စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၄ ရက်နေ့ ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အလွှာလေးပါး
ပဋိစ္စသမုပ္ပါဒ်တရားတော်၌ မူလနှစ်ဖြာ သစ္စာနှစ်ခုကိုပြောပြီးပါပြီ၊ စက်ဝိုင်းကိုကြည့်ပါ မူလနှစ်ဖြာသည် အလယ်၌ အ၀ိဇ္ဇာ တ
ဏှာ စက်ကိုခေါ်ပါသည်။ သစ္စာနှစ်ခုသည် နံပါတ်တစ်အကွက် သမုဒယသစ္စာ နံပါတ်နှစ်အကွက် ဒုက္ခသစ္စာ၊ ရှေ့ကို နံပါတ်သုံးအ
ကွက် သမုဒယသစ္စာ နံပါတ်လေးအကွက် ဒုက္ခသစ္စာ၊ ပေါင်းလိုက်လျှင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာနှစ်ခုဖြစ်သည်။ နံပါတ်တစ် သမု
ဒယနှင့် နံပါတ်နှစ် ဒုက္ခအကြားမှာ ထွက်လမ်းမရှိ တရားကိုလုပ်ရန်အချိန်မရပါ၊ တရားကိုလုပ်ရန်အချိန်သည် စက်ဝိုင်းအနေနှင့်ပြော
လျှင် နံပါတ်နှစ် ဒုက္ခသစ္စာနှင့် နံပါတ်သုံး သမုဒယသစ္စာကြားမှာ တစ်ချိန်သာရှိသည်၊ နံပါတ်နှစ်နှင့်သုံးကြား နံပါတ်နှစ်ကနေ သုံးဖြစ်
အောင်မလုပ်လျှင် ဒုက္ခမလာဖြစ်ပါသည်။
ခန္ဓာအနေဖြင့်ပြောလျှင် ယခုခန္ဓာဖြစ်သည်၊ ယခုခန္ဓာမှာ သမုဒယမဖြစ်မီ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာအကြားမှာ လုပ်ရပါလိမ့်
မယ်။ နှစ်အကွက်နှင့်သုံးအကွက်ကြားမြှားကြီးသည် ထွက်လမ်းကိုပြပါသည်၊ တဏှာကိုထိုးထားသောမြှားဦးမှ အောက်ဖက်ကို နံပါ တ်နှစ်အကွက်သို့ မြှားနွယ်တစ်ခု ထွက်သွားသည်ကို မြင်ပါလိမ့်မယ်၊ နှစ်အကွက်အပြာလိုင်းထဲမှာ ဝေဒနာနိရောဓာ တဏှာနိရော
ဓော ပဋိစ္စသမုပ္ပါဒ်ထွက်လမ်းရေးထားပါသည်၊ ထွက်လမ်းသည် ဒုက္ခသစ္စာမှ သမုဒယသစ္စာသို့မရောက်လျှင် ထွက်ပါသည်။
ပဋိစ္စသမုပ္ပါဒ်သည် ကြောင်းကျိုးဆက်နေမှုဖြစ်သည်၊ နံပါတ်နှစ်အကွက်သည် အကြောင်း နံပါတ်သုံးအကွက်သည် အကျိုးဖြစ်
သည်။ အကြောင်းကနေ အကျိုးကိုမတက်လျှင် ထွက်ပါသည်၊ ထွက်လမ်းကို ကိုယ်ကမသေမီ မလုပ်လိုက်လျှင် သေပြီးမှလုပ်၍မရပါ။
ယခုအချိန်မှာ ရှာပြီးလုပ်ရသည် လုပ်နည်းကိုပြောပါမယ်၊ ဒုက္ခသစ္စာထဲ၌ ၀ိညာဏ်နာမ်ရုပ်သည် မိခင်ဝမ်းတွင်း၌ ဖြစ်သောခန္ဓာဖြစ်
သည်။ မိခင်ဝမ်းထဲ၌ တစ်ခုမှလည်း လုပ်ဖို့မတတ်ပါ၊ မွေးဖွားပြီး သားသက်သမီးသက်လွန်၍ မိသက်ဖသက် အသက်နှစ်ဆယ် အသ
က်သုံးဆယ်ရောက်လျှင် ပြောစကားကို နားလည်ပြီဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း၌ဆိုလျှင် သဠာယတနဖြစ်သည်၊ သဠာယတနသည် မျက်စေ့နှင့်မြင်တတ်လာသည် နားနှင့်ကြားတတ်လာ
သည် နှာခေါင်းနှင့်နံတတ်လာသည် လျှာနှင့်စားတတ်လာသည် ခန္ဓာကိုယ်နှင့်ထိတွေ့တတ်လာသည် စိတ်နှင့်ကြံတွေးတတ်လာပါ
သည်၊ မျက်စေ့နှင့်မြင်သောအခါ မြင်စိတ်ဖြစ်သည် မျက်စေ့သည်ရုပ်တရား မြင်စိတ်သည် နာမ်တရားဖြစ်ပါသည်။ မြင်သောအခါ၌ လူ
နတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တ၀ါပေါ်နေသည်မဟုတ်ပါ ရုပ်နာမ်ပေါ်နေပါသည်။ သမုဒယသစ္စာသို့မရောက်အောင် မြင်တတ်ကြည့်တတ်ရပါ
မယ်၊ မျက်စေ့နှင့်မြင်စိတ်သည် စက်ဝိုင်း၌ နံပါတ်နှစ်အကွက်မှာဖြစ်သည်၊ နံပါတ်နှစ်အကွက်သည် ပစ္စုပ္ပန်ဖြစ်၍ မြင်နေဆဲဖြစ်ပါသည်
။ မြင်နေဆဲ၌ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တ၀ါ အသက်လိပ်ပြာမပေါ်ပါ ရုပ်နာမ်ပေါ်နေပါသည်။
ရှေ့က မကြားဖူး၍မသိ ရှိပါစေ၊ ယခုကြားဖူးပါပြီ မြင်နေဆဲမှာ ရုပ်နာမ်ပေါ်နေသည်။ ထိုရုပ်နာမ်ကို ကောက်ပြပါဆိုလျှင် မျက်
စေ့သည်ရုပ်တရား သိစိတ်သည်နာမ်တရား ရုပ်နာမ်ဖြစ်သည်၊ ကြားနေဆဲမှာ နားသည်ရုပ်တရား ကြားစိတ်သည်နာမ်တရား ရုပ်နာမ်
ဖြစ်သည်၊ ယောက်ျားမိန်းမ အသက်လိပ်ပြာမပေါ် ရုပ်နာမ်ပေါ်လာသည်။ အနံ့ကိုနံနေဆဲမှာ နှာခေါင်းသည်ရုပ်တရား နံသိစိတ်သည်
နာမ်တရား ရုပ်နှင့်နာမ်သာဖြစ်နေသည်၊ စားနေဆဲမှာ လျှာသည်ရုပ်တရား စားသိစိတ်သည်နာမ်တရား၊ လျှာ၌သိစိတ်ပေါ်သည် သိ
စိတ်သည် ယောက်ျားမိန်းမမဟုတ် နာမ်တရားဖြစ်သည်။ ကိုယ်ခန္ဓာ၌ အ၀တ်လို၍၀တ်ဆင်သည် လုပ်စရာရှိ၍လုပ်သည် အ၀တ်ကို
ဝတ်ဆင်သောအခါ အလုပ်ကိုလုပ်သောအခါ၌ ခန္ဓာကိုယ်နှင့်ထိလျှင် သိစိတ်ပေါ်လာသည် ထိနေသည်ကရုပ်တရား သိစိတ်သည် နာမ်တရားဖြစ်ပါသည်။
သံသရာဝဋ်ဒုက္ခမှကျွတ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော ပဋိစ္စသမုပ္ပါဒ်ထွက်လမ်းမှထွက်လိုလျှင် နာမ်ရုပ်ကို ပထမ
သိရန်လိုပါသည်၊ လုပ်သည်ကိုင်သည် သွားသည်လာသည်တို့သည် ရုပ်နာမ်ပေါ်နေသည်နားလည်ပါ၊ ခန္ဓာသည်ရုပ်တရား ကိုင်းတိုင်
းလုပ်တိုင်း သိစိတ်ပေါ်နေသည်ကနာမ်တရားဖြစ်သည်။ စိတ်၌ကြံတွေးမှုဖြစ်သည် စိတ်သည် နှလုံးအိမ်ထဲမှာရှိပြီး စိတ်သည် ကြံ
တွေးမှုဖြစ်သည်၊ ယခုလောက၌ စိတ်သည် ဦးနှောက်မှာရှိသည်ပြောကြသည်၊ စိတ်သည် ဦးနှောက်မှာရှိနေသည်မယူပါနဲ့ ကုလားတ
ပည့်ဖြစ်သွားပါလိမ့်မယ်၊ စိတ်သည် ဦးနှောက်မှာရှိသည်ပြောလျှင်လည်း ပြောသည့်အတိုင်းထားလိုက်ပါ မယူပါနဲ့ ယူလျှင်ဘုရားတ
ပည့်မဖြစ်ဘဲ အများတပည့်ဖြစ်ပါလိမ့်မယ်၊ ယခုသည် ဘုရားတပည့်ဖြစ်လို၍ ဘုရားစာကို သင်ယူနေကြပါသည်။ ဘုရားကစိတ်သည်
နှလုံးအိမ်မှာဖြစ်သည် နှလုံးသည်ရုပ်တရား ဖြစ်လာသော တွေးစိတ်ကြံစိတ်သည် နာမ်တရားဖြစ်သည်၊ နှလုံးအိမ်၌ ယောက်ျားမိန်းမ
အသက်ဇီဝလာမဖြစ်ပါ စိတ်သာလာဖြစ်ပါသည်။
မျက်စေ့၌ရုပ်နာမ် နား၌ရုပ်နာမ် နှာခေါင်း၌ရုပ်နာမ် လျှာ၌ရုပ်နာမ် ကိုယ်၌ရုပ်နာမ် နှလုံး၌ရုပ်နာမ် ရုပ်နာမ်ချည်းဖြစ်ပေါ်ပါသည်၊
ရုပ်နာမ်ပေါ်သည်ကိုသိလျှင် ဉာဏ်ရနေပြီကိုသိပါ၊ ဤသိဉာဏ်သည် ကြား၍သိသောဉာဏ်ဖြစ်သည်၊ ရုပ်နာမ်ကိုသိလျှင် အလုပ်လုပ်
ရန်အတွက် စနေပြီဖြစ်ပါသည်။
မျက်စေ့မှအဆင်းကိုမြင်လျှင် မြင်စိတ်ဖြစ်ပေါ်လာသည် ထိုမြင်စိတ်သည် မြဲမနေပါ၊ မြင်ပြီးပျောက်သွားပါသည်။ ရပ်စကားရွာစ
ကား၌ ထိုသဘောကို မမြင်လိုက်ပြီ၊ မမြင်လိုက်ပြီစကားသည် မြင်စိတ်မရှိပြီကိုဆိုလိုပါသည်။ လူတိုင်းသည် မမြင်လိုက်ပြီကိုပြောဖို့
တတ်သည် ရုပ်နာမ်ပျောက်သွားသည်ကို သိဖို့မတတ်ပါ၊ အမှန်က မြင်နေမှုသည် ရုပ်နာမ်ဖြစ်ပေါ်ခြင်းဖြစ်သည်။ မျက်စေ့မှမြင်လျှင်
မြင်စိတ်ပေါ်သည် မျက်စေ့သည်ရုပ်တရား မြင်စိတ်သည်နာမ်တရားဖြစ်သည်၊ မမြင်လိုက်ပြီဆိုခြင်းသည် ငါမမြင်လိုက်သည်မဟုတ်
ရုပ်နာမ်ပျက်နေပါသည်။ သို့သော် ရုပ်နာမ်ပျက်နေသည်ကို သိဖို့မြင်ဖို့မတတ်ပါ၊ သိဖို့မြင်ဖို့မတတ်ရခြင်းအကြောင်းသည် ရုပ်နာမ်ဖြစ် ပျက်နေသောတရားကို တစ်ခါတလေမှ မကြားဖူးရ၍ဖြစ်ပါသည်။
အများစကားဖြစ်သော ငါမမြင်လိုက်ပြီကိုသာကြားဖူး၍ ငါမမြင်လိုက်ပြီသာသိခြင်းသည် ဘုရားစကားကို မကြားဖူး၍ဖြစ်သည်၊
ယခု ဘုရားစကားကို ကြားနေသည်ဖြစ်၍ မြင်နေမှု၌ ငါသူယောက်ျားမိန်းမမပေါ်ပါ ရုပ်နာမ်ပေါ်ပါသည်၊ မမြင်လိုက်ပြီသည်လည်း ရုပ်
နာမ်ပျောက်သွားခြင်းဖြစ်သည်။ ထိုသဘောကို ကိုယ်က ရုပ်နာမ်ပျက်သွားသည်ကို သိစိတ်ဖေါ်ပေးရပါမယ်၊ သိစိတ်ဖေါ်ပေးသောအ
ခါ ရုပ်နာမ်ဖြစ်မှုပျက်မှုကို သိသောဉာဏ်သည် နှလုံးအိမ်ထဲ၌ပေါ်နေပါပြီ၊ ထိုသဘောကို အာလောကော ဥဒပါဒိ ဉာဏ်ပေါ်နေပါပြီ၊ ၀ိ
ဇ္ဇာ ဥဒပါဒိ ပညာပေါ်နေပါပြီ၊ မဖေါ်တတ်လျှင် ဉာဏ်ပညာမပေါ်ဘဲ နှလုံးအိမ်၌ အ၀ိဇ္ဇာချည်းပေါ်နေပါလိမ့်မယ့်။
ခန္ဓာ၌ ဉာဏ်ရောက်လာခြင်းအကြောင်းသည် ဖြစ်ပျက်ကိုသိ၍ဖြစ်ပါသည်၊ မမြင်လိုက်ပြီသည် တခြားမဟုတ် ရုပ်နာမ်ပျက်မှုဖြစ်
သည်၊ ပထမ ရုပ်နာမ်ကိုသိရပါမယ် ဆက်ပြီးကြည့်သောအခါ ထိုရုပ်နာမ်သည်ရှိမနေဘဲ ဖြစ်ပြီးပျက်သွားပါသည်၊ ဖြစ်ပြီးပျက်သွား
သည်စကားသည် နားလည်အောင်ပြောခြင်းဖြစ်ပြီး ဖြစ်ပြီးပျက်သွားသည်သဘောသည် မမြင်လိုက်လိုက်ပြီဖြစ်သည်။ မမြင်လိုက်ပြီ
သည် ရုပ်နာမ်ပျက်နေမှုဖြစ်သည်၊ ရုပ်နာမ်ဖြစ်မှုပျက်မှုသည် အမှန်ရှိသည်၊ သို့သော် ရုပ်နာမ် ဖြစ်လည်းဖြစ်နေသည် ပျက်လည်းပျက်
နေသည်ကို မသိတတ်ပါ၊ မသိတတ်သောအကြောင်းသည် တရားကိုမကြားဖူး၍ဖြစ်သည်၊ ယခုသည် ရုပ်နာမ်ဖြစ်နေသည် ရုပ်နာမ်
ပျက်နေသည်နေသည့်တရားကို ကြားဖူးအောင် ပြောနေပါသည်။
လယ်တီဆရာတော်ဘုရား အဆုံးအမတစ်ခုရှိသည်၊ လူတို့သည် ဘုရားကိုရှိခိုးဖို့တတ်သည် သံဃာကိုလည်း ကြည်ညိုဖို့တတ်
သည် အလှူလည်းပေးတတ်သည် သီလလည်းဆောက်တည်တတ်သည် ပုတီးလည်းစိပ်တတ်သည် မေတ္တလည်းပွါးများတတ်သည် သို့သော် ပညာပေါ်အောင် လုပ်ဖို့မတတ်၊ ပညာပေါ်အောင် မလုပ်တတ်မှုသည် တရားကို မကြားဖူး၍ဖြစ်ပါသည်။
ငါရို့က တရားကိုကြားဖူးအောင် တရားဟောသောအခါ ဟောသောတရားသည် အလှူပေးလျှင် သူဋ္ဌေးဖြစ်သည်၊ ကိုယ်ကမသိ
မသိလျှင် သိသောတရားကိုဟောပေးရသည်။ သီလဆောက်တည်လျှင် အသက်ရှည်သည် အဆင်းလှသည် အနာကင်းသည်ဟော
လိုက်သည် ရုပ်နာမ်ဖြစ်ပျက်နှင့်ဆိုလျှင် တစ်မျိုးစီဖြစ်နေပါသည်၊ ရုပ်နာမ်ဖြစ်ပျက်ကိုမသိခင် ကုသိုလ်ကိုတောကိုင်ထားရပါသည်၊ ကု
သိုလ်ကိုမကိုင်လျှင် ငါးပါးမှောက်ပါလိမ့်မယ် ကုသိုလ်ကိုကိုင်လာမှုသည် ယနေ့ထိပါလာပါသည်။ ယခု ကုသိုလ်ကံကောင်း၍ ဘုရား
တရားနှင့်တွေ့သောအခါ ရုပ်နာမ်ဖြစ်ပျက်နေသည်လို့ သိပေးလိုက်ပါ၊ မြင်ပြီးမမြင်လိုက်မှုသည် ငါမမြင်းမှုမဟုတ် ရုပ်နာမ်ဖြစ်ပျက်နေ
မှုဖြစ်သည်၊ ရုပ်နာမ်ဖြစ်မှုပျက်မှုသဘောကို ယခု သိပြီဖြစ်သည်။ ကိုယ်က မြင်တိုင်းမြင်တိုင်း ဖြစ်မှုပျက်မှုကိုမသိနိုင်လျှင်လည်း အကြိ
မ်တစ်ရာမြင်မှု၌ သတိထားကြည့်လျှင် တစ်ကြိမ်လောက် သိမြင်လျှင်လည်း သိတတ်သောသိဉာဏ်ရောက်နေပါပြီ။
ကြားသောအခါ၌ ကြားသိစိတ်သည် နာမ်တရားဖြစ်သည်၊ ကြားနေဆဲ၌ ရုပ်နာမ်ဖြစ်နေသည် မကြားလိုက်ပြီဖြစ်လျှင် ရုပ်နာမ်
သည် ပျက်သွားပါပြီ၊ ကြားပြီးလျှင် မကြားပြီးရှိနေသည် သို့သော် ရုပ်နာမ်ဖြစ်ပျက်နေသည်လို့ သိစိတ်မပေါ်လျှင် ကိုယ့်ခန္ဓာကိုယ်မှာ ဉာဏ်ပျောက်နေပါသည်။ ရုပ်နာမ် ဖြစ်ပျက်နေသည်သိလိုက်လျှင် ခန္ဓာ၌ဉာဏ်ပေါ်နေသည်၊ ဉာဏ်ပေါ်မှုကို ဘုရားက ဉာဏံ ဥဒပါဒိ ဓမ္မစက္ကပ၀တ္တသုတ်မှာ ဖတ်ဖူပါလိမ့်မယ် မဖတ်ဖူးလျှင်လည်း သူများဖတ်သည်ကို ကြားဖူးပါမယ်။ စက္ခုံ ဥဒပါဒိ မျက်စေ့ပေါ်နေသည်၊ မျက်စေ့သည် ဖြစ်ပျက်ကိုမြင်သော မျက်စေ့ဖြစ်သည်။ ဉာဏံ ဥဒပါဒိ ဉာဏ်ပေါ်နေသည်။ ၀ိဇ္ဇာ ဥဒပါဒိ ၀ိဇ္ဖာပေါ်နေသည်။ အာလော
ကော ဥဒပါဒိ အလင်းပေါ်နေသည်၊ အမှောင်အ၀ိဇ္ဖာရှိသောအခါ မမြင်တတ်ဖြစ်သည်။ ကိုယ်က ကုသိုလ်ကံလည်းကောင်းသည် ဘု
ရားသာသနာနှင့်လည်းကြုံရသည် ဘုရားတရားကိုလည်း နာနေရသည် စူးစူးစိုက်စိုက် နားထောင်သောအခါ အမှန်ဟုတ်သည်ကို ကိုယ်ကသိမြင်သွားသည်။ အရာရာမှာ ကြားတိုင်းကြားတိုင် သတိနှင့်အားလုံးကို မလိုက်နိုင်၍ မသိသောအခါလည်းရှိလိမ့်မယ်ဖြစ်
သည်၊ သတိလိုက်နိုင်လျှင် ရုပ်နာမ်ဖြစ်ပျက်နေသည်ကို သိမြင်လိမ့်မယ်ဖြစ်သည်။ အနံ့ကိုနံသောအခါ အစားအစာကို စားသောအခါ
တို့၌လည်း ဤနည်းအတူ သတိနှင့်လိုက်ပြီးကြည့်လျှင် ရုပ်နာမ်ဖြစ်ပျက်နေသည်ကို မြင်ပါသည်။
ကိုယ်ဖြင့်အလုပ်လုပ်သည် ခန္ဓာကိုယ်သည်ရုပ်တရား သိစိတ်သည်နာမ်တရားဖြစ်သည်၊ အလုပ်လုပ်နေဆဲ၌ ရုပ်နာမ်ဖြစ်သည် အလုပ်ကိုမလုပ်ပြီဖြစ်လျှင် ရုပ်နာမ်သည် ပျက်သွားပါသည်၊ နောက်ထပ် အလုပ်ကိုဆက်လုပ်လျှင် ရုပ်နာမ်ဖြစ်လာသည် အလုပ်ကိုမ
လုပ်လိုက်လျှင် ရုပ်နာမ်ပျက်သွားသည်။ ထမင်းချက်သည် ရုပ်နာမ်ဖြစ်ပေါ်လာပြန်သည် ထမင်းချက်ပြီး၍ထိုင်နေလျှင် ရုပ်နာမ်ပျက်
သွားသည်၊ ထိုသဘောတို့ကို ဉာဏ်နှင့်ကြည့်နေလျှင် ထမင်းချက်ယင်းနဲ့ ရေခပ်ယင်းနဲ့ ဉာဏ်ရသွားပါသည်။
တရားသည် တောထဲတောင်ထဲမှာမဟုတ်ပါ၊ တရားကို ကြားဖူးတတ်ဖို့လိုပါသည် တရားကိုမကြားဖူး၍ တရားကိုမသိဖြစ်ရသ
ည်၊ ထိုသဘောကို မြတ်စွာဘုရားက အသ၁၀နတာ ဓမ္မသ၁ ပရိဟာယန္တိ တရားကိုမကြားဖူး၍ တရားကိုမသိခြင်းဖြစ်သည်။ တရား
ကို တောထဲတောင်ထဲမှာ ရှာရသည်မဟုတ် ယခုတရားကို ကြားဖူးပြီဖြစ်၍ ၀ီရိယစိုက်လိုက်လျှင် ကိုယ့်ခန္ဓာမှာ ဉာဏ်ပေါ်ပါမယ်၊ ခ
န္ဓာမှာဉာဏ်ပေါ်နေလျှင် ဉာဏ်မဟုတ်သောအ၀ိဇ္ဇာသည် ပျောက်နေပါသည်။ ကိုယ့်ခန္ဓာမှာ ဉာဏ်ကိုပွါးလေ အ၀ိဇ္ဇာပျောက်လေ၊ ဉာဏ်ကိုပွါးလေ အ၀ိဇ္ဇာပျောက်လေဖြစ်သည်။ ခန္ဓာသည် အိမ်ကြီးနှင့်တူသည် ထိုအိမ်ကြီး၌ မီးထွန်းလေ အမှောင်ပျောက်လေ မီးထွ
န်းလေ အမှောင်ပျောက်လေဖြစ်သည်။ နေ့ပါညဥ့်ပါ မီးထွန်းထားလျှင် လုံးဝအမှောင်မလာပါ၊ နေ့ပါညဥ့်ပါသည် မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း လုပ်ကိုင်တိုင်း ကြံတွေးတိုင်းကိုဆိုလိုပါသည်။
မြင်တိုင်းကြားတိုင်းစသည်ဖြင့် ဖြစ်ပျက်ကိုသိနေလျှင် ခန္ဓာမှာ အ၀ိဇ္ဇာအမှောင်မလာနိုင်ပါ အလင်းဖြစ်နေပါသည် ယင်းကိုမြတ်စွ
ာဘုရားစကားနှင့် အာလောကော ဥဒပါဒိဖြစ်သည်။ ပစ္စုပ္ပန်ခန္ဓာ၌ မြင်မှု ကြားမှု နံမှု စားမှု ထိတွေ့မှု ကြံတွေးမှုတို့ကို မြင်တိုင်းကြားတို
င်း ဖြစ်ပျက်ရှုလျှင် အရှုခံသေသည်က သမုဒယ၊ တဏှာ ဥပါဒါန် ကံ သေသွားပါသည်။ တဏှာ ဥပါဒါန် ကံ မလာအောင် ဖြစ်ပျက်ကို
သိသောဉာဏ်သည် သတ်ထားပါသည်၊ ဖြစ်ပျက်ကိုသိသောဉာဏ်သည် ကိလေသာကို ခေတ္တသတ်တတ်သူဖြစ်သည်။ သမုဒယသစ္စ
ာကိုမရောက်အောင် နံပါတ်နှစ်နှင့်နံပါတ်သုံးအကွက် ဝေဒနာနှင့်တဏှာအကြားမှနေပြီး ထွက်သွားပါသည်၊ ဆုတောင်း၍ ထွက်သွား
သည်မဟုတ်ပါ ဉာဏနှင့်ထွက်သွားပါသည်။ နိဗ္ဗာန်ကိုရလိုလျှင် အလုပ်လုပ်ရပါသည် ယခုသည် အလုပ်လုပ်နေမှုဖြစ်သည်၊ အရှုခံက
ဖြစ်ပျက်ဒုက္ခ သိဉာဏ်ကမဂ္ဂ၊ သေသည်က သမုဒယ၊ နောင်ခန္ဓာမလာသည်က နိရောဓဖြစ်သည်။
အရှုခံကဖြစ်ပျက်ဒုက္ခ သိဉာဏ်ကမဂ္ဂ မဂ္ဂသစ္စာသည် ကိုယ့်ခန္ဓာ၌ ရောက်နေပြီဖြစ်လျှင် သမုဒယသစ္စာသည် ပျောက်သွားပါသ
ည်၊ ဘုရားစကားနှင့်ပြောလျှင် ဒုက္ခသစ္စံ ပရိဇာနန္တော၊ သမုဒယသစ္စံ ပဇဟန္တော၊ နိရောဓသစ္စံ သစ္ဆိကရောန္တော၊ မဂ္ဂသစ္စံ ဘာဝေယ
န္တော၊ ပါဠိကိုရွတ်ပြနေ၍ကြားလျှင် တရားဟောနေသည်သာနားလည်မယ် ကိုယ်က တရားကိုသိမယ်မဟုတ်ပါ။ ယခု မိုးကုတ်ဆရာ
တော်ကြီး ဟောပြောသောစကားကို ပြောနေသည်၊ အရှုခံကဖြစ်ပျက်ဒုက္ခ သိဉာဏ်ကမဂ္ဂဖြစ်သည်။ ဤပုံစံဖြစ်နေလျှင် ကိုယ်သည်
လမ်းမမှားဘဲ လမ်းမှန်ဖြစ်နေပါသည်၊ လမ်းမှန်ဖြစ်နေလျှင် ဆက်ပြီးလျှောက်လှမ်းပါ နိဗ္ဗာန်ရောက်ရန်သေချာပါသည်။ မြင်တိုင်း ကြား
တိုင်း နံတိုင်း စားတိုင်း ထိတွေ့တိုင်း ကြံတွေးတိုင်းမှာ ဖြစ်နေသောတရားသည် ရုပ်နာမ်ဖြစ်သည်၊ မမြင်လိုက်ပြီ မကြားလိုက်ပြီ မနံ
လိုက်ပြီ မစားလိုက်ပြီ မလုပ်လိုက်ပြီ မကြံမတွေးတောလိုက်ပြီအားလုံးသည် ရုပ်နာမ်ပျက်သွားမှုဖြစ်သည်။ ရုပ်နာမ်သည် ဖြစ်လည်း
ဖြစ်သည် ပျက်လည်းပျက်သည်ကို မမြင်မသိဘဲ ပါးစပ်မှ ဖြစ်ပျက်ဖြစ်ပျက် ပြောဆိုနေရုံနှင့်မရပါ မြင်ဆဲပျက်ဆဲ၌ ကိုယ်ကသိမြင်နေရ
ပါမယ် သိမြင်နေလျှင် မဂ္ဂသစ္စာပေါ်နေပါပြီ၊ မဂ္ဂသစ္စာကိုပွါးလျှင် နိဗ္ဗာန်သို့ရောက်သော လမ်းကြောင်းဖြစ်ပါသည်။ သမုဒယသစ္စာကို
ပွါးလျှင် သုသာန်သို့ရောက်သောလမ်းဖြစ်သည်၊ လမ်းမှားကိုလိုက်လျှင် ဒုက္ခရောက်သည် လမ်းမှန်ကိုလိုက်လျှင် ဒုက္ခမှလွတ်မြောက်
သည်၊ ဒုက္ခမှသမုဒယသို့မဆက်အောင် ပွါးနည်းဖြစ်ပါသည်။
စက်ဝိုင်းကိုလည်းနားလည်အောင် ယခုတစ်ခါ တစ်ကွက်တက်ပါမယ်၊ မူလနှစ်ဖြာ သစ္စာနှစ်ခု ပြောပြီးပါပြီ ယခုလေးခုအလွှာ
ဖြစ်သည်။ နံပါတ်တစ်အကွက် အတိတ်အကြောင်းတလွှာ၊ နံပါတ်နှစ်အကွက် ပစ္စုပ္ပန်အကျိုးတလွှာ၊ နံပါတ်သုံးအကွက် ပစ္စုပ္ပန်အ
ကြောင်းတလွှာ၊ နံပါတ်လေးအကွက် အနာဂါတ်အကျိုးတလွှာ အားလုံးလေးလွှာဖြစ်သည်။ လေးလွှာကိုကောက်ပြပါဆိုလျှင် အတိတ်
အကြောင်းတလွှာ ပစ္စုပ္ပန်အကျိုးတလွှာ ပစ္စုပ္ပန်အကြောင်းတလွှာ အနာဂါတ်အကျိုးတလွှာ လေးလွှာဖြစ်ပါသည်။
လေးလွှာကိုမသိဘဲ ကိုယ့်ခန္ဓာကိုသိမည်မဟုတ်ပါ၊ စာသည် လမ်းကြောင်းနှင့်တူသည် မီးရထားနှင့်သွားလျှင် ခရီးကိုအမြန်ရော
က်သည် သို့သော် လမ်းမရှိလျှင် မီးရထားလျှောက်၍မရပါ၊ စာသည်ပရိယတ် အကျင့်သည်ပဋိပတ် ဤပဋိစ္စသမုပ္ပါဒ်သည် ပရိယတ်
ဖြစ်ပါသည်။ လမ်းနှင့်တူသော ပရိယတ်ကိုမသင်လျှင် မိမိသွားမည်လမ်းကိုမသိဖြစ်သည်၊ တရားကျင့်သော်လည်း အခြားကိုကျင့်သ
ကဲသို့ဖြစ်ပါလိမ့်မယ်၊ ဘုရား၏နည်းလမ်းကောင်းကိုမရလျှင် ကိုယ်ထင်သလိုဖြစ်ပါလိမ့်မယ်၊ ဤကကောင်းသည် ဤကမကောင်း ဤ
သည်ကဟုတ်သည် ဤသည်ကမဟုတ်စသည်ဖြင့် ကိုယ်ထင်သလို မြင်သလိုကျင့်ကြပါလိမ့်မယ်။ သေသေချာချာမှတ်ပါ လုပ်နည်း
ကိုင်နည်းစနစ်နဲ့ ကျကျနနသိနေမှ အကျိုးသက်ရောက်မှုရှိပါသည်၊ ပိဋကတ်သုံးပုံအားလုံးကိုတတ်သိနားလည်မှ ထိုသဘောကို ဆိုသ
ည်မဟုတ်ပါ၊ ကိုယ်လုပ်သောလုပ်ငန်းကို သေသေချာချာ နားလည်သဘောပေါက်အောင် ဤပဋိစ္စသမုပ္ပါဒ် လင်္ကာနှစ်ပိုဒ်သည် ကိုယ့်
အတွက် သံသရာမှလွတ်မြောက်အောင် လုံလောက်သောစာလို့ နားလည်ရပါမယ်။ ပိဋကတ်သုံးပုံကိုမတတ်ပစေ ပဋိစ္စသမုပ္ပါဒ်ကို
နားလည်၍သဘောပေါက်လျှင် ကိုယ့်အတွက် အလုပ်လုပ်၍ရပြီဖြစ်ပါသည်။
ပြန်ပြောပါအုံ့မယ် အတိတ်အကြောင်းတလွှာ ပစ္စုပ္ပန်အကျိုးတလွှာ ပစ္စုပ္ပန်အကြောင်းတလွှာ အနာဂါတ်အကျိုးတလွှာ၊ အတိတ်
အကြောင်းအလွှာနှင့် ပစ္စုပ္ပန်အကျိုးအလွှာသည် အကြောင်းနှင့်အကျိုးစပ်နေပါသည်။ အတိတ်ကအကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်
ရသည်၊ ပစ္စုပ္ပန်၌လည်း ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂါတ်အကျိုးဖြစ်သည်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်သည်ကို စာနှင့်သိပါပြီ၊ ဖြစ်ပုံဖြစ်နည်းကိုသိအောင် ယခုလက်ရှိခန္ဓာကိုကြည့်ပါ လက်ရှိခန္ဓာသည် ပစ္စုပ္ပန်အကျိုးခန္ဓာဖြစ်သည်၊ပစ္စုပ္ပန်အကျိုးခန္ဓာ
သည် အတိတ်ကအကြောင်းကြောင့်ဖြစ်သည်။ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ရှိသည် နတ်ပြည်ဗြဟ္မာပြည်၌ နတ်ဗြဟ္မာခန္ဓာ
တို့သည် မိမိတို့ကဲသို့ဖြစ်နေကြသည် သူတို့သည်လည်း ပစ္စုပ္ပန်ဖြစ်သည်၊ နတ်ပြည်ဗြဟ္မာပြည်၌ နတ်ဗြဟ္မာခန္ဓာများသည်လည်း အ
တိတ်အကြောင်းကြောင့် ပစ္စုပ္ပန်၌ နတ်ဗြဟ္မာခန္ဓာများဖြစ်နေသည်။ ငရဲ၌လည်း ငရဲခန္ဓာ၊ တိရစ္ဆာန်၌လည်း တိရစ္ဆာန်ခန္ဓာ၊ ပြိတ္တာ၌လ
ည်း ပြိတ္တာခန္ဓာ၊ အသူရကာယ်၌လည်း အသူရကာယ်ခန္ဓာသည် ပစ္စုပ္ပန်၌ဖြစ်နေကြသည်။ ပစ္စုပ္ပန်၌ အပါယ်လေးဘုံခန္ဓာရနေမှုသည်
အတိတ်အကြောင်းကြောင့်ဖြစ်သည်။ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ် လူနတ်ဗြဟ္မာ သုံးဆယ့်တစ်ဘုံ၌ ပစ္စုပ္ပန်အကျိုးခန္ဓာရနေမှုသ
ည် အတိတ်အကြောင်းကြောင့်ဖြစ်သော ခန္ဓာများဖြစ်ကြပါသည်။
နံပါတ်တစ်အကွက် အတိတ်အကြောင်းထဲမှာ အ၀ိဇ္ဇာနှင့်သင်္ခါရကို အတိတ်အကြောင်း ဘုရားဟောထားသည်၊ အ၀ိဇ္ဇာနှင့်သင်္ခါ
ရသည် အတိတ်ခန္ဓာ၌ရှိခဲ့ပါသည် ယခု ပစ္စုပ္ပန်အကျိုးခန္ဓာရနေမှုသည် အတိတ်မှ အ၀ိဇ္ဇာနှင့်သင်္ခါရကြောင့်ဖြစ်သည်။ ခန္ဓာရနေမှုသည် ဘုရားဖန်ဆင်း၍ဖြစ်သည် နတ်သိကြားဖန်ဆင်း၍ဖြစ်သည် ဗြဟ္မာဖန်ဆင်း၍ဖြစ်သည် မိဘနှစ်ပါးကြောင့်ဖြစ်သည် ဘုရားမဟောပါ အ၀ိဇ္ဖာနှင့်သင်္ခါရကြောင့် ပစ္စုပ္ပန်၌ ခန္ဓာဖြစ်နေရပါသည်။ ယင်းကြောင့် အ၀ိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့်- အတိတ်အကြော
င်းလေးပါးကို အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ကံ ကောက်သည်၊ အ၀ိဇ္ဇာ နားထောင်ကြည့်ပါ ငါသူမပါ၊ တဏှာ ငါသူမပါ၊ ဥပါဒါန် ငါသူမပါ၊ ကံ ငါသူမပါ သက်သက်တရားကိုပြောသည်။ အ၀ိဇ္ဖာ တဏှာ ဥပါဒါန် ကံတို့သည် ပါဠိစကားဖြစ်၍ နားမလည်နိုင်ဖြစ်သည်၊ အ၀ိဇ္ဇာ
သည် တရားကိုမသိမှု၊ တဏှာသည် လိုချင်မှု၊ ဥပါဒါန်သည် စွဲလမ်းမှု၊ ကံသည် မရရအောင်လုပ်မှုဖြစ်သည်။
တရားကိုမသိ၍ လိုချင်မှုကိုစွဲစွဲလမ်းလမ်းဖြင့် မရရအောင်လုပ်မှုသည် အတိတ်၌ရှိခဲ့ပါသည်၊ ထိုသဘောကို ရွာစကားနှင့်နားလ
ည်အောင်ပြောလျှင် အတိတ်ဘ၀၌ ကုသိုလ်ကိုလုပ်ပြီး လူ့ဘ၀ကိုရလိုပ်၏ လူ့ဘ၀ကိုရလိုပါ၏တောင်းတပြီး လုပ်ခဲ့ပါသည်၊ ထိုအတိ
တ်ဘ၀၌ လုပ်ခဲ့သည်ဖြစ်၍ ယခုသည် လူ့ဘ၀ကိုရောက်နေသည်၊ လူ့ဘ၀ကိုလိုချင်တောင်းတမှုသည် တဏှာ၊ ကုသိုလ်လုပ်မှုသည် သင်္ခါရ၊ လူ့ဘ၀၌လူဖြစ်လျှင် အိုနာသေဖြစ်ရမယ်ကို မသိမှုသည် အ၀ိဇ္ဇာ၊ အတိတ်ဘ၀၌ လူလို့ဘဲသိခဲ့သည် သေရမယ်ကိုမသိခဲ့ မသိ
မှုသည်အ၀ိဇ္ဖာ လိုချင်မှုသည်တဏှာ စွဲလမ်းမှုသည်ဥပါဒါန် မရရအောင်အားထုပ်မှုသည်ကံ ဤသဘောကို အတိတ်ဘ၀၌လုပ်ခဲ့ပါသ
ည်။ မိမိ၏ဘ၀ကို ထိုဖက်ဘ၀ ဤဖက်ဘ၀ကိုကြည့်ပါ ဒုက္ခကို မရရအောင်လုပ်ခဲ့သည်၊ သိ၍လုပ်ခဲ့သည်မဟုတ် မသိဘဲလုပ်ခဲ့ပါသ
ည်၊ ထိုသဘောကို အ၀ိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင်းရုပ်နာမ်ပေါ် အတိတ်အကြောင်းပေါ်ပါပြီ။ ကံကြောင့် ဤဘ၀၌ ပစ္စုပ္ပ
န်အကျိုးခန္ဓာ ရုပ်နမ်ပေါ်ရပါသည်၊ ရုပ်နာမ်ပေါ်သည်ပြောသောအခါ မိမိတို့သည် နားမလည်ပါ၊ လူနတ်ဗြဟ္မာ ငရဲတိရစ္ဆာန်ပြိတ္တာအ
သူရကာယ်ခေါ်မှ နားလည်သည်။ ရုပ်နာမ်ဖြစ်သည်စကားကို ကြားတောကြားသည် သို့သော် နားမလည်၊ တရားနှင့်ဝေးနေသည်ကို
ကိုယ့်ကိုဆင်ခြင်ကြည့်ပါ တရားသက်သက်ပြောသောအခါနားမလည် လူနတ်ဗြဟ္မာပြောမှ နားလည်သည်။
ခရီးတစ်ခု၌ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိသော တကာကြီးတစ်ယောက်ကိုမေးဖူးသည်၊ ထိုတကာသည် လှေဖြင့်ကုန်အရောင်းအ
ဝယ်လုပ်သူဖြစ်သည်။ ဘုန်းကြီးနှင့်နောက်ဦးဇင်းတစ်ပါးကို ခရီးကြုံ၍ လှေဖြင့်ပို့ပေးသည်၊ လှေပေါ်၌ ဘုန်းကြီးသည် အလယ်၌ထိုင်
သည်၊ လှေ၏ရှေ့ဦး၌ ဦးဇင်းတစ်ပါးကထိုင်းပြီး ပို့ပေးသောတကာကြီးသည် နောက်မှလွှာခတ်၍ထိုင်သည်၊ ဘုန်းကြီးသည်စကားစ၍ တကာကြီး အသက်ဘယ်လောက်ရှိပြီလည်းမေးလိုက်သည်၊ ခုနစ်ဆယ့်ငါးနှစ် ရှိပါပြီဘုရားဖြေသည်၊ ဆက်ပြီးဘုန်းကြီးက တကာကြီ
းဥပုသ်စောင့်သလား၊ စောင့်ပါသည်ဘုရားဖြေသည်၊ ဥပုသ်စောင့်လျှင် ကျောင်း၌ဘုန်းကြီး တရားဟောသောအခါ ယောက်ျားမဟုတ် မိန်းမမဟုတ် ပုဂ္ဂိုလ်သတ္တ၀ါမဟုတ် ရုပ်နာမ်ဖြစ်နေသည် တကာကြီးကြားဖူးသလားမေးလျှင် ယောက်ျားမဟုတ် မိန်းမမဟုတ် ပုဂ္ဂိုလ်
သတ္တ၀ါမဟုတ် ရုပ်နာမ်ဖြစ်သည်ကို ကြားဖူးပါသည်ဆရာတော်ဖြေသည်၊ ယောက်ျားမဟုတ် မိန်းမမဟုတ် ပုဂ္ဂိုလ်သတ္တ၀ါမဟုတ် ရုပ်
နာမ်ဖြစ်သည်ကို တကာကြီး ဘလိုနားလည်လည်းမေးလိုက်သောအခါ တကာကြီးသည် ယောက်ျားမဟုတ် မိန်းမမဟုတ် ပုဂ္ဂိုလ်သ
တ္တ၀ါမဟုတ် ရုပ်နာမ်ဖြစ်လျှင် လသုန်ဒရေကို ခေါ်သည်ဖြစ်မယ်ဆရာတော်။
ထိုအခါဘုန်းကြီးသည် လသုန်ဒရေဝေါဟာရကို နားမလည်ဖြစ်သည်၊ ရှေ့လှေဦး၌ရှိသော ဦးဇင်းကိုမေးရသည် ဦးဇင်း ဤတ
ကာကြီးပြေသောစကားကို ကြားလိုက်သည်မဟုတ်လား လသုန်ဒရေစကားသည် ဘယ်ကိုခေါ်လည်းပြောသောအခါ ဂန်ဒူးကိုလတ်။
ယောက်ျားမဟုတ် မိန်းမမဟုတ် ရုပ်နာမ်သည် ဤတကာ ဂန်ဒူးကိုပြောသည်။ ဤတကာသည် အသက်ခုနစ်ဆယ့်ငါးနှစ်ရှိပါပြီ အလှူ သီလ ပုတီးမေတ္တာကိုသိပါသည် သို့သော် ရုပ်နာမ်ကိုမသိပါ တရားနှင့်ဝေးနေပါသည်၊ တရားကိုတောကြားသည် နားမလည်ပါ အ
ကြီးအကျယ်နစ်နာပါသည်။ ဘုန်းကြီးက တကာကြီး နားလည်အောင်တော့ပြောချင်သည် သို့သော်လည်း လမ်းခရီး၌ဖြစ်၍ တကာကြီ
းသည် တစ်ပတ်ပတ်ပြီး လည်လီအုံ့တစ်ပတ်၊ ငါတော့ပြောဖို့အခွင့်မသာပါ ဤကဲသို့ပြောခဲ့ပါသည်။
နားလည်လောက်အောင် ပြောတတ်တဲ့ဘုရားရှိနေသည် ဘုရားနှင့်တွေ့နေသည် သိုသော် နားမလည်ဖြစ်နေသည်၊ ဤပဋိစ္စသ
မုပ္ပပါဒ်သည် ဘုရားဖြစ်သည်ကို ယော ဝေါ အာနန္ဒာ မယာ ဓမ္မောစ ၀ိနယောစ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ ငါဟောထားခဲ့သော သုတ် ၀ိနည်း အဘိဓမ္မာသည်၊ ဤပဋိစ္စသမုပ္ပါဒ်တရားသည် သုတ်နှင့်အဘိဓမ္မာထဲမှာပါသည်၊ သုတ်ဝိန
ည်းအဘိဓမ္မာသည် ငါပရိနိဗ္ဗာန်စံပြီးနောက်မှာ ဆရာလို့မှတ်ပါဟောထားပါသည်။
ယခု တရားကိုလည်းကြားဖူးသည် ဆရာဘုရားနှင့်လည်းတွေ့သည် နားလည်အောင်ထောင်တတ်သော နားလည်းရှိသည် သို့
သော် ပြောသောအချက်နှင့် တည့်တည့်မကျနိုင်ဖြစ်နေသည်။ ရုပ်နာမ်သည်တခြားမဟုတ်ပါ မြင်နေမှုကြားနေမှုတို့ဖြစ်သည်၊ ကံ
ကြောင့်ပစ္စုပ္ပန်နာမ်ရုပ်သည် ကံကြောင့်ဖြစ်လာသော နာမ်ရုပ်ဖြစ်သည်။ ပစ္စုပ္ပန်အကျိုး၌ နာမ်ရုပ်ကိုအမှီပြုလျက် နာမ်ရုပ်ကြောင့် ဉာဏ်
ရအောင်မလုပ်ဘဲ ကံရအောင်လုပ်နေသည် နာမ်ရုပ်ကြောင့်ကံ၊ ပစ္စုပ္ပန်အကျိုး၌ နေ့တိုင်းနေ့တိုင်းကံထွက်နေသည်။ ပစ္စုပ္ပန်၌ နာမ်ရုပ်
ခန္ဓာကိုရလျက် နာမ်ရုပ်၏ဖြစ်ပျက်သဘောကို မကြားဖူးကြည့်ဖို့လည်းမတတ်ပါ၊ ကြည့်ဖို့မတတ်သည်ကို ကိုယ်က ခက်တယ်ထင်ပြီး ဖယ်ပစ်လိုက်လျှင် တရားသည် ကိုယ့်ဖက်မှကွာသွားပါသည်၊ ကိုယ့်မှာကျန်လိုက်သည်က အလှူလုပ်ပြီး နောက်ဘ၀, နောက်ဘ၀,
နောက်ဆုံးဘ၀မှာ နိဗ္ဗာန်ကိုရလိမ့်မယ်ဖြစ်သွားပါသည်။
ရေပြင်၌ မျောနေသောသူနှင့် မြုပ်နေသောသူသည် ကမ်းပါးကိုရောက်ရန် ထုံးစဉ်မရှိပါ၊ ကမ်းပါးကိုရောက်လိုလျှင် ခြေလက်တို့
ဖြင့်ယက်ကန်ပြီး ကူးခတ်မှသာရောက်ပါသည်။ ယခုလူဖြစ်နေသောအခါ၌ ပဋိစ္စသမုပ္ပါဒ်ကမ်းကို ဘုရားကပြထားသည်၊ ကိုယ်ကိုယ်
တိုင်ကူးမှ ကိုယ်ကိုယ်တိုင်ရောက်ပါမယ် ကူးနည်းသည် ဖြစ်ပျက်ကိုကြည့်ပြီး ဉာဏ်နှင့်ကူးခတ်ရပါသည်။ ယခုဉာဏ်နှင့်မကူးခတ်လျှ
င် တစ်ဘ၀၌လာလည်းကံနှင့် နောက်တစ်ဘ၀သိုသွားလျှင်လည်းကံနှင့်ဆိုလျှင် ၀ိပသ၁နာဉာဏ်သည်မပေါ်ပါ၊ ၀ိပသ၁နာဉာဏ်မရှိ
လျှင် မဂ်ဉာဏ်မရှိနိုင်ပါ၊ မဂ်ဉာဏ်မရှိလျှင် နိဗ္ဗာန်ကိုမရနိုင်ဖြစ်သည်။
ခန္ဓာလည်နေပုံ၌ ကံကြောင့်နာမ်ရုပ်သည် ပစ္စုပ္ပန်အကျိုးခန္ဓာဖြစ်သည်၊ နံပါတ်နှစ်အကွက် ပစ္စုပ္ပန်အကျိုး၌လည်း တစ်သက်လုံး နံ
ပါတ်သုံးအကွက်မှ ကံကိုချည်းလုပ်နေသည် နံရုပ်ကြောင့်ကံ၊ နာမ်ရုပ်ကိုအစွဲပြု၍ ဒါနကံ သီလကံ ပုတီးမေတ္တာကံလုပ်သည် တစ်ခါ
တလေ အကုသိုလ်ကံကိုလည်းလုပ်လိုက်သေ့သည်၊ ပစ္စုပ္ပန်အကြောင်းကိုလုပ်လျှင် ကံကြောင့်နံပါတ်လေးအကွက် အနာဂါတ်အကျိုး
ကိုရပါသည်။ စစ်ကြည့်လျှင် ကံကြောင့်နာမ်ရုပ် တစ်နှင့်နှစ်အကွက်- နာမ်ရုပ်ကြောင့်ကံ နှစ်နှင့်သုံးအကွက်- ကံကြောင့်နာမ်ရုပ် သုံး
နှင့်လေးအကွက်- နာမ်ရုပ်ကြောင့်ကံ အတိတ်အကြောင်းကို ပြန်ပြီးလည်ပါသည်။
ထို့ကြောင့် မွေးလိုက်သေလိုက်, မွေးလိုက်သေလိုက်ဖြစ်ရသည်၊ အတိတ်ဘ၀၌ မွေးခဲ့၍သေခဲ့ပါပြီ တဖန် ယခုဘ၀ မွေးသေမှာ
လာရောက်ပြီး နာမ်ရုပ်လာဖြစ်သည်၊ ဤဘ၀နာမ်ရုပ်သည် ကံကိုအားစိုက်၍သေလျှင် အနာဂါတ်ဘ၀၌ နာမ်ရုပ်ဖြစ်ပမယ်၊ အနာဂါတ်
ဘ၀၌လည်း ဤဘ၀မှဝါသနာအတိုင်း တရားမသိခဲ့၍ ကံကိုအားစိုက်လျက် သေလျှင် ရုပ်နာမ်ဖြစ်ပါမယ်၊ ဤကဲသို့လည်နေလျှင် ထွက်ပေါက်မရှိဖြစ်နေသည်၊ ဖြစ်တဲ့ဘ၀တစ်ခုမှာ ထွက်ပေါက်ရှိပါသည် တရားကိုမနာဖူး၍ ထွက်ပေါက်ကိုမမြင်ခြင်းသာဖြစ်ပါသည်။
ယခုပစ္စုပ္ပန်အကျိုးခန္ဓာ၌ တရားကိုနာယူရန်အတွက် နာနိုင်သောတရားကိုဟောသော ဘုရားတရားနှင့်လည်း တွေ့ရန်လိုသည်၊ မိမိကလည်း နာယူရန်လိုပါသည်။ ဘုရားပွင့်၍မရှိလျှင်လည်း နာယူမည့်တရားမရှိပါ၊ဘုရားမပွင့်လျှင် တရားမရှိသည်ကို အသေအချာ
မှတ်ပါ၊ သာသနာပကာလ၌ ကံသာရှိ၍တရားမရှိပါ၊ ရှိသောတရားကိုလည်း ပစ္စေကဗုဒ္ဓသာသိပြီး အခြားသူမသိနိုင်ဖြစ်သည်။ သာသ
နာပကာလ၌ ကံသာရှိ၍ ကံကြောင့်နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံသွားနေပါသည်။ မိမိတို့သည် အတိတ်ဘ၀၌ ကိုယ်တစ်သက်လုံး ကံ
ကိုလုပ်ခဲ့မှုသည် ထင်ရှားပါသည်၊ အတိတ်၌ ကံကိုလုပ်ယင်းနဲ့သေခဲ့ပြီး ယခုလက်ရှိ ရုပ်နာမ်ခန္ဓာလာဖြစ်ရသည်။ လက်ရှိခန္ဓာ၌လည်
း တစ်သက်လုံးကံကိုလုပ်နေလျှင် အနာဂါတ်၌ သေဖို့အကြောင်းကိုလုပ်နေပါသည်၊ ယခုလက်ရှိပစ္စုပ္ပန်ဘ၀၌ အတိတ်ဘ၀၌ကဲသို့ နာမ်ရုပ်ကြောင့် ကံကိုလုပ်ပြီး သေသောကြသောပုဂ္ဂိုလ်တို့သည် မရေမတွက်နိုင်အောင်မျးပါသည်။
ယခုဘ၀၌ နာမ်ရုပ်ကြောင့်ကံကိုလုပ်လျှင် အနာဂါတ်ဘ၀မှာ နာမ်ရုပ်ဖြစ်ရပြန်ပါသည်၊ ကံကြောင့်နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံ၊
ကံကြောင့်နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံဆိုလျှင် မေးစရာရှိလာပါသည်၊ ဘယ်နှစ်ကြိမ်လည်း အကြိမ်ကိုမမေးနဲ့ အဖန်ဖန်၊ ဘယ်နှစ်က
မ္ဘာလည်း ကမ္ဘာကိုမမေးနဲ့ အဖန်ဖန်ဖြစ်သည်။ အဖန်ဖန်၏အဓိပ္ပါယ်သည် အဆုံးမရှိသည်ကိုပြောပါသည်၊ အဆုံးမရှိမှုသည် ကံမ
ကောင်း၍မဟုတ်ပါ ဉာဏ်မကောင်း၍ဖြစ်သည်။ ဉာဏ်ရနိုင်သောအချိန်သည် သာသနာတွင်မှာသာရပြီး သာသနာပကာလ၌ ဉာဏ်
မရနိုင်ပါ၊ တချို့ပြောကြသည် ဗုဒ္ဓုပ္ပါဒ န၀မခေတ်ကိုမလွန်စေနဲ့၊ ထိုစကားသည် ယခုကံကောင်းသောအချိန်၌ သာသနာတွင်း ဉာဏ်
ရနိုင်သည်ဖြစ်၍ ပြောခြင်းဖြစ်သည်။ သာသနာတွင်းမှာသာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါသည်၊ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအဖြစ်တို့သည် ဉာဏ်ရနေမှုကိုပြောခြင်းဖြစ်သည်။ ဉာဏ်မရလျှင် ကံရှိတိုင်းမွေးဖွားပါလိမ့်မယ်၊ မွေးဖွား
လျှင် သေရမယ်ဖြစ်သည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်က အို နာ သေ ကွဲ ပြောထာသည်၊ အိုရသည် နာရသည် သေရသည် နော
က်ကွဲကွာရသည်၊ ကွဲကွာမှု၌ ရှင်ကွဲကွဲရမှု သေကွဲကွဲရမှုနှစ်မျိုးရှိသည်။ အိုရနာရသေရကွဲကွာရခြင်းသည် ကံမရှိ၍မဟုတ်ပါ ဉာဏ်မရှိ
၍ဖြစ်ပါသည်။
ယခုလာခဲ့သည့် နောက်ဘ၀ကိုကြည့်ပါ ဘယ်နှစ်ဘ၀လာခဲ့ပြီလည်း မပြောနိုင်ဖြစ်သည်၊ ဉာဏ်မရလျှင် ယခုဤဘ၀မှ ရှေ့ကို
ဘယ်နှစ်ဘ၀သွားရဖို့လည်း မပြောနိုင်ဖြစ်ပါသည်၊ ဉာဏ်ရပြီးဖြစ်လျှင် ရှေ့ကိုဘ၀သည် ခုနစ်ဘ၀သွားရမယ်ကို ပိုင်းဖြတ်၍ရသည်
သောတာပန်အဖြစ်နှင့်ပါ။ ပစ္စုပ္ပန်၌ ကိုယ်က ဉာဏ်ရအောင်တောလုပ်နေသည် သောတာပန်မဖြစ်သေ့ပါ၊ မဖြစ်သေ့သော်လည်း မြင်
တိုင်း ရုပ်နာမ်ပေါ်တိုင်းကို ဖြစ်ပျက်ဒုက္ခ, ဖြစ်ပျက်ဒုက္ခ ရှုတတ်သိတတ်လာသည်ဖြစ်လျှင် ၀ိပသ၁နာဉာဏ် ရနေပြီဖြစ်ပါသည်။ ထိုဝိပ
သ၁နာဉာဏ်နှင့်သေလျှင် ဒုတိယဘ၀၌ သောတာပန်ကိန်းသေဖြစ်သည်ကို လင်္ကာဖြင့်- လက်ရှိခန္ဓာ မတွယ်တာနှင့် နောင်လာဘဝ
မတောင်းတဘဲ ကြောင်းကြစွဲဖြင့် အမြဲမပြတ် ၀ိပသ၁နာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းမှန်မူ ထိုသည့်သူကား အယူမ
လွဲ ဂတိမြဲ၏ ဖြစ်ပျက်ကိုကြည့်နေပါသည်။
မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍၊ သေခါနီးမှ ငါသည် ၀ိပသ၁နာကိုလုပ်မယ်ဆိုလျှင် မရပါ ကြိုတင်လုပ် ထားရပါသည်။ မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲနေအောင်၊ ၀မ်းထဲ၌ သန္ဓေသားတည်လျှင် သန္ဓေသားကို မိခင်သည် စောင့်ရှောက်ရသည်။ ဖြစ်ပျက်ကိုမြင်လျှင် ၀ိပသ၁နာဉာဏ် မဂ္ဂင်သန္ဓေတည်နေပါပြီ၊ ထိုမဂ္ဂင်သန္ဓေကို ကိုယ်က သတိနှင့်ပြန်စောင့်ရပါသည်။
မဂ္ဂင်သန္ဓေ တည်မြဲနေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့်၊ ယခုဖြစ်ပျက်ရှုမှုကိုသိထားပါပြီ ထိုသိမှု
ကို မမေ့ပါစေနဲ့ မေ့ပစ်လိုက်လျှင် ဘုရားလည်းမကယ်နိုင်ပါ။ မေ့မပျောက်နှင့် ချွေးပေါက်ယိုစီး သေခါနီးဝယ်၊ သေခါနီးကိုယ်ခန္ဓာမှ
ဇောချွေးပြန်လာလျှင် ကိုယ်က တရားအလုပ်ကို လေ့ကျင့်ထားပြီဖြစ်၍ ခန္ဓာကြီးသည်ဒုက္ခသစ္စာ ဖြစ်ပျက်ဒုက္ခလို့သိနေလျှင်၊ ချွေး
ပေါက်ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ်ကိုရလိမ့်၊ မုချမဂ်ကိုရပြီး သောတာပန်ဖြစ်ပါသည်။
ကိစ္စမလျှော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရအုံ့၊ သေခါနီးကိုယ်က ၀ီရိယလည်းညံ့နေသည် သဒ္ဓါလည်းညံ့နေသည် ပါရ
မီလည်းညံ့နေ၍ မဂ်မရဖြစ်နေသည်၊ သို့သော်လည်း ထိုပုဂ္ဂိုလ်သည် ၀ိပသ၁နာဉာဏ်ကိုရထားပါသည်။ ကိစ္စမလျှော် အကြောင်းပေါ်
၍ မတော်တဆ မဂ်မရအုံ့ ဘ၀အစွန် တမလွန်တွင်၊ ယခုဘ၀၏အဆုံးအစွန်သည် သေစိတ်ဖြစ်သည်၊ အစွန်ဆုံးမှာသေသည် သေပြီး
နောက် တမလွန်ဘ၀ကိုရောက်သည်။ ပဋိစ္စသမုပ္ပါဒ်ဖြင့် နံပါတ်သုံးအကွက် ပစ္စုပ္ပန်အကြောင်းသည် ဘ၀အစွန်ဖြစ်သည်၊ နံပါန်လေး
အကွက် အနာဂါတ်အကျိုးသို့ရောက်သွားသည် အနာဂါတ်အကျိုးသည် တမလွန်ဘ၀ဖြစ်သည်။ ယခုဘ၀၌ နမော်နမဲ့ ကံနှင့်သေသည်
မဟုတ်ဘဲ ဉာဏ်နှင့်သေပြီး ဉာဏ်နှင့်သွားသည်ဖြစ်၍၊ ဘ၀အစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍၊ နတ်ပြည်
ရောက်သွားပါသည်။ ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍ မဖောက်ဧကန် သောတာအစစ် ဧကန်ဖြစ်သည် မလစ်ဝိပသ၁နာ အ
ကျိုးတည်း၊ ဒုတိယ နတ်ဘ၀ရောက်သည်နှင့် သောတာပန်ဖြစ်ပါသည်။
ကဗျာလင်္ကာဆရာများသည် ဆို၍နားထောင်ကောင်းအောင် ရေးထားဖွဲ့ဆိုထားခြင်းမဟုတ်ပါ၊ မြတ်စွာဘုရားကိုယ်တိုင် သော
တာနုဂတသုတ္တံ္က၌ ဟောထားသည်ကို ကိုယ်က ပါဠိကိုလည်းမကျက်နိုင် ကျက်ပြန်လျှင်လည်း အနက်ကိုမသိနိုင် အနက်ကိုသိပြန်လျှင်
လည်း အဓိပ္ပါယ်ကိုမရနိုင် အခက်အခဲအများကြီးရှိသည်။ မိုးကုတ်ဆရာတော်ကြီးသည် ပါဠိကို မြန်မာကဗျာဖြင့်ရေးဖွဲ့ထားသည်၊ ကျက်ပြီးထားလျှင် ကိုယ့်အတွက် ပစ္စုပ္ပန်၌အကျိုးရှိပြီး တမလွန်၌လည်း အကျိုးရှိဖို့လုံလောက်ပါသည်။
ဖြစ်ပျက်ကိုမမေ့စေရပါ ဖြစ်ပျက်ကိုမေ့သောသူသည် သေလမ်းသို့သွားပါမယ် ပမတ္တသ၁ ခေါ စတ္တာရော အပါယာ သကဂေဟ သဒိသာ၊ တရားကိုမေ့သည်ကိုမပြောနဲ့ ကုသိုလ်ကိုမေ့သည်တောင်မှ အပါယ်ကိုရောက်သည်၊ တရားကိုမမေ့လျှင် လုံးဝအပါယ်ကိုမ
သွားပါ။ ငါရို့က သေခါနီးကျလျှင် အပါယ်ကိုရောက်မှာကြောက်ကြရသည်။ ယင်းကြောင်း ဘုန်းကြီးတစ်ခါတလေ အပါယ်ရောက်မှာ
ကိုမကြောက်နဲ့ တရားပျောက်မှာကိုကြောက်ပါ ပြောဖူးပါသည်။ ခန္ဓာမှာတရားမပျောက်စေနဲ့ သတိနှင့်ထိန်းထားပါ၊ သတိနှင့်တရားကို ထိန်းထားလျှင် ကြိုးကွင်းကိုလည်မှာချည်ပြီး အပါယ်သို့ဆွဲချလျှင်လည်း မရနိုင်ပါ တရားရှိနေ၍ဖြစ်သည်။
ပစ္စုပ္ပန်အကြောင်း ကောင်းသွားခဲ့လျှင် အနာဂါတ်၌ ခန္ဓာဖြစ်ရသည်တောင် သောတာပန်အနေဖြင့်သွားဖြစ်လျှင် ဘ၀ကိုအဆုံး
သတ်၍ရပါပြီ ခုနစ်ဘ၀သာ ရှစ်ဘ၀မလာပါ၊ န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ၊ ရတနသုတ္တံထဲ၌ အရိယာရတနာ သောတာပန်ဂုဏ်ကို
ဟောထားသည်။ ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊ ဂမ္ဘီရ ပညေန သုတေသိတာနိ၊ နက်နဲသောပညာနှင့်ဟောထားသော အရိယာသ
စ္စာကို သိသွားပြီဖြစ်လျှင်၊ န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ၊ ရှစ်ခုမြောက်ဘ၀ကို မယူတောပါ။ မရေမတွက်နိုင်သောဘ၀ကို တစ်ခါတည်း
ဉာဏ်နှင့် ပိုင်းဖြတ်ပစ်လိုက်သည်၊ အညံ့စားသောတာပန်သည် ရှစ်ခုမြောက်ဘ၀၌ နိဗ္ဗာန်ကိုကူးပါသည်။ ဤအနေအထားသည် သာ
သနာတွင်းမှာဖြစ်ပါသည်၊ သာသနာတွင်းစကားသုံးကိုနားလည်ပါ သာသနာတွင်းသည် ၀ိပသ၁နာဉာဏ်ကိုကိုင်ထားသည်၊ ၀ိပသ၁
နာဉာဏ်ကိုမကိုင်သူသည် သာသနာတွင်းကို မရောက်နိုင်ပါ၊ ၀ိပသ၁နာဉာဏ်ကိုင်နည်းကို ပြောထားပြီးပါပြီ၊ မြင်တိုင်း ကြားတိုင်း
ဖြစ်ပျက်ရှုရမယ်ဖြစ်ပါသည်။ ယခု အချိန်စေ့ပြီဖြစ်၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment