စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၈ ရက် နံနက် ၇ နာရီမှ ၈ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
သုံးပါးအစပ်- အပိုင်းနှစ်ယနေ့ ပဋိစ္စသမုပ္ပါဒ်တရားပွဲသည် ရှစ်ရက်မြောက်နေ့ကို ရောက်ရှိပြီဖြစ်သည်၊ စက်ဝိုင်းကိုကြည့်ပါ နှစ်ရပ်မူလ၌ အဝိဇ္ဇာမူလတစ်ခု တဏှာမူ
လတစ်ခု နှစ်ခုဖြစ်သည်။ အဝိဇ္ဇာမူလ၌ အဝိဇ္ဇာကနေ အရင်းခံ၍ ဝေဒနာမှာဆုံးသည်ကို ပုဗ္ဗန္တစက်ခေါ်သည်၊ တဏှာမူလ၌ တဏှာကနေ အရင်းခံ
၍ မရဏမှာဆုံးသည်ကို အပရန္တစက်ခေါ်သည်။ ပုဗ္ဗန္တစက်၌ အဝိဇ္ဇာသင်္ခါရသည်အကြောင်း ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာသည်
အကျိုးဖြစ်သည်၊ အပရန္တစက်၌ တဏှာ ဥပါဒါန် ကံသည်အကြောင်း ဇာတိ ဇရာမရဏသည် အကျိုးဖြစ်သည်၊ အကြောင်းကြောင့် အကျိုးဖြစ်သည်
ကို စက်ခေါ်ပါသည်။
ပုဗ္ဗန္တစက်၌ ယခုလက်ရှိခန္ဓာသည် မသိမှုအဝိဇ္ဇာကလာ၍ ခန္ဓာရနေသည်၊ လက်ရှိခန္ဓာမှာလည်း တရားကိုမနာလျှင် တဏှာနှင့် ရှေ့သံသရာ
ကို လည်ဖို့လုပ်နေသည်၊ သံသရာ၌လည်ကြသည်မှာ မသိ၍ လည်သည်တစ်ခုနှင့် လိုချင်၍ လည်သည်တစ်ခု ခေါင်းဆောင်နှစ်ခုရှိသည်၊ ထိုလ
ည်မှုနှစ်ခုလုံးသည် အိုနာသေသို့ရောက်သည်။ မသိ၍လည်မှု၌ အိုနာသေသို့ ရောက်သူသည် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဖြစ်သည်၊ လို
ချင်၍လည်မှု၌ အိုနာသေသို့ ရောက်သူသည် လူနတ်ဗြဟ္မာဖြစ်ပါသည်။
သုံးဆယ့်တစ်ဘုံ၌ အသီးအသီး ခန္ဓာရနေသော သတ္တဝါတို့သည် နံပါတ်နှစ်အကွက်ဖြစ်သည်၊ နတ်ပြည်ခြောက်ထပ်၌ရှိသော နတ်အားလုံး
ဗြဟ္မာနှစ်ဆယ်၌ အရိယာဗြဟ္မာကိုဖယ်ထား၍ ဗြဟ္မာအားလုံး၊ လူ့ပြည်မှာရှိသော လူသားအားလုံး၊ အပါယ်လေးဘုံ၌ရှိသော အပါယ်သားအား
လုံးတို့ လက်ရှိခန္ဓာရနေမှုသည် နံပါတ်နှစ်အကွက် ပစ္စုပ္ပန်အကျိုးဖြစ်သည်။ ယခုလက်ရှိခန္ဓာ၌ သိအောင်မလုပ်သော် လိုချင်မှုနှင့်ချည်းသွားသည်၊
သိအောင်လုပ်သည်ဆိုရာ၌လည်း အမှန်တရားလေးပါးကို သိအောင်လုပ်ရမယ်ဖြစ်ပါသည်။
ဒုက္ခကို သိခြင်း၊ သမုဒယကို သိခြင်း၊ နိရောဓကို သိခြင်း၊ မဂ္ဂကို သိခြင်း၊ ဆင်းရဲကို အမှန်သိရမယ်၊ ဆင်းရဲကြောင်းကို အမှန်သိရမယ်၊ ချမ်း
သာအစစ်ကို အမှန်သိရမယ်၊ ချမ်းသာအစစ်ရောက်ကြောင်း အကျင့်မှန်ကို အမှန်သိရမယ်၊ ထိုသို့သိမှ အပရန္တစက်ခေါ်သော တဏှာဘက်သို့ အ
သွားရပ်မယ်ဖြစ်သည်၊ ထိုသို့သိအောင် အားစိုက်မှုမရှိသော် အပရန္တစက်ချည်း သွားနေသည်။ ဘုရားပွင့်ပြီးမှ ဆင်းရဲခြင်းကို အမှန်သိရသည်၊ သူ
သူကိုယ်ကိုယ် ဆင်းရဲခြင်းကို သိနေမှုသည် ကိုယ့်အသိနှင့်ကိုယ် သိနေကြပါသည်။
အပါယ်လေးပါးမှာ ငရဲသားတို့က ငါတို့သည် ဆင်းရဲသည်၊ ငါတို့ထက် တိရစ္ဆာန်သည် ကောင်းသည်လို့ သိကြသည်၊ ငရဲ၌ အိ
ပ်ဖို့အချိန်မရှိ၊ စားဖို့လည်း အချိန်မရှိ၊ သက်သက် မီးလောင်ခံနေရသည်။ တိရစ္ဆာန်သည် အိပ်ဖို့အချိန်ရှိသည်၊ စားဖို့အချိန်ရှိသည်အတွက် ငါတို့
ထက်ကောင်းသည်၊ ငါတို့မှာ ဆင်းရဲနေရသည် ငရဲသားတို့က ထိုသို့မြင်သည်။ တိရစ္ဆာန်ကကြည့်သော်လည်း ပြိတ္တာတို့သည် ညဉ့်ခံ ညစံ၊ ညခံ
ညဉ်စံ ငါတို့တိရစ္ဆာန်ထက် ကောင်းသည်လို့ တိရစ္ဆာန်ကမြင်သည်။ ပြိတ္တာကလည်း အသူရကာယ်တို့သည် ဘုံဗိမာန်နှင့်နေရသည် ငါတို့ပြိတ္တာ
ထက် သာသည်လို့မြင်သည်။
အသူရကာယ်တို့ကလည်း လူတို့သည် စားသောက်လျက် တိုးတက်ကြီးပွါးရေးကိုလုပ်၍ ငါတို့အသူရကာယ်ထက် သာလွန်သည်လို့မြင်သ
ည်။ ပြိတ္တာဘုံ အသူရကာယ်ဘုံတို့၌ တိုးတက်ကြီးပွါးရေးကို လုပ်၍မရဖြစ်သည်၊ တိုးတက်ကြီးပွါးရေးကို တစ်ခုလည်း လုပ်၍မရကြောင်းကို မြတ်
စွာဘုရားဟောထားသည်။ ဥပမာ လူတစ်ယောက်သည် သေပြီးနောက် ပြိတ္တာဘုံကို ရောက်သွားသည်၊ ပြိတ္တာဘံ၌ စားစရာ နေစရာမရှိ အကြီး
အကျယ် ကျပ်တည်းသည်၊ ကျပ်တည်း၍ ဖြစ်တဲ့ဘဝ၌ ဖြစ်သလို လုပ်ကိုင်စားမယ်ဆိုသော်လည်း လုပ်ကိုင်စားသောက်၍ မရဖြစ်ပါသည်။
နဟိ တတ္ထ ကသိ အတ္ထိ၊ ဂေါရက္ခေတ္ထ န ဝိဇ္ဖတိ။
ဝဏိဇ္ဇာ တာဒိသီ နတ္ထိ၊ ဟိရညေန ကယာကယံ။
ဣတော ဒိန္နေန ယာပေန္တိ၊ ပေတာ ကာလင်္ကတာ တဟိန္တိ။
တတ္ထ၊ ထိုပြိတ္တာတို့၏ နေရာ၌။ ကသိ၊ လယ်ထွန်ခြင်းသည်။ နအတ္ထိ၊ မရှိ။ ဧတ္ထ၊ ဤပြိတ္တာတို့၏ နေရာ၌။ ဂေါရက္ခာ၊ နွားကျောင်းခြင်းသည်။
ဝါ၊ နွားမွေးခြင်းသည်။ နဝိဇ္ဇတိ၊ မရှိ။ တာဒိသိ၊ ထိုကဲသို့ ရှုအပ်သော။ ဝဏိဇ္ဇာ၊ ကုန်သွယ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဟိရညေန၊ ရွှေငွေဖြင့်။ ကယာက
ယံ၊ ဝယ်ခြင်း ရောင်းခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတော၊ ဤလူ့ဘဝ၌။ ဒိန္နေန၊ ပေးလှူအပ်သော ပစ္စည်းဖြင့်။ ပေတာ ကာလင်္ကတာ၊ သေကုန်သော သူတို့သည်။ တဟိ၊ ထိုသံသရာဘဝ၌။ ယာပေန္တိ၊ မျှကုန်၏။
ပြိတ္တာဘဝ၌ လယ်လုပ်၍ အစီးအပွါးရအောင် ကြိုးစား၍လည်းမရနိုင်ဖြစ်သည်၊ ဂေါရက္ခေန နဝိဇ္ဇတိ၊ လယ်မရှိလျှင် ကျွဲကျောင်း နွားကျောင်း
အငှားသော်လည်း လိုက်၍မရဖြစ်သည်။ ဝဏိဇ္ဇာ တာဒိသီ နတ္ထိ၊ အစီးအပွါးဖြစ်အောင် ကုန်သွယ်ခြင်းလုပ်ငန်းကို လုပ်မယ်ဆိုသော်လည်း မရ
ပါ၊ ဟိရညေန ကယာကယံ၊ ရွှေငွေကို အရင်းပြု၍ အရောင်းအဝယ်လုပ်ခြင်း ဈေးဆိုင်တည်ခြင်းတို့ကိုလည်း မရနိုင်ဖြစ်သည်၊ ပြိတ္တာဘဝ ကျပ်တ ည်းပုံကို ဘုရားဟောထားသည်။
လူ့ဘဝက ကုသိုလ်ကောင်းမှုလုပ်၍ သူတို့ကို အမျှပေးဝေဖို့ လူ့ဘဝကို လာ၍တောင်းကြသည်၊ ထို့ကြောင့် မြတ်စွာဘုရားက တိရောကုဋ္ဋသု
တ်မှာ ဣတော ဒိန္နေန ယာပေန္တိ၊ ပေတာ ကာလင်္ကတာ တဟိ၊ သေပြီးနောက် ပြိတ္တာသားတို့သည် လူ့ဘဝမှာ ရည်စူးအလှူ၏အဘိုးကို မျှတ၍
နေရပါသည်။
ဆိုလိုရင်းသည် ပြိတ္တာ အသူရကာယ်တို့က လူ့ဘဝသည် အစီးအပွါးနှင့် ကောင်းသည်လို့မြင်သည်၊ လူ့ဘဝမှကြည့်သော် နတ်ဘဝသည်ေ
ကာင်းသည်မြင်သည်၊ နတ်ဘဝမှကြည့်သော် ဗြဟ္မာဘဝသည် ကောင်းသည်လို့မြင်သည်၊ ထိုသို့ အသီးသီး မြင်နေကြသည်။ အောက်ခြေ အဝီစိ
မှစ၍ အထက်ဗြဟ္မာတိုင်အောင် တစ်ဦးကိုတစ်ဦး အသီးအသီး အထင်ကြီးမှုအားလုံးသည် ကိုယ့်ဒုက္ခနှင့်ကိုယ် အသီးအသီးဖြစ်သည်၊ ကိုယ့်ဒုက္ခ
နှင့်ကိုယ် ဖြစ်သည်အတွက်ကြောင့် မြတ်စွာဘုရားက ဒုက္ခအစစ်သည် ခန္ဓာဖြစ်ပါသည်။
မည်သည့်ခန္ဓာမဆို နံပါတ်နှစ်အကွက်မှ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာ ခန္ဓာငါးပါးဖြစ်သည်၊ နတ်ခန္ဓာသည်လည်း ခန္ဓာငါး
ပါးဖြစ်သည်၊ ဗြဟ္မာခန္ဓာသည်လည်း ခန္ဓာငါးပါးဖြစ်သည်၊ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာဖြစ်သည်၊ လူနတ်ဖြစ်ပြီး စားဝတ်နေရေး ပြည့်စုံလျက်နှင့်
ဒုက္ခသစ္စာဖြစ်ရခြင်းသည် မွေးသေစာရင်းမှ မလွတ်၍ဖြစ်ပါသည်။
ဤဖလောင်းချိပ်မြို့၌ လူအများရှိကြသည်၊ ထိုမြို့သူမြို့သားအားလုံးကို အစိုးရသည် တစ်နေ့မှာ တစ်ယောက်ကျ သေပေးရမယ် တစ်မြို့လုံးကို
သေဒဏ်ပေးထားသည်၊ ထိုသို့ သေဒဏ်ပေးထားသော် လမ်းဘဲမှာ နေထိုင်သူလည်း သေဒဏ်ကျနေသည်၊ တိုက်ခုနစ်ဆင့်မှာ နေသူလည်း သေ
ဒဏ်ကျနေသည်၊ ကိုယ့်အလှည့်ကျလျှင် ကြိုးစင်ကို တက်ရမယ်ဖြစ်သည်၊ ထိုသို့ တစ်မြို့လုံးသေဒဏ်ကျနေသော် မြို့သူမြို့သားတို့သည် ချမ်းသာနိုင်
မယ်မဟုတ်ဖြစ်သည်။ ထို့အတူ သုံးဆယ့်တစ်ဘုံ၌ရှိသော ခန္ဓာတို့သည် မွေးသေစာရင်းမှမလွတ်၍ သေဒဏ်ကျနေပါသည်၊ ထို့ကြောင့် ချမ်းသာ
သူမရှိ အားလုံး ဒုက္ခသစ္စာဖြစ်ပါသည်။
မစားမသောက်ရ၍ ဒုက္ခသစ္စာမဟုတ်ပါ၊ မွေးသေစာရင်းက မလွတ်၍ဖြစ်သည်၊ ဒုက္ခကိုသိမှ မွေးသေက လွတ်ပါမယ်၊ ဒုက္ခကိုမသိလျှင် မွေး
သေက မလွတ်နိုင်ဖြစ်သည်။ ရှေ့က ဒုက္ခကိုမသိ၍ သုံးဆယ့်တစ်ဘုံ၌ အနန္တသတ္တဝါများ ခန္ဓာငါးပါး ဖြစ်နေကြရပါသည်။ သိဖို့အရေး၌ ဒုက္ခကိုသိ
သူ ဘုရားတစ်ပါးသာရှိသည်၊ ထိုဘုရားနှင့်မတွေ့သော် ဒုက္ခကိုသိရန် မတတ်နိုင်ဖြစ်သည်၊ ယခုလို ဘုရားသာသနာနှင့် တွေ့သောအခါ ဒုက္ခကို
သိအောင် အားစိုက်သူသည် လူလိမ်မာဖြစ်ပါသည်။
ဒုက္ခကိုမသိလျှင် ဝမ်းတွင်း၌ မသိမှုရှိနေသည်၊ ထိုအခါ လူချမ်းသာ နတ်ချမ်းသာဘဲ သိသွားသည်၊ ထိုပုဂ္ဂိုလ်သည် နံပါတ်သုံးအကွက် တဏှာ
ကိုချည်း လိုက်မယ်ဖြစ်သည်။ အဝိဇ္ဖာမူလခံ၍ လက်ရှိခန္ဓာရရှိနေသော သတ္တဝါတို့၌ ဒုက္ခကိုသိသူ ဒုက္ခကိုမသိသူ နှစ်မျိုးရှိသည်၊ ဒုက္ခကိုသိသူသ
ည် ဘုရားနှင့်အရိယာဖြစ်သည်၊ ကျံသူအားလုံသည် ဒုက္ခကို မသိသူဖြစ်သည်။ လူနတ်ဗြဟ္မာအထဲ၌ လူအများက ပညာရှိလို့ သမုတ်ထားသူရှိသ
ည်၊ လူအများက လူမိုက်ကြီးလို့ သမုတ်ထားသူရှိသည်၊ ဤခန္ဓာကို ရနေမှု၌ လူမိုက်တစ်မျိုး လူလိမ်မာတစ်မျိုး နှစ်မျိုးကွဲသွားသည်။
လူလိမ်မာသည်လည်း နံပါတ်တစ်အကွက် အဝိဇ္ဇာကလာ၍ နံပါတ်နှစ်အကွက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာ ခန္ဓာငါးပါး
ဖြစ်သည်၊ လူမိုက်သည်လည်း နံပါတ်တစ်အကွက် အဝိဇ္ဇာကလာ၍ နံပါတ်နှစ်အကွက်မှာ ခန္ဓာငါးပါးဖြစ်နေသည်၊ ထိုသို့ဖြစ်နေသော် မထူးခြားဖြ
စ်နေသည်။ ဘုရားက ထိုသဘောတို့ကို ရဟန်းတို့အား မိန့်ပါသည် "ရဟန်းတို့ လူလိမ်မာသည်လည်း အဝိဇ္ဇာကလာ၍ ခန္ဓာငါးပါးကို ရနေသည်၊
လူမိုက်သည်လည်း အဝိဇ္ဇာကလာ၍ ခန္ဓာငါးပါးကို ရနေသည်၊ လူလိမ်မာလည်း ခန္ဓာငါးပါး လူမိုက်လည်း ခန္ဓာငါးပါးဖြစ်၍ မည်သည်များ ထူးခြား
မှုဖြစ်သနည်း"ဟု ရဟန်းတို့ကို မိန့်တော်မူသည်။
နားချင်းအောင်ပြောသော် သိဒ္ဓတ္ထမင်းသား လူလိမ်မာသည်လည်း အဝိဇ္ဇာကလာ၍ ခန္ဓာငါးပါး ရနေသည်၊ ဒေဝဒတ် လူမိုက်သည်လည်း အ
ဝိဇ္ဇာကလာ၍ ခန္ဓာငါးပါး ရနေသည်၊ အခြားသူများသည်လည်း ထို့အတူဖြစ်သည်၊ လူလိမ်မာသည်လည်း ခန္ဓာငါးပါး လူမိုက်သည်လည်း ခန္ဓာငါး
ပါးဖြစ်သည်။
လောကအမြင်နှင့်ကြည့်သော် လူလိမ်မာသည် တိုးတက်ကြီးပွါးအောင်လုပ်သည်၊ တိုးတက်ကြီးပွါးအောင်လုပ်၍ အထက်တန်းကို ရောက်သွ
ားသည်၊ လူမိုက်သည် တိုးတက်ကြီးပွါးအောင်မလုပ်၊ တိုးတက်ကြီးပွါးအောင် မလုပ်သည်ဖြစ်၍ အောက်တန်းဘဝ၌ နေရသည်။ မြတ်စွာဘုရား
သည် လောကကြီးပွါးရေး လောကပွါးစီးကြောင်းကို အလိုရှိ၍ မိန့်သည်မဟုတ် တရားသဘောကို အလိုရှိ၍ မိန့်သည်ကို ရဟန်းတို့သည် နားလ
ည်ကြသည်။ ရဟန်းတို့က ဘုရားအလိုကို အချကျကျ ငါတို့မသိနိုင်ကုန်သည်ဖြစ်၍ မြတ်စွာဘုရားကို ရဟန်းတို့က လျှောက်ထားကြပါသည်။
ရဟန်းတို့က "အရှင်ဘုရား တပည့်တော်တို့သည် ဤတရားသဘောကို မသိပါ၊ ရှေ့က ကသ၁ပဘုရားပွင့်ခဲ့ပါသည်၊ ကသ၁ပဘုရားပွင့်၍ တ
ပည့်သားတို့နှင့် ပရိနိဗ္ဗာန် စံသည်လောက်ကပင် သာသနာကွယ်၍ တရားသဘော ပျောက်သွားပါသည်၊ တရားပျောက်၍ ဟောပြောသူမရှိ ဖြစ်ခဲ့
မှုသည် အရှင်ဘုရား ဘုရားဖြစ်လာသည်အထိ ဖြစ်ပါသည်။ ထိုကြားကာလမှာ တပည့်တော်တို့သည် လှူးလိမ့်ပြီးလာရပါသည်၊ အရှင်ဘုရားမိန့်
သော တရားသဘောကို တပည့်တော်တို့ မဖြေတတ်ပါ၊ တရားသဘောကို အရှင်ဘုရားဖြေလျှင် တပည့်တော်တို့မှတ်ယူပြီး ကျင့်ကြံအားထုတ်နို
င်ပါလိမ့်မယ်" ဟု မြတ်စွာဘုရားအား လျှောက်ထားလိုက်သည်။
လက်ရှိခန္ဓာ၌ လူလိမ်မာသည် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်သည်၊ လူမိုက်သည်လည်း အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်သည်၊
လက်ရှိခန္ဓာမှာ လုမိုက်နှင့်လူလိမ်မာသည် တူနေကြသည်။ သို့သော်လည်း ခြားနားမှုက လူမိုက်သည် တရားမလုပ်၊ လူလိမ်မာသည် တရားကို
လုပ်သည်။ တရားလုပ်သူသည် နံပါတ်သုံးအကွက်သို့မလှည့်ဘဲ ဝေဒနာနှင့်တဏှာကြား ထွက်သွားသူသည် လူလိမ်မာဖြစ်သည်၊ နံပါတ်သုံးအ
ကွက် တဏှာ ဥပါဒါန် ကံသို့ လှည့်သူအားလုံးသည် လူမိုက်ဖြစ်သည်။ စာတတ်သူ ပညာရှိသူဆိုသော်လည်း လူမိုက်ထဲကိုပါသွားသည်၊ ထွက်ဖို့
လုပ်သူမှ လူလိမ်မာဖြစ်ပါသည်။
ယခု လက်ရှိခန္ဓာသည် အိုနာသေ ဒုက္ခကိုရနေသည်၊ နောက်ထပ် အိုနာသေဒုက္ခရအောင် လုပ်သူသည် လူမိုက်ဖြစ်သည်၊ အိုနာသေ ဒုက္ခကို သိ၍ အိုနာသေဒုက္ခမှ လွတ်အောင်လုပ်သူသည် လူလိမ်မာဖြစ်သည်။ လူလိမ်မာဖြစ်သော ဘုရားကိုကြည့်ပါ၊ သိဒ္ဓတ္ထမင်းသားဘဝဖြင့် ပဋိသန္ဓေ
နေ၍ ခန္ဓာငါးပါးဖြစ်သည်၊ ထိုနောက် တရားကိုအားထုတ်၍ ဘုရားဖြစ်သောအခါ တဏှာ ဥပါဒါန် ကံဘက်ကို မသွားပါ၊ နံပါတ်နှစ်အကွက်နှင့် နံ
ပါတ်သုံးအကွက်ကြားက ထွက်သွားပါသည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားက ဝေဒနာနှင့်တဏှာကြားမှာ ဘုရားဖြစ်သည်လို့ပြောသည်။
လူလိမ်မာဖြစ်သော သိဒ္ဓတ္ထမင်းသားသည် တရားအားထုတ်သောအခါ ဤခန္ဓာကို ဒုက္ခမြင်သွားသည်၊ ဒုက္ခမြင်သည်ဖြစ်၍ ငါရို့ကို ပို့ချသော
အခါ၌လည်း ဒုက္ခလို့ ပို့ချပါသည်။ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာသည် မရှိပါ၊ အပြောသာဖြစ်သည်၊ တကယ်ရှိသည်က ဒုက္ခဖြစ်ပါသ
ည်။ ငါရို့သိနေသော လူချမ်းသာကို ထုတ်ဖို့လိုလာသည်၊ ငါရို့သိနေသော လူချမ်းသာသည် အစားပြည့်စုံမှု အဝတ်ပြည့်စုံမှု အနေအထိုင်ပြည့်စုံမှု
အသက်ရှည် အနာကင်းမှုတို့သည် လူ့ချမ်းသာဖြစ်သည်။ အားလုံးကိုစုလိုက်သော် မကြောင်းမကြ မတောင်းမတရဘဲ စားဝတ်နေရေး ပြည့်စုံနေ မှုသည် လု့ချမ်းသာဖြစ်သည်။
အစားပြည့်စုံနေသော ပုဂ္ဂိုလ်သည် အစားအတွက် လုပ်ဖို့တော့ မလိုဖြစ်သည်၊ သို့သော်လည်း စားပေးနေရသည်၊ သူများစား၍ ကိုယ်မဝဖြစ် သည်၊ စားပေးနေရသည်ကို ဒုက္ခရောက်နေသည်လို့ သိဖို့ခက်ပါသည်။ သွားနာနေ၍ မဝါးနိုင် လည်ခေါင်းကျည်း၍ မမျိုနိုင် မစားနိုင် တစ်စုံတရာ
ရောဂါရမှ စားပေးရသောဒုက္ခကို သိလာသည်၊ မစားနိုင် မမျိုနိုင်သောအခါမှ ဒုက္ခမဟုတ်ပါ၊ နဂိုကပင် ဝါးမျိုနေရမှုသည် ဒုက္ခလို့ နားလည်နေရမ
ယ်ဖြစ်သည်။ မည်သည့်သတ္တဝါမှ စားမှုမျိုမှုမရှိဘဲ အသက်မရှင်နိုင်ဖြစ်သည်၊ အယုတ်ဆုံး ဗြဟ္မာများသော်မှ ဈန်ဝင်စားမှုခေါ်သော ဝိညာဏာဟာ ရကိုစားရသည်၊ ဈန်ဝင်စားမှုမရှလျှင် ဗြဟ္မာများ သေဆုံးကြရပါသည်။
နတ်တို့၌ နေထွက်သောအချိန်မှာ နတ်သုဒ္ဓါတို့ ရှေ့ကိုရောက်လာသည်၊ ထိုအခါ မစားလိုက်သော် နတ်များသေကြရသည်။ ဘုန်းကြီးပြောလို သည်မှာ စားနေရမှုသည် ကိုယ်က ချမ်းသာနေသည်၊ စားနေရမှု ချမ်းသာနေသည်ဖြစ်သော် မသေရ ဖြစ်ရမယ်ဖြစ်သည်။ စားလျှင် အသက်ရှည် သည် အားရှိသည်ပြောကြသည်၊ တကယ် ကိုယ်ထင်သည့်အတိုင်း အသက်ရှည်မယ် အားရှိလာမယ် ချမ်းသာမယ်ဖြစ်သော် အသက်ရှစ်ဆယ်ေ လာက် စားလာသောသူသည် ဒေါင်ဒေါင် မာနေရမယ်ဖြစ်သည်၊ ယခု စားယင်းနှင့် ခွေလာပါသည်။ ထို့ကြောင့် စားမှုသည် တကယ်ချမ်းသာေ ကြာင့်မဟုတ်ပါ၊ စားယင်းနှင့် အသေဘက်သို့ သွားနေပါသည်။ လက်ရှိခန္ဓာရနေမှုသည် တစ်ချက်မှ ချမ်းသာမပါဖြစ်သည်၊ ကိုယ်က စဉ်းစားဖို့ မတတ်၍ အဖြေမှန် မထွက်ဖြစ်သည်။
တရားကို မကြားဖူးသူသည် စားနေရသော် အသက်ရှည်သည်ဟုထင်သည်၊ စားနေရမှုသည် အသက်ရှည်နေသည်မဟုတ်ပါ၊ ဒုက္ခရောက်
နေသည်လို့ နားလည်ရမယ်ဖြစ်သည်။ ဘုရားက စားနေရမှုသည် ဒုက္ခရောက်နေသည်ဟု ပြောသောအခါ စကားအသံကိုတော့ကြားသည်၊ ကြ
ားကြားချင်း နားမလည်ဖြစ်သည်၊ စားရမှု၌ လျှာသည်ရုပ်တရား စားစိတ်သည်နာမ်တရား ရုပ်နာမ်ဖြစ်သည်။ အပြင်ဘက်စားစရာနှင့်လျှာသည် အ
လုပ်လုပ်၍ ဝါးသည်၊ ထိုသဘောကို ပြုပြင်မှု သင်္ခါရခေါ်ပါသည်၊ အပြင်က စားစရာထည့်လိုက်သည်ကို ဝါးစားရသည်၊ ထိုဝါးစားမှုကို ထမင်းစား
သည်လို့သာ သိသည်၊ ရုပ်နာမ် ပျက်စီးနေသည်လို့ မသိဖြစ်ပါသည်။
သိဒ္ဓတ္ထမင်းသားသည် ထမင်းစားသည်ကို နန်းတော်မှာကပင် သိခဲ့သည်၊ ဗောဓိပင်အောက်၌လည်း ထမင်းစားသည်လို့သိသော် မထူးခြား
ဖြစ်သည်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ဆည်းပူးခြင်သည် ထမင်းစားသည်အသိကို သိလို၍မဟုတ်ဖြစ်သည်။ ထမင်းစားသည်မ ဟုတ် သက်သက် ရုပ်နာမ် ဖြစ်ပျက်နေသည်၊ ရုပ်နာမ် ဖြစ်ပျက်နေမှုကို သိခြင်းသည် တရားကို သိခြင်းဖြစ်ပါသည်။ စားစရာကိုစားမှုသည် ရုပ်နာ
မ်ဖြစ်သည်၊ ရုပ်နာမ်ကို ရုပ်နာမ်ပြော၍ နားမလည်သည့်အတွက်ကြောင့် ကိုယ့်စကားနှင့် ခွဲပြောသောအခါ စားနေမှုအခေါ်သည် ရုပ်နာမ်ဖြစ်သ
ည်။
ဘုရားတရားကို ကြားရရန် ခက်ခဲ့ပါသည်၊ ဒုလ္လဘတရား ငါးပါး၌ သဒ္ဓမ္မသဝနံ ဒုလ္လဘံ သူတော်ကောင်းတရားကို ကြားရရန် ခဲ့ယဉ်းသည်ဟု
ဟောထားသည်။ ဘုရားအဆူဆူသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်၍ ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန် စံဝင်သွားခဲ့ကြပါပြီ၊ ငါတို့သည် ထို
ဘုရားများ ပါရမီဖြည့်သည်ထက် အသက်ရှည်နေသည်။ ဘုရားအဆူဆူတော့ နိဗ္ဗာန်ရောက်သွားသည်၊ ထိုဘုရားတို့ထက်သာ အသက်ရှည်၍ တရားကို ဤနေ့ထိ မသိသေးပါ၊ တရားသည် မရှိ၍မဟုတ် ရှိနေသောတရားကို မသိဖြစ်နေပါသည်။
အရာတ္ထုဟူသမျှသည် ပြောင်းလွဲတတ်သော သဘောရှိသည်၊ ရွာပြောပြောသော် အချိန်လွဲသည်နှင့် စားစရာသည် ပုတ်သိုးသွားသည်၊ မည်
သည့်အရာမဆို ထိုသဘောသည်ရှိသည်၊ ပြောင်းလွဲသောသဘောကို ရုပ်ခေါ်သည်။ အစားအစာကို ခံတွင်းသို့ထည့်လိုက်သော် ထိုအစာကို ဝါး
ရသည်၊ ဝါးလိုက်သောအစာနှင့် လင်ပန်းမှာရှိသောအစာသည် မတူဖြစ်သည်၊ ထိုသဘောသည် ပြောင်းလဲသွားခြင်းဖြစ်သည်။ ထိုဝါးသောအစာ ကို အစာအိမ်ထဲသို့ မျိုချလိုက်သည်၊ ထိုအစာသည် အစာအိမ်၌ ဤအတိုင်းမနေဘဲ အစာကြေညက်သွားသည်၊ အစကြေသည်လို့သာ နားလည် သည်၊ ပြောင်းလွဲနေသည်ကို နားမလည်ဖြစ်သည်၊ အမှန်က ပြောင်းလွဲဖောက်ပြန် ပျက်စီးနေမှုဖြစ်သည်။
နားလည်တတ်သူကကြည့်သော် ခန္ဓာမှာ ငါသူမရှိ ဖြစ်ပေါ်ပျက်စီးနေသော ဒုက္ခဘဲရှိသည်၊ မြင်နေရ ကြားနေရ နံနေရ စားနေရ လုပ်ကိုင်နေ
ရမှုတို့သည် သက်သက် ဒုက္ခရောက်နေမှုကို ဘုရားသည် ကိုယ်တိုင်မြင်သည်၊ မြင်ပုံမြင်နည်းကိုလည်း ကျကျနနသင်ပေးသည်၊ သင်ပေးသည်အ တိုင်း တပည့်သားတို့က ဝီရိယစိုက်ပြီး သတိပညာနှင့်ကြည့်သောအခါ လူနတ်ဗြဟ္မာ ဖြစ်နေသည်မဟုတ် ဒုက္ခဖြစ်နေသည်ကို မြင်ကြသည်။ အ
စအလယ်အဆုံး ဒုက္ခကို သိသောဉာဏ်လာလျှင် ခင်မင်သောတဏှာ အပရန္တစက် ပြုတ်ထွက်သွားသည်၊ မြင်မှု ကြားမှု နံမှုစသည်တို့၌လည်း ဒု
က္ခကိုသိလျှင် အပရန္တစက် ပြုတ်ပါသည်။
ခန္ဓာကို ဉာဏ်စိုက်၍ကြည့်လျှင် ခန္ဓာသည် ဒုက္ခကြီးဆိုပြီး မစားမသောက်ဘဲလည်းမနေနိုင် စားသောက်ပေးနေရသည်၊ စားရမှုသည်လည်း ဒုက္ခ မစားရမှုသည်လည်း ဒုက္ခဖြစ်သည်။ စားရမစားရနှင့်မဆိုင် သက်သက် ဒုက္ခလို့သိသော် ဒုက္ခေ ဉာဏံ ဒုက္ခကိုသသောဉာဏ် ပေါ်လာ သည်၊ ဉာဏ်ပေါ်သော် ခန္ဓာငါးပါး၌ အဝိဇ္ဇာအဖို့ခံမှုကို ခွာပစ်လိုက်သည်၊ ဒုက္ခသိ၍ ခွာပစ်ခြင်းဖြစ်သည်။ အဝိဇ္ဇာကို ခွာပစ်လိုက်သော် အေးချမ်း
ရာကို မြင်တတ်သွားသည်၊ အေးချမ်းရာကို မြင်တတ်သည်ဖြစ်၍ တဏှာ ဥပါဒါန် ကံနှင့် နောက်ခန္ဓာကို ပြုပြင်သောသဘော လုံးဝမရှိသည်ဖြစ်၍
အပရန္တစက်သို့ မသွားဖြစ်ပါသည်။
အပရန္တစက်သို့ မသွားသောသူသည် လူလိမ်မာဖြစ်သည်၊ လူလိမ်မာသည် မြတ်သောအကျင့်ကိုကျင့်သည်၊ ဒုက္ခမှ လွတ်အောင်လုပ်သည်၊ လူမိုက်သည် မြတ်သောအကျင့်ကိုမကျင့် သံသရာလည်အောင်လုပ်သည်။ ထိုသဘောကို သဲကွဲအောင်ပြောသော် လူမိုက်သည် ကံကိုအားကိုး
သည်၊ လူလိမ်မာသည် ဉာဏ်ကိုအားကိုးသည်။ ဘုရားသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ အားကိုးရာကိုပေး
သည်၊ ဓမ္မမှာ ကံကိုမကောက်ရပါ ဉာဏ်ကိုကောက်ရသည်၊ ဓမ္မအရ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ကိုရသည်၊ မဂ်လေးတန်သည် ဉာဏ်
ဖြစ်ပါသည်။
ဉာဏ်တရားရမှ ချမ်းသာမယ်ဖြစ်သည်၊ ဉာဏ်ရသည်၌ နှုတ်တက်ရသည်မဟုတ် စိတ်ထဲ၌ ရုပ်နာမ်လို့ အသိမြဲနေရသည်၊ ရုပ်နာမ်ကိုသိ
ပြီး ရုပ်နာမ်ဖြစ်ပျက်မြင် ရုပ်နာမ်ဖြစ်ပျက်မုန်း ရုပ်နာမ်ဖြစ်ပျက် ဆုံးအာင်ကြည့်ရသည်။ ရုပ်နာမ်ကို သည်သိလောက်ကပင် ဉာဏ်ပေါ်နေသည်၊ ရု
ပ်နာမ်ကို ဖြစ်ပျက်မြင်သော် ဉာဏ်ရင့်နေသည်၊ ရုပ်နာမ်ကို ဖြစ်ပျက်ဆုံးအောင်သိသော် ဉာဏ်အပြီးဆုံးသို့ ရောက်သွားသည်၊ ထိုဉာဏ်ကို မြ တ်စွာဘုရားက အားကိုးရာပြောထားသည်။ သံသရာဝဋ်လည်လာမှုသည် ကံကိုအားကိုးခဲ့၍ဖြစ်သည်၊ အားကိုးရာသင့်သည်က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဖြစ်သည်။
ဗုဒ္ဓဘာသာမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ သင်ပေးသည်၊ ထိုအထဲ၌ သရဏဂုံခေါ်သော အားထားရာကို
သင်ပေးသည်၊ သဘောမပေါက်သောအခါ ငါးပါးရှစ်ပါး သီလယူသောအခါ ဘုန်းကြီးဆိုသည်အတိုင်း လိုက်ဆိုရမယ်လို့သာ မှတ်ယူထားကြသ
ည်။ ဤတရားသည် အားထားကိုးကွယ်ရာမဟုတ် တရားလို့သာ မှတ်ယူထားကြသည်၊ သေအောင်ထိ လွဲချော်မှုဖြစ်သွားသည်၊ ထိုသဘောကို
ယခုကပင် ပြုပြင်ရသည်၊ ယနေ့သိ၍ ယနေ့မပြုပြင်သော် နက်ဖြန်ခါသေသော် မပြုပြင်ဘဲ သေမယ်ဖြစ်သည်၊ ယနေ့ပြုပြင်လိုက်ပြီဖြစ်သော် မန
က်ဖြန် သန်ဘက်ခါကိုမရောက်ဘဲ သေသော်လည်း ပြုပြင်ပြီးသား သေရမယ်ဖြစ်သည်။ ပြုပြင်သည်၌ ကံအစား ဉာဏ်ကိုထည့်လိုက်ရသည်၊
ကံသည် သူတော်ကောင်း အလုပ်ဖြစ်သည်၊ ဉာဏ်သည် အရိယာအလုပ်ဖြစ်သည်။
နားချင်းအောင်ပြောသော် ကံသည် ဘဝကောင်းအောင် လည်သွားမှုဖြစ်သည်၊ ဉာဏ်သည် ဘဝမှ ထွက်မြောက်ရန်ဖြစ်သည်။ ကိုယ်က ထွ
က်မြောက်ဖို့လူလား လည်ဖို့လူလား၊ ထွက်မြောက်ဖို့လူဖြစ်သော် ကံကို အားကိုးနေ၍မရပါ၊ ဉာဏ်ကို အားကိုးရမယ်ဖြစ်သည်။ ဉာဏ်သည် ဓမ္မဖြစ်သည်၊ ဓမ္မကို အားကိုရပါသည်။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်တန်သော တရားတော်မြတ် သည်။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်သည် လောကုတ္တရာ တရားဖြစ်သည်၊ ယခုလို ပရိယတ်ကို သင်ယူမှုမရှိသော် မဂ်လေးတန် ဖိုလ်လေး တန် နိဗ္ဗာန်ကို မသိဖြစ်သည်၊ ယခုလို သင်ယူလိုက်သော် ကိုယ်က သိသွားပါသည်။
တရားနာယူမှုသည် သင်ယူနေခြင်းဖြစ်သည်၊ တရားနာ၍ သင်ယူပြီးဖြစ်သော် မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ကိုရအောင် လုပ်ရမယ်ဖြစ် သည်၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ရပုံရနည်းကို တရားနာယူမှရသည်၊ တရားနာယူမှုသည် ပရိယတ်ဖြစ်သည်။ မဂ်လေးတန်ရဖို့အတွက်
ခန္ဓာကိုယ်ကို ဉာဏ်စိုက်ပြီး ဖြစ်ပျက်မြင်အောင် ကြည့်ရသည်၊ ဖြစ်ပျက်သည် တခြားမဟုတ်ပါ၊ မြင်နေရမှု ရုပ်နာမ်သည် ဖြစ်ပျက်ဖြစ်သည်၊ မြင်
ပြီး မမြင်လိုက် ဖြစ်ပျက်၊ ကြားပြီး မကြားလိုက် ဖြစ်ပျက်၊ နံပြီး မနံလိုက် ဖြစ်ပျက်ဖြစ်သည်။ မြင်မှု ကြားမှု နံမှု စားမှု လုပ်ကိုင်မှုအားလုံးသည် ဖြစ်ပျ
က် ဒုက္ခဖြစ်သည်၊ မြင်မှု ကြားမှုစသည်ကို ဖယ်လိုက်သော် ဒုက္ခသာရှိသည်၊ မြင်နေသည် ကြားနေသည်မဟုတ် ဒုက္ခဖြစ်နေကြသည်။
တရားကိုမကြားဖူး၍ တရားအသိ ခက်သည်အတွက်ကြောင့် စကားနှင့်တွဲ၍ ပြောခြင်းဖြစ်သည်၊ အင်္ဂလိပ်စကားကို ရခိုင်စကားနှင့် တွဲပေး
သလို ကိုယ့်စကားနှင့်တွဲ၍ ပြေခြင်းဖြစ်သည်။ အင်္ဂလိပ်စကားကို တစ်ခါမှ မကြားဖူးသူကို အင်္ဂလိပ်စကားကို တိုက်ရိုက်ပြောသော် နားမလည်သ လို ဘုရားစကားကိုလည်း ဒုက္ခကြီးလို့ တိုက်ရိုက်ပြောသော် နားမလည်ဖြစ်သည်။ ယခု ကိုယ်စကားနှင့် တွဲပြောပါသည်၊ မြင်နေရမှုသည် ဒုက္ခ၊
မြင်နေရမှုဆိုသောစကားနှင့် ဒုက္ခဆိုသောစကားသည် သဘောတူဖြစ်သည်၊ ကြားနေရမှု နံနေရမှု စားနေရမှု လုပ်ကိုင်နေရမှု ကြံတွေးနေရမှုတို့
၌လည်း ထို့အတူဖြစ်သည်။
ဒုက္ခကို ကျကျနနသိသော် တစ်နေရာမှာထိုင်၍ သတိနှင့် ဆင်ခြင်ကြည့်သော် ဒုက္ခမှ လွတ်သည်မရှိ ဒုက္ခရောက်နေသည်ကို မြင်မယ်ဖြစ် သည်၊ ထိုဒုက္ခသည် ဖယ်ပစ် ခွာပစ်၍မရသော ဒုက္ခအစစ်ဖြစ်သည်၊ ဒုက္ခေ ဉာဏံ၊ ဒုက္ခကို သိသွားသည်။ ဒုက္ခအစစ်ကိုမသိခင် မစားရသည်က ဒုက္ခ စားရသည်က သုခသိနေသည်၊ မမြင်ရသည်က ဒုက္ခ၊ မြင်ရသည်က သုခ၊ မကြားရသည်က ဒုက္ခ၊ ကြားရသည်က သုခ၊ မနံရသည်က ဒုက္ခ၊
နံရသည်က သုခ၊ နေစရာ ထိုင်စရာမရှိသည်က ဒုက္ခ၊ နေစရာ ထိုင်စရာရှိသည်က သုခသိနေပါသည်။ ယခု ဒုက္ခအစစ်ကို သိသွားသော် အသိခံ
က ဒုက္ခ၊ သိဉာဏ်က မဂ္ဂ၊ စောစောက မဂ္ဂမထွက် သမုဒယထွက်သည်၊ ယခုဒုက္ခကိုသိ၍ သမုဒယနေရာ၌ မဂ္ဂအစားဝင်လာပါသည်။
သမုဒယနေရာ မဂ္ဂအစားဝင်လာသော် သမုဒယသည် သေသွားပါသည်၊ သမုဒယသေသော် နံပါတ်သုံးအကွက် ပျောက်သွားသည်၊ နံပါတ်
သုံးအကွက်ပျောက်သော် နံပါတ်လေးအကွက်မှ ဇာတိ ဇရာမရဏ ခန္ဓာမလာဖြစ်သည်၊ နောင်ခန္ဓာမလာသည်က နိရောဓ၊ အပရန္တစက် ပြုတ် ထွက်သွားပါသည်။ ထို့ကြောင့် ဒေနာနှင့်တဏှာကြား ဘုရားဖြစ်သည်စကားသည် အင်မတန် လေးနက်သော စကားဖြစ်သည်၊ ကိုယ့်အနေအ ထားနှင့်လည်း လုပ်ဖို့အတွက် လမ်းစပေါ်သွားပါသည်။ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း လုပ်ကိုင်တိုင်း ကြံတွေးတိုင်းသည် ဒုက္ခချည်းဖြစ်နေ ပါသည်။
လက်ရှိခန္ဓာကို လူလိမ်မာသည် တရားကိုလုပ်သည်၊ တရားအလုပ်သည် ဒုက္ခကို သိအောင်လုပ်သော အလုပ်ဖြစ်သည်၊ တခြားလုပ်ငန်းအား
လုံးသည် တဏှာ ဥပါဒါဒါန် ကံချည်းထွက်၍ တရားသိမှုမပါဖြစ်သည်။ နံပါတ်တစ်အကွက်မှ နံပါတ်နှစ်အကွက်သို့ ဆက်မှုသည် ရှေ့ကမသိ၍ ဒု
က္ခရောက်သည်၊ နံပါတ်နှစ်အကွက်မှ နံပါတ်သုံးအကွက်သို့ ဆက်မှုသည် လိုချင်၍ အိုနာသေကိုရရှိပြီး ဒုက္ခရောက်ရသည်၊ ယခုဘုရားသာသနာ
နှင့်ကြုံသောအခါ ဒုက္ခကိုသိအောင် လုပ်ရမယ်ဖြစ်သည်။ မြတ်စွာဘုရားကို ရဟန်းတို့က လျှောက်ကြသည်၊ "တပည့်တော်တို့ကို ဒိဋ္ဌိတို့ တခြားအ
ယူဝါဒရှိသော ပုဂ္ဂိုလ်တို့သည် မေးကြပါသည်ဘုရား၊ ရဟန်းဂေါတမ အဆုံးအမ၌ မည်သည်အတွက်ကြောင့် ရဟန်းဝတ်ပြီး နည်းခံနေကြသ လဲ၊ မေးကြပါသည်၊ တပည့်တော်တို့ တစ်ခါတစ်လေ ပြောဖို့မတတ်ပါဘုရား" ဟု လျှောက်ထားကြသည်။
ထိုအခါ မြတ်စွာဘုရားက ရဟန်တို့ကို "ဒုက္ခသ၁ ခေါ အာဝုသော ပရိညာယ ဘဂဝတိ ဗြဟ္မစရိ ဝုသတိ ဒုက္ခကို သိအောင်လို့ ဂေါတမထံမှာ
တပည့်ခံပြီး ကျင့်သုံးနေသည်လို့ဖြေပါ၊ ထိုသို့ဖြေသော် ငါဘုရားစကားနှင့် တထပ်တည်းကျသည်" ဟု မိန့်ကြားပါသည်။ ဘုရားသည်လည်း ဒုက္ခ
ကို သိလာသည်၊ ဒုက္ခသစ္စံ ပရိဇာနန္တော ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ပိုင်းပိုင်းခြားခြားသိသည်၊ ပိုင်ပိုင်နိုင်နိုင် ပိုင်းပိုင်းခြားခြားသည် လူခန္ဓာတစ်ခု
တည်းကို မဟုတ်ပါ၊ ခန္ဓာအားလုံးကို ဖြစ်ပါသည်။ တကာ တကာမတို့ ဤဒါနကြောင့် နတ်ခန္ဓာကို ရပါလို၏တောင်းခြင်းသည် ဒုက္ခကို တောင်း
ခြင်းဖြစ်သည်၊ ဒုက္ခကို သိသောပုဂ္ဂိုလ်သည် ခန္ဓာကိုတောင်းသောစိတ် လိုချင်သောစိတ်သည် ပျောက်သွားပါသည်၊ ဒုက္ခသစ္စံ ပရိဇာနန္တော ခန္ဓာ
အားလုံးကို ဒုက္ခသိ၍ဖြစ်ပါသည်။
ဒုက္ခကိုသိသော် သမုဒယသစ္စံ ပဇဟန္တော ဘဝစည်းစိမ်ကိုလိုချင်သော သမုဒယသစ္စာကို ဖယ်ပစ်လိုက်သည်၊ ဒုက္ခကိုသိသောစိတ်က ဖယ်
ပစ်လိုက်သည်။ ဒုက္ခကိုလည်းသိသည် သမုဒယကိုလည်း ဖယ်ပစ်သော် နောင်ဒုက္ခမလာဖြစ်သည်၊ နောင်ဒုက္ခမလာအောင် သိစိတ်က လမ်းကြောင်းပေးသည်၊ သိစိတ်သည် မဂ္ဂ၊ ဒုက္ခမလာသည်က နိရောဓဖြစ်သည်။ ကျင့်ထုံးကိုသိ၍ ကျကျနနမြင်ပြီဖြစ်သော် ဘဝတိုမယ်ဖြစ်သည်၊
အရိမေတ္တယျဘုရား သာသနာမှာသော်လည်း တပည့်ဖြစ်မယ်ဖြစ်သည်၊ သို့မဟုတ် ဂေါတမသာသနာမှာသော်လည်း တပည့်ဖြစ်မယ်ဖြစ်သည်။
ဂေါတမသာသနာသည် နှစ်ထောင့်ငါးရာရှိသေးသည်၊ ဤသာသနာအတွင်းမှာ သောတာပန်ဖြစ်သွားသော် အရိမေတ္တယျဘုရား တပည့်မဟုတ် ပါ၊ ဂေါတမဘုရား တပည့်ဖြစ်ပါသည်။
ဒုက္ခကို အသေအချာသိသော် သောတာပန်ဖြစ်သည်၊ သောတာပန်သည် ခုနစ်ဘဝထက် ရှစ်ဘဝကို မသွားဖြစ်သည်၊
ဤအခြေအနေနှင့်ဆိုသော် တကာ တကာမတို့ ခုနစ်၏နောက်က သုညထိုး၍ မဆုံဖြစ်နိုင်သည်။ ဒုက္ခကိုမသိလျှင် ဘဝသည် အကြီးအကျယ်
ရှည်လျှားသည်၊ ဒုက္ခကိုသိသော် ဘဝတို့ပါသည်။ ကိုယ့်အိမ်တွင်းလုပ်ငန်းကိုကြည့်ပါ၊ ထမင်းမစားရ ခေါင်းပါးနေမှုကို ဒုက္ခလို့သိ
သော် ထိုထမင်းငတ်ကြောင့် ခေါင်းပါးကြောင့်ဖြစ်သော အလုပ်တို့ကို ဖယ်ပစ်ကြသည်၊ ငါသည် ဤအလုပ်ကြောင့် ခေါင်းပါး၍ ဒုက္ခဖြစ်သည်၊ ဤ
အလုပ်ကို မလုပ်ပြီလို့ ဖယ်ပစ်လိုက်သည်၊ ဒုက္ခကိုသိသော် ဆင်းရဲသော အနေအထားသည် တိုသွားပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြရ
အောင်။
No comments:
Post a Comment