Total Pageviews

Thursday, February 18, 2016


      စစ်တွေမြို့  ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်

                လင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့  ဇယသုခကျောင်း၌

          ၂၀၀၇ ခု မေလ ၇ ရက် ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီထိ ဟောကြားအပ်သော

                                  ပဋိစ္စသမုပ္ပါဒ်တရားတော်                                                                                                                                                 နှစ်ရပ်မူလ- အပိုင်းတစ်

      ပဋိစ္စသမုပ္ပါဒ်ထဲမှာ သုံးပါးအစပ်ကို ရှုမှတ်ဉာဏ်နှင့်တကွ စပ်ပုံစပ်နည်းကို ပြောထားပြီးပါပြီ၊ စက်ဝိုင်းကိုကြည့်ပါ သင်္ခါရနှင့်ဝိညာဏ်အစပ်မှ
ာ ဖြတ်၍မရဖြစ်သည်၊ ဝေဒနှင့်တဏှာအစပ်ကို တရားကိုမလုပ်လျှင် ဖြတ်၍မရဖြစ်သည်၊ တရားကိုလုပ်သော် ဖြတ်၍ရသည်၊ ကမ္မဘဝနှင့်ဇာတိ အစပ်ကို ဖြတ်၍မရဖြစ်ပါသည်။ အသက်မသေမီ တရားအလုပ်ကိုလုပ်လျှင် တရားလုပ်သူ၌ သံသရာကထွက်မြောက်သည်၊ တရားအလုပ်ကို လုပ်လျှင် မစားမသောက်ဘဲနှင့် လုပ်ရဖို့လားဆိုသော် မစားမသောက်ဘဲ လုပ်ရမယ်လို့ မပြောလိုပါ။
      ခန္ဓာရှိသည်အတွက် တစ်နေ့တာ စားဝတ်နေရေးကို မလုပ်၍လည်းမရဖြစ်သည်၊ ရဟန်းတော်များတောင်မှ ဆွမ်းခံရပါသေးသည်။ အရှင်ရေ ဝတမထေရ်သည် တံမြက်စည်းလှည်းသော သမ္မဇ္ဇနနထေရ်ကို "ကိုယ်တော် ဝမ်းအဖို့အတွက် ဆွမ်းလည်းခံရသည်၊ မိဘဆရာသမားနှင့်နေ၍ မိဘဆရာသမား၏ ကျင့်ဝတ်များကိုလည်း ဆောက်တည်ရသည်၊ သက်သက် တံမြက်စည်းလှည်း၍ချည်းမနေရ" ဟု ပြောဆိုသည်။ 
     ဆိုလိုသည်က မိဘဆရာသမား၏ ကျင့်ဝတ်ကိုလည်းလုပ်၍ သက်သက် ကိုယ့်အတွက် စားဝတ်နေရေးကိုချည်း ရှာ၍လည်းနေရသည်မဟုတ် ကိုယ့်အတွက်လည်း ထည့်ရသည်၊ ကိုယ့်အတွက် ခန္ဓာကိုယ်ကို ဉာဏ်စိုက်ပြီး အဖြစ်အပျက်ကိုလည်း ရှုရသည်၊ ခန္ဓာကိုယ်ကို ဉာဏ်စိုက်၍ အဖြစ်အပျက်ရှုနည်းကို အရှင်ရေဝတမထေရ်သည် နည်းလမ်းပြလိုက်၍ သမ္မဇ္ဇနမထေရ် တရားရှုမှတ်သောအခါ တရားရရှိသွားပါသည်။
      အလားတူ မိမိခန္ဓာကိုယ်ကိုလည်း လက်ရှိခန္ဓာမှာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း ကြံတွေးတိုင်းတို့၌ သိပေးရသည်။ မြင်နေရမှုသည် ရုပ်နာမ်ဖြစ်သည်၊ မမြင်လိုက်ပြီဖြစ်မှုသည် ရုပ်နာမ်ပျက်သည်လို့ စိတ်ထဲက သိပေးလိုက်ရသည်၊ သိပေးလိုက်သော် တရားကိုသိရာကျပါသ ည်။ မြင်မှု ကြားမှု နံမှုတို့ကို ထိုသို့သိပေးလျှင် မသိတတ်မှုပျောက်သည်၊ မသိတတ်မှုပျောက်သော် လိုချင်မှုအားပျော့သွားပါသည်။ မသိတတ်မှုေ ပျာက်ခြင်း လိုချင်မှုအားနည်းခြင်းသည် ကိုယ့်မှာ ဉာဏ်ပြည့်စုံနေသည်၊ ထိုသဘောကို အများအပြောနှင့်ပြောသော် ပါရမီပြည့်သွားသည်လို့ခေါ် သည်၊ ထိုသို့ဖြစ်သော် ကိုယ့်အတွက် သံသရာမှထွက်သော လမ်းစဖြစ်ပါသည်။
      သုံးပါးအစပ်ပြီးသော် နှစ်ရပ်မူလဖြစ်ပါသည်။ နှစ်ရပ်မူလဆိုသောကြောင့် နံပါတ်တစ်အကွက်နှင့် နံပါတ်လေးအကွက်ကြား မြှားကြီးကိုကြည့် ပါ၊ ထိုမြှားကြီးသည် အောက်ကိုစိုက်ဆင်းပြီး မြေကြီးမှာစိုက်သွားသလို စိုက်ဆင်းသွားသော် စက်ဝိုင်းသည် နှစ်ခြမ်းဖြစ်သွားပါသည်။ နံပါတ်တ စ်နှင့်နှစ်သည် တစ်ခြမ်း၊ နံပါတ်သုံးနှင့်လေးသည် တစ်ခြမ်း နှစ်ခြမ်းဖြစ်သွားသည်။ မြှားကြီးကိုကြည့်၍ နှစ်ရပ်မူလကို နားလည်ရန်အတွက် ဆွဲပြထားခြင်းဖြစ်သည်၊ စက်ဝိုင်းခြမ်းနေသည်ကိုလည်း နားလည်သွားမယ်ဖြစ်သည်။ တစ်နှင့်နှစ် ညာဘက်အခြမ်းကို ပုဗ္ဗန္တစက်ခေါ်သည်၊ သုံးနှင့်လေး ဘယ်ဘက်အခြမ်းကို အပရန္တစက်ခေါ်ပါသည်။
      ပထမ ဝိုင်းနေသောအခါ စက်ဝိုင်းတစ်ခုတည်းဖြစ်သည်၊ နှစ်ခြမ်းခြမ်းလိုက်သောအခါ ပုဗ္ဗန္တစက် အပရန္တစက်နှစ်ခု ဖြစ်သွားပါသည်။ ပုဗ္ဗန္တစ က်၌ အစမူလသည် အဝိဇ္ဖာဖြစ်၍ အဆုံးသည် ဝေဒနာဖြစ်သည်၊ အပရန္တစက်၏ အစမူလသည် တဏှာဖြစ်၍ အဆုံးသည် မရဏဖြစ်သည်။ ပထမ စာကိုသိဖို့လိုသည်၊ စာကိုသိပြီးမှ ခန္ဓာကိုသွားပါမယ်၊ စာကိုသိမှုသည် စာပဋိစ္စသမုပ္ပါဒ်ဖြစ်သည်၊ စာပဋိစ္စသမုပ္ပါဒ်ကိုသိလျှင့် စာတတ် သည်၊ စာတတ်မှုသည် သညာဖြစ်သည်။ ပုဗ္ဗန္တစက်၏မူလသည် အဝိဇ္ဇာ၊ အပရန္တစက်၏မူလသည် တဏှာဖြစ်သည်၊  အဝိဇ္ဖာနှင့်တဏှာသည် နှစ် ရပ်မူလဖြစ်ပါသည်။
      ပုဗ္ဗန္တစက် အပရန္တစက်စကားကို နားလည်ဖို့ လိုလာမယ်ဖြစ်သည်၊ စာကိုကြည့်၍ ဖတ်လို့ရသည်၊ သို့သော် ပုဗ္ဗန္တစက် အပရန္တစက် အဓိပ္ပါယ် ကိုနားလည်မှ ခန္ဓာမှာ ဉာဏ်ရောက်မယ်ဖြစ်သည်။ ယခု ခန္ဓာနှင့်ပြောပါမယ်၊ ယခုခန္ဓာရနေသာ နံပါတ်နှစ်အကွက် ဝိညာဏ်ကနေ၍ ဝေဒနာထိ သည် လူလို့ခေါ်သောခန္ဓာ နတ်လို့ခေါ်သောခန္ဓာ ဗြဟ္မာလို့ခေါ်သောခန္ဓာ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခေါ်သောခန္ဓသည် ဝိညာဏ်ကနေ၍ 
ဝေဒနာထိဖြစ်နေသည်၊ ယခု လက်ရှိခန္ဓာရနေသော နံပါတ်နှစ်အကွက်မှ ရှေ့ကို၊ ရှေ့သည် ပုဗ္ဗ အတိတ်ဖြစ်သည်၊ ရှေ့အတိတ်ကို ကြည့်လိုက်ေ
သာအခါ အဝိဇ္ဇာစနေပါသည်။
       ပုဗ္ဗန္တစက်။ ပုဗ္ဗ၊ ရှေ့။ အန္တ၊ အဖို့။ စက်၊ အကြောင်းအကျိုးလည်ပတ်နေသည်။ ခန္ဓာကို ရှေ့အဝိဇ္ဇာကနေ၍ ဝေဒနာထိ အဖို့ခံထားသည်၊ ထိုကို 
ပုဗ္ဗန္တစက်ခေါ်သည်၊ လက်ရှိခန္ဓာကို အဝိဇ္ဇာအဖို့ခံနေရသည်။ နံပါတ်တစ်အကွက်သည် အကြောင်း နံပါတ်နှစ်အကွက်သည် အကျိုးဖြစ်သည်၊ အ
ကြောင်းကြောင့် အကျိုးဖြစ်နေသည်ကို စက်ခေါ်သည်။ ကိုယ့်ခန္ဓာကို လူအမည်နှင့်ပြောသော် လူကျိုး၊ နတ်အမည်နှင့်ပြောသော် နတ်ကျိုး၊ ဗြဟ္မာ
အမည်နှင့်ပြောသော် ဗြဟ္မာကျိုး၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်နှင့်ပြောသော် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကျိုးဖြစ်သည်။ ဤအကျိုးသည် အတိတ်အကြောင်းကြောင့်ဖြစ်သည်၊ ထိုအတိတ်အကြောင်း၌ အဝိဇ္ဖာသည် အစဖြစ်နေသည်၊ အဝိဇ္ဇာသည် ရှေ့အတိတ်ဖြစ်သည်၊ ရှေ့ကကို ပါ
ဠိဖြင့် ပုဗ္ဗ၊ ရှေ့အဝိဇ္ဇာကနေ၍ အဖို့ခံနေသည်ကို အန္တ၊ ပုဗ္ဗ အန္တ၊ ပုဗ္ဗန္တဖြစ်သည်။
      စက်ဝိုင်းအလယ်၌ရှိသော အဝိဇ္ဇာနှင့်တဏှာသည် အဖို့ခွဲကြသောအခါ အဝိဇ္ဇာအဖို့ခံထားရမှုသည် သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန 
ဖသ၁ ဝေဒနာတို့ဖြစ်သည်။ မိဘနှစ်ဦး ကွဲကြသောအခါ မိခင်ဘက်ပါသူက ပါသွားမယ် ဖခင်ဘက်ပါသူက ပါသွားသလို ယခုလည်း အဝိဇ္ဇာနှင့်
တဏှာ ခွဲကြသာအခါ အဝိဇ္ဖာဘက် ပါသူကပါမယ် တဏှာဘက် ပါသူကပါမယ်ဖြစ်သည်၊ အဝိဇ္ဖာဘက်ပါသော အဖို့အစုသည် ဝေဒနာထိဖြစ် သည်၊ ဝေဒနာထိသည် အဝိဇ္ဇာအဖို့အစု ပုဗ္ဗန္တစက်ဖြစ်သည်။ ကိုယ့်ခန္ဓာသည် အဝိဇ္ဇာအဖို့အစုထဲမှာပါနေသည်၊ လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အ
ပါယ်လေးပါးခန္ဓာ လက်ရှိခန္ဓာအားလုံးသည် အဝိဇ္ဇာအဖို့အစုမှာ ပါနေကြပါသည်။
      ကိုယ့်ခန္ဓာသည် အဝိဇ္ဇာအရှင်ခံသောအထဲ၌ ပါနေသည်၊ အဝိဇ္ဇာသည် ပညာမဟုတ် ပညာကန်းဖြစ်သည်၊ ထို့ကြောင့် ကိုယ့်ခန္ဓာသည် ပ
ညာကန်းအဖို့ထဲမှာ ပါနေသည်ဖြစ်၍ ဒုက္ခရောက်ဖို့ သေချာနေပါသည်။ ခလေးများ ကစားကြသောအခါ ထိုဘက်ဤဘက် အဖို့ချ၍ကစားရန်အ
တွက် ခေါင်းဆောင်နှစ်ယောက်ထွက်သည်၊ တစ်ယောက်သောခေါင်းဆောင်သည် လိမ်မာသည်၊ နောက်တစ်ယောက်ခေါင်းဆောင်သည် မလိ
မ်မာဖြစ်သော် အကင်းပါးသောသူက လိမ်မာသောခေါင်းဆောင်ဘက်သို့ ပါချင်သည်၊ လိမ်မာသောသူဘက်ကိုမပါဘဲ မလိမ်မာသောသူဘက်ကို 
ပါခဲ့သော် ဒုက္ခရောက်ဖို့ကို နားလည်သည်၊ မသိတတ် အကင်းမပါးသူကတော့ ပါချင်သည့်ဘက်ကိုပါ ကျသလိုခံသွားမယ်ဖြစ်သည်။
      ယခုလည်း ထို့အတူ အဝိဇ္ဖာနှင့်တဏှာ ခွဲဝေသောအခါ ကိုယ့်ခန္ဓာသည် အဝိဇ္ဇာအဖို့ထဲပါသွားသည်၊ အဝိဇ္ဖာအဖို့ထဲ ပါသွားခြင်းသည် ပညာ
ကန်းထဲ ပါသွားခြင်းဖြစ်သည်။ ပညာကန်းထဲ ရောက်သွားသောခန္ဓာသည် ဆင်းရဲဖို့အကြောင်းဖြစ်သည်၊ ထို့ကြောင့် ပညာကန်းထဲ ရောက်သွား
သည်ဖြစ်၍ ဆင်းရဲဖို့တော သေချာနေပြီဖြစ်သည်။ ဆင်းရဲဖို့ကို ဗေဒင်ကြည့်ဖို့မလိုပါ၊ နတ်ဗေဒင်ကိုလည်း မေဖို့မလိုပါ၊ နတ်ဗေဒင်ကိုကြည့်လျှင် 
ဆံကုန်မယ်သာဖြစ်သည်၊ ပညာကန်ထဲမှာ ပါနေသည်ဖြစ်၍ ဆင်းရဲရဖို့ သေချာနေပါသည်။
      ယခု လက်ရှိခန္ဓာသည် ပညာမရှိသည်မှလာ၍ ခန္ဓာရနေသည်၊ လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓတို့သည် ပညာမရှိသည်ကလာ၍ ခန္ဓာဖြစ်နေသ
ည်၊ သံဝေဂရအောင်ပြောသော် ပညာကန်း၍ လူဖြစ်နေရသည်၊ ပညာကန်း၍ နတ်ဖြစ်နေရသည်၊ ပညာကန်း၍ ဗြဟ္မာဖြစ်နေရသည်၊ ငရဲတိရစ္ဆာ
န်ပြိတ္တာအသူရကာယ်ကိုတော့ ပြောဖို့မလိုဖြစ်သည်။ ကိုယ်က တရားကို မနာဖူးသောအခါ ငါလိမ်မာနေသည်လို့ ထင်နေသည်၊ တရားသဘော
နှင့်ကြည့်သောအခါ သုံးဆယ့်တစ်ဘုံမှာဖြစ်နေသော ခန္ဓာအားလုံးသည် ပညာကန်း၍ ဖြစ်နေမှုဖြစ်သည်။ ထို့ကြောင့် လက်ရှိခန္ဓာ၌ ပညာကို ရှာလျှင်ရှာ မရှာလျှင် ဒုက္ခဖြစ်မယ်ဖြစ်ပါသည်။  
      လက်ရှိခန္ဓာသည် ပညာကန်းလျှက်ဖြစ်နေသောအခါ ပညာကန်းသူသည် ပညာကိုအားမကိုးဘဲ ကံကိုအားကိုးသည်။ ကံကောင်းဖို့လိုသည် ကံကောင်းမှ ဘဝကောင်းစားမယ်၊ ကံမကောင်းလျှင် နောက်ဘဝမှာ မကောင်းစားနိုင် ထိုသို့ စိတ်ထဲမှာစွဲနေသည်။ တဏှာမှစ၍ မရဏထိသည် 
အပရန္တစက်ဖြစ်သည်၊ အပရ၊ နောက်၊ အန္တ၊ အဖို့။ အပရ အန္တ၊ အပရန္တ၊ နောက်အဖို့ဖြစ်သည်။ နောက်အဖို့သည် ယခုလက်ရှိခန္ဓာ၏ နောက်အဖို့ 
နောက်ဘဝဖြစ်သည်၊ လက်ရှိခန္ဓာမှ နောက်ဘဝကိုသွားရန် မသေဘဲ သွား၍မရပါ သေရမယ်ဖြစ်သည်၊ သေပြီးနောက်ဖြစ်လာမှုသည် အပရန္တ
ခေါ်သည်။ အဝိဇ္ဇာက ဝေဒနာထိ ခန္ဓာပေထားသောကြောင့် သေသောအခါ ဝေဒနာနှင့်သေမယ်ဖြစ်သည်။
      ဝေဒနာနှင့်သေမယ်ဖြစ်သောကြောင့် သေခါနီး၌ ကုသိုလ်ကိုအောက်မေ့ သားသမီးကိုမအောက်မေ့နဲ့ ငါတို့ကိုလည်း မအောက်မေ့နဲ့ ဤသို့
လာသည်။ သူတို့ကိုအောက်မေ့သေသော် သူတို့အနားကို လာလိမ့်မယ်ကြောက်သည်၊ လာ၍ဖြစ်သော် မိဘလို့မထင်မှတ်ပါ၊ ဤအခါသာ မိဘ ကို အိမ်ပေါ်ကိုတင်ထားသည်၊ ထိုအခါ အရိပ်အရောင်လာပြသည်နှင့် ဘုန်းကြီးကိုပင့်၍ ပရိတ်ရွတ်ပေးပါ လာလျှောက်သည်။
      ကံသည် ကုသိုလ်ကံ အကုသိုလ်ကံနှစ်ခုရှိသည်၊ လက်ရှိခန္ဓာမှာ သေခါနီး ကုသိုလ်ကံကို အောက်မေ့စေလိုသည်၊ ကုသိုလ်ကံကို အောက်
မေ့သေသော် နံပါတ်လေးအကွက် လူနတ်ဗြဟ္မာဆိုသော ဇာတိသို့ သွားဖို့အတွက်ဖြစ်သည်။ ထို့ကြောင့် သေပြီးနောက် နောက်ဘဝသို့သွားသ
ည်အခါ မကောင်းသောဘုံဘဝသို့ တစ်ယောက်မှ မရောက်ချင်ဖြစ်သည်၊ ကောင်းသောဘုံဘဝသို့ တောင်းတမှုသည် တဏှာဖြစ်သည်။
      လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ ဆင်းရဲသားဖြစ်စေ ချမ်းသာသူဖြစ်စေ၊ ပညာရှိဖြစ်စေ ပညာမရှိဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ လူဖြစ်စေ တရားကိုလ
က်ကိုင်မရလျှင် နောက်ဘဝအတွက် အကောင်းကိုချည်း တောင်းတကြသည်၊ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကို တစ်ယောက်မှ မတောင်းတ
ကြဖြစ်သည်၊ ထိုသို့ စိတ်ထဲ၌ တောင်းတနေမှုသည် တဏှာဖြစ်ပါသည်။ သေပြီးနောက် ဒုဂ္ဂတိကိုရောက်လျှင် ဒုက္ခရောက်မှာစိုးသောကြောင့်ေ
သခါနီး သုဂတိကိုတောင်းတသည်၊ ထို့ကြောင့် သေသည်နောက်၌ တဏှာနှင့်ချည်း သွားကြပါသည်။
      သေပြီးနောက် မိမိကိုယ်ကို တဏှာနှင့်သွားမယ်ကိုမသိပါ၊ ကုသိုလ်ကိုအောက်မေ့ပြီး ကုသိုလ်နှင့်သွားမယ်ကိုသာသိသည်၊ ထိုကုသိုလ်သ
ည် နံပါတ်သုံးအကွက်၌ တဏှာ မာန ဒိဋ္ဌိ ငါလုပ်ထားသော ကုသိုလ်ဖြစ်ပါသည်။ ငါလုပ်ထားသောကုသိုလ်က ငါ့မှာ ကုသိုလ်ကောင်းမှုရှိသည်၊ 
ငါကျောင်းဆောက် လှူထားပြီးပြီ၊ ငါသိမ်ဆောက် လှူထားပြီးပြီ၊ ဘုရားတည်ထားပြီးပြီ၊ ကထိန်သင်္ကန်း ကပ်လှူပြီးပြီ အစရှိသည်ဖြင့် ကုသိုလ်ကို 
အောက်မေ့သေသော် ကုသိုလ်အချိန်ကြောင့် ကမ္မဘဝပစ္စယာ ဇာတိ လူနတ်ဖြစ်သည်၊ လူနတ်အဖြစ်သည် တဏှာလမ်းမှ သွားခြင်းဖြစ်သည်၊ 
ထိုသဘောကို အပရန္တစက်ခေါ်ပါသည်။
      အပရန္တစက်နှင့် နောက်ဘဝကိုရောက်သော် နောက်ဘဝ၏အဆုံးသည် မရဏ အသေဖြစ်သည်။ စက်နှစ်ခုမှာ ဦးဆောင်နှစ်ယောက်၌ အဝိ
ဇ္ဇာဦးစီးပြီး သွားသော်လည်း ဝေဒနာသို့ရောက်၍ နောက်ဆုံး ဝေဒနာနှင့်သေရသည်၊ တဏှာဦးစီးပြီး သွားလျှင်လည်း အသေနေရာကိုရောက်
သည်။ အဝိဇ္ဖာနောက်ကလိုက်သော်လည်း သေသည်၊ တဏှာနောက်ကလိုက်သော်လည်း သေပါသည်။ အတိတ်ဘဝက အဝိဇ္ဖာနောက်က
လိုက်လာ၍ ယခု သေရမယ့်နေရာကိုရောက်နေသည်၊ ယခု သေခါနီး၌လည်း ကိုယ်က တဏှာနောက်က လိုက်နေသည်ဖြစ်၍ သေရမယ်နေ
ရာကို ရောက်မယ်ဖြစ်သည်။ ပုဗ္ဗန္တစက်၏မူလသည် အဝိဇ္ဖာဖြစ်၍ အပရန္တစက်၏မူလသည် တဏှာဖြစ်သည်၊ အဝိဇ္ဖာနှင့်တဏှာသည် သုံးဆယ့်
ဆစ်ဘုံ၌ ကျင်လည်သောအခါ ခေါင်းဆောင်ဖြစ်ပါသည်။
      အထူးအားဖြင့် အဝိဇ္ဇာနောက်ကလိုက်သော် အပါယ်လေးပါးကိုရောက်၍ သေရသည်၊ အပါယ်လေးပါးကို ရောက်ရခြင်းသည် ပညာကန်း၍
ဖြစ်ပါသည်။ သင်္ခါရကိုပြုလုပ်သောအခါ ပညာကန်းသည်ဖြစ်၍ ကိုယ်စိတ်ထင်ရာကိုပြုလုပ်သည်၊ ကောင်းမကောင်း မသိသူသည် စိတ်ထင်သလို
လုပ်သည်၊ စိတ်သည် ကုသိုလ်မှာမပျော်ပိုက် အကုသိုလ်မှာ ပျော်ပိုက်ပါသည်။
      ပညာကန်းသမားသည် ခန္ဓာကိုယ်ဖြင့်လုပ်သော် မကောင်းသောအလုပ်ကို ပြုလုပ်သည်၊ ပါးစပ်ဖြင့်ပြောသော် မကောင်းသောစကားကို ပြော
ဆိုသည်၊ စိတ်ဖြင့်ကြံတွေးသော် မကောင်းသောအကြံအစည်ကို ကြံတွေးသည်။ တစ်သက်လုံး မကောင်းလုပ် မကောင်းပြော မကောင်းကြံတွေး
မှုနှင့်နေပြီး သေသော် အပါယ်လေးပါးကို ရောက်ရပါသည်၊ အဝိဇ္ဇာဦးစီးသောခန္ဓာသည် သေသောအခါ အပါယ်လေးပါးကို ရောက်ရသည်၊ အ
ပါယ်ပါးကို ရောက်သောခန္ဓာသည်လည်း အိုနာသေဖြစ်ပါသည်။
      တဏှာဦးစီးသောခန္ဓာသည် အပါယ်လေးပါးကလွတ်၍ လူနတ်ဗြဟ္မာကိုရောက်သည်။ တဏှာသမားသည် ငရဲကိုရောက်ပါလို၏ တိရစ္ဆာ န် ပြိတ္တာ အသူရကာယ်ဘုံကို ရောက်ပါလို၏ တစ်ယောက်လည်း ဆုမတောင်းဖြစ်သည်။ ဘုရားဆွမ်းကပ်သောအခါ ဆုတောင်းကြသည်ကို ဘု
န်းကြီးတို့က နားထောင်ကြည့်သည်၊ နားထောင်ကြည့်သောအခါ ဤကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ်အကြိမ်ကြိမ် နတ်စည်းစိမ်အကြိမ်
ကြိမ် ဗြဟ္မာစည်းစိမ်အကြိမ်ကြိမ် အဆုံးစွမ်သောဘဝမှာ နိဗ္ဗာန်ကိုရပါလို၏၊ တဏှာသမားသည် အကောင်းချည်းတောင်းသည်၊ ဆုတောင်းသည့်
အတိုင်း ကမ္မဘဝပစ္စယာ ဇာတိ လူနတ်ခန္ဓာဖြစ်ရ၍ အသေကိုရရှိသည်။ ထိုအသေသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်အသေနှင့် အမည်သာ
ကွဲ၍ မျိုးတူဖြစ်သည်၊ အဝိဇ္ဇာနောက်ကလိုက်သော်လည်း အပါယ်လေးပါးမှာ သေရသည်၊ တဏှာနောက်ကလိုက်သော်လည်း လူနတ်ဗြဟ္မာမှာ 
သေရပါသည်။
      တရားကိုကြားသောအခါ ယခု ကိုယ့်ခန္ဓသည် တဏှာနောက်ကလိုက်လာသည်ကို နားလည်လိမ့်မယ်ဖြစ်သည်၊ အတိတ်ဘဝက ဒါန သီလ
 ပုတီးမေတ္တာဘာဝနာကုသိုလ်ကြောင့် လူ့ဘဝကိုရလိုပါ၏ တဏှာဖြင့် တောင်းတခဲ့သည်ဖြစ်၍ ယခု လူ့ဘဝကိုရနေသည်။ လူ့ဘဝကိုရသောအ
ခါ ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခနှင့် လာတွေ့နေသည်၊ ဇာတိဒုက္ခသည် မွေးဖွားသောဒုက္ခ၊ ဇရာဒုက္ခသည် အသေကို စောင့်နေသောဒုက္ခ၊ နေ
ာက် သေရသောမရဏဒုက္ခ၊ မွေးသေဒုက္ခကိုရပါသည်၊ ထိုဒုက္ခတို့သည် ဆုတောင်း၍ ဆုတောင်းပြည့်ခြင်းဖြစ်သည်၊ လက်ရှိခန္ဓာသည် ယခုထိမ
သေဘဲ အသေကိုစောင့်နေမှုသည် ဆုတောင်းပြည့်၍ဖြစ်သည်၊ နတ်သည်လည်း ဆုတောင်းပြည့်၊ ဗြဟ္မာသည်လည်း ဆုတောင်းပြည့်ဖြစ်သည်။ 
ဆုတောင်းပြည့်နေသည်ကို ကိုယ်က ချမ်းသာနေသည်လို့ ထင်နေသည်၊ မြတ်စွာဘုရား၏ ဉာဏ်မျက်လုံးနှင့် ကြည့်သောအခါ ဒုက္ခသစ္စာဖြစ်ပါ
သည်။
      လက်ရှိခန္ဓာကိုကြည့်သော် လက်ရှိခန္ဓာသည် တဏှာနောက်ကလိုက်လာ၍ လူ့ဘဝကိုရောက်နေသည်၊ လူ့ဘဝကနေ၍ နတ်ဘဝကို ရောက်
သောအခါ၌ လက်ရှိခန္ဓာသည် မသေဘဲ မရောက်နိုင်ဖြစ်သည်၊ လက်ရှိခန္ဓာသေပြီးမှ နတ်ဘဝကို ရောက်ရမယ်ဖြစ်သည်၊ သေရသည်ကို ယခုေ
ရာက်နေကြသော တကာ တကာမတို့သည် ချမ်းသာလား ဆင်းရဲလား ဆုံးဖြတ်ကြပါ၊ အမှန်ဆင်းရဲလား ဘုန်းကြီးရှေ့မှာဖြစ်၍ ဆင်းရဲပြောသည် 
မဖြစ်ပါစေနဲ့၊ တစ်ချို့ကပြောကြသည် ဘုန်းကြီးရှေ့မှာဆို တင်ပါချပါပြောရသည်၊ ကလန်ကဆန် မပြောရ ကလန်ကဆန်ပြောလျှင် အားမနာရာကျ
သည်၊ ယခုလည်း အားမနာရာ ကျမှာစိုးသောကြောင့် သေရခြင်းသည် ဆင်းရဲပြောသည်မဖြစ်ပါစေနဲ့ အမှန်ဆင်းဖြစ်ပါသည်။
      သေရခြင်းဆင်းရဲကို မြတ်စွာဘုရားသည် မရဏမ္ပိ ဒုက္ခသစ္စံ ဓမ္မစက္ကပဝတ္တနသုတ်မှာ ဣဒံခေါပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ အရိယာတို့သိ
သော ဒုက္ခသစ္စာသည် မရဏမ္ပိ ဒုက္ခသစ္စံ ဟောထားပါသည်၊ အသေသည် ဒုက္ခသစ္စာဖြစ်သည်၊ ဒုက္ခသစ္စာသည် ဆင်းရဲဖြစ်ပါသည်။ သေသူက
လည်း မသေချင်ဖြစ်သည်၊ ရှင်သူကလည်း မသေစေချင်ဖြစ်သည်၊ သေသူသည် အသေဒုက္ခနှင့်တွေ့ရ၍ ကျံသူသည် သောက ပရိဒေဝ ဒုက္ခ ဒေါ
မနသ၁ ဥပါယာသာနှင့်တွေ့ရသည်၊ နှစ်ဘက်စလုံးကိုကြည့်သော် ချမ်းချမ်းသာသာမကျံလိုက် အားလုံးဆင်းရဲနေသည်၊ သေရခြင်းသည် ဆင်းရဲဒု
က္ခလို့ သိ၍ရပါသည်။
      တဏှာအစွမ်းကြောင့် ကုသိုလ်ကောင်း၍ လူ့ပြည်နတ်ပြည် တစ်ခုခုမှာဖြစ်ခြင်းသည် ဇာတိဖြစ်သည်၊ ထိုဇာတိကို သူငါမျက်စိနှင့်ကြည့်သော် 
ဆုတောင်းခဲ့၍ လူ့ပြည်ကိုရောက်သည်။ ပတိဝုသီကာ အမျိုးသမီးပြောသလို ဘုရားထံမှာဆုတောင်းခဲ့၍ သေပြီးနောက် နတ်ပြည်မှာ လာဖြစ်၍ဝ
မ်းသာသလို မသိတတ်သူက ဝမ်းသာသည်၊ သိသောသူဘုရားက ဇာတိပိ ဒုက္ခသစ္စံ ခန္ဓာရမှုသည် ဒုက္ခသစ္စာဖြစ်သည်။ ငါရို့က ခန္ဓာရမှုဒုက္ခသစ္စ
ာကို ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓာရမှ ဒုက္ခလို့ထင်သည်၊ လူ့ခန္ဓာဖြစ်သည်၌လည်း ဆင်းရဲသောအမျိုးမှာဖြစ်မှ၊ အဖေါ်မရှိ အထီးကျံဘဝမှာ
ဖြစ်မှ ဆင်းရဲသည်လို့ထင်သည်၊ သူဌေးသူကြွယ် မင်းဧကရာဇ် အခေါ်ခံရသော ခန္ဓာမှာဖြစ်သော် ဆင်းရဲဒုက္ခလို့မသိ ဖြစ်ကြပါသည်။
      ဒုက္ခလို့မသိခြင်းသည် တဏှာလွှမ်းမိုးနေ၍ဖြစ်သည်၊ တဏှာလွှမ်းမိုးနေ၍ မျက်စိကန်းနေသည်၊ လောဘတိုက်တွန်း အမြင်ကန်းဖြစ်သည်။ ရ
နေသည်ကတော့ ဒုက္ခကြီးဖြစ်သည်၊ သို့သော် လောဘလွှမ်းမိုးသောအခါ ကိုယ်က အမြင်ကန်းသွားသည်၊ အမြင်ကန်းမှုသည် အဝိဇ္ဇာဖြစ်ပါ သည်။ 
      အသက်ရှည်နေမှု အသက်ရှင်နေမှုသည် ဇရာဒုက္ခဖြစ်သည်။ အသက်ရှည်မှု အသက်ရှင်မှုဒုက္ခကို နားမလည်ပါ မေးစရာရှိသည်ဆိုသော် အ
သက်ရှည်မှု အသက်ရှင်မှုသည် အသေကို စောင့်နေမှုဖြစ်သည်၊ အသက်ရှင်နေမှုသည် သေဖို့ဖြစ်သည်၊ အသက်ရှည်နေမှုသည်လည်း ရှေ့ကို
တိုး၍သွားသော် သေမယ်ဖြစ်သည်။ အသက်ရှင်အသက်ရှည်နေမှုသည် အသေကိုစောင့်နေပါသည်၊ စဉ်းစားကြည့်သော် သူများအသေကို စော
င့်သည်မဟုတ်ပါ ကိုယ့်အသေကို ကိုယ်စောင်နေပါသည်။ သူများအသေကို စောင့်ရန်အတွက် ခေါ်လာလျှင် မအားမလာနိုင် ရှောင်လွှဲ၍ရသည်၊ 
ကိုယ့်အသေကို ကိုယ့်စောင့်သောအခါ မအားမလာနိုင် ရှောင်လွှဲ၍မရဖြစ်သည်။
      သူများအသေကိုစောင့်လျှင် အလွန်ဆုံး ခုနစ်ရက်ဖြစ်မယ်၊ ဘုန်းကြီးအလောင်းကိုစောင့်သော် အလွန်ဆုံး တစ်နှစ်ဖြစ်သည်၊ တနှစ်ဖြစ်သော် 
မီးတိုက်လိုက်သည်၊ မီးတိုက်လိုက်သော် အစောင့်ကလွတ်သွားသည်၊ ကိုယ့်အလောင်းကို မသေသမျှစောင့်နေရသည်၊ ထိုသဘောကို တကာ တကာမတို့ တွက်ကြည့်ပါ ချမ်းသာလား ဆင်းရဲလား။ ထို့ကြောင့် မြတ်စွာဘုရားက ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ ဒု
က္ခလေးချက်ဖြစ်သည်။ ခန္ဓာရမှုသည်လည်း ဒုက္ခ၊ အသက်ရှင်မှု အသက်ရှည်မှုသည်လည်း ဒုက္ခ၊ အနာမျိုးရောက်မှုသည်လည်း ဒုက္ခ၊ နောက်ဆုံး 
သေရခြင်းသည်လည်း ဒုက္ခဖြစ်ပါသည်။
      ယခု ခန္ဓာရနေ၍ သေရမယ်ဖြစ်သည်၊ နောင်လည်း ခန္ဓာရ၍ သေရလိမ့်မယ်ဖြစ်သည်၊ ထိုသဘောကို မြတ်စွာဘုရားက ဒုက္ခဇာတိ ပုနပ္ပုနံ၊ ခ
န္ဓာရနေမှုသည် ရေတွက်၍မကုန်ဖြစ်သည်၊ ပုနပ္ပုနံ၊ ထပ်ပြောင်းထပ်ပြန်ဖြစ်သည်။ ထပ်ပြောင်းထပ်ပြန်သည် သူများထပ်နေသည်မဟုတ် ကိုယ့်
အလောင်းကို ကိုယ်ထပ်နေသည်၊ မပုပ်မသိုးမပျက်စီးဘဲ ကိုယ့်အရိုးကိုပုံထားလျှင် ဝေပုလ္လတောင်ထက် မြင့်မယ်ဖြစ်သည်။ ဗြုန်းစားကြီးနားထေ
ာင်သော် ဘုရား စကားကြီးရာထင်လိမ့်မယ်ဖြစ်သည်၊ စကားကြီးသည်မဟုတ်ပါ အရိုးရှိနေသောခန္ဓာဖြစ်၍ အရိုးကို ကောက်ယူခြင်းဖြစ်သည်၊ အရိုးမရှိသော တီအဖြစ် မျှော့အဖြစ်မပါသေးဖြစ်သည်။ အရိုးရှိသောခန္ဓာ၌ ကိုယ့်အရိုးကိုပုံ သူများအရိုးမပါစေနဲ့ ဝေပုလ္လတောင်ထက် မြင့်မယ်ဖြစ် ပါသည်။
      မြတ်စွာဘုရားက ကဋသီ ဝဍ္ဎိတာ အလောင်းထပ်နေသည်၊ ထိုသဘောသည် ကံမကောင်း၍မဟုတ်ပါ ကံကောင်း၍ဖြစ်သည်၊ တခြားမဟုတ်
 ဆုတောင်းပြည့်ခြင်းဖြစ်သည်၊ ဆုတောင်းပြည့်မှုသည် အလောင်းထပ်နေပါသည်။ ဘုရားတရားကို မကြားဖူးမီ ငါရို့က အဟုတ်ကြီးထင်နေသည်
၊ ဘုရားတရားကို ကြားဖူးသောအခါ ကိုယ့်အရိုးကိုကိုယ် ရေတွက်၍မရအောင် ထပ်နေသည်ကို နားလည်လိမ့်မယ်ဖြစ်သည်။ အဝိဇ္ဇာနောက်က
လိုက်သော် အသေကိုရောက်သလို တဏှာနောက်ကလိုက်သော်လည်း အသေကို ရောက်သည်လို့သိသော် ကိုယ့်အဖို့အရာမှာ ကိုယ့်ခန္ဓာကို 
မြင်နိုင်ပါသည်။ 
      ကိုယ်ခန္ဓာသည် အဝိဇ္ဇာနောက်ကလိုက်လာ၍ ယခုလက်ရှိခန္ဓာရနေသည်၊ လက်ရှိခန္ဓာမှာ တရားကိုမလုပ်သော် တဏှာနောက်က လိုက်ဖို့
ကျလိမ့်မယ်ဖြစ်သည်၊ တဏှာနောက်ကလိုက်၍ ကိုယ်ကလိုက်ပို့ရသော သေသွားသောမသာများ အများကြီးဖြစ်သည်။ သေခါနီးကျလျှင် အဘေ
ာင်မှာ အဖိုးမှာ ကုသိုလ်တို့ကို အောက်မေ့ပြောခြင်းသည် တဏှာနောက်က လိုက်ခြင်းဖြစ်သည်၊ တဏှာနောက်ကလိုက်သည်တို့ကို မြင်လည်းမြ
င်ရသည် တွေ့လည်းတွေ့နေရသည်၊ ကိုယ့်အနေဖြင့် လက်ရှိခန္ဓာကို တဏှာနောက်ကလိုက်ဖို့ မစဉ်းစားဘဲ တဏှာကိုဖြုတ်ဖို့ စဉ်းစားရမယ်ဖြစ်
သည်။ တဏှာကိုဖြုတ်ဖို့စဉ်းစားသော် ဤအတိုင်းဖြုတ်၍မရပါ၊ တဏှာသည် တခြားမှလာသည်မဟုတ် ငါ ငါ့ဟာနှင့် ကိုယ်နှင့် ကိုယ့်အသိုင်းအ
ဝိုင်းမှလာသည်၊ တဏှာဖြစ်မှုသည် အမြင်ကန်းနေ၍ တဏှာဖြစ်ပါသည်။
      နံပါတ်နှစ်အကွက် ခန္ဓာငါးပါးသည် အဝိဇ္ဇာအဖို့ခံထားသည် ရူပက္ခန္ဓာမှာလည်း အဝိဇ္ဇာအဖို့ခံထားသည်၊ ဝေဒနာက္ခန္ဓာ သညက္ခန္ဓာ သင်္ခါရ က္ခန္ဓာ ဝိညာဏက္ခန္ဓာမှာလည်း အဝိဇ္ဇာအဖို့ခံထားသည်။ အဝိဇ္ဇာနှင့်တဏှာသည် အပေးအယူ မျှသူဖြစ်သည်၊ တကယ်လို့သာ တဏှာကိုဖြုတ် လိုသော် အဝိဇ္ဇာနှင့်ပေါင်း၍ မဖြစ်နိုင်ဖြစ်သည်၊ ဆိုလိုသည်စကားက တဏှာကိုဖြုတ်လိုသော် တရားမနာဘဲ မဖြုတ်နိုင်ဖြစ်သည်၊ ထိုအခါ အဝိ ဇ္ဇာသမားကို ရှာနေ၍မရပါ၊ ဝိဇ္ဇာသမားကို ရှာရမယ့်ဖြစ်သည်။ ဂျော်ဂျီကို ဝိဇ္ဇာသမားပြောသည်မဟုတ်ပါ၊ ဂျော်ဂျီကို ဝိဇ္ဇာသမားထင်နေသော် အဝိ ဇ္ဇာဝင်နေပြီဖြစ်သည်၊ ထိုအခါ တဏှာနှင့်ပေါင်းသွားသည်၊ ဝိဇ္ဇာသမားသည် ဘုရားဖြစ်ပါသည်။ ဓမ္မစက္ကပဝတ္တနသုတ်မှာ စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိဟောထားသည်၊ ဝိဇ္ဇာသမားသည် ဘုရားဖြစ်၍ ဘုရားနှင့်ပေါင်းဖို့လိုပါသည်။
       ဘုရားရတနာသည်လည်း အခါတိုင်းမှာ မပွင့်ဖြစ်သည်၊ ဘုရားနှင့်တွေ့ချင်သော် အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစောင့်ရသည်၊
 စောင့်သည်တိုင် လူတိုင်းမတွေ့နိုင်ဖြစ်သည်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစောင့်မှ ဝိဇ္ဇာသမားနှင့် လာတွေ့မယ်ဖြစ်သည်။ ကိုယ်က လေးအ
သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဘလောက်ဘလောက် စောင့်ခဲ့လိမ့်မယ်မသိပါ တွေ့ခဲ့လိမ့်မယ်ဖြစ်သည်၊ သို့သော် တစ်ပါးနှင့်လည်း အဆင်မပြေဘဲ ရ
န်ဖြစ်လို့ လာလိမ့်မယ်ဖြစ်သည်၊ တကယ်လို့သာ အဆင်ပြေခဲ့သော် နိဗ္ဗာန်ကို ပါသွားလိမ့်မယ်ဖြစ်ပါသည်။ ဘုရား၏ ဝေနေယျသော်လည်းဖြစ်ရ
မယ်၊ သို့မဟုတ် သာဝက၏ ဝေနေယျသော်လည်းဖြစ်ရမယ်ဖြစ်သည်၊ ဘုရား၏ဝေနေယျဆိုသည်က ဘုရားစကားကို နားလည်၍ နိဗ္ဗာန်ကိုပေါ
က်သွားရမယ်၊ သို့မဟုတ် ဘုရား၏တပည့်သား သာဝကစကားကိုနားလည်၍ နိဗ္ဗာန်ကို ပေါက်သွားရမယ်ဖြစ်သည်၊ ယခုသည် တစ်ပါးနှင့်လည်း 
နိဗ္ဗာန်ကို မပေါက်ခဲ့သည်ဖြစ်၍ သူတို့နှင့် ရန်ဖြစ်လာခဲ့လိမ့်မယ်ဖြစ်သည်။
      ယခုဘဒ္ဒကမ္ဘာမှာ ကကုသံ ဂေါဏဂုံ ကသ၁ပ ဂေါတမ ဘုရားလေးဆူ ပွင့်ပြီဖြစ်သည်၊ ကကုသံဘုရားနှင့်လည်း ကိုယ်က မပါသွားလိုက်၊ေ
ဂါဏဂုံဘုရား ကသ၁ပဘုရားနှင့်လည်း မပါသွားလိုက်၊ ယခု ဂေါတမဘုရားပွင့်ပြီး အဆုံးအမ သာသနာထားခဲ့သည်၊ သာသနာနှစ်ထောင်ငါးရာ
၌ ကိုယ်က မပါသွားသေးပါ၊ ယခု နှစ်ထောင့်ငါးရာကျော်၌ လာတွေ့နေပါသည်၊ ဤနောက်ပိုင်း၌ ဘုရားစကားကိုကြား၍ နှလုံးသွင်းသော် ဂေါတ
မဘုရား၏ တပည့်သားဖြစ်မယ်ဖြစ်သည်။
      ယခု လက်ရှိခန္ဓာမှာ သဠာယတန၌ နားရှိသည်၊ တရားစကားကိုကြားသောအခါ မနာယတနခေါ်သော စိတ်နှင့်နှလုံးသွင်းသည်၊ ဘုရားဟော
သောတရားသည် သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ လိုရင်းတရားဖြစ်ပါသည်။
     သင်္ခါရဟူသမျှသည် အနိစ္စ ဒုက္ခ အနတ္တဟောထားသည်၊ ဤသင်္ခါရစကားကို နားလည်ဖို့ လိုလာပါသည်၊ သင်္ခါရကို နားမလည်သော် အနိစ္စ ဒု
က္ခ အနတ္တဆိုယင်းနှင့်ကို အချိန်ကုန်သွားမယ်ဖြစ်ပါသည်။ ရုပ်နှင့်နာမ်သည် သင်္ခါရဖြစ်သည်၊ ရုပ်နာမ်သည် အနိစ္စ ဒုက္ခ အနတ္တဖြစ်သည်၊ သေေ
သာအခါ အသုဘခေါင်းမှာကပ်ထားသော သင်္ခါရကိုခေါ်သည်မဟုတ် ရုပ်နာမ်ကို သင်္ခါရခေါ်ပါသည်။ မျက်စိသည်ရုပ် မြင်စိတ်သည်နာမ် ရုပ်နာမ်
ဖြစ်သည်၊ ထိုရုပ်နာမ်သည် ကိုယ့်ခန္ဓာမှာရှိပါသည်၊ ထိုရုပ်နာမ်သည် အနိစ္စလည်းဖြစ်သည် ဒုက္ခလည်းဖြစ်သည် အနတ္တလည်းဖြစ်ပါသည်။ မျက်
စိနှင့်မြင်သောအခါ မျက်စိလည်းဖြစ်နေသည် မြင်စိတ်လည်းဖြစ်နေမှုသည် ရုပ်နှင့်နာမ်ဖြစ်နေပါသည်၊ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ၊ ဖြစ်ပြီးသော်
 ပျက်သွားသည်၊ ဖြစ်ပြီးပျက်သည်ကို လယ်တီဆရာတော်ဘုရားကြီးက မမြင်လိုက်ပြီပြောခြင်းသည်  ဖြစ်ပြီးလျှင် ပျက်သွားသည်ကို ဆိုသည်လို့ ဆုံးမပါသည်။
      မွေးသည်လောက်ကပင် မြင်လိုက်သည် မမြင်လိုက်ပြောတတ်သည်၊ သို့သော် ရုပ်နာမ်ဖြစ်နေသည် ရုပ်နာမ်ပျက်နေသည်ကို မသိတတ်ဖြစ်
သည်။ ရုပ်နာမ်ဖြစ်ပျက်နေသည်က တကယ်လည်းရှိနေပါသည်၊ ရုပ်နာမ်ဖြစ်ပျက်နေသည်ကို ပြောတတ်သော ဆရာလိုလာသည်၊ ပြောတတ်ေ
သာ ဆရာမရှိ၍ ငါမြင်သည် ငါမမြင်လိုက်ကိုတော့ မိဘသင်၍ ပြောတတ်နေပြီဖြစ်သည်။ ပြောတတ်သောဆရာသည် ဘုရားပွင့်လာသည်၊ ဘုရ
ားကိုယ်စား လယ်တီဆရာတော်ဘုရားက မြင်နေမှုသည် ရုပ်နာမ်ဖြစ်နေသည်၊ မမြင်လိုက်ပြီသည် ရုပ်နာမ်ပျက်နေသည်ပြောစကားကို ဘုန်းကြီး
က ဝင်ပြောပါသည်။ မျက်စိသည် ရုပ်တရား မြင်စိတ်သည် နာမ်တရားဖြစ်သည်၊ မျက်စိနှင့်ဖွင့်ကြည့်သောအခါ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ 
အသက်ဇီဝလိပ်ပြာမပေါ် မျက်စိနှင့်မြင်စိတ်ပေါ်သည်၊ မမြင်လိုက်ပြီဆိုသောအခါ မျက်စိနှင့်မြင်စိတ် နှစ်ခုလုံးသည် ချုပ်ပျောက်သွားသည်၊ ထိုသ
ဘောသည် ရုပ်နာမ်ဖြစ်ပြီး ပျက်နေမှုဖြစ်သည်၊ တကယ် ရှိလည်းရှိနေပါသည်။ 
      စောစောက မကြားဖူး၍မသိခဲ့၊ ယခုကြားဖူးပြီဖြစ်၍ မြင်နေရမှုသည် ရုပ်နာမ်ဖြစ်နေသည် မမြင်လိုက်ပြီသည် ရုပ်နာမ်ပျက်နေသည်လို့ သိပေး
လိုက်ပါ၊ တရားကို မကြားဖူးသောအခါတော့ မသိဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက "အသ၁ဝနတ ဓမ္မသ၁ ပရိဟာယန္တိ၊ တရားကိုမကြား ဖူး၍ တရားကိုမသိဖြစ်သည်၊ ထို့ကြောင့် ဒေသအသီးသီးသို့သွားပြီး တရားကိုဟောကြားကြ၊ တရားကိုမသိ၍ လူအများ တရားအသိက ဆုတ်ယု
တ်နေကြသည်" ဟု အမိန့်ရှိသည်။ တရားကတော့ရှိနေသည် တရားကိုမသိ၍ တရားအသိသည် ဆုတ်ယုတ်နေသည်၊ ထို့ကြောင့် သာသနာငါး
ထောင်အထိ ဤတရားကိုစောင့်ရှောက်၍ ဟောကြ ပြောကြမိန့်ခဲ့သည်ဖြစ်၍ သိတတ်သော ဆရာမြတ်တို့က ထိုတရားတို့ကို ပို့ချ၍ဟောသော
အခါ ဘုန်းကြီးများက ကြားဝင်ပြီး ပြောဟောနေခြင်းဖြစ်သည်။
      မြင်နေမှုသည် ရုပ်နာမ်ဖြစ်နေသည် မမြင်လိုက်ပြီသည် ရုပ်နာမ်ပျက်နေသည်၊ ထိုသို့ကြား၍ သိပေးလိုက်သော် ကိုယ့်အသိ၌ ဝိဇ္ဇာရောက် မယ်ဖြစ်သည်၊ ဝိဇ္ဇာရောက်သည်ကို ဝိဇ္ဇာ ဥဒပါဒိခေါ်သည်၊ ဤဝိဇ္ဇာရောက်လာမှုသည် ရုပ်နာမ်ဖြစ်ပျက်ကိုသိ၍ ရောက်လာမှုဖြစ်သည်။ စောစော က ရုပ်နာမ်ဖြစ်ပျက်ကို မသိမမြင်မီ ငါမြင်လိုက် ငါမမြင်လိုက် သိနေသောအခါ အဝိဇ္ဇာဖြစ်နေသည်၊ ယင်းကြောင့် တဏှာ၏အရင်းသည် အဝိဇ္ဇာ
ဖြစ်သည်၊ အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံ ဆက်သွားသည်။ နံပါတ်တစ်အကွက်၌ အဝိဇ္ဇာရှိနေသည်၊ အဝိဇ္ဇာက ဝေဒနာထိ အဖို့ခံထားသည်
၊ အဝိဇ္ဇာကို မဖျက်သမျှ နံပါတ်သုံးအကွက်မှ တဏှာကို မဖျက်နိုင်ဖြစ်သည်။
      အဝိဇ္ဇာကို အလှူသီလနှင့်ဖျက်သော် အဝိဇ္ဇာသည် အူလို့တောင်မသိပါ၊ အလှူသီလသည် အပင်ထဲ၌ပါသည်၊ အဝိဇ္ဇာကို ပညာနှင့်ဖျက်ရသည်
။ ပညာနှင့်ဖျက်သောအခါ မျက်စိနှင့်မြင်စိတ်သည် ရုပ်နာမ်ဖြစ်သည်၊ မမြင်လိုက်မှုသည် ရုပ်နာမ်ပျက်သည်ကို သိနေရသည်။ အမြင်ခံသင်္ခါရက ဖြ
စ်ပျက်ဒုက္ခ ၊ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ရုပ်နာမ်သင်္ခါရကို သိသောဉာဏ်သည် အနိစ္စဉာဏ်၊ ရုပ်နာမ်ဒုက္ခကို သိသောဉာဏ်သည် ဒုက္ခကိုသိသော
ဉာဏ်၊ ရုပ်နာမ်အနတ္တကို သိသောဉာဏ်သည် အနတ္တဉာဏ်ဖြစ်သည်၊ ကိုယ်မှာ အနိစ္စဉာဏ် ဒုက္ခဉာဏ် အနတ္တဉာဏ်ပေါ်လာသည်။ ထို
ဉာဏ်ပေါ်ပြီဖြစ်သော် တဏှာကို သွင်းယူ၍မရဖြစ်သည်။
      မိုးကုတ်ဆရာတော်ကြီးက ထိုသဘောကို အမြင်ခံက ဖြစ်ပျက်ဒုက၊္ခ သိဉာဏ်က မဂ္ဂ၊ သေသည်က သမုဒယ၊ အပရန္တဆက်လမ်း ပိတ်သွား သည်၊ ဆုတောင်းကြောင့် ပိတ်သည်မဟုတ်ပါ ဉာဏ်အမြင်ကြောင့် ပိတ်ပါသည်၊ ဉာဏ်အမြင်က မဂ္ဂဖြစ်ပါသည်။ အပရန္တစက်သေသော် အပ
ရန္တစက်အဖို့ခံထားသော တဏှာ မရဏမလာဖြစ်သည်၊ တဏှာ မရဏ နှစ်ခုသေမှုသည် နိရောဓ နိဗ္ဗာန်၊ သိသောဉာဏ်သည် မဂ်ဉာဏ်ဖြစ်
ပါသည်။ မသိ၍ ခန္ဓာငါးပါး ဖြစ်နေရသော်လည်း ယခု ဘုရားတရားနှင့်တွေ့၍ ကိုယ်ကိုယ်တိုင် တရားနာ၍ ကျင့်ကြံအားထုပ်သော် ကိုယ့်အတွက် 
အပရန္တစက် ငြိမ်းသွားမယ်ဖြစ်ပါသည်။
      တရားကိုသိသော် အပရန္တစက်ငြိမ်းသည်၊ အသိခံက ဖြစ်ပျက်ဒုက္ခ၊ သိဉာဏ်က မဂ္ဂ၊ ငြိမ်းသွားသည်က သမုဒယ၊ နောင်ခန္ဓာ မလာမှုသည်
က နိရောဓဖြစ်သည်။ မြင်ရမယ်တရား နှစ်မျိုးရှိသည်၊ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးအောင်ကြည့်ပါ၊ ဖြစ်ပျက်ဆုံးသည်က နိဗ္ဗာန် သိသည်
ဉာဏ်က မဂ်ဉာဏ်ဖြစ်သည်။ ဖြစ်ပျက်မြင်ရုံနှင့် လုပ်ငန်းမဆုံးမပြီးသေးပါ၊ ဖြစ်ပျက်မြင်သော် ဖြစ်ပျက်မုန်းအောင်ကြည့်ရသည်၊ ဖြစ်ပျက်မြင် ဖြ
စ်ပျက်မုန်း နှစ်ခုကြည့်ရသည်။ ဖြစ်ပျက်မြင်သော် မသေတံခါး ပွင့်နေပြီဖြစ်သည်၊ မသေတံခါးပွင့်သော် ကိုယ်ဝင်ဖို့ လိုလာပါသည်၊ ဝင်လိုသော် ဖြ
စ်ပျက်ဆုံးအောင်ကြည့်ရသည်၊ ဖြစ်ပျက်အဆုံးသည် နိဗ္ဗာန်ဖြစ်ပါသည်။ ဖြစ်ပျက်အဆုံသည် နိဗ္ဗာန်ကိုဝင်သည်၊ ဝင်သောလမ်းက မဂ္ဂ၊ ဝင်ရာနေ ရာက နိရောဓ၊ အပရန္တစက် ငြိမ်းသွားပါသည်။
      ပုဗ္ဗန္တစက်ကနေ၍ အပရန္တစက်ကို မဆက်မှုသည် ဉာဏ်ဖြစ်သည်၊ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားသည် ဘုရားဟောတရားမှ ရေး ထားသည်၊ သူတော်ဆည်းကပ် မြတ်တရားနာ လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို၊ မျက်စိနှင့်မြင်စိတ်သည် နာမ်နှင့်ရုပ်၊ နာမ်နှင့်ရုပ်ကို ဖြစ်ချုပ် သိမြင့်၊ ဖြစ်တယ်ပျက်တယ်မြင်ရမယ်၊ ဖြစ်ချုပ်သိမြင် ဤငါးအင် မှန်ပင်မဂ်ရကြောင့်၊ မဂ်ဉာဏ်ရမယ်ဖြစ်သည်။ ပေါ်တိုင်းကို သိပေးရသည်၊ ပေါ်
တိုင်းကို မသိလိုက်နိုင်သော်လည်း အကြိမ်းတစ်ဆယ် သို့မဟုတ် အကြိမ်တစ်ရာပေါ်သော် တစ်ကြိမ်လောက်သိလိုက်နိုင်လျှင် မသိမှုအားနည်း
သွားသည်၊ ထိုမှသာ ကိုယ့်အတွက် လမ်းပေါက်မယ်ဖြစ်ပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြရအောင်။

 

No comments:

Post a Comment