စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox'sbazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု နေလ ၅ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီမှ ၃း၃၀ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်ဆယ့်နှစ်ပါး (ဇာတိ-ဇရာမရဏ)ရှေ့အချိန်၌ ဥပါဒါန်လေးပါးကြောင့် ဘဝဖြစ်သည်ကို ပြောခဲ့ပါသည်၊ ယခု ဘဝကြောင့် ဇာတိဖြစ်သည်ကို ပြောပါမယ်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း၌ သမုဒယသစ္စာနှင့် ဒုက္ခသစ္စာနှစ်မျိုးကို ပြထားသည်၊ စက်ဝိုင်းကိုကြည့်လျှင် ရှေ့ကသမုဒယသစ္စာကြောင့် ယခု ဒုက္ခသစ္စာကို ရနေသည်။ လူခေါ်လျှ
င်လည်း ခေါ်၍ရသည်၊ နတ်ခေါ်လျှင်လည်း ခေါ်၍ရသည်၊ ဗြဟ္မာခေါ်လျှင်လည်း ခေါ်၍ရသည်၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ခေါ်လျှင်လည်းေ
ခါ်၍ရပါသည်၊ အားလုံးခန္ဓာသည် ဒုက္ခသစ္စာဖြစ်ပါသည်။ လူနတ်ခေါ်နေပါလျက် ဒုက္ခသစ္စာဖြစ်ရခြင်းအကြောင်းသည် မွေးသေစာရင်းမှ မလွတ်၍
ဖြစ်သည်။ ခန္ဓာဖြစ်လာမှုသည် အသေကို စောင့်နေခြင်းဖြစ်သည်၊ အသက်ရှည်နေမှုသဘောသည် အသေကို သွားနေခြင်းဖြစ်ပါသည်။
ယခု ခန္ဓာဖြစ်နေမှုသည် ဝိညာဏ် ဒုက္ခသစ္စာဖြစ်သည်၊ ဝိညာဏ်သည် ပဋိသန္ဓေဝိညာဏ် ပဝတ္တိဝိညာဏ်နှစ်မျိုးရှိသည်။ မိခင်ဝမ်းတွင်းကို ပ
ဋိသန္ဓေဝိညာဏ်ခေါ်သည်၊ မိခင်ဝမ်းမှ အပြင်ကိုရောက်လျှင် မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိသိစိတ် ကြံတွေးစိတ်တို့ နေ့စဉ်နေ့တိုင်း ပေါ်
နေသောစိတ်ကို ပဝတ္တိဝိညာဏ်ခေါ်သည်၊ ပဝတ္တိဝိညာဏ်နှင့်နေ၍ နောက်ဆုံး ဝေဒနာနှင့်သေရသည်။ အစသည် ဝိညာဏ်၊ အလယ်သည် သ
ဠာယတန ဖသ၁ ဝေဒနာနှင့် အသက်ရှင်နေ၍ နောက်ဆုံး ဝေဒနာနှင့်သေရသည်။ ခန္ဓာကိုကြည့်သော် ဒုက္ခသစ္စာဖြစ်သည်၊ ဒုက္ခသစ္စာဖြစ်လာပြီး
လျှင် အသက်မသေသမျှ စောင့်နေရမှုသည် ဇရာဖြစ်သည်။ နောက်ဆုံးသေရ၍ မွေးသေခန္ဓာဆိုသော် မှားစရာမရှိဖြစ်သည်၊ ယင်းကြောင့် မိုးကု
တ်ဆရာတော်ကြီးက မွေးသေစာရင်းမှမလွတ်၍ ခန္ဓာသည် ဒုက္ခသစ္စာလို့ အမိန်းရှိပါသည်။ စားစရာ နေစရာမရှိ၍ ဒုက္ခသစ္စာမဟုတ်ပါ၊ မွေးသေ
နေ၍ ဒုက္ခသစ္စာဖြစ်ပါသည်။ ဒုက္ခသစ္စာသည် သမုဒယသစ္စာကြောင့်ဖြစ်သည်၊ သမုဒယသစ္စာ၌ မသိမှု အဝိဇ္ဖာပါလာသည်အတွက်ကြောင့် ယခု
လက်ရှိခန္ဓာ ရနေမှုဖြစ်သည်၊ လက်ရှိခန္ဓာကနေ၍ တရားကိုမလုပ်သဖြင့် သမုဒယသစ္စာ ထွက်နေပြန်ပါသည်။
တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝဖြစ်သည်။ နေ့စဉ်နေ့တိုင်း မြင်ရမှု၌ လိုချင်၍ ရအောင်လုပ်သည်နှင့်
တစ်ရက်ကုန်ဆုံးသည်၊ ကြား၍ လိုချင်၍ ရအောင်လုပ်သည်နှင့် တစ်ရက်ကုန်ဆုံးသည်၊ နံ၍ လိုချင်၍ ရအောင်လုပ်သည်နှင့် တစ်ရက်ကုန်ဆုံးသ
ည်၊ စားရ၍ လိုချင်၍ ရအောင်လုပ်သည်နှင့် တစ်ရက်ကုန်ဆုံးသည်၊ ဝတ်ရ နေထိုင်ရ လုပ်ရသည်၌ လိုချင်၍ ရအောင်လုပ်သည်နှင့် တစ်ရက်ကုန်
ဆုံးသည်၊ ကြံစည်တွေးတော၍ ရချင်လိုချင်စိတ်ကြောင့် ရအောင်လုပ်သည်နှင့် တစ်ရက်ကုန်ဆုံးကြပါသည်၊ ထိုသဘောကို တဏှာ ဥပါဒါန် ကမ္မ
ဘဝနှင့် တစ်ရက်ကုန်ဆုံးခြင်းဖြစ်ပါသည်။ မြင်မှုသည် စက်ဝိုင်း၌ နှစ်အကွက် ဒုက္ခသစ္စာဖြစ်သည်၊ လိုချင်မှုသည်တဏှာ သုံးအကွက် သမုဒယသ
စ္စာဖြစ်သည်၊ ကိုယ့်ခန္ဓာမှ ဆင်းရဲကြောင်း သမုဒယသစ္စာထွက်နေသည်၊ ရအောင်က ဥပါဒါန်၊ လုပ်သည်က ကံဖြစ်သည်။ မြင်ရမှု ကြားရမှု နံရမှု
စားရမှု နေထိုင်ရမှုတို့ကို ရအောင်လုပ်လာမှုနှင့် အသက်ကြီးလာကြသည်၊ သေသောအခါလည်း လုပ်ယင်းနှင့် သေကြရပါသည်။
ပဋိစ္စသမုပ္ပါဒ်ကို ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖသေ၁ာ၊ ဖသ၁ပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စ
ယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါစသည်ဖြင့် ရွတ်ဆိုသောအခါ တကာတကာမတို့သည် ငါတို့နှင့်မဆိုင် ထိုပါဠိသည် သက်သက်ဘုရားကို အသက်သွင်နေသည်ဟုထင်ကြသည်၊ ဘုရားကို အသက်သွင်းနေသည်မဟုတ်ပါ၊ မိမိတို့အကြောင်းကို ပြောနေခြင်းဖြစ်ပါ
သည်။ လက်ရှိခန္ဓာဒုက္ခမှနေ၍ ကမ္မဘဝထိ နေ့စဉ်နေ့တိုင်း ဒုက္ခရအောင်ချည်း ဆင်းရဲကြောင်းကို လုပ်နေသည်၊ ဒုက္ခရောက်အောင်ချည်းလုပ်ရာ ၌ ကမ္မဘဝအလုပ်မှာ ကုသ်ုလ်ကံ အကုသိုလ်ကံပါသည်၊ အလှု သီလ ပုတီးမေတ္တာသည် ကုသိုလ်ကံဖြစ်သည်၊ အလှု သီလ ပုတီးမေတ္တာ မလုပ် မှုသည် အကုသိုလ်ကံဖြစ်သည်။ ကုသိုလ်ကံ အကုသိုလ်ကံသည် ဥပါဒါန်ကြောင့်ဖြစ်သည်၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိဖြစ်ပါ သည်။
ပစ္စည်းကိုလိုချင်၍ ရအောင်လုပ်သည်၊ ရအောင်လုပ်၍ ပစ္စည်းကိုရသည်၌ ပစ္စည်းကို လိုချင်စွဲလမ်းမှုသည် ဥပါဒါန်ဖြစ်သည်၊ ရအောင်လုပ်သ
ည်က ကမ္မဘဝဖြစ်သည်၊ ရရှိလာသောအကျိုးသည် ဥပပတ္တိဘဝဖြစ်သည်။ ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။ ဝါ၊ ကာမုပါဒါန်
ဟူသော အကြောင်းကြောင့်။ ဘဝေါ၊ အလုပ်လုပ်မှုကမ္မဘဝနှင့် ကံကြောင့်ဖြစ်သော အလုပ်၏အကျိုး ဥပပတ္တိဘဝသည်။ သမ္ဘဝတိ၊ ဖြစ်၏။ ပစ္စုပ္ပ
န်ခန္ဓာ၌ အယုတ်ဆုံးရေသောက်လို၍ ရေတစ်အိုးကိုထမ်းသော်လည်း ကမ္မဘဝနှင့် ဥပပတ္တိဘဝဖြစ်သည်။ ကာမုပါဒါန်ကြောင့် ကမ္မဘဝနှင့် ဥပပ
တ္တိဘဝဖြစ်သလို ဒိဋ္ဌုပါဒါန်ကြောင့်လည်း ကမ္မဘဝ ဥပပတ္တိဘဝဖြစ်သည်၊ အယူအဆမှားနေသည်ဖြစ်၍ နေထိုင် စားသောက် သွားလာမှု ပြောင်း
လွဲသွားခြင်းသည် ဒိဋ္ဌုပါဒါန်ကြောင့်ဖြစ်သည်။ ဒိဋ္ဌုပါဒါန်ကြောင့် ဖြစ်နေကြသည်ကို မသိသေးဖြစ်လျှင် သိအောင်ကြိုးစားရသည်၊ သိအောင်အတွ
က် ဘုရားထံမှ ပညာသင်၍ တရားကိုနာယူရသည်၊ တရားနာဖန်များသော် အသိဉာဏ်မျက်စိ ပွင့်သွားပါသည်။
တရားကိုသင်ယူ၍ ဉာဏ်မျက်လုံးရသွားလျှင် ကိုယ့်အနေအထားကိုလည်း ကိုယ်ဆုံးဖြတ်၍ရပါသည်၊ သူများအနေအထားကို ကြည့်လျှင်လ
ည်း သိပါသည်၊ မပြောကောင်း၍ မပြောကောင်းသာဖြစ်သည်၊ အကျိုးမရှိလျှင် သူ့ဘဝနှင့်သူ့ခန္ဓာသာ နှလုံးသွင်းလျက် မပြောဘဲနေလိုက်သည်၊ အကျိုးစီးပွါးကို လိုလားသောအခါ ကောင်းအောင် မှန်အောင်ပြောသွားသည်။ ဥပါဒါနပစ္စယာ ဘဝေါ တစ်ဘဝလုံး ဥပါဒါန်ကြောင့် ဘဝဖြစ်နေသ
ည်ကို မြတ်စွာဘုရားက သိမ်းကျုံး၍ သမုဒယသစ္စာဖြစ်သည်ကို ပြပါသည်။ သမုဒယသစ္စာသည် ပစ္စုပ္ပန်အကြောင်းဖြစ်သည်၊ မသေမချင်း ပစ္စုပ္ပန်
၌ အကြောင်းချည်းထွက်နေသည်၊ ဤပစ္စုပ္ပန်အကြောင်း သမုဒယသစ္စာသည် ချမ်းသာကြောင်းမဟုတ် ဆင်းရဲကြောင်းဖြစ်သည်။ သို့သော် ကိုယ်
က နေ့စဉ်နေ့တိုင်းလုပ်နေမှုသည် ချမ်းသာကြောင်းကို လုပ်နေသည်လို့ သိနေသည်၊ အမှန်က ကိုယ်လုပ်နေမှုသည် ဆင်းရဲကြောင်းဖြစ်သည်။ ဆင်းရဲကြောင်းကို ပြုလုပ်မှု၊ ဆင်းရဲကြောင်းကို ပြောဆိုမှု၊ ဆင်းရဲကြောင်းကို ကြံစည်တွေးတောမှုတို့၌ ကောင်းမကောင်း အလုပ်နှစ်မျိုးပါသည်၊ အကောင်းလုပ် အကောင်းပြောအကောင်းစိတ်ထားသည် ကုသိုလ်ကံဖြစ်သည်၊ မကောင်းလုပ် မကောင်းပြော မကောင်းသောအကြံစည်သည် အကုသိုလ်ကံဖြစ်သည်။
ဥပါဒါနပစ္စယာ ကမ္မဘဝ၌ ကောင်းမကောင်း အလုပ်နှစ်ခုကံကို စုဆောင်းနေသည်၊ နေ့တိုင်း အသက်မသေသမျှကာလပတ်လုံး တရားကိုမ
စုဆောင်းဘဲ ကံကိုစုဆောင်းနေသည်။ ကံကိုသိရန် လိုလာပြန်သည်၊ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ ဘုရားက စေတနာကို ကံခေါ်သည်လို့ေ
ဟာထားသည်။ ငါသူ ပုဂ္ဂိုလ် သတ္တဝါကို ခေါ်သည်မဟုတ်၊ စေတနာကို ကံခေါ်သည်၊ စေတနာကောင်းလျှင် ကံကောင်းသည်၊ စေတနမကောင်း
လျှင် ကံမကောင်းဖြစ်သည်။ ဘိက္ခဝေ၊ ရဟန်းတို့။ စေတနာ၊ စေတနာကို။ ကမ္မံ၊ ကံဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ရဟန်း
