Total Pageviews

Friday, December 11, 2015

                  ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
   စစ်တွေမြို့
ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏ ဆရာတော်
       ၂၀၀၇ ခု မေလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ ဟောကြားအပ်သော
                                ပဋိစ္စသမုပ္ပါဒ်တရားတော်
                                                                                 အင်္ဂါတစ်ဆယ့်နှစ်ပါး (ရုပ်)

     ပထမအချိန်၌ အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များ ကောက်ခြင်းသည် နာမ်ထိရောက်သွားပါပြီ၊ မှတ်မိအောင် ပြန်ပြောပါမယ်။ အ၀ိဇ္ဇာ တ
ရားကိုယ်သည် မောဟဖြစ်သည်။ သင်္ခါရ တရားကိုယ်သည် စေတနာ၊ ခန္ဓာမာရှိသော စေတနာဖြစ်သည်၊ ငါသူမဟုတ်ပါ။ ၀ိဉာဏ်တရားကိုယ်သည် စိတ်ဖြစ်သည်၊ စိတ်သည်လည်း ခန္ဓာမှာရှိပါသည်၊ ငါသူမဟုတ်ပါ။ တရားရှာ ခန္ဓာမှာတွေ့ ဆိုသည်စကားကို ကြားဖူးကြပါလိမ့်မယ်၊ တရားသည်၊ ခန္ဓာမှာရှိပါသည်၊ စိတ်ကို စိတ်လို့သိမှုသည် တရားကို သိခြင်းဖြစ်ပါသည်။
     သိစရာတရားသည် နှစ်မျိုးရှိသည်၊ စိတ်ကို စိတ်လို့သိမှုနှင့် စိတ်မရှိသည်ကို သိမှုဖြစ်သည်။ စိတ်ကို စိတ်လို့သိလျက် စိတ်၏အဖြစ်အပျက်ကို
သိမှုသည် ဤဘက်နယ်ကို သိခြင်းဖြစ်သည်၊ စိတ်သည် လုံးဝမရှိ သိသွားခြင်းသည် ထိုဘက် နိဗ္ဗာန်ကို သိခြင်းဖြစ်သည်။ စိတ်ခေါ်သော ၀ိဉာ
ဏက္ခန္ဓာ ချုပ်ငြိမ်းရာကို ကိုယ်တိုင်မြင်လျှင် နိဗ္ဗာန်ကို မြင်ခြင်းဖြစ်သည်။
     ဖြစ်မှုပျက်မှုနှင့် မဖြစ်မပျက်ကိုမြင်သော မြင်ပုံမြင်နည်းသည် နှစ်မျိုးရှိသည်၊ ထိုနှစ်မျိုး၌ ယခု တရားကိုယ်ကို ကောက်တတ်သော် ဖြစ်မှုပျက်မှု
ကို မြင်တတ်၍ ရသွားပါသည်။ ဖြစ်မှုပျက်မှု ငြိမ်းနေမှုကိုမြင်လျှင် ကိုယ့်အတွက် လမ်းသည် မြဲသွားပါသည်။
     နာမ် တရားကိုယ်၌ ပေါ်ရာပေါ်ရာ ကိုယ့်ခန္ဓာမှာ ထင်ရှားရှိသည်တို့ဖြစ်သော ဒေါသ မာန ဣသ၁ မစ္ဆရိယတို့ကို ကောက်ပြခဲ့သည်၊ ဗုဒ္ဓဘာ
သာဖြစ်၍ ပါဠိစကားကိုပြောလျှင် နားလည်နိုင်ပါသည်။ မနာလိုစိတ် ငြူ စူစိတ်တို့သည် ခန္ဓာမှာရှိနေပါသည်၊ မနာလိုသောစိတ် ငြူ စူသောစိတ်
ပေါ်လာလျှင် စိတ်လို့သိရပါမယ်၊ ငါသူမသိရပါ၊ တရားကို မကြားဖူးသောအခါ အားလုံးကတော့ ငါသူ သိနေကြသည်။ မနာလိုစိတ်ကို ငါမနာလို
သူမနာလို ငါ့သားမနာလို ငါ့သမီးမနာလို ပြောနေကြသည်၊ အမှန်က မနာလိုသောစိတ်သည် ငါ့သား ငါ့သမီးမဟုတ်ပါ၊ မနာလိုစိတ်သာဖြစ်ပါ
သည်။ မနာလိုစိတ်ကို စိတ်လို့သိပေးလိုက်လျှင် တရားကိုကွက်ပြီး သီးခြား သိတတ်တယ်လို့ခေါ်ပါသည်။
   ယခုဆက်ပြီး နာမ်ပြီးလျှင် ရုပ်ဖြစ်သည်။ ရုပ်သည် ရူပံဆိုသောပါဠိကို ရခိုင်ဖြင့် တိုက်ရိုက်ပြန်ထားသည်၊ ထိုသို့ တိုက်ရိုက်ပြန်သော်လည်း အ
ဓိပ္ပါယ်သည် ထင်ထင်ရှားရှားမပေါ်လွင်ပါ၊ ရုပ်ဆိုသောစကား အဓိပ္ပါယ်သည် ရှေ့နောက်မတူဘဲ ဖောက်ပြန်နေသည်ကို ရုပ်ခေါ်ပါသည်။ အအေး
ကြောင့် ခန္ဓာတစ်ကိုယ်လုံး ပူရာမှ အေးသွားသည်၊ အပူကြောင့် ခန္ဓာတစ်ကိုယ်လုံးသည် အေးရာမှ ပူသွားသည်။ တခါတလေ ခြင်ကိုက် မှကိုက်
၍ ယားနေပြန်ပြီ၊ အဖုအပိမ့် ပေါ်နေပြန်ပြီ၊ ထိုသို့ ပြောင်းနေသည်ကို မပြောင်းအောင် တားဆီး၍မရပါ၊ စာစကားနှင့်ပြောလျှင် ဆန့်ကျင်ဘက်အ
