စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၇ ရက် နံနက် ၇ နာရီမှ ၈နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
သုံးပါးအစပ်- အပိုင်း- ၂ဤနေ့ဆိုလျှင် ပဋိစ္စသမုပ္ပါဒ်ကို သင်ယူလေ့လာမှုနှင့် ကိုယ်ကိုယ်တိုင် တရားမှတ်မှုသည် ခုနစ်ရက်မြောက် ရှိခဲ့ပါပြီ၊ အမှန်က ခုနစ်ရက်ဆိုလျှ
င် နေခွင့်ရက်ကုန်သွားသည်၊ နေခွင့်ကို သုံးရက်တိုး၍ တရားနာယူခွင့်ကို ရသွားသဖြင့် အသိပို၍ ပွါးသွားပါသည်။ ဒုက္ခခံ၍ အသိပွါးသွားခြင်းသ
ည် ကောင်းပါသည်၊ ဒုက္ခလည်းခံရသည် အသိလည်းမပွါးဖြစ်လျှင် ပိုဆိုးသွားသည်။ သုံးရက်တိုးသွားခြင်းသည် သံသရာဝဋ်ကျွတ်ကြောင်းတရား
ကို ပိုပြီးနားလည်ခွင့် ရသွားသည်လို့ သဘောပေါက်ရပါမယ်။
ရှေ့က မိကြီးဖကြီးတို့ ပြောစကားရှိသည်၊ အသက်ရှည်လေ ကုသိုလ်ရလေစကားဖြစ်သည်။ အသက်ရှည်သော် အလှူလုပ်ခွင့် သီလဆောက်
တည်ခွင့် ပုတီးမေတ္တာဘာဝနာများ ပွါးများခွင့်ရသည်၊ တစ်ချို့ အသက်ရှည်သော်လည်း အကုသိုလ်ပွါးကြသည်၊ အလှူမလုပ် သီလမဆောက်တ
ည် ပုတီးမေတ္တာဘာဝနာမပွါးသော် အသက်ရှည်လေ အကုသိုလ်များလေဖြစ်သည်။ ထို့ကြောင့် စစ်တွေမြို့မှာ ယတြာဆရာတော်ကြီးတစ်ပါးရှိခဲ့
သည်၊ ထိုဆရာတော်ကြီးသည် ယခု ပျံတော်မူသွားပြီဖြစ်သည်။ ဆရာတော်ကြီးသည် တရားဟော အလွန်ကောင်းသည်၊ ဆရာတော်ကြီး၏ ဇာ
တိမွေးဖွားရာသည် မြောက်ဦးမြို့နယ် ကျွဲတဲရွာဖြစ်သည်၊ မိမိ၏ဇာတိရွာကို ဆရာတော်ကြီးရောက်သောအခါ ကိုယ်နှင့်သက်တူရွယ်တူ သူငယ်
ချင်းများသည် အလ္လာပ သလ္လာပစကားပြောရန် ရောက်လာကြသည်။
သတင်းမေးရန် ရောက်လာသောသူငယ်ချင်းကို မင်းယခုလည်း မသေသေးလားပြောလိုက်သောအခါ သူငယ်ချင်းက တပည့်တော်ကို သေ
စေလိုသည် ဤလောက်တောင် မုန်းသလားဆရာတော် ပြန်လျှောက်လိုက်သည်၊ ထိုအခါ ဆရာတော်ကြီးသည် မုန်း၍သေစေလိုသည်မဟုတ်
မင်းတို့က အသက်သာကြီး၍ ကုသိုလ်လည်းမပွါး သက်သက် အကုသိုလ်များနေသော် အဝီစိက တက်နိုင်မယ်မဟုတ်၊ မင်းတို့ လုပ်ပုံ ကိုင်ပုံကို
ကြည့်လျှင် အရိမေတ္တယျဘုရားကိုလည်း တွေ့မယ်မဟုတ်ဟု အမိန့်ရှိလိုက်သည်။ ကိုယ့်သူငယ်ချင်းတို့သည် အသက်ခြာက်ဆယ် ခုနစ်ဆယ်ရှိပြီး
အသောက်အစားသည် မကင်းနိုင်သေးဖြစ်သည်ကိုမြင်၍ သနားကရုဏာဖြစ်လျက် ပရိယာယ်နှင့် ပြောခြင်းဖြစ်သည်။
အသက်ကြီးသည်ကို အသုံးချတတ်လျှင် ကုသိုလ်ပွါးသည်၊ အသုံးမချတတ်ဖြစ်သော် တစ်ခါတည်း အကုသိုလ်ပွါးသွားပါသည်၊ သောက်စားမှု
သည် ဒုစရိုက်တိုးပွါးသည်ဖြစ်၍ အသက်ကြီးလာသော် သောက်စားမှုကို ဆုတ်ဖို့ကောင်းပါသည်။ ခါတိုင်းအခါ တစ်ပုလင်းသောက်သော် ထက်ဝ
က်လောက် ဖြုတ်ပစ်လိုက်သင့်သည်၊ တစ်ခါတည်း အပြီးတိုင်မဖြုတ်နိုင်သော်လည်း တရွေ့ရွေ့ဖြုတ်မှုနှင့် အကုသိုလ်ကိုပယ်ရသည်။
အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတသေ၁ဝ၊ နိဒ္ဓမေ မလမတ္တနော။
ကမ္မာရော၊ ရွှေပန်းထိမ်သည်သည်။ ရဇတသေ၁ဝ၊ ရွှေ၏။ မလံ၊ အညစ်အကြေးကို။ နိဒ္ဓမတိဧဝ၊ အနည်းငယ် အနည်းငယ် မှုတ်လွှင့်သကဲ
သို့။ ဧဝံ၊ ဤအတူ။ မေဓာဝီ၊ ပညာရှိသည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်။ ခဏေ ခဏေ၊ ခဏတိုင်း ခဏတိုင်း၌။ ကုသလံ၊ ကုသိုလ်ကို။ ကရောန္တော၊ ပြုလုပ်လျက်။ အတ္တနော၊ မိမိ၏။ မလံ၊ ကိလေသာအညစ်အကြေးကို။ နိဒ္ဓမေ၊ မှုတ်လွှင့်ရာ၏။
ဘုရားပေးသောနည်း အင်မတန်ကောင်းပါသည်။
ရွှေပန်းထိမ်သည်ကို တစ်ယောက်ယောက်က ရွှေထည်ကိုအပ်လာလျှင် အပ်လာသည်အတိုင်း ကြိုးငင်၍ ကိုယ်လိုသည့်ပုံစံ လုပ်မရသည်ဖြစ်
၍ ထိုရွှေကို မီးမှာဖုတ်၍ ရေစိမ်ပြီးနောက် တူနှင့်ထုရသည်၊ မီးဖုတ် ရေစိမ် တူနှင့်ထုခြင်းသည် ရွှေမှာရှိသော အညစ်အကြေးကို ထုပ်ပယ်ပစ်လို
က်သည်၊ မထုပ်ပယ်သော် ကိုယ်ပြုလုပ်လိုသော ရွှေကြိုးစသည် လုပ်၍မရဖြစ်သည်။ ထို့အတူ ကိုယ့်စိတ်မှာရှိသော အညစ်အကြေးကိုလည်း အ
လှူပေးခြင်း သီလဆောက်တည်ခြင်း ပုတီးစိပ်ခြင်း မေတ္တာဘာဝနာပွါးများခြင်း တရားမှတ်ခြင်းတို့ဖြင့် အနည်းငယ် အနည်းငယ် အခွင့်အခါကြုံတို
င်း ထုတ်ပယ်ပစ်ရသည်။ ယခုသည် တကာ တကာမတို့ အကုသိုလ်အညစ်အကြေးကို ထုတ်ပယ်နေခြင်းဖြစ်သည်။
ဘုရားပေးသောနည်းကို လိုက်တဲ့ပုဂ္ဂိုလ်သည် ဆင်းရဲသည်ဟူ၍မရှိပါ၊ ချမ်းသာချည်းတိုးလာမယ်ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ကိုကြည့်သော်
သားအသက် သမီးအသက်ကနေ၍ မိဘအသက်ရောက်နေကြပါပြီ၊ အသက်နှစ်ဆယ်ထိသည် သားအသက် သမီးအသက်ဖြစ်သည်၊ အသက်
နှစ်ဆယ်ကျော်မှ အသက်လေးဆယ်ငါးဆယ်ထိသည် မိဘအသက်ဖြစသည်၊ အသက်ငါးဆယ်ကျော်လျှင် ဘိုးဘွားအသက်ဖြစ်သည်။ မိဘအ သက်ရောက်သည်တိုင် အကုသိုလ်ကို မစွန့်တတ် မထုတ်ပယ်တတ်သေးဖြစ်လျှင် အသက်ကြီးလေ အကုသိုလ်တိုးလေဖြစ်သည်၊ ထိုသဘောတို့
သည် ယတြာဆရာတော်ကြီး၏ ကိုယ့်သူငယ်ချင်းတို့၌ ရှိနေသည်ကိုမြင်၍ အသက်ကြီးလေဆိုးလေ မင်းအဝီစိက တက်နိုင်လိမ့်မယ်မဟုတ် အရိ
မေတ္တယျဘုရားပွင့်တောင် သိလိုက်မြင်လိုက်မယ်မဟုတ် ဆုံးမပါသည်။
ဘုန်းကြီး မနေ့ကပြောခဲ့သော သုံးပါးအစပ်ကို ဆက်ပြီးပြောပါမယ်၊ အစပ်သုံးပါးမှာ နံပါတ်တစ်အကွက်နှင့် နံပါတ်နှစ်အကွက် သင်္ခါရနှင့်ဝိ
ညာဏ် တစ်စပ်၊ ဤအစပ်သည် သက်သက် သေပေါက်ကိုဝင်နေသော အစပ်ဖြစ်သည်။ သေပေါက်ကိုဝင်ပြီး နံပါတ်နှစ်အကွက်ခန္ဓာမှာ ဝေဒနာ
နှင့်တဏှာအစပ်သည် ထွက်ပေါက်လည်းရှိသည် ဝင်ပေါက်လည်းရှိသည်၊ ထွက်ပေါက်ကို ပညာရှိသူ စိတ်ကောင်းရှိသူသည် ရှာ၍ရသည်၊ ပညာ
မရှိသူသည် ထွက်ပေါက်ကို မမြင်နိုင် ရှာ၍မရနိုင်ဖြစ်သည်။
ထိုနေရာမှာ ဤခန္ဓာဖြစ်ပုံကိုပြောပါမယ်။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်ဆိုရာ၌ သင်္ခါရသည် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အနဉ္ဇာဘိ
သင်္ခါရဟူ၍ သင်္ခါရ သုံးမျိုးရှိသည်၊ ပုညာဘိသင်္ခါရကို ဒါန သီလလို့နားလည်ပါ၊ အပုညာဘသင်္ခါရကို အကုသိုလ်လို့နားလည်ပါ၊ အနဉ္ဇာဘိသင်္ခါရ
ကို ရူပ အရူပ ဘာဝနာကုသိုလ်လို့နားလည်ပါ၊ ဘာဝနာကုသိုလ်သည် ပုညာဘိသင်္ခါရထဲမှာလည်း ပါဝင်နေပါသည်။ သင်္ခါရပစ္စယာ ဝိညာဏံ ဘု
ရားဟောသည်၊ ဘုရားဟောလို့ ဖြစ်နေသည်မဟုတ် ဖြစ်နေပုံကိုမြင်၍ ဘုရားဟောပါသည်။
သင်္ခါရထဲ၌ ပုညာဘိသင်္ခါရခေါ်သော ဒါန သီလရှိသောပုဂ္ဂိုလ်သည် နံပါတ်နှစ်အကွက် ဝိညာဏ်ထဲမှာ လူဝိညာဏ် နတ်ဝိညာဏ်ဖြစ်ရသည်၊
လူနတ်ဖြစ်လာမှုသည် ပုညာဘိသင်္ခါရ ဒါနနှင့်သီလကြောင့် ဖြစ်လာပါသည်။ အလှူမပေး သီလမဆောက်တည် အပုညာဘိသင်္ခါရကြောင့် ငရဲ
တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဝိညာဏ်ဖြစ်လာသည်၊ အပုညာဘိသင်္ခါရကြောင့် အပါယ်လေးဘုံထွက်ပါသည်၊။ အနဉ္ဇာဘိသင်္ခါရ ဘာဝနာကု
သိုလ်ကြောင့် ရူပဗြဟ္မာ အရူပဗြဟ္မာဖြစ်သည်၊ ဘာဝနာ၌ နှစ်မျိုးရှိသည်၊ နှစ်မျိုးလုံးကို တပေါင်းတည်း ပေါင်းပစ်လိုက်သည်၊ ပထမဈာန် ဒုတိယ
ဈာန် တတိယဈာန် စတုတ္ထဈာန်ရအောင် အားထုပ်ကြသည်၊ ဈာန်ရသောပုဂ္ဂိုလ်သည် ဗြဟ္မာဖြစ်ရပါသည်။
ဒါနသီလကြောင့် လူနတ်ဖြစ်သည်၊ ဒါနသီလမရှိသောသူသည် ငရဲတရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်သည်၊ ဘာဝနာကြောင့် ဗြဟ္မာဖြစ်သ
ည်၊ အားလုံးသောပုဂ္ဂိုလ်သည် နံပါတ်နှစ်အကွက် ဝိညာဏ်သို့ ဝင်သွားပါသည်။ လူဘဲဖြစ်စေ နတ်ဘဲဖြစ်စေ ဗြဟ္မာဘဲဖြစ်စေ ငရဲတိရစ္ဆာန်ပြိတ္တာ
အသူရကာယ်ဘဲဖြစ်စေ သေမယ့်နေရာသို့ ဝင်သွားသည်၊ သေပေါက်ကို ဝင်သွားသောပုဂ္ဂိုလ်သည် ဝိညာဏ်ကနေ၍ ဝေဒနာထိ ခန္ဓာငါးပါး ရုပ်
နာမ်ဖြစ်ပါသည်။ ဝိညာဏံ၊ သိစိတ်ဝိညာဏ်သည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဝိညာဏပစ္စယာ၊ သိစိတ်ဝိညာဏ်ဟူသောအကြောင်းကြောင့်။ နာမရူပံ၊ နာ
မ်သည်၎င်း၊ ရုပ်သည်၎င်း၊ နာမ်ရုပ်သည်၎င်း သီးခြားစီ သုံးမျိုးထွက်ပါသည်။
အရူပလေးဘုံသည် နာမ်ချည်း သက်သက်ဖြစ်သည်၊ ဘာဝနာကုသိုလ် အနဉ္ဇာဘိသင်္ခါရကြောင့် အရူပဘုံ၌ နာမ်ချည်းသက်သက် ဗြဟ္မာဖြစ်
ရသည်။ ခန္ဓာသည် ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရခန္ဓာ ဝိညာဏက္ခန္ဓာ ခန္ဓာငါးပါးရှိသည်၊ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရခန္ဓာ ဝိညာ ဏက္ခန္ဓာသည် နာမ်ခန္ဓာလေးပါးဖြစ်သည်၊ ဤနာမ်ခန္ဓာလေးပါး သက်သက်ဖြစ်သော ရုပ်မရှိသော အရူပဘုံမှာလာဖြစ်သည်။ ဈာန်သမာပတ်များ
ရ၍ သေလျှင် အရူပဘုံမှာလဖြစ်သည်၊ ရုပ်မရှိသော် မျက်စိမပါ နားမပါဖြစ်သည်၊ မျက်စိနားမပါလျှင် ဘုရားကို ဖူး၍မရဖြစ်သည်၊ ဘုရားတရားကို ကြားနာ၍မရဖြစ်ပါသည်။
အရူပဘုံမှာဖြစ်သော ဗြဟ္မာတို့သည် ကမ္ဘာနှင့်ချီပြီး အသက်ရှည်သော်လည်း ဘုရားကိုမဖူးရ ဘုရားတရားကို မနာရသည်ဖြစ်၍ အသုံးမကျ
သော ခန္ဓာမျိုးဖြစ်သည်၊ ဘုရားကိုမဖူးရ တရားကို နာခွင့်မရသော် တရားကို မရနိုင်ဖြစ်သည်။ ထို့ကြောင့် ရှေ့က ကျေးဇူးရှင်ဆရာတော်ကြီးများက
ရပ်ပြစ်ရှစ်ပါးက ကင်းလွတ်ရပါလို၏ ရေးထားကြသည်၊ အပြစ်ရှိသောဌာန ရှစ်မျိုးတို့၌ အရူပလေးဘုံသည်လည်း အပြစ်ရှိသောအရပ် လေးမျိုး၌
ပါသည်၊ အရူပလေးဘုံသည် နာမ်သက်သက်ဘြုံဖစ်၍ ဘုရားကိုမဖူးရ တရားကိုမနာရသည်ဖြစ်၍ အပြစ်ရှိသောဌာနဖြစ်ပါသည်။
ဘုရားကိုမဖူးရ တရားကိုမနာရသော် သေလမ်းကလွတ်အောင် လုပ်၍မရဖြစ်သည်၊ နွားကို ထိုဘက်ဤဘက်ကျပ်ခတ်ထားသော် နွားသ
ည် ထွက်ပြေး၍လည်းမရနိုင်၊ အလှီးခံရုံမှ အခြားမရှိသည်ဖြစ်၍ လိုင်မော်ပြီးပေးရသလို အရူပဘုံ၌ဖြစ်သော ဗြဟ္မာများသည်လည်း တရားကိုမနာ
ရခြင်းကြောင့် ထွက်ပေါက်မရှိသည်ဖြစ်၍ ဤအတိုင်း အသေခံရပါသည်၊ ဘုရားကိုမဖူးရ တရားကိုမနာရသောခန္ဓာသည် ထွက်ပေါက်မရှိသည်
ဖြစ်၍ ချမ်းသာကြောင့်ကို လုပ်၍ရသော ခန္ဓာမဟုတ်ဖြစ်လျက် နံပါတ်သုံးအကွက်ကိုစပ်၍ သေပေါက်ကို ရှာသွားပါသည်။
အပုညာဘိသင်္ခါရကြောင့် အပါယ်လေးဘုံမှာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ဖြစ်သော် ဘုရားကို မျက်စိနှင့်မြင်ရသော်လည်း တရားကို မ
သိနိုင်ဖြစ်သည်၊ ဘလောက်ဘဲ ဘုရားကပြောပြော ထွက်ပေါက်ရှိသည်ကို မမြင်နိုင်ဖြစ်သည်၊ ထိုဘဝမျိုးသည် သေပေါက်ကိုရှာသည်နှင့်ဘဲ အချိ
န်ကုန် သေဆုံးကြသည်။
ကောသမ္ဗခဏ္ဍက၌ ရဟန်းတော်များ အငြင်းပွါးကြ၍ မြတ်စွာဘုရားသည် ပါလိလေယျကတောကိုထွက်ပြီး တစ်ပါးတည်း သီတင်းသုံးသည်
ကို ကြားဖူးကြပါလိမ့်မယ်၊ ထိုအခါ ပါလိလေယျတော၌ ပလလဲဆင်မင်းတစ်ကောင်ရှိသည်၊ ထိုဆင်မင်းသည် ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘု
ရားကို ဝေယာဝစ္စ ပြုစုလုပ်ကျွေးသည်။ ဝါကျွတ်သော် မြတ်စွာဘုရားကို အာနန္ဒာကိုယ်တော်လာပင့်၍ မြတ်စွာဘုရားကြွလိုက်သောအခါ ဆင်မ
င်းသည် မြတ်စွာဘုရား၏ ရှေ့ကနေရပ်လာသည်၊ ထိုအခြင်းအရာကို မြတ်စွာဘုရားအား အာနန္ဒာလျှောက်ကြားသောအခါ မြတ်စွာဘုရားသည်
ရဟန်းအားလုံးကို ဤနေရာမှ လွှတ်လိုက်စေလိုပြီး ငါဘုရားကို ဤနေရာမှာ နေစေလိုသောစိတ် ဆင်မင်းမှာဖြစ်နေသည်ကို မြတ်စွာဘုရား မိန့်
ကြားပါသည်။
ပလလဲဆင်ကို မြတ်စွာဘုရားသည် "ပလလဲ သင်သည် ငါဘုရားကို ဝါတွင်းသုံးလတိုင်တိုင် ဝေယျာဝစ္စလုပ်၍ ကုသိုလ်ရထားပြီးဖြစ်သည်၊
ထိုထက်အပြင် သင့်ခန္ဓာမှာ ငါဘုရားပြောသောစကားကို အသံကို ကြားသောနားသာရှိသည်၊ ဉာဏ်နားမရှိသည်ဖြစ်၍ ဤလောက်နှင့်သာကျေ
နပ်လျက် ကျံရှိလိုက်ပါ၊ ငါဘုရားကို တား၍ရမယ်မဟုတ်" ဟု မြတ်စွာဘုရား မိန့်ကြားလိုက်သည်။ ထိုအခါ ပလလဲဆင်မင်းသည် ငါ့ဘဝသည် အ
ဖြစ်ဆိုးလိုက်သည် ဘုရားနှင့်တွေ့သည်တိုင် ငါ့မှာ နားလည်လောက်သောနားမရှိ ဝမ်းနည်းမှုဖြစ်လျှက် နှာမောင်းကို ပါးစပ်၌ထည့်သွင်းပြီး အသံ
မြေကြွေး၍ငိုသည်၊ သူ့မျက်စိမြင်ကွင်းမှ ဘုရားပျောက်သည်ဖြစ်သော် ထိနေရာ၌ပင် ပလလဲဆင်မင်းသည် ရင်ကွဲနာကျ၍ သေသွားပါသည်။
ဆိုလိုသည်က အပါယ်လေးပါး၌ ကျရောက်သောခန္ဓာမျိုးသည် ဘုရားနှင့်တွေ့သော်လည်း တရားမရနိုင်ဖြစ်သည်၊ လူ၌လည်း တရားမရနိုင်ေ သာ ခန္ဓာရှိပါသည်။ နယ်စွန်နယ်ဖျား ဒေသများ၌ဖြစ်သော ခန္ဓာသည်လည်း တရားကိုမနာရ၍ တရားကိုမရနိုင်င်ဖြစ်သည်၊ တချို့ ဘုရားပွင့်သော မဇ္ဈိမဒေသတွင်ဖြစ်သည် သို့သော်လည်း မိစ္ဆာဒိဋ္ဌိ အယူဆိုးဝင်နေသေခန္ဓာဖြစ်၍ တရားမရနိုင်ဖြစ်သည်။
မိမိတို့သည် ထိုပုဂ္ဂိုလ်တို့၏ အနေအထားကလွတ်၍ ဘုရားကိုလည်းဖူးရသည် ဘုရားတရားကိုလည်း နာခွင့်ရသည်၊ နာခွင့်ရသည်ဖြစ်၍ ယ
ခု တရားကို ကြားနေကြပါသည်။ ဤသည်ကား ဒုက္ခ ဤသည်ကား ဒုက္ခဖြစ်ကြောင့် ကြားနေကြသည်၊ ကြား၍သိသော် ဗြဟ္မာမှာဖြစ်သောခန္ဓာ
အပါယ်မှာဖြစ်သောခန္ဓာ အယူမှားဖြစ်သောခန္ဓာ ပစ္စန္တရစ်မှာဖြစ်သောခန္ဓာတို့ထက် သာလွန်မြင့်မြတ်ပါသည်။
ထိုသို့သာရခြင်းအကြောင်းသည် တစ်နံပါတ်အကွက် ပုညာဘိသင်္ခါရမှာ ဉာဏ်ချဉ်သောကုသိုလ်ရှိခဲ့သည်၊ ထိုကုသိုလ်သည် ကိုယ့်ခန္ဓာကို
နံပါတ်တစ်အကွက်သို့ ပို့လိုက်သည်၊ ဉာဏ်ချဉ်သောကုသိုလ်သည် မပြောသော်လည်း ပြောသကဲသို့ ဝိပသ၁နာဉာဏ် မဂ်ဉာဏ်ကို ရနိုင်ေ
အာင်ပြောတတ်သော သစ္စာနယ်ပယ်ကိုရောက်ရန် ကံကအကျိုးပေးလိုက်၍ ပတိရုပဒေသဝသမှာ ဖြစ်လာပါသည်။ ငါသည် ဘုရားသာသနာနှင့်
တွေ့၍ သစ္စာတရားကို နာရခြင်းသည် လူတထောင်ထက်သာသည်ကို ကိုယ့်ကိုယ်ကို သိမယ်ဖြစ်သည်၊ ဘုရားကိုလည်းဖူးရသူ ဘုရားစကားကို
လည်း နားလည်တတ်သူသည် လူတထောင်မှာ တစ်ယေက်မရှိနိုင်ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် အင်မတန် ကံကောင်းသည်လို့ မှတ်ယူရ မယ်ဖြစ်သည်၊ ကံကောင်းသည်ကို သိရခြင်းသည် ဘုရားစကားကို နားနှင့်ကြားနေရသည်၊ ဤသည်ကား ဒုက္ခ၊ ဤသည်ကား ဒုက္ခဖြစ်ကြောင်း
ကို စိတ်နှင့် သိတတ်သွား၍ဖြစ်ပါသည်။
သိတတ်သွားသည်ဖြစ်သော် ဒုက္ခဖြစ်ကြောင့်ကို တရွေ့တရွေ့ ဖယ်နိုင်အောင် ကြိုးစားရသည်၊ မဖယ်နိုင်သည်ရှိသော် ဝေဒနာနှင့်တဏှာကြ
ား ထွက်ပေါက်ကို မမြင်နိုင်ဖြစ်ပါသည်။ ထွက်ပေါက်ကိုမမြင်သော် တကာ တကာမတို့ အင်္ဂုလိမာလထက် ဆိုးသွားမယ်ဖြစ်သည်၊ အင်္ဂုလိမာလ သည် မိခင်ကို သတ်ဖို့လိုက်ခြင်းဘဲရှိသေးသည်၊ သို့သော်လည်း ဘုရားနှင့်တွေ့၍ ထွက်ပေါက်ကိုမြင်သွားသည်။
ရာဇဂြိုဟ်မြို့တွင်း မြတ်စွာဘုရား ဆွမ်းခံကြွခိုက် နာဠာဂီရိဆင်သည် မြတ်စွဘုရားကိုနင်းသတ်ရန် လိုက်လာသောအခါ မြတ်စွာဘုရားက "နာဠာဂီရိဆင် သူတော်ကောင်းတို့ကို မပြစ်မှားရ ရှေ့က ဒုစရိုက်များပါ၍ ယခုကဲသို့ ဖြစ်နေသည်ကို သတိထားလိုက်"ဟု ပြောသော အခါ ဆင်သည် တစ်ခါတည်းသတိရ၍ ထိုနေ့ကပင် ငါးပါးသီလမြဲသွားသည်၊ ဆင်သည် ခန္ဓာကိုယ်ကို ပြင်ပစ်လိုက်ပါသည်။
နာဠာဂီရိဆင်သည် နဂိုမူလက ကြမ်းကြုတ်သည်၊ ကြမ်းကြုတ်သည်ထဲ၌ အရက်ကိုးမောင်းတိုက်ထားသည်၊ ကြမ်းကြုတ်သူကို အရက်တိုက် ထားသော် ပို၍ဆိုးသွားသည်၊ သို့သော်လည်း ဘုရားစကားကိုကြားသည်နှင့် အရက်ပြုတ်၍ ငါးပါးသီလပါမြဲသွားသည်၊ ဆင်သည် ကိုယ်ကျင့်ေ ကာင်းအောင် လုပ်သွားပါသည်။ ကိုယ်က လူဖြစ်လျက်နှင့် မလုပ်တတ်ဖြစ်သော် ဆင်ထက်ဆိုးမယ်ဖြစ်သည်၊ ကိုယ့်ကို ကောင်းအောင် မှန်အော င်လုပ်ရသည်။ လက်ရှိဘဝခန္ဓာ ရရှိနေမှုသည် ကောင်းအောင် မှန်အောင် လုပ်နိုင်သောဘဝဖြစ်သည်ကို သူများနှင့်ပြိုင်ကြည့်မှ သိမယ်ဖြစ်သည်၊
ကောင်းအောင် မှန်အောင်မလုပ်သော် ပြိုင်တိုင်းရှုံးမယ်ဖြစ်သည်။
လက်ရှိခန္ဓာသည် နံပါတ်နှစ်အကွက်၌ဖြစ်၍ သေဖို့တော ကိန်းသေဖြစ်နေသည်၊ ယခုတရားနာနေမှုသည် ကိုယ်ဉာဏ်စွမ်းရှိသလောက် အ
သေကလွတ်အောင် လုပ်တတ်သောနည်းကို ရသွားမယ်ဖြစ်သည်။ ဗြဟ္မာခန္ဓာ အပါယ်လေးပါးခန္ဓာ ပစ္စန္တရစ်အရပ်၌ဖြစ်သော ခန္ဓာတို့သည် တရ
ားမနာရ၍ မရနိုင်ဖြစ်သည်၊ တရားနာရသော်လည်း နား၌ ဒိဋ္ဌိအပင်းဆို့နေသောသူ မရနိုင်ဖြစ်သည်၊ ကိုယ်က ထိုအနေအထားအားလုံးမှ လွတ် သွားပါသည်။ ယခုလက်ရှိခန္ဓာကနေ၍ တရားကိုမလုပ်ခဲသော် ဝေဒနာကနေ၍ တဏှာကို ဆက်သွားမယ်ဖြစ်သည်၊ တဏှာကိုဆက်သော် သေ
ဖို့နေရာကို ဝင်သွားမှုဖြစ်ပါသည်။
အသေကလွတ်အောင်မကျင့်သော် ဝေဒနာပစ္စယာတဏှာ နံပါတ်သုံးအကွက်ကို ရောက်သွားသည်၊ ဝေဒနာကို ထိုးထားသောမြှားကနေ၍
အောက်ကို မြှာနွယ်တစ်ခုထွက်၍ ဝေဒနာပစ္စယာ တဏှာ ပဋိစ္စသမုပ္ပါဒ်လည်လမ်းရေးထားသည်။ ဝေဒနာကနေ၍ တဏှာကိုစပ်သော် တဏှာ
သည် အသေပေါက်ကို ရှာသောလမ်းဖြစ်သည်၊ တဏှာကြီးသော် ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ကြီးသော် ကံဖြစ်သည်၊ ကံကိုချည်းအားကိုးနေလျှင်
နံပါတ်လေးအကွက် သေပါက်ကို ဝင်သွားပါသည်။
ထိုသို့ဖြစ်နေသော် ကိုယ့်ခန္ဓာကို မွေးဖွားသည်နေ့ကပင် ယနေ့ထိ ဆင်ခြင်ကြည့်သော် ငါသည် မယ်သည့်အရာကို အားကိုးနေသည်ကို
ကြည့်ရမယ်ဖြစ်သည်၊ ယခုပစ္စုပ္ပန်ခန္ဓာသည် သေရဖို့တော ကိန်းသေဖြစ်နေသည်၊ ဒါန သီလ ပုတီးမေတ္တာကို အားကိုး၍သေသော် ကံကိုအား ကိုးရာဖြစ်ပါသည်။ ကံကိုအားကိုးသော် သေပေါက်ကို ဝင်မယ်ဖြစ်သည်၊ ကံကို တဏှာကရှာသည်၊ တဏှာသည် သေပေါက်ကိုရှာသော အစပ်
ဖြစ်ပါသည်။
မိထဲဖထဲ မျိုးထဲဆွေထဲက သေဆုံး၍ ပို့ရသောမသာများ အများကြီးဖြစ်လိမ့်မယ်၊ ထိုမသာတို့ကို ဆင်ခြင်ကြည့်သော် သေပေါက်ကိုရှာ၍ သေ
သောမသာနှင့် တရားကိုရှာ၍ သေသောမသာနှစ်ခု၌ သေပေါက်ကိုရှာ၍ သေသောမသာသည် များလိမ့်မယ်ဖြစ်သည်ကို မြင်တတ်သွားသော်
ကိုယ်သည် အကဲခတ်ဖို့ တတ်သွားပြီဖြစ်သည်။ သေပေါက်ကိုရှာ၍ သွားသောမသာများသည်ဖြစ်၍ ကိုယ်လည်း ထိုသို့သွားလျှင် ကိုယ့်အတွက်
နစ်နာပါသည်၊ ထို့ကြောင့် ဤနေရာမှာ သေပေါက်ကိုမရှာဘဲ တရားကိုရှာဖို့လိုသည်ကို နားနှင့်ကြား၍ သိခွင့်ရသွားပါသည်။
တဏှာသေပေါက်ကိုပိတ်ရန် တရားကိုရှာဖို့အတွက် ယခုလက်ရှိခန္ဓာသည် ခန္ဓာငါးပါးဖြစ်သည်၊ ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရ
က္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်စကားနှင့်ပြောသော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာ၊ ခန္ဓာစကားနှင့်ပြောသော်
ရူပက္ခန္ဓာ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ဖြစ်သည်။ နံပါန်နှစ်အကွက်မှ ရုပ်သည် ရူပက္ခန္ဓာ၊ ဝေဒနာသည် ဝေဒနက္ခန္ဓာ၊
နာမ်၌ရှိသောအမှတ်သည် သညက္ခန္ဓာ၊ ဖသ၁သည် သင်္ခါရက္ခန္ဓာ၊ ဝိညာဏ်နှင့်မနာယတနသည် ဝိညာဏက္ခန္ဓာ အားလုံးခန္ဓာငါးပါးဖြစ်သည်။ ပ
ဋိစ္စသမုပ္ပါဒ်၌ အမည်ကွဲသော်လည်း ခန္ဓာငါးပါးဖြစ်သည်၊ ထိုခန္ဓငါးပါးသည် ကိုယ့်ခန္ဓာဖြစ်သည်။
ခန္ဓာငါးပါး၌ ရူပက္ခန္ဓာကိုလည်း သတိကပ်ထားရသည်၊ ဝေဒနက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကိုလည်း သတိကပ်ထားရ သည်၊ ဘုရားက ခန္ဓာ၌ သိတကပ်ထားရမယ်ကိုပြောသည်၊ အများက ခန္ဓာရှိလျှင် လုပ်စားရသည် ကုသိုလ်ကောင်းမှုလည်း လုပ်ရသည်၊ ကုသို
လ်ရအောင်လည်းသတိထား အများက ထိုသို့ဆုံးမသည်။ အများက ခန္ဓာရလျှင် ကုသိုလ်ကိုလုပ်ရမယ် နောက်ဘဝ ကောင်းစားဖို့ဖြစ်သည်၊ ဘု
ရားကကျတော ခန္ဓာရလျှင် ခန္ဓာ၌ သတိကပ်ထားရမယ် အသေပေါက်က ထွက်ဖို့အတွက်ဖြစ်သည်။
ခန္ဓာငါးပါး၌ ရူပက္ခန္ဓာမှာ သတိကပ်ထားမှုကို ကာယာနုပသ၁နာသတိပဋ္ဌာန်၊ ဝေဒနက္ခန္ဓာမှာ သတိကပ်ထားမှုကို ဝေဒနာနုပသ၁နာသတိပ
ဋ္ဌာန်၊ ဝိညာဏက္ခန္ဓာမှာ သတိကပ်ထားမှုကို စိတ္တာနုပသ၁နာသတိပဋ္ဌာန်၊ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာမှာ သတိကပ်ထားမှုကို ဓမ္မာနုပသ၁နာသတိ
ပဋ္ဌာန်တို့ဖြစ်သည်။ အသေကိုရှာသောနယ်က ထွက်ရန်အတွက် ခန္ဓာငါးပါးအပေါ်၌ ဘုရားက သတိကပ်ထားခိုင်းသည်၊ အများက ကံကောင်းဖို့
လိုသည်၊ ဘုရားက သတိထားဖို့လိုသည်၊ ဘုရားစကားနှင့် အများစကားသည် ကွာခြားပါသည်။
ကံကောင်းသောသူသည် သေပေါက်ကိုဝင်သွားသည်၊ သတိရှိသူသည် သေပေါက်မှ ထွက်ပါသည်။ တစ်ခါတလေ တောင်းကိုတက်သော
လမ်း၌ ခြေတစ်ဖဝါးချလောက်သော ချေက်ကမ်းပါးမျိုးရှိသည်၊ ထိုနေရာမျိုး၌ သတိနှင့်မသွားလျှင် ချောက်ကို ကျသွားနိုင်သည်၊ ထိုအခါ နောက်က
လူသည် "သတိနှင့်သွား သတိနှင့်သွား" သတိပေးသည်၊ သတိလျှော့သည်နှင့် ချောက်ကိုကျသွား၍ သေမယ်ဖြစ်သည်။ ယခုလည်း ဘုရားက ခ
န္ဓာငါးပါး၌ သတိကပ်ထားခိုင်းမှုသည် ချောက်ကိုကျ၍ သေမယ်စိုးသွားကြောင့် အသေကလွတ်အောင် သတိထားခိုင်းခြင်းဖြစ်သည်၊ ဤသတိ သည် သေမယ်သတိမဟုတ် အသေကလွတ်စေသောသတိဖြစ်၍ ထိုသတိကို မဂ္ဂသစ္စာခေါ်ပါသည်။
မဂ္ဂသစ္စာသည် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာ
ဖြစ်သည်၊ ဤမဂ္ဂင်အုပ်စုသည် အသေကလွတ်တတ်သော တရားဖြစ်သည်။ မဂ္ဂသစ္စာတရားကို ကြားဖူးကြပါသည်၊ ကြားဖူးသည်ကို ယခု ကိုယ်က ထား၍ရသွားပါသည်၊ ကိုယ့်ဘဝအနေနှင့် ဘလောက်ထိအဆင့်မြင့်၍ တန်ဘို့ဘလောက်ထိရှိသည်ကို နားလည်၍ရသွားပါသည်၊ အ
တိတ်ဘဝ၌ ထိုသို့ မရှိဖြစ်ခဲ့ပါသည်။ ယခု ပစ္စုပ္ပန်ဘဝ၌ ထိုသဘောကိုထားရန်အတွက် ပြောပြဖို့ ဘုရားရှိနေပါသည်၊ ပြောပြသည်ကိုလည်း ကျန
စွာနားလည်တတ်သည်၊ နားလည်သည့်အတိုင်း လုပ်မယ်ဖြစ်သော် လုပ်၍ရသည်၊ မလုပ်လျှင်တော ဘုရားလည်း မတတ်နိုင်ဖြစ်သည်။
တကာ တကာမတို့သည် နားလည်လောက်တဲ့နားနှင့် ပြည့်စုံသည်ဖြစ်၍ အင်မတန် ပါရမီကောင်းသည်လို့ ပြောရမယ်ဖြစ်သည်၊ ဗြဟ္မာနှင့်အ
ပါယ်သားတို့၌ နားလည်လောက်သော နားမရှိဖြစ်သည်။ ယခု နားလည်သော နားရှိသည်ဖြစ်၍ ကျင့်လိုက်ပြီဖြစ်လျှင် တန်းသွားပါလိမ့်မယ်၊ ဝေဒ
နာနှင့်တဏှာအစပ်မှ ထွက်သောကျင့်ထုံးကို ယခု ပြောနေပါသည်။ ဝေဒနာနှင့်တဏှာကြားအပေါက်၌ သတိမရှိလျှင် မြင်တိုင်းလိုချင် ကြားတိုင်း
လိုချင်နှင့် နံပါတ်သုံးအကွက်ကို စပ်သွားပါသည်။
နံပါတ်နှစ်အကွက်သည် ကိုယ့်ခန္ဓာ ခန္ဓာငါးပါးဖြစ်သည်၊ ရူပက္ခန္ဓာ၌ သတိကပ်ထားသော် ရုပ်သည် ငါကအသေသာဖြစ်သည်ပြောပါမယ်၊ ရူ
ပက္ခန္ဓာမှာ သတိနှင့်ကြည့်နေသောသူသည် ငါလို့မမြင် ရုပ်၏အဖြစ်အပျက်ကိုမြင်သည်။ တရားမှတ်သောအခါ လေသည် နှာခေါင်းဝ၌ တိုးနေသ
ည်၊ ထိုတိုးနေသောလေသည် ရုပ်တရားဖြစ်သည်။ ထိုလေသည် တိုးတိုင်း ဖြစ်တိုင်း ဖြစ်ပြီးပျောက်သွားသည်၊ ဖြစ်ပြီးပျောက်သွားသည်ကို ဉာဏ်၌ သိ၍ရသွားပါသည်၊ ရုပ်အဖြစ်အပျက်သည် ဒုက္ခ၊ သိသောဉာဏ်သည် မဂ္ဂဖြစ်ပါသည်။
ကိုယ့်ခန္ဓာမှ မဂ္ဂသစ္စာထွက်၍ သမုဒယသစ္စာ မထွက်ဖြစ်သည်၊ မဂ္ဂသစ္စာထွက်ခြင်းသည် ဖြစ်ပျက်ကို မြင်၍ဖြစ်ပါသည်။ စောစောက နံပါ တ်နှစ်အကွက်ခန္ဓာမှ မြင်လိုက်ပြီဖြစ်သော် လိုချင်သော သမုဒယသစ္စာချည်းထွက်နေသည်၊ ယခုသည် လမ်းမှန်ဖြစ်နေ၍ တဏှာသေပြီး မဂ္ဂသ
စ္စာထွက်လာသည်။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်ဖြင့် ဝေဒနာကနေ၍ ဝေဒနာနိရောဓာ တဏှာနိရောဓောနှင့် ထွက်သွားပါသည်။
ရုပ်ကိုမြင်သလို ဝေဒနာကိုလည်းမြင်လျှင် ထွက်သွားပါသည်၊ မဂ်သည် လမ်းမှန်ဖြစ်သည်၊ စောစောက တရားမမှတ်ခင် သမုဒယထွက်နေ
သည်၊ ယခု တရားမှတ်သောအခါ မဂ္ဂသစ္စာထွက်၍ ထွက်နေကျ သမုဒယသစ္စာသည် သေသွားသည်၊ သမုဒယသစ္စာအစား မဂ္ဂသစ္စာဝင်လာပါ သည်။ ဝေဒနာက ဖြစ်ပျက်ဒုက္ခ၊ သိဉာဏ်က မဂ္ဂဖြစ်သည်၊ မဂ္ဂဖြစ်နေသော် သေပေါက်ကိုမသွားဘဲ ထွက်နေပြီဖြစ်သည်၊ ထိုသဘောကို ပဋိစ္စ
သမုပ္ပါဒ် ထွက်လမ်းခေါ်ပါသည်။
နံပါတ်နှစ်အကွက်မှ နာမ်သည် အမှတ်ဖြစ်သည်၊ အမှတ်သည် သညက္ခန္ဓာဖြစ်ပါသည်။ အမှတ်သညက္ခန္ဓာသည်လည်း ပေါ်တိုင်းပျောက် သည်၊ ပေါ်တိုင်းပျောက်သည်ကို ကိုယ်က ဉာဏ်နှင့်မြင်အောင်ကြည့်ရသည်။ အမှတ်ဖြစ်ပေါ်နေသည်က ဖြစ်ပျက်ဒုက္ခ၊ သိနေသောဉာဏ်က
မဂ္ဂဖြစ်သည်၊ ထိုအခါ ရှေ့က ဖြစ်ပျက်ဒုက္ခ၊ သိဉာဏ်က မဂ္ဂ၊ သေသွားသည်က သမုဒယဖြစ်သည်။ နံပါတ်သုံးအကွက် သေပေါက်ကို မခင်သော အခါ သေပေါက်ကို ရှာသောလလမ်းမှ ထွက်သည်ဖြစ်၍ သေပေါက်သည် ပိတ်သွားသည်။ အပြောနှင့်ပိတ်သည်မဟုတ် အလုပ်နှင့်ပိတ်သည်၊ အလုပ်နှင့်ပိတ်သည်ဖြစ်၍ ဘဝတိုမယ်ဖြစ်သည်။
သွားရ လာရ နေထိုင်ရအစရှိသည်ဖြင့် ပြုပြင်မှုအားလုံးသည် သင်္ခါရက္ခန္ဓာဖြစ်သည်။ သင်္ခါရက္ခန္ဓာ တစ်ခုပြီးတစ်ခု ဖြစ်လာပုံ ပျက်သွားပုံကို
မြင်အောင်ကြည့်သော် အမြင်ခံသင်္ခါရသည် ဖြစ်ပျက်ဒုက္ခ သိဉာဏ်က မဂ္ဂဖြစ်သည်။ ထိုအခါ ကိုယ့်ဝမ်းထဲမှာ အမြင်မှန် သမ္မာဒိဋ္ဌိဉာဏ်ပေါ်နေ
သည်၊ အမြင်ခံက ဖြစ်ပျက်ဒုက္ခ သိဉာဏ်ကမဂ္ဂ သေသည်ကသမုဒယ၊ အသေကိုရှာသည်အပေါက် လုံးလုံးပျောက်သွားပါသည်။ စောစောက
မြင်လျှင်လိုချင်သည်၊ လုပ်ကိုင်၍ရသော် လိုချင်သည်၊ ယခုဖြစ်ပျက်ကို မြင်နေသောအခါ လိုချင်မှုတို့ မပေါ်ဖြစ်နေသည်။ အမြင်ခံက ဖြစ်ပျက်ဒုက္ခ၊
သိဉာဏ်က မဂ္ဂ၊ သေသည်က သမုဒယ၊ သေပေါက်မလာသည်က နိရောဓဖြစ်သည်။
နံပါတ်နှစ်အကွက်မှာရှိသော ဝိညာဏ်သည်စိတ်ဖြစ်၍ ဝိညာဏက္ခန္ဓာဖြစ်သည်။ မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိသိစိတ် ကြံတွေးစိတ်
သည် ခန္ဓာမှာရှိသည်၊ ခန္ဓာမှာ သတိကပ်၍ကြည့်သော် စိတ်ဟူသမျှသည် ဖြစ်ပြီးပျက်သည်ကို မြင်မယ်ဖြစ်သည်၊ သတိမကပ်လျှင် မမြင်နိုင်ဖြစ် သည်။ ဖြစ်ပျက်ကိုမြင်လျှင် ဉာဏ်ရောက်နေပြီဖြစ်သည်၊ အမြင်ခံက ဖြစ်ပျက်ဒုက္ခ၊ သိဉာဏ်က မဂ္ဂ၊ သေသည်က သမုဒယ၊ သမုဒယခေါ်သော
တဏှာ မာန ဒိဋ္ဌိသည် ပိတ်ပြီးသေသွား၍ သေလမ်းပိတ်သွားသည်။ သေလမ်းပိတ်သွားခြင်းကြောင့် သေလမ်းကထွက်သည်ကို ဝေဒနာနိရော
ဓာ တဏှာနိရောဓော တစ်လုံးတည်းဟောထားသည်။ ဤသဘောသည် အပြောမဟုတ် အလုပ်ပါသည်၊ ခန္ဓာငါးပါးကို ကြည့်တတ်လျှင် ထွက်
တတ်မယ်ဖြစ်သည်။
ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားက ခန္ဓာငါးပါးကို ကြည့်သောအခါ ခန္ဓာကပြသည်ကို ကြည့်တတ်ဖို့လိုသည်လို့ အမိန့်ရှိသည်၊ ခန္ဓာကပြ
သည်က မြဲနေသည်လို့မပြ သေနေသည်လို့ပြသည်၊ သေနေသည်ကိုမြင်သော် မျက်စိပွင့်သည်၊ သူပြောသည်စကားသည် ငါမြဲနေသည်လို့မပြော
ဖြစ်ပျက်နေသည်လို့ ပြောသည်ကိုကြားသော် နားပွင့်သည်၊ နားပွင့်မျက်စိပွင့်သော် အသေကထွက်ပါသည်။
ထို့ကြောင့် ခန္ဓာကိုကြည့်၍ ဖြစ်ပျက်ကိုမြင်လျှင် ကြည့်သူအတွက် မသေတံခါးပွင့်၍ အသေတံခါးပိတ်သွားသည်၊ ထိုသဘောကို ဝေဒနာနိရေ
ာဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော စိုက်၍နားထောင်ကြည့်ပါ၊ နိရောဓော နိရောဓော
လာသည်၊ နိရောဓသည် နိဗ္ဗာန် နိဗ္ဗာန်ချည်း တန်းသွားပါသည်။
နိရောဓဖြစ်သော် သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁ုပါယာသာ နိရုဇ္ဈန္တိ၊ စိုးရိမ်ခြင်းအားလုံး ငြိမ်းသွားသည်။ ဧဝမေတသ၁ ကေဝလသ၁ ဒု
က္ခန္ဓသ၁ နိရောဓော ဟောတိ၊ ဒုက္ခအားလုံး ငြိမ်းသွားသည်။ နိရောဓနာမ နိဗ္ဗာနံ၊ ဒုက္ခချုပ်ငြိမ်းမှုသည် နိဗ္ဗာန်ဖြစ်သည်၊ သိသောဉာဏ်က မဂ်
ဉာဏ်ဖြစ်သည်၊ ခန္ဓာ၌ ဒုက္ခ သမုဒယမပေါ်ဘဲ နိရောဓ မဂ္ဂပေါ်ပါသည်။
လက်ရှိခန္ဓာအနေဖြင့် တရားကိုလည်းကြားရသည်၊ သိခွင့်လည်း ရပါသည်၊ ပေါ်တိုင်းမြင်အောင် ကြိုးစားရမယ်ဖြစ်သည်။ ဖြစ်ပျက်ကိုမြင်
အောင် ကြည့်နေသူသည် သေပေါက်ကို ရှာနေသူမဟုတ်ပါ၊ သေပေါက်မှ ထွက်နေသူဖြစ်သည်၊ ထိုအခါ ထွက်နေသူလား ဝင်နေသူလား ကိုယ့်
ကိုယ်ကို ဆုံးဖြတ်၍ရသည်၊ ဆုံးဖြတ်နိုင်အောင်လည်း ကြိုးစားနိုင်ကြပါ။ ယခု အချိန်စေ့၍ တရားထိုင်ကြရအောင်။
No comments:
Post a Comment