တို့ ကံသည် သီးခြားမဟုတ် ကိုယ့်စိတ်မှာရှိသော စေတနာကို ကံခေါ်သည်။ စေတနာသည် စာနှင့်ရေးထေားသော စေတနာကိုဆိုသည်မဟုတ်
ပါ၊ ထိုစေတနာသည် စာစေတနာဖြစ်၍ ကိုယ်နှင့်မဆိုင်ဖြစ်သည်၊ ကိုယ့်စိတ်ထဲမှာရှိသော စေတနာသည်သာ ကိုယ်နှင့်ဆိုင်သည်။ စေတနာရှိ၍
လုပ်သည် စေတနာမရှိလျှင် မလုပ်စသည်ဖြင့် ပြောစကားကို လူတိုင်းနားလည်းသည်၊ အက္ခရာနှင့်ရေးထားသော စေတနာကို စာမတတ်သူသ
ည် ဖတ်မရဖြစ်၍ မသိဖြစ်သည်၊ သူကစေတနာကောင်းသည် သူကစေတနာမကောင်းအားဖြင့် ဝမ်းထဲမှာရှိသော စေတနာကို စာမတတ်သူလ
ည်း သိပါသည်။
ဝမ်းထဲ၌ဖြစ်သော စေတနာသည် ပုံသဏ္ဌာန်အားဖြင့် အလုံး အပြား အတို အရှည်အားဖြင့် မဟုတ်ဖြစ်သည်၊ အရောင်အသွေးအားဖြင့်လည်း
အနီ အဝါ အဖြူ အားဖြင့် မဟုတ်ဖြစ်သည်၊ ထိုကဲသို့ ပုံသဏ္ဌာန်နှင့် အရောင်အဆင်းအားဖြင့်လည်း မရကောင်းဖြစ်သည်။ ပုံသဏ္ဌာန်နှင့် အေ
ရာင်အဆင်း မရကောင်းသော်လည်း စေတနာသည် ရှိပါသည်၊ ထိုသဘောကို သဘာဝခေါ်ပါသည်။ သ၊ ထင်ထင်ရှားရှား။ ဘာဝ၊ ဖြစ်ပေါ်နေသ
သည်။ ထင်ထင်ရှားရှားဖြစ်နေသည်ကို ဉာဏ်ရှိသူသည် ဉာဏ်နှင့်သိ၍ရသည်။ စေတနာကို မျက်စိနှင့်ကြည့်၍ မရပါ၊ နားနှင့်ကြား၍ မရပါ၊ နှာ
ခေါင်းနှင့်နံ၍ မရပါ၊ လျှာနှင့်လျက်၍ မရပါ၊ လက်နှင့်စမ်းသပ်၍ မရပါ၊ ဉာဏ်နှင့်သာသိ၍ ရပါသည်။ ဉာဏ်ရှိသူသည် ကိုယ့်ခန္ဓာမှာရှိသော စေ
တနာကိုသိပါသည်၊ စေတနာကို ကံခေါ်သည်၊ ကံသည် အလုပ်ဖြစ်ပါသည်။
ယခု တကာတကာမများ ထိုင်နေကြသည်၊ စေတနာမပါလျှင် ထိုင်၍မရဖြစ်သည်၊ ထိုင်နေသည်မှ ထလျှင်လည်း စေတနာမပါလျှင် အထမဖြ
စ်ပါ၊ ထပြီးသွားလျှင်လည်း စေတနာမပါလျှင် သွား၍မရဖြစ်သည်။ အသက်ရှိ၍ ထိုင်ထသွားလာ ဖြစ်နေကြသည်မဟုတ်ဘဲ စေတနာရှိ၍ ထိုင်ထ
သွားလာလုပ်ငန်းများ ဖြစ်နေကြသည်၊ ထိုစေတနာသည် မိမိတို့ခန္ဓာမှာရှိသည်။ ထိုင်နေသောနေရာမှ စေတနာသည် ထသောကိစ္စကို မဆောင်ရွ
က်ဖြစ်သော် တကာတကာမများ မထနိုင်ဖြစ်သည်၊ ထိုအခါ ရပ်ပြောရွာပြောစကားက ထိုင်နေယင်းနှင့်သေသွားသည်၊ အတွင်းလေဖြတ်၍ သေ
သွားသည်စသည်ဖြင့် ပြောကြသည်။ ထိုသဘောကို မိုးကုတ်ဆရာတော်ကြီးက ကံဖြတ်သွားသည် ဆုံးမပါသည်။
စေတနာသည် လေကိုတွန်း၍ စိတ်ကြောင့်ဖြစ်သောလေကို ကျေးဇူးပြုပါသည်၊ စေတနာမရှိလျှင် နှာခေါင်းခံတွင်းတို့မှ လေမထွက်ပါ၊ ခန္ဓာ၌
စေတနာမရှိလျှင် တောင့်မခံနိုင်ဘဲ ခွေကျသွားပါလိမ့်မယ်၊ စေတနာရှိနေ၍ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ထို့ကြောင့် စေတနာကံနှင့် လုပ်ကိုင်နေ
ကြသည်၊ စေတနာသည် ငါမလုပ်ဆိုသောအခါ လှုပ်ရှားမှုတို့သည် ရပ်တန့်သွားသည်။ စေတနာသည် အသက်ရှည်သော အနေအထားကိုလည်း
ဖြစ်စေသည်၊ သေအောင်လည်း စေတနာသည် ဖြစ်စေပါသည်။
စေတနာကမ္မဘဝသည် ယခု နောက်ဆုံးဘဝ၌ စေတနာချုပ်လျှင် သေပါသည်၊ အာယု ဥသ္မာစ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ။ အာယု၊ အ
သက်ခေါ်သောလေ၊ ထွက်လေဝင်လေကို အသက်ခေါ် ကြသည်။ ဥသ္မာစ၊ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လျှင် နွေး၍တွေ့သောကိုယ်ငွေ့။ ဝိညာဏံ၊
သိစိတ်။ ဤသုံးခု ခန္ဓာမှာငြိမ်းသွားလျှင် သေပါသည်။ သေမသေကို နှာခေါင်းဝ၌ လက်ကိုတားကြည့်သည်၊ မထင်ရှားလျှင် ဝါဂွမ်းကို ထည့်ကြည့်
သည်၊ ထိုသဘောသည် အသက်ကို ကြည့်သည်မဟုတ်ပါ လေကို ကြည့်ခြင်းဖြစ်သည်၊ သေသည်၌ အသက်ခေါ်သောလေသည် ရှုမှုရှိုက်မှုမရှိ
လျှင် သေပါသည်။ လေကိုထုပ်သောစိတ် လေကိုသွင်းသောစိတ်သည်လည်း သေနေပါပြီ၊ လေလည်းပျောက် စိတ်လည်းပျောက်လျှင် ခန္ဓာကိုယ်ကို လက်ဖျားမှနေ၍ စမ်းကြည့်သော် အေးအေးစက်စက်ဖြစ်နေသည်၊ ထိုမှ တံတောင်ဆစ် လက်မောင်း ခန္ဓာကိုယ်စမ်းသော် ကိုယ်ငွေ့မရှိဖြစ်သည်၊ နောက်ဆုံး နှလုံးအိမ်မှာစုပြီး ကိုယ်ငွေ့ဆုပ်သွားပါသည်။ အာယု၊ ထွက်လေ ဝင်လေခေါ်သော အသက်သည် ရုပ်၊ ဥသ္မာ၊ ကိုယ်ငွေ့သည် တေဇောရုပ်၊ ဝိညာဏံ၊ သိစိတ်သည် နာမ်၊ ပေါးင်းသော် ရုပ်နာမ်ဖြစ်သည်၊ ရုပ်နှင့်နာမ်ချုပ်သော် သေပါသည်၊ နေသောအခါ၌ လည်း ရုပ်နာမ်နှင့်နေ၍သေသောအခါ၌လည်း ရုပ်နာမ်နှင့် သေပါသည်။
တရားကို မနာဖူးသောအခါ ရုပ်နာမ်များ သူ့ကိစ္စသူဆောင်ရွက်နေသည်ကို ငါအသက်ရှင်နေသည် ငါလုပ်နေသည် ငါပြောဆိုနေသည် ထင်
မှတ်ကြသည်၊ မြင်မှု၌ မြင်စိတ်သည် သူ့ကိစ္စကို သူဆောင်ရွက်နေသည်၊ ကြားမှု၌လည်း ကြားစိတ်သည် သူ့ကိစ္စကို သူဆောင်ရွက်နေသည်၊ ဒ
သ၁နကိစ္စ သဝနကိစ္စ ဃာယနကိစ္စ မြတ်စွာဘုရားဟောထားပါသည်။ သူ့ကိစ္စကို သူတို့ဆောင်းရွက်နေကြသည်ကို ကိုယ်နှင့်တစ်ခုလည်းမဆိုင်
သိမှ သိ၍ရသွားသည်၊ သူ့ကိစ္စကို သူဆောင်ရွက်နေသည်ကို မသိလျှင် ငါသူချည်းထင်နေပါသည်၊ ငါသူထင်၍ နောက်ဆုံးသေသောအခါ ဘယ်
သူဘယ်ဝါသေသည်၊ မိဘသေသည် ဆွေမျိုးညာတကာသေသည်နှင့် အဆုံးသတ်သည်။ အမှန်က မိဘဆွေမျိုးညာတကာသည် အခေါ်အဝေါ် ဖြ
စ်သည်၊ မိဘဆွေမျိုးခေါ်ရသည့် အကြောင်းရင်းသည် ကျေးဇူးကို သိစေလို၍ဖြစ်ပါသည်။
ဘဝသိမ်းလိုလျှင် အမှန်ကိုသိရသည်၊ ဘဝလည်လိုလျှင် အကောင်းအဆိုးကိုသိရသည်၊ အကောင်းအဆိုကိုသိလျှင် ဘဝလည်ပတ်သည်၊ အ
မှန်ကိုသိလျှင် ဘဝရုပ်သိမ်းပါသည်။ ယခု ဥပါဒါနပစ္စယာ ဘဝေါ၌ သေသောအခါ ငါသူ သေသည်မဟုတ်ပါ၊ ရုပ်နာမ် သိမ်းနေပါသည်၊ ရုပ်နာမ်
သိမ်းမှုကို မသိသောအခါ ဘယ်သူဘယ်ဝါသေသည် ဖြစ်လာသည်။ စေတနာသည် ကမ္မဘဝ ဥပပတ္တိဘဝ အလုပ်လုပ်မှု အကျိုးရရှိမှု နှစ်ခုရှိ သည်၊ ဤခန္ဓာသိမ်းလျှင် အကျိုးအားလုံးသည် ဤမှာဘက်၌ သိမ်း၍ကျံလိုက်သည်၊ စေတနာကံသည်သာ ပါနေပါသည်။ စေတနာကံ ပါပုံပါနည်း သည် တရားမလုပ်ခဲ့သည်ဖြစ်၍ တဏှာ ဥပါဒါန် အစီးရှိနေသည်၊ ထိုတဏှာ ဥပါဒါန် အကျိုးပေးရန်အတွက် သူ့ကိစ္စကို သူဆောင်ရွက်နေပါသည်။
ကမ္မသတ္တိသည် ကံကို သိမ်းအောင်မလုပ်သူ၌ ကံရှိနေသည်၊ ကံကို သိမ်းအောင်မလုပ်သူသည် နေ့စဉ်နေ့တိုင်း ကံကိုပွါးစီး၍ စုဆောင်းနေ
သည်။ တရားအလုပ် တစ်ခုမှမပါဘဲ "ကောင်းသောအလုပ် မကောင်းသောအလုပ်"ကို လုပ်လျက်နှင့်သေလျှင် သူလုပ်ထားခဲ့သော ပစ္စည်းအား
လုံး ကုန်ဆုံးပြီးကျံလိုက်သည်၊ သူ့စေတနာကံသည် မဂ်ဉာဏ်ခေါ်သောဉာဏ်နှင့် သတ်တတ်မှုမရှိသည်အတွက် တဏှာ မာန ဒိဋ္ဌိခေါ်သော တ
ဏှာ ဥပါဒါန်ကို သူသည် အကြွင်းမဲ့ပယ်နိုင်အောင် စွမ်းအားသတ္တိမရှိသည်ဖြစ်၍ ကံသတ္တိအစွမ်း ရှိနေသည်လို့ နားလည်ရမယ်ဖြစ်ပါသည်။
နားချင်းအောင်ပြောသော် သေခါနီး၌ ငါလူဖြစ်လိမ့်မယ်ဖြစ်သည်၊ ငါ့မှာ အလှူ သီလ ပုတီးမေတ္တာ ကောင်းမှုရှိနေသည်ဟု စိတ်ကူးပေါ်သည်၊
ထိုစိတ်ကူးသည် တဏှာ ဥပါဒါန်ဖြစ်သည်၊ ရှိနေသည်က ကံဖြစ်သည်။ ဤကံကို တဏှာ ဥပါဒါန်တို့သည် သိမ်းဆည်းထားသည်ဟု အဓိပ္ပါယ်ထွ
က်သည်၊ ကံကို ဉာဏ်မသိမ်းဆည်းဘဲ တဏှာ ဥပါဒါန်သည် သိမ်းဆည်းထာသည်။ တဏှာ ဥပါဒါန် သိမ်းဆည်းထားသည်စကားကို ကြားတော
ကြားသည် သို့သော် နားမလည်ပါ၊ ငါ့မှာဆိုသည်က တဏှာ ဥပါဒါန်၊ ကောင်းမှုရှိနေသည်က ကံဖြစ်ဖြစ်သည်။ တဏှာ ဥပါဒါန် ကံသည် စာထဲမှာ
မဟုတ်ပါ ကိုယ့်ခန္ဓာထဲမှာဖြစ်သည်၊ ထိုစိတ်ကူးနှင့်သေသော် တဏှာ ဥပါဒါန် ကံနှင့်သေသည် မည်ပါသည်။ တဏှာ ဥပါဒါန် ကံသည် ချမ်းသာေ
ကြာင်းမဟုတ် ဆင်းရဲကြောင်း သမုဒယသစ္စာဖြစ်သည်၊ ကိုယ်က ချမ်းသာကြောင့်သိလျက် အသိအမှားဖြစ်နေသည်၊ အသိမှားမှုသည် အဝိဇ္ဇာဖြ
စ်သည်၊ ကိုယ့်မှာ ပါသွားသည်က တဏှာ ဥပါဒါန် ကံဖြစ်သည်။ အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့်ရုပ်နာမ်ပေါ်၊ ဤမှာဘက်၌ သေသော
အခါ ထိုမှာဘက် ဘဝပစ္စယာ ဇာတိ ခန္ဓာသွားဖြစ်ပါသည်။
ဇာတိ၏အဓိပ္ပါယ်သည် ဖြစ်ပေါ်ခြင်းဖြစ်သည်၊ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း၌ ဇာတိ၏အောက်မှာ ဥပပတ္တိဘဝရေးထားသည်၊ ဥပပတ္တိဘဝသည် ထင်ထင်ရှားရှားဖြစ်ပေါ်ခြင်း အဓိပ္ပါယ်ရသည်၊ ဖြစ်ပေါ်ခြင်း ထင်ထင်ရှားရှားဖြစ်ပေါ်ခြင်းတို့ဖြစ်သည်။ စာကို ဖတ်တတ်သည်၊ သူများဖတ်သည်ကို
လည်း ကြား၍ရသည်၊ သို့သော် ဆိုလိုသောအဓိပ္ပါယ်ကို မသိသည်ဖြစ်၍ ဉာဏ်မထွက် ဉာဏ်မပွင့်ဖြစ်သည်။ ဉာဏ်ကိုဖွင့်ရန်အတွက် ဆရာ
လိုလာသည်၊ ယင်းကို ယထာဘူတံ ညာဏာယ သတ္ထာ ပရိယေသိတဗ္ဗော၊ အမှန်ကိုသိသော ဆရာတစ်ယောက်လိုလာသည်၊ အမှန်ကိုသိသော
ဆရာနှင့်မတွေ့ဘဲ ကံကိုသိသော ဆရာကိုမေးလျှင် ဖြစ်ပေါ်ခြင်း ထင်ထင်ရှားရှားဖြစ်ပေါ်ခြင်သည် ကုသိုလ်ကံကြောင့် လူ နတ် ဗြဟ္မာဖြစ်သည်၊ အကုသိုလ်ကြောင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်ကို ဖြေလိမ့်မယ်ဖြစ်သည်။ ဟုတ်ပါသည် သို့သော် အပြောမှန်၍ သဘောမမှန်ဖြ
စ်ပါသည်။ စောစောကပြောခဲ့သော ကျောင်းအမကြီး သူတော်နှင့်တွေ့သလို ဖြစ်နေပါသည်။
ကျောင်းအမကြီးသည် ဒီပင်္ကရဘုရားထံ သုမေဓာရသေ့ ဗျာဒိတ်ခံယူနေသော ဆေးရေးပန်းချီကား အဓိပ္ပါယ်ကို သူတော်ကိုမေးသောအခါ ဆရာတော်ကြီးတိုက်ခန်းမှ ထန်းလျက်ခိုးစား၍ ဆရာတော်ကြီးသည် ဖနောင့်တိုက်ဖို့ပြင်နေသည် သူတော်အဖြေဖြစ်သည်။ ယခုလည်း သူတော်
နှင်တွေ့သလို ဘုရားကိုမတွေ့သေးလျှင် သူတော်နှင့်ချည်းတွေ့နေရသည်၊ ကုသိုလ်ကံကြောင့် လူ နတ်ဖြစ်သည်၊ အကုသိုလ်ကံကြောင့် ငရဲ တိရ
စ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်၊ သူတော်ကောင်း ဟောသောတရားဖြစ်သည်၊ သတော်ကောင်းသည် ကိုယ်က ဤလောက်သာသိ၍ ဤေ
လာက်သာပြောနိုင်သည်။ ဘုရားပွင့်မှုနှင့်တူသော ဆရာတော်ကြီးရောက်လာသောအခါ ဆရာတော်ကြီးက ဤပန်းချီကားသည် ဒီပင်္ကရဘုရား
ထံ သုမေဓာရသေ့ ဗျာဒိတ်ခံယူနေသောပုံဖြစ်သည်ကို ပြောသောအခါ ကျောင်းအမကြီးသည် ဆရာတော်ကြီးပြောစကားကို လက်ခံဖြစ်သည်၊
အရှင်ဘုရားတရားသည် သူတော်တရားနှင့်မတူကား ဖြစ်ပါသည်။
ကျောင်းအမကြီး ဤကဲသို့ဖြစ်ရခြင်းသည် သူတော်တရား ဦးနေ၍ဖြစ်သည်၊ မိမိတို့၌လည်း သူတော်တရား ဦးနေပါသည်။ ထို့ကြောင့် လယ်
တီဆရာတော်ကြီးက မြတ်စွာဘုရားသည် အလှူ သီလ ပုတီးမေတ္တာကိုဟောရန် ဘုရားပွင့်လာသည်မဟုတ်လို့ အမိန်းရှိပါသည်၊ အင်မတန်လေး
နက်သော စကားဖြစ်ပါသည်။ ဆရာတော်ကြီးများ၏ အဆုံးအမကို မရသောအခါ အလှူ သီလ ပုတီးမေတ္တာကို ဟောပြောဖို့ ဘုရားပွင့်လာသည်
လို့ ထင်မှတ်နေသည်၊ အလှူ သီလ ပုတီးမေတ္တာသည် ဘုရားဟောသည်ဖြစ်စေ မဟောသည်ဖြစ်စေ သူတော်ကောင်းတို့ ဟောကြသည်၊ ဘုရား
ပွင့်လာခြင်းသည် အမှန်ကိုဟောပြောဖို့ ပွင့်လာခြင်းဖြစ်ပါသည်။ အလှူ သီလ ပုတီးမေတ္တာသည် အမှန်မဟုတ်သေးပါ၊ အကောင်းကို ဟောခြင်း
ဖြစ်သည်၊ အမှန်ကိုကောက်သောအခါ အလှူ သီလ ပုတီးမေတ္တာသည် သမုဒယသစ္စာ ဆင်းရဲကြောင်းဖြစ်ပါသည်။
သူတော်ကောင်းတရား၌ ဇာတိ ဥပပတ္တိဘဝမှာ လူ နတ် ဗြဟ္မာဖြစ်သည်ကို ချမ်းသာသည်ဟောသည်၊ အလှူ သီလ ပုတီးမေတ္တာမရှိလျှင် မ
သူတော်ဖြစ်၍ သေလျှင် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်၌ဖြစ်ရသည်၊ သူတော်ကောင်းတရား၌ သူတော်ကောင်းအဆင့်ကိုသာ ဟောကြားပါ
သည်။ ဘုရားဟောသောအခါ အလှူ သီလ ပုတီးမေတ္တာသည် တဏှာနှင့်တွဲနေ၍ ဆင်းရဲကြောင်းဖြစ်သည်၊ ထိုအခါ ငါတို့သည် နားမလည်သေ
ဘာမပေါက်ဖြစ်သည်။ ဆင်းရဲကြောင်းသည် ဘယ်ပုံဘယ်နည်းဆိုသော် လက်ရှိခန္ဓာသည် ကုသိုလ်ကံကြောင့်ဖြစ်လာသည်၊ ကုသိုလ်ကံကြောင့်
ခန္ဓာရလာခြင်းသည် မွေးသေစာရင်းမှ မလွတ်ဖြစ်နေသည်၊ မွေးသေနေရခြင်းဆင်းရဲထက် ကြီးသောဆင်းရဲသည် မရှိဖြစ်သည်၊ ကံမရှိ၍လည်းမ
ဟုတ်ပါ၊ ကံရှိလျက်နှင့် မွေးသေနေရပါသည်။
ယခုကံကြောင့် နောက်ဘဝ၌ ဖြစ်ပေါ်ခြင်း ထင်ထင်ရှားရှား ဖြစ်ပေါ်ခြင်းသည် လူ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်ကို ဆိုသည်မဟုတ်ပါ၊ ခန္ဓာဖြစ်ပေါ်သည်ကို ဆိုလိုပါသည်၊ ခန္ဓာနံ ပါတုဘာဝေါ၊ ခန္ဓာဖြစ်သည်။ ဘုရားစကားကို စိုက်၍နားထောင်ကြည့်ပါ၊ ဇာတိ ဖြ စ်ပေါ် ခြင်း၊ ခန္ဓာနံ ပါတုဘာဝေါ၊ ခန္ဓာဖြစ်ပေါ်သည်။ ခန္ဓာဖြစ်သည်စကားကို ကိုယ်က အသိဉာဏ်ဇဝေဇဝါဖြစ်နေသည်၊ ငါတို့သည် အသက်တ မ်း နှစ်တစ်ရာအောက်မှာ ဖြစ်လာသော ခန္ဓာမျိုးဖြစ်သောကြောင့် လောဘ ဒေါသ မာနများ၍ ဉာဏ်နည်းသည်၊ အသက်တမ်း နှစ်တစ်ရာအထ က်မှာဖြစ်သော ခန္ဓာမျိုးတို့သည် များသောအားဖြင့် ဉာဏ်ရှိသောမျိုးဖြစ်သည်။
ခန္ဓာဖြစ်ပေါ်ခြင်းသည် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာအားဖြင့် ခန္ဓာငါးပါးဖြစ်သည်။ ရူပက္ခန္ဓာသည် ရုပ်တ
ရားဖြစ်သည်၊ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာသည် နာမ်တရားဖြစ်သည်။ ဝေဒနာက္ခန္ဓာသည် ခံစားမှု၊ သညာက္ခန္ဓာသည် မှတ်မှု၊ သင်္ခါရက္ခန္ဓာသည် စေ့ဆော်မှု တည့်ပေးမှု၊ ဝိညာဏက္ခန္ဓာသည် သိမှု၊ ၄င်းတို့သည် နာမ်ခန္ဓာလေးပါးဖြစ်သည်၊ ခန္ဓာငါးပါးကိုပေါင်းသော်
ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာဖြစ်သည်။ ခန္ဓာဖြစ်ပေါ်သည်စကားကို အကျဉ်းပြောသော် နာမ်ရုပ်ဖြစ်ပါသည်။
သူတော်ကောင်းတရားကို ပြန်ကောက်သော် ကုသိုလ်ကံကြောင့် လူဖြစ်လျှင် လူခန္ဓာသည် ခန္ဓာငါးပါး တနည်းအားဖြင့် နာမ်ရုပ်ဖြစ်သည်။ ကု
သိုလ်ကံကြောင့် နတ်ဖြစ်သည်လို့ သူတော်ကောင်းတရားက ဟောထားသည်၊ နတ်ခန္ဓာသည် နာမ်ရုပ် ခန္ဓာငါးပါးဖြစ်သည်။ သူတော်ကောင်း သည် နာမ်ရုပ် ခန္ဓာငါးပါးလို့ မသိသည်ဖြစ်၍ နတ်ဘဲသိသည်အတွက် နတ်လို့ဟောပြောသည်၊ နာမ်ရုပ်နှင့် ဝိပသ၁နာဉာဏ် မဂ်ဉာဏ်ကို သူ
တော်ကောင်းသည် မသိဖြစ်သည်။ ခန္ဓာဖြစ်ပေါ်မှုသည် နာမ်ရုပ်ဖြစ်ပေါ်နေသည်ကို ဘုရားသာသိ၍ အခြားသူမသိပါ၊ သူတော်ကောင်းသိသည်
အတိုင်း ကုသိုလ်ကံကြောင့် လူ နတ်ဖြစ်သည်ကို ဟောပြောပါသည်။
နတ်ဖြစ်နေသောခန္ဓာကို ဘုရားပြောစကားနှင့် ချင့်ချိန်ကြည့်သော် နတ်ခန္ဓာသည် ခန္ဓာငါးပါးဖြစ်သည်၊ ခန္ဓာငါးပါးကိုကျဉ်းသော် ရုပ်နာမ်ဖြစ်
သည်။ သူတော်ကောင်းသည် နတ်လို့ပြောသည်၊ ဘုရားသည် ရုပ်နာမ်ပြောသည်၊ ဘုရားစကားသည် အရိယာတရားဖြစ်သည်၊ သူတော်ကောင်း
စကားသည် သူတော်ကောင်းတရားဖြစ်သည်၊ အရိယာတရားကိုသိမှ အရိယာဖြစ်၍ သူတော်ကောင်းတရားကိုသိလျှင် သူတော်ကောင်းဖြစ်သ
ည်။ ဘုရားသည် ဗြဟ္မာကိုလည်း ရုပ်နာမ်ဖြစ်သည်ဟောသည်၊ သူတော်ကောင်းသည် ရှိရင်း ရုပ်နာမ်ကို မမြင်တတ်သည်ဖြစ်၍ ဗြဟ္မာကို ဗြဟ္မာ
ပြောသည်၊ အမှန်က ဗြဟ္မာမဟုတ်ပါ ရှိရင်းစွဲသည် ရုပ်နာမ်ဖြစ်သည်။ ရုပ်နာမ်ကို လူခေါ်လိုက်သည်၊ ရုပ်နာမ်ကို နတ်ခေါ်လိုက်သည်၊ ရုပ်နာမ်ကို
ဗြဟ္မာခေါ်လိုက်မှုတို့သာဖြစ်သည်။
အကုသိုလ်ကံကြောင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်အဖြစ်တို့ကိုလည်း ထိုနည်းအတိုင်းသိနိုင်ပါသည်၊ အကုသိုလ်ကံကြောင့် ငရဲဖြစ်
သည်၌ ရုပ်နာမ်ဖြစ်သည်၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်တို့၌လည်း ရုပ်နာမ်ဖြစ်သည်။ ငရဲ တိရစ္ဆာန် ပြိတ္တာ အ
သူရကာယ် လူ နတ် ဗြဟ္မာတို့သည် အခေါ်သာဖြစ်သည်၊ သုံးဆယ့်တစ်ဘုံ၌ အမှန်ဖြစ်နေကြသည်က ရုပ်နာမ်ဖြစ်ပါသည်။
ဇာတိကို ခန္ဓာဖြစ်သည်လို့သိမှ အရင်းကျကျ အသိဖြစ်သည်၊ အနှစ်တရာအသက်ရှည်သော်လည်း ဘုရားတရားကို မနာဖူးလျှင် ရုပ်နာမ်ကိုမ
သိဘဲ လူဖြစ်၍ လူသေသည်၊ နတ်ဖြစ်၍ နတ်သေသည်၊ တိရစ္ဆာန်ဖြစ်၍ တိရစ္ဆာန်သေသည်နှင့် အသက်ဆုံးသွားကြပါသည်။ အမှန်ကိုသိသော ဘုရားနှင့်တွေ့သောအခါ ဇာတိ၊ ဖြစ်ပေါ်ခြင်း၊ ဥပပတ္တိ၊ ထင်ထင်ရှားရှားဖြစ်ပေါ်ခြင်းသည် ရုပ်နာမ်ဖြစ်သည်ကို သိသွားပါသည်။ ရုပ်နာမ်သည် တ
ခြားအကြောင်းကြောင့်ဖြစ်သည်မဟုတ် ကံကြောင့်ဖြစ်သည်ကို ဘုရားတရားကို နာရသောအခါ ကံကြောင့် ရုပ်နာမ်ဖြစ်သည်ကို သိသွားပါသည်။
ဘုရားတရားကို မနာဖူးလျှင် ကံကြောင့် လူရုပ်၊ ကံကြောင့် နတ်ရုပ်၊ ကံကြောင့် ဗြဟ္မာရုပ်၊ ကံကြောင့် ငရဲရုပ် တိရစ္ဆာန်ရုပ် ပြိတ္တာရုပ် အသူရကာ
ယ်ရုပ်သိပါသည်။ သူတော်ကောင်းတရားနှင့် အရိယာတရားသည် တစ်ခြားစီဖြစ်ပါသည်။
သူတော်ကောင်းတရားနှင့် အရိယာတရားသည် မိုးနှင့်မြေ ဆီနှင့်ရေလို ခြားနားပါသည်၊ ဆီနှင့်ရေကို ပုလင်းတစ်လုံး၌ အတူထည့်လျှင် တစ်
ခုနှင့်တစ်ခု မတူဖြစ်သည်ကို မျက်စိနှင့်မြင်၍ သိသာပါသည်။ လူနတ်ဗြဟ္မာအဖြစ်နှင့် ရုပ်နာမ်အဖြစ်သည်လည်း ခြားနားနေပါသည်၊ လူနတ်ဖြစ်
သည်က အခေါ်ဖြစ်သည်၊ အမှန်ဖြစ်နေသည်က ရုပ်နာမ်ဖြစ်သည်။ ရုပ်နာမ်သည် ဒုက္ခသစ္စဖြစ်သည်၊ တစ်သက်လုံး မသေမချင်းလုပ်မှုသည် ပစ္စု
ပ္ပန်အကြောင်း သမုဒယသစ္စာဖြစ်သည်။ နတ်ဖြစ်သွားသော်လည်း ဆင်းရဲအထဲကို ရောက်သွားသည်၊ လူဖြစ်သွားသော်လည်း ဆင်းရဲအထဲကိုေ
ရာက်သွားပါသည်၊ လူဖြစ်၍ဒုက္ခမဟုတ်ပါ ရုပ်နာမ်ဖြစ်နေ၍ ဒုက္ခဖြစ်သည်၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်လျှင်လည်း ဒုက္ခအထဲမှာဖြစ်သ
ည်။ သူတော်ကောင်းတရားကို နာသောအခါ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည် ဒုက္ခဖြစ်၍ လူနတ်သည် သုခဖြစ်သည်ဟုထင်သည်၊ ဘုရား
တရားကိုနာသောအခါ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည်လည်း ဒုက္ခဖြစ်သည်၊ လူနတ်သည်လည်း ဒုက္ခဖြစ်သည်၊ သူတို့သည် မွေးသေ၌ပါ
နေ၍ ဒုက္ခဖြစ်ပါသည်။
ပထဆုံးဒေသနာဖြစ်သော ဓမ္မစကြာဒေသနာမှာ ဘုရားဟောထားသည်၊ ဣဒံခေါပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ အရိယာများသိသော ဒုက္ခ
သစ္စာသည် ရှိပါသည်၊ သူတော်ကောင်းများသိသော ဒုက္ခနှင့်မတူဖြစ်သည်။ သူသူကိုယ်ကိုယ် သိနေကြသည်က ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာ
ယ်ကို ဒုက္ခ၊ လူ နတ် ဗြဟ္မာကို သုခသိနေကြသည်၊ ထိုအသိသည် အရိယာအသိ မဟုတ်ဖြစ်သည်၊ အရိယာသိသော ဒုက္ခသစ္စာသည် ဇာတိပိ ဒုက္ခာ၊ အာရုံစိုက်၍ နားထောင်ကြည့်ပါ၊ လူသည် ဒုက္ခ ထိုသို့မပြောပါ။ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အရိယာသိေ
သာ ဒုက္ခဖြစ်သည်။
လူဖြစ်လာလျှင် လူစ၍ဖြစ်သည်နှင့် ဒုက္ခစ၍ဖြစ်သည်၊ ဒုက္ခနှင့်စ၍ သေသော်လည်း ဒုက္ခနှင့်ဆုံးသည်၊ လူ့ဘဝအစသည် ဇာတိ ဒုက္ခဖြစ်၍
ဘဝ၏အဆုံးအသေသည် မရဏ ဒုက္ခဖြစ်သည်။ ဇာတိ ဒုက္ခ မရဏ ဒုက္ခပြောသော် ပါဠိသံပါနေ၍ နားမချင်းဖြစ်နိုင်သည်၊ တရားဟောနေသည်
ဟူ၍သာထင်ပြီး ကိုယ့်ကို ပြောနေသည်ကို မသိဖြစ်နေသည်။ မိုးကုတ်ဆရာတော်ကြီးသည် ဇာတိ ဒုက္ခ၊ မရဏ ဒုက္ခကို မွေးသေအမိန်းရှိပါသ
ည်၊ မွေးဖွားသည်ပြောလျှင် ကိုယ့်ကိုပြောသည်ကို ထင်ရှားသည်၊ သေသည်ဆိုရာ၌လည်း ထင်ရှားပါသည်။ မွေးဖွားနှင့် ကိုယ့်ခန္ဓာသည် သေရန်
အတွက် ဆက်စပ်ထားသည်၊ မသေမီကြားကာလ၌ စား၍ဘဲနေနေ သွား၍ဘဲနေနေ လုပ်၍ဘဲနေနေ အိပ်၍ဘဲနေနေ သေရန်သွားနေခြင်းဖြစ်သ
ည်၊ ထိုသဘောသည် ဇရာ ဒုက္ခဖြစ်ပါသည်။
ဇာတတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံပါဠိကို နှုတ်တက်ကျက်၍ ဘုရားထံသွားပြီး လက်အုပ်ချီရှိခိုးရွတ်ဖတ်လျှင် ကုသို
လ်ရသည်၊ သို့သော် ခန္ဓာမှာ ဉာဏ်ပျောက်နေပါသည်၊ ကုသိုလ်ရ၍ ဉာဏ်မရှိလျှင် ထိုကုသိလ်သည် ဉာဏ်မရှိသောကုသိုလ်ဖြစ်သည်။ ဉာ
ဏ်မရှိသောကုသိုလ်သည် ဒုက္ခမှမလွတ်ဖြစ်သည်၊ ဉာဏ်ရှိသောကုသိုလ်သည် ဒုက္ခမှလွတ်မြောက်ပါသည်။ ပစ္စုပ္ပန်လောက၌လည်း ဉာဏ်မ
ရှိသောသူသည် စားဝတ်နေရေး ဆင်းရဲဒုက္ခမှ မလွတ်ဖြစ်သည်၊ ဉာဏ်ရှိသောသူသည် ပစ္စုပ္ပန်၌ စားဝတ်နေရေးဆင်းရဲမှ လွတ်မြောက်သည်။ တမလွန်လောကအတွက် တဏှာအုပ်ချုပ်ထား၍ တဏှာမူလရှိလျှင် အသေကမလွတ်ဖြစ်သည်၊ အဝိဇ္ဇာမူလရှိလျှင်လည်း အသေကမလွတ်ဖြစ်ပါ
သည်။
ခန္ဓာဖြစ်ပေါ်မှုသည် ဇတိဖြစ်သည်၊ ခန္ဓာဖြစ်ပြီး ခန္ဓာကြီးရင့်နေမှုသည် ဇရာဖြစ်သည်။ ဆံဖြူ သွားကျိုးကို ဇရာအခေါ်သည် လိုရင်းမဟုတ်ဖြစ်
သည်၊ ကြီးနေမှုသည် ဇရာဖြစ်သည်။ ကြီးနေသည်၌ မိခင်ဝမ်းထဲ ပဋိသန္ဓေနေသောလူမှာလည်း လူအလျှောက် တိရစ္ဆာန်မှာလည်း တိရစ္ဆာန်အ
လျှောက်၊ ဦးခွံမှာဖြစ်ဖြစ် သားအိမ်မှာဖြစ်ဖြစ် နေကြသည်။ ဦးခွံသားအိမ်၌နေသော ပဋိသန္ဓေကို တစ်ရက် တစ်လစသည်ဖြင့် ရေတွက်ကြသည်၊
ထိုရေတွက်မှုသည် ဂဏန်းကိုရေတွက်သည်မဟုတ် ခန္ဓာကိုယ်ရင့်နေမှုကို ရေတွက်ခြင်းဖြစ်သည်၊ ထိုရေတွက်မှုသည် ဇရာဖြစ်ပါသည်။
ကိုးလလွယ် ဆယ်လဖွား၍ အပြင်ကိုရောက်လာသည်၊ အပြင်ကိုရောက်လာသော ခလေးသည် ဇရာနှင့်မကင်းခဲ့ဖြစ်သည်။ မွေးဖွား၍ အပြင်
ကိုရောက်လာသော ခလေးသည် တစ်ရက် တစ်လ တစ်နှစ်စသည်ဖြင့် ကြီးရင့်လာသည်၊ ထိုခလေးရင့်မှုသည် အသေသို့ ပြေးနေမှုဖြစ်သည်။ တ
စ်ယောက်နှင့်တစ်ယောက် အသက်ငါးဆယ် အသက်ခြောက်ဆယ်ရှိပြီပြောကြသည်၊ ထိုငါးဆယ် ခြောက်ဆယ်သည် အသေသို့ ပြေးနေပါသည်
။ ဇရာမှ ရှေ့ကိုကြည့်သော် မရဏဖြစ်သည်၊ ဇရာနှင့်မရဏသည် ခြေတစ်လှမ်း လှမ်လိုက်လျှင်တွေ့ပါသည်၊ ထို့ကြောင့် အသက်ရှစ်ဆယ် ကိုးဆ
ယ်ရှည်သော လုနတ်ဗြဟ္မာသည် ဇရာဒုက္ခဖြစ်သည်၊ ဇရာသည် ဒုက္ခသစ္စာဖြစ်ပါသည်။
ကုသိုလ်ရှိလျက် ဇရာမရဏ ဒုက္ခသစ္စာကို ရရှိခြင်းသည် တဏှာ ဥပါဒါန် ကံကြောင့်ဖြစ်သည်။ ဤတဏှာ ဥပါဒါန် ဖြစ်ရခြင်းအကြောင်းသည်
ဒုက္ခကို ဒုက္ခလို့ အမှန်မသိ၍ဖြစ်သည်၊ ဒုက္ခကို လူ နတ်သိထားမှုသည် အသိမှားအဝိဇ္ဇာဖြစ်သည်။ ယင်းကြောင့် အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန်
ကံကြောင့်ရုပ်နာမ်ပေါ် ဒုက္ခသစ္စာသွားပေါ်သည်၊ အသိမမှန်၍ ဒုက္ခသစ္စာပေါ်ရသည်။ အသိမမှန်မှုကို အသိမှန်အောင် ဘုရားသာသနာရှိသောခေ
တ်မှာသာ လုပ်၍ရသည်၊ အသိမှန်အောင် ဘုရားသာသနာတွင်း၌ မလုပ်လိုက်သော် ကံကြောင့်နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ဖြစ်ပြန်နည်
းအလျော်ဆိုလျှင် ဒုက္ခချည်းဖြစ်၍ အသေနှင့်လမ်းဆုံးမယ်ဖြစ်သည်။ သေနေရခြင်းအကြောင်းသည် မသိမှုအဝိဇ္ဇာကြောင့်ဖြစ်သည်၊ အဝိဇ္ဇာကြော
င့် သေနေရသည်ကို ကံမကောင်း၍ သေနေရသည်ဟု ထင်မှတ်ထားသည်၊ သေရခြင်းအကြောင်းကို လက်သည်ရှာဖို့ မတတ်သေးဖြစ်သည်။
သေရခြင်းအကြောင်းလက်သည်ကို ကံမကောင်း၍ဖြစ်လျှင် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည်သာ သေရမယ်ဖြစ်သည်၊ ကံကောင်
း၍ လူ နတ် ဗြဟ္မာဖြစ်နေကြသည်၊ သူတို့သည် မသေရပါ၊ ကံကောင်း၍ဖြစ်နေသော လူတို့သည်လည်း ယခု သေနေကြသည်၊ ကိုယ်ရှာထားေ
သာ သေရခြင်းအကြောင်းရင်းလက်သည်သည် မှားနေပါသည်၊ မှားနေရခြင်းသည် ဆရာမရှိ၍ဖြစ်ပါသည်။ ဘုရားတရားကို နာသောအခါ သေရ
ခြင်းအကြောင်းရင်းသည် အမှန်မသိမှုကြောင့်ဖြစ်ရသည်ကို သိသွားပါသည်။ ရွာစကားနှင့်ပြောသော် ပညာကန်း၍ဖြစ်သည်၊ ပညာကန်းမှုသည်
သမုဒယသစ္စာဖြစ်သည်၊ သေရသည်က ဒုက္ခသစ္စာဖြစ်သည်၊ ပညာမရှိသည်က သေကြောင်းဖြစ်၍ သေရသည်က သေကျိုးဖြစ်သည်။ ပညာမရှိ
သည်မှ ပညာရှိသွားလျှင် သေရသည်မှလွတ်သည်၊ ပညာရှိမှုသည် ဝိဇ္ဇာဖြစ်သည်။ မြတ်စွာဘုရားက အဝဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ
ပညာမရှိမှုပျောက်သော် ဇရာမရဏ နိရောဓော အသေလည်းပျောက်သည်။ ပညာရှိမှုသည် နည်းမှန်လမ်းမှန် မဂ္ဂသစ္စာဖြစ်သည်၊ အသေပျောက်
မှုသည် နိရောဓသစ္စာဖြစ်သည်။ နိရောဓသစ္စာ နဗ္ဗာန်ရှိမရှိကို တရားကိုနာသော် မှန်း၍ကျပါသည်၊ ထို့ကြောင့် တရားကိုနာပြီး တရားကို နှလုံးသွ
င်းရပါသည်။ ယခု အချိန်စေ့သည်ဖြစ်၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment