စစ်တွေမြို့ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၁၃ ခု မေလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်ဟောကြားအပ်သော
သတ္တ၀ါများသေရခြင်းအကြောင်း
အပိုင်း(၄)
မနေ့ကဘုန်းကြီးပြောခဲ့သောသတိပဋ္ဌာန်လေးပါးသည် ကာယနုပသနာသတိပဋ္ဌာန် ဝေဒနာနုပသနာသတိပဋ္ဌာန် စိတ္တာနုပသနာ
သတိပဋ္ဌာန် ဓမ္မာနုပသနာသတိပဋ္ဌာန်တို့ဖြစ်သည်၊ ယင်းသတိပဋ္ဌာန်လေးပါးကိုကြိုးစားအားစိုက်မှုကို သမ္မပ္ပဓာန်လေးပါးခေါ်ပါသည်
တရားရအောင်တရားသိမြင်အောင်အားစိုက်ခြင်းဖြစ်သည်။ သမ္မပ္ပဓာန၏အဓိပ္ပါယ်က မှန်မှန်ကန်ကန်အားစိုက်ခြင်းအဓိပ္ပါယ်ထွက်
သည်၊ မှန်မှန်ကန်ကန်အားစိုက်ခြင်းကိုအဓိပ္ပါယ်ပေါ်အောင်ပြောရလျှင် ငါရို့မွေးဖွားသည့်လောက်ကပင် အလှူလုပ်မှုကိုကိုယ်စွမ်းနိုင်
သလောက်အားစိုက်မှုရှိကြသည် သီလဆောက်တည်မှုမေတ္တာပို့မှုဈာန်သမာပါတ်ရအောင်အားစိုက်မှုရှိကြသည်။ ထိုလုပ်ငန်းတို့သည်
မှန်မှန်ကန်ကန်အားစိုက်မှုဆိုတဲ့သမ္မပ္ပဓာနခေါ်သောတရားရတနာထဲမှာမပါဝင်ပါ။ ငါရို့ကတရားနှင့်တရားရတနာကိုသေသေချာချာမ
သိသောအခါ သမားရိုးကျဘဲလုပ်နေကြသည်၊ ဘုရားရတနာ တရားရတနာ သံဃာရတနာနေရာမှာ အလှူသီလပုတီးမေတ္တာသမာ
ပါတ်ဈာန်အားလုံးသည် တရားရတနာထဲမှာပါဝင်နေသည်ဟုထင်မှတ်နေကြသည်။ ခေတ်စကားနှင့်ပြောလျှင် အဆင့်မြင့်သောတရား
တို့ကိုလေ့လာကြည့်ခါပြီးမှ အလှူပေးရန်အားစိုက်မှု သီလဆောက်တည်ရန်အားစိုက်မှု ပုတီးစိပ်ရန်အားစိုက်မှု မေတ္တာပို့ရန်အားစိုက်မှု
ဈာန်ကမ္မဋ္ဌာန်းအတွက်အားစိုက်မှုတို့ကို သမ္မပ္ပဓာန၀ီရိယမခေါ်ပါ သာမန်ဝီရိယသာခေါ်ပါသည်။ သတိပဋ္ဌာန်နှင့်ပါတ်သက်၍အားစိုက်
တဲ့ဝီရိယမျိုးကိုမှသာ သမ္မပ္ပဓာန၀ီရိယခေါ်ပါသည်။ သာမန်နားလည်အောင်ရွာစကားနှင့်ပြောလျှင် သူများပစ္စည်းကိုခိုးမှုသူများအသက်
ကိုသတ်မှုသူများအိမ်ရာဖျက်စီးမှု၌လည်း အားစိုက်မှုများသည်ပါကြပါသည်၊ ယင်းအားစိုက်မှုကိုကောင်းသောအားစိုက်မှုမခေါ်ဘဲ မှား
ယွင်းသောအစိုက်မှုခေါ်သည်၊ သူများအသက်ကိုသတ်ခြင်းမှချောင်ကြည်မှု သူများဥစ္စာကိုခိုးခြင်းမှချောင်ကြည်မှုတို့ကို ကောင်းသော
အားစိုက်မှုခေါ်ပါသည်။ အားစိုက်မှုချင်းတူသော်လည်းရောမနေရပါ ခြားနားပြီးသိရပါမယ်၊ ထိုအားစိုက်မှုတို့၌မကောင်းသောအားစိုက်
မှု အလှူပေးသီလဆောက်တည်ရန်အတွက်ကောင်းသောအားစိုက်မှုတို့သည် အိုဘေးနာဘေးသေဘေးကိုကျေးဇူးပြုသည့်အတွက် သူတို့ကိုမှန်ကန်သောအားစိုက်မှုမဆိုနိုင်ပါ။ အိုဘေးနာဘေးသေဘေးမှလွတ်ရန်အတွက်အားစိုက်မှုသည် သတိပဋ္ဌာန်လေးပါးကို
အားစိုက်ရပါသည်၊ ဆိုလိုရင်းမှာရုပ်နာမ်သိပြီးလျှင် ဖြစ်မှုပျက်မှုကိုမြင်အောင်အားစိုက်တဲ့အခါ၌ ပါလာသောဝီရိယကိုမှတရားရတနာဝီ
ရိယခေါ်ပါသည်။
ယခုလက်ရှိဘ၀ခန္ဓာမှာ တရားနာမှုသုံးချိန်တရားအားထုပ်မှုသုံးချိန်သည် ဤဓမ္မရတနာကိုကိုယ်နိုင်သလောက်ရအောင်အားစိုက်
နေသည်လို့နားလည်ပေးပါ၊ သမ္မပ္ပဓာနလုံးလ၀ီရိယရရှိအားစိုက်နိုင်ရန်အတွက်လည်း တရားနာယူမှုမရှိယုံကြည်အားစိုက်မှုခိုင်မြည်း
စွာမရှိလျှင် ယခုအလုပ်ကိုတစ်ယောက်မှလည်းမလုပ်ပါ။ လောကအမြင်နှင့်ကြည့်လျှင်ဤအလုပ်သည် စားဝတ်နေရေအတွက် အ
ထောက်အကူပြုသည့်အထဲမှာမပါဝင်ပါ၊ စီးပွါးကြီးပွါးရေးအတွက်လည်း အထောက်အကူပြုသည့်အထဲမှာမပါဝင်ပါ။စာသံနှင့်ပြောလျှင်
လောကာယတ လောကကိုချဲ့ထွင်ကျယ်ပြန့်အောင်လုပ်သောအထဲမှာ ဤတရားမပါဝင်ပါ၊ လောကာယတခေါ်သောလောကကိုချဲ့
ထွင်ကျယ်ပြန့်အောင်လုပ်သောတရားထဲမှာ သမ္မပ္ပဓာန်လုံးလ၀ီရိယမပါဝင်ပါ။ သမ္မပ္ပဓာန်လုံးလ၀ီရိယသည် လောကချုပ်ငြိမ်းရန်လော
ကငြိမ်းအေးရန်လုပ်သောတရားထဲမှာပါဝင်ပါသည်။ အလှူပေးမှုသီလဆောက်တည်မှုမေတ္တာပွါးမှုတို့သည် လောကာယတဖြစ်ပါ
သည်၊ သံသရာချဲ့သည် သံသရာနယ်ကျယ်သွားသည့်စကားကိုကြားဖူးလိမ့်မယ်၊ ခေတ်မှာနယ်ချဲ့သလို ခန္ဓာ၌လည်းတဏှာမာနဒိဋ္ဌိ
ရှိလာလျှင် သံသရာနယ်ပယ်ကိုချဲ့လို့ဘဲသွားပါသည်၊ သူ့ကိုငြိမ်းအောင်သိမ်းအောင်လုပ်သောအထဲမှာမပါဝင်ပါ။ ဤသမ္မပ္ပဓာန်ဝီရိယ
တရားကိုအားစိုက်တဲ့နည်းကျပြန်တော့ တဖြည်းဖြည်းသံသရာနယ်ပယ်ကျုံးပြီးငြိမ်းအေးသွားပါသည်။ သံသရာနယ်ပယ်ကျုံးပြီးငြိမ်း
အေးသွားသည့်အတွက်ကြောင့် ဤသမ္မပ္ပဓာန်လုံးလ၀ီရိယကိုစာသံနှင့်ပြောလျှင် လောကနိရောဓ ပဋိပဒါ လောကချုပ်ငြိမ်းရန်အ
တွက်လုပ်နေသောတရားပါ၊ လောကကို လူလောကနတ်လောကဗြဟ္မာလေက ဤကဲသို့မဟုတ်ပါ၊ လူလောကနတ်လောကဗြဟ္မာ
လောကအခေါ်ကို ဘုရားသော်မှချုပ်ငြိမ်းအောင်မလုပ်နိုင်ပါ ခန္ဓာလောကကိုပြောခြင်းဖြစ်ပါသည်။ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညာက္ခန္ဓာ
သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာများချုပ်ငြိမ်းအောင်လုပ်သောအလုပ်မျိုးကို သမ္မပ္ပဓာန်လုံးလ၀ီရိယခေါ်သည်၊ ခန္ဓာချုပ်ငြိမ်းပြီးသိမ်းသွား
သည်။ ခန္ဓာချုပ်ငြိမ်းပြီးသိမ်းသွားခြင်းအနေအထားသည်လည်း သူများခန္ဓာချုပ်ငြိမ်းအောင်သိမ်းရန်အတွက်လုပ်နေသည်မဟုတ်ဘဲ ကိုယ့်ခန္ဓာချုပ်ငြိမ်းရန်အတွက်အလုပ်လုပ်နေခြင်းပါ၊ ကိုယ့်ခန္ဓာချုပ်ငြိမ်းသွားပြီဖြစ်လျှင် ကျံသောအပြင်ဘက်လောကသည် ကိုယ့်အ
တွက်ကျေးဇူးများစရာကျေးဇူးကန်းစရာကျေးဇူးတင်စရာကုန်ဆုံးပါပြီ။ ယင်းကြောင့် သဘာဝကိုကြည့်လျှင် ကိုယ်ရှိလို့လောကကိုအ
ရေးစိုက်နေရသည် ကိုယ်မရှိလျှင်လောကကိုအရေးစိုက်စရာမလိုပါ ကိုယ်သည်လောကထဲကိုဝင်နေ၍ဖြစ်သည်၊ ကိုယ်လောကခေါ်
သောကိုယ့်ခန္ဓာငြိမ်းအေးသွားပြီဖြစ်လျှင် ခန္ဓာလုံးဝချုပ်ငြိမ်းသွားပါပြီ ကိုယ်သည်လောကနိရောဓ။ သာမန်လူနားလည်အောင်ပြောရ
လျှင် စားဝတ်နေရေးအတွက် မအိပ်မနေအလွန်ပင်ပန်းကြီးစွာအလုပ်လုပ်နေရသောလူတစ်ယောက်သည် အလုပ်လုပ်လျက်ထိုင်
ယင်းနဲ့အိပ်ငိုက်လဲကျသွားသည်ဖြစ်၍ တစ်နာရီနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်သည်၊ တစ်နာရီအိပ်နေဆဲ၌ ပြင်ဘက်လောကကိုလည်းသူ
မသိ ကိုယ့်လောကကိုလည်းသူမသိပါ၊ သာမန်လောက်သာလောကငြိမ်းသည့်သဘောပါ တကယ့်လောကချုပ်ငြိမ်းနေသည်မဟုတ်
သေ့ပါ။ သက်သက်အိပ်နေသည့်အခါ ကိုယ်လည်းတစ်ခုမှမသိ အပြင်လောကကိုလည်းတစ်ခုမှမသိပါ၊ ထိုတစ်ခုမှမသိသောအခြင်း
အရာသည် လောဘ ဒေါသ မန်မာနများတစ်ခုမှဖြစ်ခွင့်မရပါ၊ ငြိမ်းအေးသောအိပ်နေခြင်းကိုသွားပြီးထမင်းစားရန်နှိုးလိုက်လျှင် ယခုမ
စားသေ့ပါဆက်အိပ်လိုက်မယ်ပြောပါလိမ့်မယ်၊ ထမင်းစားခြင်းထက်ဆက်အိပ်ခြင်းသည်က ချမ်းသာကိုပေးနေသည်ကို သူသိနေလို့
ဖြစ်သည်၊ လောကနိရောဓကိုနားလည်အောင် ဥပမာလေးတစ်ခုပါ။ ခန္ဓာသဘောနှင့်ပြောလျှင် အိပ်နေသောအခါ၌၀ိထိစိတ်မရှိပါ၊ အိပ်နေသောအခါ သက်သက်ဘ၀င်စိတ်သာရှိပါသည်၊ ဘ၀င်စိတ်သည် ဤဘက်လောကကိုလည်းမသိ ထိုဘက်လောကကိုလည်းမ
သိပါ၊ မအိပ်မီဖြစ်သောစိတ်နှင့်အိပ်ပြီးနိုးထသောအခါဖြစ်ဖို့စိတ်ကို ဆက်သားပေးနေသောစိတ်သည်ဘ၀င်စိတ်ဖြစ်သည်။ မအိပ်မီသိ
ခဲ့သောစိတ်ရှိသည် အိပ်ပြီးနိုးထလာလျှင်သိဖို့ရန်စိတ်တစ်ခုပေါ်လာပါမယ် ထိုစိတ်နှစ်ခုကိုဆက်ရန်အတွက်ဆက်သားစိတ်ကို ဘ၀င်
စိတ်ခေါ်သည်၊ ဘ၀င်စိတ်ကိုလူပြောပြောလျင် တစ်ခုမှမသိပါ။ သူ့ကိုငြိမ်းအေးသောစိတ် ဖြူစင်သောစိတ် သန့်သောစိတ်လို့မြတ်စွာ
ဘုရားက ပဘသရမိဒံ ဘိက္ခဝေ စိတ္တံ ဤဘ၀င်စိတ်သည် ဖြူသန့်ပြီးဖြစ်နေသည်လို့ဟောထားပါသည်။ ဆိုလိုရင်းက ဘ၀င်စိတ်ဖြစ်
တဲ့အချိန်မှာ လောဘလည်းမဖြစ်ဒေါသလည်းမဖြစ်မာနလည်းမဖြစ် သက်သက်ဆက်သားစိတ်သည်သာဖြစ်နေပါသည်၊ အိပ်သောအ
ခါအိပ်မက်မက်သောစိတ်သည် ဘ၀င်စိတ်မဟုတ်ပါဝိထိစိတ်ဖြစ်ပါသည်၊ ဘ၀င်စိတ်တစ်ခုဖြစ်နေမှု၌ ဘယ်လောက်အေးချမ်းသလဲ
ကို သဘောကိုနားလည်သောသူသည်စဉ်းစားကြည့်လျှင်သိလို့ရပါသည်။ နိရောဓသည် လောဘဒေါသမန်မာနတို့ ဤခန္ဓာထဲ့မှာဝင်
ရောက်မလာအောင်အားစိုက်တဲ့သဘောပါ၊ ကိုယ့်ခန္ဓာငြိမ်းအေးအောင်ချမ်းသာအောင်လုပ်တဲ့အလုပ်ဖြစ်၍ တရားခေါ်ပါသည်။ တ
ရားကိုသိရန်အတွက် ကိုယ့်ခန္ဓာအကြောင်းကိုသိရန်လိုပါသည်၊ ကိုယ့်ခန္ဓာအကြောင်းကိုသိသည်ဆိုရာ၌လည်း အများအသိမဟုတ်
ဘဲ အမှန်အသိနှင့်သိရပါမယ်၊ အများအသိသည် ငါသူပုဂ္ဂိုလ်သတ္တ၀ါအသက်လိပ်ပြာသိနေကြပါသည်၊ အမှန်အသိသည် ရုပ်နာမ်နှင့်
အကြောင်းအကျိုးတရားပါ။ ယင်းရုပ်နာမ်အကြောင်းအကျိုးကိုသိတတ်တဲ့အသိကို မွေးရာပါအသိနှင့်မရပါ၊ တကယ့်သိတတ်တဲ့ဘုရား
တစ်ဆူဆူနှင့်တွေ့မှ အမှန်အသိကိုဆည်းပူးလို့ရပါသည် ဘုရားတစ်ဆူဆူနှင့်မတွေ့လျှင် အမှန်အသိကိုဆည်းပူးမရနိုင်ပါ၊ စားကာ
သောက်ကာအိပ်ကာနေကာအစီးအပွါးဆောင်ကာနှင့်ကုန်ဆုံးသွားပါသည်။ လောကစကားနှင့်ပြောလျှင် တောထဲတောင်ထဲမှာနေကြ
သောပုဂ္ဂိုလ်များ စားသောက်ရန်အတွက်လုပ်ဖို့တတ်ပါသည် ၀တ်ဖို့နေဖို့ကျန်းမာဖို့အတွက် သူ့အတိုင်းအတာနှင်အတူလုပ်တတ်ကြပါ
သည်၊ သို့သော်လည်း စာမတတ်ကြပါ၊ မြို့၌လည်းထို့အတူ စားရေးဝတ်ရေးနေရေးထိုင်ရေးကိုတော့ လုပ်တတ်သိတတ်သည် သို့
သော် စာမတတ်ပါ၊ စာမတတ်ရခြင်၏အကြောင်းသည် စာသင်ပေးသောဆရာနှင့်မတွေ့လို့ဖြစ်သည်၊ တွေ့သော်လည်းသင်လိုသော
စိတ်မရှိခြင်းကြောင့်ဖြစ်သည်။ စာမတတ်သောအခါ ပြင်ဘက်သူများအကြောင်းကမ္ဘာ့အကြောင်းကိုဟုတ်တိပတ်တိမသိပါ၊ စားဖို့
သောက်ဖို့ဆုတ်ယုတ်ကြီးပွါးတိုးတက်ဖို့လောက်သာသိလိမ့်မယ် ခန္ဓာသဘောကိုနားမလည်ပါ။ ခန္ဓာသဘောကိုနားလည်အောင် ခန္ဓာ
သဘောကိုသိပြီးဖြစ်တဲ့ ဘုရားတစ်ဆူဆူနှင့်တွေ့သောအခါ အားစိုက်ပြီးသင်ယူရပါသည်။ ဆရာရှိသည်လို့မှတ်ပါ သတ္ထာ ဒေ၀မနု
သာနံ ဆရာရှိသူသည်နည်းလန်းမှန်ပါသည်။ ခုနားကပြောခဲ့သလို ဆရာရှိသူသည်စာတတ်သည် စာတတ်လျှင်ကမ္ဘာ့အကြောင်းကို
သိသွားသည်၊ စာမတတ်တဲ့သူသည် ကိုယ့်မိသားစုအကြောင်းကိုလောက်သာသိသည်။ စာတတ်တဲ့သူသည် ကမ္ဘာ့အကြောင်းကိုသိ
သလို ဘုရားထံမှာပညာသင်လျက် စာလို့ခေါ်သောအမှန်သိပညာတတ်တဲ့သူသည် ခန္ဓာအကြောင်းသံသရာအကြောင်းကိုသိသွားပါ
သည်။
မနေ့ကသဠာယတနထိရောက်ခဲ့သည်၊ အလောင်းတော်ကြီးသည် ဤအိုခြင်းနာခြင်းသေခြင်း၏ဖြစ်ကြောင်းကိုစီးစစ်နေခြင်း
သည် အလောင်းတော်တစ်ဆူမဟုတ်ပါ ဘုရားအဆူဆူစီးစစ်ကြပါသည်။ ဘုရားအဆူဆူစီးစစ်သည်ကို ယခုဂေါတမမြတ်စွာဘုရား
သည် ငါဘုရားသည်သာစီးစစ်သည်မဟုတ် ရှေ့ရှေ့ဘုရားအဆူဆူစီးစစ်သည်ကိုဖွင့်ပြတော်မူသည်၊ သိနိုင်လောက်သောအနီးကပ်
ဘုရားရှင်တို့၏အမည်တို့သည် ၀ိပသီ သိခီ ဝေသဘူ ကကုသံ ဂေါဏာဂုံ ကသပ ဂေါတမ။ တစ်ချို့အရပ်ဒေသမှာ ဘုရားခုနစ်ဆူကို
ကိုးကွယ်လှူဒါန်းဆွမ်းကျွေးမှုများရှိကြပါသည်၊ ဤဘုရားခုနစ်ဆူမှာ ပထမ၀ိပသီဘုရားလည်းဤတရားကိုဟောခဲ့ပါသည်၊ ဂေါတမဘု
ရားလည်းဤတရားကိုဟောပါသည်၊ရှေ့ရှေ့ဂင်္ဂါဝါဠုသဲစုမကပွင့်ကြကုန်ပြီးသောဘုရားရှင်တို့သည်လည်း ဤတရားကိုမသိဘဲပွင့်
သောဘုရားမရှိကိုနားလည်ရပါလိမ့်မယ်၊ ထိုဘုရားအဆူဆူတို့တရားသိပုံသိနည်းကို ယခုကောက်ပြီးပြောနေပါသည်။ သိပုံသိနည်း
သည် လူအိုလူနာလူသေတို့ကိုမြင်ရ၍တရားရှာရာ၌ အိုနာသေဖြစ်ရခြင်း၏အကြောင်းကိုစီးစစ်သောအခါ ခန္ဓာကြောင့်အိုနာသေဖြစ်ရ
သည်ကိုမြင်သည်။ တဖန်ဆက်ပြီးစီးစစ်သောအခါ ခန္ဓာသည်ကံကြောင့်ဖြစ်သည် ကံသည်အစွဲအားသန်မှုကြောင့်ဖြစ်သည် အစွဲအား
သန်မှုသည်လိုချင်မှုကြောင့်ဖြစ်သည် လိုချင်မှုသည်ခံစားမှုကြောင့်ဖြစ်သည် ခံစားမှုသည် မြင်မှုကြားမှုနံမှုစသည်တို့ကြောင့်ဖြစ်သည်၊
မြင်မှုကြားမှုစသည်တို့သည် မျက်စေ့နားစသည်ရှိခြင်းကြောင့်ဖြစ်သည်ကိုသိမြင်လေသည်။ မျက်စေ့ရှိလျှင်မြင်မှုသို့ဆက်သည် နားရှိ
လျှင်ကြားမှုသို့ဆက်သည် ၊ နားရှိလျှင်ဆိုသည်ကသောတာယတန ကြားသည်ဆိုသည်ကဖသ၊ ပါဠိစကားဖြင့် သောတ သောတသမ္ဖ
သ သောတသမ္ဖသဇာ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာမရဏ။ ရခိုင်စကားနှင့်ပြောလျှင် နားရှိ၍ကြားသည်၊ နားသည် သော
တ ကြားမှုသည် ဖသ၊ ကြားလျှင်သာယာမသာယာကောင်းမကောင်းခံစားသည် ဝေဒနာ။ မိမိတို့စကားနှင့်နားလည်တတ်ရန်အရေး
ကြီးပါသည်၊ ကိုယ့်စကားနှင့်နားမလည်လျှင် တရားကိုလုပ်လို့မရပါ တရားကိုလည်းနားမလည်နိုင်ပါ။ တရားသည်သီးခြားမရှိပါ တ
ရားသီးခြားမရှိသည်ကိုနားမလည်ဖြစ်၍ ငါရို့သီးခြားစီတစ်ခုထားပြီးအလုပ်လုပ်နေရပါသည်၊ တရားသည်ခန္ဓာကိုပြောသည် တရား
ရှာလျှင်ခန္ဓာ၌တွေ့ပါသည်။ ဤခန္ဓာ၌နားရှိလို့ကြားသည် နားသည်သောတ ကြားသည်ကဖသ၊ ကြား၍ခံစားရသည် ခံစားရသည်ဖြစ်
၍လိုချင်သည် ဆက်နေပါသည်၊ လိုချင်၍စွဲလမ်းသည် စွဲလမ်း၍ရအောင်လုပ်သည် အလုပ်ပေါ်နေပါပြီ၊ အလုပ်လုပ်၍ရသည် ရလျှင်
ပျက်စီးရသည် သေရသည်။ ယင်းကိုပါဠိဖြင့် သဠာယတနပစ္စယာ ဖသော၊ ဖသပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စ
ယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံပါ။ မနေ့ကဘုန်းကြီးပြောခဲ့ပါပြီ ပါဠိအသံကိုကြား
လျှင်တရားဟောနေသည်တော့နားလည်ကြပါသည် တရားကိုမထင်မမြင်ကြပါ၊ သဠာယတနသည် မျက်စေ့နားနှာခေါင်းလျှာကိုယ်
စိတ် အာယတနခြောက်ပါးဖြစ်ပါသည်။ မနေ့ကမျက်စေ့ စက္ခာယတနအကြောင်းကိုပြောပြီးပါပြီ၊ ယခုနား သောတာယတန သောတ
သမ္ဖသ၊ နားသည် သောတ ကြားသည်က သောတသမ္ဖသ၊ ရခိုင်ဝေါဟာရဖြင့်ကြားသည် ပါဠိဝေါဟာရဖြင့်သောတသမ္ဖသ။ ကြား
လျှင်ခံစာသည် သောတသမ္ဖသဇာ ဝေဒနာ၊ စာထဲမှာမဟုတ်ပါ စာကနောက်ကျနေပါပြီ ကိုယ့်ကိုမွေးဖွားသည့်နေ့ကပင်တရားဖြစ်ပေါ်
နေပါသည်။ ခံစားရလျှင်လိုချင်သည် သောတသမ္ဖသဇာ တဏှာ၊ ကြားလိုချင်သဒ္ဒတဏှာ ပါဠိစကားနှင့်ကိုယ်စကားကို ကျနစွာတွဲပြီး
နားမလည်ခြင်းကြောင့် သဘောမပေါက်ဖြစ်ရပါသည်။ မိမိတို့သည် ရခိုင်စကားနှင့်ကုလားစကားကို ကျနစွာတွဲပြီးနားလည်ထားလျှင်
ပြောသည့်လောက်ကပင် ဤသည်ဤသည်ကိုပြောသည်ကိုနားလည်ပြီးဖြစ်သည်၊ ပါဠိကိုလည်းထိုကဲသို့နားလည်မှအလုပ်လုပ်လို့ရ
ပါသည်၊ တွဲပြီးနားမလည်လျှင် တရားဟောနေသည့်လောက်သာသိပြီး အလုပ်လုပ်လိုမရနိုင်ပါ။ ထိုအခါ ကိုယ်ထင်သည့်ကိုလုပ်ကြပါ
သည်၊ အလှူလုပ်ဖို့သီလဆောက်တည်ဖို့ပုတီးစိတ်ဖို့ ဤသည်ပင်တရားလို့ထင်မြင်သွားပါသည်။ တရားကိုနားလည်ရန်အတွက် ဘုန်း
ကြီးကလည်းနားလည်အောင်ပြောနေခြင်းပါ၊ အလှုပေးသီလဆောက်တည်မှုသည် ဤအထဲပါသည်ကိုကျကျနနနားလည်သွားပြီဆို
လျှင် ဤအထဲမှာဘဲအကျုံးဝင်သွားသည်လို့နားလည်လို့ရသွားပါသည်။
လိချင်မှုသည်ကြားရ၍ဖြစ်သည် ကြား၍လိုချင်မှုကိုပါဠိ၌ သဒ္ဒတဏှာ၊ လိုချင်လျှင်မရမဖြစ်တိုသည့်က ဥပါဒါန် ကြား၍စွဲနေခြင်းဖြစ်
သည်၊ မရမဖြစ်ဆိုလျှင် ရအောင်ဆိုတဲ့လုပ်တဲ့အလုပ်ပေါ်လာပါသည် အလုပ်ပေါ်လာသည့်ကကံ ခန္ဓာ၌ပေါ်နေပါပြီ၊ ထိုကံနှင့်ရ
အောင်လုပ်လိုက်လျှင် လိုသလောက်မရလျှင်လည်း လုပ်သလောက်ရသည့်စကားရှိပါသည်၊ လုပ်သလောက်ရလာသည့်က ဇာတိ၊
ကမ္မဘ၀ပစ္စယာ ဇာတိဟောထားပါသည်၊ ဤဟာသည်အလုပ်လုပ်တဲ့အတွက်ကြောင့် ရသင့်သည်ကိုရခြင်းဖြစ်သည်၊ ရသင့်သည်ကို
ရလျှင် ဇာတိပစ္စယာ ဇရာမရဏံ ရလျှင်သေရသည်။ ရရှိခြင်းမှာမသေလို့မရှိပါ၊ နားကနေကြားပြီးဆက်သွားသည်၌လည်း အသေကို
ကျေးဇူးပြုသွားပါသည်။ နေ့တိုင်းနေ့တိုင်းကြားနေသည့်တို့ကိုကြည့်ပါ ကြားမှု၌ကောင်းမကောင်းရွေးနေသည်က လမ်းမှားသွားအောင်
လုပ်ပစ်လိုက်ခြင်းဖြစ်သည်၊ အကောင်းကြားလျှင်လည်းအသေကိုကျေးဇူးပြုလိမ့်မယ် မကောင်းကြားလျှင်လည်းအသေကိုကျေးဇူးပြု
လိမ့်မယ် အကောင်းမကောင်းခွဲခြားခြင်းသည် ထွက်လမ်းကိုမသိအောင်လုပ်ပစ်လိုက်သည်။ ယင်းကြောင့် ကိန်းသေသိထားရမှာက
အကောင်းဘဲကြားကြားမကောင်းဘဲကြားကြား အသေကိုသာကျေးဇူးပြုနေပါသည်။ ယခုတရားဟောနေသည်ကိုထည့်လိုက်ပါ ယခု
တရားဟောသည်ကို ဗုဒ္ဓဘာသာ၌အကြီးအကျယ်ကောင်းသည်၊ တရားဟောသည်ကိုကောင်းသည်ယူလျှင် အသေကိုကျေးဇူးပြုနေ
သည်ကိုနားလည်မှုမရှိဖြစ်နေပါပြီ။ နားရှိ၍ကြားနေရမှုသည် အသေကိုကျေးဇူးပြုနေသည်လို့နားလည်ပါ၊ နားသည်အသေကိုကျေးဇူး
ပြုသောအထဲမှာပါဝင်ပါသည်၊ နားရလိုပါ၏ဆိုလျှင် အသေကိုရလိုပါ၏နှင့်တထပ်တည်းပါ။ စီးပြီးတွက်ကြည့်ပါ နားသည်ခန္ဓာ ခန္ဓာကို
ရလိုသည်ဆိုလျှင် အသေကိုရလိုပါ၏ဆိုသောစကားနှင့်စကားသုံးသာကွဲပါသည်၊ အသေကိုရလိုပါ၏ဆုမတောင်းတစ်ခုသာဖြစ်သည်၊
အသံကွဲနေခြင်းကိုနားထောင်ရန်မလိုဘဲ သဘောသဘာဝကိုနားလည်ဘို့လိုပါသည်။ အရှင်သာရိပုတ္တရာအလောင်းဥပတိသသည်
အရှင်အသဇိရဟန်းထံတရားနာသောအခါ အရှင်အသဇိကိုယ်တော်က ငါသည်ရဟန်းဖြစ်စတစ်ဝါသာရှိသေ့သည် ဘုရား၏တရားကို
စုံအောင်မသိနိုင်သေ့ပြောသောအခါ အရှင်သာရိပုတ္တရာအလောင်းဥပတိသသည်အလုံးစုံကိုတပည့်တော်အားပြောဖို့မလိုပါ အဓိပ္ပါယ်
ပါသောစကားခွန်းကိုသာတပည့်တော်အားပြောပါ အတ္ထမေ၀ မေ သူရိကိံကာဟာသိ ဗျဉ္စနံ အဟံ သာရိပုတ္တရာအလောင်းဥပတိသ
ပြောသောစကားခွန်းပါ၊ တပည့်တော်ကိုအဓိပ္ပါယ်ပါသောစကားတစ်ခွန်းသာပြောပါ အဓိပ္ပါယ်မပါသောစကားကိုထောင်နှင့်ချီပြီးပြော
သော်လည်းအကျိုးမရှိပါ အလိုလည်းမရှိပါ။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ ဆိုတဲ့အဓိပ္ပါယ်ပါသော ‘အကြောင်းကြောင့် အကျိုးဖြစ်သည်’ စ
ကားခွန်းကိုပြောလိုက်သည်၊ သေရခြင်း၏အကြောင်းကို ဥပတိသသည်သိသွားသည်။ သေခြင်းသည်အကျိုး အကြောင်းကြောင့်အ
ကျိုးဖြစ်နေသည်၊ အကြောင်းမရှိလျှင် သေကျိုးမရှိနိုင် သစ္စာလေးပါးကိုတန်းပြီးဉာဏ်ရှိသူသည်သိသွားသည်။ ငါရို့က ဉာဏ်မရှိသည်
ဖြစ်၍ သက်သက်လေ့လာနေရပါသည်၊ ယင်းလေ့လာခြင်းသည် ဉာဏ်ကြီးပွါးကြောင့်ပါ။ ခန္ဓာဖြစ်စဉ်ကို ဉာဏ်ရောက်အောင်သင်ရ
ပါလိမ့်မယ်၊ မိုးကုတ်တရားသည် ခန္ဓာမှာဉာဏ်ရောက်နေဖို့လိုပါသည်။ ပင်ရင်းကတော့ဘုရားတရားပါ ယင်းဘုရားတရားကိုမိမိတို့က
ပဋိစ္စသမုပ္ပါဒ်ပါဠိကို နှုတ်တိုက်ကျကျနနရွတ်ပြီးဆိုလာသည် နားမလည်ပါ။ ဆိုလိုသောစကားသည် ဘုရားဟောသောအခါနားမလည်
မိုးကုတ်ပြောမှနားလည်သည်၊ ထို့ကြောင့် မိုးကုတ်ကိုဆရာတင်ရခြင်းဖြစ်ပါသည်၊ ငါရို့ကဘုရားဟောလို့သိသောပရိတ်သတ်မဟုတ်
ပါ မိုးကုတ်ပြောမှသိသောပရိတ်သတ်ဖြစ်သည်။ ဤတရားကိုဘုရားဟောပါသည် သို့သော် ဘုရားဟောသောပါဠိကိုကျက်ပြီးကြည့်
သောအခါငါရို့ကနားမလည်ပါ မိုးကုတ်ပြောသည်ကိုမှနားလည်သည်၊ ယင်းနဲ့မိုးကုတ်သည်အနီးကပ်ဆုံးဆရာဖြစ်ပြီး ပင်ရင်းဆရာ
သည်ဘုရားပါ၊ ထို့ကြောင့် မိုးကုတ်ကိုဆရာတင်ရပါသည်။ ဤတရားကိုငါတို့ကဲသို့ ဉာဏ်မရျိသူကိုမျက်စီးပွင့်အောင် တရားကိုမြင်
တတ်အောင်ပြောတတ်သည် အင်မတန်ကျေးဇူးကြီးသောဆရာတော်ဘဲလို့ကျေးဇူးတင်ရပါသည်။
အကြောင်းအကျိုးကိုရှာသောအခါ နားရှိလို့ကြားရသည်၊ ကြားမှုဖြစ်ကြောင့်သည် နားရှိလို့ဖြစ်သည်။ ကြားသည်က ဖသ၊ ကြား
လျှင်ခံစားသည် ခံစားလို့လိုချင်မှုဖြစ်သည် လိုချင်လို့စွဲလမ်းသည် စွဲလမ်းလို့ရအောင်လုပ်သည် ရအောင်လုပ်လျှင် လိုသလောက်မရ
လျှင်လည်းလုပ်သလောက်ရသည်၊ ရလာလျှင်နောက်ဆုံးပျက်စီးရသည်။ နားရှိခြင်းသည် အသေကိုကျေးဇူးပြုမှုထင်ရှားသည်၊ အသေ
သည်အကျိုးတရား နားသည်အကြောင်းတရားပါ။ နားပြီးလျှင်ကိုယ်ခန္ဓာမှာရှိသောနှာခေါင်းကိုပြောပါမယ်၊ နှာခေါင်းရှိလို့အနံ့ကိုနံပါ
သည် အသက်ရှိလို့နံသည်မဟုတ်ပါ၊ ငါရို့ကလမ်းလွဲအောင်အသက်ရှိလို့နံသည် လမ်းလွဲလိုက်လျှင်လက်သည်အရင်းကိုမသိနိုင်ဖြစ်
သွားသည်၊ မူရင်းပျောက်သွားအောင်လုပ်ပစ်လိုက်သည်က အ၀ိဇ္ဇာ၏သတ္တိပါ။ အသက်ရှိလို့နံသည်မဟုတ် နှာခေါင်းရှိလို့နံပါသည်၊
နှာခေါင်းသည်ဃာနာယတန ဃာနာယတနသည်ပါဠိစကားပါ၊ မိမိတို့ကိုယ့်စကားနှင့်ဆိုလျှင် နှာခေါင်းပါ။ နှာခေါင်းရှိလို့နံသည် နှာ
ခေါင်းသည်ဃာနာယတန နံသည်ကဖသ၊ နံလျှင်ခံစားသည် ဝေဒနာကိုဆက်နေပါပြီ၊ နံလို့ခံစားသည် ယင်းကိုဖသပစ္စယာေ ဝေဒနာ
ပါဠိစကားပါ၊ နံလို့ခံစားမှုသည် ခန္ဓာဖြစ်စဉ်မှာမှန်နေပါသည်၊ ခံစားလျှင်လိုချင်မှုပေါ်လာသည် လိုချင်လာလျှင်မရမဖြစ်စွဲလမ်းသည် မရ
မဖြစ်ဖြစ်လာလျှင် ရအောင်လုပ်သောကံပေါ်လာပါသည် ရအောင်လုပ်လျှင်ရရှိလာသည်ဇာတိ၊ ရလာလျှင်ပျက်စီးမှုကိုရရှိသည်ဖြစ်၍
နောက်ဆံးပျက်စီးရပါသည်။ နံမှုနှင့်ပတ်သက်၍ဥပမာအားဖြင့် နိုင်ငံခြားဖြစ်ရေမွှေးတစ်ပုလင်းကို မိမိတို့သည်ကောင်းသည်ဟုခံစား
ရ၍ မရမဖြစ်နဲ့ရအောင်ဝယ်ယူလိုက်သည်ဖြစ်၍ရရှိလာပါသည် ရရှိမှုသည်ဇာတိပါ၊ ရရှိလာသောထိုရေမွှေးသည် မကုန်မခန်းဘဲမနေ
ပါနောက်ဆုံးကုန်ခန်းရပါသည်၊ အမြန်သုံးလျှင်လည်းကုန်ခန်းမယ် တာရှည်သုံးလျှင်လည်းကုန်ခန်းပါမယ် ရလာခြင်းသည် ကုန်သော
သဘောရှိမှုကိုရရှိခြင်းကြောင့်ဖြစ်ပါသည်၊ ယင်းကို ၀ယဓမ္မာ သင်္ခါရာ မြတ်စွာဘုရားသည်ပရိနိဗ္ဗာန်စံခါနီးဟောခဲ့ပါသည်။ အလုပ်
လုပ်လို့ရသည်ဟူသမျသည် ပျက်စီးခြင်းသဘောရှိသည်၊ သင်္ခါရခေါ်သောရုပ်တရားနှင့်နာမ်တရားသည် ပျက်စီးမှု၌လမ်းဆုံးသည်။ အ
ပ္ပမာဒေန သမ္ပာဒေထ သတိတရားကိုမွှေးမြူပြီးမြင်အောင်ကြည့်ကြပါဟုမိန်းမှာခဲ့ပါသည်၊ ထိုအခါသဘောတရားကိုနားလည်လာပါ
လိမ့်မယ်၊ ဤသာသနာကိုထားခဲ့၍ ဘုန်းကြီးများကလည်းဤသဘောတရားတို့ကို ဆရာသမား၏ကျေးဇူးကြောင့်သိသောအခါ အ
ချင်းချင်းဖြန့်ချီပေးနေခြင်းဖြစ်ပါသည်၊ တရားအသိကိုသွင်းခြင်းသည် ဤသည်တို့ကိုပြောခြင်ပါ။ ဤတရားသဘောကိုနားလည်သွားပြီး
ဖြစ်လျှင် ကိုယ့်ခန္ဓာအကြောင်းကိုနားလည်သွားပါပြီ၊ လုပ်ကိုင်စားသောက်နေသည်လို့ပြောနေခြင်းသည် အမှန်ကသေဖို့ရန်ကျေးဇူးပြု
နေသည်ကိုသိသွားပါသည်။
နှာခေါင်းပြီးလျှင်လျှာပါ လျှာကိုပါဠိဖြင့် ဇိဝှါယတန၊ ဘင်္ဂလာ၌လည်းလျှာကိုဇိဝှါပြောကြသည်။ လျှာရှိလို့စားသည် စားသည်က ဖ
သ၊ စားလျှင်ခံစားမှုပေါ်သည်ဝေဒနာ ဖသသည်ဝေဒနာကိုကျေးဇူးပြုနေပါပြီ ယင်းကိုဇိဝှါယတန ဇိဝှါသမ္ဖသ ဇိဝှါသမ္ဖသဇာဝေဒနာ။
တဏှာသည်စားသည်ကိုစွဲသောတဏှာဖြစ်သည် တဏှာပစ္စယာ ဥပါဒါနံ အစွဲကြီးသွားပါပြီ၊ ဥပါဒါန်အစွဲကြီးသောလျှင် ရအောင်အား
ထုပ်တဲ့ကမ္မဘ၀၊ ရရှိလာသည့်ကဇာတိ ဥပပတ္တိဘ၀၊ ရရှိပြီးနောက်ပျက်စီးသွားသည်၊ ပျက်စီးသွားသည်ဆိုခြင်းသည် စားပြီးလျှင်ဆုံး
သွားသည်၊ လောက၌အစားကြောင့်ဖြစ်တဲ့ခွန်အားဗလများ နောက်ဆုံးအသေမှာဘဲလမ်းဆုံးပါသည်။ ခန္ဓာသည်ဤသဘောသွားနေ
ခြင်းကို စီးပြီးတွက်ကြည့်လျှင်ငြင်းမရပါ။ လျှာရှိမှုသည်အသေကိုကျေးဇူးပြုပါသည် လျှာသည်သေကြောင်း အသေသည်အကျိုး အ
ကြောင်းနှင့်အကျိုးကိုသိပါပြီ၊ ငါသူမဟုတ်ပါ အပြော၌ငါလို့ပြောနေရမှုသည်အပြစ်မဟုတ်ပါ စိတ်ထဲ၌လျှာကိုငါလို့မယူပါနှင့် ငါလို့ယူမှ
အပြစ်ဖြစ်ပါသည်၊ ငါလို့ယူလျှင်အသိမ၀င်နိုင်တော့ပါ ငါလို့လျှာကိုယူပြီးဖက်ထားလျှင် အသေမှမလွတ်နိုင်ပါ။ လျှာသည်သေကြောင့်
လို့မသိလျှင် လွှတ်ချင်စိတ်မပေါ်ပါဖက်ထားပါသည် ဖက်ထားမှုသည်ဥပါဒါန်ဖြစ်သည်။ ပြောသောအခါငါ့လျှာ ငါ့ပါးစပ်နှင့်စားသည်
ပြောလို့ရပါသည် စိတ်ထဲ့မှာငါ့ဟာလို့မယူရပါ၊ လျှာသည်သေကြောင့်တရားထဲမှာပါသည်ကိုစဉ်းစားကြည့်ပါ ငါ့ဟာယူသင့်မယူသင့်
ကို။ မြတ်စွာဘုရားသည် ငါငါ့ဟာပြောသင့်မပြောသင့်မမိန်းကြားပါ ငါငါ့ဟာယူသင့်မယူသင့်သည်သာမိန်းပါသည်၊ ငါငါ့ဟာယူသင့်မ
ယူသင့်ဆိုခြင်းသည် သဘောတရားကိုမိန်းခြင်းဖြစ်ပါသည်၊ ငါငါ့ဟာမယူသင့်ဆြိုခင်းသည် အပြောကိုဆိုလိုသည်မဟုတ်ပါ၊ အသေ
ကိုကျေးဇူးပြုသည်ဖြစ်၍ ငါငါ့ဟာမယူသင့်ပါ။ လျှာသည်ရှိတော့ရှိပါသည် ငါငါ့ဟာမယူသင့်လျှင် ငါလည်းမဟုတ်ငါ့ဟာလည်းမဟုတ်
သက်သက်သေကြောင်းတရားလို့ အလယ်အလတ်အသိမျိုးနှင့်သိ၍ လျှာသည်နောက်ဖြစ်လျက်ကိုယ့်ကိုသေရန်ကျေးဇူးမပြုနိုင်ပါ၊ လို
ရင်းဖြစ်သည်က သိမ်းပိုက်ပြီးမရှိခြင်းကြောင့်ဖြစ်ပါသည်။
ကာယာယတန မျက်စေ့နားနှာခေါင်းလျှာကိုဖယ်လိုက်လျှင် ကျံသောခန္ဓာအစိတ်အပိုင်းအတွင်းအပြင်ဟူသမျှသည် ကာယာယတ
နခေါ်ပါသည်။ ကာယ ကိုယ်ရှိသည်ဖြစ်၍ ထိုင်သည်ထသည်သွားသည်ရပ်သည်အလုပ်လုပ်သည်သိမ်းဆည်းသည်စသည်ဖြင့်လုပ်
နေမှုသည် ကာယရှိလို့လုပ်နေရခြင်းဖြစ်သည်၊ ကာယမရှိလျှင်ထိုင်ထသွားလာစသည်တို့ကိုလုပ်လို့မရပါ။ ထိုင်သည်ထသည်သွား
သည်ရပ်သည်ကဖသပါ၊ ဤဖသသည်ကာယကိုယ်ရှိလို့ဖြစ်ပါသည်။ သွားလာထိုင်ထဖသသည် အသက်ရှိလို့ဖြစ်သည်မဟုတ် ကိုယ်
ရှိလို့ဖြစ်ပါသည်၊ အသက်ရှိလို့ဖြစ်သည်မယူရပါ။ ထိုင်သည်ထသည်ရပ်သည်သွားလာသည်အလုပ်ကိစ္စတို့ကိုစီမံနေရမှုသည် ကိုယ်ရှိ
လို့ဖြစ်ပါသည်။ ထိုင်ထသွားလာလုပ်လိုက်တဲ့အခါ ကောင်းမကောင်းဝေဒနာပေါ်လာပါသည်၊ ဝေဒနာပေါ်ရခြင်း၏အကြောင်းသည်
ထိုင်ထသွားလာအလုပ်လုပ်လိုက်သောကြောင့်ဖြစ်သည်။ ထိုင်သောအခါ ထိုင်ဖို့ကောင်းသည့်သဘောလေးတစ်ခုပေါ်လာပါမယ်
ထိုင်ဖို့မကောင်းသဘောလေးတစ်ခုပေါ်လာပါမယ်၊ နဂိုက ဤသဘောမရှိသေ့ပါ ထိုင်သောအမူအရာသည် ဝေဒနာကိုကျေးဇူြး့ပု
ဆက်ထားပါသည်။ ရပ်သောအခါ၌လည်းရပ်၍ကောင်းမကောင်း သွားလာသောအခါ၌လည်းသွားလာ၍ကောင်းမကောင်း အိပ်သော
အခါ၌လည်းအိပ်၍ကောင်းမကောင်း ဤသဘောတို့သည်သက်သက်ပေါ်နေပါသည်၊ ဤပေါ်နေခြင်းတို့သည်တရားပါ ဖသပစ္စယာ
ဝေဒနာ။ နေ့တိုင်းနေ့တိုင်းကိုယ့်ခန္ဓာမှာ ပေါ်နေသည်တို့ကိုမြင်အောင်ကြည့်ပါ၊ ဝေဒနာဖြစ်ပြီးလျှင်တဏှာဆိုသည်က ကောင်းသည်
ဆိုလျှင်အကောင်းကိုမချလိုတွယ်ကပ်သွားပြီး မကောင်းကိုဖယ်ပစ်လိုက်သည့်သဘောသည်တဏှာပါ။ တဏှာသည်အစီး စိတ်၌ငြိ
ကပ်မှုသဘောရှိပါသည်၊ စိတ်၌ငြိကပ်သည်ကို ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာသည်လုပ်ငန်းကိုင်ငန်းကောင်းလျှင် အလုပ်၌ငြိကပ်
သည်၊ ထိုကပ်ငြိစိတ်သည် နဂိုမူလ၌ရှိသည်မဟုတ်ပါ ဝေဒနာကြောင့်ဖြစ်လာသည့်တဏှာပါ။ ကပ်ဖန်များလျှင်ခွါမရဖြစ်ပါသည်၊ ဤ
နေရာ၌နေရန်ကောင်းသည် ဤနေရာ၌အစီးအပွါးရလွေလွယ်ကူသည် ဤနေရာ၌သားရေးသမီးရေးအဆင်ပြေသည် အဆင်ပြေ
သည်ကဥပါဒါန်ဖြစ်ပါသည်။ အဆင်ပြေသည်နေရာကိုစွဲပြီးနေလျှင် ထိုနေရာ၌ဆက်ပြီးအလုပ်လုပ်မှုသည်ထင်ရှားပါသည် ယင်းလုပ်
မှုသည်ကံပါ။ အလုပ်လုပ်လျှင်လိုသလောက်မရလျှင်လည်း လုပ်သလောက်ရပါသည်၊ ရွာစကားနှင့်ပြောလျှင် တသက်စာမရလျှင်
လည်းတစ်ရက်စာရပါသည်၊ တစ်ရက်စာမရလျှင်လည်း တနပ်စာရပါသည်၊ ထိုရလာခြင်းသည်ဇာတိ၊ ဇာတိရလာလျှင် အဆုံးအသေ
ကိုဘဲကျေးဇူးပြုပါသည်။ ခန္ဓာဖြစ်ခြင်းသည် နောက်ဆုံးအသေကိုသာကျေးဇူးပြုသည်ဖြစ်၍ ငါငါ့ဟာလို့မယူသင့်ပါ၊
သဠာယတန၌ကာယာယတနပြီးလျှင်မနာယတနပါ မနာယတနသည်စိတ်ဖြစ်ပါသည်။ စိတ်သည် မြင်ဖူးကြားဖူးနံဖူးစားဖူးလုပ်
ကိုင်ဖူးသည်ကိုစဉ်းစားပါသည်၊ ကောင်းသောအလုပ်မကောင်းသောအလုပ် စီးပွါးရေးလူမှုရေးပညာရေးသားရေးသမီးရေး ထိုအရေး
အရာမြောက်များစွာတို့ကိုဓမ္မခေါ်ပါသည်။ မြင်မှုကြားမှုနံမှုစားမှုလုပ်ကိုင်မှုပစ္စုပ္ပန်တည့်တည့်ကိုဖယ်ကစ်လိုက်ပြီး နောက်ကျံသည်ကို
စဉ်းစားမှုသည်ဓမ္မာရုံပါ၊ ယင်းဓမ္မကိုစဉ်းစားမှုဟူသမျှသည်ဓမ္မာယတန၊ စိတ်ကစဉ်းစားသောအခါ စဉ်းစားစရာနှင့်တွေ့နေသည့်စိတ်
သည်မနာယတန၊ စဉ်းစားနေသည်ကဖသ။ စိတ်ရှိလျှင်စဉ်းစားမှုများပေါ်ပါသည် တရားကိုမသိသောသူက အသက်ရှိလို့စဉ်းစားသည်
လို့ပြောကြသည် စိတ်သည်အသက်မဟုတ်ပါ စိတ်သည်နာမ်တရားဖြစ်ပါသည်။ စိတ်ရှိလို့စဉ်းစားသည်သိရပါမယ် အသက်ရှိလို့စဉ်း
စားသည်ယူလျှင် အကြောင်းမှားနေပါပြီ၊ ထို့ကြောင့် အသေမလွတ်နိုင်ဖြစ်ရပါသည်။ ရှိရင်းစွဲဖြစ်သောအကြောင်းသည် အသက်မ
ဟုတ်ပါစိတ်ရှိလို့စဉ်းစားမှုဖြစ်ပါသည် ထိုမှသာအကြော့င်းမှန်အကျိုးမှန်ကိုသိပါသည်။ စိတ်ရှိလိုစဉ်းစားလျှင်ခံစားရသည် ဖသပစ္စယာ
ဝေဒနာ၊ ခံစားလျှင်လိုချင်သည် ဝေဒနာပစ္စယာ တဏှာ၊ လိုချင်လျှင်စွဲလမ်းသည် တဏှာပစ္စယာ ဥပါဒါနံ၊ စွဲလမ်းလျှင်ရအောင်လုပ်
သည် ကံပေါ်သွားပါပြီ၊ ရအောင်လုပ်လျှင်ရသည် ခန္ဓာပေါ်ပါပြီ၊ ရလျှင်နောက်ဆုံးပျက်ရပါသည်။ ဇရာမရဏကိုဘုန်းကြီးက ဇရာမရ
ဏံ ရင့်ကျက်ခြင်းဇရာ ပျက်စီးခြင်းမရဏသည်ပြန်ထားပါသည်၊ ငါရို့ကသေသည်ဆိုလျှင်လူတစ်ခုတည်းအထင်ရောက်ပါသည် ခန္ဓာ
ဟူသမျှပျက်စီးသည်လို့နားလည်ပါ၊ လူအများကသစ်ပင်ကိုလည်းသေသည် ကျွဲသေသည်နွားသေည်စသည်ဖြင့်ပြောကြသည်၊ သေ
သည်ဆိုရာ၌ အသက်ရှိလို့ယူသည်ကိုလွတ်စေလို၍ အသက်မဟုတ်ပျက်စီးနေသည်။ မြတ်စွာဘုရားသည် တကယ်တိကျသောတ
ရားကိုပြောသောအခါ မရဏမ္ပိ ခန္ဓာနံ ဘေဒေါ ခန္ဓာပျက်သည်ကိုမရဏခေါ်သည်။ လူသေသည်နတ်သေသည်ဗြဟ္မာသေသည်မ
ဟုတ်ပါ ငါရို့ပညာပေါ်အောင်တရားကိုနာခွင့်ကိုမရပါ၊ အကြောင်းအမျိုးမျိုးကြောင့် တရားကိုကြားခွင့်နာခွင့်မရပါ။ တကာတကာမများ
သည် ကုသိုလ်နှင့်နီးစပ်သည် ဘုန်းကြီးများသည်တရားနှင့်နီးစပ်သည်၊ တရားနှင့်နီးစပ်နေသည်တောင်မှ နားထောင်ခွင့်မရပါ ဘယ်
လောက်ထိဝေးနေရသလဲတွက်ကြည့်ပါ၊ ယင်းကြောင့်မြတ်စွာဘုရားက သူတော်ကောင်းတရားကိုနားထောင်ခွင့်ရခြင်းသည်ဒုလ္လဘ
တရားပါ။ ကြားဖူးပါလိမ့်မယ် သဒ္ဓမ္မသ၀နံ အတိဒုလ္လဘံ၊ ဤဒုလ္လဘတရားကိုလူတိုင်းနားထောင်ခွင့်ရသည်မထင်ပါနဲ့ တကယ့်အလုပ်
လုပ်တဲ့အခါကျမှ အမှန်ဒုလ္လဘမှန်းသိပါသည်။ အသက်နှစ်ဆယ့်ငါးနှစ်တိုင်အောင်နားထောင်ခွင့်မရခဲ့ အသက်ငါးဆယ်တိုင်အောင်
နားထောင်ခွင့်မရခဲ့ သေအောင်ထိနားထောင်ခွင့်မရခဲ့ ချင်းအောင်ပြောလျှင်ဘုန်းကြီးများသည် အသက်လေးဆယ်ကျော်လောက်မှ
ဤဟာတို့ကိုနားလည်သဘောပေါက်လာသည် အကြောင်းတိုက်ဆိုင်သွားလို့ဖြစ်သည်။ ထို၏နောက်ပိုင်း၌ဆိုလျှင်တခုမှမသိပါ ပါဠိ
များကိုဘုန်းကြီးများသည် ရှင်သာမဏေဘ၀ကပင်ရပါသည် ဒါကိုနားမလည်တတ်ပါ။ နားလည်လာသောအခါ လူတိုင်းသိသင့်သော
တရားဖြစ်သည် ပြောတတ်လျှင်လူများသိလာကြလိမ့်မယ် ပြောတတ်ဖို့သာအဓိကဖြစ်သည်ကိုမြင်ပါသည်။ ဘုန်းကြီးများကလည်း နားလည်သွားသည်ဆိုခြင်းသည် ပြောတတ်တဲ့မိုးကုတ်ဆရာတော်နှင့်တွေ့သွားလို့ဖြစ်သည်၊ ဘုန်းကြီးကိုနားလည်အောင်ပြောတတ်
ပါသည် အခြားဆရာတော်များသည် ဘုန်းကြီးကိုဤလောက်ထိနားလည်အောင်မပြေတတ်ကြပါ ကျေးဇူးကန်းသည်မဟုတ်ပါ၊ ဘုန်း
ကြီးနားလည်မှုသည် မိုကုတ်ပြောစကားကိုမှနားလည်သည်။ နားလည်သောအခါ ဤနည်းနှင်ဆိုလျှင်လူတိုင်းနားလည်နိုင်သည်ယုံ
ကြည်လျက်အားရှိသွားပါသည်၊ဘုန်းကြီးများကလူတိုင်းနားလည်ရမည့်တရားကိုနားလည်အောင်ပြောသောအခါယခုနားလည်သင့်သ
လောက်နားလည်နေကြသည်တို့ကိုဘုန်းကြီးလည်းသိပါသည်။ အသေးစိတ်ကောက်ပြသောအခါနားလည်ပါသည် ၊ ကိုယ်သောတာ
ပန်ဖြစ်မှု သကဒါကံဖြစ်မှုတိုကိုဖယ်ထားလိုက် တရားကိုတော့နားလည်သွားပါပြီ ခန္ဓာသည်တရားဘဲလို့သိသွားပါပြီ။
ယခုပြေနေသည်ကိုစဉ်းစားကြည့်ပါ စိတ်ကြောင့်တွေးစိတ်ပေါ်သည်ဖသ။ ဖသကြောင့် ခံစားမှုဝေဒနာပေါ်သည်၊ ခံစားမှုဝေဒနာ
ကြောင့်တဏှာပေါ်သည်၊ တဏှာကြောင့်ဥပါဒါန်ပေါ်သည်၊ ဥပါဒါန်ကြောင့်ကံပေါ်သည်၊ ကံကြောင့်ခန္ဓာပေါ်သည် ခန္ဓာပေါ်သည့်အ
တွက်ကြောင့် အိုနာသေသို့ရောက်ပါသည်။ စိတ်ရနေမှုသည်တကာတကာမတို့အတွက် ချမ်းသာမှုကိုမပေးဘဲ သေအောင်ကျေးဇူးပြု
နေပါသည်၊ အားလုံးပေါင်းလိုက်လျှင် မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တို့ကိုအားကိုးမရပါ အသိကိုသာအားကိုးရပါမယ်၊ ယင်းနဲ့
ဓမ္မံ သရဏံ ဂစ္ဆာမိဘုရားဟောပါသည် တရားကိုအားကိုးပါ။ မျက်စေ့နားနှာခေါင်းလျှာကိုယ်စိတ်တိုကိုအားကိုးမနေရပါ အားကိုးနေ
လျှင်အသေကမလွတ်နိုင်ပါ ဤအသိကိုသာအားကိုးရပါမယ်၊ တရားကိုအားကိုရန်မိဘသည်သင်ဖို့မတတ် မိဘကိုအပြစ်ပြောစရာမ
ဟုတ်ပါ မိဘကိုယ်ကမသိမမြင် မသိမမြင်သူရမှာသင်ဖို့မတတ်ဖြစ်ပါသည်။ ဆရာသမားလည်းသင်ဖို့မတတ် အခြားသူလည်းသင်ဖို့မ
တတ်၊ ကိုယ့်ကိုဘွဲ့ဒီဂရီရအောင်သင်ပေးလိုက်သောကျေးဇူးရှင်ဆရာသမားများရှိပါသည် သူတို့သည်ပြောဖို့မတတ်၊ ပြောဖို့မတတ်
သည်ဖြစ်၍အလကားအသုံးမကျမဟုတ်ပါ သူသည်မသိလို့ဖြစ်ပါသည်။ ဘုရားသည်ကျကျနနသိသည်ဖြစ်၍ပြောတတ်ပါသည် အင်မ
တန်ကျေးဇူးကြီးပါသည်၊ မိဘသည် စားဝတ်နေရေးပညာရေးထည့်ပေးလိုက်သည်ကမိဘကျေးဇူး သို့သော်ခန္ဓာလွတ်အောင်ခန္ဓာသ
ဘောကိုသိအောင်မပေးတတ်ပါ၊ တကယ်လို့သာသိလျှင်ပြောကိုပြောပါလိမ့်မယ် မသိသောကြောင့်မပြောတတ်ဖြစ်ပါသည်။ ဘုရား
ကတောစုံအောင်သိသူဖြစ်၍ ဘုရားနှင်တွေ့လျှင်မိမိတို့သိလို့ရပါသည်၊ သက်သက်အသေကိုကျေးဇူးပြုနေသည်တရားကိုသိသွားပါ
သည်။ အသေကိုကျေးဇူးပြုနေသောတရားကိုပါဠိနှင်ပြောလျှင်သမုဒယသစ္စာ သေကြောင့်အမှန်၊ သေသည်ကဒုက္ခသစ္စာ သေကျိုးအ
မှန်သစ္စာနှစ်ခုပါ။ သမုဒယသစ္စာသည်အများကြီးထွက်သွားပါသည် သဠာယတနသည်သမုဒယသစ္စာ၊ ဖသ သမုဒယသစ္စာ၊ ဝေဒနာ
သမုဒယသစ္စာ၊ တဏှာ သမုဒယသစ္စာ၊ ဥပါဒါန သမုဒယသစ္စာ၊ ကမ္မဘ၀ သမုဒယသစ္စာ၊ ဇာတိ သမုဒယသစ္စာ သေကြောင့်ချည်း
ထွက်သွားပါသည်၊ သေကျိုးသည် ဇရာမရဏတစ်ခုသာရှိပါသည်။ အသေတစ်ခုတည်းကို နည်းနည်းအမျိုးမျိုးနှင့်သေအောင်ပံ့ပိုးနေ
သည်တို့ကိုကြည့်ပါ ခန္ဓာဖြစ်လာလျှင်အသေကတော့မြဲနေပါသည်၊ ခန္ဓာဖြစ်ရန်အတွက်ကျေးဇူးပြုနေခြင်းတို့သည်စာမဟုတ်ပါ မိမိတို့
နေ့တိုင်းလုပ်နေမှုတို့ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုဤတရားတို့ကိုနားလည်ပြီးကြည့်သောအခါမှ မိမိခန္ဓာသည် သက်သက်အသေဘက်
ကိုနေ့ပါညာဥ့်ပါပြေးနေသည်ကိုနားလည်လာပါသည်၊ ခန္ဓာဖြစ်နေခြင်းသည်အသေကိုသွားနေပါသည် အသေကိုသွားနေသောလမ်း
ကို သမုဒယသစ္စာ၊ သေနေသည်က ဒုက္ခသစ္စာ၊ နေ့တိုင်းနေ့တိုင်း မြင်တိုင်းကြားတိုင်းနံတိုင်းစားတိုင်းလုပ်ကိုင်တိုင်းကြံတွေးတိုင်း အ
သေသို့ပြေးနေပါသည်။ ယခုအချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment