Total Pageviews

Sunday, December 27, 2015

      စစ်တွေမြို့  ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်

                ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့  ဇယသုခကျောင်း၌

၂၀၀၇ ခု မေလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်ထိဟောကြားအပ်သော

                               ပဋိစ္စသမုပ္ပါဒ်တရားတော်

                                                            အင်္ဂါတစ်ဆယ့်နှစ်ပါး (သဠာယတန၊ ဖသ၁၊ ဝေဒနာ)

     အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များကို ကောက်မှုသည် နာမ်ရုပ်သို့ ရောက်သွားပါပြီ၊ ထိုနာမ်ရုပ်ကို ခန္ဓာထဲမှာသာ ကောက်၍ရပါသည်၊ တ
ခြားမှာကောက်လျှင် လွဲသွားလိမ့်မယ်ဖြစ်ပါသည်။ စာမှတ်တမ်းမှာတော နာမ်ရုပ်ကို ရေးထား၍ရှိသည်၊ စာမှတ်တမ်းမှာရှိသော နာမ်ရုပ်သည် မှတ်တမ်းနာမ်ရုပ်ဖြစ်၍ အစစ်နာမ်ရုပ်မဟုတ်ပါ၊ အစစ်နာမ်ရုပ်သည် ခန္ဓာမှာရှိပါသည်၊ နေ့တိုင်း ကိုယ်ခန္ဓာနှင့် လှုပ်ရှား သွားလာ စားသောက် ပြု
ပြင်နေရသောခန္ဓာသည် နာမ်ရုပ်ခန္ဓာကြီးဖြစ်သည်။ တရားကိုယ်ကို ကောက်နေခြင်းသည် ငါ့ကိုယ်သူ့ကိုယ်မဟုတ်၊ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ
မဟုတ်သည်ကို သိလိုသည်ဖြစ်၍ ကောက်နေခြင်းဖြစ်သည်။
     တရားကို သိသောစိတ်သည် တစ်မျိုး အလှုဒါန ပုတီးမေတ္တာကို သိသောစိတ်သည် တစ်မျိုးစီဖြစ်သည်၊ တရားကို သိသောစိတ်သည် ဝိပသ၁
နာပညာစိတ်ဖြစ်သည်။ ဝိပသ၁နာပညာကိုရမှ မဂ်ပညာကိုရသည်၊ မဂ်ပညာကိုရမှ နိဗ္ဗာန်ကိုရပါသည်။ ဝိပသ၁နာပညာကို မရသောသူသည် မဂ်ပညာကိုမရနိုင်၊ မဂ်ပညာကို မရသောသူသည် နိဗ္ဗာန်ကိုမရနိုင်ဖြစ်သည်၊ ဤကဲသို့ အဆင့်ဆင့်ရှိပါသည်။ ထိုသို့ဖြစ်လျှင် နိဗ္ဗာန်ကိုရဖို့အတွ
က် မဂ်ပညာလိုလာသည်၊ မဂ်ပညာကိုရဖို့အတွက် ဝိပသ၁နာပညာလိုလာပြန်သည်၊ ဝိပသ၁နာပညာကိုလည်း ကိုယ့်ဟာကိုယ် မသိတတ်သည်
ဖြစ်၍ ဘုရားသာသနာနှင့်ကြုံ ၍ တရားကိုနာယူမှ ဝိပသ၁နာပညာကိုရပါသည်။ တရားကိုနာယူမှု၌ မြတ်သောတရားကို နာယူရသည်၊  မြတ်ေ သာတရားသည် ရုပ်မှန်းနာမ်မှန်းသိအောင် ဟောသောတရားသည် မြတ်သောတရားဖြစ်ပါသည်။
     သူတော်ဆည်းကပ် မြတ်တရားနာဆိုရာ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန်အတွက် သူတော်ကောင်းကို ဆည်းကပ်ရသည်၊ ဤနေရာမှာ သူတေ
ာ်ကောင်းအရကို သိဖို့လိုလာပါလိမ့်မယ်၊ အလှူသီလ ပုတီးမေတ္တာကို ဟောပြောသော ပဂ္ဂိုလ်ကိုလည်း သူတော်ကောင်းခေါ်သည်၊ ယင်းသူတော်
ကောင်းကို ဆည်းကပ်၍ မြတ်သောတရားကို မနာယူရဖြစ်သည်။ ဝိပသ၁နာပညာ မဂ်ပညာကို ဟောပြောပြသော သူတော်ကောင်းကိုဆည်းက
ပ်မှ မြတ်သောတရားကို နာယူရပါသည်၊ ဝိပသ၁နာပညာ မဂ်ပညာကို ဟောပြောပြသောပုဂ္ဂိုလ်သည် ဘုရားမှတပါး တခြားသူမဟောပါ၊ ယခု သာသနာအထဲမှာ သူသူကိုယ်ကိုယ် ဟောပြောနေမှုတို့သည် ဘုရားထံမှသင်ယူ၍ ဟောပြောနေခြင်းတို့ဖြစ်သည်၊ ဘုရားသင်ပေးမှုမရှိလျှင် သူ
သူကိုယ်ကိုယ် မဟောပြောနိုင်ဖြစ်ပါသည်။ ထို့ကြောင့် သူတော်ဆည်းကပ် ဆိုသောစကား၌ ဘုရားကိုဆည်းကပ်ရသည်၊ မြတ်တရားနာ၌ ဝိပ
သ၁နာတရားကို နာယူရသည်၊ ရုပ်နာမ်သိအောင် နာယူသောတရားကို ဝိပသ၁နာတရားခေါ်ပါသည်။
     မြတ်သောတရားကို သာမန်အနေနှင့်ကြည့်လျှင် လေးမျိုးရှိသည်။ စိတ်တည်းဟူသော မြတ်သောတရားတစ်ပါး၊ စေတသိက်တည်းဟူသော
မြတ်သောတရားတစ်ပါး၊ ရုပ်တည်းဟူသော မြတ်သောတရားတစ်ပါး၊ နိဗ္ဗာန်တည်းဟူသော မြတ်သောတရားတစ်ပါး၊ အားလုံး မြတ်သောတရာ
း လေးပါးဖြစ်သည်။ ပရမတ်တရား လေးပါးသည် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ကိုခေါ်သည်၊ ယခု သင်ယူနေမှုသည် စိတ် စေတသိက် ရုပ် နိဗ္ဗာန်
တည်းဟူသော ပရမတ်တရား လေးပါးကို သင်ယူနေခြင်းဖြစ်သည်။ အဝိဇ္ဇာကို မောဟတရားကိုယ် ကောက်ထားသည်၊ မောဟသည် စေတသိ
က်တရားဖြစ်သည်။ သင်္ခါရတရားကိုယ်သည် စေတနာဖြစ်သည်၊ စေတနာသည် စေတသိက်တရားဖြစ်သည်၊ ထိုစေတသိက်တရားကိုလည်း ကိုယ့်ခန္ဓာမှာ ကောက်၍ရခဲပါပြီ။ ဝိဉာဏ်သည် စိတ်ဖြစ်သည်၊ မြင်စိတ် ကြားစိတ်စသည်ဖြင့် ကောက်ပြခဲ့ပါပြီ။ နာမ်သည် အမှတ်ဖြစ်သည်၊ ယင်းအမှတ်သည် စေတသိက်တရားဖြစ်သည်။ ထို့နောက် ဣသ၁ မစ္ဆရိယ ကုက္ကု စ္စ အစရှိသည်ဖြင့် စေတသိက်တရားတို့ကို ကောက်ပြခဲ့ပါ
သည်။
     စက်ဝိုင်းကိုကြည့်ပါ၊ ဝိဉာဏ်သည် ရုပ်တရား၊ နာမ်သည် စေတသိက်တရား၊ ရုပ်သည် ရုပ်တရား၊ စိတ် စေတသိက် ရုပ်တို့ဖြစ်သည်။ မြင်လျှ
င် မြင်စိတ်ဖြစ်သည်၊ ထိုမြင်မှု၌ မှတ်စိတ်ပါလာသည်၊ မှတ်စိတ်သည် နာမ်တရားဖြစ်သည်၊ အမြင်ခံအရုပ်သည် ရုပ်တရားဖြစ်သည်၊ မြင်မှု၌ စိတ်
စေတသိက် ရုပ်ဖြစ်နေပါသည်။ ကြားသည်၌ ကြားသိစိတ်သည် စိတ်တရား၊ ကြားသည်ကို မှတ်သည်က နာမ်တရား၊ အသံနှင့်ရုပ်သည် ရုပ်တ
ရားဖြစ်သည်၊ ကြားသည်၌ စိတ် စေတသိတက် ရုပ် သုံးမျိုးဖြစ်နေသည်။ တရားကိုယ်ကောက်နေမှုသည် သင်္ဂြို လ်စာအုပ်ကိုကြည့်၍ ကောက်နေ
သည်မဟုတ်ဘဲ ခန္ဓာကိုကြည့်၍ ကောက်နေသည်။ ကြားသည်၌ ကြားသည်စိတ်က ဝိဉာဏ်(စိတ်)၊ ကြားမှုကို မှတ်သည်က နာမ်(စေတသိက်)၊
နားနှင့်အသံက ရုပ်ဖြစ်သည်၊ ကြားသည်၌ စိတ် စေတသိက် ရုပ်ပေါ်ပါသည်။
     အအနံ့ကိုနံသည်၌ နံစိတ်သည်စိတ်ဖြစ်၍ မွှေးသည် ပုတ်သည်ကို မှတ်သည်က နာမ်(စေတသိက်)ဖြစ်ပြီး နှာခေါင်းသည် ရုပ်ဖြစ်သည်၊ စိတ်
စေတသိက် ရုပ် ခန္ဓာမှာပေါ်နေသည်။ ထို့ကြောင့် စိတ် စေတသိက် ရုပ်တို့သာရှိသည်၊ အချင်းပြောလျှင် စိတ်နှင့်စေတသိက်သည် နာမ်တရားဖြစ်
၍ ရုပ်သည် ရုပ်တရားဖြစ်ပြီး ရုပ်နာမ်ဖြစ်သည်။
     စားသည်၌လည်း စိတ် စေတသိက် ရုပ်ပေါ်သည်။ တစ်ခါတလေ အစားကိုမစားရလျှင် အနည်းဆုံး လျှာရည်ကို မျိုနေရသည်၊ လျှာရည်ကို မမျို
နိုင်လျှင် သေရမယ်ဖြစ်သည်၊ လျှာရည် အရည်သည် ရုပ်တရား၊ မျိုစိတ်သည် စိတ်တရား၊ မျိုမှုကိုမှတ်သည်က စေတသိက်တရားဖြစ်သည်၊ စား
သည်၌ စိတ် စေတသိက် ရုပ်ပေါ်နေသည်။
     ကိုယ်ခန္ဓာဖြင့်လုပ်သည် သွားလာသည် ထိုင်သည်၌ ကိုယ်ခန္ဓာကြီးသည် ရုပ်တရား၊ သွားလာစိတ် ထိုင်စိတ် လုပ်ကိုင်စိတ်သည် စိတ်တရား၊
 လှုပ်ရှားမှုသည်က စေတနာဖြစ်၍ စေတနာသည် စေတသိက်တရားဖြစ်သည်၊ ခန္ဓာကိုယ်ဖြင့် ထိုင်ထ သွားလာ လှုပ်ရှားမှုတို့၌လည်း စိတ် စေတ
သိက် ရုပ်တရားတို့ဖြစ်သည်။
     နှလုံးနှင့်ကြံတွေးသောအခါ၌ နှလုံးအိမ်သည် ရုပ်တရားဖြစ်သည်၊ တွေးတောမှုသည် စိတ်တရားဖြစ်သည်၊ တွေးသိမှု၌ အဖြူ  အဝါ ယောက်ျား
 မိန်းမအမှတ်ပါလာသည်၊ အမှတ်သည် စေတသိက်တရားဖြစ်သည်၊ ကြံတွေးမှု၌ စိတ် စေတသိက် ရုပ်ဖြစ်နေပါသည်။ စိတ် စေတသိက် ရုပ်ကို အချင်းပြောသော် စိတ် စေတသိက်သည် နာမ်ဖြစ်သည်၊ ရုပ်သည် ရုပ်ဖြစ်သည်၊ ခန္ဓာ၌ ရုပ်နာမ်ဖြစ်နေပါသည်။
     ယခုဆက်ပြီး သဠာယတနကို တရားကိုယ်ကောက်ပါမယ်။ သဠာယတန၌ သတစ်ပုဒ် အာယတနတစ်ပုဒ်ဖြစ်သည်၊ ဠကြီးသည် အဓိပ္ပါယ် တ
စ်ခုမှမရှိပါ၊ သသည် ခြောက်ပါး၊ အာယတနသည် အိမ်၊ ပေါင်းလျှင် အိမ်ခြောက်အိမ်ဖြစ်သည်။ နာမရူပပစ္စယာ သဠာယတနံဆိုထားသည်၊ နာရုပ်
ကြောင့် အာယတနခြောက်ပါးဖြစ်သည်။ တနည်း နာမ်ရုပ်ကြောင့် အိမ်ခြောက်အိမ်ဖြစ်သည်။ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါးဖြစ်သည်သ
ာဟောသည်၊ နာမ်ရုပ်ကြောင့် ယောက်ျားဖြစ်သည် မိန်းမဖြစ်သည် လူနတ်ဗြဟ္မာဖြစ်သည်မဟောပါ၊ ဘုရားတရားသည် ရှင်းနေပါသည်။ နာမ်ရုပ်
ကြောင့် သဠာယတနခေါ်သော အိမ်ခြောက်အိမ်ဖြစ်လျှင် ထိုအိမ်ခြောက်အိမ်ကို ကိုယ်ခန္ဓာမှာ ရှာရပါသည်၊ အိမ်ခြောက်အိမ်ကို ပါဠိစကားဖြင့် စ
က္ခာယတန သောတာယတန ဃာနာယတန ဇိဝှာယတန ကာယာယတန မနာယတနတို့ဖြစ်သည်။
     ပါဠိဘာသာသည် မိခင်ပြောသော ဘာသာစကားမဟုတ်သည်ဖြစ်၍ ကိုယ်က နှုတ်မတက်နိုင်ပါ၊ မိခင်ဘာသာစကားနှင့် ပြောသောအခါ စက္ခာယတန မျက်စိအိမ်၊ သောတာယတန နားအိမ်၊ ဃာနာယတန နှာခေါင်းအိမ်၊ ဇိဝှာယတန လျှာအိမ်၊ ကာယာယတန ကိုယ်အိမ်၊ မျက်စိ နား
နှာခေါင်း လျှာမှ ကျံသောအရာအားလုံးကို ကာယာယတန ကိုယ်အိမ်ဖြစ်သည်၊ မနာယတန စိတ်အိမ်တို့ဖြစ်ပါသည်။
     ရပ်ထဲရွာထဲ၌ မျက်စိအိမ်ကို မျက်စိအလုံးကို သိနေကြသည်၊ မျက်စိအလုံးသည် မျက်စိအိမ်မဟုတ်ပါ၊ မျက်စိအလုံးထဲ၌ အလယ်တည့်တည့်မှာ
 အကြည်ရုပ်ရှိသည်၊ ထိုအကြည်ရုပ်ကိုကြည့်လျှင် လှပ်လှပ်ဖြစ်နေသည်၊ ရွာစကားနှင့်ပြောသော် အလယ်တည့်တည့်မှာ လူအရိပ်ပေါ်နေသော
နေရာဖြစ်သည်၊ အလယ်တည့်တည့်မှာ အကြည်ရုပ်သည် မျက်စိအိမ်ဖြစ်သည်။ အကြည်ရုပ်မှကျံသော မျက်လုံးအားလုံးသည် ကိုယ်အိမ်ဖြစ်သ
ည်။ မြင်စရာရှိရာကို မြင်သောအကြည်ရုပ်သည် စက္ခာယတန မျက်စိအိမ်ဖြစ်သည်။ ထိုစက္ခာယတန မျက်စိအိမ်သည် စာထဲမှာမဟုတ် ကိုယ့်ခန္ဓာ
အထဲမှာဖြစ်သည်၊ ငါသူ ပုဂ္ဂိုလ်သတ္တဝါ အသက်ဇီဝလည်းမဟုတ် မျက်စိအိမ်ဖြစ်သည်။ မျက်စိအိမ်သည် လူခေါ်သောခန္ဓာ၌ရှိသည်၊ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ခေါ်သော ခန္ဓာတို့၌လည်းရှိသည်၊ မျက်စိအိမ်သည် သုံးဆယ့်တစ်ဘုံလုံး ခန္ဓာရှိသူတို့၌ ရှိနေသည်၊ ယင်းကြော
င့် မျက်စိအိမ်သည် ငါသူမဟုတ် ရုပ်တရားဖြစ်ပါသည်။
     သောတာယတန နားအိမ်။ နားအိမ်သည် နားရွက်ကို ဆိုသည်မဟုတ်ပါ၊ နားရွက်သည် ကာယာယတန ကိုယ်အိမ်၌ဖြစ်သည်။ နားရွက်အထဲ
ကို ရောက်လာသော အသံလှိုင်းကို  ကြားသိပေးသော အကြည်ရုပ်ရှိသည်၊ ထိုအကြည်ရုပ်သည် သောတာယတန နားအိမ်ဖြစ်သည်။ နားရွက် အထဲ၌ အကြည်ရုပ်ပျက်လျှင် နားမကြားဖြစ်သည်၊ နားရွက်တော့ရှိပြီး နားမကြားမှုသည် သိသာသည်ဖြစ်၍ နားရွက်သည် သောတာယတန နား
အိမ်မဟုတ်ပါ၊ နားရွက်သည် ကိုယ်အိမ်ဖြစ်သည်။ ခန္ဓာ၌ လူခန္ဓာလူအိမ် နတ်ခန္ဓာနတ်အိမ်မရှိဘဲ နားအိမ်သာရှိသည်၊ နားအိမ်သည် ရုပ်တရားဖြ
စ်ပါသည်။
     ဃာနာယတန နှာခေါင်းအိမ်။ နှာခေါင်းအိမ်သည် မျက်စိနှင့်မြင်ရသော လက်နှင့်ကိုင်တွယ်၍ရသော နှာခေါင်းကို ဆိုသည်မဟုတ်ပါ၊ နှာခေါင်း
အထဲ၌ အနံ့ကိုနံသော အကြည်ရုပ် နေရာတစ်ခုရှိသည်၊ ထိုအကြည်ရုပ်သည် နှာခေါင်းအိမ်ဖြစ်သည်။ မျက်စိနှင့်မြင်၍ရသော လက်နှင့်စမ်း၍ရေ
သာ နေရာအားလုံးသည် ကိုယ်အိမ်၌ဖြစ်သည်။ အကြည်ရုပ် နှာခေါင်းအိမ်သည် ရုပ်တရားဖြစ်သည်၊ ထိုရုပ်သည် မိကြောင့် ဖကြောင့် မျိုးကြော
င့်မဟုတ် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးကြောင့်ဖြစ်သည်။ ရုပ်တရားကို ရုပ်လို့သိလျှင် ငါသူ ပုဂ္ဂိုလ် သတ္တဝါအသိသည် ပျောက်လျ
က် ပညာသိဖြစ်နေသည်၊ ရုပ်ကို ရုပ်မသိဘဲ ငါသူ သိသောအသိသည် ပညာသိမဟုတ် အမှတ်သိဖြစ်သည်။ မြင်၍ကြား၍သိမှုသည် ဝိဉာဏ်သိ
ဖြစ်သည်။
     ဇိဝှာယတန လျှာအိမ်။ ဤအတိုင်းကြည့်သော် ပါးအတွင်း၌ လျှာကြီးကို တွေ့မြင်ရသည်၊ ထိုလျှာတစ်ခုလုံးကို ဇိဝှာယတနမခေါ်ပါ၊ လျှာအလ
ယ်၌ မှန်သားကဲသို့ အကြည်ရုပ်ရှိသည်၊ ထိုအကြည်ရုပ်ကို မျက်စိဖြင့် မြင်၍မရပါ ဉာဏ်နှင့်မှမြင်ရသည်၊ အကြည်ရုပ်၌ စားစရာတစ်ခုခုရောက်
လာလျှင် စားသိစိတ်ပေါ်လာသည်၊ စားသိစိတ်ဖြစ်သော အကြည်ရုပ်သည် ဇိဝှာယတန လျှာအိမ်ဖြစ်သည်။ အကြည်ရုပ်မှကျံသော လျှာပြားကြီး
သည် ကာယာယတန ကိုယ်အိမ်၌ပါဝင်သည်၊ အကြည်ရုပ် လျှာအိမ်သည် ရုပ်တရားဖြစ်သည်။
     ကာယာတန ကိုယ်အိမ်။ မျက်စိအကြည်ရုပ် နားအကြည်ရုပ် နှာခေါင်းအကြည်ရုပ် လျှာအကြည်ရုပ်မှကျံသော ဦးခေါင်းမှ ခြေဖျားတိုင်အောင်
အတွင်းအပြင် ကိုယ်ခန္ဓာအားလုံးသည် ကာယာတန ကိုယ်အိမ်ဖြစ်သည်။ ကိုယ်၌ အပြင်မှထိလျှင်လည်း သိစိတ်ပေါ်သည်၊ အတွင်းမှထိလျှင်လ
ည်း သိစိတ်ပေါ်သည်။ တစ်ခါတလေ အတွင်း၌ထိမှုကြောင့် ဗိုက်နာဗိုက်အောင့်ဖြစ်သည်၊ အတွင်း၌ထိ၍ သိစိတ်ပေါ်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်၌
ကလီစာနှင့်တကွ အတွင်းအပြင် ခေါင်းမှခြေဖျားထိ အကြည်ရုပ်သည် ကာယာယတန ကိုယ်အိမ်ဖြစ်သည်။
     မနာယတန စိတ်အိမ်။ နှလုံးအိမ်၌ သွေးရှိသည်၊ ထိုနှလုံးသွေးသည် ကြည်ပြီးဖြစ်နေသည်၊ ကြည်သည်ကို ရခိုင်စကားနှင့်ပြောလျှင် ကြိုင်သ
ည်။ ကြိုင်ပြီးကြည်ပြီးဖြစ်နေသော နှလုံးသွေး၌ သိစိတ်ပေါ်သည်၊ ကြည်လင်နေသောရေ၌ အရုပ်ထင်သလို ကြံတွေးလိုက်လျှင် သွေးကြည်နေေ
သာနေရာ၌ သိစိတ်ဖြစ်ပါသည်။ လယ်တီဆရာတော်ဘုရားကြီးက နှလုံးအိမ်၌ သိစိတ်ဖြစ်ပေါ်ပုံကို ဆီအိုး၌ ဆီကိုချက်လျှင် မီးအချိန်ကြောင့် ဆီ
ပေါက်များ ပေါ်လာလိုက် ပျောက်သွားလိုက် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသလို သိစိတ်များသည်လည်း ထို့အတူ ပေါ်လာလိုက် ပျောက်
သွားလိုက်ဖြစ်နေကြသည်ကို ဆုံးမပါသည်။ မနောအကြည်ထဲမှာ ပေါ်လာသောသိစိတ်သည် မနာယတန စိတ်အိမ်ဖြစ်ပါသည်။ မနောအကြည်စိ
တ်သည် စိတ်ဖြစ်၍ မနာယတနသည် နာမ်တရားဖြစ်သည်။ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်သည် ရု
ပ်တရားဖြစ်သည်။ ခန္ဓာ၌ ထိုသို့ဖြစ်နေလျှင် ပုဂ္ဂိုလ်သတ္တဝါ ငါသူ လူနတ်ရှာကြည့်သော် မရှိဖြစ်နေသည်၊ မရှိအထဲ၌ လူလောက၌ ခွဲတမ်းချထားေ
သာ ယောက်ျားမိန်းမသည်လည်းမရှိပါ၊ သက်သက် ရုပ်နာမ်သာရှိပါသည်။
     ယခု ဖသ၁တရားကိုယ်ကို ကောက်ပါမယ်၊ သဠာယတန၌ ခြောက်ပါးရှိသလို ဖသ၁၌လည်း ခြောက်ပါးရှိသည်။ စက္ခုသမ္ဖသ၁ သောတသမ္ဖ
သ၁ ဃာနသမ္ဖသ၁ ဇိဝှာသမ္ဖသ၁ ကာယသမ္ဖသ၁ မနောသမ္ဖသ၁ ဖသ၁ခြောက်ပါးဖြစ်သည်။ နေ့တိုင်း မျက်စိနှင့်မြင်နေရမှုသည် စက္ခုသမ္ဖသ၁
ဖြစ်သည်၊ မျက်စိသည် စက္ခု  မြင်နေရမှုသည် သမ္ဖသ၁ဖြစ်သည်။ နေ့တိုင်း မျက်စိနှင့်မြင်နေရသည်ကို သိကြသည်၊ သို့သော်လည်း ပါဠိစကားဖြင့်
 ပြောဖို့မတတ်ကြဖြစ်သည်၊ နေ့တိုင်း မျက်စိနှင့်မြင်ရမှု၌ ငါသူ ပုဂ္ဂိုလ်သတ္တဝါ  လူနတ်ဗြဟ္မာဖြစ်နေသည်မဟုတ်ပါ တရားဖြစ်နေပါသည်။
     သောတသမ္ဖသ၁၊ နေ့တိုင်း နားနှင့်ကြားနေရသည်။ နားနှင့်ကြားနေရသည်၌ ငါသူမဟုတ်ပါ၊ သို့သော် ငါကြားသည် သူကြားသည်ပြောသည်၊
 ထိုသို့ ငါကြားသည် သူကြားသည်မပြောလျှင်လည်း လောကကြီးက နားမလည်ဖြစ်သည်။ အသံတစ်ခုကားဆိုလျှင် ငါလည်းကြားလိုက်သည်ပြေ
ာမှ နားလည်မယ်ဖြစ်သည်၊ အပြော၌ ငါပြော၍ အသိ၌ ငါမဟုတ်ပါ၊ ကြားနေရမှုသည် ငါမဟုတ် သက်သက် သောတသမ္ဖသ၁ဖြစ်သည်။
     ဃာနသမ္ဖသ၁၊ နှာခေါင်းနှင့် အနံ့ကို နေ့တိုင်း နံနေရသည်။ မနံစေလို၍လည်းမရပါ နှာခေါင်းရှိ၍ နေ့တိုင်း နံနေရသည်။ ဇိဝှာသမ္ဖသ၁၊ လျှာနှ
င့် နေ့တိုင်း စားနေရ လျှက်နေရသည်၊ အနည်းဆုံး ကိုယ့်လျှာရည်ကို မျိုနေရသည်၊ ထိုအလုပ်ကို မလုပ်လို၍လည်းမရပါ၊ မလုပ်လျှင် သေရလိမ့်မ
ယ်ဖြစ်သည်။ ကာယသမ္ဖသ၁၊ နေ့တိုင်း ထိုင်ရသည်၊ ထရသည်၊ ရပ်ရသည်၊ သွားရသည်၊ အိပ်ရသည်၊ တခြားအလုပ်ကို မလုပ်လို၍ရသည်၊ ထို
င်ရ ထရစသောအလုပ်ကို မလုပ်လို၍မရပါ၊ ထိုသို့ နေ့တိုင်းလုပ်နေရမှုသည် ကာယသမ္ဖသ၁ဖြစ်သည်။ ယခု ဤနေရာ၌ ထိုင်နေကြခြင်းသည် ကာယသမ္ဖသ၁ဖြစ်နေသည်၊ ထိုင်နေကြသည်ကို ကာယသမ္ဖသ၁ဖြစ်နေသည် ပြောဆို၍ နားမလည်ကြပါ၊ ထိုင်နေသည်ပြောမှ နားလည်သည်။
 ဈေးရောင်းဈေးဝယ် ထမင်းချက်ရေခပ်စသည်ဖြင့် အလုပ်အားလုံးသည် ကာယသမ္ဖသ၁တရား ဖြစ်နေပါသည်။
     မနောသမ္ဖသ၁၊ နေ့တိုင်း စိတ်နှင့်ကြံတွေးနေရသည်။ မြင်ဖူး ကြားဖူး နံဖူး စားဖူး လုပ်ကိုင်ဖူးသည်ကို ကြံတွေးစဉ်းစားခြင်းသည် မနောသမ္ဖ
သ၁ဖြစ်သည်။ မမြင်ဖူး မကြားဖူး မနံဖူး မစားဖူး မလုပ်ဖူးသည်တို့ကို ကြံတွေးစဉ်းစား၍မရပါ၊ မကြံစည် မစဉ်းစားဘဲလည်း နေ၍မရဖြစ်သည်၊ ထို
ကြံတွေးမှုသည် တရားလည်ပတ်မှုဖြစ်ပါသည်။ စက္ခုသမ္ဖသ၁အစ မနောသမ္ဖသ၁အဆုံးသည် ဖသ၁ခြောက်မျိုးဖြစ်သည်။ မြင်နေရမှု ကြားနေရမှု
 နံနေရမှု စားနေရမှု လုပ်ကိုင်နေရမှု စဉ်းစားကြံတွေးနေရမှုတို့နှင့် တစ်ရက်တစ်ရက်စီ ကုန်ဆုံးကြသည်၊ သူသူကိုယ်ကိုယ် ကြားနေရမှု မြင်နေရ
မှုစသည် ဖသ၁ခြောက်မျိုးဖြစ်နေသည်ကို ငါအလုပ်များသည်စသည်ဖြင့် ပြောကြသည်၊ ထိုခြောက်မျိုးထက်လည်း အပိုမရှိပါ၊  ထိုခြောက်မျိုးဖြစ်
ပေါ်နေခြင်းသည် တရားဖြစ်ပေါ်နေမှုဖြစ်ပါသည်။
     ဖသ၁သည် စေတသိက်ဖြစ်၍ နာမ်ဖြစ်သည်၊ မြင်မှု၌ မျက်စိသည် ရုပ်တရားဖြစ်၍ မြင်မှုသည် နာမ်တရားဖြစ်သည်။ မြင်မှု၌ ရုပ်နာမ်ပေါ်သ ည်။ကြားမှု၌လည်း အသံသည်ရုပ်တရား ကြာနေသောအမူအရာသည်နာမ် ရုပ်နာမ်ဖြစ်သည်။ နံသည် စားသည် လုပ်ကိုသည် တွေးတောကြံစ ည်သည်တို့၌လည်း ရုပ်နာမ်ဖြစ်နေကြသည်။ ဖသ၁သည် စေတသိက်ဖြစ်၍ စိတ်နှင့်မတွဲဘဲမရပါ၊ စေတသိက်သည် စိတ်နှင့် အမြဲတွဲရသည်။ ခန္ဒာ၌ ငါသူမရှိ ဖသ၁ခြောက်မျိုးသာရှိသည်၊ အချင်းပြောလျှင် ရုပ်နာမ်သာရှိပါသည်။
     မြတ်စွာဘုရားသည် ဓမ္မေသု ဓမ္မာနုပသ၁ီ ဝိဟရတိ၊ ဖသ၁တရားကို ဖသ၁တရားလို့သိပါဟောထားသည်၊ ဖသ၁တရားကို ဖသ၁တရားသိ
လျှင် တရားကိုသိရာကျပါသည်။ တရားကိုသိလျှင် အသိခံဖြစ်သောတရား၏ မမြဲပုံကို သိမြင်၍ ရသွားပါသည်၊ မြင်နေရသော အသိခံတရားသ
ည် တခဏနေပြီး ပျောက်သွားပါသည်။ လောက၌ ထိုသဘောကို မမြင်လိုက်ပြီ မကြားလိုက်ပြီ မနံလိုက်ပြီစသည်ဖြင့်ပြောကြသည်၊ ထိုအပြော
သည် ဖြစ်ပြီးပျောက်သွားခြင်းကို ပြောခြင်းဖြစ်သည်။
     သမုဒယဓမ္မာနုပသ၁ီဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပသ၁ီဝါ ဓမ္မေသု ဝိဟရတိ၊ ဓမ္မခေါ်သော မြင်မှုကြားမှုသည် ပေါ်လာသည် ပျောက်သွား
သည်၊ ပေါ်လာသည် ပျောက်သွားသည်ကို သိနေပါ၊ ထိုသို့သိနေလျှင် ငါသူ ပုဂ္ဂိုလ်သတ္တဝါကို သိနေသည်မဟုတ်ပါ တရားကို သိနေမှုဖြစ်သည်။
ကလေးသူငယ်ပြောသလို အားလုံးဖြစ်ပျက်သာ မဖြစ်ပျက်သောအရာသည်မရှိ ပြောသည်နှင့်မတူပါ၊ ထိုအပြောသည် အဖြစ်အပျက်ကိုမမြင်ဘဲ
ပြောသောအပြောသာဖြစ်သည်။ ယခု အဖြစ်အပျက်ကို စိတ်မှာ သိမြင်နေရပါမယ်၊ သိမြင်နေမှသာ ဉာဏ်ပေါ်ပါသည်။ ကလေးသူငယ်ပြောစ
ကားသည် သူတစ်ပါးထံမှကြားရ၍ ပြောသောစကားဖြစ်သည်၊ ယခုသည် အဖြစ်အပျက်ကို ဉာဏ်မှာထင်ရပါမယ်။
     ဖသ၁တရားကိုယ်ပြီးသော် ဝေဒနာတရားကိုယ်ဖြစ်သည်။ ဖသ၁၌ ခြောက်မျိုးရှိသလို ဝေဒနာ၌လည်း ခြောက်မျိုးရှိသည်၊ စက္ခုသမ္ဖသ၁ဇာေ
ဝဒနာ၊ သောတသမ္ဖသ၁ဇာ ဝေဒနာ၊ ဃာနသမ္ဖသ၁ဇာ ဝေဒနာ၊ ဇိဝှာသမ္ဖသ၁ဇာ ဝေဒနာ၊ ကာယသမ္ဖသ၁ဇာ ဝေဒနာ၊ မနောသမ္ဖသ၁ဇာ ဝေဒ
နာ ခြောက်ပါးဖြစ်သည်။ ဝေဒနာကို ခံစားမှုပြန်ထားသည်၊ ခံစားမှုသည် ခြောက်ပါးရှိသည်။ စက္ခုသမ္ဖသ၁ဇာ ဝေဒနာပါဠိကို အနက်ထင်လျှင် စ
က္ခု ၊ မျက်စိ။ ဇာ၊ ကြောင့်ဖြစ်သော။ ဝေဒနာ၊ ခံစားခြင်း။ ယင်းကို ပါဠိစကားဖြင့် စက္ခုသမ္ဖသ၁ဇာ ဝေဒနာဖြစ်သည်။ တစ်ဦးဦးကို တွေ့မြင်သောအ
ခါ မြင်တွေ့ရမှုကြောင့် ဝမ်းမြောက်မှုဖြစ်သည်၊ ထိုသဘောသည် မြင်ရမှုကြောင့် ဝမ်းမြောက်သော သောမနသ၁ ဝေဒနာ ဖြစ်ပေါ်လာသည်။ တစ်
ခါတလေ ကိုယ်နှင့်အဆင်မသင့်သူကို တွေ့မြင်သောအခါ မကျေနပ်သော ဒေါမနသ၁ ဝေဒနာ ဖြစ်ပေါ်လာသည်၊ တစ်ယောက်အထံ၌ သောမန
သ၁ ဝေဒနာပေါ်၍ နောက်တစ်ယောက်အထံ၌ ဒေါမနသ၁ ဝေဒနာပေါ်သည်။ ခံစားမှုကို ဗြုန်းစားကြီးမသိနိုင်ပါ၊ မေးကြည့်မှ ဝမ်းသာဝမ်းနည်း ခံ
စားမှုကို သိနိုင်ပါသည်။
     မြင်ရမှုကြောင့်ဖြစ်သော ခံစားမှု၊ ကြားရမှုကြောင့်ဖြစ်သော ခံစားမှု၊ နံရမှုကြောင့်ဖြစ်သော ခံစားမှု၊ စားရမှုကြောင့်ဖြစ်သော ခံစားမှု၊ လုပ်ကိုင်
ရမှုကြောင့်ဖြစ်သော ခံစာမှု၊ ကြံစည်တွေးတောမှုကြောင့်ဖြစ်သော ခံစားမှုတို့သည် ခြောက်ခုရှိသည်။ ထိုခံစားမှုခြောက်ခုဖြင့် ဝမ်းမြောက်ဝမ်းသာ
 ပေါ်နေသည်ကို ကလေးသူငယ်တောင်မှ သိပါသည်၊ ကလေးသည် မိခင်ကိုမြင်လျှင် ပျော်မြူးလျှက် မိခင်ထံသို့ လိုက်ဖို့တောင်းသည်၊ အခြားသူ
ကိုမြင်သော် မျက်နှာလှည့်သွားသည်၊ မိခင်သည် ကလေးတင်ပါးကို ဆိုးသည်ဆိုလျက် ပုတ်လိုက်လျှင် ငိုနေပြန်ပြီ၊ ကလေးကို ချော့မြှူလိုက်လျှင်
အငိုတိတ်သွားပြန်သည်၊ ဤသဘောတို့သည် ခံစားမှု ပြောင်းနေခြင်းဖြစ်သည်။ လူကြီးတို့၌လည်း ထိုသဘောတူဖြစ်သည်။
     တစ်ရက်တစ်ရက်၌ မြင်ရမှုကြောင့်ဖြစ်သော ခံစားမှု၊ ကြားရမှုကြောင့်ဖြစ်သော ခံစားမှုအစရှိသည်တို့နှင့် အချိန်ကုန်လွန်သွားသည်။ ခံစားမှု
ဝေဒနာသည် အမြဲဖြစ်နေသည်၊ ဖြစ်တိုင်းလည်း ပျက်နေမှုသည် ရှိပါသည်၊ သို့သေည်လည်း ခံစားမှုဝေဒနာ ဖြစ်ပျက်နေသည်ကို မသိတတ်ဖြစ်
သည်။ ဖြစ်နေသည်က ခံစားမှုဝေဒနာဖြစ်နေသည်၊ တရားကိုယ်ကို မကောက်တတ်သောအခါ ဖြစ်နေသောဝေဒနာကို ငါဝမ်းသာသည်၊ ငါဝမ်း
နည်းသည်စသည်ဖြင့် ဝေဒနာကို ငါသူယူလိုက်သည်။ ဝေဒနာကို ငါသူယူလျှင် တရားမရနိုင်ပါ၊ ဝေဒနာ အတ္တတော သမနုပသ၁တိ၊ ဝေဒနာကို
ငါသူယူထားလျှင် အတ္တဆိုသောအပင်းသည် ခန္ဓာမှာ ဝင်လာပါသည်။
     ဘုရားမရှိသော ခေတ်ကာလများ၌ တရားအားထုတ်ရန်အတွက် တောထွက်ကြသည်၊ ဝေဒနာကို ငါသူမဟုတ် မသိတတ်သည်ဖြစ်၍ တစ်သ
က်လုံး တရားအားထုတ်သော်လည်း တရားမရဘဲ ဈာန်အဘိညာဉ်ရလျက် သေသောအခါ ဗြဟ္မာဘုံကို ရောက်သွားသည်။ တရားရလျှင် ဗြဟ္မာဘုံ
ကိုမရောက်ပါ၊ တရားရလျှင် နိဗ္ဗာန်ကိုရောက်ပါမယ်၊ အနည်းဆုံး သောတာပန်ဖြစ်ပါမယ်၊ သို့မဟုတ် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာထိ တက်သွ
ားမယ်ဖြစ်သည်။ တရားမရသောအကြောင်းသည် တရားဟောသူမရှိ၍ တရားကိုတရားမှန်းမသိ ငါချည်းထင်သွားခဲ့၍ဖြစ်သည်။
     ခံစားမှုဝေဒနာသည် မျက်စိမှာလည်း ဝေဒနာပေါ်သည်၊ နားမှာလည်း ဝေဒနာပေါ်သည်၊ နှာခေါင်းမှာလည်း ဝေဒနာပေါ်သည်၊ လျှာမှာလည်းေ
ဝဒနာပေါ်သည်၊ ကိုယ်မှာလည်း ဝေဒနာပေါ်သည်၊ ဝေဒနာမရှိသော အချိန်သည် မရှိဖြစ်သည်။ လမ်းခရီး၌ လမ်းကိုစိုက်ပြီး ကြည့်သွားနေသော
အခါ၌ ဝမ်းမြောက်မှုလည်းမပေါ် ဝမ်းနည်းမှုလည်းမပေါ်ပါ၊ အထက်မိုးကုတ်စက်ဝိုင်းကို မျှော်ကြည့်သော် ဝမ်းမြောက်မှု ဝမ်းနည်းမှုမရှိပါ၊ ဝမ်းသာ
ဝမ်းနည်းမရှိသော သဘောသည် မျက်စိမှာပေါ်သော ဥပေက္ခာ ဝေဒနာဖြစ်သည်။ နား၌ အသံကို ကြားတောကြားသည်၊ သို့သော် ဝမ်းသာဝမ်းန
ည်းမပေါ် ခြင်းသည် ဥပေက္ခာ ဝေဒနာဖြစ်သည်။ နှာခေါင်းမှ အနံ့ကိုနံသောအခါ ဝမ်းသာဝမ်းနည်းမပေါ် ခြင်းသည် ဥပေက္ခာ ဝေဒနာဖြစ်သည်။ အစားအစာကို စာသောအခါ လျှာမှာထိရုံလောက်၌ ဥပေက္ခာ ဝေဒနာဖြစ်သည်။ မျက်စိမှာ ဥပေက္ခာ ဝေဒနာ၊ နားမှာ ဥပေက္ခာ ဝေဒနာ၊ နှာခေါင်း
မှာ ဥပေက္ခာ ဝေဒနာ၊ လျှာမှာ ဥပေက္ခာ ဝေဒနာပေါ်ပါသည်။
     ခန္ဓာကိုယ်မှာ ဝေဒနာ နှစ်မျိုးပေါ်သည်၊ ခန္ဓာကိုယ်ကို အပ်နှင့်ထိုးသော် နာကြင်သည်၊ ဝါဂွမ်းနှင့်ပွတ်သော် သာယာသည်၊ အပ်နှင့်ထိုးသော် ဒု
က္ခ ဝေဒနာ၊ ဝါဂွမ်းနှင့်ပွတ်သော် သုခ ဝေဒနာပေါ်သည်၊ ခန္ဓာ၌ အထိအတွေ့ကိုလိုက်၍ သုခ ဒုက္ခ ဝေဒနာနှစ်မျိုးဖြစ်ပေါ်သည်။ စိတ်မှာ ဝေဒနာ
သုံးမျိုးပေါ်သည်၊ စိတ်၌ ဝမ်းမြောက်ဝမ်းသာဖြစ်သောအခါ သုခ ဝေဒနာ၊ စိတ်ညစ်သောအခါ ဒုက္ခ ဝေဒနာပေါ်သည်။ တစ်ခါတလေ ပြောဆိုလုပ်
ကိုင်၍မရလျှင် ကံမသကာနှလုံးသွင်းလျက် စိတ်၌ လျစ်လျူ ရှု ခြင်းသည် ဥပေက္ခာ ဝေဒနာဖြစ်သည်။ ဝမ်ထဲမှာ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာသုံးမျိုး
ပေါ်သည်၊ သုခကို သောမနသ၁လည်းခေါ်သည်၊ ဒုက္ခကို ဒေါမနသ၁လည်းခေါ်သည်။ စိတ်ညစ်သည် မကျေနပ်ဖြစ်သည် ဒုက္ခ ဝေဒနာဖြစ်သည်၊
ဝမ်းသာသည် ကျေနပ်မှုဖြစ်သည် သုခ ဝေဒနာဖြစ်သည်၊ တစ်ခါတလေ မတပ်နိုင် သူ့ဟာနှင့်သူကံသာ စိတ်၌ နှလုံးသွင်းထားလိုက်မှုသည် ဥပေ
က္ခာ ဝေဒနာဖြစ်သည်။
     မျက်စိမှာ ဥပေက္ခာ ဝေဒနာ၊ နားမှာ ဥပေက္ခာ ဝေဒနာ၊ နှာခေါင်းမှာ ဥပေက္ခာ ဝေဒနာ၊ လျှာမှာ ဥပေက္ခာ ဝေဒနာ၊ ကိုယ်မှာ သုခ ဒုက္ခ ဝေဒနာ
နှစ်ပါး၊ စိတ်မှာ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာပါးဖြစ်သည်။ ဤခန္ဓာ၌ ဝေဒနာကင်းသောနေရာသည် မရှိဖြစ်သည်၊ ဤခန္ဓာသည် ငါသူမဟုတ် ဝေဒ
နာတို့သာဖြစ်သည်။ မြင်သော်ကြားသော် ဝေဒနာတို့သာဖြစ်နေသည်၊ ဖြစ်နေသောဝေဒနာကို ဝေဒနာလို့သိပေးရသည်၊ ဝေဒနာကို ဝေဒနာသိလျှ
င် ငါသူအသိသည် ပျောက်သွားပါသည်။ အပြော၌ ငါဝမ်းမြောက်သည် ငါစိတ်ညစ်သည် ငါနှင့်ပြောရသည်၊ သို့သော် သိသောအခါ၌ ဝမ်းမြောက်
စရာနှင့်တွေ့၍ ဝမ်းမြောက်နေသည်၊ ဝမ်းနည်းစရာနှင့်တွေ့၍ ဝမ်းနည်းခြင်းဖြစ်နေသည်ကို သတိနှင့် သိလိုက်ရပါသည်။
     ဝေဒနာဖြစ်ပေါ်နေသည်ကို သတိနှင့်သိနေလျှင် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အသက် ဇီဝလိပ်ပြာ ဖြစ်ပေါ်မလာဘဲ ခံစားမှုဝေဒနာ ဖြစ်ပေါ်
နေသည်ကို သိနေပါသည်၊ ခံစားမှုဝေဒနာ ဖြစ်ပေါ်နေသည်ကို သိနေမှုသည် တရားကိုသိနေပါသည်။ ထိုသဘောကို ဝေဒနေသု ဝေဒနာနုပသ၁ီ ဝိဟရတိ၊ ဝေဒနာကို ဝေဒနာသိလျက် ထိုသိနေသောဝေဒနာသည်  သမုဒယဓမ္မာနုပသ၁ီဝါ ဝေဒနေသု ဝိဟရတိ၊ ဖြစ်ပြီးပျက်သွားပါသည်။ ဝေဒ
နာကို ဖြစ်ပျက်ရှု ပြီးသွားပါ၊ ဖြစ်ပျက်ရှု ပြီးသွားလျှင် နိဗ္ဗာန်ကို ရောက်လိမ့်မယ်ဖြစ်သည်၊ ဝေဒနာကို ဖြစ်ပျက်ရှုနေလျှင် နိဗ္ဗာန်တံခါးသည် ကိုယ့်အ
တွက် ပွင့်နေပြီဖြစ်ပါသည်။
     နိဗ္ဗာန်တံခါး ပွင့်ပြီဖြစ်သော်လည်း ကိုယ်က ဤအတိုင်း ထိုင်ကြည့်နေ၍မရပါ၊ ဝင်ရောက်အောင်ထိ ကိုယ်က သွားရမယ်ဖြစ်သည်။ ဝင်ရောက်ရန်အတွက် ဖြစ်ပျက်မြင်သော် ဖြစ်ပျက်ကို မုန်းအောင်ရှုရသည်၊ ဖြစ်ပျက်ချည်းနားလည်ထားပြီး ဖြစ်ပျက်ကိုမုန်းပြီဖြစ်သော်လည်း ဖြစ်
ပျက်ဆုံးအောင် ဖြစ်ပျက်ကို မမြင်အောင်ရှုရသည်၊ လမ်းအတိုင်းသွားသော် ဖြစ်ပျက်ဆုံးလျှင် နိဗ္ဗာန်ကိုရောက်ပါသည်။ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း
ဖြစ်ပျက်ဆုံးသည် နှစ်လှမ်းသုံးဖဝါးသာရှိသည်၊ နှစ်လှမ်းသုံးဖဝါး လှမ်ဖို့ကိုပျင်းလျှင် နိဗ္ဗာန်ကို မရောက်နိုင်ပါ။ တရားအလုပ်ကိုလုပ်ရန် ပျင်းလာခဲ့
၍ဖြစ်သည်ကို ယခု ကိုယ့်ခန္ဓာကိုကြည့်၍ အဖြေထွက်ပါသည်။
     ဝေဒနာပေါ်လျှင် ဝေဒနာကိုသိပေး၍ ဝေဒနာကို ဖြစ်ပျက်ရှု သော် နိဗ္ဗာန်တံခါးပွင့်သည်ကို သံယုတ်ပါဠိတော်၌ ဟောထားပါသည်။ သဟမ္ပတိ
ဗြဟ္မာမင်းသည် မြတ်စွာဘုရားထံသို့လာရောက်ပြီး တရားဟောရန် တောင်းပန်လျှောက်ထားသောအခါ မြတ်စွာဘုရား ပြောစကားရှိသည်၊ အပါ
ရုတာ တေသံ အမတသ၁ ဒွါရာ၊ ယေ သောတဝန္တော ပမုဉ္စန္တု  သဒ္ဓံ၊ သဟမ္ပတိဗြဟ္မာမင်း ငါဘုရားကို ယုံကြည်ဖို့ရန်လိုသေးသည်၊ ငါဘုရားကို မ
ယုံကြည် ထိုဘုရားများကို ယုံကြည်သွား၍မရပါ၊ ငါဘုရားကိုယုံကြည်မှ ငါ့စကားကို နားထောင်မယ်ဖြစ်သည်၊ ငါဘုရားကို ယုံကြည်သူတို့အတွ
က် ယနေ့ကစ၍ မသေသောတံခါးကို အမြဲဖွင့်လှစ်ထားပါပြီ ဟောထားပါသည်။ မသေသောတံခါးကို အမြဲဖွင့်လှစ်ထားသည် ဆိုသောစကားသ
ည် အပြောလွယ်သလောက် သဘောသည် လေးနက်ပါသည်။
     ဘုရားမပွင့်မီ မသေသောတံခါသည် ပိတ်နေသည်၊ ကိုယ်က ဝင်လို၍ ဝင်၍မရဖြစ်သည်၊ ဖွင့်ဖို့လည်းမတတ်ဖြစ်သည်၊ ဘုရားမပွင်မီ မသေေ
သာတံခါးပိတ်၍ သေသောတံခါးသည် ပွင့်နေသည်။ ယင်းကြောင့် ထိုဘဝမှသေပြီးလျှင် ယခုဘဝ၌ သေဖို့ခန္ဓာဖြစ်နေသည်၊ ဤဘဝကနေသေ
ပြီး နောက်ဘဝ၌ ခန္ဓာရ၍သေရလိမ့်မယ်၊ ထိုသဘောသည် သေသောတံခါး ပွင့်နေပါသည်။ ဤအတိုင်းသာဖြစ်လျှင် ရေတွက်၍မရေအောင်ေ
သသောတံခါးသည် ပွင့်နေပါသည်။ မြတ်စွာဘုရားက ငါဘုရားကို ယုံကြည်သူတို့အတွက် သေသောတံခါးကိုပိတ်၍ မသေသောတံခါးကို ဖွင့်ထ
ားလိုက်ပါသည်။
     ဝေဒနာမှနေ၍ တဏှာကို ကူးသွားလျှင် ပဋိစ္စသမုပ္ပါဒ် လည်လမ်းဖြစ်သည်။ တဏှာလာသော် သေလမ်းသိုရောက်၍ အသေတံခါးပွင့်သည်၊ စိ
တ်ထဲ၌ စည်းစိမ်ကို လိုချင်သောစိတ် ဘဝကောင်းကို လိုချင်သောစိတ်သည် တဏှာဖြစ်သည်။ လွန်ခဲ့သော အတိတ်ဘဝ၌ လူ့ဘဝကိုရလိုပါ၏ လူ့ဘဝကိုရလိုပါ၏ စိတ်၌ လိုချင်မှုဖြင့် တောင်းတလျက် ကုသိုလ်ကို ပြုလုပ်လာခဲ့သည်ဖြစ်၍ အမှန်ရောက်လာသောအခါ သင်္ချိုင်းကုန်းကိုရောက်
နေသည်။ လူ့ဘဝကိုရောက်လျှင် မသေ၍မလွတ်ပါ၊ သေရခြင်းသည် ကိုယ်အတွက် အသေတံခါးပွင့်နေ၍ဖြစ်သည်။ အသေတံခါးကို ပိတ်လိုသ
ည်ဖြစ်လျှင် ဝေဒနာကို ဖြစ်ပျက်ရှုရပါမယ်၊ အရှုခံဝေဒနာသည် ဖြစ်ပျက်ဒုက္ခ သိဉာဏ်သည်မဂ္ဂ၊ ဉာဏ်ရသွားပါပြီ၊ ဉာဏ်ရသွားလျှင် တဏှာသ
ည် ကိုယ့်ခန္ဓာမှာ ဖြစ်ခွင့်မရနိုင်ဖြစ်သည်။ တဏှာဖြစ်ခွင့်မရှိသော် ပဋိစ္စသမုပ္ပါဒ် ထွက်လမ်းဖြစ်သည်။ ထွက်လမ်းစကားသည် အသေကနေ၍ မေ
သရာကို ထွက်သွားခြင်းကို ဆိုလိုသည်၊ မသေရာသို့ထွက်သွားခြင်းသည် ကံကောင်း၍မဟုတ် ဉာဏ်ကောင်း၍ဖြစ်ပါသည်။
     ပဋိစ္စသမုပ္ပါဒ်ကို စက်ဝိုင်းလုပ်ပြီး သင်ပေး၍ နားလည်ရန် လွယ်ကူသွားပါသည်၊ မိမိတို့ တရားလုပ်ရမယ့်နေရာကို လယ်ကူစွာသိသွားပါသည်
။ မိုးကုတ်ဆရာတော်ကြီးသည် ဝေဒနာနှင့်တဏှာအကြားမှာ ဘုရားဖြစ်သည်ကို ဟောထားပါသည်၊ ဝေဒနာမရှိအောင်ရှု၍ ဘုရားဖြစ်ပါသည်။ ေ
ဝဒနာနိရောဓာ တဏှာနိရောဓော၊ ဝေဒနာနိရောဓလည်း နိဗ္ဗာန်၊ တဏှာနိရောဓလည်း နိဗ္ဗာန်ဖြစ်သည်။ တဏှာနိရောဓဖြစ်သော် ဇာတိ ဇရာမရ
ဏသည် မလာဖြစ်သည်၊ ဇာတိ ဇရာမရဏ ငြိမ်းခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။ ယင်းကြောင့် တရားမှတ်မှုသည် မသေတံခါးပွင့်ပါသည်။ ယခု အ
ချိန်စေ့၍ တရားထိုင်ကြရအောင်။

    

No comments:

Post a Comment