Total Pageviews

Sunday, February 15, 2015

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
         ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ် (cox's bazar) မြို့ ဇယသုခကျောင်း၌
      ၂၀၀၇ ခု မေလ ၃ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီထိ ဟောကြားအပ်သော
                     ပဋိစ္စသမုပ္ပါဒ်တရားတော်
                                                                  မူလနှစ်ဖြာ


      ဧ၀မေတသ  ကေ၀လသ  ဒုက္ခက္ခန္ဓသ  သမုဒယော ဟောတိသည် ပဋိစ္စသမုပ္ပါဒ် အနုလောမဖြစ်ပါသည်၊ ခန္ဓာလည်ပတ်မှုပြ
သောပါဠိကို ပဋိစ္စသမုပ္ပါဒ အနုလောမ၊ မိမိတို့ဘာသာဖြင့် တိုက်ရိုက်ပြန်သောအခါ ပဋိစ္စသမုပ္ပါဒ်အနုလုံဖြစ်ပါသည်။ အနုလောမကို အနုလုံဘာသာပြန်သော်လည်း အဓိပ္ပါယ်သည် ထင်ရှားပေါ်လွင်မှုမဖြစ်သေ့ပါ အနုလုံ၏အဓိပ္ပါယ်သည် အစဉ်အတိုင်းဖြစ်နေသည်၊ ခ
န္ဓာသည် အကြောင်းအကျိုး အကြောင်းအကျိုး အစဉ်အတိုင်းဖြစ်နေခြင်းကို ပဋိစ္စသမုပ္ပါဒ်အနုလုံ ခန္ဓာဖြစ်ပုံစကားပါ။ နောက်ပဋိစ္စသမု
ပ္ပါဒ်ပဋိလုံ တစ်ခုရှိပါသေ့သည် ပါဠိစကားနှင့်ပြောလျှင် ပဋိစ္စသမုပ္ပါဒ ပဋိလောမဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ ပဋိလောမ၏အဓိပ္ပါယ်သည်
ခန္ဓာမဖြစ်ပုံကို အစဉ်အတိုင်းပြသောစကားဖြစ်သည်။ ခန္ဓာဖြစ်ပုံကို ပြသောပါဠိသည် ပဋိစ္စသမုပ္ပါဒ်အနုလုံ၊ ခန္ဓာမဖြစ်ပုံကို ပြသောပါဠိ
သည် ပဋိစ္စသမုပ္ပါဒ်ပဋိလုံဖြစ်ပါသည်၊ ရခိုင်စကားနှင့်တိုက်ရိုက်ပြန်လျှင် ခန္ဓာဖြစ်ပုံ ခန္ဓာမဖြစ်ပုံဖြစ်သည်။
      မြတ်စွာဘုရားသည် ခန္ဓာဖြစ်ပုံနှင့်ခန္ဓာမဖြစ်ပုံကိုသိ၍ ဘုရားဖြစ်ပါသည်၊ အလှူကိုသိ၍ ဘုရားဖြစ်သည်မဟုတ်ပါ ငါရို့သူသူတို့ သိနေကြသည်က ဘုရားသည် အလှူကိုသိသည် သီလကိုသိသည် ပုတီးမေတ္တာကိုသိသည် ယင်းကြောင့်ဘုရားဖြစ်သည်၊ အလှူသီ
လပုတီးမေတ္တာကိုသိ၍ ဘုရားဖြစ်သည်မဟုတ်ပါ  ခန္ဓာဖြစ်ပုံ ခန္ဓာသိမ်းပုံကိုသိ၍ ဘုရားဖြစ်လာပါသည်။ တနည်းအားဖြင့် ဤပဋိစ္စသ
မုပ္ပါဒ်ကိုသိ၍ ဘုရားဖြစ်ပါသည်၊ ပဋိစ္စသပ္ပါဒ်ကိုသိ၍ ဘုရားဖြစ်ပါသည်ကို အများသိသောစကားနှင့်ပြောလျှင်  သစ္စာကိုသိ၍ဘုရားဖြစ်
ပါသည်။ ပဋိစ္စသမုပ္ပါဒ်သည် သစ္စာဖြစ်သည် သစ္စ၏အဓိပ္ပါယ်သည် အမှန်ဖြစ်သည်၊ အမှန်သည် အခေါ်မှန်တစ်ခု အရှိမှန်တစ်ခု နှစ်
မျိုးရှိပါသည်၊ အခေါ်မှန်ကိုသိ၍ ဘုရားဖြစ်သည်မဟုတ်ဘဲ အရှိမှန်ကိုသိ၍ ဘုရားဖြစ်ပါသည်၊ ပဋိစ္စသမုပ္ပါဒ်သည် အရှိမှန်ဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရားသည် ဤပဋိစ္စသမုပ္ပါဒ် အရှိမှန်ကိုသိ၍ ဘုရားဖြစ်ပါသည်။
      ဘုရားဖြစ်သောတရားကို သိအောင်ဆည်းပူးနေခြင်းသည် မိမိတို့က ဘုရား၏တပည့်သာဝကလုပ်နေကြပါသည်၊ ရပ်စကားနှင့်
ပြောလျှင် ဗုဒ္ဓဘာသာပါ။ အလှူသီလပုတီးမေတ္တာကိုသိ၍ ဘုရားဖြစ်သည်မဟုတ်ပါ ဗုဒ္ဓဘာသာမှတပါး အခြားသောဘာသာ၌လည်း
အလှူသီလပုတီးမေတ္တာရှိပါသည် ကိုယ့်မျက်မြင်ကိုယ့်ရှေ့မှာ အလှူပေးမှု သီလဆောက်တည်မှု မေတ္တာပွါးမှုတို့ရှိနေသည်၊ ဘုရားတ ရားကိုမသိလျှင် အတူထင်ပါလိမ့်မယ် ဘုရားတရားနှင့်အခြားတရားမတူပါ ဘုရားတရားသည် ဤပဋိစ္စသမုပ္ပါဒ်ဖြစ်ပါသည်။
      အလှူသီလပုတီးမေတ္တာတို့သည် ဘုရားပွင့်သည်ဖြစ်စေ ဘုရားမပွင့်သည်ဖြစ်စေ လောက၌ရှိနေမှာဖြစ်သည် ဇာတ်နိပါတ်တော်
တို့ကို လေ့လာကြည့်လျှင်သိနိုင်ပါသည်။ ဝေသ န္တရာခေတ် နေမိမင်းကြီးခေတ် ထိုထိုခေတ်တို့ကိုကြည့်လျှင် အလှူပေးမှု သီလ
ဆောက်တည်မှုတို့ရှိသည်၊ နာရဒခေတ်ကိုကြည့်ပါ တောထွက်ပြီးသီလဆောက်တည်လျက် မေတ္တာပို့မှုရှိသည်၊ ဂေါတမဘုရားအ
လောင်း မဟာဂေါဝိန္ဒပုဏ္ဏားကြီးဖြစ်ခဲ့သည်၊ သူ၏မေတ္တာဈာန်ကိုပွါးများကြသော ပြည်သူပြည်သားတို့သည် သေလျှင်ဗြဟ္မာဘုံသို့
ရောက်ကြသည်။ ထိုအခါ သူသည် တကယ့်တရားထင်ခဲ့သည် တကယ်တရားမဟုတ်ပါ ကုသိုလ်လုပ်ငန်းများဖြစ်သည်။ ထို့ကြောင့်
ဘုရားမပွင့်မီ အလှူသီလပုတီးမေတ္တာတို့ကိုထောက်လျှင် ထိုတရားတို့ကို ရပ်စကားရွာစကားနှင့်ပြောသော် ကမ္ဘာမှာရှိနေသောတရား
ပါ သူ့ကိုသူတော်ကောင်းတရားခေါ်ပါသည်။ အလှူပေးမှု သီလဆောက်တည်မှု ပုတီးစိပ်မေတ္တာပို့မှုသည် သူတော်ကောင်းတရားပါ ဤသူတော်ကောင်းတရားကို ရခိုင်ဗမာကုလားရှမ်း မည်သူမဆိုလုပ်လျှင် ထိုပုဂ္ဂိုလ်သည် သူတော်ကောင်းဖြစ်သည်၊ ဗုဒ္ဓဘာသာတ
ရားမခေါ်ပါ။
      ဗုဒ္ဓဘာသာတရားသည် ဤပဋိစ္စသမုပ္ပါဒ်တရားဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ်တရား၌ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသ
စ္စာ သစ္စာလေးပါးပါသည်။ ပဋိစ္စသမုပ္ပါဒ်အနုလုံသည် ဆင်းရဲခြင်းအကြောင်းကြောင့် ဆင်းရဲဖြစ်သည်၊ ဆင်းရဲဖို့အကြောင်းကိုလုပ်၍
ဆင်းရဲဖြစ်ရသည်၊ ဆင်းရဲရန်လုပ်မှုကို ပါဠိစကားဖြင့် သမုဒယသစ္စာ၊ ဆင်းရဲရသည်က ဒုက္ခသစ္စာ၊ ဆင်းရဲဖို့ကိုမလုပ်လျှင် မဂ္ဂသစ္စာ၊
မဆင်းရဲရသည်က နိရောဓသစ္စာ သစ္စာလေးပါးရိုးရိုးထွက်ပါသည်။ ဆင်းရဲရန်အကြောင်းကိုလုပ်လျှင် ဆင်းရဲဖို့ရန်သေချာပါသည် ဘု
ရားလည်းမကယ်နိုင်ပါ ဆင်းရဲရန်လုပ်သည်က သမုဒယသစ္စာ၊ ဆင်းရဲသည်က ဒုက္ခသစ္စာ၊ ဆင်းရဲဖို့အကြောင်းကိုမလုပ်သောအခါ
လမ်းမှန်သွားသည် သူကမဂ္ဂသစ္စာ၊ ဆင်းရဲဖို့ကိုမလုပ်သောအခါ မဆင်းရဲဖြစ်သည် မဆင်းရဲလျှင်ချမ်းသာသည် သူသည်နိရောဓသစ္စာ
ဖြစ်သည်။
      အ၀ဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံသည် ဆင်းရဲဖို့ကိုလုပ်၍ ဆင်းရဲပုံပြသောပါဠိတစ်ပုဒ်၊ အ၀ဇ္ဇာယတွေဝ အသေ
သ၀ိရာဂနိရောဓာ သင်္ခါရနိရောဓောသည် ဆင်းရဲဖို့ကိုမလုပ်၍ ချမ်းသာကိုပြသောပါဠိတစ်ပုဒ်၊ ဤနှစ်ပုဒ်ကို မြတ်စွာဘုရားသည်ေ ဟာကြားထားပါသည်။ ဤတရားကိုသိ၍ ဘုရားဖြစ်ပါသည် ဤတရားကို ပဋိစ္စသမုပ္ပါဒ်တရားခေါ်ပါသည်။
      မြန်စွာဘုရားသည် ပဋိစ္စသမုပ္ပါဒ်ကို မသိသရွေးကာလပတ်လုံး  ငါသည် ဘုရားအဖြစ်ကိုဝန်မခံ ပဋိစ္စသမုပ္ပါဒ်ကိုသိမှ ဘုရားအ
ဖြစ်ကိုသန်ခံသည်။ ဤစကားကို စီးပြီးနားထောင်ကြည့်ပါ ပဋိစ္စသမုပ္ပါဒ်ကို မသိသရွေး ဘုရားအဖြစ်ကိုဝန်မခံ ပဋိစ္စသမုပ္ပါဒ်ကိုသိမှ ဘုရားအဖြစ်ကိုဝန်ခံသည်စကား၌ ဒါနကိုသိ၍ ဘုရားအဖြစ်ကို ၀န်ခံသည်မလာပါ၊ သီလကိုသိ၍ ဘုရားအဖြစ်ကို ၀န်ခံသည်မလာပါ၊
ပုတီးမေတ္တာကိုသိ၍ ဘုရားအဖြစ်ကို ၀န်ခံသည်မလာပါ၊ ပဋိစ္စသမုပ္ပါဒ်ကိုသိ၍ ဘုရားအဖြစ်ကို ၀န်ခံသည်သာလာပါသည်။ ဒါနသီလ
ပုတီးမေတ္တာသည် သူတော်ကောင်းတရားဖြစ်ပြီး ဘုရားသိသောတရားသည် အရိယာအသိတရားဖြစ်ပါသည်။
      တကာတကာမတို့သည် အရိယာတရားကိုလေ့လာသောအခါ မူလနှစ်ဖြာ၌ အ၀ိဇ္ဇာနှင့်တဏှာပါဠိကိုရေးထားသည်၊ ပါဠိကို
လည်းရဖို့လိုပါသည် ဘုရားတရား၌ ပရိယတ် ပဋိပတ် ပဋိဝေဓဆိုပြီး အားလုံးသူကြားဖူးကြပါလိမ့်မယ်၊ သင်ယူမှုကို ပရိယတ်ခေါ်ပါ
သည်။ သင်ယူမှုဆိုရာ၌လည်း စာသင်ကျောင်းတို့၌ တစ်တန်းနှစ်တန်းစသည်အားဖြင့် စာသင်ယူခြင်းကိုဆိုသည်မဟုတ်ပါ ထိုသင်ယူ
မှုသည်ကား စာကိုသင်ယူမှုအဓိပ္ပါယ်ထွက်ပါသည်၊ ဘုရား၏အဆုံးအမကိုသင်ယူမှုသည် ပရိယတ်ဖြစ်ပါသည်။
      ဘုရား၏အဆုံးအမကို သင်ယူသည့်အားလျှော်စွာ ကိုယ်တိုင်လိုက်နာကျင့်သုံးမှုသည် ပဋိပတ်ဖြစ်သည်။ ကိုယ်တိုင်လိုက်နာကျင့်
သုံး၍ သိမြင်သွားမှုသည် ပဋိဝေဓဖြစ်ပါသည်။ ယခု ဤပဋိစ္စသမုပ္ပါဒ်သည် ဘုရား၏အဆုံးအမ ပရိယတ်ဖြစ်ပါသည်။
      မြန်စွာဘုရားပရိနိဗ္ဗာန်စံခါနီး ပြောသောစကားကို ကြားဖူးကြပါလိမ့်မယ်၊ ငါဘုရားပရိနိဗ္ဗာန်စံသော်လည်း ဆရာရှိသည်မှတ်ပါ၊ ဘုရားစကားနှင့်ပြောလျှင် ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ၀ိနယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေန သတ္ထာ၊ အာ နန္ဒာငါပရိနိဗ္ဗာန်စံသော်လည်း ငါဟောထားပြီးဖြစ်သောပရိယတ် သုတ်ဝိနည်းအဘိဓမ္မာ ပိဋကတ်သုံးဘုံသည် သင်တို့၏ဆရာ ငါဘု ရားမှတ်ပါဟုပြောခဲ့ပါသည်။ ဆရာထဲ၌ ဤပဋိစ္စသမုပ္ပါဒ်သည် သုတ္တန်နှင့်အဘိဓမ္မာထဲမှာပါသည် ၀ိနည်းသည် ရဟန်းတော်များ၏ ကျင့်ဝတ်ထုံးတစ်ခု သူကသီးခြားဖြစ်ပါသည်။
      မြတ်စွာဘုရားသည် ပရိယတ်ကို ဘုရားကိုယ်စားအဖြစ်ထားခဲ့ပါသည်၊ ပရိယတ်ကို သင်ယူမှုမရှိလျှင် အသိမှန်မရှိနိုင်ဖြစ်ပါသည်
၊ အသိမှန်မရှိလျှင် အကျင့်မမှန်နိုင်ပါ။ လောက၌ တတ်သိလိမ်မာရန်အတွက် စာသင်ကြရပါသည်၊ စာသင်လို့စာတတ်ကြလျှင် လူမှု
ရေးလမ်း စီးပွါးရေးလမ်း ပညာရေးလမ်း ကျန်းမာရေးလမ်းတို့ကိုသိသလို ထို့အတူ ဘုရားတရားကို လေ့လာဆည်းပူးလိုက်လျှင် အ
သေလမ်း အရှင်လမ်းနှစ်ခုကိုသိသွားပါသည်၊ ထို့ကြောင့် ပထမပရိယတ်ကို သင်ယူရပါသည်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံစသည့်ဖြင့် ယခုပရိယတ်ကိုသင်ယူနေကြသည်၊ သင်ပြီးလျှင် ကျင့်ရန်အတွက်အသိလိုလာပါသည်။
      အ၀ိဇ္ဇာအစ ဇရာမရဏအဆုံး ဧ၀မေတသ  ကေ၀လသ  ဒုက္ခက္ခန္ဓသ  သမုဒယော ဟောတိထိပါဠိကို ဆောင်ထားလွယ်ကူစေ ရန်အတွက် လင်္ကာနှင့်ရေးထားသော မူလနှစ်ဖြာ သစ္စာနှစ်ခု လေးခုအလွှာစသည်တို့သည် ဤပဋိစ္စသမုပ္ပါဒ်၌ တရားရှစ်မျိုးရှိသည်ကို လွယ်ကူစွာသိစေရန် လင်္ကာနှင့်ရေးထားပါသည်။ တရားရှစ်မျိုးတို့တွင် မူလနှစ်ဖြာသည်တရားတစ်မျိုး သစ္စာနှစ်ခုသည်တရားတစ်မျိုး
လေးခုအလွှာသည်တရားတစ်မျိုးစသည်ဖြင့်ဖြစ်သည်၊ ဤတရားရှစ်မျိုးကို စက်ဝိုင်းရေးဖွဲ့ပြီး စက်ဝိုင်း၏အောက်၌ ရေးထားပါသည်။ ထိုတရားရှစ်မျိုးကိုမသိလျှင် သံသရာဝဋ်ဒုက္ခမှမလွတ်နိုင်ပါ၊ အိုမှုနာမှုသေမှုဆိုတဲ့ သံသရာဝဋ်ဒုက္ခမှ လွတ်လိုသည်ဖြစ်၍ ဤပဋိစ္စသမု
ပ္ပါဒ်တရားကို လေ့လာသင်ယူနေကြရပါသည်။ သံသရာ၌ ဘ၀ကောင်းရန်အတွက်လိုလျှင် ဤတရားကို လေ့လာသင်ယူရန်မလိုပါ၊ ဘ၀ကောင်းရန်အတွက် အလှူလုပ်လျှင်ရပါသည် သီလဆောက်တည်လျှင်ရပါသည် ပုတီးစိပ်မေတ္တာပွါးလျှင်ရပါသည်၊ သံသရာ၌
လည်ပြီး အိုနာသေကိုရောက်ပါလိမ့်မယ် အိုနာသေမှလုံးဝမလွတ်နိုင်ပါ။ သံသရာ၌လည်လျှင် အိုနာသေအကြိမ်ကြိမ်ဖြစ်နေရပါသည် အိုနာသေအကြိမ်ကြိမ်ဖြစ်နေရသည်မှ လွတ်လိုသည်ဖြစ်၍ အိနာသေမှလွတ်သောတရားကို ယခုသင်ယူနေကြပါသည်။
      မူလနှစ်ဖြာ၌ အသိဇ္ဇာနှင့်တဏှာသည် စက်ဝိုင်းမှာ အလယ်တည့်တည့်၌ အ၀ိဇ္ဇာတစ်ခု တဏှာတစ်ခုရေးထားသည်ကိုမြင်ပါ
လိမ့်မယ်၊ မိုးကုတ်ဆရာတော်ဘုရားက မျက်စေ့နှင့်မြင်သာအောင် စပ်ဝိုင်းလုပ်ပြီးရေးထားပါသည်။ အ၀ိဇ္ဇာနှင့်တဏှာသည် မူလနှစ်ခု
ဖြစ်ပါသည်၊ အ၀ိဇ္ဇာမူလတစ်ခု တဏှာမူလတစ်ခု ပေါင်းလျှင်မူလနှစ်ခုဖြစ်သည်။
      တကယ့်ဒုက္ခမှလွတ်လိုလျှင် အသေးစိတ်နားလည်ရန် သိဖို့လိုပါသည်၊ အသေးစိတ်သိရှိမှုကို ပညာခေါ်ပါသည်၊ ပါဠိစကားနှင့် ပ
ကာရေန ဇာနာတီတိ ပညာ။ အသေးစိတ်သိရှိသောအခါ မသိသည်မကျံဘဲ အလုံးစုံကိုသိသွားပါသည် ယင်းကို ပညာခေါ်ပါသည်။ ကြား၍ျမှတ်ထားမှု မြင်၍မှတ်ထားမှုတို့ကို ပညာမခေါ်ဘဲ အသေးစိတ်အနုစိတ်သိရှိမှုကို ပညာခေါ်ပါသည်။
      မူလနှစ်ဖြာ၌ မူလ၏အဓိပ္ပါယ်သည် အမြစ်ဖြစ်သည်၊ သစ်ပင်တို့၌အမြစ်ရှိသည် အမြစ်ရှိမှသစ်ပင်သည် ရှင်သန်ကြီးထွားနိုင်
သည်၊ အမြစ်သည် ရေဆီမြေဆီကိုစုပ်ယူပြီး ပင်စည်နှင့်အကိုင်းအခက် အသီးအရွက်တို့ကို အားပေးသောကိစ္စကို ဆောင်ရွက်ပါ
သည်။ အမြစ်မရှိလျှင် ရေဆီမြေဆီကိုမစုပ်ယူနိုင်ပါ မစုပ်ယူနိုင်လျှင် ပင်စည်နှင့်အကိုင်းအခက်အရွက်တို့ကို အားမပေးနိုင်ပါ၊ အားမ
ပေးနိုင်လျှင် အပွင့်အသီးတိုသည် မပွင့်နိုင်မသီးနိုင်ဖြစ်သည်။ အမြစ်မရှိသောထိုအပင်သည် မျိုးမပွါးနိုင်ဘဲ ပင်စည်နှင့်တကွအားလုံး
နောက်ဆုံးရုပ်သိမ်းသွားရပါသည်။ မျိုးကောင်းသောသစ်ပင်ဖြစ်ပါစေ အမြစ်မရှိသောအပင်သည် မျိုးမပွါးနိုင်ပါ၊ သစ်ပင်မျိုးပွါးမှု၌ အဓိ
ကအကြောင်းရင်းသည် မူလ=အမြစ်ဖြစ်ပါသည်။
      သစ်ပင်ဥပမာကဲသို့ လူအခေါ်ခံရသောခန္ဓာ နတ်အခေါ်ခံရသောခန္ဓာ ဗြဟ္မာအခေါ်ခံရသောခန္ဓာ ငရဲအခေါ်ခံရသောခန္ဓာ တိရိ
စ္ဆာန်အခေါ်ခံရသောခန္ဓာ ပြိတ္တာအခေါ်ခံရသောခန္ဓာ အသူရကာယ်အခေါ်ခံရသောခန္ဓာ လူနတ်ဗြဟ္မငရဲတိရစ္ဆာနပြိတ္တာအသူရကာယ်
သည် အမှန်၌တကယ်ရှိသည်မဟုတ် တကယ်ရှိသည်က ခန္ဓာသာရှိပါသည်။ ထိုကြောင့် လူ ခန္ဓာ၊ နတ် ခန္ဓာ၊ ဗြဟ္မာ ခန္ဓာ၊ ငရဲတိရိ
စ္ဆာန်ပြိတ္တာအသူရကာယ် ခန္ဓာဆိုပြီး ရှေ့လူဆိုသောစကားတစ်လုံး၌မဆုံးဘဲ နောက်မှခန္ဓာစကားကို ဆက်ယူမှုကိုကြည့်သောအားဖြင့်
လိုရင်းမှာ ခန္ဓာဖြစ်ပါသည်။ လူနတ်ဗြဟ္မာသည် တကယ်ရှိသည်မဟုတ် တကယ်ရှိသည်က ခန္ဓာပါ၊ ထိုခန္ဓာသည် လူခေါ်ရအောင် နတ်ခေါ်ရအောင် ဗြဟ္မာခေါ်ရအောင် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခေါ်ရအောင် ကြီးပွါးနေရခြင်း၏အကြောင်းသည် မူလနှစ်ဖြာ
ဖြစ်သော အ၀ိဇ္ဇာနှင့်တဏှာကြောင့်ဖြစ်ပါသည်။ အ၀ိဇ္ဇာနှင့်တဏှာသည် ခန္ဓာဖြစ်ပေါ်ခြင်း ခန္ဓာကြီးပွါးခြင်း၏ အမြစ်ဖြစ်ပါသည်၊ အ၀ိ
ဇ္ဇာအမြစ်ရှိလျှင် ခန္ဓာဖြစ်ပေါ်သည် တဏှာအမြစ်ရှိလျှင်လည်း ခန္ဓာဖြစ်ပေါ်ပါသည်၊ အ၀ိဇ္ဇာအမြစ်ရှိလျှင် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာ
ယ်ခေါ်သော ခန္ဓာဖြစ်ပေါ်ပါသည်။
       အ၀ိဇ္ဇာသည်မသိတတ် မသိတတ်လျှင် ကိုယ်ချင်သလိုပြုလုပ်သည် ယမ်းကားမိုက်မဲသည် ယခုလူလောကကြီး၌ရှိပါသည်၊ ယမ်း
ကားမိုက်မဲမှုသည် အကျိုးမရှိလို့မသိတတ် အကျိုးမရှိသည်ကို အကျိုးရှိသည်သိထားသည်၊ အကျိုးရှိသည်ကို အကျိုးမရှိသိထားသည်
ပြောင်းပြန်အမြင်ဖြစ်သည်။ ပြောင်းပြန်မြင်သောသဘောသည် မိမိတို့စိတ်၌ အသီးသီးရှိကြပါသည်၊ ထိုသဘောကိုထုတ်ပြ၍လည်းမ
ရပါ မရှိလားရှိပါသည်၊ ထိုရှိသောအမူအရာသည် အနီးအ၀ါအဖြူအမဲအရောင်အဆင်းအားဖြင့် ထုတ်မပြနိုင်ပါ၊ အလုံးအပြားအတိုအ ရှည် ပုံပန်းသဏ္ဌာန်အားဖြင်းလည်း ထုတ်မပြနိုင်ပါ၊ ထိုသဘောကို သဘာဝခေါ်ပါသည်။ သ၊ ထင်ထင်ရှားရှား၊ ဘာဝ၊ ထင်ရှားရှိ
သည်၊ ဉာဏ်နှင့်ကြည့်သောအခါ တကယ့်ထင်ထင်ရှားရှားရှိပါသည်။
      အကောင်းကိုမကောင်း မကောင်းကိုအကောင်း အမှန်ကိုအမှား အမှားကိုအမှန်သိသော ပြောင်းပြန်အသိသဘောကို အ၀ိဇ္ဇာ၊ ယင်းအ၀ိဇ္ဇာသည် စိတ်မှာဖြစ်ခွင့်ရသောအခါ ခိုးမှ ချမ်းသာသည် သူများအသက်ကိုသတ်မှ ချမ်းသာသည် သေရည်သေရက်ကို
သောက်စားမှ ဘ၀ကောင်းကျိုးဖြစ်သည်၊ ရပ်စကားနှင့်ပြောလျှင် မသောက်မစားလူငနွားဆိုသကဲသို့ စိတ်၌ယူဆထားသည်၊ ထိုသို့ယူ
ဆထားသောပုဂ္ဂိုလ်သည် ပစ္စုပ္ပန်၌ အသိခေါင်းပါး ပညာကန်းသည်အတွက် သက်သက်မကောင်းမှုဒုစရိုက်များကိုလုပ်သည်၊ ဒုစရိုက်
များကိုလုပ်သောအခါ ဤခန္ဓာပျက်သေပြီးသည်နောက်၌ လူခေါ်သောခန္ဓာ နတ်ခေါ်သောခန္ဓာ ဗြဟ္မာခေါ်သောခန္ဓာကို မရနိုင်ပါ၊ ငရဲ
ခေါ်သောခန္ဓာ တိရစ္ဆာန်ခေါ်သောခန္ဓာ ပြိတ္တာခေါ်သောခန္ဓာ အသူရကာယ်ခေါ်သောခန္ဓာဖြစ်ရသည်။ ဤငရဲတိရစ္ဆာန်ပြိတ္တာအသူရ
ကာယ်ခန္ဓာ ဖြစ်ရခြင်းသည် ဆုတောင်း၍ဖြစ်သည်မဟုတ်ပါ၊ ဤအလုပ်ကြောင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓ ဖြစ်ပါရစေဆိုပြီး
တစုံတစ်ယောက်လည်း ဆုမတောင်းပါ၊ ဆုမတောင်းသော်လည်း ဒုစရိုက်လုပ်သောအခါ လောဘပါနေပါသည် သို့မဟုတ် ဒေါသပါ
နေပါသည် သို့မဟုတ် မောဟပါနေပါသည် ထိုမောဟသည် အ၀ိဇ္ဇာပါ။ ဤလောဘ ဒေါသ မောဟတို့နှင့်ဒုစရိုက်လုပ်သောကြောင့် ခ
န္ဓာပျက်သေသည်၏နောက်၌ ငရဲခန္ဓာ တိရစ္ဆာန်ခန္ဓာ ပြိတ္တာခန္ဓာ အသူရကာယ်ခန္ဓာ ဤလေးမျိုးသောခန္ဓာ၌ ခွဲတမ်းကျဖြစ်ရသည်၊ ဖြစ်
ရခြင်းအကြောင်းသည် အ၀ိဇ္ဇာကြောင့်ဖြစ်ပါသည်။
       ဘုရားတရားကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မည်သည့်သူကိုမဆို ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည် ကောင်းမ
ကောင်းမေးလျှင် မကောင်းအဖြေထွက်ပါမယ်၊ ချမ်းသာလား ဆင်းရလားမေးလျှင် ဆင်းရဲအဖြေထွက်ပါမယ်။ ငရဲဆင်းရဲ တိရစ္ဆာန်
ဆင်းရဲ ပြိတ္တာဆင်းရဲ အသူရကာယ်ဆင်းရဲသို့ရောက်သွားအောင် ပို့လိုက်သောသူသည် အ၀ိဇ္ဇာပါ။ အ၀ိဇ္ဇာသည် သူကိစ္စကိုသူ
ဆောင်ရွက်ခြင်းဖြစ်ပါသည်၊ မသိတတ်လား မသိတတ်လျှင် ဆင်းရဲနေရာသို့သွား၊ ပညာမတတ်လား ပညာမတတ်လျှင် ဆင်းရဲနေရာ
သိုသွား အ၀ိဇ္ဇာ၏ကိစ္စဖြစ်သည်။ လောကကြီး၌လည်း မသိတတ် မလိမ်မာ ပညာမတတ်လျှင် ဆင်းရဲရပါသည်၊ ရခိုင်ဝေါဟာရ၌ပြော
နေသော မသိတတ် မလိမ်မာ ပညာမတတ် ဝေါဟာရစကားအားလုံးသည် အ၀ိဇ္ဇာကိုပြောခြင်းဖြစ်ပါသည်။ အ၀ိဇ္ဇာရှိလျှင် သေမှဆင်း
ရဲရသည်မဟုတ် မသေမီပစ္စုပ္ပန်၌လည်း ဆင်းရဲရမှုသည် အ၀ိဇ္ဇာသတ္တိဖြစ်ပါသည်။
      လောက၌ တစ်ယောက်နှင့်တစ်ယောက် ပြောကြဆိုကြသောစကားကိုကြည့်ပါ၊ နင်မဆင်းရဲလျှင် အသူဆင်းရဲဖို့လည်း နင့်လို
မိုက်တဲ့သူ လောကမှာမရှိ မိဖကျေးဇူးကိုလည်းမသိတတ် ဆရာကျေးဇူးကိုလည်းမသိတတ် ကိုယ်ချမ်းသာဖို့ကိုလည်းမသိတတ် ကိုယ်
ထင်သလိုလုပ်နေသည် မဆင်းရဲလို့ကမလွတ် စသည်ဖြင့်ပြောကြည်သည်၊ ထိုပြောစကားများအားလုံးသည် အ၀ိဇ္ဖာဖြစ်သည်၊ သေ
လျှင်လည်း အပါယ်ငရဲသို့ရောက်ရပါသည်။
       ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်၌ ဆင်းရဲရခြင်း၏အကြောင်းသည် အ၀ိဇ္ဇာကြောင့်ဖြစ်သည်၊ အ၀ိဇ္ဇာသည်အကြောင်း သမုဒယ
သစ္စာ၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်၌ ဆင်းရဲရသည်ကအကျိုး ဒုက္ခသစ္စာဖြစ်သည်။ ထိုဆင်းရဲသည် ဟုတ်သလားမဟုတ်သလား မှန်သလားမမှန်သလား သံသယဖြစ်စရာမလိုပါ၊ တကယ့်ဆင်းရဲအမှန် တကယ့်ဆင်းရဲအစစ်ဖြစ်သောကြောင့် သူ့ကိုအမှန်ခေါ်သည်။
တကယ့်ဆင်းရဲအစစ်ကို သိဖို့လိုလာပြန်ပါသည်၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်၍ ဆင်းရဲရသလား မေးစရာဖြစ်လာသည် မ
ဟုတ်ပါ၊ ငရဲခေါ်ဆိုသောခန္ဓာသည် အိုနာသေ၊ တိရစ္ဆာတ်ခေါ်ဆိုသောခန္ဓာသည်လည်း အိုနာသေ၊ ပြိတ္တာခေါ်ဆိုသောခန္ဓာသည်
လည်း အိုနာသေ၊ အသူရကာယ်ခေါ်ဆိုသောခန္ဓာသည်လည်း အိုနာသေဖြစ်၍ အိုနာသေသည်အမှန်ဖြစ်ပါသည်။ ငါရို့သိနေကြသည်
က ငရဲဘ၀ဆင်းရဲ တိရစ္ဆာန်ပြိတ္တာအသူရကာယ်ဘ၀ဆင်းရဲ ဘ၀အဖြစ်ဆင်းရဲလောက်ကိုသာ သိနေကြပါသည်၊ အိုနာသေထိ
ရောက်အောင် အသေးစိတ်ထိထိမိမိမသိဘဲ အစဖျားလောက်သာသိနေပါသည်။ တကယ်ဆင်းရဲအစစ်ရှိနေသည်က အိုမှုနာမှုသေမှု
အမှန်သည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်တို့ခန္ဓာ၌ရှိနေပါသည်။ အိုနာသေအဖြစ်သည် ဒုက္ခ၊ အမှန်ရှိနေသည်က သစ္စာ၊ စကားနှ
စ်လုံးပေါင်းလိုက်လျှင် ဒုက္ခသစ္စာဖြစ်ပါသည်။
     ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခေါ်သော ဒုက္ခသစ္စာသို့ရောက်ရခြင်းအကြောင်းသည် မသိမလိမ်မာသော အ၀ိဇ္ဇာကြောင့်ဖြစ်
သည်၊ မသိမလိမ်မာသည်ကအကြောင်း ရောက်သောဆင်းရဲသည်အကျိုး၊ ရောက်သောဆင်းရဲသည် ဒုက္ခသစ္စာဆင်းရဲအကျိုး၊ ဆင်းရဲ
အကြောင်းရှိလျှင် ဆင်းရဲအကျိုးသည်ရှိရပါသည်၊ လိုရင်းသည် အ၀ိဇ္ဇာကြောင့်  ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်ရပါသည်။
      တဏှာ၊ တဏှာသည် လိုချင်မှုဖြစ်သည်၊ ထိုချင်မှုတဏှာသည် အလိုခံအပေါ်၌ ကပ်ငြိနေပါသည်။ တဏှာသည် ရူပတဏှာ သဒ္ဒ
တဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ တဏှာခြောက်ပါးဖြစ်သည်၊ ဤသဘောသည် ပရိယတ်ဖြစ်သည်။ ပဋိ
ပတ်ကိုပြောပါမယ်။ ရူပတဏှာ၊ မျက်စေ့ဖြင့်မြင်စရာကိုမြင်သည် ထိုအမြင်ခံမြင်စရာသည် ရူပဖြစ်သည်။ အမြင်ခံမြင်စရာကိုမြင်လျှင် လိုချင်လာပါသည် အမြင်ခံအပေါ်၌ ကပ်ငြိနေပါသည်၊ အမြင်ခံမြင်စရာကို လိုချင်မှုသည် ပါဠိစကားဖြင့် ရူပတဏှာခေါ်ပါသည်။ နေ့
တိုင်းနေ့တိုင်း မျက်စီးဖွင့်လျက်ကြည့်နေကြရသည်၊ မျက်စေ့ကိုဖွင့်ကြည်လျှင် ရူပတဏှာဖြစ်နေသည်။ နတ်ပြည်ဗြဟ္မာပြည်ကို မိမိတို့
သည်မမြင်ဖူး နတ်သားနတ်သမီးကိုလည်းမမြင်ဖူး၊ နတ်ပြည်ဗြဟ္မာပြည်ကို ပန်းချီကား၌ ဘုံပြာသာဒ်နှင့်ရေးဆွဲထားသည်၊ နတ်သား နတ်သမီးတို့ကို အလှရေးဆွဲထားသောပန်းချီကိုမြင်လျှင် စိတ်၌ နတ်သားနတ်သမီးဖြစ်လိုချငိမှုပေါ်လာသည်၊ ထိုလိုချင်မှုသည် အ
ဆင်းကိုမြင်မှုကြောင့် စိတ်၌ကပ်ငြိမှုဖြစ်လာပါသည် ယင်းကို ရူပတဏှာခေါ်ပါသည်။ ခန္ဓာ၌ ဖြစ်ပေါ်နေသောတရားဖြစ်၍ ငါသူမဟု
တ် တရားဖြစ်နေပါသည်။
       သဒ္ဒတဏှာ၊ သဒ္ဒတဏှသည် အသံကောင်းမကောင်း၌ကပ်ငြိသည်၊ ကပ်ငြိသောစိတ်ကို တဏှာခေါ်ပါသည်။ တဏှာသည် စာ
အုပ်ထဲမှာမဟုတ်ပါ ခန္ဓာမှာဖြစ်ပါသည်၊ ခန္ဓာမှာဖြစ်ရခြင်းအကြောင်းသည် အသံကြား၍ဖြစ်ရပါသည်။ ဂန္ဓတဏှာ၊ အနံ့ကောင်းကိုလို ချင်သည် အနံ့ကောင်းကိုလိုချင်မှုသည်လည်း ခန္ဓာမှာဖြစ်သည်။ ရသတဏှာ၊ အစားကောင်းကိုလိုချင်သည် အစားမကောင်းသည်ကို ဖယ်ပစ်လိုက်ပြီး အစားအကောင်းကို လိုချင်မှုဖြစ်သည်။ အလှူသီလပုတီးမေတ္တာနှင့်မတူပါ  အလှူသီလပုတီးမေတ္တာသည် ကုသိုလ်
လုပ်ငန်းဖြစ်သည် ယခုသည် တရားလုပ်ငန်းဖြစ်ပါသည်။
      ဓမ္မတဏှာ၊ လူဖြစ်လာလျှင် လက်မှုပညာ နှုတ်မှုပညာတစ်ခုခုကို သင်ယူလာကြရပါသည်၊ လောက၌ ကုလားလူမျိုးဘဲဖြစ်စေ ရ
ခိုင်ဟိန္ဒီလူမျိုးဘဲဖြစ်စေ သူ့နည်းသူ့ဟန်ဖြင့်ဆုံးမကြသည်၊ စာကိုတတ်အောင်သင်ယူရမယ် စာမတတ်လျှင်ဒုက္ခရောက်ရသည် စာ
တတ်လျှင် လူအများထံမှ အသိအမှတ်ပြုခံရမယ် ဂုဏ်ရှိမယ်ဖြစ်သည်၊ ဂုဏ်ကိုအလိုရှိမှုသည် ဓမ္မတဏှာဖြစ်သည်။ ခန္ဓာ၌ စုတ်စုတ်
ပြတ်ပြတ်ဝတ်လို့မဖြစ် ကျကျနန၀တ်ရဆင်ရပြန်သည်၊ အမြင်၌ ကျကျနန၀တ်ဆင်လျှင် ဂုဏ်ရှိသည်၊ အမြင်ဂုဏ် အကြားဂုဏ် အနံ့
ဂုဏ် အနေအထိုင်ဂုဏ် ဆွေဂုဏ်မျိုးဂုဏ်စသည်ဖြင့် ဂုဏ်ကိုတပ်မက်မှုသည် ဓမ္မတဏှာဖြစ်သည်။ မွေးဖွားသည်မှသေသည်အထိ ဓ
မ္မတဏှာဖြင့် လည်ပတ်နေပါသည်။
       ရူပနှင့်တဏှာ သဒ္ဒနှင့်တဏှာ ဂန္ဓနှင့်တဏှာ ရသနှင့်တဏှာ ဖောဋ္ဌဗ္ဗနှင့်တဏှာ ဓမ္မနှင့်တဏှာတွဲနေပါသည်၊ တဏှာသည် သမု
ဒယသစ္စာ၊ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မသည် ဒုက္ခသစ္စဖြစ်သည်၊ သမုဒယ ဒုက္ခတွဲနေပါသည်။ မသေမချင်း တစ်သက်လုပ်စားရ
သည် တစ်သက်နေရသည်စသည်ဖြင့် အများပြောနေကြသည်၊ ပြောတောပြောနေကြသည် ကိုယ်ဒုက္ခရောက်နေသည်ကိုမသိပါ၊ ဒု
က္ခရောက်မှုသည် တခြားအကြောင်းကြောင့်မဟုတ်ဘဲ တဏှာကြောင့်ဖြစ်ပါသည်။ ပစ္စုပ္ပန်၌ တဏှာကြောင့်ဒုက္ခရောက်ရပြီး သေပြီး
နောက်၌လည်း တဏှာကြောင့်ဒုက္ခရောက်ရပါသည် တဏှာကင်းရာနိဗ္ဗာန်သို့မရောက်ပါ။
       အလှူလုပ်ခြင်း သီလဆောက်တည်ခြင်း ပုတီးစိပ်ခြင်း မေတ္တပွါးများခြင်းကုသိုလ်တို့ကို ပြုလုပ်ပါသည်၊ ထိုအလှူသီလပုတီးမေတ္တ
ာကုသိုလ်ကြောင့် လူ့ဘ၀စည်းစိမ်အကြိမ်ကြိမ် နတ်ဘ၀စည်းစိမ်အကြိမ် ဗြဟ္မာဘ၀စည်းစိမ်အကြိမ်ကြိမ်ဖြစ်ပါလို၏လာပါသည် တ
ဏှာကင်းရာ နိဗ္ဗာန်ကိုမလာပါ။ လူ့ဘ၀စည်းစိမ်ထဲမှာ အမြင်ကောင်း အကြားကောင်း အနံ့ကောင်း အစားကောင်း အနေအထိုင်
ကောင်း ဂုဏ်ပါဝါသြဇာ အာဏာတန်ခိုးတော့ရှိပါသည် သိုသော်လည်း မသေမပျောက်မပျက်စီးဘဲမနေပါ ပျက်စီးရပါသည်၊ သေရ
ပျက်စီးရသောအရာကို ပြန်တောင်းတနေမှုသည် မသိမှုအ၀ိဇ္ဇာကြောင့်ဖြစ်ပါသည်၊ မသိမှုသည်အ၀ိဇ္ဇာ လိုချင်မှုသည်တဏှာဖြစ်ပါ
သည်။
       သေရပျက်စီးရမှုကို ပြန်တောင်းတမှုသည် အကောင်းထင်မှတ်နေ၍ဖြစ်သည်၊ သေရသည်ကို အကောင်းထင်မှတ်မှုသည် အ
မှန်သိမဟုတ်ပါ အမှားသိဖြစ်သည်၊ အမှားသိနေမှုကို အမှန်သိဖြစ်အောင် မိဖသည်လည်း ပြုပြင်မပေးနိုင်ပါ မိဖသည်ကျေးဇူးမရှိမ
ဟုတ် မိဖကိုယ့်ကိုက အမှားသိနေ၍ပြင်မပေးနိုင်ပါ။ ကိုယ့်ကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်နိုင်အောင် ပညာသင်ပေးသောဆရာများရှိ
သည် ထိုဆရာများသည်လည်း ပြင်မပေးနိုင်ပါ။ ဆရာကိုယ်၌ကိုကမသိပါ မသိသည်ဖြစ်၍လည်း အပြစ်တင်၍မရပါ၊ ဆရာသိသ
လောက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်အောင် သင်ပေးထား၍ ကျေးဇူးတင်ရပါမယ်။ သို့သော်လည်း ထိုဆရာသည် ဒုက္ခရောက်နေ
သည်လို့မသိပါ ဒုက္ခရောက်နေသည်ကိုသိသူသည် ဘုရားတစ်ပါးသာရှိပါသည်။ မြတ်စွာဘုရားက ငါသည် ဒုက္ခကိုသိ၍ ဘရားဖြစ်သ
ည်ကိုမိန်းပါသည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ရဟန်းတို့ကိုမှာကြားပါသည်၊ ရဟန်းတို့ ရဟန်းတို့ကို အခြားသောဘာသာပဂ္ဂိုလ်
တို့သည် မေးလိမ့်မယ်၊ ရဟန်းဂေါတမထံဝင်ရောက်ပြီး သပိတ်သင်္ကန်းထမ်းလျက် သားသမီးအစီးအပွါးနှင့် လူလိုမနေဘဲ ဒုက္ခခံပြီး
နေကြသနည်း ရဟန်းတို့ကိုမေးလိမ့်မယ် ရဟန်းတို့မည်သို့ဖြေကြမည်နည်း၊ ရဟန်းတို့က တပည့်တော်တို့ မဖြေတတ်ပါဘုရား ပြန်
လျှောက်ကြားသောအခါ မြတ်စွာဘုရားသည် ဒုက္ခကိုသိလို၍ ဘုရားထံမှောက်ဝင်ရောက်ပြီး ပညာဆည်းပူနေကြသည်ဟု ဖြေဆိုရန်
သင်ကြားပါသည်။
       ဒုက္ခကိုသိ၍ဆိုသောစကားသည် ရှေ့ကငါရို့သိနေသောဒုက္ခသည် အစားအစာမပြည့်စုံသောဒုက္ခ အ၀တ်အပြည့်စုံသောဒုက္ခ အနေအထိုင်မပြည့်စုံသောဒုက္ခ ကျန်းမာရေးမပြည့်သောဒုက္ခကိုသာ သိနေကြပါသည်၊ ဤဆင်းရဲဒုက္ခများကို ဘုရားထံသွားပြီး သင်
ယူဖို့မလိုပါ မိဖထံမှရပါသည်၊  ဘုရားထံသွားပြီးသင်ယူသောအခါ ဤခန္ဓာကြီးသည် အိုနေရသည် နာနေရသည် သေနေရသည့်ဆင်
းရဲဒုက္ခကို သိသွားပါသည်။ အချိန်မရွေး ဤခန္ဓာကြီးသည် အိုနာသေဆင်းရဲဒုက္ခ တကယ့်အမှန်ရှိနေမှုကို ဘုရားထံမှတရားနာ၍သိ
သောအခါ ကိုယ်လုပ်သော ဒါနသီလပုတီးမေတ္တာတို့၏အကျိုးဖြစ်သော ခန္ဓာပြန်ဖြစ်ရလိုမှုကို တောင်းတပြီးမလိုချင်တောပါ။
      လိုချင်မှုတဏှာကြောင့် လူနတ်ဗြဟ္မာ ခန္ဓာဒုက္ခဖြစ်ရသည်၊ နားမှကြားသလိုစဉ်းစားကြည့်သောအခါ နတ်ပြည်နတ်စည်းစိမ်သည်
အသက်ရှည်သည် အဆင်းလှသည် ချမ်းသာကြီးသည် ခွန်အားကြီးသည်ကြားသောအခါ လိုချင်မှုဖြစ်လာပါသည်။ လိုချင်သောသ
ဘောသည် နတ်ခန္ဓာ၌ဖြစ်သော အိုမှုနာမှုသေမှုကို လိုချင်အားကြီးသည်ဖြစ်၍ မမြင်တောပါ၊ လောဘကြီးလာလျှင် သိမြင်မှုသည်ပိတ်
သွားပါသည်။ လောဘတိုက်တွန်း အမြင်ကန်းနေပါသည် စာမှာဖြစ်နေသည်မဟုတ်ပါ ကိုယ့်ခန္ဓာ၌ဖြစ်နေပါသည်၊ ဘုရားကတောဆုံး
မသည် သတိမရှိသောကြောင့် ကိုယ်ကနားမလည်ဖြစ်ပါသည်။ လောဘတိုက်တွန်းလိုက်သောအခါ အမြင်ကန်းပြီး လူ့ဘ၀စည်းစိမ် နတ်ဘ၀စည်းစိမ် ဗြဟ္မာဘ၀စည်းစိမ်အကြိမ်ကြိမ်ရလိုမှုနှင့် ထောင်သောင်းသိန်းအကုန်ခံပြီး လှူသောအလှူသည် အိုနာသေကို မြင်၍
လှူသည်မဟုတ်ဘဲ အိုနာသေကိုမမြင်ဘဲလှူခြင်းဖြစ်သည်၊ အိုနာသေကို မြင်၍တောင်းသည်မဟုတ်ဘဲ အိုနာသေကို မမြင်၍တောင်း
ခြင်းဖြစ်ပါသည်။ မမြင်သည်က အ၀ိဇ္ဇာ၊ တောင်းသည်က တဏှာပါ၊ လူ့ဘ၀ခန္ဓာ နတ်ဘ၀ခန္ဓာ ဗြဟ္မာဘ၀ခန္ဓာသည် တဏှာကြောင့်
ဖြစ်ရပါသည်။
      ယခုပြန်ပြီးထပ်ပြောပါမယ်၊ ငရဲခန္ဓာ တိရစ္ဆာန်ခန္ဓာ ပြိတ္တာခန္ဓာ အသူရကာယ်ခန္ဓာရ၍ အိုနာသေဖြစ်ရမှုသည် အ၀ိဇ္ဇာကြောင့်ဖြစ်
သည်၊ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓရ၍ အိုနာသေဖြစ်ရမှုသည် တဏှာကြောင့်ဖြစ်ရပါသည်။ သုံးဆယ့်တစ်ဘုံ၌ အဖြစ်အမျိုးမျိုးနှင့် လည်နေရခြင်းသည် အ၀ိဇ္ဇာနှင့်တဏှာကြောင့်ဖြစ်ပါသည်။ လူ့ခန္ဓာ၏အမြစ်တဏှာ နတ်ခန္ဓာ၏အမြစ်တဏှာ ဗြဟ္မာခန္ဓာ၏အမြစ်တ
ဏှာဖြစ်သည်၊ တဏှာဖြစ်ရခြင်းအကြောင်းကို စီးပြီးဆင်ခြင်ကြည့်ပါ၊ သေခါနီဖြစ်နေသောသူကို အနီးအနား၌ရှိသောသူတို့သည် ဤ
ကောင်းမှုကုသိုလ်ကိုအာရုံယူပြီး သုဂတိကိုသွားပါလေမှာကြသည်၊ သေခါနီးသူသည်လည်း ဤကုသိုလ်ကြောင့် သုဂတိကိုရောက်
လျှင် ကောင်းလိမ့်မယ်ကြံလျက် သုဂတိကိုရောက်ပါလို၏ လူနတ်ဗြဟ္မာဖြစ်ပါလို၏ဆိုပြီး ထိုသေခါနီးသောသူသည် တဏှာဖြစ်သွားပါ
သည်။ စိတ်ထဲ၌ တဏှာရှိနေမှုသည် မသိမှုအ၀ိဇ္ဇာကြောင့်ဖြစ်သည်၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သို့သွားသူသည် အ၀ိဇ္ဖာတစ်ခု
တည်းဖြင့် မိုက်မိုက်ကန်းကန်းသွားပါသည်။
      သုံးဆယ့်တစ်ဘုံ၌ ခန္ဓာဖြစ်နေရခြင်း၏ အမြစ်ကိုကြည့်လျှင် အ၀ိဇ္ဇာနှင့်တဏှာဖြစ်သည်၊ အ၀ိဇ္ဇာခေါ်သော ပညာကန်းမသိမှုရှိ
သောသူသည် သေလျှင် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သို့ရောက်ပြီး ယခုလက်ရှိ ပစ္စုပ္ပန်ဘ၀၌လည်း ဆင်းရဲရပါသည်၊ လိုချင်မှုတ
ဏှာအားကြီးသောပုဂ္ဂိုလ်သည် သေလျှင် လူနတ်ဗြဟ္မာဖြစ်ရသည်။ သုံးဆယ့်တစ်ဘုံ၌ ခန္ဓာအဖြစ်ဖြင့် ကျင်လည်နေရခြင်းသည် မိဖ
ကြောင့်လည်းမဟုတ် ဘုရားကြောင့်လည်းမဟုတ် ဗြဟ္မာကြောင့်လည်းမဟုတ် ထာဝရကြောင့်လည်းမဟုတ် အလာကြောင့်လည်းမ
ဟုတ်ပါ တဏှာကြောင့်ဖြစ်ပါသည်။ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ် ဖြစ်လာရခြင်းသည်လည်း မိဖကြောင့်မဟုတ် သားသမီးကြော
င့်မဟုတ် တခြားအကြောင်းကြောင့်လည်းမဟုတ်ပါ အ၀ိဇ္ဇာကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဗြဟ္မာသိကြား စသည်များက ထင်ရှားပြု
ပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် ခပင်းလောဓာတ် လူနတ်များစွာ သတ္တ၀ါတို့ ဖြစ်လာရမှု မဟုတ်ဟုဆိုထားပါသည်။ လူနတ်
ဗြဟ္မာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်နေရမှုသည် သက်သက်ရုပ်နာမ်ဖြစ်နေခြင်းပါ၊ အ၀ိဇ္ဇာကြောင့်လည်း ရုပ်နာမ် တဏှာ
ကြောင့်လည်း ရုပ်နာမ်ဖြစ်ပါသည်။ ကံကြောင့်နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန်ဆိုထားသည်၊ အ၀ိဇ္ဇာနှင့်တဏှာကြောင့် ရုပ်နာမ်
ချည်း ထပ်ကာထပ်ကာဖြစ်နေရပါသည်။ အ၀ိဇ္ဇာနှင့် တဏှာအရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ်၊ အ၀ိဇ္ဇာအရင်းခံလျှင် ကံပေါ်ပါ
သည် ဒုစရိုက်ကို ကိုယ်ကြိုက်သလိုလုပ်သည် သေသောအခါ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခေါ်သော ရုပ်နာမ်ပေါ်သည်၊ တဏှာ
အရင်းခံလျှင်လည်း ကုသိုလ်ကိုလုပ်၍ ကုသိုလ်ကံပေါ်လာသည် သေသောအခါ လူနတ်ဗြဟ္မာခေါ်သော ရုပ်နာမ်ပေါ်လာပါသည်၊ ပု
ဂ္ဂိုလ်သတ္တ၀ါ လူနတ်ဗြဟ္မာမပေါ်ပါ ရုပ်နာမ်သာပေါ်လာပါသည်။
      ဘုန်းကြီးပြောလို့သာ ရုပ်နာမ်ပေါ်သည်လို့ သိနေရသည်မဟုတ် ယခုမိမိတို့၏ကိုယ်ခန္ဓာကိုကြည့်ပါ၊ မျက်စေ့သည် ရုပ်တရားဖြစ်
သည်။ မျက်စေ့သည် ရုပ်တရားဖြစ်ရခြင်းအကြောင်းသည် ဖောက်ပြန်ပြောင်းလွှဲနေ၍ဖြစ်သည်၊ နေပူကိုထွက်ကြည့်လျှင် မျက်စေ့
သည် ကျိန်းသွားပါသည်၊ နေရိပ်ကိုဝင်ကြည့်လျှင် မျက်စေ့သည် ကြည်လင်သွားသည် ထိုအခြင်းအရာသည် ဖောက်ပြန်ပြောင်းလွှဲနေ
ခြင်းဖြစ်သည်။ အစာမစားရလျှင် မျက်စေ့မှုံပြာလာသည် အစာစားလိုက်လျှင် မျက်စေ့သည် ကြည်လင်သွားပါသည်၊ ထို့ကြောင့် ရုပ္ပတီ
တိ ရူပံ၊ ဖောက်ပြန်ပြောင်းလွှဲနေမှုကို ရုပ်ခေါ်ပါသည်။
     နား၌လည်း အားနည်းလာလျှင် နားမှလေထွက်လာ၍ နားမကြားဖြစ်သည် ဆရာဝန်ထံလားပြ၍ အားဆေးပေးလို့ဆေးစားလိုက်
လျှင် အာဟာရကြောင့် နားကြားသွားပါသည်၊ တစ်မျိုးတစ်မည် ပြောင်းလွှဲဖောက်ပြန်နေမှုကို ရုပ်ခေါ်ပါသည်။
      နှာခေါင်းလျှာကိုယ် သူတို့လည်းဖောက်ပြန်နေပါသည်၊ နေပူထွက်လိုက်လျှင် ချွေးထွက်လာသည် ပင်ကာအောက်ကိုရောက်လျှင်
ချွေးမြိတ်သွားပါသည်။ ကိုယ့်သဘောမပါဘဲ သူ့သဘောနှင့်သူ ပြောင်းလွှဲဖောက်ပြန်နေသည်၊ မိခင်မွေးတုံးကကိုယ်ခန္ဓာသည် ပက်
လက်လန်လျှက် ယခုရပ်၍ဖြစ်နေသည်၊ မပြောင်းလွှဲလျှင် ကိုယ်ခန္ဓာသည် ယနေ့အခြေအနေသို့ရောက်မလာပါ ပြောင်းလွှဲဖောက်ပြန်
နေမှုသည် အစစ်အမှန်ရှိပါသည်၊ သို့သော်လည်း ပြောင်းလွှဲဖောက်ပြန်နေမှုကိုမသိပါ ကြောင်တောင်ကန်းနေပါသည်၊ ကန်းနေမှု
သည် မိခင်မွေးလိုက်သော မျက်စေ့မရှိ၍မဟုတ်ပါ ပညာမျက်စေ့မရှိ၍ဖြစ်ပါသည်။ ပညာမျက်စေ့ကို မိဖလည်းမပေးနိုင် ကျေးဇူးရှင်ဆ
ရာသမားလည်းမပေးနိုင် ဘုရားထံမှောက်ရောက်သောအခါ ပြောင်းလွှဲဖောက်ပြန်နေသည်တို့ကိုမြင်အောင် ဉာဏ်မျက်စေ့ထည့်ပေး
လိုက်သည်။ ပြောင်းလွှဲဖောက်ပြန်မှုကို ရုပ်ခေါ်ပါသည်။
       နာမ်သည် သိမှု မှတ်မှု ပြုပြင်မှု ခံစားမှုတို့ဖြစ်သည်၊ မျက်စေ့သည် အမြင်ခံကိုမြင်လျှင် အမြင်ခံကိုသိမှုတစ်ခု မှတ်မှုတစ်ခု မုန်း
သည်ချစ်သည်ခံစားမှုတစ်ခု မြင်ရန်အတွက် တည့်ပေးနေသောပြုပြင်မှု အရှေ့ဘက်ဆို အရှေ့ဘက်တည့်ပေးရသောပြုပြင်မှု အ
နောက်ဘက်ဆို အနောက်ဘက်ကို တည့်ပေးရသောပြုပြင်မှုတစ်ခုပါလာသည်၊ ထိုသဘောတရားအားလုံးတိုကို နာမ်ခေါ်ပါသည်။ နာမ်သည် စာအုပ်ထဲမှာမဟုတ်ပါ ကိုယ့်ခန္ဓာထဲမှာဖြစ်ပါသည်၊ နေ့တိုင်းနာမ်တရားတို့သည် ဖြစ်နေကြသော်လည်း နာမ်ဖြစ်နေသည်
လို့မသိပါ။ ရှိလျှက်နှင့်မသိခြင်းအကြောင်းသည် တရားကိုမနာရ၍ဖြစ်သည်၊ တရားကတော့အမှန်ရှိနေသည် တရားကိုမနာရ၍ တ
ရားလို့မသိပါ၊ တရားလို့မသိဘဲ ငါသူ အလှူ သီလ ပုတီး မေတ္တာသိသောသူကများပါသည်၊ ယင်းကြောင့် ဘုရားသာသနာနှင့်ကြုံ
သောအခါ တရားကိုသိအောင်နာယူရပါသည်။
      နာမ်နှင့်ရုပ်သည် ခန္ဓာမှာဖြစ်သည်၊ မျက်စေ့နှင့်ကြည့်လိုက်လျှင် မြင်စိတ်ပေါ်သည်၊ မျက်စေ့သည် ရုပ်တရား မြင်စိတ်သည် နာမ်
တရားဖြစ်သည်။ နားသည်ရုပ်တရား ကြားစိတ်သည်နာမ်တရား၊ နှာခေါင်းသည်ရုပ်တရား နံစိတ်သည်နာမ်တရား၊ လျှာသည်ရုပ်တ ရား စားစိတ်သည်နာမ်တရား၊ ကိုယ်ခန္ဓာသည်ရုပ်တရား ထိသိစိတ်သည်နာမ်တရား၊ နှလုံးသည်ရုပ်တရား ကြံတွေးစိတ်သည်နာမ်တ
ရား အားလုံးရုပ်နာမ်ပါ။ ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တ၀ါဖြစ်နေသည်မဟုတ် ရုပ်နာမ်ဖြစ်နေပါသည်၊ တရားကိုကြားဖူးဖို့သာလိုပါသည် ကြားဖူးလျှင်လွယ်ပါသည် ကြားရုံသက်သက်နှင့်လည်း မပြီးသေ့ပါ နှလုံးသွင်းဖို့လည်းလိုလာပါသည်၊ နှလုံးသွင်းသောအခါ တကယ့်
အမှန်ကိုသိသွားပါသည်။ ကြားတော့ကြားဖူးသည် သို့သော်လည်း နှလုံးမသွင်းလျှင် ကိုယ်တိုင်မသိဖြစ်ပါသည်။ ယခုအချိန်စေ့သည်
ဖြစ်၍ တရားထိုင်ကြရအောင်။


No comments:

Post a Comment