Total Pageviews

Sunday, January 3, 2016

      စစ်တွေမြို့  ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်

               ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့  ဇယသုခကျောင်း၌

             ၂၀၀၇ ခု မေလ ၅ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီထိ ဟောကြားအပ်သော

                               ပဋိစ္စသမုပ္ပါဒ်တရားတော် 

                                                                                               အင်္ဂါတစ်ဆယ့်နှစ်ပါး (တဏှာ)
                                                                                                                                                                                                                                                      ယခု ငါးရက်တိုင်တိုင် တရားသင်ယူလာခဲ့မှုသည် ကိုယ့်အတွက် သံသရာဝဋ်ငြိမ်းကြောင်း ဝဋ်ကျွတ်တရားကို သင်ယူနေသည် နားလည်ရပါမယ်။ ပဋိစ္စသမုပ္ပါဒ်ကို သင်ယူမှုသည် ဘုရားသာသနာနှင့် တစ်ခေတ်တစ်ခါ တွေ့ကြုံ မှသာ သင်ယူ၍ရပါသည်၊ ဘုရားသာသနာနှင့် မတွေ့ကြုံလျှင် တရားကို သင်ယူလိုပါသည်ဖြစ်သော်လည်း သင်
ယူ၍မရနိုင်ဖြစ်ပါသည်။
     မြတ်စွာဘုရား နှိုးဆော်တိုက်တွန်းထားမှုရှိသည်၊ ကထံ ဝိဇညာ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို ဘယ်နည်းဖြင့် သိနိုင်ဖို့လည်းလို့ မိမိတို့၏စိတ်ထဲမှာ အမြဲတန်းတွေးပြီး 
ရှာရမယ်ဖြစ်သည်၊ ထိုသို့ရှာနေမှ ကိုယ့်အတွက် သူတော်ကောင်းနှင့်တွေ့၍ သူတော်ကောင်းတရားကို နာယူခွင့်ရပါသည်။ ရှေ့ဆက်ပြီး ခဏော ဝေါ မာ ဥပစ္စဂါ၊။ ဝေါ၊ သင်တို့
အတွက်။ ခဏော၊ အခွင့်ကောင်းကြီးကို။ မာဥပစ္စကာ၊ မလွန်စေနဲ့။ အခွင့်ကောင်းကြီး ရရှိနေသည်ကို မလွန်ပါစေနဲ့၊ အခွင့်ကောင်းကြီး အဓိပ္ပါယ်သည် ဘုရားပွင့်နေသောခေ
တ်ကို အခွင့်ကောင်းကြီးခေါ်သည်။ ဘုရားပွင့်နေသော ခေတ်ကာလကို မလွန်စေနဲ့စကားသည် ဘုရားမပွင့်မီ ကုသိုလ်ကို လုပ်သောအခါလည်းရှိသည်၊ အကုသိုလ်ကို လုပ်
သောအခါလည်းရှိသည်၊ ဘုရားမပွင့်သော ခေတ်ကာလမှာ ကုသိုလ်အကုသိုလ်နှင့်နေသည်။ ဘုရားပွင့်သော ခေတ်ကာလမှာလည်း ကုသိုလ်အကုသိုလ်နှင့်နေပြီး ဘုရားကို
မရှာ တရားကိုမရှာဘဲ မလွန်ပါစေနဲ့။ ကုသိုလ်ကိုလုပ်နေရလျှင် ကျေနပ်နေခြင်းသည် လွန်ပစ်လိုက်ရာကျပါသည်။
     ယခု ဘုရားပွင့်သော ခေတ်ကာလ၌ ဘယ်ပုံဘယ်နည်းဖြင့် တရားကိုသိနိုင်ဖို့လည်း နှလံးသွင်းလျက် တရားကိုရှာရသည်၊ တရားကိုမရှာဘဲ ကုသိုလ် အကုသိုလ်ကိုချည်း
လုပ်၍ ငိုသောအခါငို ရေသောအခါရေလျက် နေချင်သလိုနေသော် ခဏာတိတာဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။ ခဏာတိတာ၊ ခဏကို၊ ၀ါ၊ အခွင့်အရေးကို လွန်စေကုန်
သောသူတို့သည်။ သောစန္တိ၊ စိုးရိမ်ရကုန်၏။ ဘုရားပွင့်သော ခေတ်ကာလကြုံရက်သားနှင့် တရားကိုမရှာဘဲ ကုသိုလ်ကိုလုပ်လျက်နေသော်လည်း စိုးရိမ်ပူဆွေးပြီးနေရသည်။ 
တစ်ခါတလေ ကုသိုလ်လုပ်လျက်နှင့် ကြောင်းကြရမှုများရှိသည်၊ ကျောင်းကိုသွား၍ ဥပုသ်သီတင်းဆောက်တည်လျှင် အိမ်မှာစိတ်ချရမယ်လား၊ အလှူလုပ်လျက်နှင့် ငါ့မှာ ကျံမျ
ားကျံမယ်လား၊ သီလဆောက်တည်ဖို့ ငါနိုင်ပင်နိုင်မယ်လားစသည်ဖြင့် စိတ်ထဲ၌ စိုးရိမ်ကြောင်းကြမှုများ ဖြစ်ကြရပါသည်။
     လူဖြစ်စေ နတ်ဖြစ်စေ ကုသိုလ်ကောင်းမှုအကျိုးကို ရရှိနေသော်လည်း ကုသိုလ်ကောင်းမှုလုပ်သူသည် တရားကိုမသိလျှင် စိုးရိမ်မှု ကြောင်းကြမှုနှင့်ပင် ရက်ဆုံး လဆုံးသွားနေပါသည်။ မိမိကိုယ့်ကိုယ် စဉ်းစားကြည့်သော် သိနိုင်ပါသည်၊ အတိတ်ဘ၀၌ အလှူရေစက် လက်နှင့်မကွာ ပြုလုပ်ခဲ့သည့်ကုသိုလ်ကံကြောင့် လူဖြစ်လာသော်လ
ည်း စိုးရိမ်မှု ကြောင်းကြမှုတို့မှ မလွတ်ဖြစ်သည်။ ခဏာတီတာ၊ တရားကိုသိအောင် ကြိုးစားမှုဆိုတဲ့ အခွင့်အရေးကို ရအောင်မလုပ်သောသူသည်။ ဝါ၊ ကုသိုလ် အကုသိုလ်နှ င့် ပျော်နေသောသူသည်။ သောစန္တိ၊ စိုးရိမ်ရ၏။ နိရယမှိ၊ ငရဲ၌လည်း။ သမပ္ပိတာ၊ ပြည့်စုံစေကုန်ရာ၏။  
      ငရဲ၌ ပြည့်စုံအဓိပ္ပါယ်သည် အကုသိုလ်ကိုလုပ်သောအခါ ဦးဆောင်မှု သုံးခုရှိသည်၊ လောဘဦးဆောင်၍လုပ်သော အကုသိုလ်တစ်ခု၊ ဒေါသဦးဆောင်၍လုပ်သော အကု
သိုလ်တစ်ခု၊ မောဟဦးဆောင်၍လုပ်သော အကုသိုလ်တစ်ခု၊ ဦးဆောင်မှု သုံးခုရှိသည်။ ဥပမာ သူများအသက်ကို သတ်သောအခါ စားလို၍ သတ်သည်ဖြစ်လျှင် လောဘဦးေ
ဆာင်သည်၊ စိတ်ပေါက်၍ သတ်သည်ဖြစ်လျှင် ဒေါသဦးဆောင်သည်၊ ဖြစ်ချင်ရာဖြစ် သတ်သည်ဖြစ်လျှင် မောဟဦးဆောင်သည်။ ဦးဆောင်မှုသုံးခုတို့၌ လောဘဦးဆောင်၍
လုပ်သော အကုသိုလ်သည် ပြိတ္တာအဖြစ်ကို အကျိုးပေးသည်၊ ဒေါသဦးဆောင်၍လုပ်သော အကုသိုလ်သည် ငရဲကိုအကျိုးပေးသည်၊ မောဟဦးဆောင်၍လုပ်သော အကုသို လ်သည် တိရစ္ဆာန်ကိုအကျိုးပေးသည်။ လောဘ ဒေါသ မောဟ ဦးဆောင်၍လုပ်သော် ဖြစ်သောအကျိုးသည် မကောင်းကျိုးချည်းထွက်သည်၊ တရားကို မသိသောသူသည်ေ
လာဘ ဒေါသ မောဟ ဦးဆောင်၍ချည်း သွားနေပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက-
                                                            ကထံ ဝိဇညာ သဒ္ဓမ္မံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
                                                            ခဏာတီတာဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။
    ဘုရားသူတော်ကောင်းရှိသောခေတ် သာသနာတွင်း၌ သူတော်ကောင်းတရားကို ဘယ်ပုံဘယ်နည်းဖြင့် နာရဖို့ သိရဖို့လည်းကြိုးစားပါ၊ ထိုအခွင့်အရေးကို မလွန်ပါစေနဲ့၊ 
နဂိုအတိုင်း ပစ်တိုင်းကျနေသော် စိုးရိမ်ကြောင်းကြပြီး နေရသည်၊ သေသော်လည်း ငရဲသို့သွားရသည်၊ ဤကဲသို့ မြတ်စွာဘုရား ဟောတော်မူသည်။ ယင်းကြောင့် ဘုရားသာ
သနာနှင့်ကြုံသောအခါ  ကုသိုလ်ကံကောင်းတုန်း တရားကိုရအောင်ရှာ၍ တရားကိုမြင်အောင်လည်း နှလုံးသွင်းရပါသည်။
     တရားကိုယ်ကောက်လာမှုသည် ဝေဒနာထိ ရောက်ပြီးဖြစ်သည်၊ ယခု ကောက်ပြီးခဲ့သော တရားကိုယ်များကို ပြန်ပြီးကောက်ပြပါမယ်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ကြည့်ပါ၊ 
အဝိဇ္ဇာတရားကိုယ်သည် မောဟဖြစ်သည်၊ သင်္ခါရတရားကိုယ်သည် စေတနာဖြစ်သည်၊ သူတို့အားလုံး စေတသိက်တရားဖြစ်သည်။ ဝိဉာဏ်သည် စိတ်၊ နာမ်သည် စေတ
သိက်၊ ရုပ်သည် ရုပ်၊ သဠာယတန၌ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရုပ်၊ စိတ်သည် စိတ်၊ ဖသ၁သည် စေတသိက်၊ ဝေဒနာသည် စေတသိက်ဖြစ်သည်။ တူရာအချင်းချ
င်း အဝိဇ္ဖာ သင်္ခါရ ဖသ၁ ဝေဒနာတို့သည် စေတသိက်ဖြစ်၍ နာမ်မှာထည့်ပါ၊ ဝိဉာဏ်သည် စိတ်၊ ရုပ်သည် ရုပ်၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရုပ်ဖြစ်၍ ရုပ်မှာထည့်ပါ
၊ စိတ်ကို ဝိဉာဏ်မှာထည့်ပါ၊ အားလုံးတူရာပေါင်းသော် စိတ် စေတသိက် ရုပ် သုံးခုဖြစ်သည်။ ထို စိတ် စေတသိက် ရုပ်သည် စာအုပ်ထဲမှာမဟုတ်ပါ၊ ကိုယ့်ခန္ဓာမှာ ဖြစ်ပါသ
ည်။
     မျက်စိနှင့်မြင်သောအခါ မျက်စိသည် ရုပ်တရားဖြစ်သည်၊ မြင်စိတ်သည် စိတ်တရားဖြစ်သည်၊ အဖြူအဝါစသည့် အမှတ်သည် စေတသိက်တရားဖြစ်သည်၊ စိတ် စေတသိ
က် ရုပ် သုံးခြုဖစ်သည်။ မြင်ရန်အတွက် တည့်ပေးမှုပါသည်၊ အရှေ့ဘက်ကို ကြည့်မယ်ဖြစ်လျှင် အရှေ့ဘက်ကို လှည့်ပေးရသည်၊ အနောက်ဘက်ကို ကြည့်မယ်ဖြစ်လျှင် အနေ
ာက်ဘက်ကို လှည့်ပေးရသည်၊ ထိုလှည့်ပေး တည့်ပေးမှုသည် စေတသိက်ဖြစ်သည်။ မြင်စိတ်သည် စိတ်၊ မှတ်မှုသည် စေတသိက်၊ မျက်စိသည် ရုပ်၊ မြင်မှု၌ စိတ် စေတသိ
က် ရုပ် တရားသုံးပါးဖြစ်နေသည်။ ဤသဘောကိုကြည့်သော် မြင်မှု၌ ငါသူမပါဖြစ်သည်၊ ငါသူမပါသည်ကိုပင် ငါသူပြောနေကြသည်။ အမြင်ဖြစ်နေသည်ကို စိတ် စေတသိက် 
ရုပ် ဖြစ်နေသည်ပြော၍ နားမလည်ဖြစ်သည်၊ ငါ အရှေ့ဘက်ကိုကြည့်နေသည်၊ ငါ တစ်ခုခုကို ရှာနေသည်ပြောမှ နားလည်ပါသည်။ အပြောလည်း မှန်ဖို့လိုသည် သဘောလ
ည်း မှန်ဖို့လိုပါသည်၊ မွေးဖွားသည်ကပင် ယနေ့ထိ စိတ် စေတသိက် ရုပ်တရားတို့ ဖြစ်နေသည်ကိုမသိ၍ အသိမမှန်ဖြစ်သည်။ အရှေ့ဘက်ကို ကြည့်နေသည်ကို အရှေ့ဘက်
ကို ကြည့်နေသည်ပြောလျှင် အပြောမှန်၍ သိသောအခါ၌ ငါသည် အရှေ့ဘက်ကို ကြည့်နေသည် သိပေးလိုက်၍ အသိမှားဖြစ်ပါသည်။ 
     အသိမှားဖြစ်ရခြင်းသည် ဘုရားတရားကို မကြားဖူး၍ဖြစ်သည်၊ ယခု ဘုရားတရားကို ကြားရသောအခါ အသိမှန်ရသွားသည်။ အသိမှန်ကို ပါဠိစကားနှင့် သမ္မာဒိဋ္ဌိ၊ အမြင်
မှန်သည်ကို သမ္မာဒသ၁နခေါ်သည်၊ ဝမ်းတွင်းသဘောနှင့်အပြောပါ နှစ်ခုလုံး မှန်သွားပါသည်။  ရှေ့က အပြောမှန်၍ အသိမမှန်ဖြစ်သည်၊ အသိမမှန်သည်ဖြစ်၍ သံသရာ၌ ဒု
က္ခများမှုဖြစ်ကြရသည်။ စာ၌ စိတ် စေတသိက် ရုပ် ကောက်မှုသည် သညာဖြစ်သည်၊ ခန္ဓာ၌ စိတ် စေတသိက် ရုပ် ကောက်၍ရမှ ပညာဖြစ်သည်၊ ပညာရအောင်ဖြစ်လိုလျှင် ခ
န္ဓာမှာ ကောက်ရပါသည်။ ယခု ခန္ဓာမှာ စိတ် စေတသိက် ရုပ် ကောက်၍ရထားသည်ကို မမေ့ဖို့လိုပါသည်၊  ကြားသည်၊ နံသည်၊ စားသည်၊ လုပ်ကိုသည်၊ ကြံတွေးစဉ်းစားသ
ည်တို့၌လည်း စိတ် စေတသိက် ရုပ်တို့ ဖြစ်ကြပါသည်။
     စိတ် စေတသိက် ရုပ်ကို အကျဉ်းချုပ်လိုက်လျှင် စိတ်နှင့်စေတသိက်သည် နာမ်တရားဖြစ်သည်၊ ရုပ်သည် ရုပ်တရားဖြစ်၍ နှစ်ခုကိုပေါင်းသော် နာမ်နှင့်ရုပ်ဖြစ်သည်။ မြင်မှု
၌ နာမ်ရုပ်၊ ကြားမှု၌ နာမ်ရုပ်၊ နံမှု၌ နာမ်ရုပ်၊ စားမှု၌ နာမ်ရုပ်၊ လုပ်ကိုင်သည်၌ နာမ်ရုပ်၊ ကြံတွေးစဉ်းစားသည်၌ နာမ်ရုပ်ဖြစ်သည်။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အသက်
လိပ်ပြာမရှိ နာမ်ရုပ်သာရှိသည်။ နာမ်ရုပ်သာရှိသည်ဟုသိသောအခါ ကိုယ်တစ်ယောက်တည်း တောင်းထိပ်မှာတက်ထိုင်လျက် စဉ်းစားကြည့်သော် သူသည် နာမ်ရုပ်ကိုမြင်
သည်၊ သစ်ပင်အောက်မှာထိုင်၍ စဉ်းစားသော်လည်း နာမ်ရုပ်ကိုမြင်သည်၊ ကူခေါင်းအထဲမှာဝင်ပြီး စဉ်းစားလျှင်လည်း နာမ်ရုပ်ကိုမြင်သည်၊ အိမ်ထဲမှာ တစ်ယောက်တည်းထို
င်ပြီး စဉ်းစားကြည့်လည်း နာမ်ရုပ်ကိုမြင်သည်၊ ထိုသို့ဖြစ်နေလျှင် ထိုပုဂ္ဂိုလ်သည် တရားကို မြင်ပြီဖြစ်သည်။
     တရားကို သင်ယူမှုမရှိဘဲ တောင်ထိပ်မှာတက်ထိုင်ပြီး ကြည့်သော်လည်း နာမ်ရုပ်ကို မြင်လိမ့်မယ်မဟုတ်ပါ၊ မမြင်ခြင်းသဘောသည် သင်ယူမှုမရှိ၍ဖြစ်ပါသည်။ ငါသည် 
တောင်ထိပ်မှာ တစ်ယောက်တည်းဖြစ်သည်၊ ငါသည်  သစ်ပင်အောက်မှာဖြစ်သည်ကို မြင်ပါလိမ့်မယ်၊ ထိုသို့မြင်လျှင် တရားသည် ပျောက်နေပါသည်။ ယခု တရားကိုသိအေ
ာင် သင်ယူနေပါသည်၊ တရားကိုသိပြီးမှ တရားကိုမြင်အောင် လုပ်ရပါမယ်၊ နာမ်ရုပ်သည် ဖြစ်လည်းဖြစ်သည် ပျက်လည်းပျက်သည်ကို မြင်အောင်လုပ်ရပါသည်။
     ယခုတစ်ခါ တဏှာကို တရားကိုယ်ကို ကောက်ကြရအောင်ပါ။ ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာကြောင့် တဏှာဖြစ်သည်ကို ဘုရားဟောထားပါသည်။ တဏှာစကားသည်
 အစေးအဓိပ္ပါယ်ရသည်၊ ကပ်စေးတပ်သောကြောင့် တဏှာခေါ်ပါသည်။ ကပ်စေးသည်ကို ကော်လို့လည်း အဓိပ္ပါယ်ပြန်၍ရသည်၊ ကပ်သည်ဆိုသည်လောက်ကပင် ကပ်စရာ
မရှိလျှင် ကပ်၍မရဖြစ်သည်၊ ကပ်စရာ၌ ကပ်တဲ့သဘောသည် တဏှာဖြစ်သည်။  
     မြင်စရာသည် ကပ်စရာဖြစ်သည်၊ ကြားစရာသည် ကပ်စရာဖြစ်သည်၊ နံစရာသည် ကပ်စရာဖြစ်သည်၊ စားစရာသည် ကပ်စရာဖြစ်သည်၊ ဝတ်ဆင်စရာ နေစရာ လုပ်ကိုင်စ
ရာသည် ကပ်စရာဖြစ်သည်၊ ကြံစရာ တွေးစရာမျိုးစုံသည် ကပ်စရာဖြစ်သည်၊ အားလုံးပေါင်း ကပ်စရာခြောက်ခုရှိသည်။ ကပ်စရာခြောက်ခုကို ပါဠိဖြင့် ရူပ သဒ္ဒ ဂန္ဓ ရသ ဖော
ဋ္ဌဗ္ဗ ဓမ္မတို့ဖြစ်သည်၊ မိမိတို့ဘာသာစကားဖြင့် ရူပသည် မြင်စရာဖြစ်သည်၊ သဒ္ဒသည် ကြားစရာဖြစ်သည်၊ ဂန္ဓသည် နံစရာဖြစ်သည်၊ ရသသည် စားစရာဖြစ်သည်၊ ဖောဋ္ဌဗ္ဗသ
ည် ဝတ်ဆင်စရာ နေထိုင်စရာ လုပ်ကိုင်စရာဖြစ်သည်၊ ဓမ္မသည် ဂုဏ်အမျိုးမျိုးတို့ဖြစ်ပါသည်။
     တဏှသည် ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာအားဖြင့် တဏှာခြောက်ပါးရှိသည်။ မြင်စရာ၌ မြင်တိုင်းကပ်သည်ကို ပါဠိအားဖြင့် 
ရူပတဏှာဖြစ်သည်၊ ကြားစရာ၌ ကြားတိုင်းကပ်သော် သဒ္ဒတဏှာဖြစ်သည်၊ နံစရာ၌ နံတိုင်းကပ်သော် ဂန္ဓတဏှာဖြစ်သည်၊ စားစရာ၌ စားတိုင်း ကောင်းလိုက်တယ် ကောင်း
လိုက်တယ်ကပ်သော် ရသတဏှာဖြစ်သည်၊ ဝတ်ဆင်စရာ နေစရာ လုပ်ကိုင်စရာ၌ ကောင်းသည်ဟု စိတ်၌ကပ်သော် ဖောဋ္ဌဗ္ဗတဏှာဖြစ်သည်၊ ဂုဏ်အသီးသီး၌ကပ်သော် ဓ
မ္မတဏှာဖြစ်သည်။
     ဘုန်းကြီးတို့ အသက်အရွယ်အငယ်၌ ကျေးဇူးရှင်ဆရာသမားများသင်၍ ဆိုခဲ့သည်၊ လောဘောစ၊ အာရုံ၌ ကပ်ငြိခြင်းလက္ခဏာရှိသော လောဘစေတသိက်၎င်း။ ဆရာမ်
ားသင်ပေး၍ နှုတ်လွတ်ရအောင် စာကျက်ခဲ့ရသည်၊ သို့သော် ဆိုလိုသည်အဓိပ္ပါယ်ကို နားမလည်ခဲ့ စာသင်သည်သာသိခဲ့သည်၊ စာသင်သောဆရာသည် စာကိုသာသင်၍ တ
ရားကိုသင်နေသည်မဟုတ်ပါ၊ တရားကိုသင်ပေးသောဆရာနှင့်ကျမှ မျက်စိမှ မြင်စရာကိုမြင်၍ လိုချင်သောစိတ်ဖြစ်နေမှုကို ကပ်ငြိသောစိတ်ခေါ်သည်ပြောမှ တရားသည် စာ
ထဲမှာမဟုတ် ကိုယ့်ခန္ဓာမှာဖြစ်နေသည်။ ခန္ဓာမှာ ငါသူဖြစ်နေသည်မဟုတ် လောဘဖြစ်နေသည်၊ လောဘသည် မြင်စရာကိုမြင်၍ ကပ်ငြိနေပါသည်။ မျက်စိမှမြင်သောအခါ 
 လောဘသည် ကပ်ငြိသောအခါလည်းရှိသည်၊ မကပ်ငြိသောအခါလည်းရှိသည်။ မကပ်ငြိသောအခါ လောဘမဖြစ်ပါ၊ ကပ်ငြိသောအခါမှ လောဘဖြစ်ပါသည်။
     စာကိုသင်ယူသောအခါ၌ စာကိုသာသိ၍ တရားသဘောကို မသိဖြစ်သည်၊ ထို့ကြောင့် စာနှင့်တရားသည် သီးခြားဖြစ်သည်။ နားရှင်းအောင်ပြောလျှင်  စာသည် မှတ်ထား
မှုသညာဖြစ်သည်၊ အက္ခရာကို မြင်သောစိတ်ရှိသည်၊ ယင်းမြင်စိတ်သည် ဝိဉာဏ်ဖြစ်၍ မှတ်ထားမှုသည် သညာဖြစ်သည်၊ ခန္ဓာမှာ သညာပေါ်၍ ပညာမပေါ်ဖြစ်သည်။ အာရုံ
ကို ကပ်ငြိသောလက္ခဏာရှိသောသဘောကို နားမလည်သော် ပညာပျောက်သွားသည်၊ စာကိုရသော်လည်း သဘောကိုမသိလျှင် မျောက်အုံးသီးရသည်နှင့် တူသည်ကို ဘုန်း
ကြီးများ ပြောဖူးပါသည်။ မျောက်သည် အုံးသီးကိုတော့ရရှိသည်၊ အုံးသီးအထဲမှာရှိသော အသားနှင့်အရည်အရသာကို အုံးသီးကိုခွဲ၍ မစားတတ်ဖြစ်သည်၊ ခွဲမစားတတ်သော်
လည်း အုံးသီးကို ဝှက်ထားသည်မဟုတ်ဘဲ ငါ့မှာ အုံသီးရသည် ငါ့မှာ အုံးသီးရသည် မျောက်တိုင်းကို ဗန်းပြသည်။ ထို့အတူ လောက၌လည်း ငါစာတတ်သည်၊ ငါ့မှာ အစီးအ
ပွါးရှိသည်၊ ငါ့မှာ သားကောင်းသမီးကောင်း တပည့်ကောင်းဆရာကောင်းရှိသည်၊ မျောက်ကဲသို့ ဗန်းပြဖို့သာတတ်ပါသည်။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်မသိပါ၊ သူသူကို
ယ်ကိုယ်အားလုံး မျောက်ကဲသို့ဖြစ်၍ မျောက်အုံးသီးရသည်ထက် မထူးပါ၊ မျောက်သည် မျောက်ရှိပါစေ လူစင်စစ်မှ မျောက်ဖြစ်သည်က မကောင်းဖြစ်ပါသည်။
     အာရုံ၌ ကပ်ငြိသည်ဆိုရာ၌ မြင်စရာအဆင်းသည်အာရုံ ကပ်ငြိသောစိတ်သည် လောဘဖြစ်သည်၊ လောဘသည် သဝေထိုးလယီးချာလော ဘကုန်းယေဘကို ဆိုလိုသ
ည်မဟုတ် လိုချင်သောသဘောကို ဆိုလိုပါသည်။ ထိုကပ်ငြိသောသဘောသည် ခန္ဓာရှိသည်၊ မြင်စရာနှင့်ကြုံ၍ လိုချင်မှုလာမှ ကပ်ငြိသည်၊ မြင်စရာနှင့်ကြုံ၍ လောဘမလာလျှ
င် ကပ်ငြိမှုမဖြစ်ဖြစ်သည်။ တကာတကာမတို့သည် လောဘကို မပယ်နိုင်သေးသည်ဖြစ်၍ လောဘလာလိမ့်မယ်ဖြစ်သည်၊ လောဘလာသော် လောဘဖြစ်သည်ကို သိပေးလို
က်ပါ။ ရှေ့က လောဘကို ငါသိခဲ့သည်၊ ဖြစ်ပေါ်နေသည်က ငါလည်းမပေါ် သူလည်းမပေါ် တရားပေါ်နေသည်၊ ပုဂ္ဂိုလ်သတ္တဝါ အသက်ဇီဝလိပ်ပြာလည်းမဖြစ် လောဘဖြစ်ပေါ်
နေပါသည်။
     လောဘကို တဏှာခေါ်ဆိုရခြင်းသည် ကပ်ငြိသွား၍ဖြစ်သည်။ နားချင်းအောင်ပြောရသော် လက်ကိုဆေး၍ ထမင်းကိုကိုင်သောအခါ ထမင်းသည် လက်၌ မကပ်ဖြစ်သည်၊
 တကယ်လို့ ထမင်းစည့်သည် လက်၌ကပ်သော် လက်ကို ပွတ်ချခါချလိုက်လျှင် ထမင်းစည့်ကို ခွါ၍ရသည်ဖြစ်၍ ခွါသာပြုတ်သာပါသည်၊ ထမင်းစည့်သည် လောဘနှင့်တူပါသ
ည်။ ထမင်းစည့်ကိုနယ်၍  အစေးလုပ်လိုက်ပြီး ကပ်သောအခါ ခွါ၍မရဖြစ်သည်၊ ထမင်းစည့်မှနေ၍ အစေးဖြစ်သောပုံစံမျိုး၌ ထမင်းစည့်သည် လောဘနှင့်တူ၍ အစေးသည် တဏှာနှင့်တူပါသည်။ ယင်းကြောင့် လောဘမှနေ၍ ကပ်ငြိသောသဘောရှိသောကြောင့် တဏှာအမည်ရသည်၊ စကားအရင်း စကားအမြစ်သည် လောဘဖြစ်သည်။ တဏှာ
အမည်ရသော လောဘသည် စာအုပ်ထဲမှာမဟုတ် ခန္ဓာမှာဖြစ်သည်၊ နဂိုမူလ၌မရှိဘဲ မျက်စိနှင့်မြင်မှပေါ်လာသော တရားဖြစ်ပါသည်။
     မြင်မှပေါ်လာသောလောဘကို လောဘသိနေသည်ဖြစ်လျှင် တရားကိုသိသည်အထဲသို့ ရောက်သွားပါသည်။ တရားကိုသိချင်၍ ကူအထဲ၌ ပုတီးစိပ်နေ၍မရပါ၊ မေတ္တာပို့ေ
န၍လည်း တရားကိုမမြင်နိုင်ပါ၊ ပုတီးစိပ်ခြင်း မေတ္တာပို့ခြင်းသည် အသုံးမကျ တန်ဖိုးမရှိ ထိုကဲသို့ပြောသည်မဟုတ်ပါ၊ တရားကိုသိလိုသူသည် ပုတီးစိပ်မေတ္တာပို့နေ၍မရပါ၊ တရားအလုပ်နှင့် လမ်းလွဲနေပါသည်။ ပုတီးစိပ်ခြင်း မေတ္တာပို့ခြင်းသည် ပုညာဘိသင်္ခါရ ကုသိုလ်လုပ်ငန်းဖြစ်သည်၊ ကိုယ့်စိတ်ကို ကုသိုလ်ဖြစ်အောင် ပုညာဘိသင်္ခါရကို လုပ်နေခြင်းဖြစ်သည်။ တရားကိုသိအောင် လုပ်လိုသည်ဖြစ်လျှင် ဤတရားကို လုပ်ရသည်၊ ဤတရားကိုလုပ်သော် လောဘကနေ၍ တဆင့်ပွါးသွားသော အစေးသဖွယ်ဖြစ်
သောတဏှာသည် စာမှာမဟုတ် ခန္ဓာမှာဖြစ်နေသည်ကို သိသွားပါသည်၊ ခန္ဓာမှာ လောဘဖြစ်နေသည်ကို လောဘသိနေလျှင် တရားကို သိရာဖြစ်ပါသည်။ 
     လောဘသည် မြင်လျှင် ကပ်ငြိမယ်အနေဖြင့် ကြိုရှိနေသည်မဟုတ်ပါ၊ မြင်သောအခါ ရိခနဲလာကပ်ငြိသည်။ ရှေ့ကကြိုရှိနေခဲသော် မြင်တိုင်း ကပ်ငြိရမယ်ဖြစ်သည်၊ မြင်တို
င်း ကပ်ငြိသည်မဟုတ်ဘဲ ကပ်ငြိရန်အချိန်ကျမှ ကပ်ငြိပါသည်။ နရိုမူလကပင် ရှိနေသောတရားမဟုတ် ဖြစ်ပေါ်လာသော တရားဖြစ်သည်၊ ဖြစ်ပေါ်လာသောတရားသည် ဖြစ်
ပြီးပျက်သွားပါသည်။ နဂိုမူလကပင် ရှိနေသည်ယူလျှင် တရားကိုလုပ်၍ မရဖြစ်သည်၊ ရှိနေသောတရားယူလျှင် ငါးပါးမှောက်ပြီး တရားကို တစ်ခုနည်းနှင်မှ လုပ်၍မရဖြစ်သည်။
 ရှိနေသည်တရားမဟုတ် ဖြစ်ပေါ်လာသောတရားဖြစ်သည်၊ ဖြစ်ပေါ်လာပြီးလျှင် ဖြစ်ပြီးပျက်သွားပါသည်။ ဥပ္ပါဒဝယ ဓမ္မိနော၊ ဖြစ်ပြီးပျက်သည်ကို မြင်အောင်ကြည့်တတ်ရသ
ည်၊ ကြည့်တတ်အောင်လည်း သင်ယူမှုရှိရသည်၊ သင်ယူပြီးဖြစ်လျှင် လောဘဖြစ်ပေါ်လာသောအခါ ဖြစ်ပေါ်ဆဲခဏ၌ ကြည့်လိုက်ရသည်၊ ကြည့်ဖန်များလာသော် အစေးမက
ကပ်နိုင်ဖြစ်သည်။ တရားကိုသိဖန်များလာသော် လောဘသည် မလာနိုင်ဖြစ်သည်၊ မလာရခြင်းအကြောင်းသည် တရားကို သိသွား၍ဖြစ်သည်။ တရားကိုမသိမှ လောဘလာ
သည်၊ မသိမှုသည် အဝိဇ္ဇာဖြစ်သည်၊ ဖြစ်ပေါ်သောတရားသည် တဏှာဖြစ်သည်။
     အဝိဇ္ဖာနှင့် တဏှာရင်းခံ စူးစိုက်၍နားထောင်ကြည့်ပါ၊ အင်မတန် သိမ်မွေ့သည်တရားဖြစ်၍ နားလည်နိုင်ခဲ့ပါသည်၊ သမာဓိမရှိလျှင် သိ၍မရဖြစ်သည်၊ သမာဓိရှိသူမှ သူ့ကို
သိ၍ရပါသည်၊ သတိပွါး၍ ခန္ဓာမှာ ဉာဏ်စိုက်ထားသောအခါ အဝိဇ္ဇာနှင့် တဏှာရင်းခံသည် ရူပတဏှာဖြစ်သည်ကို သိလာပါသည်။ ရူပတဏှာသည် မပယ်နိုင်သေးသည် ခ
န္ဓာမှာရှိသည်၊ မပယ်နိုင်မှုသည် သိစိတ် ဝိဇ္ဇာဉာဏ်မရှိသေး မသိစိတ် အဝိဇ္ဇာ ရှိနေသေး၍ဖြစ်သည်။ အဝိဇ္ဇာနှင့်တဏှာသည် တစ်အိမ်တည်းသား မိတ်ဆွေဖြစ်သည်၊ အဝိဇ္ဇာ
သည် တဏှာကိုကျေးဇူးပြု၍ တဏှာသည်လည်း အဝိဇ္ဇာကို အချင်းချင်းကျေးဇူးပြုပါသည်။ တဏှာ၏အမြစ်သည် အဝိဇ္ဇာဖြစ်သည်၊ ဆိုလိုသည်မှာ လိုချင်မှုအားလုံးသည် မသိ၍ဖြစ်ပါသည်။
     ဥပမာ- အဆင်းမှာကပ်ငြိသော တဏှာရှိသည်၊ အဆင်းကို လိုချင်သောသဘောသည် အကောင်းမြင်၍ လိုချင်မှုဖြစ်သည်။ လိုချင်သော အဆင်းမြင်စရာသည် ပျက်စီးတတ်
သောသဘောပါသည်ကိုမသိ၍ လိုချင်မှုဖြစ်နေသည်၊ အမြင်ခံအဆင်းသည် ပျက်စီးတတ်သောသဘောအဖြစ်ကို မြင်အောင်ကြည့်ထားလျှင် လိုချင်သောတဏှာသည် မလာဖြ
စ်သည်။ ပျက်စီးတတ်သောသဘော မတင့်တယ်သောသဘော သေတတ်သောသဘောတို့ကိုမြင်လျှင် တဏှာမလာဖြစ်ပါသည်၊ ယင်းကြောင့် အသုဘမြင်လျှင် တဏှာမကပ်
ပါ၊ အနိစ္စမြင်လျှင်လည်း တဏှာမကပ်ပါ၊ ဒုက္ခမြင်လျှင်လည်း တဏှာမကပ်ပါ၊ အနတ္တမြင်လျှင်လည်း တဏှာမကပ်ပါ။ တရားတစ်ခုကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ လေးမျိုး၌ 
တစ်မျိုးမျိုးနှင့်ကြည့်ရပါသည်၊ တစ်မျိုးမျိုးနှင့်ကြည့်နေလျှင် တဏှာထွက်မလာဖြစ်ပါသည်။ အားလုံးပေါင်းပြောလျှင် ဖြစ်ပြီးပျက်နေသည်ကိုမြင်၍ တဏှာမလာဖြစ်ပါသည်။
     တဏှာမလာလျှင် မာန ဒိဋ္ဌိလည်းမလာဖြစ်သည်၊ မိုးကုတ်ဆရာတော်ဘုရားက ဖြစ်ပျက်တစ်ချက်မြင်လျှင် တဏှာ မာန ဒိဋ္ဌိ ပြုတ်ထွက်သွားသည်ကို ဟောကြားပါသည်။ မြ
တ်စွာဘုရားသည် ထိုအခွင့်ရေးကို မလွန်စေနဲ့ ကထံ ဝိဇညာ သဒ္ဓမ္မံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။ ဟောထားပါသည်။ အခွင့်ကောင်းကို ရထားပြီဖြစ်သည်၊ ရထားသောအခွင့်ကေ
ာင်းကို တရားနာပြီး တရားကိုနှလုံးသွင်းလျက် နေတတ်ထိုင်တတ်အောင် ကြိုးစားပါ၊ အလဟသ၁ အချိန်ကုန်မနေပါစေနဲ့လတ်။ ရှေ့က မသိတတ်၍ အချိန်ကုန်မှုကိုပြော၍ အ
ကျိုးမရှိဖြစ်သည်၊ ယခုသည် တဏှာကို တရားကိုယ်ကောက်တတ်ပြီဖြစ်၍ ငါသူမဟုတ် သက်သက် တဏှာဖြစ်သည်။ တရားကိုလည်းမနာယူ တရားကိုလည်း နှလုံးမသွင်း တတ်သော် တဏှာလာဖြစ်ပါသည်၊ တဏှာမဖြစ်အောင် တရားကိုနာ၍ တရားကိုနှလုံးသွင်းသော် တဏှာသည် မလာနိုင်ဖြစ်ပါသည်။
     အသံ၌ ကပ်ငြိမှုကို သဒ္ဒတဏှာခေါ်သည်၊ သဒ္ဒတဏှာသည် ခန္ဓာမှာဖြစ်သည်။ တဏှာလောဘကို သိနေမှုသည် တရားကို သိနေခြင်းဖြစ်သည်၊ တရားသည် သီးခြားမဟု
တ်ပါ၊ ဘုရားစကားနှင့်ဆိုလျှင် ဓမ္မေသု ဓမ္မနုပသ၁ီ ဝိဟရတိ၊ ဓမ္မခေါ်သောလောဘကို လောဘသိထားပါ၊ လောဘလို့သိပြီးလျှင် သမုဒယဓမ္မာနုပသ၁ီဝါ ဓမ္မေသု ဝိဟရတိ၊ ဝ
ယဓမ္မာနုပသ၁ီဝါ ဓမ္မေသု ဝိဟရတိ၊ လောဘကို အဖြစ်အပျက်မြင်အောင် ကြည့်ရပါသည်။ အနံ့၌ ကပ်ငြိမှုကို ဂန္ဓတဏှာခေါ်ပါသည်၊ ဂန္ဓတဏှာသည် ခန္ဓာမှာဖြစ်ပါသည်။ အ
စားအစာ၌ ကပ်ငြိမှုကို ရသတဏှာခေါ်သည်၊ အစားအစာ၌ တဏှာဖြစ်သည်။ ထိုကြောင့် တရားစန်းတို့၌ "သတိနှင့်စား သတိနှင့်စား" ပြောနေသည်။
     မွေးဖွားသည့်ကပင် မိခင်ရင်မှာကပ်၍ နို့စို့လာသည်၊ ထိုမှ သားသက်သမီးသက်သို့ ရောက်လာသည်၊ စားသောက်မှုသည်လည်း နေ့တိုင်းရှိသည်၊ အစားအစာ၌ ကပ်ငြိမှု
တဏှာဖြစ်သည်ကို တရားမနာရ၍ ကြည့်ဖို့မတတ်ဖြစ်သည်။ ကြည့်ဖို့မတတ်သောအခါ အသက်လွတ်ကိုစားမှ တရားရဖို့ဖြစ်သွားသည်၊ တဏှာသည် မသိမသာဆွဲယူသွား
သည်ကို သူကမသိဖြစ်သည်။ မီးလွတ်ကိုစားမှ တရားရမယ် မြင့်မြတ်မယ်ဖြစ်လာသည်၊ ကြားသူမြင်သူကလည်း သူသည် ရှေ့က ဤလောက်ဤမျှစားလာသည်၊ ယခု အကျွ
တ်ရသွားပြီအထင်ကြီးသွားသည်။ ယင်းကြောင့် မိုးကုတ်ဆရာတော်ကြီးက နှုတ်ခမ်းပဲ့ချင်း ဝိုင်းမီးမှုတ်နေကြသည်ဟု ဆုံးမပါသည်။ ကိုယ်ကလည်းနှုတ်ခမ်းပဲ့ သူကလည်းနှု
တ်ခမ်းပဲ့ဖြစ်လျှင် မီးထဲသို့ လေတည့်တည့်မသွားဘဲ လေအားလုံး အပြင်သို့ထွက်သွားသည်။ ယခုလည်း ထို့အတူ ရှိနေသောတရားသည် တစ်မျိုး သူထွက်သွားသည်တရား
က သက်သားလွတ်စားမှ မီးလွတ်စားမှကောင်းမယ် အပြင်ကို ထွက်သွားပါသည်။
     ဝတ်စရာ လုပ်စရာတို့၌ ကပ်ငြိမှုကို ဖောဋ္ဌဗ္ဗတဏှာခေါ်သည်၊ ဖောဋ္ဌဗ္ဗတဏှာသည် စာထဲမှာမဟုတ်ပါ၊ ခန္ဓာမှာဖြစ်ပါသည်။ ဂုဏ်အသီးသီး၌ လိုချင်မှုကို ဓမ္မတဏှာခေါ်သ
ည်။ လူဖြစ်လျှင် စာတတ်ဖို့လိုသည် စာတတ်ဂုဏ်၊ လူဖြစ်လာလျှင် အစီးအပွါးရှိဖို့လိုသည် ဥစ္စာဂုဏ်၊ လူဖြစ်လာလျှင် ရာထူးဌာနန္တရ ရှိဖို့လိုသည် အာဏာတန်းခိုးဂုဏ်၊ ထိုဂုဏ်
အသီးသီးကို လိုချင်မှုဖြစ်သော် တဏှာဖက်ကို ရောသွားပါသည်။ တကယ်ဖြစ်သင့်သည်မှာ အကျင့်စာရိတ္တကောင်းသောဂုဏ်၊ တည်ကြည်သောဂုဏ်၊ သိမြင်တတ်သောဂုဏ်
တို့သည်သာ တကယ့်ဂုဏ်ဖြစ်သည်။ ထိုဂုဏ်တို့ကိုလိုက်လေ တဏှာပျောက်လေဖြစ်သည်၊ လောကဂုဏ်ကိုလိုက်လေ တဏှာပွါးလေဖြစ်သည်။ တဏှာပါးသောဂုဏ်ကိုမလို
က်ဘဲ လောကဂုဏ်ကိုလိုက်သွားလျှင် ဓမ္မတဏှာဘက်သို့ ထွက်သွားပါသည်၊ တဏှာဖြစ်သော် နိဗ္ဗာန်နှင့်ဝေးသွားသည်၊ နိဗ္ဗာန်နှင့်ဝေးလျှင် သုသ၁ာန်နှင့် နီးသွားပါသည်။
     တဏှာသည် အမည်တစ်ခုတည်းဖြစ်သော်လည်း အခြင်းအရာ ခြောက်မျိုးဖြစ်သော ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖေဌဗ္ဗတဏှာ ဓမ္မတဏှာတို့ဖြင့် တဏှ
ာမှာလာ၍ ကပ်ထားပါသည်။ တဏှာကို တကာတကာမတို့သည် ငါသူမဟုတ် သက်သက် တဏှာဖြစ်သည်သိလျှင် တရားကိုသိပါသည်၊  တရားကိုသိလျှင် 
တရားကိုမြင်ဖို့ လွယ်သွားပါသည်။ နောက်တရားတစ်ခု ရှိပါသေးသည်၊ ဖြစ်ပြီးပျက်နေသည်ကို "ဖြစ်ပြီးပျက်သည် ဖြစ်ပြီးပျက်သည်" ထပ်တလဲလဲကြည့်သော် မဖြစ်မပျက်သ
ည်ကို မြင်သွားပါလိမ့်မယ်။ ဖြစ်ပျက်ကို မြင်မှုတစ်ခု၊ မဖြစ်မပျက်ကို မြင်မှုတစ်ခုအားဖြင့် မြင်မှုနှစ်ခုရှိသည်၊ ထိုနှစ်ခုကိုမြင်သော် ဉာဏ်မျက်စိအသိ ဖြစ်သွားပါသည်။
      ပုံစံတစ်ခုပြောပါမယ်- ဖယောင်တိုင်တစ်ချောင်းကို မီးထွန်းလိုက်လျှင် မီးတောက်လာသည်၊ ယင်းမီးသည် မီးစာကိုလည်း လောင်ကျွမ်းစေသည် ဆီကိုလည်း ကုန်ခန်းစေ
သည်၊ မီးတစ်ခုသည် နှစ်ကိစ္စကို ဆောင်ရွက်သည်။ မီးထွန်းသည်ကပင် မီးသေအောင်ထိ မီးတောက်နေသည်ကို စီးပြီးကြည့်နေမယ်၊ တောက်ယင်းတောက်ယင်းနဲ့ မီးစာလ
ည်းကုန်လာသည် ဆီလည်းကုန်လာသည်ဖြစ်လျှင် မီးသည် ဖတ်ခနဲ့သေသွားသည်၊ မီးသေခြင်းသည် မီးစာလည်းငြိမ်းသည် ဆီလည်းငြိမ်းသည် မီးလည်းငြိမ်းသည်။ မီးမသေ
မီ ဆီလည်းရှိသည် မီးစာလည်းရှိသည် မီးလည်းရှိသည်၊ မီးသေသော် သုံးခုလုံးငြိမ်းသွားသည်။
      မီးသည် မီးစာကိုလောင်ကျွမ်းစေသည် ဆီကိုလည်း ကုန်ခန်းစေသည်သဘောသည် ဖြစ်ပျက်ကို မြင်နေခြင်းသဘောနှင့်တူသည်၊ မီးစာကုန်ဆီကုန်ခြင်းသည် ဖြစ်ပျက်အ
ဆုံးနှင့်တူသည်၊ မီးစာကုန်ဆီကုန်၍ မီးသေသော် တစ်ခုမှမကျံလိုက်ပြောဆိုလျှင် တစ်ခုမှမသိ၍ ပြောဆိုခြင်းဖြစ်သည်။ နဂိုမူလ၌ မီးလည်းရှိသည် မီးစာလည်းရှိသည် ဆီလ
ည်းရှိသည်၊ ရှိနေမှုသည်လည်း မြဲမနေပါ လောင်ကျွမ်းနေသည်၊ လောင်ကျွမ်းနေခြင်းသည် ဖြစ်ပျက်နေခြင်းဖြစ်ပါသည်။ မီးစာလည်းကုန် ဆီလည်းကုန် မီးလည်းသေသော် 
မီးငြိမ်းမှုကျံလိုက်ပါသည်၊ မီးစာကုန် ဆီကုန် မီးငြိမ်းမှုသည် ဖြစ်ပျက်ဆုံးရာနှင်တူပါသည်၊ ဖြစ်ပျက်ဆုံးသော် နိဗ္ဗာန်ဖြစ်ပါသည်။
     ထို့ကြောင့် နိဗ္ဗာန်ကိုလိုချင်လျှင် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးအောင်ထိ ကြည့်ရပါသည်။ ဖြစ်ပျက်မြင်မှုသည် ဝိပသ၁နာဉာဏ်ဖြစ်သည်၊ ဖြစ်ပျက်အဆုံးကိုမြင်မှု
သည် အရိယာမဂ်ဉာဏ်ဖြစ်သည်။ ဝိပသ၁နာဉာဏ်ရ၍ အလုပ်လုပ်သော် နိဗ္ဗာန်ကို ကိန်းသေရပါမယ်၊ ကြာသည်မြန်သည်သာ ရှိလိမ့်မယ်ဖြစ်သည်။ တရားအလုပ်ကိုမလု
ပ်ဘဲ "နိဗ္ဗာန်ကိုရပါလို၏ နိဗ္ဗာန်ကိုရပါလို၏" တောင်းသော်လည်း ပါးစပ်ညောင်း အာညောင်းရုံသာရှိမယ်ဖြစ်သည်။ ယင်းကြောင့် ဖြစ်ပျက်ကိုမြင်အောင် ကြည့်တတ်ရသည်၊ 
ဖြစ်ပျက်ကိုမြင်လျှင် နိဗ္ဗာန်တံခါးပွင့်သည်ကို မနေ့ကပြောခဲ့ပါသည်၊ ဖြစ်ပျက်မြင်လျှင် နိဗ္ဗာန်တံခါးပွင့်သည်ကို အပြောကောင်းစာတတ်၍ ပြောသည်မဟုတ်ပါ၊ ဘုရားပြော သည်ကို တဆင့်ပြောနေခြင်းဖြစ်ပါသည်။
     ဖြစ်ပျက်ကိုမြင်ရန်အတွက် ခန္ဓာမှာ နာမ်တရား ရုပ်တရားတို့ကို ကောက်ပြထားပါပြီ။ ယခု ခန္ဓာမှာပေါ်နေသော တဏှာတရားကိုယ်ကို ကောက်နေသည်၊ တဏှာသည် ရူ
ပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာအားဖြင့် တဏှာခြောက်မျိုးရှိသည်၊ တဏှာခြောက်မျိုး၌ တစ်မျိုးမျိုးပေါ်တိုင်း လောဘပေါ်နေသည်လို့ 
သိပေးရသည်။ ပေါ်သည်ကိုသိလျှင် ကိုယ့်မှာသတိရှိသည်၊ မသိလိုက်လျှင် သတိမရှိ၍ဖြစ်သည်၊ သိလိုက်လျှင် ခန္ဓာမှာရောက်လာသော သတိဖြစ်သည်၊ ခန္ဓာမှာသတိရောက်
နေသော် မောဟတည်းဟူသော အိပ်ပျော်နေသူမဟုတ်ဘဲ အမောဟခေါ်သော ပညာနှင့်နိုးနေသူဖြစ်သည်။ နိုးနေသူကို မြတ်စွာဘုရားသည်-
                                           သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေတမသာဝကာ။
                                           ယေသံ ဒိဝါစ ရတ္တောစ၊ နိစ္စံ ကာယာဂတာသတိ၊ ဟောထားပါသည်။
     လောဘလာသည်ကိုသိလျှင် ခန္ဓာမှာ ကာယာဂတာသတိရောက်နေသည်၊ ထိုသတိကို နေ့ပါညဉ့်ပါ သတိရနေသာ် ရဟန်းဂေါတမ၏ တပည့်သားသည် နိုးကြားခြင်းဖြင့် 
နေပါသည်။
     ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌လည်းကောင်း။ ရတ္တောစ၊ ညဥ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ကာယာဂတာသတိ၊ ကာယာဂတာသတိသည်။ အတ္ထိ၊ ရှိ၏။ ဂေါတမ
သာဝကာ၊ ဂေါတမဘုရားရှင်၏ တပည့်ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းသောနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကုန်၏။ အိပ်နေသူနှင့် နိုးနေသူ
တို့၌ အိပ်နေသူသည် ဘေးသင်၍ နိုးနေသူသည် ဘေးဟဲကြားလျှင် ထွက်ပြေးလွတ်မြောက်၍ ဘေးမသင့်ပါ၊ အိပ်နေသူသည် ကျံရှိလိုက်၍ ဘေးသင့်လိမ့်မယ်ဖြစ်သည်။ ရှေ့
က နှစ်ဆယ့်လေးနာရီလုံးလုံး မနိုးခဲ့ဖြစ်သည်၊ ယခု နှစ်ဆယ့်လေးနာရီ၌ တစ်နာရီလောက်ခန့် နိုးနေသော် ဘဝတို ရက်တိုဖြစ်သွားပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြ
ရအောင်။
      
     
                                                                                               
 

No comments:

Post a Comment