ဆက်လက်ပြီးခန္ဓာမှာအလောင်းတော်ကြီးရှာသော
အခါ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ဖြစ်ခြင်းအကြောင်းသည် နာမ်ရုပ်ကြောင့်ဖြစ်သည်ကိုတွေ့ပါသည်၊ နာမရူပပစ္စယာ သဠာယ တနံဆက်ထားပါသည်။ ဤမျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်သည် နာမ်နှင့်ရုပ်ကြောင့်ဖြစ်သည်ကိုတွေ့မြင်ပါသည်။ နာမ်နှင့်ရုပ်
သည်အကြောင်း မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်သည်အကျိုး အကျိုးဖြစ်မိလျှင် ဖသ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာမရဏ
သေအောင်ထိဆက်လျက်ကျေးဇူးပြုသွားပါသည်။ ဤကဲသို့ကျေးဇူးပြုသည်ကို ပဋိစ္စသမုပ္ပါဒ်လည်သွားပါသည်၊ ပဋိစ္စသမုပ္ပါဒ်လည်
သွားသည်စကားသည် စာစကားဖြစ်ပါသည်၊ ရွာသားနားလည်အောင်ပြောလျှင် အသေထိရောက်အောင်ကျေးဇူးပြုသွားပါသည်။ နာမ်
နှင့်ရုပ်ကကျေးဇူးပြုသည်ဆိုလျှင် နာမ်နှင့်ရုပ်၏အဓိပ္ပါယ်ကိုသိရန်လိုလာပါသည်၊ ဘုရားကတော့ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်၏
ဖြစ်ကြောင်းသည် နာမ်ရုပ်ကြောင့်သိရှိသည်နှင့် နာမ်ရုပ်၏သဘောသဘာဝအားလုံးကိုသိပြီးဖြစ်ပါသည်။ ဘုန်းကြီးများတကာတကာ
မများသည် ယင်းတရားများကိုမသင်လျှင်သေအောင်ထိမမြင်ပါ၊ ရှိတော့ရှိပါသည်မမြင်တတ်ပါ မမြင်တတ်သည်ဖြစ်၍ ဘုရားသာသ
နာရှိသောအခါ တမင်းတကာသင်ယူပြီးလျှင် ကိုယ့်ခန္ဓာကိုတစ်ခါကြည့်ရပါသည်။ နာမ်ဆိုသည့်စကားသုံးထဲမှာ ဤနာမ်သည် အမှတ်
ကိုနာမ်ခေါ်ပါသည်၊ ထိုအမှတ်သည် မြင်မှု၌နောက်မှလိုက်မှတ်သည် ကြားမှု၌နောက်မှလိုက်မှတ်သည် နံမှုစားမှုလုပ်ကိုင်မှု၌နောက်
မှလိုက်မှတ်သည် စိတ်ကူးစိတ်သားပေါ်ပြီဆိုလျှင် နောက်မှအမှတ်သည်ရိတ်ရိတ်ပါလာပါသည်။ မိမိကိုယ်ခန္ဓာကိုကြည့်ပါ မျက်စေ့ဖွင့်
လိုက်လျှင်မြင်သည်နှင့် မည်သူအမှတ်ပါလာသည် ထိုအမှတ်သည်နာမ်ပါ၊ အမှတ်ကိုဤနေရာ၌ နာမ်ခေါ်ပါသည်။ ကြားသည်၌လည်း
နားနှင့်ကြားလျှင် ခွေးသံကြက်သံငှက်သံဆဲသံခေါ်သံကြားခြင်း၌အမှတ်ပါလာသည်၊ ကြားသည်၌တပြိုင်နက်ပါလာသောအမှတ်သည်
နာမ်ပါ။ နှာခေါင်းနှင့်နံသည်၌ အနံ့ကိုနံသည်နှင့်တပြိုင်နက်တည်း ပုတ်သည်မွှေးသည်နံသည်၌အမှတ်ပါလာသည်၊ စားသည်၌လည်း
စပ်သည်ခါးသည်ချိုသည်အမှတ်ပါလာပါသည် ထိုအမှတ်ကိုဤနေရာ၌ နာမ်ခေါ်ပါသည်။ နာမ်ခေါ်သောအမှတ်သည် သဠာယတန
မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့တွင် စိတ်ကိုသာကျေးဇူးပြုပါသည်၊ ဆိုလိုသောစကားသည် အမှတ်သည်မှတ်စိတ်ကိုကျေးဇူးပြု
ပါသည်၊ မြင်သည်၌မြင်စိတ်သည် မြင်စိတ်သက်သက်မဟုတ်ပါ အမှတ်နှင့်တွဲနေသောစိတ်ပါလာသည်၊ ကြားသည်၌အမှတ်နှင့်တွဲ
နေသောစိတ် နံသည်၌အမှတ်နှင့်တွဲနေသောစိတ် စားသည်၌အမှတ်နှင့်တွဲနေသောစိတ်ပါလာပါသည်။ သီးခြားပြောလျှင်နာမ်သည်
မနောကိုကျေးဇူးပြုပါသည်၊ နာမရူပပစ္စယာ သဠာယတနံ၌ နာမ်သည်စိတ်ကိုကျေးဇူးပြုပါသည်။
      နားရှင်းအောင်ပြောပါမယ် ဤဘက်၌ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ခြောက်ခုရှိသည် ထိုဘက်၌အကြောင်းသည် နာမ်နှင့်
ရုပ်ဖြစ်သည်၊ နာမ်သည် မျက်စေ့နားနှာခေါင်းလျှာကိုယ်ကိုကျေးဇူးမပြုဘဲ စိတ်ကိုသာကျေးဇူးပြုပါသည်၊ စိတ်ကိုကျေးဇူးပြုရခြင်းအ
ကြောင်းသည် မှတ်တဲ့သဘောသည် စိတ်မှာလာပြီးဖြစ်ရသောကြောင့်ဖြစ်ပါသည်၊ ယင်းကြောင့် နာမ်ခေါ်သောအမှတ်သည် စိတ်ကို
ကျေးဇူးပြုပါသည်။ ကိုယ်ကနားလည်ရမှာက နာမ်ခေါ်သောအမှတ်သည် စိတ်၌လာဖြစ်သည်လို့နားလည်ပါ၊ အမြင်၏မှတ်မှုသည် စိတ်၌လာမှတ်ပါသည် မျက်စေ့၌မဟုတ်ပါ၊ မျက်စေ့ကိုကျေးဇူးမပြုဘဲ စိတ်ကိုသာကျေးဇူးပြုပါသည်။ ကြားသည်အခါအသံကိုမှတ်ခြင်း
၌ စိတ်မှာသာမှတ်ပြီးစိတ်ကိုကျေးဇူးပြုပါသည်၊ နံသည်၌အမှတ်သည် စိတ်မှာဖြစ်ပြီးစိတ်ကိုကျေးဇူးပြုပါသည်၊ စားလို့အငံအခါးမှတ်
သည်၌လည်း စိတ်မှာဖြစ်ပြီးစိတ်ကိုကျေးဇူးပြုပါသည်၊ လုပ်ကိုင်လို့မှတ်သည်၌လည်း ဤခန္ဓာကိုယ်ကြီး၌မှတ်သည်မဟုတ် စိတ်မှာ
လာပြီးမှတ်ပါသည်၊ စဉ်းစားမှတ်သည်၌လည်း စိတ်၌လာမှတ်ပါသည်၊ ထို့ကြောင့် နာမ်သည်စိတ်ကိုကျေးဇူးပြုပါသည်။ ပါဠိနှင့်ပြော
လျှင် နာမရူပ၌နာမ်သည် စက္ခု သောတ ဃာန ဇိဝှာ ကာယ မနတို့၌ မနကိုသာကျေးဇူးပြု၍ ကျံသောငါးပါးကိုကျေးဇူးမပြုပါ။
      နာမ်ပြီးလျှင်ရုပ်ကျံပါသေ့သည်၊ ရုပ်သည်ဤခန္ဓာကိုယ်ကြီးဖြစ်သည် ဤခန္ဓာကိုယ်ကြီးသည် ပထ၀ီ အာပေါ တေဇော ၀ါယော
လေးပါးတို့ဖြင့်တည်ဆောက်ထားသည် ထိုလေးပါးကိုမဟာဘုတ်ခေါ်ပါသည်။ ဆိုလိုသောစကားသည် ဤခန္ဓာကိုယ်ကြီး၌ ဆံပင်အ
မွေးခြေသည်းလက်သည်းသွားစသည် ခန္ဓာကိုယ်ထည်အဖြစ်စုပေါင်းထားခြင်းရှိသည်၊ ဆံပင်အမွေးခြေသည်းလက်သည်းသွားစ သည့်ခန္ဓာကိုယ်ထဲ၌ရှိနေသည်တို့ကို မြတ်စွာဘုရားသည် ငါသူသတ္တ၀ါမဟုတ်ဤတရားတို့သာဖြစ်သည်ကို တစ်ခုစီတစ်ခုစီရေတွက်
ပြသည်။ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊ အညှို့သည်ကျောက်
ကပ်ပါ။ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်ဤနှစ်ဆယ်သည် ရူပံထဲ၌ပါနေ
သောပထ၀ီရုပ်ပါ။ ပထ၀ီရုပ်၌ မျက်စေ့နားနှာခေါင်းလျှာကိုယ်တို့သည် မှီရာတည်ရာဖြစ်နေပါသည်၊ ပထ၀ီရုပ်မရှိလျှင် မျက်စေ့နားနှာ
ခေါင်းလျှာကိုယ်မဖြစ်နိုင်ပါ၊ ပထ၀ီရုပ်နှစ်ဆယ်မှာမှီပြီးလာဖြစ်ရသည်ဖြစ်၍ မဟာဘုတ်ခေါ်ပါသည်။
     အာပေါရုပ်တစ်ဆယ့်နှစ်ပါးရှိသည်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ အဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊
အနာဖြစ်လျှင်အစေးထွက်ပါသည်။ ကျင်ငယ် ဤတစ်ဆယ့်နှစ်ပါးသည်အာပေါရုပ်ပါ။ တစ်ခုတစ်ခုစီဆို၍ဖြစ်စေ စာအုပ်မှာကြည့်၍ဖြစ်
စေ ခန္ဓာမှာဉာဏ်နှင့်ကြည့်ပြီးစဉ်းစားလျှင် ငါသူမပါအာပေါရုပ်တရားပါ၊  အာပေါသဘောသည် အရည်ရုပ်ဖြစ်ပါသည် ထိုအရည်ရုပ်
သည် တစ်ခုနှင်တစ်ခုကိုပြိုကွဲမသွားအောင်ဖွဲ့စည်းထားသည်၊ ဆန်ကိုအမှုန့်ဖြစ်အောင်ထောင်းပစ်လိုက်ပြီး အမှုန့်ကိုအခဲဖြစ်အောင်
လုပ်လိုလျှင် ရေထည့်နယ်ရပါသည် နယ်ပေးလိုက်လျှင်အခဲဖြစ်သွားပါသည်။ ထို့အတူ ဆံပင်အမွှေးခြေသည်းလက်သည်းသွားစ
သည်အားလုံး တစ်ခုစီဖြစ်နေသည်ကို ပြိုကွဲဖရိုဖရဲမဖြစ်ရအောင် အရည်အာပေါရုပ်ကစုထားပါသည်။ ယင်းကြောင့်သူ့ကိုအာပေါ ဖွဲ့
စည်းသည်သဘောရှိပါသည်၊ ဆံပင်အမွေးတို့ကိုရွင့်မသွားစေရအောင် သူ့နေရာနှင့်သူရှိနေအာင် အာပေါရုပ်ကဖွဲ့စည်းထားပါသည်။
ဤခန္ဓာကိုယ်ကြီးကို ယောက်ျားအဖြစ်မိန်းမအဖြစ်မြင်နေရမှုသည် အာပေါရုပ်ဖွဲ့စည်းထားခြင်းကြောင့်ဖြစ်သည် အာပေါရုပ်မရှိလျှင် အားလုံးဖရိုဖရဲဖြစ်သွားပါလိမ့်မယ်။
      အပူရုပ်နှင့်အအေးရုပ်ကို တေဇောခေါ်ပါသည်၊ အကျဉ်းချုပ်အားဖြင့်မိမိခန္ဓာကိုယ်ကိုစမ်းကြည့်ပါ စမ်းကြည့်လျှင်အေးပြီးတွေ့လိမ့်
မယ် သို့မဟုတ်နွေးပြီးတွေ့ပါလိမ့်မယ်၊ နွေးပြီးတွေ့လျှင် ခန္ဓာကိုယ်ကယောက်ျားမိန်းမသူမပြောပါ ငါနွေးနေသည်ပြောပါလိမ့်မယ်
အေးပြီးတွေ့လျှင်လည်း အေးသည်ပြောပါလိမ့်မယ့်။ ခန္ဓာကိုယ်မှအေးသည်သဘောနွေးသည်သဘောကိုပြောသလိုအခြားသစ်ပင်ကို စမ်းမယ်လား အ၀တ်ကိုစမ်းမယ်လား ကျုပ်ခဲ့ကျောက်ခဲ့ကိုစမ်းမယ်လား စမ်းချင်သည့်အရာကိုစမ်းကြည့်ပါ သူပြန်ပြောသည်ကအေး
နေသည်နွေးနေသည် ဤနှစ်ခုကိုသာပြောပါလိမ့်မယ်။ထိုကဲသို့နှစ်ခုကိုပြောလျှင် ပြောသူကိုယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တ၀ါသိလို့မရပါ၊
အေးသည်နွေးသည်နှစ်ခုသာပြောနိုင်သည်ကို တေဇောရုပ်သိပါ၊ တေဇောသည်မီး မီးသည်အအေးတစ်မျိုးအပူတစ်မျိုး အအေးအပူကို
လက္ခဏာအသိခေါ်ပါသည်။ လူလက္ခဏာအပြင်မှာဆိုသလို လူကိုကြည့်ပြီးဤလူသည်လူကောင်း ဤလူသည်လူဆိုးဖြစ်လိမ့်မယ်
လက္ခဏာကိုကြည့်ဖတ်သလို ဤရုပ်သဘောကိုလည်း ခန္ဓာကိုယ်ကိုစမ်းသပ်ပြီး တေဇောရုပ်ခေါ်သောပူရုပ်အေးရုပ်ကိုသိရပါသည်။
ဤခန္ဓာကိုယ်၌ခြေဖျားကိုစမ်းစမ်း ဆံဖျားကိုစမ်းစမ်း လက်ဖျားကိုစမ်းစမ်း ရင်ကိုစမ်းစမ်း ကျောကုန်းကိုစမ်းစမ်း အပူအအေးနှစ်ခုသာ
တွေ့ရခြင်းသည် တေဇောရုပ်ဖြစ်ပါသည်။
သည် လက်လှူပ်သည် မျက်တောင်ခတ်သည်ငြိမ်နေမှုမရှိပါ၊ ဤကဲသို့လှူပ်ရှားနေမှုသဘောကိုမြင်လျှင် ၀ါယောရုပ်မှတ်ပါ၊ ၀ါယောကို
စာ၌ တွန့်သည်သဘောရှိ၍ ၀ါယောရုပ်ခေါ်ပါသည်။ ဤခန္ဓာကိုယ်ကိုပါဠိနှင့်ပြောလျှင် ပထ၀ီရုပ် အာပေါရုပ် တေဇောရုပ် ၀ါယောရုပ်
လေးခုရှိပါသည်၊ ရခိုင်စကားနှင့်ပြောလျှင် မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်လေးခုရှိသည်၊ ၄င်းတို့ကိုဤနေရာ၌ ရုပ်ခေါ်ပါ
သည်။ ပထ၀ီအာပေါတေဇောဝါယောဤမဟာဘုတ်လေးပါးသည် ဤခန္ဓာကိုယ်ကြီးဖြစ်သည်ကိုနားလည်ရသွားပါပြီ၊ ဤခန္ဓာကိုယ်
ကြီးသည် မျက်စေ့အကြည်ရုပ်ဖြစ်အောင်ကျေးဇူးပြုပါသည်၊ နားအကြည်ရုပ်နှာခေါင်းအကြည်ရုပ်လျှာအကြည်ရုပ်ကိုယ်အကြည်ရုပ်
ဖြစ်လာအောင် အကြည်ရုပ်ငါးခုကိုကျေးဇူးပြုပါသည်။ မျက်စေ့ကိုဖွင့်ကြည့်လိုက်လျှင် အပြင်ဘက်မှအရိပ်ဟူသမျှ မျက်လုံးအလယ်
တည့်တည့်အကြည်ရုပ်၌လာထင်သည် ယင်းအကြည်ရုပ်သည် ဤခန္ဓာကိုယ်ကြီးကိုမှီနေရပါသည်၊ ခုနားကပထ၀ီအာပေါတေဇောဝါ
ယောလေးခုကို အကြည်ရုပ်သည်မှီနေရသည် နားသည်လည်းဤနည်းအတိုင်းပါ။ ရပ်ထဲရွာထဲမှလူများသည် နားရွက်ကိုနားလို့သိကြ
သည် နားရွက်ကိုနားခေါ်သည်မဟုတ်ပါ နားရွက်သည်ခန္ဓာကိုယ်ထဲ၌ပါနေပါသည်၊ ပြင်ဘက်မှအသံကိုကြားလိုက်လျှင် အသံနှင့်ထိ
သောကြားသိစိတ်ပေါ်သောနေရာရှိသည်၊ ထိုကြားသိစိတ်ပေါ်သောနေရာကို သောတာယတန နားခေါ်ပါသည်။ ကြားသည့်အသံနှင့်
ထိလိုက်သည်နှင့် ကြားသိစိတ်ရိတ်ခနဲအရိပ်ပေါ်လာသည် အရိပ်ပေါ်သောအနေအထားနေရာမျိုးကို သောတာယတန၊ သောတာယ
တနအရိပ်ပေါ်ရန်အတွက် ပထ၀ီ အာပေါ တေဇော ၀ါယောတို့သည် ထောက်ပံ့ထားရပါသည်၊ သူတို့ထောက်ပံ့မှုမရှိလျှင် ကြားသိ
စိတ်အရိပ်ပေါ်မှုမရှိနိုင်ပါ ယင်းကြောင့် အရိပ်ပေါ်သည်ကိုပသဒ(ကြည်လင်သော)ရုပ်ခေါ်ပါသည်။
     နှာခေါင်း၌ မျက်စေ့နှင့်မြင်နေရသောနှာခေါင်းရုပ်ကိုပြောသည်မဟုတ်ပါ နှာခေါင်းထဲ၌အနံ့လာပြီးဖြစ်လျှင် နံသိစိတ်ပေါ်သောနေ
ရာရှိပါသည် ထိုနေရာကိုဃာနာယတနခေါ်သည် ယင်းနေရာ၌နံသိစိတ်ဖြစ်သည်။  ဃာနာယတနသိစိတ်ဖြစ်ရန်အတွက် လူမြင်သူ
မြင်ပြောဆိုရသော ပထ၀ီ အာပေါ တေဇော ၀ါယော မဟာလုတ်လေးပါးကိုအခြေခံရသည်၊ မဟာဘုတ်လေးပါးအခြေခံမရှိလျှင် နံ
လျှင်သိနိုင်သောအနေအထားလုံးဝမရှိပါ၊ ယင်းကြောင့် ဃာနာယတနနှာခေါင်းအကြည်သည် မဟာဘုတ်လေးပါး၌မှီနေရသည်ဖြစ်၍
ရူပပစ္စယာ သဠာယတနံ ရုပ်သည်ရုပ်ကိုကျေးဇူးပြုပါသည်။ ပထ၀ီ အပေါ တေဇော ၀ါယောခေါ်ဆိုသည့်လောက်ကပင် ကိုယ်သည်
နားလည်ရမှာက ဆံပင်မွေးညှင်းခြေသည်းလက်သည်းသွားစသည့် ခန္ဓာထဲမှာရှိသောကလီစာအားလုံး အရိုးအသားနှင့်တကွခေါ်
သည်ကိုနားလည်ပါ၊ သူတို့သည်ထိသောနေရာ၌ သိစိတ်ပေါ်အောင်ကျေးဇူးပြုသည်၊ ပထ၀ီရုပ်မရှိလျှင် ထိသောနေရာ၌သိစိတ်ပေါ်
အောင်ကျေးဇူးမပြုနိုင်ပါ။
      ဇိဝှာယတန လျှာတစ်ခုလုံး၌အလယ်တည့်တည့်မှာ တစ်ခုခုအရသာကျလိုက်လျှင်သိစိတ်ပေါ်လာသည် သိစိတ်ပေါ်သောနေရာ
၌အကြည်ရုပ်ရှိသည်၊ ထိုအကြည်ရုပ်ကိုမိုက်ကရိုစကုတ်ဖြင့်မမြင်နိုင် ဉာဏနှင့်သာသိရှိရသည်၊ အကြည်ရုပ်ကိုဉာဏ်နှင့်သာသိရှိရ
သောနေရသည် ဇိဝှာပသာဒ၊ လျှာတပြင်လုံးသည် ကာယပသာဒထဲမှာပါသည်၊ အကြည်ရုပ်သိစိတ်ဖြစ်သောနေရာသည် ဇိဝှာယတ
နဖြစ်သည်။ ဇိဝှာယတနကို ပထ၀ီ အာပေါ တေဇော ၀ါယောတို့ကကျေးဇူးပြုပါသည်။
     ရခိုင်စကားနှင်ပြောလျှင် နာမ်နှင့်ရုပ်သည် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ကိုကျေးဇူးပြုသည်၊ ပါဠိစကားနှင့်ပြောလျှင် နာရူပပစ္စ
ယာ သဠာယတနံပါ။ ကျေးဇူးပြုသူလည်းနာမ်ရုပ် ကျေးဇူးအပြုခံသူလည်းနာမ်ရုပ်၊ နာမ်သည် စိတ်ကိုကျေးဇူးပြုပြီး ရုပ်သည် မျက်စေ့
နားနှာခေါင်းလျှာကိုယ်ကိုကျေးဇူးပြုပါသည်။ သီးခြားခွဲခြားပြီးနားလည်ရပါမယ် တရားသင်ယူတဲ့အခါ ခွဲခြားပြီးနားလည်ထားလျှင် သူ့
ဟာနှင့်သူ သူ့ကိစ္စနှင့်သူကျေးဇူးပြုနေသည်ကိုနားလည်ပါသည်။ နာမ်နှင့်ရုပ်သည် အာယာတနခြောက်ပါးခေါ်သော မျက်စေ့နားနှာ
ခေါင်းလျှာကိုယ်စိတ်ကို ကျေးဇူးပြုသည်ကဟုတ်ပါပြီလူဖြစ်အောင်ကျေးဇူးပြုပါလားငါရို့သည်မေးဖို့လိုလာပါသည်၊ နတ်ဖြစ်အောင်
ကျေးဇူးပြုပါလား ဗြဟ္မာဖြစ်အောင်ကျေးဇူးပြုပါလား ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်အောင်ကျေးဇူးပြုပါလား သုံးဆယ့်တစ်ဘုံပေါ်
အောင်ကျေးဇူးပြုပါလားစသည်ဖြင့် မေးခွန်း၌အမေးစကားအသုံးအနှုံးသည် အခေါ်အဝေါ်သာဖြစ်ပါသည်။ အမှန်ကျေးဇူးပြုသည်ကား
သေရန်အတွက်ကျေးဇူးပြုမှုဖြစ်သည်။ ဆံပင်မွေးညှင်းခြေသည်းလက်သည်းအစ ၀မ်းတွင်းမှာရှိသောကလီစာ သည်းခြေသလိပ်အား
လုံးသည် အသေကိုကျေးဇူးပြုနေပါသည်။ သူတို့သည်အသေကိုကျေးဇူးပြုနေသည်ဖြစ်၍ လူမဟုတ်ပါ၊ သူတိုသည် အသေကိုကျေးဇူး
ပြုရန်အတွက်ဖြစ်လာကြပါသည်၊ အပြင်မှမြင်စရာများဖြစ်သော ဆံပင်မွေးညှင်းခြေသည်းလက်သည်း အတွင်းမှအကြောအရိုးကလီ
စာအားလုံးမရှိလျှင် သေစရာမရှိပါ။ သာမန်လူနားလည်အောင်ပြောရလျှင် နှလုံးရောဂါကြောင့်သေရသည် ဤသို့လူအများပြောကြ
သည်၊ ဤစကားကိုနားလည်ကြည့်ပါ နှလုံးရှိ၍နှလုံးရောဂါဖြစ်ရသည် နှလုံးသည်အသေကိုကျေးဇူးပြုမှုထင်ရှားပါသည်။ သွေးကင်
ဆာဖြစ်၍သေရသည် သွေးသည်အသေကိုကျေးဇူးပြုသည်၊ သေခြင်းအမျိုးမျိုးကိုကြားဖူးပါလိမ့်မယ် ထိုသေခြင်းတို့သည် လူသေသည်
မဟုတ်ပါ ရရှိသည့်ပစ္စည်းကိုကသေအောင်ကျေးဇူးပြုနေပါသည် ရောဂါတစ်ခုမှမဖြစ်လျှင်လည်းသေရပါမယ်။ မြတ်စွာဘုရားသည် ရုပ်
ကိုရောဂါခေါ်သည်ကိုဟောထားပါသည်၊ ရောဂါလို့သီးခြားမရှိပါ ရုက်ဖောက်ပြန်နေသည့်သဘောကိုရောဂါခေါ်သည်။ ဥပမာ အ
သည်းသည် နဂိုအလုပ်လုပ်နေသည်မှအလုပ်မလုပ်ဘဲဖြစ်သွားသည် အလုပ်မလုပ်သည့်အကြောင်းသည် အသည်းခြောက်သွား၍
ဖြစ်သည်၊ အသည်းခြောက်မှုသည် နဂိုအတိုင်းမဟုတ်ပါ ဖောက်ပြန်သွားပါသည် ဖောက်ပြန်မှုသဘောကိုရုပ်ခေါ်ပါသည်၊ ယင်း
ကြောင့် ရုပ်သည်ရောဂါဖြစ်ပါသည်။
      ရုပ်သည်သဠာယတနကိုကျေးဇူးပြုသည်ပြောသောစကားသည်စာစကားဖြစ်သည် ယင်းကိုဉာဏ်နှင့်နားလည်အောင်ပြောလျှင်
ကျေးဇူးပြုသည့်လောက်ကပင် သေအောင်ထိကျေးဇူးပြုသည်၊ ငါရို့သည်ကျေးဇူးပြုသည့်အဓိပ္ပါယ်ကို အကောင်းလုပ်ပေးသည်ထင်
မှတ်နေကြသည် အကောင်းလုပ်ပေးသည်မဟုတ်ပါ သေအောင်ဆောင်ရွက်ပေးနေပါသည်။ နာမ်ရုပ်သည်သဠာယတနကိုကျေးဇူးပြု
သဠာယတနသည်ဖသကိုကျေးဇူးပြု ဖသသည်ဝေဒနာကိုကျေးဇူးပြု ဝေဒနာသည်တဏှာကိုကျေးဇူးပြု တဏှာသည်ဥပါဒါန်ကိုကျေးဇူး
ပြု  ဥပါဒါန်သည်ကံကိုကျေးဇူးပြု ကံသည်ဇာတိကိုကျေးဇူးပြု ဇာတိသည်ဇရာမရဏကိုကျေးဇူးပြုသည် ဇရာမရဏသည်အသေပါ။ ပါဠိ
စကားနှင့်ကြားညှပ်ပြီးပြောထားခြင်းပါ မိမိတို့ရခိုင်စကာနှင့်ပြောလျှင် မျက်စေ့မှမြင်၍ျမှတ်ပြီဖြစ်လျှင်အမှတ်သည်နာမ် မျက်စေ့သည်
စက္ခာယတန မြင်စိတ်သည်မနာယတန၊ နာမ်ကနေပြီးအာယတနကိုကျေးဇူးပြုထားပါပြီ ကျေးဇူးပြုထားလျှင် သဠာယတနပစ္စယာ ဖ
သော အမြင်ပေါ်လာသည်၊ မြင်လျှင်ခံစားသည် ခံစားလျှင်လိုချင်သည် လိုချင်လျှင်စွဲလမ်းသည် စွဲလမ်းလျှင်ရအောင်လုပ်သည် ရ
အောင်လုပ်လျှင်ရသည် ရသည်ကဇာတိဖြစ်သည် ရလျှင်သေရပါသည်။
      မြင်၍ရအောင်လုပ်ပြီးရနေသည်၌ ငါရို့မရရအောင်ရှာဖွေမှုများရှိပါသည် ဤရှာဖွေမှုတို့သည် နိဗ္ဗာန်ကိုရှာခြင်းမဟုတ်ဘဲ အသေ
ကိုရှာခြင်းဖြစ်ပါသည်။ မျက်စေ့မှမြင်မှုနှင့်ပါတ်သက်၍ သေဖို့ရန်တနေ့လုံးရှာနေသည်နှင့်အချိန်ကုန်နေသည်၊ နားမှကြားလျှင်လည်း
နားလည်လိုက်ပါ တနေ့လုံးသေဖို့ရှာသည်နှင့်အချိန်ကုန်ပါသည်၊ နှာခေါင်းမှနံလျှင် လျှာမှစားလျှင် တနေလုံးသေဖို့ရှာသည်နှင့်အချိန်
ကုန်ပါသည်၊ ကိုယ်မှဝတ်သည်ထိုင်သည်သွားသည် ကိုယ်မှလိုချင်၍တနေ့လုံးသေဖို့ရှာသည်နှင်အချိန်ကုန်နေပါသည်၊ စိတ်ကူးစိတ်
သားလာလျှင်လည်း တနေ့လုံးသေဖို့ရှာသည်နှင့်အချိန်ကုန်ပါသည်။ ကိုယ်ခန္ဓာကိုစေ့စေ့စိုက်စိုက်ကြည့်လျှင် မိခင်မွေးဖွားလိုက်သည့်
လောက်ကပင် သေဖို့ရန်ရှလာမှုသည် အသက်နှစ်ဆယ့်ငါးနှစ် အသက်ငါးဆယ်ခုနစ်ဆယ်ရှစ်ဆယ်ရှိပါပြီ သေဖို့ရှာနေဆဲပါ၊ ကိုယ်
တစ်ယောက်တည်းမဟုတ်ပါ ကိုယ့်အထက်မှမိဘဘိုးဘွားဆွေမျိုးဉာတကာတို့သည်လည်း ဤကဲသို့ရှာသွားကြပါသည်၊ ဘုန်းကြီးများ
တကာတကာမများ၏မျိုးနွယ်စဉ်ဆက်ကိုကြည့်လျှင် အသေကိုရှာသူများဖြစ်ကြပါသည်။ ထိုဘ၀၌လည်းအသေကိုရှာပြီးလာပါသည်
ဤဘ၀မှာလည်းအသေကိုရှနေပါသည်၊ ယင်းအခြင်းအရာများကိုတရားနာကြည့်သောအခါမှ ရှောင်ဖယ်မရဖြစ်သည်ကိုသိရပါလိမ့်
မယ်၊ ရှောင်ဖယ်မရခြင်းကိုဝဋ်နှင့်ပြောလျှင်ဝဋ်လိုက်နေပါသည် ၀ဋ်လိုက်နေသည်မသိကြပါ၊ ထို့ကြောင့် နာမ်နှင့်ရုပ်သည် သဠာယတ
နကိုကျေးဇူးပြုသည်ကို အားလုံးသိမ်းပြီးနားလည်လိုက်ပါ၊ သေကြောင်းကိုရှာသောအခါ အမှတ်နှင့်ခန္ဓာသည် အသေကိုကျေးဇူးပြု
သည်ဖြစ်၍ ချမ်းသာကြောင်းမပါဘဲ သေကြောင်းချည်းထွက်ပါသည်။ ပါဠိနှင့်ပြောလျှင်နာမ်ရုပ်သည်သေကြောင့် သဠာယတနသည်
သေကြောင့် ဖသသည်သေကြောင့် ဝေဒနာသည်သေကြောင့် တဏှာသည်သေကြောင့် ဥပါဒါန်သည်သေကြောင့် ကမ္မဘ၀သည်
သေကြောင့် ခန္ဓာဇာတိသည်သေကြောင့် ဇရာမရဏသည်သေကျိုးဖြစ်သည်။ သေကြောင်းနှင့်သေကျိုးနှစ်ခုသာထွက်ပါသည် စာသံ
နှင့်ပြောလျှင် သမုဒယသစ္စာ ဒုက္ခသစ္စာ၊ သေကြောင်းသည်သမုဒယသစ္စာ သေကျိုးသည်ဒုက္ခသစ္စာ၊ အလောင်းတော်ကြီးစီးစစ်၍
ကြည့်သောအခါ သေကြောင်းနှင့်သေကျိုးနှစ်ခုသာရှိသည်ကိုသိမြင်ပါသည်။
     အလောင်းတော်ကြီးသည် နာမ်နှင့်ရုပ်သည်သေကြောင်းဖြစ်သည်ကိုသိရှိပြီဖြစ်၍ဤနာမ်နှင့်ရုပ်ဖြစ်ရခြင်းအကြောင်းကို ရှေ့ဆက်
လျက်ရှာဖွေစီးစစ်ပါသည် ရှေ့ကိုစီးစစ်သောအခါ နာမ်ရုပ်ဖြစ်ကြောင်းဝိညာဏ်ကိုတွေ့ပါသည်။ ၀ိညာဏ်သည်သိစိတ်ပါ သိစိတ်နှစ်
မျိုးရှိပါသည် ပဋိသန္ဓေသိစိတ်တစ်မျိုး ပ၀တ္တိသိစိတ်တစ်မျိုး၊ ယခုတရားသင်သောအခါ ပဋိသန္ဓေ၀ိညာဏ် ပ၀တ္တိဝိညာဏ်ကိုယ်တိုင်ဆို
ထားပါသည်။ ၀ိညာဏံ၊ သိစိတ်ဝိညာဏ်သည်။ ၀ါ၊ ပဋိသန္ဓေ၀ိညာဏ် ပ၀တ္တိဝိညာဏ်သည်။ သိစိတ်ကို ၀ိညာဏ်ခေါ်ပါသည်။ ၀ိ
ညာဏ်ကိုနားချင်းအောင်ပြောပါမယ် ၀ိညာဏ၌ ၀ိတစ်ပုဒ် ညာဏတစ်ပုဒ်ပါ၊ ညာဏသည်စိတ် သိမှုကိုခေါ်ပါသည်၊ သိသည်၌လည်း
ဝိပုဒ်ပါသည့်အတွက် တစ်ခုနှင့်တစ်ခုသိပုံချင်းမတူပါ ကွဲပြားခြားနားစွာသိကြပါသည်၊ ကွဲပြားခြားနားစွာသိကြသည်အတွက် ၀ိညာဏ်
ခေါ်ပါသည်။ ပဋိသန္ဓေအခါသိစိတ်သည်တစ်မျိုး ပ၀တ္တိအခါသိစိတ်သည်တစ်မျိုးဖြစ်ပါသည်၊ ပဋိသန္ဓေအခါသိစိတ်သည် ပဋိသန္ဓေဖြစ်
ဖို့လောက်ဘဲသက်သက်သိပါသည် ယင်းသိစိတ်နှင့်ပဋိသန္ဓေနေသည့်စိတ်ကို ပဋိသန္ဓေ၀ိညာဏ်ခေါ်သည်။ ဆိုလိုသည်မှာ ဘဝ
ဟောင်၌သိစိတ်နောက်မှ ဤမှာဘက်၌ ဖြစ်ဖြစ်လို့ပေါ်သောစိတ်တစ်ခုခေါင်းဆောင်ပြီးဖြစ်သည်၊ သူ့ကိုဘ၀ဟောင်းနှင့်ဘ၀သစ်ကို
စပ်ပြီးဖြစ်တဲ့သဘောရှိသောကြောင့် သူ့ကိုပဋိသန္ဓေ၀ိညာဏ်။ဝိညာဏ်သည်သိစိတ် ဤသိစိတ်ကိုဘ၀ဟောင်းနှင့်ဘ၀သစ် အ
ဟောင်းနှင့်အသစ်ကိုစပ်သောသဘောရှိသောကြောင့် သူ့ကိုပဋိသန္ဓိခေါ်သည်၊ ပဋိသန္ဓိသည် အဟောင်းနှင့်အသစ်နှစ်ခုကိုစပ်ထားပါ
သည်၊ ပဋိသန္ဓေသိစိတ်နှင့်ဆက်စပ်ပြီးပေးပါသည် ယင်းစိတ်ကိုပဋိသန္ဓေစိတ်ခေါ်သည်။
      ပဋိသန္ဓေစိတ်စပြီးဖြစ်သည်ကို လူပဋိသန္ဓေ နတ်ပဋိသန္ဓေ ဗြဟ္မာပဋိသန္ဓေ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ပဋိသန္ဓေပြောနေရ
သည်၊ ငရဲမှာဖြစ်သူကိုငရဲပဋိသန္ဓေ လူမှာဖြစ်သူကိုလူပဋိသန္ဓေပြောခြင်းသည်နားလည်အောင်ပြောခြင်းဖြစ်ပါသည်။ သဘာဝပဋိ သန္ဓေကို မြတ်စွာဘုရား၏နှုတ်တော်မှထွက်ပြီးပြောထားသည်က သံသေဒဇပဋိသန္ဓေ သြပပါတိကပဋိသန္ဓေ အဏ္ဍဇပဋိသန္ဓေ ဇလာ ဗုဇပဋိသန္ဓေ လေးမျိုးပြောထားပါသည်၊ ဘုန်းကြီးများထိုလေးမျိုးကိုဘုရားဟောသည့်အတိုင်းကောက်ပြီးဟောလျှင် တစ်ခါဆင့်ပွါးအ ဓိပ္ပါယ်ဖွင့်ပြီးပြောရလိမ့်မယ်။ အဏ္ဍဇပဋိသန္ဓေနှင့်ဇလာဗုဇပဋိသန္ဓေနှစ်ခုကိုပေါင်းပြီး ဂဗ္ဘသေယျကပဋိသန္ဓေခေါ်ပါသည်၊ ဂဗ္ဘသေယျ ကပဋိသန္ဓေသည် ၀မ်းတွင်းပဋိသန္ဓေပါ၊ ၀မ်းတွင်းပဋိသန္ဓေသည် သားအိမ်မှာနေသောပဋိသန္ဓေဖြစ်သည်၊ သားအိမ်မှာနေသောပဋိ သန္ဓေသည် လူပဋိသန္ဓေ ကျွဲနွားပဋိသန္ဓေတို့ဖြစ်သည်၊ အကျယ်ကြီးပြောနေလျှင် မှတ်ရခက်သည်ဖြစ်၍ ပဋိသန္ဓေလေးမျိုးကို လူပဋိ
သန္ဓေ နတ်ပဋိသန္ဓေ ဗြဟ္မာပဋိသန္ဓေ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ပဋိသန္ဓေဆိုပြီးပြောယူခြင်းပါ။ ပါဠိကိုအင်မတန်ကျွမ်းကျင်မှ
သြပပါတိကဆိုသည်နှင့်တပြိုင်နက်ရိတ်ခနဲ ဤသည်ဤသည်ကိုခေါ်သည်နားလည်သည်၊ ထိုကဲသို့သိရန်ဘုန်းကြီးများ အများကြီးအ
ချိန်ပေးပြီးသင်ယူရပါလိမ့်မယ်၊ ယခုနာရီပိုင်းအတွင်းမှာ ပဋိသန္ဓေကိုသိအောင်ပြောရမယ်ဆိုလျှင် လူပဋိသန္ဓေနတ်ပဋိသန္ဓေဗြဟ္မာပဋိ
သန္ဓေငရဲတိရစ္ဆာန်ပြိတ္တာအသူရကယ်ပဋိသန္ဓေပြောလျှင် လေးခုပဋိသန္ဓေသည် အားလုံးအကျုံးဝင်သွားပြီးဖြစ်ပါသည်။ ထိုပဋိသန္ဓေ
စိတ်သည် ပဋိသန္ဓေ၀ိညာဏ်တစ်ခုဖြစ်ပါသည်။
      ပ၀တ္တိဝိညာဏ်သည် ပဋိသန္ဓေစိတ်မှစပြီးသူ့အချိန်ကာလအားလျော်စွာ ပဋိသန္ဓေနေလာကြသည်၊ ကိုးလလွယ်ဆယ်လဖွားပြီး
အပြင်သို့ရောက်လျှင် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်ပါလာသည်။ မျက်စေ့ပါလာလျှင် မျက်စေ့၌မြင်စိတ်ဖြစ်သည် ထိုမြင်စိတ်
သည် အပြင်ကိုရောက်မှဖြစ်သည်စိတ်ဖြစ်၍ ပ၀တ္တိစိတ်ဖြစ်သည်။ ကြားစိတ်၌လည်း မွေးဖွားပြီးအပြင်ကိုရောက်မှဖြစ်သောစိတ်သည်
ပ၀တ္တိစိတ်ဖြစ်သည်၊ နံစိတ်သည်လည်းအပြင်ကိုရောက်မှဖြစ်သောစိတ်သည် ပ၀တ္တိစိတ်၊ စားစိတ်လည်း အပြင်ကိုရောက်မှဖြစ်
သောစိတ်သည် ပ၀တ္တိစိတ်၊ ထိသိစိတ်လည်း အပြင်ကိုရောက်မှဖြစ်သောစိတ် ပ၀တ္တိစိတ်၊ ပ၀တ္တိစိတ်ဆိုလျှင် ကိုယ်ကဖြုန်းခနဲနှင့်နား
မလည်နိုင်ဖြစ်ပါသည်။ ပ၀တ္တိစိတ်ခေါ်သော မြင်သိစိတ်ကြားသိစိတ်နံသိစိတ်စားသိစိတ်ထိသိစိတ်တွေးတောကြံစည်စိတ်သည် တစ်
ခေါက်ဖြစ်လာပြီးနောက်ထပ်မဖြစ်မဟုတ်ပါ သေသည့်တိုင်အောင်ဖြစ်ပါသည်၊ မွေးဖွားပြီးအပြင်ကိုရောက်သည်ကပင် သေအောင်ထိ
အပြင်တစ်လျှောက်လုံးကို ပ၀တ္တိခေါ်ပါသည်။ ထိုပ၀တ္တိအခါ၌ မြင်သိစိတ်ကြားသိစိတ်နံသိစိတ်စားသိစိတ်ထိသိစိတ်စဉ်းစားကြံစည်
စိတ်တို့သည် ရိပ်ရိပ်နှင့်နေ့စဉ်နေ့တိုင်းဖြစ်နေပါသည်၊ လက်ရှိခန္ဓာကိုစဉ်းစားကြည့်လျှင် ငါသူမဟုတ်စိတ်သာဖြစ်နေပါသည်၊ မွေးဖွား
သည့်လောက်ကပင် မြင်သိစိတ်ကြားသိစိတ်နံသိစိတ်သားသိစိတ်လုပ်ကိုင်စိတ်ကြံတွေးစိတ်တို့သည် နှစ်ဆယ့်ငါးနှစ်အတွင်းမှာလည်း
ဖြစ်ခဲ့သည် ငါးဆယ်နှစ်မှာလည်းမသေ၍ဖြစ်နေရသည် ငါးဆယ်ကျော်လျှင်လည်းမသေလျှင်ဖြစ်ရအုံးမယ်ဖြစ်ပါသည်၊ ဤစိတ်များဖြစ်
နေမှုတို့ကို ကိုယ်ကသူကအကောင်းထင်လျက် အသေကိုကျေးဇူးပြုနေသည်ကိုမသိပါ။ ၀ိညာစပစ္စယာ နာမရူပံ သိစိတ်ဝိညာဏ်သည်
နာမ်နှင့်ရုပ်ကိုကျေးဇူးပြုသည်၊ မြင်သိစိတ်ဖြစ်လျှင် ခန္ဓာကိုကျေးဇူးပြုပါသည်၊ ထိုနာမ်နှင့်ရုပ်ဖြစ်ပြီးလျှင် နာမရူပပစ္စယာ သဠာယတနံ သဠာယတနပစ္စယာ ဖသော သေအောင်ထိကျေးဇူးပြုသွားပါသည်။ ဤစိတ်ဖြစ်နေမှုကို စီးစစ်၍မကြည့်လျှင် အကောင်းထင်သည် အ
မှန်ကသူသည် အသေကိုကျေးဇူးပြုနေပါသည်။ ဤစိတ်မရှိလျှင်မသေပါ ဤစိတ်ရှိနေ၍သေနေရပါသည် စိတ်သည်ဝိညာဏ် သေရ
သည်ကမရဏ၊ သေရသည်၌၀ိညာဏ်သည်လည်း ကျေးဇူးတစ်ခုပါသည်လို့နားလည်လိုက်လျှင် အသေကိုကျေးဇူးပြုသောသေ
ကြောင့်တရားများသည် တသီတတန်းကြီးထွက်လာပါသည် သေသည်ကတစ်ခုတည်းပါ။ သေကြောင်းတရားတို့သည် ၀ိညာဏ် နာမ်
ရုပ် သဠာယတန ဖသ ဝေဒနာ တဏှာ ဥပါဒါန် ကမ္မဘ၀ ဇာတိကိုးပါးထွက်သည်၊ ကိုယ့်စကားနှင့်ပြောလျှင် စိတ်ဝိညာဏ်နာမ်ရုပ်
သည် မြင်မှတ်ကြားမှတ် ဤခန္ဓာကိုယ်ကိုရုပ်ခေါ်သော ပထ၀ီ အာပေါ တေဇော ၀ါယောရုပ်များ၊ သဠာယတနမျက်စေ့နားနှာခေါင်း
လျှာကိုယ်စိတ် ထိုကနေပြီးမြင်မှုကြားမှုစသည်ကိုကျေးဇူးပြုသည်၊ ထိုကနေပြီး ခံစားမှုကိုကျေးဇူးပြုသည်၊ ထိုကနေပြီး လိုချင်မှုကိုကျေး
ဇူးပြုသည်၊ ထိုကနေပြီး စွဲလမ်းမှုကိုကျေးဇူးပြုသည်၊ ထိုကနေပြီး ရအောင်လုပ်သောလုပ်ငန်းကိုကျေးဇူးပြုသည် လုပ်ငန်းကိုလုပ်လျှင်
လုပ်ငန်းလုပ်သည့်အားလျှော်စွာရရှိသည့်ခန္ဓာကိုကျေးဇူးပြုသည် ခန္ဓာရလျှင်သေရသည်။ ၀ိညာဏ်ခေါ်သောသိစိတ်ကို သူကကိုကအ
ကောင်းထင်သည် ခန္ဓာကိုကြည့်ပြီးစီးစစ်လျှင် သေကြောင်းနှင့်သေကျိုးကိုမြင်ပါလိမ့်မယ်၊ သေကြောင်းနှင့်သေကျိုးသည် ကိုယ့်ခန္ဓာ
တစ်ခုမဟုတ်ဘဲ ရှိသမျှခန္ဓာအားလုံးရနေပါသည်။ ကိုယ့်အနား၌ရှိသောခန္ဓာကိုကြည့်ဖို့လား အရှေ့ဘက်ကိုကြည့်ဖို့လား အနောက်
ဘက်ကိုကြည့်ဖို့လား တောင်ဘက်ကိုကြည့်ဖို့လား မြောက်ဘက်ကိုကြည့်ဖို့လား ကြည့်ချင်သလိုကြည့်ပါ သေကြောင်းနှင့်သေကျိုးရ
နေသည်တို့ကိုမြင်ပါလိမ့်မယ်။ ယခုအချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment