စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၆ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်ဆယ့်နှစ်ပါး (ဇာတိ)ပဋိစ္စသမုပ္ပါဒ်ကို ဟောပြောလာခြင်းသည် ခြောက်ရက်မြောက်သို့ ရောက်ခဲ့ပါပြီ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များသည် အားလုံးမပြီးဆုံး
သေးသည်အတွက် တရားကိုယ်ကိုဆက်ပြီး ခန္ဓာဉာဏ်ရောက် ပြသွားမယ်ဖြစ်သည်။ စက်ဝိုင်းကိုကြည့်ပါ အင်္ဂါတစ်ဆယ့်နှစ်ပါး၌ အဝိဇ္ဇာမှနေ၍
ကမ္မဘဝထိ တရားကိုယ်ကို ကောက်ထားပြီးပါပြီ၊ သို့သော်လည်း ပြန်ကောက်ပြပါမယ်။ အဝိဇ္ဇာတရားကိုယ်သည် မောဟဖြစ်သည်၊ မောဟသ
ည် ကိုယ့်ခန္ဓာမှာဖြစ်သည်။ တစ်ခါတလေ တစ်ယောက်ကိုတစ်ယောက် အလွန်မောဟကြီးပါလား ပြောကြသည်၊ ယင်းမောဟသည် အခါခပ်သိ
မ်းလည်း ဖြစ်သည်မဟုတ်ပါ၊ ခန္ဓာ၌ မောဟဖြစ်လာသော် မောဟလို့သိပေးလိုက်ရန်ဖြစ်ပါသည်။
သင်္ခါရတရားကိုယ်သည် စေတနာဖြစ်သည်၊ နေ့စဉ်နေ့တိုင်း သွားရ လာရ လုပ်ကိုင်ရ နေထိုင်ရ စားသောက်ရစသည်တို့ကို ပြုလုပ်နေရခြင်း
သည် သင်္ခါရဖြစ်ပါသည်။ သင်္ခါရကို တရားကိုယ်ကို မကောက်တတ်သောအခါ ငါလုပ်သည် ငါပြောသည်နှင့် တစ်ဘဝကုန်ဆုံးကြသည်၊ ငါလုပ်
သည် ငါပြောသည်မဟုတ်ပါ စေတနာသာဖြစ်သည်။ စေတာဆိုသောအနေအထားသည် သဝေထိုးစလုံးနှင့် စာမှာရေးထားသော စေတနာမဟု
တ်ပါ၊ မိမိစိတ်ထဲမှာ နှိုးဆော်တိုက်တွန်း လှုံးဆော်သောသဘောကို စေတနာခေါ်သည်။ ထိုင်နေလျှင် ထချင်လာသည်၊ ထသော် သွားချင်စိတ်ပေါ်
လာသည်၊ ထိုသဘောကို စေတနာခေါ်သည်၊ ထိုအမူအရာသည် ခန္ဓာမှာရှိပါသည်။ ထိုသဘောကိုသိလျှင် ငါသူမဟုတ် သက်သက် စေတနာဖြစ်
သည်ဟု သိသွားသည်၊ အပြော၌ ငါထသည် ငါသွားသည်လို့တော့ပြောရသည်၊ စေတနာထသည် စေတနာသွားသည်ပြောလျှင် တစ်ယောက်နှင့်
တစ်ယောက် နားမလည်နိုင်ဖြစ်သည်။ တရားကိုယ်ကိုသိလျှင် တရားသိမှု၌ ကျေးဇူးများပါသည်၊ စေတနာကို စေတနာလို့သိလျှင် တရားကို သိ
သွားခြင်းဖြစ်သည်၊ တရားကိုသိလျှင် တရားကို မြင်အောင်လုပ်ရသည်၊ ယခုသည် တရားကို သိသောအပိုင်းဖြစ်သည်။
ဝိညာဏ်တရားကိုယ်သည် စိတ်ဖြစ်သည်၊ စိတ်သည် ခန္ဓာ၌ မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိသိစိတ် ကြံတွေးသိစိတ်ရှိသည်။ မျက်စိနှ
င့်မြင်လျှင် မြင်စိတ်ဖြစ်သည်၊ နားနှင့်ကြားလျှင် ကြားစိတ်ဖြစ်သည်၊ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာဖြစ်သည်မဟုတ် စိတ်သာဖြစ်ပါသည်။ ဝိညာ
ဏ်ပြီးလျှင် ဝိညာဏပစ္စယာ နာမရူပံ နာမ်ဖြစ်သည်၊ နာမ်သည် ညွတ်တတ်တဲ့သဘောရှိသည်၊ စာစကာနှင့်ပြောသော် အာရုံသို့ ညွတ်တတ်တဲ့သ
ဘောကို နာမ်ခေါ်သည်။ သိစရာသည် အာရုံဖြစ်သည်၊ ထိုသိစရာသို့ စိတ်ညွတ်မှုကို နာမ်ခေါ်သည်၊ နာမ်သည် စေတသိက်တရားဖြစ်သည်။ မြင်
၍သိသောအခါ၌ မှတ်မှုပါသည်၊ သိသောဘက်သို့ အာရုံစူးစိုက်မှုကို ညွတ်သည်ဟုခေါ်သည်၊ သိသည်သို့ ညွတ်သွားသည်၊ ညွတ်မှုကို ဤနေရာ
၌ မှတ်တဲ့သဘောကိုပြောပါသည်။ ကြံစည်စိတ် ဆုံးဖြတ်စိတ် လောဘစိတ် ဒေါသစိတ်တို့သည်လည်း နာမ်များဖြစ်ကြပါသည်။
နာမ်ပြီးသော် ရုပ်ဖြစ်သည်၊ ခန္ဓာ၌ သာမန်ကြည့်သော် ပထဝီရုပ် တေဇောရုပ် အာပေါရုပ် ဝါယောရုပ် ရုပ်လေးပါးရှိသည်၊ ပထဝီရုပ်သည် ဆံ
ပင် မွေးညင်း ခြေသည်းလက်သည်း သွားအစရှိသည်ဖြင့် ပထဝီရုပ်နှစ်ဆယ်ရှိသည်။ ဖွဲ့စည်းယိုစီးသည် အာပေါရုပ်ဖြစ်သည်၊ အာပေါရုပ်တို့သည်
သည်းခြေ သွေး သလိပ် ကျင်ငယ်အစရှိသည်အားဖြင့် အာပေါရုပ် တစ်ဆယ့်နှစ်ပါးရှိသည်။ ခန္ဓာကိုယ်ကို စမ်းကြည့်လျှင် ပူမှုအေးမှုနှစ်ခုရှိသည်၊
ထိုပူအေးမှုသည် တေဇောရုပ်ဖြစ်သည်။ ခန္ဓာကိုစမ်းသော် ပုဂ္ဂိုလ်သတ္တဝါမပြောဘဲ ပူသည် အေးသည်သာပြောသည်၊ ထိုပူအေးသည် ခန္ဓာ၏သ
ဘောဖြစ်သည်။ သို့သော်လည်း တရားကိုမကြားဖူးသောအခါ ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်၍ ပူလောင်နေသည်ကို တွေ့သောအခါ ငါဖျားနေသ
ည်ဖြစ်သွားသည်၊ ငါဖျားနေသည်က ရွာသုံးစကားဖြစ်သည်။ အမှန်က အပူးသည် ငါလည်းမဟုတ် ပုဂ္ဂိုလ်သတ္တဝါလည်းမဟုတ် အပူသည် အပူသ
ာဖြစ်သည်။ အပူကို အပူလို့ မယုတ်မလွန်သိလျှင် တရားကိုသိရာကျပါသည်။ တွန်းကန်လှုပ်ရှားမှုသည် ဝါယောရုပ်ဖြစ်သည်၊ ဝါယောရုပ်သည် ခ
န္ဓာမှာရှိပါသည်။
ယခုတစ်ခါ သဠာယတနဖြစ်သည်၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရုပ်တရားဖြစ်သည်၊ မနာယတနသည် စိတ်ဖြစ်၍ နာမ်တရားဖြစ်သ
ည်။ ဖသ၁သည် စေတသိက်ဖြစ်၍ နာမ်တရားဖြစ်သည်။ ဖသ၁စေတသိက်သည် စိတ်မှာလာ၍ မှီလာသည်၊ ဖသ၁ရှိမှ မြင်စိတ်သည်လည်း ထင်
ထင်ရှားရှားမြင်နိုင်သည်၊ ဖသ၁မရှိလျှင် မြင်စိတ်သည် ထင်ထင်ရှားရှား မြင်၍မရဖြစ်သည်။ ဥပမာ အဝေးမှလူတစ်ယောက်ကို မြင်သောအခါ သဲ
သဲကွဲကွဲ မသိရမှုရှိသည်၊ အနီးအနားကိုရောက်မှ ဖသ၁သည် ပီပြင်အောင်ဆောင်ရွက်နိုင်၍ ဘယ်သူဘယ်ဝါ ပေါ်လာသည်။ ဖသ၁သည် အထိ
အတွေ့နည်းလျှင် သညာ ဝိညာဏ် ဆိုင်ရာဆိုင်ရာဖြစ်သော စေတသိက်တို့က သူ့ကိစ္စကိုသူ ပီပြင်အောင် မှတ်သောကိစ္စ လောဘဖြစ်သေကိစ္စေ
ဒါသဖြစ်သောကိစ္စ မာနဖြစ်သောကိစ္စတို့ကို မဆောင်ရွက်နိုင်ဖြစ်သည်၊ ဖသ၁သည် ပီပြင်အောင်လုပ်မှသာ ကိစ္စများကို ဆောင်ရွက်နိုင်ပါသည်။
ဝေဒနာ၌လည်း ဖသ၁ပျော့လျှင် ဝေဒနာသည် သူ့ကိစ္စကို ပီပြင်အောင် မဆောင်ရွက်နိုင်ဖြစ်သည်၊ နားလည်အောင်ပြောရသော် ကြံရည်ညှစ်
သောခုံ၌ တလိမ့်တုံးနှစ်လုံးသည် ကြံပင်ကို ပီပြင်အောင် ဖိညှပ်၍မပေးလျှင် ကြံရည်မထွက်နိုင်ဖြစ်သည်၊ ပီပြင်အောင်ဖိညှပ်ပေးမှ ကြံရည်ထွက်
သည်၊ ဖိညှပ်မှုသည် ဖသ၁ကိစ္စနှင်တူပါသည်။ ယင်းကြောင့် မြတ်စွာဘုရားက တိဏ္ဏံ သင်္ဂတိ ဖသေ၁ာဟောထားပါသည်။ မျက်စိ အဆင်း မြင်သိ စိတ် သုံးပါးလုံးဖိညှပ်လိုက်မှ ဖသ၁ဖြစ်၍ ဖသ၁နှင်တူသော ကြံရည်ထွက်သည်။ ကြံရည်ကို သီးသန့်ခံစာားသော ဝေဒနာဖြစ်လာသည်၊ ဘယ်
သူဘယ်ဝါ ငါဝမ်းသာလိုက်သည်စသည်ဖြင့် သညာ ဝိညာဏ်ပါ သူ့ကိစ္စကိုသူ ဆောင်ရွက်လေသည်။ ထိုသဘောတို့သည် ငါသူမဟုတ်ပါ၊ သူ့ကိ
စ္စကိုသူ ဆောင်ရွက်နေခြင်းတို့ဖြစ်သည်။
ဘုရားတရားကိုမသင်ရဘဲ သံသရာကြီး၌လည်ပြီး စားဖို့ သောက်ဖို့ ငိုဖို့ ရေဖို့လောက်ကိုသင်လာသည်၊ ဤထက်သင်ယူမှု မရှိဖြစ်ခဲ့သည်၊ စားဖို့ သောက်ဖို့ နေဖို့သင်ယူမှုသည် လူမှာသာမဟုတ် ခွေး ဝက် ကြက် ငှက် နတ် ဗြဟ္မာတို့၌လည်းဖြစ်သည်။ ဘုရားသင်ပေးသော တရားသ
ဘောကို ဘုရားနှင့်တွေ့မှသာ သင်ယူမှုရပါသည်၊ ဘုရားနှင့်တွေ့သည်တိုင်အောင် လူတိုင်းသင်ယူ၍ မရနိုင်ဖြစ်သည်။ စာစကားနှင့်ပြောသော်
ပါရမီကောင်းသောသူမှ သင်ယူ၍ရသည်၊ ပါရမီအဓိပ္ပါယ်သည် အထုံပါသောသူကို ဆိုလိုပါသည်။ ထို့ကြောင့် ဘုရားတရားကိုသင်ယူလျက် နှ
လုံးလည်းသွင်းရပါသည်။
ဖသ၁ကို တွေ့ထိခြင်းပြန်ထားသည်၊ တွေ့ထိသောသဘောသည် စေတသိက် နာမ်တရားဖြစ်သည်၊ ဖသ၁၏တွေ့ထိမှုကြောင့် ခံစာမှုဝေဒနာ
ပေါ်သည်။ လူတစ်ယောက် အသာအယာကိုင်လာခြင်းသည် ဖသ၁၊ ကိုင်လာ၍ သက်သောင့်သက်သာ ခံစားမှုသည် သုခဝေဒနာပေါ်သည်၊ အား
နှင့် ဖျစ်ညှစ်ကိုင်သောအခါ မခံချိမခံသာ ခံစားရသောအခါ ဒုက္ခဝေဒနာပေါ်သည်၊ မြင်မှု ကြားမှု စားမှုတို့၌လည်း ထို့အတူဖြစ်သည်။ ဘုရားတရား
ကို သင်ပင်သင်သော်လည်း စာလိုသင်ယူ၍မရပါ၊ တရားကို တရားလိုသင်ယူရသည်။ အငယ်ခါ ကျေးဇူးကြီးသော ဆရာသမားများ သင်ပေးမှုသ
ည် အမှတ်စာကိုသင်ပေးသည်၊ စာသဘောကိုသင်လျှင် စာတတ်မယ်ဖြစ်သည်၊ စာတတ်သော် ကိုယ့်လောက် စာမတတ်သောသူကို အသုံးမကျ
ထင်လျက် မာနသာတက်သွားသည်၊ ကိုယ်ထက်တတ်သောသူကိုကျလျှင် ဒူးထောက်ရိုသေသည်။ မာနေန ဥန္နတော လောကော၊ စာသာတတ်
၍ ပညာမတတ်ဖြစ်လျက် မာနတက်သည်၊ ပညာတတ်သူသည် မာနသည် အလိုလို ကျသွားပါသည်။ တကာတကာများ ယခု တရားသဘောကို
သိ၍ နှလုံးသွင်းသောအခါ အားလုံးအတူတူဖြစ်၍ မာနတက်စရာ မရှိမှုကို သိသွားပါသည်။
တဏှာတရားကိုယ်သည် လောဘဖြစ်သည်၊ လောဘသည် ခန္ဓာမှာရှိပါသည်။ ဥပါဒါန်သည် အစွဲအလမ်းဖြစ်သည်၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီ
လပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်အားဖြင့် အစွဲအလမ်း လေးမျိုးရှိသည်။ ဆိုင်သည်ဖြစ်စေ ကုန်သည်ဖြစ်စေ လယ်သည်ဖြစ်စေ တချို့ သူတို့ အလုပ်၌
အစွဲအလမ်းကြီး၍ မအိပ်နိုင်ဖြစ်ကြသည်၊ အစွဲကြီးသောသူကို ဒုက္ခကြီးပေးသည်၊ ဥပါဒါန်အစွဲသည် သက်သက် ဒုက္ခဖြစ်သည်။ အစွဲဥပါဒါန်ကို
ဆင်းရဲကြောင်း ပြထားသည်၊ သို့သော် ငါဆင်းရဲနေသည်လို့မသိပါ၊ ငါမအိပ်နိုင်သာ သိပါသည်၊ ကိုယ့်ခန္ဓာသည် တရားဖြစ်သည်ကို မကြားဖူး၍
တရားတခြား ခန္ဓာတခြားထင်နေသည်။ ဥပါဒါန်၏တရားကိုယ်သည် လောဘနှင့်ဒိဋ္ဌိဖြစ်သည်၊ တရားကို မသိစေကာမူ တရားကိုကြားရ၍ လော
ဘ ဒိဋ္ဌိသည် အကုသိုလ်တရားဖြစ်၍ မကောင်းသိနေကြသည်။ လောဘ ဒိဋ္ဌိသည် ခန္ဓာမှာဖြစ်သည်၊ အစွဲချည်းကြီးနေသော် ခန္ဓာ၌ အကုသိုလ်ချ
ည်း ဖြစ်၍နေပါသည်။
လောဘအစွဲ ဒိဋ္ဌိအစွဲကြီးနေလျှင် ကာယကံဒုစရိုက် ဝစီကံဒုစရိုက် မနောကံဒုစရိုက်များ ဝင်လာလိမ့်မယ်ဖြစ်သည်၊ အကုသိုလ်တခြား ဒုစရို က်တခြားဖြစ်သည်။ အကုသိုလ်အမြစ်ရှိသမျှ ဒုစရိုက်လာသည်၊ ဒုစရိုက်မလာစေလိုလျှင် အကုသိုလ်ကို ငါသူမဟုတ် အကုသိုလ်သာဖြစ်သည်လို့
အသိနှင့်ဖယ်ပစ်ရသည်။ ငါသူမဟုတ်ကို သိသွားလျှင် အပါယ်ကိုရောက်စေတတ်သော အကုသိုလ်ပြုတ်ထွက်သွားပါသည်။
သောတာပန်ပုဂ္ဂိုလ်သည် ငါသူမဟုတ် တရားဖြစ်သည်လို့ သိမြင်သည့်အတွက်ကြောင့် အကုသိုလ်ရှိသော်လည်း အပါယ်သို့ မရောက်သည်
ကို ရတနသုတ်၌ ဘုရားဟောထားသည်။
ကိဉ္စပိ သော ကမ္မံ ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသဝါ။
အဘဗ္ဗသော တသ၁ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ပဒသ၁ ဝုတ္တာ။
သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။ ကာယေနဝါ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယဝါ၊ နှုတ်ဖြင့်လည်းကောင်း။ စေတသာဝါ၊ စိတ်ဖြင့်လည်း
ကောင်း။ ပါပကံ ကမ္မံ၊ မကောင်းသောအလုပ်ကို။ ကိဉ္စပိ၊ အကယ်၍။ ကရောတိ၊ ပြုမိ၏။ သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် မ
ကောင်းမှုကိုလုပ်အုံ့။ သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။ တသ၁၊ ထိုမကောင်းမှုကို။ ပဋိစ္ဆဒါယ၊ ဖုံးလွှမ်းအံ့သောငှါ။ ဝါ၊ အပါယ်သို့လားဖြင်းငှါ။ အဘဗ္ဗော၊ မထိုက်ပြီ။ သောတာပန်ပုဂ္ဂိုလ်သည် အပါယ်ကိုရောက်စေတတ်သော အကုသိုလ်ကို ဖယ်ပစ်လိုက်သည်၊ လောဘ ဒေါသ မာနအကု
သိုလ်သည် ကျံနေသေးသည်။
ဥပါဒါန်၌ ဒိဋ္ဌုပါဒါန် သီလပ္ပတုပါဒါန် အတ္တဝါဒုပါဒါန်တို့သည် ဒိဋ္ဌိဖြစ်သည်၊ သောတာပန်ပုဂ္ဂိုလ်သည် ဒိဋ္ဌိအကုသိုလ်ကိုပယ်၍ ဒေါသ မာနတို့
ကို မပယ်နိုင်သေးဖြစ်သည်၊ ဒိဋ္ဌိအကုသိုလ်ကိုပယ်လျှင် အပါယ်သို့ မသွားဖြစ်သည်။ ဒိဋ္ဌိအကုသိုလ်ကို ပယ်ရန်အတွက် တရားကိုမနာ တရားကို
နှလုံးမသွင်းလျှင် ဒိဋ္ဌိကိုမပယ်နိုင်ဖြစ်သည်၊ ထို့ကြောင့် ဒိဋ္ဌိကိုပယ်ရန် တရားကိုနာယူပြီး တရားကိုနှလုံးသွင်းရပါသည်။ ယခု တရားနာ၍ တရား
ကိုနှလုံးသွင်းလျှင် သောတာပန်သိသော လူကိုယ်နတ်ကိုယ်မဟုတ် တရားကိုယ်ကိုသိသွားသည်၊ ငါသူမဟုတ် သက်သက်ဒုက္ခတရားမြင်လျှင်
အပါယ်လေးဘုံသည် သူ့အတွက် ပျောက်သွားသည်၊ ထို့ကြောင့် တရားကိုယ်ကိုကောက်ရသည်။ တရားကိုယ်ကိုသိသွားလျှင် အလွန်ကျေးဇူးမျ
ားပါသည်၊ ဥပါဒါန်၏တရားကိုယ်သည် လောဘနှင့်ဒိဋ္ဌိဖြစ်သည်။
ကမ္မဘဝ၌ ကုသိုလ်ကံကို တရားကိုယ်မကောက်တတ်၍ သေလျှင် ငါ့ကံကိုငါယူသွားမယ် ထိုသို့ယူထားမှုသည် ကံကို ငါယူထားခြင်းဖြစ်သ
ည်။ ကံကို ခန္ဓာသဘောနှင့်ပြောသော် သင်္ခါရက္ခန္ဓာဖြစ်သည်၊ ကံသည် အလုပ်ဖြစ်သည်၊ အတိတ်စကားနှင့်ပြောသော် သင်္ခါရဖြစ်သည်၊ ပစ္စုပ္ပန်စ
ကာနှင့်ပြောသော် ကံအမည်ရပါသည်။ သင်္ခါရ သို့မဟုတ် ကံအမည်ရသော စေတနာကို တရားကိုယ်လို့မသိဘဲ ငါ့ကိုယ်ငါ့ဟာလို့ယူလျှင် စေတ
နာကို စွဲစွဲမြဲမြဲ ယထားရာကျသည်၊ ငါ့ကိုယ်ငါ့ဟာယူမှုသည် စေတနာလို့ သီးခြားမသိ၍ဖြစ်သည်၊ သီးခြားမသိမှုကို မိစ္ဆာဒိဋ္ဌိခေါ်သည်။ မိစ္ဆာဒိဋ္ဌိသ
ည် ကုလားကိုခေါ်သည်မဟုတ် အမြင်မှားနေမှုကိုခေါ်သည်၊ စေတနာကို ငါ သူ ပုဂ္ဂိုလ် သတ္တဝါမြင်နေမှုသည် မိစ္ဆာဒသ၁န မိစ္ဆာဒိဋ္ဌိဖြစ်သည်။ ငါ
သူမမြင်အောင် အလှူပေး သီလဆောက်တည် ပုတီးစိပ် မေတ္တာပွါး၍လည်း အမြင်မှန်မှုမလာဖြစ်သည်၊ တရားနာ၍ တရားကိုနှလုံးသွင်းမှ ငါမဟု
တ် သူမဟုတ် စေတနာတရားသာ ခန္ဓာမှာဖြစ်နေသည်ကို အမှန်သိသွားပါသည်၊ အမြင်မှန်မှုကို သမ္မာဒသ၁န အယူမှန်မှုကို သမ္မာဒိဋ္ဌိခေါ်ပါသည်
။
အမြင်မှန်အယူမှန်သည် ကောင်းသည်ကိုလုပ်လျှင် ကောင်းကျိုးကိုရသည် ဆိုးသည်ကိုလုပ်လျှင် ဆိုးကျိုးကိုရသည်အမြင်မှန်နှင့် မတူဖြစ်သ
ည်၊ ကောင်သည်ကိုလုပ်လျှင် ကောင်းကျိုးကိုရသည် ဆိုးသည်ကိုလုပ်လျှင် ဆိုးကျိုးကိုရသည်အမြင်သည် ကံနှင့်ကံ၏အကျိုးကို မြင်မှုဖြစ်သည်။ ကံနှင့်ကံ၏အကျိုးကိုမြင်သော သမ္မာဒသ၁န သမ္မာဒိဋ္ဌိဉာဏ်သည် အပါယ်လေးပါးမှ မလွတ်နိုင်သေးဖြစ်သည်၊ အကြောင်က တရားကိုမမြင်၍
ဖြစ်သည်၊ ငါမဟုတ် သက်သက်တရားလို့မြင်သည်က အပါယ်လေးပါးမှ လွတ်ထွက်သွားသည်။ ဘုရားတရားကိုမနာရ၍ စေတနာကို ငါယူထား
သည်၊ ယင်းကြောင့် ဘုရားသာသနာနှင့် တွေ့ကြုံသောအခါ ဘုရား၏အဆုံးအမကို နားထောင်၍ နှလုံးသွင်းဖို့လိုပါသည်။
တချို့အစွဲသန်သူက တစ်ဘဝတည်းနှင့်ရဖို့မဟုတ် ယင်းကြောင့် လိုရာဘဝကို တောင်းရသည်၊ မဟုတ်လျှင် ထိုဘဝတိမှာ ထမင်းငတ်နေမယ်
စသည်ဖြင့်ပြောသည်။ ကိုယ်က စဉ်းစားတတ်မှုသည် ဤလောက်သာရှိသည်၊ တစ်ဘဝတည်းနှင့် နိဗ္ဗာန်ကို ရဖို့မဟုတ်ဆိုရာ၌ ယခုမှ ဘဝစနေ
သလိုဖြစ်နေသည်။ ယခုလက်ရှိဘဝသည် ယခုမှစသည် ဘဝမဟုတ်ပါ၊ ရေတွက်၍မရဖြစ်ခဲ့ပါပြီ၊ ဉာဏ်မရှိလျှင် ရှေ့နောက်ကို မတွေးတတ်ဖြစ်
သည်။ နံပါတ်နှစ်အကွက်၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာသည် ကိုယ့်ခန္ဓာဖြစ်သည်၊ ကိုယ့်နောက်ကိုကြည့်လျှင် အဝိဇ္ဇာရှိနေသ
ည်၊ ကိုယ့်ရှေ့ကိုကြည့်သော် တဏှာသည် စောင့်ကြိုနေပါသည်။ ဘုရားသာသနာနှင့်တွေ့ကြုံ၍ ကိုယ်ကလည်းရှာသည်ဖြစ်၍ ဘုရားတရားနှင့်
တွေ့ရခြင်းဖြစ်သည်၊ ဘုရားတရားနှင့်မတွေ့ဘဲ သေသွားခဲ့သောပုဂ္ဂိုလ်များ အများကြီးရှိပါသည်။
ကမ္မဘဝပြီးလျှင် ဘဝပစ္စယာ ဇာတိ။ ဘဝပစ္စယာ၊ ကမ္မဘဝအမည်ရသော စေတနာကြောင့်။ ဇာတိ၊ ဥပပတ္တိဘဝဇာတိသည်။ သမ္ဘဝတိ၊ ဖြစ်
၏။ စေတနာ ကမ္မဘဝကြောင့် ဖြစ်ပေါ်ခြင်း ထင်ထင်ရှားရှား ဖြစ်ပေါ်ခြင်းဖြစ်သည်။ စေတနာကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်ကို တရားကိုယ်ကို အ
သေအချာ မကောက်တတ်သောသူသည် ကောင်းသောစေတနာကံကြောင့် လူ နတ် ဗြဟ္မာဖြစ်သည်ကို ကောက်ထားသည်၊ မကောင်းသော စေ
တနာကံကြောင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်ကို ကောက်ထားသည်။ သူများကို ပို့ချလျှင်လည်း ကိုယ်နားလည်သလို ထိုနည်းအ
တိုင်း ပို့ချသည်၊ ထိုသဘောသည် အပြော၌ဟုတ်ပြီး တကယ့်မူရင်းမကျဖြစ်သည်။ ကောင်းကံကြောင့် လူနတ်ဗြဟ္မာဖြစ်သည်၊ မကောင်းကံကြေ
ာင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်သည်ကို ဘုရားထံကိုသွား၍ သင်ယူဖို့မလိုဖြစ်သည်၊။ မိဘ ဘိုးဘွား ကျေးဇူးရှင်ဆရာသမားများ ပို့ချပေး
ကြပါသည်၊ ထိုပို့ချမှုကြောင့် ကိုယ်က မကောင်းသောစိတ်ကို ဖယ်နိုင်သမျှဖယ်ပြီး ကောင်းသောစိတ်ကို မွေးနိုင်သမျှမွေးမြူလျက် ပစ္စုပ္ပန်ဘဝကို ပြု
ပြင်နေကြသည်။
မသိမမြင်တတ်သောကြောင့် ဇာတိအရ ရှိရင်းစွဲကို ကောက်ဖို့မတတ်သည်ဖြစ်၍ လူ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန် ကောက်ထားသည်၊ ကိုယ်
မသိမမြင်တတ်မှုကို မိဘဆရာသမားကို အပြစ်တင်၍မရပါ၊ မိဘဆရာသမားတို့သည်လည်း သူတတ်သလို ပို့ချပေးသည်။ ဘုရားပွင့်လာပြီးမှ လူ
နတ်ဗြဟ္မာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်ပေါ်ခြင်းသည် အခေါ်ဖြစ်ပြီး ဇာတိအရ အမှန်ဖြစ်ပေါ်နေသည်က ခန္ဓာဖြစ်ပေါ်နေသည်လို့ အရင်း
ကျအောင်းပြောလိုက်သည်။ စဉ်းစားကြည့်သော် လူနတ်ဗြဟ္မာသည် ယခုခန္ဓာကိုခေါ်သည်၊ ထို့ကြောင့် လူဆိုသောစကားနှင့်မဆုံးဘဲ လူနောက်
နား၌ လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ ငရဲခန္ဓာ တိရစ္ဆာန်ခန္ဓာ ပြိတ္တာခန္ဓာ အသူရကာယ်ခန္ဓာ ခန္ဓာဆက်ရသည်၊ ပင်ရင်းသည် ခန္ဓာဖြစ်ပါသည်။
ဝိဇ္ဇာဉာဏ်အသိရ၍ ဘုရားပွင့်လာမှ အရင်းကျကျပြောလာသည်၊ အသိမရှိဘဲ အဝိဇ္ဇာရှိနေသော် လူနတ်ဗြဟ္မာ ငရဲတိရစ္ဆာန်နှင့်ဆုံးနေသည်၊
ထိုသဘောသည် အဝိဇ္ဇာသတ္တိဖြစ်ပါသည်။ အဝိဇ္ဇသတ္တိသည် ဟုတ်သလိုလိုနှင့် အဖျားကိုပြပြီး လိမ်နေသည်၊ ဘုရားနှင့်တွေ့မှ လူနတ်ဗြဟ္မာ ငရဲ
တိရစ္ဆာန်ပြိတ္တာအသူရကာယ်သည် ခန္ဓာဖြစ်သည်။ လူနတ်သည် အခေါ်ဖြစ်လျက် ရှိနေသည်က ခန္ဓာဖြစ်ပါသည်။
ဇာတိ၊ ဖြစ်ပေါ်ခြင်းအဓိပ္ပါယ်သည် လူနတ်ဖြစ်ပေါ်သည်ကို ဆိုသည်မဟုတ်ပါ ခန္ဓာဖြစ်ပေါ်သည်ကို ဆိုလိုပါသည်၊ ထို့ကြောင့် ခပင်းလောက
ဓာတ် လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟုဆိုထားပါသည်။ သုံးဆယ့်တစ်ဘုံသည် လောကဓာတ်တစ်ခုဖြစ်သည်၊ လောကဓာတ်ပေါ
င်း အနန္တစကြာဝဠာရှိသည်၊ ထိုအလုံးစုံသော လောကဓာတ်၌ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါဖြစ်နေသည်မဟုတ် ခန္ဓာဖြစ်နေပါသည်။ ထိုကို အ
မြော်အမြင်ကြီးသောဉာဏ်နှင့် ကြည့်ရသည်၊ အမြော်အမြင်ကြီးသောဉာဏ်ကို ကိုယ်က တစ်ခါမှလည်း မကြားဖူးဖြစ်သည်၊ ကြားဖူးသည်က ကုသိုလ်ကံကြောင့် လူနတ်ဗြဟ္မာဖြစ်သည်၊ အကုသိုလ်ကံကြောင့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်သည်၊ ထိုထက်ရှေ့ကို တိုး၍မရဖြစ်သည်။
လူနတ်ဗြဟ္မာဖြစ်မှုကိုကြည့်၍ အမြော်အမြင်ကြီးသောဉာဏ် ထင်သွားသည်၊ ထင်သည့်အတိုင်း ကုသိုလ်ကောင်းမှုပြုလုပ်သောအခါ လူ နတ် သူဌေးသူကြွယ်ဖြစ်အောင် ပြုလုပ်ကြသည်၊ ထိုသို့ပြုလုပ်မှုကို အမြော်အမြင်ကြီးသောဉာဏ်နှင့် ပြုလုပ်သည်လို့ သိထားကြသည်၊ ထိုသဘော
သည် အလွန်လွဲမှားမှုဖြစ်ပါသည်။
ဘုရားနှင့်တွေ့၍ ဘုရားစကားကို နားထောင်ကြည့်သော် အမြော်အမြင်ကြီးသောဉာဏ်ကို သိရပါသည်၊ အမြော်အမြင်ကြီးသောဉာဏ်သ
ည် ရုပ်နာမ်ခန္ဓာကိုသိသော ဝိပသ၁နာဉာဏ်ဖြစ်သည်၊ ဝိပသ၁နာဉာဏ်သည် ဘုရားပွင့်မှသာရှိ၍ ဘုရားထံမှသာ ရရှိပါသည်။ ယခု တကာတ
ကာမများသည် ဘုရားသာသနာနှင့်ကြုံ၍ ဝိပသ၁နာဉာဏ်ကို ကြားကြရသည်ဖြစ်၍ အင်မတန် ကံကောင်းသည်လို့ ဆိုရပါမယ်။ ခပင်းလောက
ဓာတ် လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့်ရှု၍မြော်၊ အမြော်အမြင်ကြီးသောဉာဏ်နှင့် ကြည့်သောအခါ ရုပ်နာမ် သို့မဟု တ် ခန္ဓာငါးပါးဖြစ်နေပါသည်။
ဇာတိ၊ ဖြစ်ပေါ်ခြင်းသည် ရုပ်ဇာတိ နာမ်ဇာတိ ရုပ်နာမ်ဖြစ်ပေါ်နေသည်။ မိဘဘိုးဘွား ဆရာသမားပြောစကားနှင့် မတူဖြစ်သည်၊ ထိုပုဂ္ဂိုလ်တို့
သည် လူဇာတိ နတ်ဇာတိ ဗြဟ္မာဇာတိ ငရဲဇာတိစသည်ဖြင့် ပြောကြသည်၊ သူတို့သည် ရုပ်နာမ်ကို ထိုးဖောက်၍ မမြင်တတ်ခြင်းကြောင့်ဖြစ်သ
ည်၊ ဘုရားသည် ရုပ်နာမ်ကို ထိုးဖောက်မြင်သည်ဖြစ်၍ ရုပ်ဇာတိ နာမ်ဇာတိ ပြောနိုင်ပါသည်။
ရုပ်ဇာတိ နာမ်ဇာတိကို ကြားရ၍သိပါပြီ၊ သို့သော်လည်း ဝမ်းတွင်မှာ ဉာဏ်ရောက်ဖို့လိုပါသည်၊ ကြား၍သိမှုသည် သုတမယဉာဏ်ဖြစ်၍
ကိုယ်တိုင်သိမှုသည် ဘာဝနာမယဉာဏ်ဖြစ်သည်။ ခန္ဓာကိုယ်ကိုကြည့်သည်နှင့် ရုပ်ဇာတိ နာမ်ဇာတိကို မြင်တတ်ဖို့လိုသည်၊ ဥပမာ ကလေးတ
စ်ယောက် မွေးဖွားသည်ကိုကြည့်သော် ထိုကလေး၌ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ပါသည်၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရုပ်ဖြစ်
သည်၊ စိတ်သည် နာမ်ဖြစ်သည်၊ ရုပ်ဇာတိ နာမ်ဇာတိဖြစ်သည်။ မိခင်မွေးပေးသော မျက်စိနှင့်ကြည့်သောအခါ ယောက်ျားလေး အသားဖြူ အသား
မဲစသည်ဖြင့် လူကလေးမြင်သည်၊ မြင်တတ်အောင်ကလည်း ပညာကိုမကြားဖူး ပညာမျက်စိလည်း ကိုယ့်မှာမရှိဖြစ်သည်။ ဘုရားပေးသော မျက်
စိနှင့်ကြည့်သောအခါ ရုပ်ဇာတိ နာမ်ဇာတိကို မြင်ပါသည်။
လူတို့သာမဟုတ် ခွေးကြောင်ကြက်ငှက်တို့၌လည်း မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ရှိကြသည်၊ သူတို့သည်လည်း ရုပ်ဇာတိ နာမ်ဇာတိ
ဖြစ်သည်။ သဏ္ဌာန်ကို မကြည့်ရပါ၊ သဏ္ဌာန်ကိုကြည့်လျှင် ကုလားရုပ်နှင့်ရခိုင်ရုပ် မတူဖြစ်သည်၊ ခွေးရုပ်နှင့်လူရုပ်သည်လည်း မတူဖြစ်သည်၊ ခ
န္ဓာရှိချင်းသည် တူကြပါသည်၊ ဉာဏ်မျက်လုံးနှင့်ကြည့်သော် အားလုံး ရုပ်ဇာတိ နာမ်ဇာတိမြင်သည်။ ဇာတိ၊ ဖြစ်ပေါ်ခြင်း ထင်ထင်ရှားရှားဖြစ်ပေါ်
ခြင်းသည် ဉာဏ်ရှိသူ၌ ထင်ရှားသည်၊ ဉာဏ်မရှိသူ၌ လူ ခွေး ကြောင်ထင်ရှားသွားသည်။ မိမိတို့က ဉာဏ်ရှိအောင်မလုပ်လျှင် တစ်သက်လုံး
မထင်ရှားနိုင်ဖြစ်သည်၊ ထို့ကြောင့် လောကစာပေကို အကြီးအကျယ်တတ်သော်လည်း ဘုရားထံမှ သင်ယူမှုမရှိလျှင် မျက်စိမပွင့်နိုင်ဖြစ်သည်။
မွေးသောအခါလည်း မျက်စိအကန်း နေသောအခါလည်း မျက်စိအကန်း သေသောအခါလည်း မျက်စိအကန်းဖြစ်၍ အကန်းမွေး အကန်းနေ အက
န်းသေဖြစ်သည်။
ထိုဘဝ၌သေခဲ့ပြီး ယခုဘဝသို့ရောက်နေသည်၊ တရားသဘောကို ယခုဘဝ၌ မကြားခဲသော် အကန်းဘဝနှင့်နေပြီး အကန်းဘဝနှင့်သေရသ
ည်၊ နောက်ဖြစ်ပြန်လည်း အကန်းဖြစ်ရသည်။ ထိုသဘောကို မြတ်စွာဘုရားက အန္ဓဝေဏူပမံ အကန်းတန်းကြီးမြင်ပါသည်။ အဝိဇ္ဇာရှိသူသည် မျ
က်စိရှိသူမဟုတ် မျက်စိကန်းသူဖြစ်သည်၊ တစ်ယောက်တည်း ကန်းလာသည်မဟုတ်ဘဲ မျိုးနှင့်ချီပြီး တစ်ယောက်ခါးကို တစ်ယောက်ဖက်၊ တစ်ေ
ယာက်ခါးကို တစ်ယောက်ဖက်လျက် ကန်းလာကြသည်၊ ယင်းကို အန္ဓဝေဏူပမံ အကန်းတန်းကြီးခေါ်သည်။
တရားကိုယ်ကိုရလျှင် အကန်းဘဝသည် ပွင့်စပြု ပြီဖြစ်သည်၊ သို့သော်လည်း အလုံးစုံတော မပွင့်သေးဖြစ်သည်။ မျက်စိဆရာဝန်ထံ၌ မျက်စိကို
ခွဲစိတ်၍ ပတ်တီးစည်းထားချိန်၌ ထိုမျက်စိသည် ပွင့်စပြုနေပြီဖြစ်သည်၊ ထို့အတူ တရားကိုယ်ကို ရသည့်လောက်ကပင် အကန်းဘဝသည်လည်း
ပွင့်စပြုနေပါသည်။
စက္ခုံ ဥဒပါဒိ၊ ညာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဓမ္မစက္ကပဝတ္တနသုတ်မှာ ဥဒပါဒိငါးပါးနှင့် မဂ္ဂင်တရားကို ရှ
င်းပြထားသည်။ စက္ခုံ ဥဒပါဒိ၊ မျက်စိပွင့်ပြီ၊ မြတ်စွာဘုရားမှာ အမေမွေးသည့်လောက်ကပင် မျက်စိပါသည်၊ ထိုမျက်စိကို ဆိုလိုသည်မဟုတ်ပါ။ ဉာဏံ ဥဒပါဒိ၊ ဉာဏ်မျက်စိကို ယူရပါသည်။ ယခု တရားကိုယ်ကို ကောက်တတ်မှုသည် ဉာဏ်ဖြစ်သည်၊ တရားကိုယ်ကို ကောက်တတ်သွား
လျှင် ဇာတိကို ရုပ်နာမ်ဖြစ်သည်လို့မြင်သည်၊ ခန္ဓာနံ ပါတုဘာဝေါ၊ ခန္ဓာဖြစ်သည်ကို မြင်သွားပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြအောင်။
No comments:
Post a Comment