ကြောင်းကြောင့် ပင်ရင်းကနေ၍ တစ်မျိုးတစ်ဖုံ ပြောင်းသွားခြင်းကို ရုပ်ခေါ်ပါသည်။
     စာစကားကို စာနှင့်ရေးထားသောအခါ ဖတ်တတ်သည်၊ သို့သော် ကောင်းစွာ နားလည်ရန်ခက်ပါသည်၊ နားလည်ခက်ရခြင်းသည် ကိုယ်က
မကြားဖူး၍လည်းဖြစ်သည်။ ဆန့်ကျင်ဘက်အကြောင်းကြောင့် ပင်ရင်း နဂိုမူလမှ တစ်မျိုးတစ်ဖုံ ပြောင်းသွားသည့်သဘောသကို ရုပ်ခေါ်သည်ကို
ယခု သိရန်အရေးကြီးပါသည်။ အအေးရောက်လာလျှင် တစ်ကိုယ်လုံး အေးသွားသည်၊ အပူရောက်လာလျှင် တစ်ကိုယ်လုံး ပူသွားသည်၊ ထိုသ
ဘောသည် နဂိုမူလမှ နောက်တစ်မျိုးတစ်ဖုံ ပြောင်းသွားခြင်းဖြစ်၍ ရုပ်ဖြစ်ပါသည်။ ယင်းပြောင်းသွားခြင်းသဘောသည် ခန္ဓာမှာရှိပါသည်။
     ယခု တကာတကာမများ ပူနေသည်ဖြစ်၍ ပင်ကာလေဖြင့် လေခတ်ပေးသည့်တိုင်အောင် ချွေးထွက်နေသည်၊ ထိုသဘောကို ချွေးထွက်သည်
ပြောမှ နားလည်သည်ဖြစ်၍ ချွေးထွက်သည်ပြောရသည်၊ အမှန်မှာ ဖောက်ပြန်ခြင်းဖြစ်သည်၊ ယင်းဖောက်ပြန်ခြင်းသဘောသည် ရုပ်ဖြစ်ပါသည်
။ ချွေးလုံးချွေးသီးကျနေခြင်းသည် တစ်မျိုးတစ်ဖုံ ပြောင်းလွဲနေမှုဖြစ်သည်၊ ထိုတစ်မျိုးတစ်ဖုံ ပြောင်းလွဲနေမှုကို ဉာဏ်နှင့်သာ သိ၍ရသည်၊ နဂိုမူလ
အတိုင်း သိမြင်၍မရဖြစ်သည်။ တစ်မျိုးတစ်ဖုံ ပြောင်းနေသည်ကို စာစကားနှင့်ပြောလျှင် ဥဏှေနပိ ရုပ္ပတိ၊ အပူကြောင့်လည်း ဖောက်ပြန်သည်။
အပူကြောင့် ဖောက်ပြန်နေသည်ကို အကြီးအကျယ် မဖောက်ပြန်အောင် ပင်ကာလေဖြင့်ခတ်ပေးသော် အပူငြိမ်းလျက် အေးသွားသည်၊ ထိုသ
ဘောကို သီတေဏှပိ ရုပ္ပတိ၊ အအေးကြောင့်လည်း ဖောက်ပြန်သည်။ အအေးရုပ်နှင့် အပူရုပ်ကို အလွန်လည်းမအေး အလွန်လည်းမပူအောင် အလယ်အလတ်ရုပ် လုပ်ပေးလိုက်သည်၊ အလယ်အလတ်သည်လည်း ရုပ်ဖြစ်ပါသည်။
     စာ၌ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဂစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ အပူအအေးကြောင့်လည်း ဖောက်ပြန်သည်၊ အစာရေစာ
ကြောင့်လည်း ဖောက်ပြန်သည်။ အပူဟပ်ဖန်များသော် နှလုံးအိမ်ခြောက်၍ အစိုဓာတ်နည်းလာသောအခါ ရေဆာလာသည်၊ ရေမသောက်လိုက်
လျှင် ရုပ်သည် ဖောက်ပြန်ပျက်စီးသွားနိုင်သည်၊ အသံမထွက်နိုင် ခန္ဓကိုယ်ကို မလှုပ်နိုင် ဖြစ်လာနိုင်သည်၊ ရေဆာ၍ ခန္ဓာကို ရေတိုက်လိုက်လျှင်
ရေဆာလောင်မှု အပြုအမူများပျောက်ပြီး နောက်တစ်မျိုးတစ်ဖုံ ပြောင်းသွားသည်။ ထိုသဘောကို လောကစကားဖြင့် ယခုမှ ရေဆာပြေသည်ဟု
ပြောကြသည်၊ အမှန်မှာ ရေဆာပြေသည်မဟုတ် အစာရေစာခေါ်သော ရေကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းခြင်းဖြစ်ပါသည်။ ပိပါသာယပိ ရုပ္ပတိ၊ အ
စားအသောက်ကြောင့်လည်း ပြောင်းသည်။ ဆာလောင်မွတ်သိပ်၍ ဆာဖန်များသော် မျက်စိ မှုံဝါးလာလျက် စကားမပြောနိုင်ဖြစ်လာသည်၊ ထိုသ
ဘောသည် ရုပ်ပြောင်းနေမှုဖြစ်သည်။ ရေတစ်ခွက်ဖြစ်စေ ထမင်းတစ်လုပ်ဖြစ်စေ ၀ါးမျိုထည့်လိုက်လျှင် ကိုယ်ခန္ဓာသည် လန်းဆန်းလျက် တစ်မျိုး
ပြောင်းသွားသည်၊ ထိုသို့ ပြောင်းသွားခြင်းသည် ရုပ်ဖြစ်ပါသည်။
     ယင်းရုပ် ပြောင်းနေသောအခါ၌ ခြေဖျားမှဆံဖျားထိ မည်သည့်နေရာမဆို ငါ့ဟာငါ ငါ့သတ္တိနှင့်ကျံလိုက်မယ် မင်းတို့ပြောင်းသွားပါဆိုလျက် ကျံ
လိုက်၍မရပါ၊ ပြောင်းသွားသည်အထဲ၌ အားလုံးပါသွားပါသည်။ ဤလောက်ဤလောက် စားသောက်လာခဲပြီး တစ်ထပ်တစ်နပ်စားသည်နှင့်
ပြောင်းလွဲခြင်းသည် အစိုးမရခြင်းသည် ထင်ရှားပါသည်၊ ရုပ်ကို အစာရေစာက ပိုင်နေ၍ဖြစ်ပါသည်။ ထိုသဘောကို ကိုယ်က သတိထားလျက် မ
ကြည့်သည်ဖြစ်၍ ငါ့ရုပ် ငါ့ခန္ဓာထင်လျက် ပိုင်ရှင်ခံနေသည်၊ ငါ့ဟာ ငါ့ရုပ်မဟုတ်ပါ၊ ပြောင်းလွဲ ဖောက်ပြန်နေပါသည်။ ပြောင်းလွဲ ဖောက်ပြန်နေ
သော နာမရူပံ၌ ရုပ်သည် ဤခန္ဓာထဲမှာ အခြေခံရုပ် လေးပါးရှိသည်၊ ယင်းအခြေခံရုပ်လေးပါးအပေါ်၌ မှီနေသောရုပ် နှစ်ဆယ့်လေးပါးရှိသည်၊
ပေါင်းသော် ရုပ်နှစ်ဆယ့်ရှစ်ပါးရှိပါသည်။
     ရုပ်နှစ်ဆယ့်ရှစ်ပါးရှိသည်ကို အဘိဓမ္မာကျမ်း၌ တစ်ခုစီတစ်ခုစီ ကောက်ပြထားသည်၊ ယင်းရုပ်နှစ်ဆယ့်ရှစ်ပါး၌ အမှီခံရုပ်လေးပါး မှီသောရုပ်
နှစ်ဆယ့်လေးပါးဖြစ်သည်။ ပထ၀ီ အာပေါ တေဇော ၀ါယောရုပ်ကို မဟာဘုတ်လေးပါးခေါ်သည်ကို ကြားဖူးကြပါလိမ့်မယ်၊ အမှီခံရုပ်လေးပါးသ
ည် မဟာဘုတ်လေးပါးလည်းဖြစ်သည်။ ခန္ဓာကိုယ်မှာ ပထ၀ီရုပ်ရှိသည်၊ ပထ၀ီကို ရခိုင်လို မြေပြန်ထားသည်။ ပထ၀ီကို မြေပြန်ထားသောစာကို
ဖတ်သောအခါ ဖတ်သောသူသည် ပထ၀ီကို ကမ္ဘာမြေကြီးသိသွားသည်၊ ပထ၀ီကို မြေပြန်ခြင်းသည် ကမ္ဘာမြေကြီးကို သိစေလိုသောသဘောနှင့်
ပြန်သည်မဟုတ်ပါ၊ မြေပြန်သည်၌ သဘောတရားပါရှိပါသည်။ ဤကမ္ဘာမြေကြီးသည် သက်ရှိသက်မဲ့ အရာအားလုံးကို သူက ခံယူထားသည်၊
သက်ရှိသက်မဲ့များသည် မြေပေါ်မှာရပ်တည်ပြီး သွားနေရ ထိုင်နေရ ရှင်သန်နေကြရသည်၊ မြေကြီးသည် ထိုသဘောကို ခံယူသောသတ္တိရှိသည်၊
ခံယူသောသဘောကို သိရန်အတွက် မြေပြန်ခြင်းဖြစ်ပါသည်။ တရားကိုသိလိုသော် တရားကို သိတတ်နားလည်သော ဆရာကိုချဉ်းကပ်ရန်လို
ပါသည်။
     မြေသည် ခံယူသောသဘောရှိသည်၊ အသူ့ကို ခံယူသနည်းမေးလျှင် သက်ရှိသက်မဲ့ အရာအားလုံးကို ခံယူထားသည်။ ထို့အတူ မဟာဘုတ်
လေးပါး၌ ပထ၀ီခေါ်သောမြေဓာတ်သည် အာပေါဓာတ်ကို သူက ခံယူထားသည်၊ တေဇောဓာတ်ကိုလည်း ခံယူထားသည်၊ ၀ါယောဓာတ်ကိုလ
ည်း ခံယူထားပါသည်။ ပထ၀ီခေါ်သော မြေဓာတ်မရှိလျှင် အာပေါ တေဇော ၀ါယောတို့သည် မရပ်တည်နိုင်ပါ၊ အာပေါ တေဇော ဝါယောတို့၏ ရပ်
တည်မှုကို ခံယူထားသော သဘောရှိသောကြောင့် ပထ၀ီကို မြေပြောခြင်းဖြစ်ပါသည်။ မိမိတို့ခန္ဓာကိုယ်မှာ ပထဝီရုပ် အာပေါရုပ် တေဇောရုပ် ဝါ
ယောရုပ်လေးခုသည် အခြေခံရုပ်ဖြစ်သည်၊ ဤခန္ဓာကိုယ်နှင့်မြေသည် အမြင်အကြားနှင့်ကြည့်လျှင် မတူသည်ကို မြင်ပါလိမ့်မယ်၊ ဉာဏ်နှင့်ကြ
ည့်မှသာ ခန္ဓာနှင့်မြေသည် တူသည်ကိုမြင်ရပါသည်။
     ခန္ဓာနှင့်မြေတူသည်ကို မြတ်စွာဘုရားသည် ရာဟုလာကို ဟောထားပါသည်၊ အပြင်မှာဖြစ်သောမြေနှင့် ခန္ဓာမှာဖြစ်သောမြေသည် တသား
တည်းပါလတ်။ အပြင်မှာဖြစ်သောမြေကို လက်နှင့် စမ်းသပ်ကြည့်လျှင် အစမ်းသပ်ခံမြေသည် ငါသူမပြောဘဲ မာသည်ပြောပါမယ်၊ မာသည်ကို
သိရပါမယ်။ တချို့မြေကိုစမ်းကြည်လျှင် ပျော့သည်ကိုသိရပါမယ်၊ မြေဓာတ်ကိုစမ်းလျှင် မာသည်ပျော့သည် နှစ်မျိုးသာရှိပါသည်။ ကျောက်ခဲသံခဲ
ကိုစမ်းကြည့်လျှင် မာသည်၊ ထောပတ် ရွှံ့စေးကို စမ်းကြည့်လျှင် ပျော့သည်၊ ကျောက်ခဲ သံခဲသည် အခေါ်သာဖြစ်သည်၊ အမှန်သည် မြေဓာတ်ဖြစ်
သည်၊ ထောပတ် ရွှံ့စေးသည်လည်း မြေဓာတ်ဖြစ်ပါသည်။ မြေဓာတ်၌ ပျော့သောသဘော မာသောသဘောရှိသည်၊ မာမှုပျော့မှုကို ပထ၀ီသိရ
ပါသည်။ မာသည်၌ ကျောက်ဖြစ်၍မာသည် သံဖြစ်၍မာသည် မယူရဘဲ အမာသဘော အပျော့သဘောကို သိရပါမယ်၊ မာသောသဘောနှင့် ပျော့
သောသဘေကို ပထ၀ီ သို့မဟုတ် မြေခေါ်သည်၊ သဘောအဓိပ္ပါယ်သည် သဘာဝကို ပြောခြင်းဖြစ်ပါသည်။
     ကျောက် သံ ထောပတ် ရွှံ့စေးတို့သည် ထင်ရှားရှိသောသဘောမဟုတ် အခေါ်သာဖြစ်သည်၊ မာမှုပျော့မှုသည် ထင်ရှားရှိသောသဘောဖြစ်၍
ထင်ရျားရှိသောသဘောကို ယူရပါသည်။ မမှုပျော့မှုကို မြေသိလျှင် ခန္ဓာကိုယ်ကို  စမ်းကြည့်သော် တချို့နေရာမာပြီး တချို့နေရာ ပျော့၍တွေ့ရသ
ည်၊ ဥပမာ ဆံပင်ကိုစမ်းလျှင် ပျော့၍ အရိုးကိုစမ်းလျှင် မာနေသည်။ ဆံပင်အရိုး သိနေခြင်းသည် ရွာအသိဖြစ်သည်၊ တစ်ယောက်နှင့်တစ်ယောက်
နားလည်အောင် ဆံပင်အရိုး ခေါ်ရခြင်းဖြစ်သည်။ ဆံပင်ကိုစမ်းလျှင် ဆံပင်သည် ငါဆံပင်မပြောပါ၊ ဆံပင်က ငါသည် ပျော့သည်ပြေပါမယ်၊ ယင်း
မာပျော့မှုသည် ရုပ်သဘော၏ သဘာဝလက္ခဏာဖြစ်သည်။ ရုပ်သဘော၏ ရှိရင်းစွဲ သဘာဝလက္ခဏာကို နင်အသူလည်းမေးလျှင် ငါသည် မာတ
တ်ပျော့တတ်သော သဘောရှိ၍ ပထဝီဖြစ်သည်ဖြေလိမ့်မယ်ဖြစ်သည်၊ မည်သည့်အရာမဆို စမ်းကြည့်လျှင် အမာအပျော့တွေ့သည်၊ အမာအပျော့
ကို ပထဝီရုပ်ခေါ်ပါသည်။
     ယခု တကာတကာမတို့သည် အခင်း၌ ထိုင်နေကြသောအခါ မာပြီးတွေ့လိမ့်မယ်ဖြစ်သည်၊ အခင်းသည် ငါကော်ဇောမပြောဘဲ အမာလောက်
ဘဲပြောသည်၊ ထိုသဘောသည် ပထဝီရုပ်ဖြစ်သည်။ ဝါဂွမ်းပေါ်မှာထိုင်သော် ပျော့သည်ကိုတွေ့သည်၊ သူသည် ဝါဂွမ်းမပြော ပျော့သည်ကိုပြောသ
ည်၊ ဝါဂွမ်း ကျောက်ခဲ အခင်းမသိရဘဲ ပျော့သည်သဘော မသည်သဘောကို သိပေးရသည်၊ ခန္ဓာ၌ အပျော့အမာဟူသမျှသည် ပထဝီရုပ်ဖြစ်ပါသ
ည်။
     မြတ်စွာဘုရားသည် ခန္ဓာမှာရှိသော ပထဝီရုပ်တို့ကို ရေတွက်ပြပါသည်။ ၁။ ကေသာ၊  ဆံပင်။ ဆံပင်သည် ကိုယ့်ခန္ဓ၌ရှိသည်၊ စမ်းကြည့်လျှင်
 မာပျော့နှစ်ခုရှိသည်။ ၂။ လောမာ၊ မွေးညင်း။ အမွေးသည်လည်း အပျော့အမာ နှစ်ခုရှိမယ်ဖြစ်သည်၊ အမွေးကို ကုလား ရခိုင် ဗမာ ရှမ်းတို့က စမ်း
ကြည့်ကိုင်ကြည့်သော် အမွေးသည် ပျော့သည်ကိုပြသည်။ အမွေးကို ကုလားစကားအခေါ်နှင့် တစ်မျိုးခေါ်သည်၊ ရှမ်း ကရင်အစရှိသည်ဖြင့် သူတို့
စကားအခေါ်နှင့် တစ်မျိုးခေါ်သည်။ အခေါ်တော့ ကွဲလွဲသွားသည်၊ သို့သော် ပြသောသဘာဝသည် မကွဲလွဲဖြစ်သည်၊ ယင်းသဘောကို သိရပါမယ်
၊ ထိုသဘောသည် မပြောင်းလွဲဘဲ အမြဲတန်းရှိနေသည်၊ အမြဲတန်းရှိနေသောသဘောကို ပရမတ်ခေါ်ပါသည်။ ဆံပင် မွေးညင်းတိုသည် ပထီရုပ်
ဖြစ်သည်၊ ထိုပထဝီရုပ်သည် ခန္ဒာမှာရှိနေပါသည်။
     ၃။ နခါ၊ ခြေသဲလက်သဲ။ ခြေသဲလက်သဲ ပထဝီရုပ်သည် ခန္ဓာမှာရှိသည်၊ ခြေသဲလက်သဲကို စမ်းကြည့်လျှင် မာသည်ကိုပြသည်၊ ငါကခြေသဲပါ
ငါကလက်သဲပါ မပြောဘဲ မာသည်ကိုသာပြပါသည်။ မိုးကုတ်ဆရာတော်က ခန္ဓာကပြောသည်ကို ကြည့်ပေးပါလတ်၊ ခန္ဓာက ပြောသည်ကိုကြ
ည့်လျှင် မျက်စိပွင့်ပါသည်၊ ခန္ဓာက အမာပြောသည်၊ အမာသည် ပထဝီရုပ်ဖြစ်သည်။ ၄။ ဒန္တာ၊ သွား။ သွားသည် ခန္ဓာ၌ရှိသည် ပထဝီရုပ်ြဖစ်သည်၊
မာသည်ဖြစ်၍ ပထဝီရုပ်ဖြစ်သည်။ သွားဖြစ်၍ မာသည်မဟုတ် ပထဝီရုပ်ြဖစ်၍ မာသည်၊ သံဖြစ်၍ မာသည်မဟုတ်ပါ ပထဝီရုပ်ဖြစ်၍ မာနေပါသ
ည်။ ၅။ တစော၊ အရေ(အရေထူ အရေပါး)။ အရေသည် ခန္ဓမှာရှိပါသည်၊ အရေပါးကို စမ်းကြည့်လျှင် ပျော့သည်ဖြစ်၍ ပထဝီရုပ်ြဖစ်သည်။ ဆံပင်
မွေးညင်း ခြေသဲလက်သဲ သွား အရေထူအရေပါး ငါးခုတို့သည် ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါမဟုတ် ပထဝီရုပ်ြဖစ်သည်။ ထိုငါးခုသည် ခန္ဓာမှာ
ရှိသည်၊ ယင်းငါးခုကို မွေးဖွားသည်မှ ယနေထိ ရုပ်လို့မသိဘဲ ငါသူချည်း သိလာကြသည်၊ အမှန်က တရားကိုယ်ဖြစ်သည်။ လူနတ်ဗြဟ္မာ ငရဲတိရ
စ္ဆာန်ပြိတ္တာအသူရကာယ် ကိုယ်မဟုတ် ရုပ်တရား၏ကိုယ်ဖြစ်ပါသည်။
     ၆။ မံသံ၊ အသား။ အရေအောက်၌ အသားရှိသည်၊ အသားခေါ်ခြင်းသည် အမှန်က အသားမဟုတ် ရုပ်ဖြစ်သည်။ အသားကိုစမ်းကြည့်လျှင်
အမာအပျော့ကိုပြသည်၊ မိုးကုတ်ဆရာတော်က ခန္ဓာကပြသည်ကို မြင်အောင်ကြည့် မျက်စိပွင့်သည်၊ ခန္ဓာကပြောသည်ကို ကြားအောင်နားထော
င် နားပွင့်သည်ဟု အမိန်းရှိသည်။ ခန္ဓာက အသားလို့လည်းမပြ အသားလို့လည်းမပြော ငါပျော့သည် ငါမာသည်ပြသည်၊ ပျော့သည် မာသည်သာ
ပြောသည်၊ အပျော့အမာသဘေသည် ပထဝီရုပ်ြဖစ်ပါသည်။
     ၇။ နှာရု၊ အကြော။ အကြောသည် ခန္ဓာမှာရှိသည်၊ ငါသူမဟုတ် ပထဝီရုပ်ဖြစ်သည်။ အကြောကို နေ့တိုင်းမြင်နေရသည်၊ ပထဝီရုပ်လို့မသိဘဲ
အကြောသိနေကြပါသည်။ ၈။ အဋ္ဌိ၊ အရိုး။ အရိုးသည် ခန္ဓာမှာဖြစ်ပါသည်။ ၉။ အဋ္ဌိမဉ္ဇံ၊ ရိုးတွင်းခြင်ဆီ။ ခန္ဓာ၌ အရိုးအထဲမှာရှိသော ခြင်ဆီဖြစ်သ
ည်။ တရားသည် ခန္ဓာမှာရှိသည်၊ သင်ယူမှုမရှိလျှင် မြင်အောင် ကြည့်ဖို့မတတ်ပါ၊ ခြင်ဆီကို စမ်းကြည့်လျှင် ပျော့သည်ကို ပြပါသည်၊ ပထဝီရုပ် သ
ဘောလက္ခဏာသည် အမာအပျော့ကိုပြသည်။ ၁၀။ ဝက္ကံ၊ အညှို့ ။ အညှို့ သည် လည်ချောင်းမှထွက်သော အကြောမဖြင့် အတန်ငယ်သွားပြီးလျှင်
နှစ်မွှာကွဲသော အကြောဖြင့် ဖွဲ့စည်းကာ နှစ်လုံးသားကိုခြံရံလျက် တည်နေသော ပထဝီရုပ်ဖြစ်သည်။
     ၁၁။ ဟဒယံ၊ နှလုံး။ နှလုံးသည် ခန္ဓာ၏ ရင်တည့်တည့်မှာရှိသည်၊ နှလုံးသည် ငါသူ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါမဟုတ် ပထဝီရုပ်ဖြစ်သည်
။ စာထဲ၌ ပထဝီရေးပြထားသောရုပ်သည် အတုဖြစ်၍ အစစ်ပထဝီရုပ်သည် ခန္ဓာထဲမှာရှိသည်။ တရားကိုယ်ကို မကောက်တတ်၍ တရားလုပ်ငန်း
သို့ထိ မရောက်တတ်ဖြစ်သည်၊ တရားကိုယ်ကို ကောက်တတ်လျှင် တရားလုပ်ငန်းသို့ ရောက်တတ်ပါသည်၊ ခန္ဓာ၌ တရားချည်းဖြစ်သည်။ ၁၂။ ယကနံ၊ အသည်း။ အသည်းသည် ခန္ဓာမှာဖြစ်သည်၊ အသည်းကို စမ်းကြည့်လျှင် ပျော့သည်ကိုပြသည်။ တစ်ခါတစ်ရံ အသဲမာ၍ ကင်ဆာဖြစ်ကြ
သည်၊ ထိုအခါ အသည်းသည် မာနေပါသည်၊ အသည်းသည် မာသောလက္ခဏာနှင့် ပျော့သောလက္ခဏာကို ဖေါ်ပြသောကြောင့် ပထဝီရုပ်ဖြစ်သ
ည်။
     ၁၃။ ကိလောမကံ၊ အမြှေးပြား။ ခန္ဒာ၌ နှလုံးနှင့်အညှို့ ကို အမြှေးပြားက ဖုံးလွှမ်းထားသည်၊ အမြှေးပြားကိုစုပြီး စမ်းကြည့် ကိုင်ကြည့်လျှင်
ပျော့သည်ကိုပြသော ပထဝီရုပ်ဖြစ်သည်။ ခန္ဓာကိုယ်၌ တစ်ခုစီ တစ်ခုစီ ဉာဏ်နှင့်ရှာကြည့်လျှင် ယောက်ျားမိန်းမမတွေ့ဘဲ ရုပ်ချည်းတွေ့ရမှာဖြစ်
ပါသည်။ ၁၄။ ပိဟကံ၊ အဖျဉ်း။ အဖျဉ်းသည် ခန္ဓာမှာရှိသည်၊ အဖျဉ်းသည် ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါမဟုတ် ပထဝီရုပ်ဖြစ်သည်။
     ၁၅။ ပပ္ဖါသံ၊ အဆုတ်။ အဆုတ်ကိုရှာလျှင် ခန္ဓာထဲမှာရှိတွေ့သည်၊ စာထဲ၌ရေးထားသော အဆုတ်သည် အတုဖြစ်သည်။ အဆုတ်သည် လူန
တ်ဗြဟ္မာ အသက်လိပ်ပြာမဟုတ်ပါ၊ အဆုတ်သည် ပထဝီရုပ်ဖြစ်သည်၊ ရုပ်ကို ရုပ်သိလျှင် တရားကို သိခြင်းဖြစ်သည်။ ရှေ့က ငါချည်းသိနေသည်၊
 ငါ့မှာ အဆုတ်မကောင်း အဆုတ်ရောဂါဖြစ်နေသည်၊ ငါ့မှာ အသဲမာသွား၍စသည်ဖြင့် ရုပ်ကို ငါယူထားပါသည်။ ရုပ်သည် သူ့ဟာသူ ဖောက်ပြန်
နေသည်ကို တစ်ခုမှလည်း မတတ်နိုင်ပါ၊ တကယ်လို့သာ ရုပ်ကို ကိုယ်ကပိုင်လျှင် မဖောက်ပြန်နဲ့ တား၍ရပါမယ်၊ ဘုရားသည်လည်း ယင်းတရား
ကိုဟောပါသည်။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိသ၁၊ ဤရုပ်သည် တကယ်လို့ ကိုယ်ပိုင်ဖြစ်လျှင်၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ ဤ
ရုပ်သည် ကိုယ့်ကို မနှိပ်စက်ရ၊ ရုပ်သည် ယခု ကိုယ့်ကို နှိပ်စက်နေသည်။ ယ္မာစခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ နှိပ်စက်သည်ကိုမြင်ခြင်းကြောင့် ရုပ်
ကို အနတ္တသိပါလတ်။ အလွန်ရှင်းသော တရားဖြစ်သည်၊ နှိပ်စက်သည်ကိုမြင်လျှင် အနတ္တသိရပါမယ်၊ ကိုယ်ပိုင်မဟုတ် ကိုယ်ဟာမဟုတ်သိပါ။
     ၁၆။ အန္တံ၊ အူမ။ အူမသည် လည်ချောင်းအစ ကျင်ကြီး(စအို)ပေါက် အဆုံးရှိသော ခန္ဓာကိုယ်အတွင်း၌ရှိသည်။ ၁၇။ အန္တဂုဏံ၊ အူသိမ်။ အူသိ
မ်သည် အူမကြီး၏အကြား၌ အခွေပေါင်း(၂၁)ခွေဖြင့် ခန္ဓာအတွင်း၌ ဖွဲ့တည်နေသည်။ ကိုယ့်ဝမ်းကိုဖြစ်စေ သူ့ဝမ်းကိုဖြစ်စေ ခွဲကြည့်လျှင် အူမတ
စ်မျိုး အူသိမ်တစ်မျိုး တွေ့ရပါမယ်၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝမတွေ့ဘဲ အူမအူသိမ်ကို တွေ့ရသည်။ ၁၈။ ဥဒရိယံ၊ အစာသစ်။ အစာသစ်သ
ည် စားသောက်ဝါးမျို ချလိုက်၍ အစာသစ်အိမ်၌ ရောက်ရှိတည်နေသော အစာဖြစ်သည်။ ခန္ဓာ၌ရှိသော ပထဝီရုပ်ဖြစ်သည်။ ၁၉။ ကရိသံ၊ အစာ
ဟောင်း(ကျင်ကြီး)။ ခန္ဓာအတွင်းရှိသည်။ ၂၀။ မတ္ထလုင်္ဂံ၊ ဦးနှောက်။ ဦးနှောက်သည် ဦးခေါင်းခွံအတွင်း၌ တည်ရှိသည်။ ဦးနှောက်ကို စမ်းကြည့် လျှင် ပျော့သည်ကိုပြသည်၊ မာမှုပျော့မှုသဘောသည် ပထဝီရုပ်ဖြစ်ပါသည်။ အားလုံးပေါင်းလျှင် ပထဝီရုပ်သည် နှစ်ဆယ်ရှိသည်၊ ဤနှစ်ဆယ်ေ သာ ပထဝီရုပ်သည် ငါသူ ယောက်ျား မိန်းမမဟုတ် ပထဝီရုပ်ဖြစ်ပါသည်။
     အာပေါသည် အရည်ဓာတ်ဖြစ်သည်၊ ယိုစီးခြင်း ဖွဲ့စည်းခြင်းသဘောရှိသည်ကို အာပေါခေါ်သည်။ ကိုယ့်ခန္ဓာ၌ အာပေါတို့သည် ရှိနေကြသည်
။ အာပေါကို ရေတွက်လျှင်၊ ၁။ ပိတ္တံ၊ သည်းခြေ။ သည်းခြေသည် အာပေါရုပ် ခန္ဓာအတွင်းမှာရှိသည်။ ၂။ သေမှံ၊ သလိပ်။ သလိပ်သည် ခန္ဓာအတွ
င်း အစာသစ်အိမ်၏ အရေလွှာ၌ တည်ရှိနေသည်။ သလိပ်လွတ်သည် သလိပ်မလွတ် ပြောကြသည်၊ သလိပ်လွတ်သည်က ယိုစီးမှုဖြစ်သည်၊ သ
လိပ်မလွတ်သည်က ဖွဲ့စည်းမှုဖြစ်သည်။ ဖွဲ့စည်း ယိုစီးသဘောသည် အာပေါရုပ်ဖြစ်သည်။
     ၃။ ပုဗ္ဗော၊ ပြည်။ ပြည်သည် ခန္ဓာပေါ် အနာ၌ရှိသည်၊ ပြည်ထွက်ခြင်း ပြည်မထွက်ခြင်းသည် ဖွဲ့စည်း ယိုစီးနေသည်ဖြစ်၍ ပြည်သည် အာပေါရု
ပ်ဖြစ်သည်။ ၄။ လောဟိတံ၊ သွေး။ ခန္ဓာ၌ သွေးထွက်သည် သွေးမထွက်တို့ရှိသည်၊ သွေးသည် ယိုစီးသဘော ဖွဲ့စည်းသဘောရှိ၍ အာပေါရုပ်ဖြစ်
သည်။ ၅။ သေဒေါ၊ ချွေး။ နွေရာသီရောက်လျှင် ချွေးထွက်သည်၊ ဆောင်းရာသီရောက်လျှင် ချွေးမထွက်ဖြစ်သည်၊ ချွေးသည် ဖွဲ့စည်း ယိုစီးသဘော
ရှိ၍ အာပေါရုပ်ဖြစ်သည်။ အပူများသော် ချွေးသည် ယိုစီးလာသည်၊ အပူနည်း၍ အအေးများသော် ချွေးသည် ဖွဲ့စည်းထားသည်၊ ချွေးသည် ဖောက်
ပြန်နေသည်ဖြစ်၍ ရုပ်ဖြစ်ပါသည်။
     ၆။ မေဒေါ၊ အဆီခဲ။ အဆီသည် ခန္ဓာမှာရှိသည်၊ အပူများလျှင် အဆီသည် ယိုစီးလာသည်၊ အပူနည်းလျှင် ဖွဲ့စည်းထားသည်၊ ယိုစီး ဖွဲ့စည်းသ
ည်ဖြစ်၍ အဆီသည် အာပေါရုပ်ဖြစ်သည်။ ၇။ အသ၁ု၊ မျက်ရည်။ စိုးရိမ်ခြင်း ပူဆွေးခြင်း တစ်ခုခုနှင့်ကြုံလျှင် မျက်ရည်လာသည်၊ တစ်ခါတစ်ရံ ငွေ
ရ၍လည်း မျက်ရည်လာသည်။ မျက်ရည်လာမှုသည် ယိုစီးသဘော မျက်ရည်မလာမှုသည် ဖွဲ့စည်းသဘောဖြစ်၍ မျက်ရည်သည်လည်း အာပေါရုပ်
ဖြစ်သည်။ ၈။ ဝသာ၊ အဆီကြည်။ အဆီကြည်သည် လက်ဖဝါးပြင် ခြေဖဝါးပြင် မျက်နှာပြင်တို့၌ ရှိသည်။ မျက်နှာမှ အဆီထွက်သည်ကို အားလုံး
သိကြသည်၊ အဆီထွက်လျှင် ယိုစီးသဘောဖြစ်သည်၊ အဆီမထွက်လျှင် ဖွဲ့စည်းသဘောဖြစ်၍ အဆီသည် အာပေါရုပ်ြဖစ်သည်။
     ၉။ ခေဠော၊ တံတွေး။ တံတွေးသည် တံတွေးဖြစ်ပေါ်ခြင်း အကြောင်းရှိလာလျှင် ပါးစောင်းနှစ်ဖက်တို့မှ ဆင်းသက်၍ လျှာပြင်ပေါ်၌ တည်လာ
သည်၊ တံတွေးသည် ယိုစီး ဖွဲ့စည်းသဘောရှိ၍ အာပေါရုပ်ဖြစ်သည်။ ၁၀။ သိင်္ဃာဏိကာ၊ နှပ်။ နှပ်သည် ဖြစ်ပေါ်လာချိန်၌  တည်နေသည်လည်း
ရှိသည် ယိုထွက်လာသည်လည်းရှိသည်။ နှပ်ထွက်သည် နှပ်မထွက်ပြောကြသည်၊ ထိုသဘောသည် ဖွဲ့စည်း ယိုစီးသဘောဖြစ်သည်။ ၁၁။ လသိ
ကာ၊ အစေး။ အစေးသည် ခန္ဓာမှာ အနာဖြစ်သောအခါ အစေးထွက်သည်။ အစေးမထွက်၍ အနာမကောင်းနိုင်ရှိသည်၊ အစေးထွက်မှုသည် ယိုစီ
းအာပေါဖြစ်သည်၊ အစေးမထွက်မှုသည် ဖွဲ့စည်းအာပေါဖြစ်ပါသည်။ ၁၂။ မုတ္တံ၊ ကျင်ငယ်။ ကျင်ငယ်သည် ခန္ဓာ၌ ဆီးအိမ်အတွင်း၌ရှိသည်၊ အာ
ပေါရုပ်ဖြစ်သည်။ ပေါင်းလျှင် အာပေါရုပ် တစ်ဆယ့်နှစ်ပါးဖြစ်ပါသည်။
     ခန္ဓကိုယ်၌ ပထဝီရုပ်နှစ်ဆယ်၊ အာပေါရုပ် တစ်ဆယ့်နှစ်ပါးရှိသည်။ ခန္ဓာကိုယ်မှာ ဆံပင်ကအစ ကျင်ငယ်ထိ တစ်ခုစီ တစ်ခုစီကြည့်လျှင် ကေ
ာင်းသည် မွန်သည် တစ်ခုမှမရှိပါ။ ထမင်းစားနေသောအခါ လင်ပန်း၌ ဆံပင်အစ ကျင်ငယ်ထိကို တစ်ခုစီ တစ်ခုစီလောင်းထည့်သော် မကောင်းမ
တင့်တယ်သည်ဖြစ်၍ လွှင့်ပစ်လိုက်ပါမယ်၊ မတင့်တယ်သော ပထဝီရုပ်နှစ်ဆယ် အာပေါရုပ် တစ်ဆယ့်နှစ်ပါးတို့ရှိနေကြသော ဤခန္ဓာမှာ ငါ သူ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက် လိပ်ပြာ ရှာ၍မရပါ။ ဤခန္ဓာမဟုတ် ခွေး ဝက် ကြက် ငှက် တိရစ္ဆာန်ခန္ဓာမှာလည်း အလားတူဖြစ်ပါသည်။
     တေဇော၊ အပူအအေး။ ခန္ဓာကိုယ်ကို စမ်းကြည့်လျှင် ပူနေမယ် သို့မဟုတ် အေးနေမယ်ဖြစ်သည်၊ ထိုသဘောသည် တေဇောဖြစ်သည်။ တေ
ဇောသည် ပါစကတေဇော ဒဟတေဇော တန္တပ္ပနတေဇော ဥသမာတေဇော တေဇောလေးမျိုးရှိသည်၊ ကိုယ်သည် ပြင်းစွာပူလောင်၍ ဖျားသည်ကို
 ဒဟတေဇောေါ်သည်။ သန္တပ္ပနတေဇောကို ရပ်ပြော ရွာပြောနှင့်ပြောလျှင် တက်ဖျားကျဖျား သို့မဟုတ် ရက်ခြားဖျားကို သန္တပ္ပနတေဇောခေါ်သည်။
 ခန္ဓာကိုယ်ကို စမ်းကြည့်လျှင် နွေးပြီးဖြစ်နေသော ကိုယ်ငွေ့ကို ဥသမာတေဇောခေါ်သည်။ စားသောက်ထားသော အစားအစာကို ကြေညက်ခြင်း
သို့ရောက်အောင် ချက်ပေးသောတေဇောကို ပါစကတေဇောခေါ်သည်။ ခန္ဓာကိုယ်၌ ငါသူမရှိ ဤတေဇောလေးမျိုးရှိသည်၊ ဤလေးမျိုးသည် တေ
ဇောဖြစ်သည်။
     ဝါယော၊ လေ။ ဝါယောရုပ်၌ အထက်သို့ ဆန်တက်လေသည် ဥဒ္ဓင်္ဂမလေဖြစ်သည်။ ပျို့အံခြင်း၊ ကြို့ထိုးခြင်း၊ လေအံခြင်း၊ လေတက်ခြင်းတို့ဖြစ်
သည်။ အောက်သို့ စုန်ဆင်းလေသည် အဓောဂမလေဖြစ်သည်။ ကျင်ကြီး ကျင်ငယ်ထုတ်ရန် တွန်းအားပေးခြင်း၊ လေစုန်ခြင်းတို့ဖြစ်သည်။ ဝမ်း
တွင်းလေသည် ကုစ္ဆိသယလေဖြစ်သည်။ ဝမ်းအူအပြင်ဘက်ရှိ ဝမ်းခေါင်းထဲ၌ တည်ရှိလှုပ်ရှားနေသော လေဖြစ်သည်။ အူအတွင်းလေသည်
ကောဋ္ဌာသလေဖြစ်သည်။ အူအတွင်း၌ တည်ရှိလှုပ်ရှးနေသော လေဖြစ်သည်။ ခန္ဓာ၏ အင်္ဂါကြီးငယ်ကို လျှောက်နေသော ကြောလျှောက်လေသ
ည် အင်္ဂမင်္ဂနုသာရီလေဖြစ်သည်။ ခန္ဓာကိုယ်ကို ကွေးခြင်းဆန့်ခြင်း ပြုလုပ်နိုင်ရန် အကြောသွားရာအစဉ် လျှောက်၍ လှုပ်လျှားနေသော လေဖြစ် သည်။ ခြေဖျားလက်ဖျားစသည်တို့ လှုပ်၍မရဖြစ်ခြင်းသည် အင်္ဂါကြီးငယ်ကို လျှောက်နေသောလေ ပြတ်သွား၍ဖြစ်သည်။ တစ်နည်း လေဖြတ် သည်လည်းခေါ်သည်။ ဝင်သက် ထွက်သက်လေသည် အသ၁ာသ ပသ၁ာသ လေဖြစ်သည်။ ဤခြောက်မျိုးလေသည် ဝါယောရုပ်ဖြစ်သည်။
     ခန္ဓာ၌ ပထဝီရုပ်နှစ်ဆယ်၊ အပေါရုပ် တစ်ဆယ့်နှစ်၊ တေဇောရုပ် လေး၊ ဝါယောရုပ် ခြောက်ပါးတို့ကို စုပုံထားလျှက် ဉာဏ်နှင့်ကြည့်လျှင် ငါသူ
 ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါမရှိပါ၊ အမှန်ရှိနေသည်က ပထဝီရုပ် အာပေါရုပ် တေဇောရုပ် ဝါယောရုပ်တို့သာရှိသည်။ ထို့ကြောင့် ရှေ့က လူ
ကြီးမိဘများက ဤခန္ဓာ၌ တခြားမရှိ၊ ဓာတ်လေးပါး ဓာတ်ရှစ်ပါးသာရှိသည် ပြောကြသည်။ ပထဝီ အာပေါ တေဇော ဝါယောရုပ်သည် ဓာတ်လေး
ပါးဖြစ်သည်။ ဓာတ်လေးပါး၌ ဝဏ္ဏ၊ အဆင်းရုပ်၊ ဂန္ဓ၊ အနံ့ရုပ်၊ ရသ၊ သူ့ကိစ္စနှင့်သူ အရသာရှိသောရုပ်၊ သြဇာ၊ အဆီသြဇာဓာတ် ဤရုပ်လေးပါး ပါရှိသည်။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာတို့သည် ရုပ်တစ်ခု တစ်ခုမှာ ဤရှစ်မျိုး အမြဲတန်းပါနေသည်၊ နှံးစေ့ ဆံပင်
ကျောက်ခဲတို့၌လည်း ရှစ်ခုပါနေပါသည်။ ထိုရှစ်ခုပါနေသော ဤခန္ဓာကိုယ်ကိုကြည့်လျှင် ငါသူမဟုတ်၊ ရုပ် တစ်ခုစီဖြစ်သည်။ ခန္ဓကိုယ်၌ ရုပ်တစ်
ခုစီ တစ်ခုစီပါနေသောရုပ်ကို ရုပ်သိလျှင် ငါသူပျောက်လျက် တရားကို သိခြင်းဖြစ်သည်။
     သတိပဋ္ဌာန်သုတ်မှာ ကာယေ ကာယာနုပသ၁ီ ဝိဟာရတိ၊ ရုပ်ကို ရုပ်လို့သိ ဟောထားသည်။ ကာယသည် ရုပ်ဖြစ်သည်။ ပထဝီကို ပထဝီသိ၊
 အာပေါကို အာပေါသိ၊ တေဇောကို တေဇောသိ၊ ဝါယောကို ဝါယောသိပေးပါ။ ထိုသို့သိသော် ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြဟ္မာ ယောက်ျားမိန်းမ သိ
နေသည်မဟုတ်ပါ၊ တရားကို သိနေပါသည်။ ရှေ့က ရုပ်ကို ပုဂ္ဂိုလ်သတ္တဝါ ယောက်ျားမိန်းမ သိခဲ့သည်၊ ယခု ကာယေ ကာယာနုပသ၁ီ ဝိဟာရတိ၊
 ရုပ်ကို ရုပ်လို့သိသည်။ တစ်ဖန် သမုဒယဓမ္မာနုပသ၁ီဝါ ကာယသ္မိံ ဝိဟာရတိ၊ ဝယဓမ္မာနုပသ၁ီဝါ ကာယသ္မိံ ဝိဟာရတိ၊ ထိုရုပ်သည် ဖြစ်ပြီးပျက်
သည်ကိုလည်းသိပါ။ သမုဒယ၊ ဖြစ်လာသည်။ ၀ယ၊ ပျက်သွားသည်။ ဆံပင် အမွေး ခြေသဲလက်သဲစသော ရုပ်သည် "ဖြစ်သည် ပျက်သည် ဖြစ်
သည် ပျက်သည်" ဖြစ်နေသည်၊ ဆံပင်ရှည်၍ ခေါင်းတုံးအောင် ဆံပင်ကို ရိတ်ဖြတ်သော်လည်း ဆံပင်ထွက်လာသည်။ ဆံပင်သည် ဆီမထည့် လျှင်တစ်မျိုး ပူသောအခါ တစ်မျိုးဖြစ်နေပါသည်။
     ခန္ဓာကိုယ်၌ ထိုအနေအထားကိုကြည့်လျှင် ပထဝီရုပ် အာပေါရုပ် တေဇောရုပ် ဝါယောရုပ်တို့သည် မမြဲကြပါ၊ ယင်းမမြဲသည်ကို သိပေးပါ၊ မ
မြဲသည်ကိုသိလျှင် ရုပ်၏သဘောအမှန်ကိုသိသည်၊ ရုပ်၏သဘေအမှန်ကိုသိလျှင် တရားကို သိပြီဖြစ်သည်။ ယခု အင်္ဂါတစ်ဆယ့်နှစ်ပါး၌ ရုပ်တ
ရားကိုယ်ကို ရပါပြီ၊ တရားကိုယ်ကိုရလျှင် မိမွေးတိုင်း ဖမွေးတိုင်း ငါ့ကိုယ် လူကိုယ် ယောက်ျားကိုယ် မိန်းမကိုယ် စွဲယူလာမှုသည် ပျောက်သွားသ
ည်၊ လုံးဝမပျောက်သော်လည်း လျှော့သွားပါသည်။ ယခု အချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။

 

No comments:

Post a Comment