စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
အင်္ဂါတစ်ဆယ့်နှစ်ပါး (ဇရာ မရဏ)အင်္ဂါတစ်ဆယ့်နှစ်ပါးတို့တွင် ဇာတိအင်္ဂါကို ကောက်ပြခဲ့ပြီးဖြစ်သည်၊ ဇာတိဆိုသောစာကို တွေ့မြင်လျှင် ရုပ်နာမ်ဖြစ်ပေါ်မှုလို့ နားလည်၍ရသွာ
းသည်။ ဇာတိအောက်၌ ဥပပတ္တိဘဝ ရေးထားသည်၊ ဥပပတ္တိဘဝသည် ထင်ထင်ရှားရှားဖြစ်ပေါ်မှုဖြစ်သည်၊ အကျယ်အားဖြင့် ခန္ဓာငါးပါးဖြစ်သည်
၊ အကျဉ်းအားဖြင့် ရုပ်နှင့်နာမ်ဖြစ်သည်၊၊ ရုပ်နာမ်နှစ်ပါး၌ ရုပ်ခန္ဓာသည်တစ်ပါး နာမ်ခန္ဓာသည် လေးပါးဖြစ်သည်၊ အားလုံးပေါင်းသော် ခန္ဓာငါးပါးဖြ
စ်သည်။ ထိုသဘောကိုပေါ်လွင်အောင် မြတ်စွာဘုရားသည် ခန္ဓာနံ ပါတုဘာဝေါ၊ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းမှာ ဟောထားပါသည်၊ ဇာတိသည် ခန္ဓာဖြ
စ်မှုဖြစ်ပါသည်။
မြတ်စွာဘုရားသည် ခန္ဓာဖြစ်နေသည်ဟောသော်လည်း ငါရို့သည် လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ ခေါ်ဆိုသုံးစွဲနေမှုသည် အခေါ်အဆိုသာဖြစ်
သည်လို့ သိထားရပါမယ်၊ ခန္ဓာငါးပါးဖြစ်နေမှုကို ခေါ်ဆိုနေခြင်းဖြစ်သည်။ လူသည်လည်း ခန္ဓငါးပါးဖြစ်နေသည်၊ နတ်ဗြဟ္မာတို့သည်လည်း ခန္ဓာ
ငါးပါးဖြစ်နေသည်။ ဇာတိ ဥပပတ္တိဘဝကို အကျဉ်းချုပ်ကောက်သော် ရုပ်ဇာတိ နာမ်ဇာတိ နှစ်မျိုးကောက်ရသည်၊ ရုပ်နှင့်နာမ်ဖြစ်သည်။ ရုပ်နှင့်နာ
မ်ကို အဘိဓမ္မာစကားအရ စိတ် စေတသိက် ရုပ်တို့ဖြစ်သည်၊ စိတ်နှင့်စေတသိက်သည် နာမ်တရားဖြစ်၍ ရုပ်သည် ရုပ်တရားဖြစ်ပါသည်။ ခန္ဓာအ
ားလုံးသည် ငါသူမဟုတ် ရုပ်နှင့်နာမ်ဖြစ်သည်ကို တရားကိုကြား၍ သိသောအသိသည် အသိမှန်ဖြစ်သည်၊ ဘုရားတရားကို မကြားမီ ဇာတိကို လူ
ဖြစ်သည် နတ်ဖြစ်သည် ဗြဟ္မဖြစ်သည်ဟု ယူဆထားသည်၊ ယခုသည် ဇာတိအရ ခန္ဓာငါးပါး ရုပ်နှင့်နာမ်ဖြစ်ပေါ်မှုဖြစ်သည်။
ဇရာကို ရွာသုံးရပ်သုံးစကား၌ အိုသည်၊ အိုသည်စကားကိုကြားသည်နှင့် စိတ်ထဲမှာ ဆံဖြူ သွားကျိုး ခါးကိုင်း နားထိုင်း အရေတွန့်နေသည်ကို
အိုသည်ဟု သိသွားသည်၊ ထိုအအိုသည် သူများကို မေးစရာမလိုဘဲ မျက်စိနှင့်မြင်၍ သိရသောအအိုဖြစ်သောကြောင်း စာစကားဖြင့် ပါစကဇရာ
ဖြစ်သည်။ ပါစကဇရာသည် သံဝေဂဉာဏ်အတွက်ဖြစ်သည်၊ အပါရဓဇရာခေါ်သော အအိုတစ်ခုရှိသည်၊ ရက် လ နှစ်တို့ကို ရေတွက်နေရသည်
ကို အပါရဓဇရာခေါ်သည်။
ရွာစကားနှင့် နားလည်အောင်ပြောသော် မိခင်းဝမ်းတွင်း ကလလရေကြည်ပေါက်မှ တရွေ့ရွေ့ကြီးပြင်းလာသည်၊ ထို့နောက် ခြေလက်ထွက်
ရန် အဖုပေါ်လာသည်၊ ခြေလက်ထွက်၍ လူအရုပ်ပေါ်လာသည်၊ တစ်လသား နှစ်လသားစသည်ဖြင့် ယနေ့ခန္ဓာထိ ကြီးရင့်နေမှုသည် အပါရဓဇ
ရာဖြစ်သည်။ လောကစကားနှင့်ပြောသော် အသက်ရှည်နေမှုဖြစ်သည်၊ အသက်ရှည်နေမှုသည် ခန္ဓာ၏ရင့်ကျက်နေခြင်းဖြစ်သည်၊ ထို့ကြောင့် ဘု
န်းကြီးက ဇရာမရဏံကို ရင့်ကျက်ခြင်းဇရာ ပျက်စီးခြင်းမရဏပြန်ပေးထားပါသည်။
ဇရာမရဏံ အိုခြင်းသေခြင်းပြန်သော် ဆံဖြူသွားကျိုးကို အာရုံရောက်သွားသည်။ ရင့်ကျက်မှုသည် တရွေ့ရွေ့ရင့်လာမှုဖြစ်သည်၊ အရင်းအမြစ်
နှင့်ပြောသော် ပထမ စက္ကန့်ပိုင်းလာသည်၊ စက္ကန့်မှ မိနစ်ဖြစ်လာသည်၊ မိနစ်မှ နာရီဖြစ်လာသည်၊ နာရီမှ ရက်ဖြစ်လာသည်၊ ရက်မှ လဖြစ်လာသ
ည်၊ ခန္ဓာတစ်ခုသည် ထိုကဲသို့ တဖြည်းဖြည်း ရင့်နေမှုသဘောသည် ဇရာဖြစ်သည်၊ မည်သည့်အရာမဆို စက္ကန့်ကနေ၍မိနစ် မိနစ်ကနေ၍နာရီ
တရွေ့ရွေ့ကြီးရင့်နေကြသည်။ ရပ်ထဲရွာထဲ၌သိနေသော ဆံဖြူခြင်း သွားကျိုးခြင်းကို ဗုဒ္ဓဘာသာပုဂ္ဂိုလ်သည်သာမဟုတ် အားလုံးသူသိသော ဇရာ
ဖြစ်သည်၊ တကယ့်သိရမယ့်ဇရာသည် တရွေ့ရွေ့ရင့်နေမှုကိုဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါ ရင့်လာသည်မဟုတ် ခန္ဓာတရွေ့ရွေ့ရင့်လာသည်လို့ ဉာဏ်
နှင့်သိရပါမယ်၊ သိုသော်လည်း ရပ်ထဲရွာထဲပြောသောအခါ မိဘအိုပြီ၊ ငါ့သားငါ့သမီး ကြီးပြီစသည်ဖြင့် ပြောရသည်၊ ကြီးနေမှုသည် ဇရာဖြစ်ပါ
သည်။
ခန္ဓာကြီးရင့်နေမှုကို ဇရာပြောရခြင်းသည် ဇာတိပစ္စယာ ဇရာမရဏံ ဟောထား၍ဖြစ်သည်၊ ဇာတိပစ္စယာ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာဟူသောအကြော
င်းကြောင့်။ ဇရာမရဏံ၊ ရင့်ကျက်ခြင်းဇရာ ပျက်စီးခြင်းမရဏသည်။ သမ္ဘဝတိ၊ ဖြစ်၏။ လူရင့်သည် လူအိုသည်မဟောပါ၊ လူလည်းမဖြစ် နတ်ဗြဟ္မာလည်းမဖြစ် ပုဂ္ဂိုလ်သတ္တဝါလည်းမဖြစ်ပါ၊ ဖြစ်သည့်လောက်ကပင် ခန္ဓာသာဖြစ်သည်။ ခန္ဓာဖြစ်လျှင် ခန္ဓာသာရင့်ကျက်ရမယ်ဖြစ်သည်၊
လူရင့်သည် လူအိုသည်ဖြစ်လျှင် အကြောင်းနှင့်အကျိုး မဆီလျှော် မညီညွတ်ဖြစ်သည်။ သူသူကိုယ်ကိုယ်သည် အကြောင်းနှင့်အကျိုး ညီညွတ်အေ
ာင် မသိတတ်ဖြစ်သည်၊ ဘုရားဟောကြားလာပြီးမှ ခန္ဓာဖြစ်၍ ခန္ဓာရင့်နေသည်ကို သိလာရသည်။ ခန္ဓာရင့်မှုသည် အသက်ခုနစ်ဆယ် အသက်
ရှစ်ဆယ် ဆံဖြူ သွားကျိုး ခါးကိုင်း နားထိုင်းရောက်မှ ရင့်သည်မဟုတ်ပါ၊ ခန္ဓာစသည့်ကပင် ရင့်လာပါသည်၊ ထိုရင့်မှုသည် ဇရာဖြစ်ပါသည်။
ဇရာသည် ရုပ်ဇရာ နာမ်ဇရာနှစ်မျိုးရှိသည်၊ ရုပ်၏ရင့်ပျက်မှု ဇရာနှင့် နာမ်၏ရင့်ကျက်မှု ဇရာဖြစ်သည်။ ရပ်ထဲရွာထဲ၌ သိတတ်လာသည် ပြော
ခြင်းသည် နာမ်၏ရင့်ကျက်မှုကို ပြောခြင်းဖြစ်သည်၊ ကြီးလာခြင်းသည် ရုပ်၏ရင့်ကျက်မှုဖြစ်သည်။ နာမ်ရင့်ကျက်မှု ရုပ်ရင့်ကျက်မှု ဇရာအနီအနား ၌ မရဏပျက်စီးမှုရှိသည်၊ မရဏကို ရပ်ထဲရွာထဲ၌ သေသည်ကိုခေါ်ကြသည်၊ ခန္ဓာကိုယ်ကို သင်္ချိုင်းသို့ပို့ရမှုကို များသောအားဖြင့် သေသည်လို့သိ
ကြသည်။ မရဏံ၊ သေခြင်းမရသည်ပြောလိုက်သောအခါ နားမှာကြားသည်နှင့် သင်္ချိုင်းသို့ပို့ပြီး မြှုပ်နှံလိုက်ရသော အခြေအနေကို သေသည်လို့ န
ားလည်ထားလိုက်သည်၊ ထိုကိုဆက်ပြီး မိဘသေသည် သားသမီးသေသည် မြေးမြစ်သေသည် နားလည်သွားသည်။ နဂိုမူလရင့်ကျက်မှု၌ အမိ
အဘ သားသမီးမြေးမြစ် ရင့်ကျက်မှုမရှိပါ၊ ခန္ဓာရင့်ကျက်မှု ဇရာသာရှိ၍ ခန္ဓာပျက်စီးမှု မရဏဖြစ်ပါသည်။
ဘုန်းကြီးက မရဏကို လေးလေးနက်နက်သိစေလို၍ ပျက်စီးခြင်းပြန်ထားသည်၊ ပျက်စီးရာ၌ ရုပ်ဇရာ နာမ်ဇရာရှိ၍ ရုပ်နှင့်နာမ် ပျက်စီးရမယ်
ဖြစ်သည်၊ လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါ ပျက်စီးမှုမရှိရဖြစ်သည်။ လူနတ်ဗြဟ္မာသည် နဂိုမူလကပင်မရှိ အခေါ်ဖြစ်သည်၊ နဂိုရှိရင်းသည် ရုပ်နှင့်နာမ်
သာရှိသည်၊ မရှိသောတရား ပျက်စီးရမှုသည် ယုတ္တိမတန်ဖြစ်သည်၊ ရှိသောတရားပျက်စီးမှ ယတ္တိတန်ပါသည်။ ပျက်စီးမှုသည် ရုပ်နှင့်နာမ်ဖြစ်သ
ည်ကို တရားကိုမိအောင် ကျကျနနသင်ယူ၍ သိနေပြီဖြစ်သော် စိတ်သည် မနည်းသက်သာရာကို ရသွားပါသည်။
ရုပ်ဇရာမရဏ နာမ်ဇရာမရဏတို့ကို မသိလျှင် ငါ့မိဘ ဆွေမျိုး သားသမီးသေသည်၊ ထိုသို့ နှလုံးသွင်းမှုဖြစ်နေသော် သောကချည်းလိုက်နေ
သည်၊ အားလုံးကို ငါ ငါ့ဟာယူထား၍ သောကဖြစ်ရသည်။ ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါသည် နဂိုမူလကပင် မရှိဖြစ်သည်၊ နဂိုကပင် မရှိသောတရာ
းသည် ပျက်စီးဖို့ရန်လည်း မရှိနိုင်ဖြစ်သည်။ ခန္ဓာပျက်စီးခြင်းကို မြတ်စွာဘုရားသည် ခန္ဓာနံ ဘေဒေါ၊ ခန္ဓာပျက်စီးသည်။ ကဠေဝရသ၁ နိက္ခေပေါ၊
သင်္ချိုင်းကိုပို့လိုက်ရသည်။ သင်္ချိုင်းကိုပို့လိုက်ရသည်မှာလည်း ခန္ဓာကိုသာပို့လိုက်ရသည်၊ မိဘဆွေးမျိုးဉာတကာကို ပို့ရသည်မဟုတ်ပါ၊ တကယ့်စ
င်စစ်သည် ခန္ဓာကို ပို့ရပါသည်။
တစ်ခါတလေ အသုဘဖိတ်စာတို့၌ ဥတုဇရုပ် ကြွင်းကျံလိုက်သည်လို့ ရေးထားကြသည်၊ သေသူ၌ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် နာမ်ခန္ဓာ
လေပါးသည် သိမ်းနေပြီးဖြစ်သည်၊ ဤခန္ဓာ၌ ကံကြောင့်ဖြစ်သောရုပ် စိတ်ကြောင့်ဖြစ်သောရုပ် ဥတုကြောင့်ဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်
သောရုပ် ရုပ်လေးပါးရှိသည်၊ ထိုရုပ်လေးပါးတို့တွင် သေသူ၌ ဥတုကြောင့်ဖြစ်သောရုပ်တစ်ခုသာ ကျံရှိလိုက်သည်။ ဤခန္ဓာ၌ စိတ်ကြောင့်ဖြစ်
သောရုပ် ဥတုကြောင့်ဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းသော်လည်း သေသည်မခေါ်သေးပါ၊ ကံကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်း
မှ သေသည်မယ်ပါသည်။ ကံကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းပုံသည် မျက်စိမမြင် နားမကြား နှာခေါင်းလည်းမနံ လျှာလည်းမစား ခန္ဓာကိုယ်ကို ထိ
တွေ့လျှင်မသိ နှလုံးလည်းမခုံခြင်းတို့သည် ကံကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းခြင်းဖြစ်သည်။ ထိုအခါမှ သေသည်ခေါ်သည်။
စိတ်ကြောင့်ဖြစ်သောရုပ် ဥတုကြောင်းဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်သောရုပ် ဤသုံးခုတို့တွင် အာဟာရကြောင့်ဖြစ်သောရုပ်သည် ဤ
ခန္ဓာ၌ ကံကြောင့်ဖြစ်သောရုပ် မချုပ်ငြိမ်းမီ စောစီးကပင် ချုပ်ငြိမ်းသွားသည်။ ရွာစကားနှင့်ပြောသော် မစားနိုင် မသောက်နိုင်ဖြစ်သည်၊ ဂလူးကို့စ်
ဆေးထိုးသော်လည်း ဆေးသည် ရေဖြစ်သွားသည်၊ ထိုသဘောသည် အာဟာရကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းခြင်းဖြစ်သည်။ အာဟာရကြောင့်
ဖြစ်သောရုပ် ချုပ်ငြိမ်းသွားလျှင် ကံကြောင့်ဖြစ်သောရုပ် စိတ်ကြောင့်ဖြစ်သောရုပ်တို့သည် အားနည်းသွားသည်၊ အာဟာရကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းပြီးနောက် စိတ်ကြောင့်ဖြစ်သောရုပ်သည် ချုပ်ငြိမ်းသည်။ စိတ်ကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းပုံသည် ခြေလက်တို့ကို မသယ်နိုင် မလှုပ်နိုင်
ဖြစ်သည်၊ ခန္ဓာကိုယ်ကို ထိုဘက်ဤဘက် မပြောင်းနိုင် မသယ်နိုင်ဖြစ်သည်၊ နောက်ဆုံး စကားမပြောနိုင် မျက်လုံးမလှုပ်နိုင်ဖြစ်သည်၊ ဤသဘေ
ာသည် စိတ်ကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းခြင်းဖြစ်သည်။
အာဟာရကြောင့်ဖြစ်သောရုပ်နှင့် စိတ်ကြောင့်ဖြစ်သောရုပ်သည် တရွေ့ရွေ့ချုပ်ငြိမ်းပြီးနောက် ကံကြောင့်ဖြစ်သောရုပ်သည် ချုပ်ငြိမ်းသည်။ ကံ
ကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းသောအခါ ခန္ဓာကိုယ်၌ရှိနေသာ အငွေ့ဓာတ်သည် လုံးလုံးချုပ်ငြိမ်းသွားခြင်းသည် ကံကြောင့်ဖြစ်သောရုပ် ချုပ်ငြိမ်းခြ
င်းဖြစ်သည်။ ထိုအခါ ခန္ဓာကိုယ်သည် အေးစက်စက်ဖြစ်သွားသည်၊ သေသောသူခန္ဓာသည် အေးစက်စက်ဖြစ်သည်ကို ရပ်ထဲရွာထဲ ပြောစကား
၌ အသေခန္ဓာလို အေးစက်စက်ကြီး ထိုသို့ပြောဆိုကြသည်။ လူခန္ဓာ၌ ကံကြောင့်ဖြစ်သောရုပ် စိတ်ကြောင့်ဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်
သောရုပ်တို့ ချုပ်ငြိမ်းသွားလျှင် ဥတုကြောင့်ဖြစ်သောရုပ်သည် ကျံရှိလိုက်သည်၊ ထို့ကြောင့် အသုဘဖိတ်စာ၌ သေသောသူကို ဥတုဇရုပ် ကြွင်းကျံ
သည်ကို သုံးနှုံးထားခြင်းဖြစ်သည်။
ဥတုကြောင့်ဖြစ်သောရုပ်တစ်ခုသာ ကျံလိုက်သော အသေကောင်ကို ဗြုန်းစားကြီးကြည့်သော် လူတစ်ယောက် အိပ်နေသည်နှင့် ပုံစံတူသည်၊
အသေကောင်၌ မျက်စိ နား နှာခေါင်း လျှာ ကိုယ်ရှိသည်၊ အသေနှင့်အရှင် ထူးခြားမှုသည် အသေ၌ ကိုယ်ငွေ့နှင့် အသက်ရှူ ရှိုက်မှုမရှိဖြစ်သည်၊ အရှင်၌ ကိုယ်ငွေ့နှင့် အသက်ရှူ ရှိုက်မှုရှိသည်၊ ဤမျှသာ ထူးခြားသည်။ ကိုယ်ငွေ့သည် ကံကြောင့်ဖြစ်သောရုပ်၊ အသက်ရှူ ရှိုက်မှုသည် စိတ်ကြေ
ာင့်ဖြစ်သောရုပ်ဖြစ်သည်။ သေသောသူ၌ ကံကြောင့်ဖြစ်သောကိုယ်ငွေ့ စိတ်ကြောင့်ဖြစ်သော အသက်ရှူ ရှိုက်မှုတို့သည် ချုပ်ငြိမ်းသိမ်းသွား၍
သေခြင်းဖြစ်သည်။ ထိုသဘောကို မသိသောအခါ ဝိုင်းထိုင်ကြည့်လျှက် မိတ်ပင့်၍ အသက်ထွက်သွားသည်၊ ပါးစပ်ယွန်း၍ ထွက်သွားသည်စသ
ည်ဖြင့် အမျိုးမျိုး ကိုယ့်အယူနှင့်ကိုယ် ပြောကြသည်၊ အမှန်က အသက်ထွက်သည်မဟုတ်ပါ ချုပ်ငြိမ်းသွားခြင်းဖြစ်ပါသည်၊ ယခုလက်ရှိခန္ဓာကဲသို့
ဥတုဇရုပ်ကျံလိုက်သည်။ အသေကောင်ကို ဉာဏ်နှင့်ကြည့်သော် လက်ရှိခန္ဓာနှင့်တူနေသည်၊ လှုပ်ရှားမှုတစ်ခုနှင့် ကိုယ်ငွေ့တစ်ခုသာ ကွဲနေပါ
သည်။
ရုပ်၏သဘောကိုမသိသော အတ္တသမားနှင့် အခြားသောဘာသာတို့က ဤခန္ဓာမှာ အနှစ်တစ်ခုရှိသည်၊ ထိုအနှစ်သည် အတ္တဖြစ်သည်လို့ တ
ကယ့်ထင်နေကြသည်။ အတ္တမဟုတ်ပါ ကံကြောင့်ဖြစ်သောရုပ်ကို နားမလည်၍ဖြစ်သည်၊ ကံကြောင့်ဖြစ်သောရုပ်သည် စိတ် ဥတု အာဟာရတို့
ပံ့ပိုးမှုကြောင့် ရှင်သန်နေမှုဖြစ်သည်၊ အတ္တထင်မှားမှုအကြောင်းသည် သူတို့ တရားမှတ်သောအခါ ဤခန္ဓာသည် လုံးလုံးပျောက်ပြီး အသက်ရှူ ရှို
က်နေမှုနှင့် သိနေမှုတစ်ခုသာ သိနေသည်၊ ထိုအသိကို အတ္တယူထားသည်။ အတ္တခေါ်သောစိတ်သည် ကိုယ်ခိုင်းရာ စီမန်ရာ အားစိုက်ရာကို ညွတ်တတ်တဲ့ နာမ်သဘောရှိသည်ကို နားမလည်သည်ဖြစ်၍ အတ္တဓာတ်ကြီး ရှိနေသည်ဟု ထင်မြင်ထားသည်၊ အမှန်မှာ အတ္တမရှိပါ၊ ရုပ်နှင့်နာ
မ်နှစ်ခုရှိပြီး ပျက်ချိန်တန်လျှင် သူတို့သည် ပျက်စီး၍ ဖြစ်ချိန်တန်လျှင် သူတို့သည် ဖြစ်ကြပါသည်။
မရဏသည် ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြဟ္မာ ပျက်စီးသည်မဟုတ် ခန္ဓာပျက်စီးပါသည်၊ ခန္ဓာပျက်စီးသည်ကို တရားကိုကြား၍ နားလည်ထားသေ
ာ် မိဘဘိုးဘွား ဆွေမျိုးဉာတကာခေါ်နေသောဟာမျိုး ပျက်စီးသောအခါ မိဘဘိုးဘွား ဆွေမျိုးဉာတကာ သေသည်မဟုတ် ခန္ဓာပျက်စီးသည်ဟု
ဖြေဆည်နိုင်သည်။ မိဘဘိုးဘွား ဆရာသမား ပြောရခြင်းသည် ကျေးဇူးကိုသိရန် လောကကြီး၌ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးနိုင်ရန် ကူညီ
စောင့်ရှောက်နိုင်ရန်အတွက် ပြောခြင်းဖြစ်သည်။
ငါသူမဟုတ် မိဘဘိုးဘွားမဟုတ် သိမှုသည် ကြောင့်ကြမှု စိုးရိမ်မှု ပူပင်မှုတို့မှ လွတ်ကင်းနိုင်သည်၊ ငါသူမဟုတ်သိလိုက်သော် စိုးရိမ်စိတ် ရှို
က်ကြီးတငင် ငိုကြွေးစိတ် မစားနိုင် မသောက်နိုင် တမှိုင်မှိုင် ပူပင်စိတ်အားလုံးသည် ပြုတ်ထွက်သွားသည်။ ငါ ငါ့ဟာလို့သိလျှင် ခန္ဓာ၌ အကုသိုလ်
ချည်း ဝင်လာသည်။ ကိုယ့်မျက်စိရှေ့ အသက်ရှင်နေသော မိဘဘိုးဘွား သားသမီးတို့ ပျက်စီးမှုကိုဖယ်ထားအုံ့ သာမန်သက်မဲ့ဝတ္ထု ပျက်စီးသည်
သော်မှ တမှိုင်မှိုင် နေမရထိုင်မရဖြစ်သည်၊ ထိုသဘောသည် ပုဂ္ဂိုလ်သတ္တဝါမဟုတ်မှုကို မသိသည်ဖြစ်လျက် ငါ ငါ့ဟာ သိထား၍ဖြစ်သည်။
အဝိဇ္ဇာမှနေ၍ မရဏထိသည် သက်သက် ရုပ်နာမ်ဖြစ်သည်ကို တရားကိုယ်ကိုသိလျှင် သောက ပရိဒေဝသည် နည်းလာသည်၊ ဤခန္ဓာကို
ယ်သည် ဖြစ်ပေါ်လာလျှင် ပျက်စီးတတ်သည့်သဘောရှိသည်၊ ထိုသဘောကို တစ်စုံတစ်ယောက်မှ တားဆီး၍ မရနိုင်သည်ကို နှလုံးသွင်းထားေ
သာ် သောက ပရိဒေဝ နည်းလာသည်။ အဝိဇ္ဇာသည် တရားကိုယ်ကို မသိအောင် ဖုံးထားသည်၊ တရားကိုယ်ကိုမသိသော် လူကိုယ် နတ်ကိုယ် ဗြ
ဟ္မာကိုယ် ပုဂ္ဂိုလ်သတ္တဝါကိုယ် သိထားသည်အတွက်ကြောင့် နောက်ဆုံး မရဏဆိုသော ပျက်စီးမှုနှင့်ကြုံသောအခါ မသိသူမှာ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁ ဥပါယာသတို့ နောက်မှလိုက်လာပါသည်။
သောက၊ စိုးရိမ်ခြင်း။ စိတ်ထဲ၌ စိုးရိမ်မှုဖြစ်လာသည်၊ စိုးရိမ်မှုသည် မသိ၍ဖြစ်သည်၊ မသိသူ၌ မသိမှုသည် အဝိဇ္ဇာ၊ စိုးရိမ်မှုသည် သောကဖြ
စ်သည်။ စိုးရိမ်မှုသည် မကျေနပ်၍ဖြစ်သည်၊ မကျေနပ်သောစိတ်သည် ဒေါမနသ၁ဝေဒနာဖြစ်သည်၊ ဤဒေါမနသ၁ဝေဒနာ ဖြစ်ရမှုသည် မသိတ
တ်၍ဖြစ်သည်။
ပရိဒေဝ၊ ငိုကြွေးခြင်း။ ရှိုက်ကြီးတငင် ငိုကြွေးသည်၊ ငိုသော် နှာရည်ယိုသည် မျက်ရည်ယိုသည်၊ နှာရည်သည် ရုပ်တရား ၊ မျက်ရည်သည်လ
ည်း ရုပ်တရားဖြစ်သည်၊ ရုပ်တရားတို့ ဖောက်ပြန်နေပါသည်။ ငိုကြွေးခြင်းကို ဉာဏ်နှင့်ကြည့်သော် နှာရည်မျက်ရည်သည် အာပေါရုပ်ဖြစ်သည်၊
အာပေါရုပ်သည် ယိုစီးသဘောရှိပါသည်။ ဝမ်းတွင်း၌ သောကအပူမီး တောက်လောင်နေ၍ ယိုစီးနေမှုဖြစ်သည်။ ဥပမာ ရေသည် နဂိုမူလ၌ အ
အေးဖြစ်သည်၊ အေးနေသောရေကို မီးတိုးပေးလိုက်သော် ရေသည် ဆူပွလာပြီး အခိုးအငွေ့တက်လာသည်၊ အခိုးအငွေ့ တက်လာမှုသည် မီးတိုး
ပေး၍ဖြစ်သည်။ ထို့အတူ သောကအပူမီး တိုးပေးလိုက်လျှင် မျက်ရည်နှာရည်ယိုလာသည်၊ မိုးကုတ်ဆရာတော်ကြီးက ဒုက္ခဝေဒနာဖြစ်လျှင် ဒေါ
မနသ၁ဝေဒနာကို သွားဆက်သည်ဟု အမိန်းရှိပါသည်၊ ဒုက္ခဖြစ်သော် မကျေနပ်မှု ဒေါသလာပါသည်။
ဒုက္ခ၊ ကိုယ်ဆင်းရဲခြင်း။ အပူလောင်ထားသလို ခန္ဓာကိုယ် ဆင်းရဲနေသည်၊ ထိုဆင်းရဲသည် ကာယိကဒုက္ခခေါ်သော ဝေဒနာဖြစ်သည်။ သူ့
ကို တရားကိုယ်ကို မကောက်တတ်သောအခါ ငါဆင်းရဲနေသည် ငါဒုက္ခရောက်နေသည်၊ ဒုက္ခဝေဒနာကို ငါယူထားသည်။ တရားကိုယ်ကို မကေ
ာက်တတ်ခြင်းသည် အဝိဇ္ဖာရှိနေ၍ဖြစ်သည်၊ အဝိဇ္ဇာကွာအောင် တရားကိုမနာယူလျှင် ကိုယ်ဆင်းရဲမှု လာလိမ့်မယ်ဖြစ်သည်။
ဒေါမနသ၁၊ စိတ်ဆင်းရဲခြင်း။ ပျက်စီးသွား၍ စိတ်၌ မကျေနပ်မှုသည် စိတ်ဆင်းရဲခြင်းဖြစ်သည်။ ဥပမာ သက်ရှိဖြစ်သော မိဘ သားသမီး မြေး
မြစ်၊ သက်မဲ့ဖြစ်သော အိုးအိမ် ရွှေငွေ စားစရာ ဝတ်စရာ အစရှိသည်ပျက်စီးသွားလျှင် စိတ်၌ မကျေနပ်သော ဒေါမနသ၁ဝေဒနာ ဖြစ်ပေါ်နေသ
ည်။ ပျက်စီးသည်လို့ သူထင်နေသော အရာတို့သည် နဂိုကပင် မပျက်စီးသောအရာမဟုတ်ပါ၊ ပျက်စီးသောအရာဖြစ်၍ ပျက်ချိန်တန်လျှင် ပျက်စီးမ
ယ်ဖြစ်သည်၊ ထိုပျက်စီးမှုကို တားဆီးရန် တစ်စုံတစ်ယောက်မှ မတတ်နိုင်ဖြစ်သည်။ ခန္ဓာ၌ ကြိုတင်သိမှု ဝိဇ္ဇာရှိမနေဘဲ မသိမှုအဝိဇ္ဇာရှိနေသည်
ဖြစ်၍ သက်ရှိသက်မဲ့နှစ်ခု၌ ပျက်စီးမှု တစ်ခုခုနှင့်ကြုံလာလျှင် စိတ်ဆင်းရဲမှုလာသည်၊ ငါ့မှာ ပျက်စီးသည်၊ ငါ့သား ငါ့သမီး ပျက်စီးသည်အစရှိသည်
ဖြင့် ဒေါမနသ၁ဝေဒနာလာပါသည်။
ဥပါယာသ၊ ပြင်းစွာပူလောင်ခြင်း။ ပျက်စီးမှု မရဏနှင့်ကြုံသောအခါ မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်ဖြစ်သည်၊ ခန္ဓာကိုယ်ကိုလည်း ပြု ပြင်လိုစိ
တ်မရှိဖြစ်သည်၊ လူနှင့်လည်း စကားပြောလိုစိတ်မရှိဘဲ တစ်နေရာရာမှာထိုင်၍ မှိုင်နေသည်၊ ထိုသဘောကို ဥပါယာသခေါ်ပါသည်။ ပူလောင်သူ
ကို ခန္ဓာကိုယ်ကို ကြည့်လျှင်လည်း ပျော့ခွေ၍ဖြစ်နေသည်၊ စိတ်သည်လည်း ပူလောင်နေပါသည်။ လန်းဆန်းသောသစ်ပင်ကို မီးတိုက်လိုက်လျှင်
ထိုသစ်ပင်သည် အရွက်ညှိုးခြောက်ကြွေကျလျက် နောက်ဆုံးမီးလောင်သွားသည်။ သစ်ပင်ကို မီးတိုက်မှုမရှိလျှင် လန်းဆန်းနေမယ်ဖြစ်သည်။ ယ ခုလည်း ပျက်စီးမှုမရဏနှင့် ကြုံတွေ့သောအခါ သောကစသော မီးလောင်လိုက်သည်နှင့် ခန္ဓာရုပ်သည်လည်း ညှိုးပြီးဖြစ်လျက် စိတ်သည်လည်း ပင်ပန်နေသည်၊ ထိုသဘောသည် ဥပါယာသဖြစ်သည်။
ပြင်းစွာပူလောင်မှု အနေအထားကိုကြည့်သော် တမှိုင်မှိုင်ဖြစ်လျက် တစ်ရက်နှင့်မပြယ် နှစ်ရက်နှင့်မပြယ် တစ်လနှင့်မပြယ်ဖြစ်လျက်ရှိနေသ
ည်၊ ထိုပူလောင်ခြင်းသည် မသိ၍ဖြစ်သည်။ သို့သော် ကိုယ်က ငါ့မှာ ပျက်စီး၍ ငါပူလောင်သည်ဖြစ်နေသည်၊ တစ်ယောက်ယောက်က အားလုံး
ပျက်စီးတတ်သောအရာမဟုတ်လား သတိလည်းထားပါပြောလျှင် သူများပျက်စီးမှုသည် အိုမှနာမှ တစ်ခုလည်းသုံးဖို့မရခါမှ ပျက်စီးကြသည်၊ ထို
သို့ပျက်စီးလျှင် ပျက်စီးပါစေ၊ ယခု ငါ့သား ငါ့သမီးသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပျက်စီး၍ နှမြော၍မဆုံးဖြစ်သည်။ ဤသဘောသည် ထိုဘ
က်ဤဘက် ကပ်ခံလျက် အပူကို မထုပ်လို၍ဖြစ်သည်။
ကြိုတင်၍ သိထားမှုမရှိလျှင် ဥပါယာသကို ဘုရားတောင် ကယ်၍မရပါ၊ အပူလောင်၍ သေသောကြသည်၊ ရပ်ပြောရွာပြောနှင့်ဆိုသော် ရင်
ကွဲနာဖြစ်၍ သေပါသည်။ နှလုံးအိမ်၌ အားကြီးအပူလောင်လျှင် နှလုံးအိမ်အစိုဓာတ်သည် ခန်းခြောက်သွားသဖြင့် နှလုံးရပ်လျက် သေပါသည်၊ ထို
သဘောကို ရင်ကွဲနာကျ၍ သေသည်ပြောကြသည်။ ပူလောင်ခြင်းသည် မသိတတ်သော အဝိဇ္ဇာရှိနေ၍ဖြစ်ပါသည်။
အားလုံးကို စုလိုက်သော် ဧဝ မေတသ၁ ကေဝလသ၁၊ ဧဝံ၊ ဤအတိုင်း။ ဤအတိုင်းစကားသည် အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိ
ညာဏ် အဝိဇ္ဇာအစ မရဏထိသည် ဤအတိုင်း ပုဂ္ဂိုလ်သတ္တဝါမပါသည်ကို ဆိုလိုပါသည်။ ဘုရားက ဧဝံ ဤငါမြင်၍ ပြောခဲ့သည့်အတိုင်း။ ကေဝ
လသ၁၊ ချမ်းသာမဖက် သက်သက်သော။ သက်သက် ဒုက္ခဖြစ်ပါသည်။ သက်သက် ဒုက္ခအဓိပ္ပါယ်သည် လူနတ်ဗြဟ္မာ ပုဂ္ဂိုလ်သတ္တဝါမဟုတ် သက်သက် ဒုက္ခကြီးဖြစ်သည်၊ စကားတစ်ခွန်းတည်းနှင့် လုံလောက်ပါသည်။
မိမိတို့ ကြားနေသော်လည်း ဖြစ်ပြီးလျှင် ပျက်တတ်သည့်သဘောကို သဘောမပေါက်နိုင်ဖြစ်သည်၊ သဘောမပေါက်ရခြင်းအကြောင်းသည်
တရားကို ကြားရမှု နည်း၍ဖြစ်သည်။ ယခု လက်ရှိခန္ဓာ၌ တရားကို ကြားရသည့်တိုင်အောင် တရားကို ကြားရမှုသည် တစ်နာရီဖြစ်သည်၊ တရား
ကို မကြားရမှုသည် နှစ်ဆယ့်သုံးနာရီဖြစ်သည်။ ကြားရမှုနှင့် မကြားရမှုသည် မကြားရမှု အားကြီးသည်ဖြစ်၍ ကြားရမှုသည် ကြက်ပျောက် ငှက်ေ
ပျာက် ပျောက်တတ်သည်၊ ထိုအခါ ပရိဒေဝနှင့်ကြုံရသည်၊ ပရိဒေဝနှင့်မကြုံအောင် ကြိုတင်၍ လေ့လာထားရသည်။ ဘုရားက အားလုံးကို သိမ်း
ကျုံးပြီး ဒုက္ခက္ခန္ဓသ၁ သမုဒယော ဟောတိ၊ ခန္ဓာကြီးသည် ဒုက္ခအစုကြီး ဟောထားသည်။
သူသူကိုယ်ကိုယ် မီးတစ်ဆယ့်တစ်တန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်ကို ရပါလို၏ပြောကြသည်၊ ခန္ဓာရှိလျှင် မီးလောင်နေသည် နားလည်ထားရပါ
မယ်၊ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားသည် ခန္ဓာရှိလျှင် မီးလောင်နေမှုကိုသိအောင် ခန္ဓာကိုယ်ကို မီးသေတ္တာနှင့် ဥပမာပြထားပါသည်။ မီး
သည် လောဘမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပေရိဒေဝမီး ဒုက္ခမီး ဒေါမနသ၁မီး ဥပါယာသမီး အားလုံး တစ်ဆယ့်
တစ်မျိုးဖြစ်သည်။
အဝိဇ္ဖာသည် မောဟမီး ခန္ဓာမှာရှိပါသည်၊ တဏှာသည် လောဘမီး ခန္ဓာမှာရှိသည်၊ မီးစာကို မသိမ်းနိုင်သေး လောဘမီးရှိ၍ လောဘမီးပျော
က်လျှင် ဒေါသမီးရောက်လာသည်၊ နားလည်အောင်ပြောရသော် ကိုယ်ရလိုသည်ကို မရလိုက်လျှင် မကျေနပ်မှု ဒေါသလာသည်၊ ပစ္စည်းတစ်ခုကို
ကြည့်လို၍ ကိုယ်က ကြည့်ဖို့တောင်းသော် ထိုက ကိုယ့်ကို ကြည့်ဖို့မပေးလျှင် တစ်ယောက်တစ်ခါကျလိမ့်မယ် ဒေါသဖြစ်သွားသည်။ ထိုသဘော
ကို မိဘဆရာသမား သင်ပေးလိုက်သည်မဟုတ်ပါ၊ ခန္ဓာရှိလျှင် ခန္ဓာ၌ လောဘမီး ဒေါသမီး မောဟမီး လောင်နေသည်။ လောဘမီးရှိလျှင် ဒေါသ
မီးရှိသည်၊ အဝိဇ္ဇာရှိလျှင် မောဟမီးရှိသည်၊ ခန္ဓာကြီးကို မီးသုံးပါး လောင်နေပါသည်။
လူတစ်ယောက် သွားနေသည်ကို ဉာဏ်နှင့်ကြည့်သော် သူ့ခန္ဓာ၌ မီးလောင်၍ပါသွားသည်၊ ဘယ်အနားမှာ ဘာပစ္စည်းပေးနေသည် မြန်မြ
န်သွားမှရမယ်၊ နောက်ကျသူ မရနိုင်ပြောလျှင် ပစ္စည်းကိုရလို၍ ခြေပြင်းထုပ်၍ သွားမယ်ဖြစ်သည်။ ပစ္စည်းရလို၍ သွားနေသူကိုကြည့်သော် လော
ဘမီးလောင်၍ သွားနေသည်၊ မရလိုက်သော် ဒေါသမီး မောဟမီးလောင်မယ်ဖြစ်သည်။ မီးသေတ္တာရေးထားသည်ကို စာကိုဖတ်ဖို့တတ်သည်၊ ကို
ယ်သည် မီးသေတ္တာဖြစ်နေသည်ကို မသိပါ၊ ခန္ဓာ၌ မီးမရှိ၍ မသိခြင်းမဟုတ်ပါ၊ အဝိဇ္ဇာမီး လောင်နေ၍ဖြစ်သည်။ မီးငြိမ်းသောတရားကို ကြား
သောအခါမှ တစ်ရက်လောင်နေသည်မဟုတ် မွေးဖွားသည့်လောက်ကပင် တစ်ဘဝလုံး မီးလောင်နေသည်ကို သိရမယ်ဖြစ်သည်။
ယခု အသက်ကြီးနေမှုသည် ဇရာမီးလောင်နေသည်၊ နောင် မြေကြီးလက်ခတ်မလွဲ မရဏမီး လောင်မယ်ဖြစ်သည်၊ သေပြန်သော်လည်း မီး
မငြိမ်းပါ ဇာတိမီး လောင်မယ်ဖြစ်သည်။ ဤကုသိုလ်ကံကြောင့် ဤဘဝကနေသေသော် နောက်ဘဝ၌ သူဌေးသူကြွယ် ဖြစ်ရပါလို၏ ဆုတောင်း
မှုသည် မီးလောင်မှန်းမသိ၍ နောက်ထပ် မီးကိုတောင်းခြင်းဖြစ်သည်၊ မီးတစ်ဆယ့်တစ်ပါးကို ဆိုတောဆိုသည်၊ သို့သော် သဘောမပေါက် ဖြစ်ေ
နပါသည်။
နေ့တိုင်း မျက်စီးဖွင့်လိုက်သည်နှင့် အစားအစာကို လိုက်ရှာသည်၊ လောဘမီး လောင်နေသည်။ ဤအစားအစာကိုမကြိုက် ဒေါသမီး လောင်
နေပါသည်။ ထိုသဘောတို့ကို တရားနာ၍ တရားသဘောတို့ကို အတော်အတန် ကျေညက်သွားလျှင် လောကကြီးကို နားနှင့်ထောင်သော် မီးေ
လာင်သည်ကို ကြားရသည်၊ မျက်စိနှင့်ကြည့်သော် မီးလောင်နေသည်ကို မြင်ရသည်၊ မီးလောင်နေသည်တို့ကို သိမြင်လာလျှင် မီးလောင်ခြင်းမှ
လွတ်မြောက်ရန် ရုန်းကန်လာသည်၊ မီးတစ်ဆယ့်တစ်ပါး သူ့အလှည့်နှင်သူ လှည့်၍လောင်နေသည်ကိုသိမှ မီးငြိမ်းရာကိုရှာရန် အလိုရှိလာမယ်
ဖြစ်ပါသည်။
မီးတစ်ဆယ့်တစ်ပါးသည် လူခန္ဓာမှာသာမဟုတ် နတ်ခန္ဓာ ဗြဟ္မာခန္ဓာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓာတို့၌လည်းရှိသည်၊ ထိုသို့ရှိခြင်း
ကြောင့် သုံးဆယ့်တစ်ဘုံသည် မီးဟုန်းဟုန်းတောက်လောင်နေသည်။ ခန္ဓာကိုဉာဏ်စိုက်၍ ဖြစ်ပျက်ကို ကြည့်နေသောအချိန်သည် လောဘ မီး ဒေါသမီး မောဟမီး သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနသ၁မီး ဥပါယာသမီးတို့ကို ငြိမ်းနေသောအချိန်ဖြစ်သည်၊ ဖြစ်ပျက်ကို ကြည့်နေမှု သည် မီးတစ်ဆယ့်တစ်ပါးငြိမ်းအောင် လုပ်နေမှုဖြစ်သည်။ ဖြစ်ပျက်ဆုံး၍ နိဗ္ဗာန်ကို ထိတ်ခနဲမြင်သည်နှင့် မီးတစ်ဆယ့်တစ်ပါးသည် ငြိမ်းသွားပါ သည်၊ နိဗ္ဗာန်သည် မီးတစ်ဆယ့်တစ်ပါးငြိမ်းရာ ဖြစ်ပါသည်။
မီးငြိမ်းမှုကို သိရခြင်းအကြောင်းသည် ကိုယ်စိတ်ပေါ့ပြီး အေး၍သွားသည်။ ထိုကြောင့် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းသည် မီးငြိမ်းအောင် လုပ်နေ
ခြင်းဖြစ်သည်၊ ဖြစ်ပျက်ဆုံးလျှင် မီးငြိမ်းရာကိုမြင်သည်၊ မီးငြိမ်းရာသည် နိဗ္ဗာန်၊ မြင်မှုသည် မဂ်ဉာဏ်ဖြစ်သည်။ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းအချက်
မပါလျှင် အမြဲတန်း မျက်စိကလည်း မြင်တိုင်းမီးလောင်နေသည်၊ နားကလည်း ကြားတိုင်းမီးလောင်နေသည်၊ ထို့ကြောင့် ဖြစ်ပျက်ကိုရှုနေမှုသည်
မီးလွတ်ရာသို့ သွားနေခြင်းဖြစ်ပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment