စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်ဆယ့်နှစ်ပါး (သင်္ခါရ- ၀ိဉာဏ်- နာမ်)
စောစောက အင်္ဂါတစ်ဆယ့်နှစ်ပါးကိုကောက်သောအခါ ရုပ်နှင့်နာမ် ထွက်လာသည်၊ အ၀ိဇ္ဇာတရားကိုယ်သည် မောဟ နာမ်တရားဖြစ်သည်၊
စက်ဝိုင်းကိုကြည့်ပါ။ ဤအ၀ိဇ္ဇာကို တရားကိုယ်ကောက်လျှင် မောဟဆိုသော နာမ်တရားဖြစ်သည်၊ ယင်းမောဟသည်လည်း စာမှာရှိသော မော
ဟမဟုတ်ပါ၊ စိတ်ထဲ၌ရှိသော အမူအရာဖြစ်သည်။ စိတ်ထဲ၌ ထိုသဘောရှိပြီဖြစ်လျှင် မောဟဟူ၍သိပါ၊ သဝေထိုးမယီးချာနဲ့ ဟရေထားသော
မောဟမျိုးမဟုတ်ပါ၊ စိတ်၌ဖြစ်သော အမူအရာဖြစ်သည်။
သင်္ခါရအရ တရားကိုယ်သည် စေတနာကိုကောက်ထားပါသည်။ သင်္ခါရပါဠိစကားသည် ပြု ပြင်မှု အဓိပ္ပါယ်ထွက်သည်၊ ပြု ပြင်မှုတို့သည် နေ့
တိုင်း ခန္ဓာနှင့်လုပ်နေမှု၊ နေ့တိုင်း ပါးစပ်နှင့်ပြောဆိုမှု၊ နေ့တိုင်း စိတ်နှင့်ကြံစည်စဉ်းစားမှုတို့ဖြစ်သည်။ ခန္ဓာနှင့် လုပ်မှုဟူသမျှသည် ကာယသင်္ခါရ
ဖြစ်သည်၊ ပါးစပ်နှင့် ပြောဆိုမှုဟူသမျှသည် ၀စီသင်္ခါရဖြစ်သည်၊ စိတ်နှင့် ကြံစည်စဉ်းစားမှုဟူသမျှသည် စိတ္တသင်္ခါရဖြစ်ပါသည်။ မိမိတို့ ကိုယ့်ခန္ဓ
ာကိုယ်ကိုကြည့်လျှင် ငါ,သူမရှိပါ။ တနင်္ဂနွေတစ်ရက် ကုန်ဆုံးလျှင် သင်္ခါရနှင့်ကုန်သည်၊ တနင်္လာတစ်ရက် အင်္ဂါတစ်ရက်စသည်ဖြင့် ကုန်ဆုံးလျှင်
လည်း သင်္ခါရနှင်ကုန်ပါသည်။ အဖြေထုပ်ကြည့်သော် သင်္ခါရချည်းထွက်ပါသည်၊ တရားကိုမနာရ၍ သင်္ခါရတရားကို မကြားဖူးသောသူသည် ငါ
လုပ်သည် ငါပြောသည် ငါ့စိတ်နဲ့ငါစိတ်ကူးသည်၊ ငါချည်းထင်နေသည်။ သူလုပ်သည် သူပြောသည် သူစိတ်ကူသည်၊ သူချည်းထင်နေပါသည်။
သူငါထင်လျှင် မိဘလုပ်သည် မိဘပြောသည် မိဘစိတ်ကူးသည်၊ သားသမီးမြေးမြစ်တို့ကိုလည်း ဤအတိုင်းပြောသွားသည်၊ ထိုသဘောကို
ချုပ်ပြီးကြည်လျှင် သူငါထွက်သည်။ တရားကို မကြားဖူးသောခန္ဓာသည် ပြု ပြင်မှုသင်္ခါရအားလုံးကို ငါသူ အရှင်ခံထားပါသည်။ မွေးသက္ကရာဇ်က
နေပြီး ယခု ၁၃၆၉ ခုနှစ်ထိ ဖြတ်သန်းလာသော နှစ်များကိုကြည့်သော် သင်္ခါရကိုငါသူနဲ့ ငါလုပ်တယ် သူလုပ်တယ်ချည်းလာကြသည်၊ ထိုသ
ဘောသည် တရားကို မကြားဖူး၍ဖြစ်ပါသည်၊ တရားသည် တသီးတခြားမဟုတ် ခန္ဓာကိုယ်ကိုခေါ်ပါသည်။ နေ့တိုင်း ခန္ဓာကိုယ်နှင့်လုပ်နေမှု ပါး
စပ်နှင့်ပြောနေမှု စိတ်နှင့်ကြံတွေးနေမှုတို့သည် တရားဖြစ်ပါသည်။
တရားသည်ရှိနေသည် သို့သော်လည်း တရားကိုမသိကြပါ၊ အလှုသီလ ပုတီးမေတ္တာကို မသိတတ်၍ စာမတတ်၍ သီလမရှိ၍လည်းမဟုတ် ပါ၊ တရားကိုမနာဖူး၍ တရားကို မသိခြငိးဖြစ်ပါသည်။ နေ့တိုင်းလုပ်နေမှုသည် တခြားမဟုတ် သင်္ခါရတရားဖြစ်သည်၊ နေ့တိုင်းပြောဆိုမှု နေ့တိုင်း
ကြံစည်စဉ်းစားမှုတို့သည် သင်္ခါရတရားဖြစ်သည်၊ တနင်္ဂနွေတစ်ရက်၌ သင်္ခါရတရားမှတပါး တခြားမရှိပါ၊ အိမ်၌ ဆယ်ယောက်ရှိလျှင် ထိုဆယ်
ယောက်လုံး ထိုသင်္ခါရဖြစ်၍နေပါသည်။ သင်္ခါရကို တရားကိုယ်မကောက်တတ်သည်ဖြစ်၍ ငါသူ မိဘသားသမီး ကောက်ထားသည်၊ အမြင်အား
ဖြင့်လည်း မြင်ထားသည်၊ အယူအားဖြင့်လည်း ယူထားသည်၊ သင်္ခါရတရားဟူ၍ မြင်ဖို့ယူဖို့မတတ်ပါ။ သင်္ခါရကို အတွင်း၌ကြည့်လျှင် "စေတ နာ" တရားကိုယ်ကိုရပါသည်။ ခန္ဓာကိုယ်ကို ဓါးနှင့်ခွဲကြည်လျှင် အအူ,အသဲတွေ့လိမ့်မယ်ဖြစ်သည်၊ သဝေထိုးစလုံးယေစေ တ၀မ်းပူတ နငယ်ယီး
ချာနာကို တွေ့ရမယ်မဟုတ်ပါ၊ အလုပ်လုပ်ရန် စကားပြောဆိုရန် ကြံစည်စဉ်းစားရန်အတွက် တိုက်တွန်းစေ့ဆော် နှိုးဆော်သောသဘောကို စေ
တနာခေါ်ပါသည်။ ထိုစေတနာကို ဤပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း၌ သင်္ခါရခေါ်ထားပါသည်။
ပင်ရင်းသည် ပုဂ္ဂိုလ်သတ္တ၀ါ လူနတ်ဗြဟ္မာ အသက်လိပ်ပြာမဟုတ် စေတနာဖြစ်သည်။ ကိုယ်ခန္ဓာဖြင့် ထမှုထိုင်မှုသွားမှု၏ တရားကိုယ်သည်
စေတနာဖြစ်သည်ကို မြင်တတ်ရပါမယ်၊ ထိုသို့သိမြင်ခြင်းကို သမ္ဗောဓခေါ်ပါသည်။ ယခု စေတနာကို သိကြပါပြီ၊ စေတနာသည် အမဲအဖြူ အ
ကြောင်အကျား အလုံးအ၀ိုင်း အဆင်းနှင့်ပုံသဏ္ဌာန်ကို ပြော၍မရပါ၊ ထိုစေတနာကို မျက်စိဖြင့်မြင်ချင်၍ နားဖြင့်ကြားချင်၍ နှာခေါင်းဖြင့်နံချင်၍
လျှာဖြင့်လျက်ချင်၍မရပါ၊ ထိုစေတနာသည် မရှိသလားမေးလျှင် ရှိပါသည်၊ စေတနာကို ဉာဏ်နှင့်သာသိ၍ရသည်၊ ဉာဏ်နှင့်သာသိရ၍ ဉာဏ် သည် အသိခံဖြစ်ပါသည်။
ပြေးသွားနေသော လူတစ်ယောက်ကို စိုက်ပြီးဉာဏ်နှင့်ကြည့်လျှင် သင်္ခါရပေါ်နေပါသည်၊ ခြေတစ်လှမ်းချင်း သွားနေသူလည်း သင်္ခါရပြု ပြင်မှု
ပေါ်နေပါသည်။ ထို့အတူ ထိုင်နေသူ အိပ်နေသူတို့သည်လည်း သင်္ခါရပေါ်နေသည်၊ ယခုဆို တရားဟောနေသည် ပြောကြလိမ့်မယ်၊ သင်္ခါရဖြစ်
နေသည်ပြောလျှင် နားမလည်ကြပါ၊ တရားဟောနေသည်ပြောမှ အားလုံးသူ နားလည်ကြမယ်ဖြစ်သည်။ တရားဟောနေခြင်းသည် သင်္ခါရတော့
ဖြစ်နေသည်၊ သို့သော် ကိုယ့်ခန္ဓာ၌ တရားကိုကြည့်တတ် မြင်တတ်သောဉာဏ်သည် မပေါ်ဖြစ်ပါသည်။ တစ်ယောက်သည်ဈေးရောင်း တစ်ယေ
ာက်သည်ဈေးဝယ်သည်၌ စီးပြီးစိုက်ကြည့်လျှင် သင်္ခါရဖြစ်နေသည်၊ ထိုဈေးရောင်းဈေးဝယ်ကို သင်္ခါရဖြစ်နေသည်ပြောလျှင် တစ်ယောက်မှနားမ
လည်ဖြစ်ပါသည်။ တရားသည် တစ်ခုသာရှိ၍ နှစ်ခုမရှိပါ၊ ထိုတစ်ခုကို အမည်အမျိုးမျိုးနဲ့ နားလည်အောင် ပြောနေကြပါသည်၊ အမည်နာမနှင့်ပြေ
ာမှ ဈေးရောင်းဈေးဝယ်ကို နားလည်မယ်ဖြစ်သည်။ ဈေးရောင်းဈေးဝယ်သည် အခေါ်အဝေါ်အမည်ဖြစ်၍ သူ့ကို ပညတ်ခေါ်ပါသည်၊ အမှန်ရှိနေ သည့် ပရမတ်အစစ်သည် သင်္ခါရတရားဖြစ်ပါသည်။
သင်္ခါရပြော၍ နားမလည်ခြင်းသည် တရားနှင့်ဝေးကွာနေ၍ဖြစ်သည်၊ တရားနှင့်ဝေးကွာလာမှုသည် ဂင်္ဂါဝါဠုသဲစုမက ဘုရားပွင့်ခဲ့ပြီဖြစ်သည်၊
ထိုဘုရားပွင့်ခဲ့ပြီးဖြစ်သော သဘောတို့သည် ကိုယ်သည် တရားနှင့်ဝေးနေမှု ထင်ရှားပါသည်။ အတိတ်ဘ၀တို့၌ တရားနှင့်ဝေးကွာမှုကိုထား၍ ယခုပစ္စုပ္ပန်ဘ၀၌ မွေးဖွားသည့်လောက်ကပင် ယခုကိုယ်ရောက်နေသော အသက်တမ်းကိုကြည့်ပါ၊ တချို့က အသက်နှစ်ဆယ် အသက်သုံးဆ
ယ် အသက်လေးဆယ် အသက်ငါးဆယ် အသက်ခြောက်ဆယ် အသီးသီးပါလိမ့်မယ်၊ မိမိတို့သည် ထိုအသက်အပိုင်းထိ တရားနှင့်ဝေးနေသည်
ကို မသိကြဖြစ်သည်။
ယခု တရားနာ၍ တရားကို ကိုယ်ကနားလည်၍ ကြည့်မည်ဖြစ်လျှင် အရာရာတိုင်းမှာ ကြည့်၍ရတတ်ရပါမယ်၊ မိမိတို့ခန္ဓာကိုယ်ကို မလုပ်မ
ပြောဟူ၍လည်း တား၍မရပါ၊ ယင်းကြောင့် သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ အလုံးစုံသော သင်္ခါရတရားသည်မမြဲဖြစ်သည်၊ ယဒါ ပညာယ ပသ၁တိ၊
ဘုရား၏တရားကိုကြား၍ ဉာဏ်နှင့်သိလျှင် အားလုံးဒုက္ခဖြစ်နေသည်ကို သိ၍ရသွားပါသည်။ အမည်အမျိုးမျိုးကွဲပြားပြီး ဖြစ်ပုံအခြင်းအရာသည်
တစ်မျိုးတည်းဖြစ်သည်၊ တရားနာယူခြင်းသည်လည်း သင်္ခါရ၊ တရားဟောခြင်းသည်လည်း သင်္ခါရဖြစ်သည်။ ဤခန္ဓာကိုယ်နှင့် လှုပ်ရှားမှု ပြောဆို
မှု ကြံစည်စဉ်းစားမှုတို့သည် နေ့တိုင်းရှိနေပါသည်၊ ထိုလှုပ်ရှားပြောဆိုကြံစည်စဥးစားမှုတို့သည် သင်္ခါရဒုက္ခဖြစ်ပါသည်။ သင်္ခါရဒုက္ခကို မကြားဖူး
၍ မသိဖြစ်သည်၊ ယခုကြားဖူးပြီးဖြစ်၍ သင်္ခါရဒုက္ခ တရားကိုယ်ကို သိကြပြီးဖြစ်ပါသည်။ ငါ,သူ,ပုဂ္ဂိုလ်သတ္တ၀ါ လူနတ်ဗြဟ္မာမဟုတ်ပါ၊ သက်သ
က် သင်္ခါရဒုက္ခသာဖြစ်ပါသည်။
ယခု အင်္ဂါတစ်ဆယ့်နှစ်ပါး၌ ၀ိဉာဏ်အင်္ဂါဖြစ်ပါသည်၊ ၀ိဉာဏ်၌ ၀ိသည် ကွဲကွဲပြားပြား ခြားခြားနားနား အဓိပ္ပါယ်ထွက်ပြီး ဉာဏသည် သိသည် အဓိပ္ပါယ်ထွက်ပါသည်။ အသိသည် အသိတော့အသိဖြစ်သည်၊ သို့သော်လည်း တစ်ခုနှင့်တစ်ခု သိပုံချင်းမတူဘဲ ကွဲပြားနေသည့် သဘောကို ၀ိဉာဏ်ခေါ်သည်။ ၀ိဉာဏ်ကို တိုက်ရိုက်ပြန်ယူသောအခါ စိတ်လို့ပြန်သည်၊ အာရုံကိုသိတတ်သောသဘောကို စိတ်ခေါ်ပါသည်။ စိတ်သည် အာရုံကို တစ်သိနှင့်တစ်သိမတူဘဲ ကွဲပြားစွာသိနေသည်၊ မျက်စိ၌ဖြစ်သောစိတ်သည် မြင်မှုတစ်ခုသာသိပြီး ကြားဖို့မတတ်၊ နံဖို့မ တတ်၊ စားဖို့မတတ်၊ ထိသိဖို့မတတ်၊ ကြံတွေးဖို့လည်းမတတ်ဖြစ်သည်။ တကယ်လို့သာတတ်မယ်ဆိုလျှင် မျက်စိနှင့်နားသည် အနီးလေးဖြစ်၍ မျက်စိကန်းသူသည် နား၌ရှိသောဝိဉာဏ် ငါ့မျက်စိကိုလာပြီး မြင်ပေးပါပြောလျှင်လည်း နားသည် မျက်စိကိုသွားပြီး မြင်ဖို့မတတ်ပါ၊ နားသည် ကြားဖို့သာတတ်ပါသည်၊ ထိုသဘောကို ၀ိဉာဏ်ခေါ်ပါသည်။ ၀ိဉာဏ်သည် စက္ခုဝိဉာဏ် သောတ၀ိဉာဏ် ဃာန၀ိဉာဏ် ဇိဝှါဝိဉာဏ် ကာ ယ၀ိဉာဏ် မနောဝိဉာဏ်ဟူ၍ ၀ိဉာဏ်ခြောက်ပါးရှိသည်။ မူရင်းသည် ပါဠိဖြစ်၍ ပါဠိနှင့်ပြောရခြင်းဖြစ်ပါသည်။
ပါဠိသဘောတရားကို ရာနှုံးအများအားဖြင့် ဘုန်းကြီးများသာ သင်ယူခွင့်ရ၍ ဘုန်းကြီးများသည် သိကြသည်၊ လူတို့သည် စားဝတ်နေရေးများ
နဲ့ အလုပ်များပြီး ပါဠိကို လူတို့သည် သင်ယူခွင့်မရသည်ဖြစ်၍ မသိဖြစ်ရပါသည်။ လူတို့၌ အလှုသီလ ပုတီးမေတ္တာနှင့်ကျေနပ်နေပြီး သင်ယူရ
မှန်းကို မသိကြဖြစ်သည်၊ ယင်းကြောင့် လူသည် တရားသိမြင်မှုနည်းပြီး ဘုန်းကြီးများသည် တရားသိမြင်မှု များရခြင်းဖြစ်ပါသည်။ ဘုန်းကြီးများ
သည် တရားကို ကျကျနန သင်ပေးသောဆရာနှင့်တွေ့သောအခါ တစ်ခါတည်း သဘောပေါက်သွားသည်၊ လူတို့သည်ကား စားဝတ်နေရေးကိစ္စ
များနှင့် ထွေးချုပ်လျှက် အလုပ်များနှိပ်စက်ထားသည်ဖြစ်၍ တရားကိုမသိနိုင် မသင်ယူနိုင်ဖြစ်သည်။
ရဟန်းများသည် ထိုနှိပ်စက်မှုမှ ကင်းလွတ်ကြသည်၊ ရဟန်းများသည် သပိတ်ကိုပစ်လျက် အိမ်ထဲဝင်သွားလျှင် တစ်အိမ်တစ်ဇွန်းနဲ့ ဆယ်အိမ်
ဆယ်ဇွန်းဖြစ်လျှင် တစ်နေ့တာဝမ်းရေးအတွက် အဆင်ပြေသွားသည်။ တစ်ရက်မှာ ရဟန်းတစ်ပါးသည် ၀မ်းရေးအတွက် နှစ်နာရီလောက်သာ အလုပ်လုပ်လျှင် တစ်ရက်အတွက် ငြိမ်းအေးပါသည်၊ ခန္ဓာကိုယ်ကိုစောင့်ရန် အာဟာရအတွက် ဘုရားချပေးထားသောလမ်းသည် အင်မတန်
ကောင်းပါသည်။ ကျံသောအချိန်၌ ရဟန်းတော်များသည် တရားဘက်ကိုချည်း အချိန်ပေး၍ရသွားသည်၊ တကာတကာမတို့၌ ထိုကဲသို့ တရားဘ
က်ကို အချိန်မပေးနိုင်ဖြစ်သည်။
ယခု တကာတကာမတို့ ကံကောင်းသည်လို့ဆိုနိုင်သည်၊ ကိုယ့်မှာရှာထားသော ပစ္စည်းပစ္စယနှင့် သာသနာကို ကြည်ညိုသက်ဝင်၍ ဆွမ်း,
သင်္ကန်း,ကျောင်း,ဆေး ပစ္စည်းလေးပါးတို့ဖြင့် ကိုယ်စွန်းနိုင်သလောက် ထောက်ပံ့ကြသည်၊ ထိုသို့ထောက်ပံ့ကြသည်ဖြစ်၍ သာသနာက ထိုေ
ထာက်ပံ့သော ကျေးဇူးကိုသိသောအနေဖြင့် သာသနာမှသိသောအသိကို ပို့ချပေးသည်။ ဤအသိသည် ကောင်းသည်၊ ဤကဲသို့သိလျှင် ထော
က်တည်ရာကိုရလျက် စိတ်အေးချမ်းသည်၊ အပူဘက်ကိုမယိမ်းယဉ်ဘဲ အေးချမ်းသောနေရာ၌ ရပ်တည်၍ရနိုင်သည်၊ ငါသူမဟုတ် ရုပ်နာမ်ဖြစ်သ
ည်စသည်ဖြင့် ထိုသဘောတို့သည် သင်ပေးခြင်းဖြစ်ပါသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တစ်ဦးကိုတစ်ဦး ကျေးဇူးပြုနေခြင်းဖြစ်သည်။
တကာတကာမတို့သည် ပစ္စည်းလေးပါး မထောက်ပံ့လျှင်လည်း တရားရှာရန်ခက်ခဲ့ပါသည်၊ တရားအသိကို တကာတကာမများကို မပို့ချမ
ဟောကြားလျှင်လည်း တကာတကာမတို့သည် တရားကို မသိနိုင်ဖြစ်သည်။ ဥဘော အညောည နိသ၁ိတာ၊ တစ်ဦးကိုတစ်ဦး အသီးအသီး
ကျေးဇူးပြုနေကြပါသည်။
ဝိဉာဏ်ကို ရိုးရိုးကြည့်လျှင် သိစိတ်ဖြစ်သည်၊ သို့သော် သိပုံချင်းကွဲပြားနေသည်။ မြင်စိတ်သည် မြင်ဖို့သာတတ်ပြီး ကြားဖို့မတတ်ဖြစ်သည်၊
ကြားစိတ်သည် ကြားဖို့သာတတ်ပြီး မြင်ဖို့မတတ်ဖြစ်သည်၊ နံစိတ်သည် နံဖို့တတ်ပြီး မြင်ဖို့ကြားဖို့မတတ်ဖြစ်သည်၊ စားစိတ်သည် စားဖို့တတ်ပြီး
မြင်ဖို့ကြားဖို့နံဖို့မတတ်ဖြစ်သည်၊ ထိလျှင်သိသော ထိသိစိတ်သည် ထိသိစိတ်ဖြစ်ဖို့တတ်ပြီး မြင်ဖို့ကြားဖို့နံဖို့စားဖို့မတတ်ဖြစ်သည်၊ ကြံတွေးစိတ်
သည် ကြံတွေးစိတ်ဖြစ်ဖို့တတ်ပြီး မြင်ဖို့ကြားဖို့နံဖို့စားဖို့ထသိဖို့မတတ်ဖြစ်သည်။ ဤစိတ်ခြောက်မျိုးသည် စာထဲမှာမဟုတ်ပါ၊ ကိုယ့်ခန္ဓာမှာ မွေး
ဖွားသည့်လောက်ကပင် ယနေ့ထိ ဖြစ်ရှိနေသည်၊ ထိုစိတ်ခြောက်မျိုးကို ကိုယ့်ဉာဏ်နှင့်ကြည့်လျှင် ငါသူပြော၍မရပါ။ သိစိတ်ဝိဉာဏ်ကို တဖန် ပဋိသန္ဓေ၀ိပါက်ဝိဉာဏ် ပ၀တ္တိဝိပါက်ဝိဉာဏ်ဆိုသောအခါ စာသမားသာနားလည်ပြီး တကာတကာမတို့က နားမလည်နိုင်ဖြစ်သည်၊ ပဋိသန္ဓေ ၀ိပါက်ဝိဉာဏ်သည် မိခင်ဝမ်းတွင်း၌ စ၍ဖြစ်သော သိစိတ်ဖြစ်ပါသည်။
ပ၀တ္တိဝိပါက်ဝိဉာဏ် အဓိပ္ပါယ်သည် ခုနားကပြောပြီးဖြစ်သော မြင်စိတ်,ကြားစိတ်,နံစိတ်,စားစိတ်,ထိသိစိတ်,ကြံတွေးစိတ်တို့ဖြစ်သည်။ ပဝ
တ္တိကို ရွာစကားနှင့်ပြောလျှင် မိခင်ဝမ်းမှ မွေးဖွားသည့်နောက် အပြင်ကို ရောက်လာသည်ကိုခေါ်သည်၊ အပြင်ကိုရောက်လာသောအခါ၌ မြင်ဖို့
တတ်လာသောစိတ်,ကြားဖို့တတ်လာသောစိတ်,နံဖို့တတ်လာသောစိတ်,စားဖို့တတ်လာသောစိတ်,ထိသိဖို့တတ်လာသောစိတ်,ကြံတွေးဖို့တတ်
လာသောစိတ်ကို ပ၀တ္တိစိတ်ခေါ်ပါသည်။ မိခင်ဝမ်းတွင်း၌ မြင်ဖို့ကြားဖို့မတတ်ဖြစ်သည်၊ အပြင်ကိုရောက်၍ မြင်တတ်ကြားတတ်လာသည်ကို စာစကားဖြင့် ပ၀တ္တိဝိဉာဏ်ခေါ်သည်။ ပ၀တ္တိဝိဉာဏ်ကို ဖတ်တတ်သည်၊ ရေးလည်းရေးတတ်သည် သို့သော် အဓိပ္ပါယ်ကိုတောမသိကြပါ၊ ပဝ
တ္တိဝိဉာဏ်သည် သင်္ဂြိုဟ်ကျမ်း အဘိဓမ္မာကျမ်း၌ ရှိသည်ယူလျှင် လွဲမှားပါသည်။ သင်္ဂြိုဟ်ကျမ်းကို မသင်ဖူးသောပုဂ္ဂိုလ်ကို စိတ်စေတသိက်တို့ ကိုပြောလျှင် တစ်လုံးမှ နားမလည်ဖြစ်သည်၊ သင်္ဂြိုဟ်ကျမ်း အဘိဓမ္မာကျမ်းတို့သည် ဤခန္ဓာ၌ အမှန်ရှိသည်တို့ကို ရေးမှတ်ထားသော မှတ်တမ်းဖြစ်ပါသည်။ မှတ်တမ်းသည် အတုဖြစ်၍ ခန္ဓာသည် အစစ်ဖြစ်သည်၊ မှတ်တမ်းကိုဖတ်လျက် ဤခန္ဓာကို ကြည့်ရမယ်ဖြစ်ပါသည်။
မြင်စိတ်ကြားစိတ်ကို စာထဲမှာသွားမကြည့်ရပါ၊ စာထဲမှာသွားကြည့်လျှင် သညာကိုရပါလိမ့်မယ် ပညာကိုမရပါ၊ ပညာရလိုလျှင် ခန္ဓာမှာကြည့်
ရပါသည်။ ကိုယ့်ခန္ဓာမှာ မြင်စိတ်,ကြားစိတ်,နံစိတ်,စားစိတ်,ထိသိစိတ်,ကြံတွေးစိတ်ရှိသည်၊ မျက်စိဖြင့် မြင်စရာကိုမြင်လျှင် ယောက်ျားမိန်းမ ပုဂ္ဂို
လ်သတ္တ၀ါ လူနတ်ဗြဟ္မာ အသက်လိပ်ပြာမဖြစ်လာဘဲ မြင်စိတ်ဖြစ်လာပါသည်။ ထိုသဘောသည် ယခုမှမဟုတ်ဘဲ မွေးဖွားသည့်လောက်ကပင်
မြင်စိတ်ဖြစ်နေကြသည်၊ ယင်းမြင်စိတ်ကို ဘုရားတရားကိုမနာဖူးသည်ဖြစ်၍ ငါမြင်သည် ယူထားသည်။ အပြောမှာတော့ ငါမြင်သည်ပြောဆို၍ရ
သည် သဘောမှာမယူရပါ၊ ငါမြင်သည်မပြောဘဲ မြင်စိတ်ဖြစ်နေသည်ပြောလျှင် တစ်ယောက်မှ နားမလည်ဖြစ်သည်၊ အပြော၌ အများနားလည်
အောင် ပြောရခြင်းကို သမုတိသစ္စာခေါ်ပါသည်။ ရခိုင်က ငါမြင်သည်စကားကို ကုလားကိုပြော၍ နားမလည်ဖြစ်သည်၊ ကုလားကို ကုလားဝေါ
ဟာရနှင့်ပြောမှ နားလည်မယ်ဖြစ်သည်။ အင်္ဂလိပ်ကို အင်္ဂလိပ်ဝေါဟာရနှင့်ပြောမှ,တရုပ်ကို တရုပ်ဝေါဟာရနှင့်ပြောမှ နားလည်ကြမယ်ဖြစ်သ
ည်။ သို့သော် ဝေါဟာရတို့သည် မြင်စိတ်ကို ပြောခြင်းသာဖြစ်သည်။ မြင်စိတ်တစ်ခုတည်းကို ဝေါဟာရအမျိုးမျိုးနဲ့ ပြောနေကြသည်၊ ထိုသို့ပြော
သည့်တိုင်အောင် လူမျိုးချင်း ဘာသာချင်းတူသော်လည်း လေသံအနည်းငယ်ကွဲသွားလျှင် နားမလည်ဖြစ်ပါသည်။
စကားဝေါဟာရကို အမျိုးမျိုးသုံးလျက် စိတ်ကတော မြင်စိတ်တစ်ခုတည်းသာ ဖြစ်ကြပါသည်။ ရခိုင်လည်း မြင်စိတ်ဖြစ်သည်၊ ကုလားလည်း
မြင်စိတ်ဖြစ်သည်၊ ရှမ်း,ဗမာ,မွန်စသည်ဖြင့် မျက်စိကမြင်လျှင် မြင်စိတ်တစ်ခုသာပေါ်ပြီး တခြားအရာမပေါ်ဖြစ်သည်၊ ပုဂ္ဂိုလ်သတ္တ၀ါ အသက်ဇီဝ
လိပ်ပြာမပေါ်ဘဲ မြင်စိတ်ချည်းပေါ်ပါသည်။ မြင်စိတ်ပေါ်မှုသည် ယခုမှမဟုတ်ဘဲ မွေးဖွားသည်ကပင် ယခု အသက်ငါးဆယ်ခြောက်ဆယ်ထိ ရေ
ာက်နေကြပြီးဖြစ်သည်။ သက္ကရာဇ်နှင့်ဆိုလျှင် ယခု ၁၃၆၉ ခုသို့ ရောက်နေပါပြီ၊ ဖြစ်နေသောမြင်စိတ်ကို စိတ်ဖြစ်နေသည်မသိဘဲ ငါမြင်နေသည်
သာသိခဲ့သည်။ နောက်တစ်ယောက်ကို နင်မြင်သလား ကြည့်ပါဆိုလျှင် ထိုသူသည်လည်း ငါမြင်သည်၊ နောက်တစ်ယောက်လည်း မြင်စိတ်
ကို ငါယူပြန်ပါသည်။ တရားပျောက်ပြီး အားလုံး မြင်စိတ်ကို ငါသူမြင်နေကြပါသည်။
တရားကိုသိလိုလျှင် မြင်စိတ်ဖြစ်နေသည် သိပေးရပါမယ်၊ စိတ်ဖြစ်နေသည်သိလျှင် ငါသူပျောက်သွားပါသည်။ တစ်ယောက်နှင့်တစ်ယောက်
နင်စိတ်ဖြစ်နေသလားမမေးပါ၊ နင်မြင်သလား မေးကြသည်၊ ထိုအပြောသည် ဝေါဟာရဖြစ်၍ သမုတိသစ္စာခေါ်ပါသည်။ စကားပြောသောအခါ သမုတ္တိသစ္စာနှင့်ပြော၍ စိတ်ထဲ၌ ပရမတ္ထသစ္စာနှင့် အမှန်သိပေးရသည်၊ ပါးစပ်၌ ငါမြင်သည်ပြောသလို စိတ်ထဲ၌လည်း ငါသိထားလျှင် အတ္တ၀ါဒ
ဒိဋ္ဌိဖြစ်သည်။ ဥပါဒါန်အင်္ဂါ၌ ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တ၀ါဒုပါဒါန်တို့တွင် အတ္တ၀ါဒုပါဒါန်ဖြစ်သည်၊ ငါသူအပြော၌ တကယ့်ငါသူ ယူထားစွဲ ထားခြင်းဖြစ်သည်။ ယင်းအစွဲအယူသည် စာတတ်သူ စာမတတ်သူ, ဂုဏ်ရှိသူ ဂုဏ်မရှိသူ, အရုပ်လှသူ အရုပ်မလှသူ, ချမ်းသာသူ ဆင်းရဲသူအ
ားလုံးတို့သည် ငါသူစွဲယူထားကြသည်၊ ထိုသို့ စွဲယူထားခြင်းသည် အတ္တ၀ါဒုပါဒါန်ဖြစ်ပါသည်။
အတ္တ၀ါဒုပါဒါန် ပြုတ်လိုလျှင် သူ့ကို အမှန်အတိုင်းသိပေးရသည်၊ ပါးစပ်မှာမဟုတ်ဘဲ စိတ်မှာပြုတ်ရပါသည်၊ သိပေးလျှင်လည်း စိတ်၌ သိပေးရ
ပါသည်၊ ထိုသို့သိပေးမှသာ အမှန်ကျပါသည်။ ဖြစ်ပေါ်နေသည်က ၀ိဉာဏ် စိတ်ဖြစ်နေပါသည်။ မျက်စိ၌မြင်တိုင်း မြင်စိတ်၊ နား၌ကြားတိုင်း ကြား
စိတ်၊ နှာခေါင်း၌နံတိုင်း နံစိတ်၊ လျှာနှင့်စားတိုင်း စားစိတ်၊ ခန္ဓာနှင့်ထိတိုင်း ထိသိစိတ်၊ စိတ်ကကြံတွေးတိုင်း ကြံတွေးစိတ်တို့ဖြစ်နေပါသည်။ ငါသူ
မဟုတ် စိတ်ဖြစ်နေကြသည်ကို သိနေလျှင် တရားကို သိနေခြင်းဖြစ်ပါသည်။ မမေ့ပါစေနဲ့ တကာတကာမတို့အတွက် ကျေးဇူးများသွားပါပြီ၊ တ
ကာတကာမတို့က အလွယ်လေးပြောပါလိမ့်မယ်၊ မလွယ်ဘဲရှိမယ်လား တကာတကာမတို့မှာ ဘုရားရှိနေပါသည်။ ဘုရားတရားကိုမကြားဖူး၍
ကိုယ့်အတွက် ဆယ်စုနှစ် နှစ်စုသုံးစု လွန်ကုန်ပြီးသည်ကို စဉ်းစားကြည့်ပါ၊ ဘုရားရှိလျက်နှင့် ဘုရားတရားကို မကြားဖူးဘဲ အချိန်ကုန်လွန်ခဲပါ
သည်။ ယခု ဘုရားတရားကို ကြားသောအခါ၌လည်း ငှက်ပျောသီးကို အခွံခွာစားသည်လောက် မခက်ပါ၊ အသာလေး စိတ်ကိုဝပ်ပေးပြီး သိပေးရုံ
သာဖြစ်ပါသည်။ စိတ်ဖြစ်နေသည်ကိုသိလျှင် တရားကို သိနေသည်ဖြစ်ပါသည်၊ တရားကို သီးခြားအနေဖြင့် ရှာနေစရာမလိုဘဲ တရားသည် ကိုယ့်ခန္ဓာဖြစ်ပါသည်။
မဟာသတိပဋ္ဌာနသုတ်မှာ စိတ္တေ စိတ္တာနုပသ၁ီ ၀ိဟာရတိ ဘုရားဟောထားပါသည်။ တရားကိုသိလိုလျှင် စိတ်ကို စိတ်လို့သိပါ၊ စိတ်ကို စိတ်
လို့သိလျှင် အသိသည် မှန်နေပါသည်။ အသိမှန်နေလျှင် မသိမှုအ၀ိဇ္ဇာသည် ကွာသွားပါသည်၊ အ၀ိဇ္ဇာကွာသွားလျှင် ၀ိဇ္ဇာဝင်ရောက်လာပါသည်။
ပထမ အ၀ိဇ္ဇက ငါ,သူ,မိဘ ဆွေမျိုးဉာတကာသိရန် သင်ပေးပါသည်၊ ယခု ဘုရားတရားကိုကြား၍ မျက်စိကမြင်လိုက်လျှင် မြင်စိတ်, နားကကြား
လိုက်လျှင် ကြားစိတ်, နှာခေါင်းကနံလိုက်လျှင် နံစိတ်, လျှာကစားလိုက်လျှင် စားစိတ်, ခန္ဓာကိုယ်နှင့်ထိလိုက်လျှင် ထိသိစိတ်, ကြံတွေးလိုက်လျှင်
ကြံတွေးစိတ်၊ ထိုသို့သိနေခြင်းသည် တရားကို သိခြင်းဖြစ်သည်။ တရားကိုရှာလျှင် ခန္ဓာမှာတွေ့သည်ဖြစ်၍ ယခုသည် ခန္ဓာသို့ ဉာဏ်ရောက်
သွားပါသည်၊ ထို့ကြောင့် ခန္ဓာဉာဏ်ရောက် တရားခေါ်သည်။
စိတ္တေ စိတ္တာနုပသ၁ီ ၀ိဟာရတိ၊ စိတ်ကို စိတ်လောက်သာ သိနေရမည်လားဟုမေးလျှင် မဟုတ်ပါ၊ သမုဒယဓမ္မာနုပသ၁ီဝါ စိတ္တသ္မိံ ၀ိဟာရတိ
၊ ၀ယဓမ္မာနုပသ၁ီဝါ စိတ္တသ္မိံ ၀ိဟာရတိ၊ စိတ်ကို စိတ်သိပြီးနောက် ယင်းစိတ် ဖြစ်မှုပျက်မှုကို မြင်အောင်ကြည့်ရသည်၊ ယင်းသဘောသည် တရား
ကို မြင်အောင်ကြည့်နေပါသည်။ မြင်စိတ်သည် ဖြစ်လည်းဖြစ်သည် ပျက်လည်းပျက်သည်၊ စိတ်ခေါ်သော ၀ိဉာဏက္ခန္ဓာသည် ဖြစ်ပြီးလျှင် ပျက်
သွားပါသည်။ ငါရို့က မိခင်မွေးလိုက်သောခန္ဓာသည် ယခုထိ ရှိနေသည်ဟု ထင်မှတ်နေသည်၊ ယခုထိရှိနေသည်မဟုတ်ပါ စိတ်သည် ယခုဖြစ်၍
ယခုပင်ပျက်နေပါသည်။
စိတ်သည် ပဋိသန္ဓေစိတ် ပ၀တ္တိစိတ်နှစ်မျိုးရှိသည်၊ ပဋိသန္ဓေစိတ်သည်လည်း ယခုဖြစ် ယခုပျက်သည်။ ယခု မိမိတို့၌ စိတ်ဖြစ်နေမှုသည် ငါးမိ
နစ်မကြာပါ၊ စိတ်သည် ယခုဖြတ်ဆိုဖြစ်ပြီး ပျက်သွားပါသည်၊ ထိုဖြစ်ပျက်သဘောကို မိမိတို့က မြင်ပေးနေမှ တရားကိုမြင်ပါသည်။ ဘုရားဟော
သောပါဠိတော်၌ သမုဒယဓမ္မာနုပသ၁ီဝါ စိတ္တသ္မိံ ၀ိဟာရတိ၊ ၀ယဓမ္မာနုပသ၁ီဝါ စိတ္တသ္မိံ ၀ိဟာရတိ၊ စိတ်အဖြစ်အပျက်ကို မြင်အောင်ကြည့်ပါ
ဟောထားသည်၊ အဖြစ်အပျက်ကိုမြင်လျှင် ဉာဏ်ရသွားပါသည်၊ တရားကိုမြင်၍ မသေသောနိဗ္ဗာန်လမ်းသည် ပွင့်သွားပါသည်။ ၀ိဉာဏ်တရား
ကိုယ်သည် လူကိုယ် နတ်ကိုယ် ဗြဟ္မာကိုယ် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကိုယ်မဟုတ် စိတ်ကိုယ်ဖြစ်ပါသည်။ မျက်စိကရုပ် မြင်စိတ်ကနာမ်
ရုပ်နာမ်ဘဲဖြစ်နေပါသည်၊ ယခု ငါသူမရှိ ထွက်သွားပါပြီ။
တကာတကာမတို့ နားလည်ရမှာက ငါသူမရှိခြင်းသည် အပြောမှာရှိပြီး သဘောမှာမရှိရပါ၊ အပြော၌ သူများနားလည်အောင် ငါသူနှင့်ပြောရ
ပါသည်။ သို့သော် အပြောကသီးခြား အသိက သီးခြားဖြစ်ပါသည်၊ သဘောကို ကွဲပြားစွာသိသွားသည်ကို သမ္မာဒိဋ္ဌိဉာဏ်ခေါ်ပါသည်။ အပြော
လည်းငါ သဘော၌လည်းငါ ထွေးယှက်ပြီး သိနေခြင်းသည် မိစ္ဆာဒိဋ္ဌိဖြစ်သည်၊ မိစ္ဆာတော ပသ၁တီတိ ဒိဋ္ဌိ၊ မှားယွင်းထွေးယှက်သိနေခြင်း။ တ
ကာတကာမတို့ ယခုသည် အပြောနှင့်သဘောကို ကွဲပြားစွာသိသွားပြီဖြစ်၍ သမ္မာဒိဋ္ဌိ အမြင်မှန်ရသွားပါသည်။
ဝိဉာဏ်,တရားကိုယ်ပြီးလျှင် နာမ်,တရားကိုယ်ဖြစ်သည်။ နာမ်တရားကိုယ်သည် အမှတ်ကိုခေါ်ပါသည်၊ မြင်လျှင် မှတ်ထားပါသည်၊ မြင်စိတ်
တစ်မျိုး မှတ်စိတ်တစ်မျိုးဖြစ်သည်၊ တစ်စိတ်နှင့်တစ်စိတ် မတူဖြစ်သည်၊ ဤနေရာ၌ အမှတ်ကို နာမ်ခေါ်သည်။ မြင်လျှင် အမှတ်ပါသည်၊ ကြားလျှင်
အမှတ်ပါသည်၊ နံလျှင် အမှတ်ပါသည်၊ စားလျှင် အမှတ်ပါသည်၊ ထိတွေ့လျှင် အမှတ်ပါသည်၊ ကြံတွေးလျှင် အမှတ်ပါသည်။ မြင်၍မှတ်သည်၌ အ
နီ,အ၀ါ,အကြောင်,အကျား,အလုံး,အ၀ိုင်းစသည်တို့သည် အမှတ်ဖြစ်သည်၊ မြင်မှုသည်စိတ် မှတ်မှုသည် စေတသိက်ဖြစ်သည်။ ရပ်ထဲရွာထဲ၌ စေ
တသိက်ပြော၍ နားမလည်ဖြစ်သည်၊ အဘိဓမ္မာစကားဖြင့် အမှတ်ကို စေတသိက်အသုံးရေးထားသော အဘိဓမ္မာကျမ်းစာများကိုဖတ်လျှင် စေတ
သိက်,စေတသိက်တွေ့ပါမယ်၊ ထိုစေတသိက်အစစ်သည် မြင်သည်၌ မှတ်သည်၊ ကြားသည်၌ မှတ်သည်၊ နံသည်၌ မှတ်သည်၊ စားသည်၌ မှတ်
သည်၊ ထိတွေ့သည်၌ မှတ်သည်၊ ကြံတွေးသည်၌ မှတ်သည်တို့ကို တွေ့ပါလိမ့်မယ်။ အမှတ်ရှိသည်ဖြစ်၍ လွန်ခဲ့သော ဆယ်နှစ်လောက်ကအ
မှတ်ကို စဉ်းစားကြည့်လျှင် ရိတ်ခနဲ အမှတ်ပေါ်လာပါသည်။
မြင်မှုကြားမှုစသည်၌ ဖြစ်ပေါ်သောအမှတ်ကို ပါဠိစကားဖြင့် သညာခေါ်သည်။ သညာ၌ ရူပသညာ အရုပ်အဆင်းကိုမှတ်မှု၊ သဒ္ဒသညာ အသံ
ကိုမှတ်မှု၊ ဂန္ဓသညာ အနံ့ကိုမျတ်မှု၊ ရသသညာ စားစရာကိုမှတ်မှု၊ ဖောဋ္ဌဗ္ဗသညာ လုပ်ကိုင်စရာကိုမှတ်မှု၊ ဓမ္မသညာ အမျိုးမျိုးသော အသိကိုမှတ်
မှုအားဖြင့် အမှတ်ခြောက်ပါးရှိသည်။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာ ဓမ္မသညာ ဤကဲသို့ တန်းပြီးဟောလျှင် တ
ရားဟောကောင်းသည်ဆိုပြီး တရားဆုံးလျှင် သာဓုခေါ်ပါမယ်၊ တရားနာမှုကြောင့် ကုသိုလ်တော့ရ၍ ခန္ဓာမှာ ဉာဏ်ပျောက်နေပါသည်။ ယခု အမှတ်ကို ဖေါ်ဟောသောအခါ ဟောသောပုဂ္ဂိုလ်၏ တရားစကားများမှာမဟုတ်ဘဲ ကိုယ့်ခန္ဓာကို သိသွားပါသည်၊ တရားကိုမကြားဖူး၍ တရား
ကိုယ်မကောက်တတ်သူကအမှတ်ကိုငါယူလိုက်သည်။ သညာလို့ပါဠိဖြင့်မရပစေ အမှတ်သည် ကိုယ့်ခန္ဓာ ရှိနေသည်ကိုသိပေးပါ၊ ငါချည်းသိနေမှုဖြင့် ကိုယ့်အမျိုးထဲ၌ သေဆုံးသောပုဂ္ဂိုလ်များ အေ၇အ တွက်များခဲ့ပါပြီ၊ မိဘဘိုးဘွား အဇူအဇာတို့သည် အမှတ်ကို တရားလို့မသိဘဲ ငါလို့သိပြီး ငါ,ငါနဲ့ သေသွားခဲ့ပါသည်။ ပါဠိစကားဖြင့် သညံ အတ္တ
တော သမနုပသ၁တိ၊ သည၀န္တံဝါ အတ္တာနံ၊ အတ္တနိဝါ သညံ၊ သညသ္မိံဝါ အတ္တာနံ၊ သညာကို ငါ,ငါလို့ယူထားသော သက္ကာယဒိဋ္ဌိကို လေးချက်ခွဲ
ထားပါသည်။ အမှတ်ကို ငါ,ငါယူထားခြင်းသည် ဘုရားတရားကိုမကြားဖူး၍ ယူခြင်းမျိုးဖြစ်သည်၊ သညာခေါ်သောအမှတ်သည် ငါသူမဟုတ် တ
ရားဖြစ်ပါသည်။
ပါဠိဘာသာဖြင့် ပြောဖို့မတတ်သော်လည်း မိမိတို့ဘာသာဖြင့် အမှတ်တရားပြောတတ်ပါသည်၊ ပါဠိသံဖြင့် သညာက္ခန္ဓာပြောမှ တရားလို့မ
ထင်ပါနဲ့၊ ခန္ဓာကို ဉာဏ်ရောက်လျှင် တရားဖြစ်ပါသည်။ ခန္ဓာကိုယ်မှာပေါ်လာသော အမှတ်ကိုအမှတ်အတိုင်း သိသွားလျှင် ငါသူမဟုတ် ပုဂ္ဂို
လ်သတ္တ၀ါ အသက်ဇီဝမဟုတ်သည်ကို သိသွားပါသည်။ ထိုသိမှုသည် သမ္မဒသ၁နခေါ်သည်၊ သမ္မဒသ၁နအဓိပ္ပါယ်သည် အမြင်မှန်ချင်းသွား
မှုကို ဆိုပါသည်။ စက်ဝိုင်းအထဲ၌ နာမ်ရေးထားသည်၌မဟုတ်ဘဲ အမှတ်သည် ခန္ဓာမှာဖြစ်သည်၊ ခန္ဓာဖြစ်သော အမှတ်ကို အမှတ်အတိုင်းသိ
လျှင် တရားကို သိသည်မည်ပါသည်။ အမှတ်ကို ငါ ပုဂ္ဂိုလ်သတ္တ၀ါ အသက်ဇီဝသိနေလျှင် တရားအသိသည် ကိုယ့်ခန္ဓာထဲ၌ ပျောက်နေပါသည်၊
တရားအသိပျောက်ရခြင်းသည် အမှန်မသိ၍ဖြစ်သည်၊ အမှန်သိလျှင် တရားအသိသည် ပေါ်လာပါသည်။
မြတ်စွာဘုရားသည် သညာကို ဓမ္မဟောထားပါသည်၊ ဓမ္မေ ဓမ္မာနုပသ၁ီ ၀ိဟာရတိ၊ တရားကို တရားလို့သိပါ၊ အမှတ်ကို အမှတ်သိနေခြင်း
သည် တရားကို တရားလို့သိနေခြင်းဖြစ်သည်။ နိဗ္ဗာန်သွားမယ့်သူဖြစ်လျှင် ထိုဤသိမနေဘဲ တရားကို တရားလို့သိရပါမယ်၊ တရားကို တရား
လို့မသိလျှင် အလှူသီလ ပုတီးမေတ္တာ ကုသိုလ်ပိုင်းနဲ့ သံသရာ၌ မဆုံးတမ်းသွားနိုင်သည်။ အလှူသီလ ပုတီးမေတ္တာသည် တရားပိုင်းမဟုတ် ကု
သိုလ်ပိုင်းဖြစ်သည်။ အလှူသီလ ပုတီးမေတ္တာနဲ့လာ၍ ယခု ဤဘ၀အဖြစ်သို့ ရောက်နေပြီးဖြစ်သည်၊ ရှေ့ကိုလည်း အလှူသီလ ပုတီးမေတ္တာ ကု
သိုလ်ပိုင်းနဲ့ သွားမည်ဖြစ်လျှင် ဤအဖြစ်သည် မဆုံးနိုင်ပါ၊ တရားကိုသိလျှင် အဖြစ်ဘ၀သည် ကုံဆုံးပါသည်။
တရားကို ဘုရားသာသနာ အတွင်းမှာမှ သိ၍ရပါသည်၊ ဘုရားသာသနာမရှိလျှင် တရားကို လုံးဝသိ၍မရပါ။ ဘုရားမရှိလျှင် တရားဟောသူ
မရှိပါ၊ တရားကို ဘုရားသာဟော၍ ဘုရားမှတပါး တခြားသူဟော၍မရပါ၊ တခြားသူသည် အလှူသီလ ပုတီးမေတ္တာထက် အထက်တက်၍ မ
ဟောပါ။ ယခု ဘုရားဟောထားပါသည် နာမ်သည် အမှတ်ဖြစ်သည်၊ ထိုအမှတ်သည် မြင်သည်၌မှတ်ထားသည်၊ ကြားသည်၌ မှတ်ထားသည်၊
နံသည်၌ မှတ်ထားသည်၊ စားသည်၌ မှတ်ထားသည်၊ လုပ်ကိုင်သည်၌ မှတ်ထားသည်၊ ကြံတွေးသည်၌ မှတ်ထားသည်၊ ထိုမှတ်ထားခြင်းတို့
သည် ငါ,သူမဟုတ် တရားဖြစ်သည်။ ရှေ့က တရားကို မကောက်တတ်သောအခါ ငါသူ ငါသူနဲ့လာပြီး ကိုယ့်အမှတ်နှင့် သူ့အမှတ်မတူ၍ ထ
သတ်ကြသည်၊ ထိုသဘောသည် အမှတ်ကို ငါသူယူထား၍ဖြစ်ပါသည်။ အမှတ်ကို အမှတ်အတိုင်းသိခြင်းသည် ကုသိုလ်အကုသိုလ် အလှူသီ
လ ပုတီးမေတ္တာကို သိနေခြင်းမဟုတ်ဘဲ တရားကိုသိနေခြင်းဖြစ်ပါသည်။
တရားကိုသိနေလျှင် ငါသူ ပုဂ္ဂိုလ်သတ္တ၀ါအသိသည် ပျောက်ပြီး ထိုငါသူအသိ၌ တရားအသိသည် အစားဝင်သွားသည်၊ မြင်မှုကြားကို သိနေ
သောအမှတ်သည် အခါခပ်သိမ်း မြဲမနေဘဲ ပျောက်သွားပါသည်။ ဘုရားက နာမ်ခေါ်သောအမှတ်သည် ဖြစ်ပြီး ပျက်သွားသည်ကို သိပေးပါ၊ အ
မြဲတန်း ကျောက်တိုင်ကဲသို့ မြဲတည်ပြီး ရှိနေသည်မဟုတ်ပါ၊ အငယ်ကပင်မှတ်မိမှုသည် ယနေ့ထိ ရှိနေသည်ဟု ထင်နေကြသည်။ အမှတ်သည်
မြဲပြီးရှိနေသည်မဟုတ် အမှတ်ကိုဖေါ်မှ ပြန်ပေါ်လာခြင်းဖြစ်သည်၊ အမှတ်ရလိုက် ပျက်လိုက် အမှတ်ရလိုက် ပျက်လိုက် အမှတ်အချင်းချင်း မှတ်
ထားခြင်းဖြစ်သည်၊ အဆင့်ဆင့်မှတ်လာသည်ကို ကိုယ်က တရားကိုမကြားဖူး၍ အမှတ်သည် မြဲတည်နေသည်ဟု ယူထားခြင်းဖြစ်ပါသည်။
တရားကို မကြားဖူးခြင်းသည် ကိုယ်က ကြားနိုင်သောဒေသမှာ မဖြစ်ရ၍ဖြစ်သည်၊ တစ်စုံတဦးကိုမှ အပြစ်တင်၍မရပါ။ ယခု တကာတကာမ
တို့သည် တရားကိုကြားနိုင်သောဒေသမှာဖြစ်ပြီး တရားကိုကြားခွင့်ရ၍ အလွန်ကျေးဇူးများပါသည်၊ တရားကိုကြားရ၍ တရားကိုမရပစေ တရား
ကိုကြား၍ သေခွင့်ရသည့် အဓိပ္ပါယ် ပါသွားပါသည်။ တရားကိုမြင်သော ဘုရားနှင့်တွေ့သောအခါ ဤခန္ဓာသည် ဂေါတမဘုရား သာသနာလက်
ထက်၌ တရားကိုကြားခဲ့ဖူးသည်ကို ဘုရားမြင်ပါသည်၊ တရားက တရားကို ကျေးဇူးပြုနေပါသည်။ ဘုရားသည် ဥပနိသ၁ယျပစ္စည်းကိုမြင်၍ လာ
ဆက်သည်ကို ကြားဖူးကြပါလိမ့်မယ်၊ ဘုရားက ဤခန္ဓာမှာ ဂေါတမသာသနာအတွင်း၌ တရားကိုကြားဖူးမှုပါ၍ ငါသည် တရားဟောရန် ထိုသူ့
ထံသို့သွားရမယ် ဤသဘောလာပါသည်။ ဤသာသနာမှာ တရားကိုရသွားလျှင် မေတ္တေယျဘုရားသည် ထိုသဘောမျိုးမလာပါ၊ သူ့တပည့်မ
ဟုတ် ဂေါတမတပည့် ဖြစ်နေ၍ဖြစ်သည်၊ တရားမရခဲ့သည့်ဖြစ်လျှင် တရားကိုကြားဖူးမှု ဤမှာတစ်ယောက်ပါသည်ဟု လာပါလိမ့်မယ်ဖြစ်သည်။
နာမ်အထဲ၌ သညာတစ်ခုသာမဟုတ် လောဘ ဒေါသ မာနစသည်တို့ နာမ်အထဲ၌ ပါဝင်ပါသည်။ ကိုယ်က တစ်ခါတလေ ဒေါသဖြစ်သည်၊
ဒေါသဖြစ်လာလျှင် ဒေါသကို ဒေါသသိပေးခြင်းသည် တရားကို သိခြင်းဖြစ်သည်။ ဒေါသဖြစ်၍ ဒေါသကို ငါယူလိုက်လျှင် ယူသောပုဂ္ဂိုလ်၌ စိတ်
နောက်ကျူးးသွားသည်၊ ဒေါသသည် ငါမဟုတ် ဒေါသသာဖြစ်သည်ဟုသိလျှင် တရားကို သိခြင်းဖြစ်သည်။ ဒေါသကို ငါမယူဘဲ ဒေါသသည် တ
ရားဟူ၍ အသိခံလာမှုဖြစ်လာသောအခါ ဒေါသသည် တာရှည်မနေဘဲ နည်းသွားပါသည်၊ ဒေါသကို ဒေါသလို့မသိဘဲ ငါသူ သိထားယူထား
လျှင် ဒေါသသည် မြောက်တက်လာပါသည်။ အသိမှားသည်နှင့် ဒေါသသည် မြောက်တက်လာသည်၊ အသိမှန်ပေးလိုက်လျှင် ဒေါသသည် နည်း
သွားပါသည်။ ကိုယ်က ဒေါသကိုမပယ်နိုင်သေး စကားအားဖြင့်ပြောလိမ့်မယ်၊ ဒေါသကိုပယ်အောင် ကိုယ်က လုပ်ဖူးသလား၊ ဒေါသကို ပယ်နိုင်
သောတရားကို ကိုယ်က ကြားဖူးသလား၊ မလုပ်ဖူးမကြားဖူးသော် ဒေါသထွက်မယ်ဖြစ်ပါသည်။
အစပထမ ဒေါသဖြစ်လျှင် ဒေါသသိပေးရပါမယ်၊ ပြီးမှ ပယ်သောတရားကို သွားရပါမယ်။ ဒေါသကို ဒေါသသိလျှင် ဓမ္မေ ဓမ္မနုပသ၁ီ ၀ိဟာရ
တိ ဖြစ်ပါသည်၊ အဆိုးကို အဆိုးသိဖန်များသော် အဆိုးသည် သိသူထံကပ်မလာဘဲ မသိသူထံသို့ သွားကပ်ပါလိမ့်မယ်။ ဒေါသ မာန ဣသ၁ မ
စ္ဆရိယ ထောင်လွှားစိတ် မနာလိုစိတ် သ၀န်တိုစိတ်တို့သည် အဆိုးစိတ်များဖြစ်သည်။ ဒေါသလာလည်း ငါ့ဟာ၊ မာနလာလည်း ငါ့ဟာ၊ ဣသ၁
လာလည်း ငါ့ဟာ၊ မစ္ဆရိယလာလည်း ငါ့ဟာနဲ့ အားလုံးကို အိတ်ထဲကို ကောက်ထည့်ထားသည်။ အားလုံး ငါ့ဟာချည်းကောက်ထည့်ထားလျှင်
အကောင်းမပါဘဲ အိတ်ထဲ၌ အဆိုးချည်းဖြစ်သည်။ ထိုသဘောကို သိတတ်မြင်တတ်သောသူက အဆိုးချည်း ကောက်ထည့်ထားသည်ကို မြင်
ပါလိမ့်မယ်၊ ဘုရားသည် ထိုသို့မြင်၍ အဆိုးများကို လက်မခံဘဲ လွှင့်ပစ်ရမယ်ကိုမိန်းသည်။ အဆိုကို အဆိုးမသိလျှင် လွှင့်ပစ်လိုစိတ်သည် ပေါ်
မလာဖြစ်သည်၊ ထိုအခါ အဆိုးမှန်းသိအောင် ပြောပေးလာရပါသည်။
ဒေါသဖြစ်သည်နှင့် ခန္ဓာကိုယ်သည် ဆတ်ဆတ်တုန်လျက် မျက်စိမျက်နှာပျက်ပြီး လူရှေ့သူရှေ့၌ ဣနြေ္ဒမပေးဘဲ ပျက်စီးနေသည်၊ ဒေါသသည်
အမြဲတန်းဖြစ်၍မရှိဘဲ တစ္ဆေပူးသလိုဖြစ်သည်။ ဒေါသလာလျှင် ဒေါသကို ငါသူမသိဘဲ ဒေါသလို့လာတိုင်းသိပေးရမယ်၊ ထို့အတူ မနာလိုစိတ်,သ
ဝန်တိုစိတ်ဖြစ်လာလျှင်လည်း လာတိုင်းသိပေရပါမယ်၊ ထိုကဲသို့ သိပေးနေလျှင် အသိခံတို့သည် မိမိကိုသိနေပြီး လိမ်၍မရသည်ဖြစ်၍ နောက်
မလာပါ။
မသိသောအချိန်၌ သ၀န်တိုစိတ်ဖြစ်လာ၍ လူမြင်လျှင်တောင်းလိမ့်မယ် သိုဝှက်လိုက်သည်၊ ထိုသို့ဖြစ်လျှင် သ၀န်တိုစိတ်သည် သူ့ကို အသ
ရေမပေးဘဲ ဖျက်စီးနေသည်၊ ထိုသဘောသည် ငါယူထား၍ဖြစ်ပါသည်။ ငါမယူဘဲ တရားဖြစ်နေသည်ကို သိပေးနေလျှင် သ၀န်တိုစိတ်သည်
သူ့ကိုလိမ်၍မရဖြစ်သည်၊ မိဘဆရာသမားမရှိသူကိုသာ လိမ်၍ရပြီး မိဘဆရာသမားရှိသူကို လိမ်၍မရပါ၊ ထိုကြာင့် ဘုရားက ဓမ္မေ ဓမ္မနုပသ၁ီ
ဝိဟာရတိ ဟောထားပါသည်။ တရားကိုမလုပ်ဖူး မကြားဖူး၍ ပါဠိဝေါဟာရများကို မသိခြင်းသာဖြစ်သည်။ တရားလုပ်လျှင် ကိုယ့်ခန္ဓာကို မြင်ပါ
သည်၊ ကိုယ့်ခန္ဓာကိုယ်၌ ဖြစ်နေကြသည်တို့ကို သူများပြောဖို့မလိုဘဲ ကိုယ့်ကိုယ်တိုင် မြင်သိပါသည်။ ယခု အချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြ
ရအောင်။
No comments:
Post a Comment