စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox'bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်တယ့်နှစ်ပါး ( ဥပါဒါန်-ဘဝ)တဏှာခြောက်ပါး တရားကိုယ်ကို ကောက်သောအခါ အားလုံးလောဘဖြစ်သည်ကို ပြောပြီးပါပြီ။ ပဋိစ္စသမုပ္ပါဒ်လင်္ကာသည် ပဋိစ္စသမုပ္ပါဒ် အ
နုလောမပါဠိကိုကြည့်၍ သင်ပြသောလင်္ကာဖြစ်သည်၊ အနုလောမပါဠိတော်မှာ တရားတစ်ဆယ့်နှစ်မျိုးပါရှိပါသည်၊ မူလနှစ်ဖြာ သစ္စာနှစ်ခု လေးခု
အလွှာ အင်္ဂါတစ်ဆယ့်နှစ်ပါးစသည်ဖြင့်ဖြစ်သည်။ အင်္ဂါတစ်ဆယ့်နှစ်ပါး၌ တဏှာအင်္ဂါကို စောစောက ပြောပြီးဖြစ်သည်၊ တဏှာအဓိပ္ပါယ်သည်
ကပ်သည်သဘောကို တဏှာခေါ်ပါသည်။ တဏှာသည် ကပ်စရာရှိလျှင် ကပ်စရာ၌ကပ်ပါသည်၊ မြင်မှု ကြားမှု နံမှု စားမှု ထိသိမှု ကြံတွေးမှုတို့သ
ည် ကပ်စရာများဖြစ်ကြပါသည်။ ထိုကပ်စရာများ၌ ကပ်မှန်းသိလျှင် တဏှာသိလိုက်ပါ၊ တဏှာကို ပယ်ပြီးသောပုဂ္ဂိုလ်တို့၌ တဏှာသည် မကပ်ဖြ
စ်၍ တဏှာကို မပယ်နိုင်သေးသောပုဂ္ဂိုလ်တို့၌ တဏှာကပ်သည်။ တဏှာကိုပယ်မှုသည် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးကို မဂ်လေးတန်ဖြ
င့် လေးကြိမ်ဆုံးမှ တဏှာအားလုံးကို ပယ်ပါသည်။
ပထမ မဂ်တစ်တန်ဖြင့်ပယ်ခြင်းသည် အပါယ်ကိုရောက်စေတတ်သော တဏှာကို ပယ်သည်၊ လူနတ်ကိုရောက်စေတတ်သော တဏှာကို မ
ပယ်နိုင်သေးဖြစ်သည်။ ဒုတိယမဂ်ဖြင့် တဏှာကိုပယ်မှုသည် လူ့ဘုံ၌ တစ်ကြိမ်သာဖြစ်ရန်ရှိပြီး အကြိမ်များစွာဖြစ်မှုကိုပယ်သည်။ တတိယအနာ
ဂါမိမဂ်ဖြင့် ပယ်မှုသည် လူ့ပြည် နတ်ပြည် ဘုံဘဝ၌ တပ်မက်နှစ်သက်သော ကာမတဏှာကို အကြွင်းမဲ့ပယ်လိုက်ပြီး ရူပတဏှာ အရူပတဏှာကို
မပယ်နိုင်သေးသည်အတွက် ထိုပုဂ္ဂိုလ်သည် ရူပဘုံ အရူပဘုံမှာဖြစ်၍ သေဖို့ခန္ဓာကို စောင့်နေရသည်။ စတုတ္ထအရတ္တမဂ်ဖြင့် ပယ်ပြီးဖြစ်လျှင် ခန္ဓာနာမ်ရုပ်သည် လုံးဝမရှိဘဲ အပြီးအပိုင် ငြိမ်းအေးမှုသဘောကိုမြင်လျက် ဘုံသုံးပါး၌ဖြစ်သောတဏှာကို အကြွင်းမရှိ ပယ်ပစ်လိုက်သည်၊ ဆို
လိုသည်မှာ ဒုက္ခကိုမြင်၍ လူဖြစ်လိုသောဆန္ဒ နတ်ဖြစ်လိုသောဆန္ဒ ဗြဟ္မာဖြစ်လိုသောဆန္ဒသည် လုံးဝမလာဖြစ်သည်။ မဂ်လေးတန်၌ သူ့မဂ်နှင့်
သူ ကိလေသာကိုပယ်ရာ၌ ဆိုင်ရာဆိုင်ရာဖြစ်သော ကိလေသာတရားတို့မှ လွတ်သွားပါသည်။
ယခု ကိလေသာပယ်သောတရားကိုနာယူ၍ သိပြီဖြစ်လျှင် ဥပါဒါန်၏တရားကိုယ်ကို ကောက်ကြရအောင်ပါ၊ တဏှာပစ္စယာ ဥပွဒါနံ၊ တဏှာေ
ကြာင့် ဥပါဒါန်ဖြစ်သည်ကို မြတ်စွာဘုရားဟောထားပါသည်။ တဏှာပစ္စယာ၊ လိုချင်မှုတဏှာ ခြောက်ပါးဟူသောအကြောင်းကြောင့်။ ဥပါဒါနံ၊ စွဲ
လမ်းမှု ဥပါဒါန်လေးပါးသည်။ သမ္ဘဝတိ၊ ဖြစ်၏။ တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ အသက်ဇီဝလိပ်ပြာ ဖြစ်သည်မဟု
တ်ပါ။ အစွဲအလမ်းဥပါဒါန်သည် လေးမျိုးရှိပါသည်၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်တို့ဖြစ်သည်။ မဂ်လေးတန်နှင့် မပယ်နိုင်
သေးသောပုဂ္ဂိုလ်၌ ဥပါဒါန်လေးမျိုးလုံးရှိသည်၊ မဂ်လေးတန်း၌ သူ့ဆိုင်ရာဆိုင်ရာ မဂ်ဉာဏ်များသည် ဆိုင်ရာဆိုင်ရာကို ပယ်ပြီဖြစ်လျှင် ဥပါဒါန်
ကို ရှိချင်ပါသည်ဆို၍လည်း မရနိုင်ဖြစ်သည်။ မဂ်လေးတန်ဖြင့် မပယ်ရသေးသောပုဂ္ဂိုလ်သည် အိမ်ထောင်ပြု ခြင်း သားမွေးခြင်းဆိုသော ဤခန္ဓာ
ကိစ္စကို ဆောင်ရွက်နေကြသည်။
ဥပါဒါန်ကိုပယ်သော သောတာပတ္တိမဂ်တစ်တန် သကဒါဂါမိမဂ်တစ်တန် အနာဂါမိမဂ်တစ်တန် အရဟတ္တမဂ်တစ်တန်တို့သည် မဂ်လေးတန်
ဖြစ်သည်။ မဂ်လေးတန်၌ သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပယ်ရမယ့်ဥပါဒါန်သည် ဒိဋ္ဌုပါဒါန်ဖြစ်သည်၊ သကဒါဂါမိမဂ်ဉာဏ်ဖြင့် ကာမုပါဒါန်ကို အားနည်းစေသည်၊ အနာဂါမိမဂ်ဉာဏ်ဖြင့် ကာမုပါဒါန်ကို အမြစ်ပြတ် ပယ်ပစ်လိုက်သည်၊ တစ်ခါမပြန် အနာဂါမ်စကားကို ကြားဖူးပါလိမ့်မယ်၊
အနာဂါမ်သည် ကာမရာဂကို တွယ်တာသောစိတ် မရှိသည်ဖြစ်၍ လူ့ပြည်နတ်ပြည်သို့ ပြန်မလာဖြစ်သည်။ အရဟတ္တမဂ်ဉာဏ်ဖြင့် ရူပရာဂ အ
ရူပရာဂကို ငြိမ်းအောင်သတ်တတ်သော ဉာဏ်မျိုးဖြစ်၍ ရဟန္တာဖြစ်လျက် ဘဝသိမ်း၍ ခန္ဓာလည်းငြိမ်းသွားပါသည်။ မဂ်လေးတန်သည် ဆိုင်ရာ
ဆိုင်ရာ ကိလေသာတို့ကို အကြွင့်မဲ့ ပယ်သတ်တတ်ပါသည်။
တဏှာမှနေ၍ ဥပါဒါန်ကို ကျေးဇူးပြုသောအခါ တဏှာခြောက်မျိုးနှင့် ဥပါဒါန်လေးမျိုးတည့်နေပုံကို သဘောပေါက် နားလည်ဖို့လိုပါသည်၊ ရူပ
တဏှာကြောင့် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန် လေးမျိုးဖြစ်ပါသည်။ စက်ဝိုင်းကိုကြည့်ပါ တဏှာပစ္စယာ ဥပါဒါနံ ပစ္စယနှင့်
ဆက်ထားသည်၊ တဏှာလေးမျိုးကြောင့် ဥပါဒါန်လေးမျိုးဖြစ်သည်။ ပထမ ရူပတဏှာ ဥပါဒါန်လေးမျိုးဖြစ်နေပုံသည် အဆင်းကိုမြင်သောအခါ ထို
အဆင်းကို စွဲလမ်းသောစိတ်သည် ကာမုပါဒါန်ဖြစ်သည်၊ ထိုအဆင်းသည် အမြဲတည်နေသည်ဟု စွဲလမ်းယူထားမှုသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။ တစ်
နဲအားဖြင့် ဤနေရာမှာပျက်၍ ဤနေရာမှာပင်ရှိသည် နောက်ဘဝကိုမကူး၊ ထိုဘဝမှ အကြောင်းအကျိုး ဆက်လာသည်လည်းမရှိ၊ ဤဘဝမှာပင်
ပြတ်ငြိမ်းသွားသည်။ ထိုကဲသို့ အတိတ်နှင့်လည်း ဆက်သည်မဟုတ် အနာဂါတ်သို့လည်း လိုက်သည်မဟုတ်၊ ဤမှာဖြစ်ဤမှာဆုံး ပစ္စုပ္ပန်တစ်ခု
တည်းကို ကြည့်နေသောအယူသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။
ဘုရားဟောထားမှုသည် ပစ္စုပ္ပန်၌ အဆင်းရူပတဏှာဖြစ်နေသော်လည်း အတိတ်အကြောင်းနှင့် ကင်းကွာပြီး မဖြစ်ကြသည်ကို အဝိဇ္ဇာပစ္စ
ယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိဉာဏံ ဟောထားပါသည်။ အတိတ်အကြောင်းနှင့် ကင်းကွာ၍မရပါ၊ ဤဥပါဒါန်သည် အနာဂါတ်နှင့်လည်း ကင်း
ကွာ၍မရဖြစ်သည်ကို ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဟောထားပါသည်။ ဥပါဒါန်မရှိမှသာ အနာဂါတ် ငြိမ်းသွားမယ်ဖြစ်သည်၊ ယခု ဥ
ပါဒါန်ရှိနေမှုသည် အတိတ်မှ အကြောင်းရှိသည်ဖြစ်၍ အဆက်ဆက်လာလျက် ဥပါဒါန်ရှိနေခြင်းဖြစ်သည်။ ရူပတဏှာကြောင့် ဥပါဒါန်ဖြစ်သောအ
ခါ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်တို့သည် အဆက်အားဖြင့် ဖြစ်ကြပါသည်။
ဖြစ်ပုံဖြစ်နည်းကိုပြောရသော် စီးပွါးဥစ္စာကို လိုချင်တပ်မက်၍ ကြီးပွါးကြောင့်ကို စွဲလမ်းနေမှုသည် ကာမုပါဒါန်ဖြစ်သည်၊ အကောင်းဝတ် အ
ကောင်းနေ အကောင်းစားစသည်ဖြင့် ဘဝနှင့်စည်းစိမ်ကို စွဲလမ်းမှုသည် ကာမုပါဒါန်ဖြစ်သည်။ ဘဝနှင့်စည်းစိမ်တို့၌လည်း အကောင်းမကောင်း
ကွဲပြန်သည်၊ အကောင်းမကောင်းကို စွဲနေသောအနေအထား၌ မကောင်းသည်ကိုဖယ်၍ ကောင်းသည်ကို စွဲလမ်းကြသည်၊ ထိုသဘောသည် မြ
င်မှုနှင့်ပါတ်သက်၍ ဖြစ်ပေါ်လာသော စွဲလမ်းမှုဖြစ်၍ ရူပတဏှာကြောင့်ဖြစ်သော ရူပ ကာမုပါဒါန်ဖြစ်သည်။
ဒိဋ္ဌုပါဒါန်သည် တစ်ယောက်နှင့်တစ်ယောက် ပေးကမ်းစွန့်ကြဲလှူဒါန်းမှုသည် အကျိုးမရှိဟု စွဲလမ်းမှုအယူဖြစ်သည်။ တစ်ယောက်နှင့်တစ်ယေ
ာက် တွေ့မြင်ကြ၍ တစ်ယောက်ကိုတစ်ယောက် ပေးကမ်းကြသည်၊ ထိုပေးကမ်းလှူဒါန်မှု၌ မျက်စိအမြင်နှင့်ကင်း၍မရပါ၊ မျက်စိအမြင်သည် ရူပ၊ ခင်မင်ကပ်ငြိမှုသည် တဏှာ၊ ဆေတစ်လိပ် ကွမ်းတစ်ယာပေးသဖြင့် အကျိုးမရှိယူဆမှုသည် ဒိဋ္ဌိဖြစ်၍ မြင်မှု၌ ဒိဋ္ဌုပါဒါန်ဖြစ်သည်။ ပစ္စုပ္ပန်ခန္ဓာ၌ မိ
ဘကိုလည်းမြင်ရသည်၊ မိဘကို အမြင်ရှိသော်လည်း မိဘကျေးဇူး မရှိယူမှုသည် အမြင်နှင့်ပါတ်သက်၍ ဒိဋ္ဌုပါဒါန်ဖြစ်သည်။
အဆောင်အရှောင်ကို စွဲလမ်းမှုသည် သီလပ္ပတုပါဒါန်ဖြစ်သည်။ အမြင်နှင့်ပါတ်သက်၍ ခွေးရုပ်နွားရုပ်ကိုမြင်မှုသည် ရူပတဏှာဖြစ်သည်၊
ခွေးရုပ်နွားရုပ်ကိုမြင်သောအခါ ဤခွေးနွားတို့သည် အတိတ်မှ အကုသိုလ်ကံကြောင့် ခွေးနွားဖြစ်နေကြသည်၊ ယခုပစ္စုပ္ပန်ခန္ဓာ၌ ခွေးဘဝအဖြစ်
နွားဘဝအဖြစ်ဖြင့် အတိတ်မှအကုသိုလ်ကံကို ကျေအောင်ဆပ်နေသည်၊ ခွေးနွားတို့သည် ယခုပုစ္စုပ္ပန်ခန္ဓ၌ သူများအသက်ကိုလည်း မသတ်၊ သူ
များဥစ္စာကိုလည်း မခိုး၊ သူများအိမ်ရာကိုလည်း မလွန်ကျူး၊ မုသားစကားကိုလည်း မပြော၊ မူးယစ်ယမ်းကားမှုလည်း မရှိသည်ဖြစ်၍ သူတို့၌ အကု
သိုလ်သည် မရှိသည်အတွက် ခွေးနွားတို့နေထိုင်သလို ပစ္စုပ္ပန်၌ နေထိုင်သွားသည်။ ခွေးနွားကိုမြင်မှုသည် ရူပ၊ ထိုရူပကို အဆောင်အရှောင်နှင့် စွဲ
လမ်းသွားသည်။ ခွေးနွားပုံစံ အမြီးတတ်၍ လေးဘက်ထောက်သွားလာသည်၊ အစားအစာကိုလည်း လက်နှင့်ကောက်မစားဖြစ်လာသည်၊ လူလို
သွား၍ လူလိုမနေဖြစ်သည်၊ ခွေးနွားနေမှုပုံစံကို ဆောင်ထား၍ လူလိုသွားလာမှုကို ရှောင်ထားစွဲလမ်းမှုသည် ရူပ သီလပ္ပတုပါဒါန်ဖြစ်သည်။
အတ္တဝါဒုပါဒါန်၌ ရူပ အတ္တဝါဒုပါဒါန်သည် အဆင်းကိုမြင်သောအခါ အဆင်းကိုအဆင်းမသိဘဲ အမိရုပ် အဖရုပ် သားရုပ် သမီးရုပ် ဆွေရုပ် မျိုး
ရုပ်သိလျက် ခင်မင်မှုသည် ရူပတဏှာဖြစ်သည်၊ အဆင်းရုပ်ကို ဘယ်သူဘယ်ဝါယူပြီး စွဲလမ်းမှုသည် ရူပ အတ္တဝါဒုပါဒါန်ဖြစ်သည်။ ရူပတဏှာ
ကြောင့် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပဒုပါဒါန် အတ္တဝါဒုပါဒါန်အားဖြင့် လေးမျိုးဖြစ်သည်။ သဒ္ဒတဏှာ- အသံနှင့်ပါတ်သက်၍လည်း အစွဲဥပါဒါန်ေ
လးမျိုးဖြစ်သည်။ ဂန္ဓတဏှာ- အနံ့နှင့်ပါတ်သက်၍လည်း အစွဲဥပါဒါန် လေးမျိုးဖြစ်သည်။ ရသတဏှာ- အစားအစာနှင့်ပါတ်သက်၍လည်း အစွဲဥပါ
ဒါန် လေးမျိုးဖြစ်သည်။ ဖောဋ္ဌဗ္ဗတဏှာ- ဝတ်သည် လုပ်သည် အတွေ့အထိနှင့်ပါတ်သက်၍လည်း အစွဲဥပါဒါန် လေးမျိုးဖြစ်သည်။ ဓမၼတဏွာ-ၾကံေ
တွးမှု ဂုဏ်အမျိုးမျိုးဖြစ်သော စာတတ်စာမတတ် အစီးအပွါးရှိအစီးအပွါးမရှိစသော ဂုဏ်အမျိုးနှင့်ပါတ်သက်၍လည်း အစွဲဥပါဒါန် လေးမျိုးဖြစ်သည်။
ထိုသဘောတို့ကိုပင် ရပ်ထဲရွာထဲ၌ လူလိုသူလို လုပ်နေရသည် ပြောဆိုကြသည်၊ အမှန်က ဥပါဒါန်ဖြစ်နေမှု ဖြစ်ပါသည်။
တဏှာကိုအစွဲပြု၍ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်အားဖြင့် ဥပါဒါန်လေးမျိုးဖြစ်သည်၊ ဥပါဒါန်ကို တရားကိုယ်ကောက်
သော် ကာမုပါဒါန်သည် လောဘဖြစ်သည်၊ ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်သည် ဒိဋ္ဌိဖြစ်သည်။ ကာမုပါဒါန်သည် လောဘ၊ ဒိဋ္ဌုပါဒါန်သ
ည် အယူမှားနေမှု၊ သီလပ္ပတုပါဒါန်သည် အဆောင်အရှောင်မှားနေမှု၊ အတ္တဝါဒုပါဒါန်သည် အပြောအဆို အစွဲအလမ်းမှားနေမှု၊ သူတို့သည် ဒိဋ္ဌိဖြ
စ်ကြသည်။ ဤလောဘနှင့်ဒိဋ္ဌိသည် ခန္ဓာမှာဖြစ်ကြသည်။ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မကြောင့် လောဘသည် ကြီးလာပါသည်၊ ကြောင်ကြီးလျှ
င် ကျားဖြစ်သကဲသို့ဖြစ်သည်။ လောဘကြီး၍ အစွဲသန်မှုသည် ကိုယ့်ခန္ဓာထဲမှာဖြစ်သည်၊ လောဘသည် ကြီးသထက်ကြီးလာလျှင် ဆင်းရဲေြ့ကာင်းသည်လည်း ကြီးသထက် ကြီးလာပါသည်။
တစ်ချို့ က ဘုန်းကြီးလောဘ ပင်လယ်ဝပြောကြသည်၊ စီးပြီးတွက်ကြည့်လျှင် ဘုန်းကြီးမှာ တစ်ခုလည်း ကိုယ်ပိုင်မရှိဖြစ်သည်။ ဘုန်းကြီးသေ
သော် ငိုမယ့်သူမရှိဖြစ်၍ ငွေပေးငှါးရသေးသည်၊ ကြံကြံဖန်ဖန် ကိုယ့်လောဘကို ဘုန်းကြီးများထံ လာတင်ကြသည်။ လူတို့၌ ကိုယ့်အတွက် အိမ်
သားအိမ်သူအတွက် သားသမီးအတွက် မြေးမြစ်အတွက်စသည်ဖြင့် ဘောဘဖြစ်ကြသည်၊ တစ်ခါတလေ မြေးမြစ်ရှင်ပြုကို မြင်တွေ့ချင်သေးသ
ည်။ ဘုန်းကြီးမှာ သားမြေးကို ရှင်ပြုဖို့လည်းမရှိပါ၊ ဥပါဒါန်သည် ဘုန်းကြီး၌မရှိလားမေးလျှင် ဘုန်းကြီး၌လည်းရှိသည်။ ဘုန်းကြီး၌ တစ်ခုမှ ကိုယ်
ပိုင်မရှိသည်တိုင်အောင် ကိုယ်ပိုင်သင်္ကန်းတစ်ထည်ကို စွဲလမ်းလိုက်သည်နှင့် ရိခနဲအဝတ်သင်္ကန်း၌ ဥပါဒါန်ကပ်သည်။ တိသ၁ရဟန်းသည် သူ့
ညီမလှူသောသင်္ကန်းကို မနက်ဖန်မှဝတ်မယ်ဖြစ်လျက် တန်း၌တင်ထားသည်၊ ညဥ့်သန်းခေါင်၌ လေနာရောဂါကြောင့် ရဟန်းတိသ၁သည် ပျံလွန်
တော်မူသည်၊ သေခါနီး တန်း၌တင်ထားသောသင်္ကန်းကို အတွက်ပေါ်လျက် သေဆုံးသည်ဖြစ်၍ သင်္ကန်းအဝတ်၌ သန်းကြေးသွားဖြစ်သည်။
တိသ၁ရဟန်း ပျံလွန်တော်မူကြောင်းကို ရဟန်းတော်များ မြတ်စွာဘုရားကို သွားလျှောက်ကြသည်၊ တိသ၁ရဟန်း၌ တန်းမှာတင်ထားသော
သင်္ကန်းတစ်ထည်နှင့် ကိုယ်မှာဝတ်ထားသောသင်္ကန်း သပိတ်ကျံလိုက်သည်၊ တခြားကိုယ်ပိုင်ပစ္စည်းသည် မရှိပါ၊ ရဟန်းမှာကျံလိုက်သောပစ္စည်း
ကို တခြားသူမရနိုင်ပါ၊ ရဟန်းများသာပိုင်ဆိုင်၍ ကျံလိုက်သော သပိတ်သင်္ကန်းကို ရဟန်းတော်များ ခွဲဝေကြသည်။ ရဟန်းများသည်ဖြစ်၍ သင်္ကန်
းကို ပိုင်းဖြတ်ခွဲဝေရန်လုပ်သောအခါ သင်္ကန်း၌ရှိနေသော သန်းကြေးသည် ငါ့သင်္ကန်းကို လုနေကြသည် ဖင်ထောင်အော်၍ အလျားအနံပြေးနေ
သည်။ ထိုအသံကို ဂန္ဓကုဋီတိုက်ခန်းမှ မြတ်စွားဘုရားကြားတော်မူ၍ ဆင်ခြင်ကြည့်သောအခါ တိသ၁ရဟန်းသည် သင်္ကန်းတစ်ထည်၌ အစွဲအ
လမ်းဥပါဒါန်ကြောင့် သန်းကြေးဖြစ်နေသည်ကို မြတ်စွာဘုရား မြင်တော်မူသည်။
မြတ်စွာဘုရား ဆင်ခြင်ကြည့်သောအခါ ရဟန်းတော်များသည် သင်္ကန်းကို ဖြတ်တောက်ဝေလိုက်လျှင် သန်းကြေးသည် ရဟန်းတော်များကို
ဒေါသဖြစ်လျက် ရင်ကွဲနာကျ၍သေသော် ဒေါသကြောင့် သန်းကြေးဘဝကနေ၍ အပါယ်ငရဲသို့ ကျရောက်ရမယ်ကို မြတ်စွာဘုရားမြင်တော်မူသ
ည်၊ မြတ်စွာဘုရားသည် အာနန္ဒာကိုခေါ်၍ သင်္ကန်းဝေဖန်မှုကို ခုနစ်ရက်စောင့်ဆိုင်း၍ ခုနစ်ရက်လွန်မှသာ ဝေဖန်ကြရန် အမိန့်ရှိလိုက်သည်။ ခုန
စ်ရက်လွန်သော် သန်းကြေးသည် သေသွားသည်၊ ယင်းကြောင့် ရှေ့လူကြီးစကားရှိသည် သန်းကြေးအသက် ခုနစ်ရက်ပြောဆိုကြသည်၊ ထိုစက
ကားသည် ဤအကြောင်းခြင်းရာကိုထောက်၍ ပြောဆိုခြင်းဖြစ်ပါသည်။
ဘုန်းကြီးပြောလိုသည်မှာ တဏှာကနေ၍ကြီးသော် တစ်ခုရှိသူသော်မှ တစ်ခုကိုစွဲလမ်း၍ သန်းကြေးဖြစ်သွားရသည်၊ အများကြီးရှိသူမှာ ဘ
ယ်လိုလုပ်မလည်း သန်းကြေးအများကြီး ဖြစ်ရလိမ့်မယ်ဖြစ်သည်။ တရားကိုသတိမမူလျှင် ဖြစ်တတ်သောသဘောရှိ၍ ကြိုတင်၍ သတိအမြဲတန်း
ထားရသည်၊ ငြိကပ်သော လောဘစိတ်ဖြစ်လာလျှင် ဖြစ်ပျက်ရှုပေးရသည်၊ ဖြစ်ပျက်ရှုမှု အမြဲတန်း အလေ့အလာလုပ်ထားသော် လေ့လာကြိမ်ကြိ
မ် အာစိဏ္ဏကံ ဖြစ်ကြောင်းမှန်မူ ထိုသည့်သူကား အယူမလွဲ ဂတိမြဲ၏ မိုးကုတ်ဆရာတော်ကြီး ဆုံးမပါသည်။ သောတာပန် မဖြစ်သေးသော်လ
ည်း အကြိမ်များစွာ လုပ်ထားသည်ဖြစ်၍ ထိုသူသည် ဂတိမြဲပါသည်၊ မမေ့ပစ်ပါစေနဲ့ မေ့ပစ်လျှင် ဘုရားသော်မှ မတားနိုင်ဖြစ်ပါသည်။ လောဘဖြ
စ်လာလျှင် ချက်ချင်း လောဘဖြစ်လာသည်ကို ဖြစ်လာသည်လို့သိပေးရသည်၊ ပျောက်သွားသည်ကိုလည်း ပျောက်သွားသည်လို့ သိပေးရပါသည်။
ထိုသို့သိပေးသော် ဝမ်းတွင်း၌ မသိစိတ်မပေါ်ဘဲ သိစိတ်ပေါ်နေပါသည်၊ သိစိတ်သည် ဉာဏ်ဖြစ်သည်။ ဉာဏ်သမားကို လည်မှာကြိုးချဉ်၍ ဆွဲ
ချသော်လည်း အပါယ်လေးဘုံသို့ မကျရောက်ပါ၊ ဉာဏ်သမားကို အပါယ်လေးဘုံမှ လက်မခံဖြစ်သည်။
အဝိဇ္ဇာသည် အပါယ်လေးပါးကိုသွားရာ၌ ခေါင်းဆောင်ဖြစ်သည်၊ မသိတတ်သောအနေအထားကို ကိုယ်ကသိအောင် ကြိုးစား၍ အလုပ်လုပ်
ရသည်။ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းမှန်မူ ထိုသည့်သူကား အယူမလွဲ ဂတိမြဲ၏။ ဂတိမြဲအဓိပ္ပါယ်သည် လူနတ်အဖြစ်ကို ရသွား
သည်ကို ဂတိမြဲသည်ခေါ်ပါသည်။ ပေါ်လာသောတရားကို သိပေးပါ၊ ကိုယ်စိတ်မှာပေါ်လာသည်ကို ကိုယ်သိပါသည်၊ ကိုယ်စိတ်မှာ ပေါ်လာသော
တရားကို ကိုယ်ကသိပေးလျှင် အသိခံက ဖြစ်ပျက်ဒုက္ခ သိဉာဏ်က မဂ္ဂ၊ တစ်ခါတည်း လမ်းမှန်သွားပါသည်။
ဥပါဒါန်ပြီးလျှင် ဥပါဒါနပစ္စယာ ဘဝေါ၊ ဥပါဒါနပစ္စယာ၊ ပြင်းစွာစွဲလမ်းမှု ဥပါဒါန်ဟူသောအကြောင်းကြောင့်၊ ပြင်းစွာစွဲလမ်းမှု လေးပါးရှိသည်။ ဝါ၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်ဟူသောအကြောင်းကြောင့်။ ဘဝေါ၊ ကမ္မဘဝ ဥပပတ္တိဘဝသည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဥပါ
ဒါန်လေးမျိုး၌ ကာမုပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ နှစ်ခုဖြစ်သည်၊ ဒိဋ္ဌုပါဒါန်ကြောင့်လည်း ကမ္မဘဝ ဥပပတ္တိဘဝ နှစ်ခုဖြစ်သည်၊ သီလပ္ပတု
ပါဒါန်ကြောင့်လည်း ကမ္မဘဝ ဥပပတ္တိဘဝ နှစ်ခုဖြစ်သည်၊ အတ္တဝါဒုပါဒါန်ကြောင့်လည်း ကမ္မဘဝ ဥပပတ္တိဘဝ နှစ်ခုဖြစ်သည်၊ ဥပါဒါန်တစ်ပါးစီေ
ကြာင့် ဘဝနှစ်ခုစီဖြစ်ကြပါသည်။ ကာမုပါဒါန်သည် ဘဝနှင့်အစီးအပွါး ကြီးပွါးတိုးတက်ရန် စွဲလမ်းနေသည်၊ ဘဝနှင့်အစီးအပွါး တိုးတက်ရန်အ
တွက် အလုပ်ကို လုပ်လာရပါသည်။ အလုပ်ကို ခန္ဓာကိုယ်နှင့်လည်း လုပ်ရသည်၊ ပါးစပ်နှင့်လည်း ပြောဆိုရသည်၊ စိတ်နှင့်လည်း ကြံတွေးရ
၍ ကံသုံးပါးဖြစ်သည်။ ဘဝနှင့်စည်းစိမ်တိုးတက်ရန် စွဲလမ်းမှုသည် ကာမုပါဒါန်ဖြစ်သည်၊ ကံသုံးပါးနှင့် အလုပ်ကိုလုပ်မှုသည် ကမ္မဘဝဖြစ်သည်၊
ကာမုပါဒါနပစ္စယာ ကမ္မဘဝေါဖြစ်ပါသည်။
အစီးအပွါးနှင့်ဘဝတိုးတက်လို၍ အစီးအပွါးနှင့်ဘဝတိုးတက်ရန်အတွက် အလုပ်ကို လုပ်နေကြသည်၊ ယခု ပစ္စုပ္ပန်ခန္ဓာ၌ အလုပ်ကို လုပ်နေ
ကြသော ဟာရီထမ်းသော ကုလားကစ၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော ရာဇာအထိ ဘဝနှင့်စည်းစိမ် တိုးတက်လို၍ အလုပ်ကို လုပ်နေကြ
သည်။ ဘဝနှင့်စည်းစိမ် တိုးတက်လိုသောစိတ်သည် ကာမုပါဒါန်ဖြစ်၍ အလုပ်လုပ်မှုသည် ကမ္မဘဝဖြစ်သည်။ အလုပ်ကိုလုပ်သော် အလုပ်လုပ်
သောအကျိုး သို့မဟုတ် လုပ်ခလစာ ရရှိလာမယ်ဖြစ်သည်၊ တချို့ လအတွက် ရက်အတွက် နာရီအတွက်ရကြသည်၊ လ ရက် နာရီ အလုပ်လုပ်မှု
သည် ကမ္မဘဝဖြစ်သည်။ အလုပ်၏အကျိုးဖြစ်သော လခ ရက်ခ နာရီခရမှုသည် ဥပပတ္တိဘဝဖြစ်သည်။
ကမ္မာဘိ နိဗ္ဗတ္တံ၊ ကံကြောင့် ဖြစ်လာပါသည်။ ကံကြောင့်ဖြစ်သည်ကို မသိသူက ဘုရားပေးသည်၊ ကိုယ့်ကိုယ်တိုင် ချွေးဒီးဒီးကျအောင်လုပ်၍
ရလာသောအကျိုးကို ဖယ်ပစ်လိုက်သည်၊ ကိုယ့်ကိုယ်တိုင်လုပ်၍ ကိုယ့်ကိုယ်တိုင် လုပ်ခများကိုရလျက် ထိုလုပ်ခအကျိုးနှင့် တစ်ဘဝလုံး လျှောက်
လှမ်းသွားသည်။ ထို့ကြောင့် အောက်ခြေလူတန်းစား ဟာရီမှအစ အထက်ဘုရင်ထိ ကာမုပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်နေကြပါသည်
။ ထိုသဘောသည် ဘုရားဟောမှ ဖြစ်လာသည်မဟုတ်ပါ၊ နဂိုမူလကပင် ရှိနေပါသည်၊ နဂိုရှိနေသည်ကို မသိမှုသည် အဝိဇ္ဇာဖြစ်ပါသည်။
အဝိဇ္ဇာသည် အမှန်ကို ဖုံးကွယ်ထားသည်ဖြစ်၍ ပညာမတတ်လျှင် ဟာရီလုပ်ရလိမ့်မယ် ပညာတတ်လျှင် ရာဇာလုပ်ရလိမ့်မယ် ပြောဆိုကြသ
ည်၊ ရာဇာသည် ကမ္မဘဝကိုလုပ်သော် အသေလမ်းကိုရောက်သည်၊ ဟာရီသည်လည်း ကမ္မဘဝကိုလုပ်သော် အသေလမ်းကိုရောက်သည်၊ ရာ
ဇာနှင့်ဟာရီသည် နာမည်ဆိုင်းဘုတ်သာကွဲ၍ ရရှိသောအကျိုးသည် တူကြပါသည်။ ရာဇာသည် ဘုန်းကံရှိနေသူဖြစ်၍ မသေသောလမ်းကိုသာ ရှ
ာရမယ်ဖြစ်သည်၊ ဟာရီသည် စားစရာနေစရာမရှိ၍ စားဝတ်နေရေးအတွက် လုပ်နေရ၍ အချိန်မပေးနိုင်ဖြစ်သည်၊ ဟာရီနှင့်ရာဇာသည် ဥပါဒါနပ
စ္စယာ ဘဝေါ နှစ်ယောက်လုံးဖြစ်နေကြသည်။ ဤခန္ဓာသည်သာ ဥပါဒါနပစ္စယာ ဘဝေါ ဖြစ်နေသည်မဟုတ်ပါ၊ မြေအောက်မှာ မြေကြီးကိုစားနေ
သော တီကအစ အထက်မှာပျံနေသော ငှက်ထိ ဥပါဒါနပစ္စယာ ဘဝေါဖြစ်သည်။ လူနတ်ဗြဟ္မာ ငရဲတိရစ္ဆာန် ပြိတ္တာအသူရာကာယ် အားလုံးတို့သ
ည် ဥပါဒါန်ကြောင့် ဘဝဖြစ်နေသည်ကို ယခု နားလည်း၍ ရသွားပါသည်။
ဘုရားသာသနာနှင့် တွေ့ကြုံဆဲ၌ ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ကို သေချာသိဖို့လိုပါသည်။ ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသောအကြောင်းကြော
င့်။ ဘဝေါ၊ ကမ္မဘဝ ဥပပတ္တိဘဝသည်။ သမ္ဘဝတိ၊ ဖြစ်၏။ စာကို ဖတ်၍လည်းရသည်၊ ကျက်၍လည်းရသည်၊ ဘုရားရှေ့မှာထိုင်၍ နှုတ်တက်ဆို လျက် ဝတ်တက်သော် ကုသိုလ်တောရ၍ ဉာဏ်ပျောက်နေပါသည်၊ ဉာဏ်ပျောက်သော် ဆင်းရဲကို ရောက်လိမ့်မယ်ဖြစ်သည်။ ဘဝပစ္စယာ ဇာ
တိ၊ ဇာတိပစ္စယာ ဇရာမရဏံ ဉာဏ်ပျောက်နေ၍ ဆင်းရဲကို တန်းသွားပါသည်။ ဆင်းရဲကို မရောက်လိုလျှင် ဘုရားသာသနာနှင့်ကြုံတုန်း တရား
ကိုနာယူရသည်၊ တရားနာပြီးလျှင် "ဒါဆင်းရဲကြောင်း ဒါဆင်းရဲကြောင်း" အသိကို ထည့်လိုက်ရမယ်ဖြစ်သည်။ အလုပ်ကို မလုပ်၍လည်း မရနိုင်
ဖြစ်သည်၊ လုပ်နေရခြင်းသည် ဆင်းရဲနေ၍ ဆင်းရဲကြောင်းကို လုပ်နေရခြင်းဖြစ်သည်။ အစားအစာရှာရမှုသည်လည်း ဝဋ်ကြီးဆိုက်၍ ဒုက္ခရော က်နေသည်ဟုသိပေးသော် လုပ်ကိုင်ပြောဆိုနေရမှုတို့၌ တွယ်တာတပ်မက် စွဲလမ်းမှုမလာဖြစ်သည်။ စွဲလမ်းမှုမလာခြင်းသည် ထွက်လမ်းဖြစ် သည်။
ဒိဋ္ဌုပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးဖြစ်သည်။ ဝမ်းတွင်း၌ အယူဆိုးရှိသောသူသည် မိဘကျေးဇူးသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်
ကံ၏အကျိုးသည် မရှိယူထားသည်။ အကျိုးရှိသည်ကို အကျိုးမရှိယူထားသောသူသည် ကာယကံအမူအရာ ဝစီကံအပြောအဆို မနောကံစိတ်သေ
ဘာထားသည် ကျေးဇူးသိတတ်မှု မပါဖြစ်သည်၊ ထိုအပြုအမူ အပြောအဆို စိတ်သဘောသည် ဒိဋ္ဌုပါဒါနပစ္စယာ ကမ္မဘဝေါ၊ ဒိဋ္ဌုပါဒါန်ကြောင့် က
မ္မဘဝဖြစ်ပါသည်။
မိဘကျေးဇူးကို မသိတတ်သောသူသည် မိဘဆရာသမားတို့နှင့် ကင်းကွာပြီးဖြစ်ရသည်၊ သူတော်ကောင်းတို့ကလည်း သူ့ကို အရေးတယူ
အဖက်မလုပ်သည် အနေအထားသို့ရောက်သွားသည်၊ သူ့အလုပ် သူ့အပြော သူ၏စိတ်နေစိတ်ထားတို့သည် မိဘဆရာသမားတို့ကို ပြစ်မှားကျူး
လွန်သဖြင့် သူတော်ကောင်းများ ရွံရှာစက်ဆုပ်မှုသည် သူ့ကံကြောင်းဖြစ်သော အကျိုးတရားကို ရရှိခြင်းဖြစ်သည်၊ ထိုအကျိုးတရားသည် ဒိဋ္ဌုပါဒါန
ပစ္စယာ ဥပပတ္တိဘဝေါဖြစ်ပါသည်။ ဒိဋ္ဌုပါဒါန်ကြောင့်ဖြစ်သော ကမ္မဘဝ ဥပပတ္တိဘဝသည် ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်သူမှာ
မရှိပါ၊ ရတနာသုံးပါးကို မယုံကြည်သူ၌ ရှိသည်ကို လယ်တီဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပါသည်။
သီလပ္ပတုပါဒါန်ကြောင့်လည်း ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးဖြစ်သည်။ သီလပ္ပတုပါဒါနပစ္စယာ၊ သီလပ္ပတုပါဒါန်ကြောင့်။ ဝါ၊ အဆောင်အရှော
င်ကို စွဲလမ်းခြင်းကြောင့်။ ဘဝေါ၊ ကမ္မဘဝ ဥပပတ္တိဘဝသည်။ သမ္ဘဝတိ၊ ဖြစ်၏။ အဆောင်ကိုစွဲလမ်း၍ ရှောင်ကြဉ်သောအခါ ကမ္မဘဝပေါ်လာ
သည်၊ ရှေ့ကပြောခဲ့သော လူ၏အနေအထား လူ၏အပြုအမူတို့ကို ရှောင်ပစ်လိုက်သောအခါ နွား၏အနေအထား နွား၏အပြုအမူသို့ ရောက်သွား
သည်။ လူခန္ဓာကိုကြည့်လျှင် လူစင်စစ်မှ လေးဖက်ထောက်၍ သွားလာနေထိုင်ရပြန်သည်၊ လေးဖက်ထောက်မှုသည် ဥပပတ္တိဘဝဖြစ်သည်။
လောကမှာရှိနေသော အခြင်းအရာတစ်ခုရှိသည်၊ မွေးဖွားသည်လောက်ကပင် သားငါးနှင့်စားလာခဲ့သည်၊ အသက်အရွယ်ကြီးသော် သီလပ္ပ
တုပါဒါန်ရှိသောသူနှင့် ပေါင်းမိလိုက်သောအခါ သူတော်ချင်းချင်း သတင်းလွင့်လွင့်ဆိုသလို သီလပ္ပတုပါဒါန်ရှိသောသူနှင့် တွဲသွားသည်။ ရှေ့က
အစဉ်အလာနှင့် စားလာမှုတို့ကို အားလုံး ရှောင်ပစ်လိုက်သည်၊ ဤဘက်ကိုရှောင်၍ ထိုဘက်ကိုဆောင်လိုက်သောအခါ ဤမှာဘက် ကိုယ်အမူ
အရာ အပြောအဆို စိတ်နေစိတ်ထားနှင့်မတူဘဲ နောက်တစ်မျိုး ပြောင်းသွားသည်၊ ကိုယ်အမူအရာ အပြောအဆို အတွေးအခေါ်အသိဉာဏ် မ
တူမှုသည် ကမ္မဘဝဖြစ်၍ နောက်တစ်မျိုးပြောင်သွားမှုသည် ဥပပတ္တိဘဝဖြစ်သည်။
သဘောကိုပြောရလျှင် သက်သားလွတ်စား၍ ငှက်ပျောသီးနှင့်ဆား ရှာရမှုဖြစ်သည်၊ ထမင်းဝိုင်း၌ သူစားသည်အစာမရှိလျှင် ငှက်ပျောသီးကိုဖြ
စ်စေ ဆားကိုဖြစ်စေ အမြဲရှာရသည်။ ပုံစံသဘောက အရက်သောက်တတ်သောသူသည် ထမင်းစာခါနီးကျလျှင် ခဏနေအုံးဆိုပြီး ထမင်းဝိုင်းမှ
ပျောက်သွားခဲ့သည်။ သူ့မှာ တစ်ခုခုရှိနေ၍ ထမင်းဝိုင်းကို ဝင်၍မရသလို ယခုလည်း စားရေးသောက်ရေး၌ ဆားနှင့်ငှက်ပျောသီးကို ရှာရသည်။ ထိုအစွဲသည် သီလပ္ပတုပါဒါနပစ္စယာ ကမ္မဘဝေါ ဥပပတ္တိဘဝေါဖြစ်သည်။
ဤသဘောတို့သည် ဆရာကောင်းဖြစ်သော ဘုရားကိုယ်တိုင်ရှိလျက်သားနှင့် ကြောင်တောင် ကန်းနေခြင်းဖြစ်သည်၊ ကြောင်တောင်ကန်း
သူတို့၌ ဘုန်းကြီးမျာလည်းပါသည်၊ လူဝတ်ကြောင်လည်းပါသည်။ ဤသဘောတို့သည် ဘုရားတရားကို မနာရ၍ဖြစ်သည်၊ ဘုရားတရားကို နာ
ရသောအခါ ရွှေအစစ်ကို ရွှေအတုနှင့် လှည့်လည်သလို တရားအစစ်ကို တရားအတုနှင့် လှည့်လည်နေသည်ကို သိသွားပါသည်။ ဤသဘောတို့
သည် ဗဟုသုတ တရားအကြားအမြင်မရှိသော ဒေသတို့၌ ရာနှုံးပြည့်ရှိသည်၊ ခန္ဓာ၌လည်း ဗဟုသုတ တရားအကြားအမြင်မရှိသောခန္ဓာ၌ ရှိသ
ည်။ တရားအစစ်ကို တရားအတုကဖျက်သည်၊ တရားအတုကို သာမန်မျက်စိရှိသူ မမြင်နိုင်ဖြစ်သည်၊ တကယ့်မျက်စိရှိသူမှ မြင်၍ရပါသည်၊ တရား
အတုသည် သုတနည်းသောခန္ဓာမှာ ထွန်းကား၍ သုတရှိသောခန္ဓာမှာ မထွန်းကားဖြစ်သည်။
ဘုန်းကြီးပြောလိုခြင်းသည် အစားအစာ တစ်ခုခုကိုစားသောအခါ ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊ နေဝဒဝါယ နမဒါယ နမဏ္ဍ
နာယ နဝိဘူသနာယ ဘုရားပေးသောနည်းဖြစ်သည်။ ယခု ဘုရားပေးသောနည်းကို သားငါးကိုရှောင် ဆားနှင့်ငှက်ပျောသီးကိုဆောင်လျက် နေဝ
ဒဝါယ မပါဖြစ်သည်၊ အငယ်ဘဝကပင် သင်ခဲ့သော ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိကို ဆို၍ဘဲစားသည်ဖြစ်စေ နှလုံးသွင်း၍ဘဲ စားသည်ဖြစ်စေ ဘုရားဟောသောလမ်းကို လျှောက်နေခြင်းဖြစ်သည်။ သက်လွတ် မီးလွတ်ဖြစ်လျှင် ဘုရားပြောသောလမ်းကို လျှောက်နေသ
ည်မဟုတ်ပါ၊ အများပြောသောလမ်းကို လျှောက်နေပါသည်၊ ဘုရားတပည့်မဟုတ်ဘဲ အများတပည့်ဖြစ်သည်။ ယခု အချိန်စေ့၍ တရားထိုင်ကြရ
အောင်။
No comments:
Post a Comment