Total Pageviews

Tuesday, February 9, 2016

      စစ်တွေမြို့  ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏတရာတော်

               ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖဘောင်းချိပ်(cox's bazar)မြို့  ဇယသုခကျောင်း၌

           ၂၀၀၇ ခု မေလ ၆ ရက် ည ၄း၃၀ နာရီမှ ၅း၃၀ နာရီထိ ဟောကြားအပသော

                            ပဋိစ္စသမုပ္ပါဒ်တရားတော်

                                                                              သုံးပါးအစပ်- အပိုင်း ၁

      အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့်ရုပ်နာမ်ပေါ် သံသရာလည်နေပုံကို ပြောထားပြီးပါပြီ၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်ကိုကြည့်လျှင် စက်ဝိုင်း
၌ နံပါတ်တစ်အကွက်အထက်မှာ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝကြောင့် နံပါတ်နှစ်အကွက် ရုပ်နာမ်ပေါ်လာသည်၊ တစ်အကွက်သည်အေ
ကြာင်း နှစ်အကွက်သည်အကျိုး အကြောင်းကြောင့် အကျိုးဖြစ်ပါသည်။ ထိုအကြောင်းထဲမှ အဝိဇ္ဇာ မသိခြင်း၊ တဏှာ လိုချင်ခြင်း၊ ဥပါဒါန် စွဲလမ်း
ခြင်း၊ သင်္ခါရ ရအောင်လုပ်ခြင်း၊ ဤအကြောင်းလေးမျိုးကြောင့် နံပါတ်နှစ်အကွက် လက်ရှိခန္ဓာရနေပါသည်။
      ဤအနေအထားကို ခန္ဓာနှင့်ပြောသော် အတိတ်ဘဝ၌ ကုသိုလ်ကံ ပုညာဘိသင်္ခါရရှိခဲ့သည်၊ ပုညာဘိသင်္ခါရ၌ အလှူုလုပ်ခြင်း သီလဆောက် တည်ခြင်း ပုတီးစိပ်ခြင်း မေတ္တာပွါးများခြင်းတို့ အကျုံးဝင်သည်။ ထိုအလှူလုပ်ခြင်း သီလဆောက်တည်ခြင်း ပုတီးစိပ်ခြင်း မေတ္တာပွါးများခြင်းတို့ကို ရုပ်နာမ်ကိုမသိခဲ့ဘဲ အဝိဇ္ဇာကြောင့် ကုသိုလ်ဘဲသိခဲ့သည်၊ အဝိဇ္ဇာရှိသည်ဖြစ်၍ ဤကုသိုလ်ကံကြောင့် အပါယ်လေးပါးကလွတ်လျက် လူ့ဘဝ စည်းစိမ်အကြိမ်ကြိမ် နတ်ဘဝစည်းစိမ်အကြိမ်ကြိမ် ရလိုမှုစိတ် ထားရှိခဲ့သည်၊ ထိုစိတ်ထားသည် တဏှာ ဥပါဒါန်ဖြစ်သည်။ တဏှာသည် လိုချင် မှုဖြစ်သည်၊ လိုချင်မှု၌လည်း ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကို လိုချင်သည်မဟုတ်ပါ၊ လူ့ဘဝ နတ်ဘဝကိုလိုချင်သည်၊ လူ့ဘဝ နတ်ဘဝကို လိုချင်သောစိတ်ကို တဏှာ ဥပါဒါန်ခေါ်ပါသည်။
      လူ့ဘဝ နတ်ဘဝမှာဖြစ်လျှင် လူ့ဘဝ နတ်ဘဝမှာ သေရအုံ့မယ်ကို မသိခဲ့ပါ၊ မသိမှုသည် အဝိဇ္ဇာဖြစ်သည်။ သေဖို့မသိသော ကုသိုလ်ကို လို
ချင်မှု ပြင်းပြင်းပြပြနှင့် လုပ်ခဲ့သည်အတွက် စာစကားနှင့်ပြောသော် အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံ၊ ယခုဘဝကိုမရောက်မီ အတိတ်ဘဝ၌ရှိ
ခဲ့သည်ဖြစ်၍ ယခုလက်ရှိဘဝ၌ ခန္ဓာဖြစ်နေရသည်။ ကုသိုလ်ကံကြောင့် လူခေါ်သော လူ့ဘဝခန္ဓာ နတ်ခေါ်သော နတ်ဘဝခန္ဓာ ဗြဟ္မာခေါ်သော
ဗြဟ္မာဘဝခန္ဓာဖြစ်ရသည်၊ အကုသိုလ်ကံ အပုညာဘိသင်္ခါရကြောင့် အပါယ်လေးပါးခန္ဓာဖြစ်ရသည်။
      အတိတ်ဘဝ၌ ကိုယ်လုပ်ခဲ့သည်တို့ကို တရားကိုနာကြည့်မှ သိလာရသည်၊ တရားကိုနာကြည့်သောအခါ မိမိတို့သည် အတိတ်ဘဝ၌ တရား
ကိုမလုပ်ခဲ့ဘဲ အလှူသီလပုတီးမေတ္တကို လုပ်ခဲ့သည်၊ ထိုအလုပ်၌ တရားကိုမသိဖြစ်ခဲ့သည်။ ဘုရားဟောထားသော ပဋိစ္စသမုပ္ပါဒ် ခန္ဓာနောက်
ပိုင်းကိုကြည့်လျှင် နံပါတ်တစ်အကွက်ဖြစ်နေပါသည်၊ အဝိဇ္ဖာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့် ယခု နံပါတ်နှစ်အကွက်ခန္ဓာ ရုပ်နာမ်ပေါ်နေပါ
သည်။
      ထိုသဘောကို ဥပမာပေး၍ ပြောသောအခါ အပင်မှမျိုး မျိုးမှအပင်၊ ဥပမာသည် ထိုဘဝမှာ ခန္ဓာရှိခဲ့မှုသည် အပင်နှင့်တူသည်၊ ထိုအပင်မှနေ၍
 ကံကိုလုပ်ခဲ့၍ ကံအသီးသည် မျိုးနှင်တူသည်၊ ထိုအပင်မှ ကံအသီးသီး၍ ဉာဏ်အသီးမသီးခဲ့ပါ၊ ထို့ကြောင့် အတိတ်ဘဝ၌ ဖြစ်ခဲ့သောခန္ဓာသည်
 အပင်၊ ကံကိုလုပ်ခဲ့သည်က မျိုးစေ့ဖြစ်သည်၊ အုန်းပင်မှ အုန်းသီးသီးသလိုဖြစ်ပါသည်။ အတိတ်ဘဝ၌ ဖြစ်ခဲ့သောခန္ဓာအပင်မှ သင်္ခါရကံအသီးမျိုး
စေ့ သီးခဲ့သည်၊ ထိုကံမျိုးစေ့ကို အပင်ဖေါက်လိုက်သောအခါ နံပါတ်နှစ်အကွက်မှာ လူအပင် နတ်အပင် ဗြဟ္မာအပင်လာပေါက်သည်၊ ထိုဘဝမှာရှိ
ခဲ့သော ခန္ဓာသည်အပင်၊ သင်္ခါရကံသည် မျိုးစေ့ဖြစ်သည်။ ထိုမျိုးစေ့ကနေ၍ ယခုအပင်လာပေါက်သည်၊ ထိုသဘောကို အပင်မှမျိုး မျိုးမှအပင်ဖြစ်
သည်။ အပါယ်လေးပါးခန္ဓာသည်လည်း မျိုးကနေ၍ အပင်ပေါက်သည်၊ အပါယ်လေးပါးခန္ဓာကို သာမန်အားဖြင့်ပြောသော် မျိုးမကောင်းမှ ပေါက်
သောခန္ဓာဖြစ်သည်၊ လူနတ်ခန္ဓာသည် မျိုးကောင်းမှ ပေါက်သောခန္ဓာဖြစ်သည်။
      အပင်မှမျိုး မျိုးမှအပင်၊ အတိတ်ဘဝခန္ဓာသည် အပင်နှင့်တူသည်။ အတိတ်ဘဝ၌ ပြုလုပ်ခဲ့သောကံသည် မျိုးနှင့်တူသည်။ ထို့ကြောင့် ယခု လက်ရှိခန္ဓာရနေခြင်းသည် အပင်နှင့်တူပါသည်။ လက်ရှိခန္ဓာအပင်မှာ တရားမလုပ်ဘဲ ကံချည်းလုပ်နေသည်၊ အပင်သည် နံပါတ်နှစ်အကွက် မျိုး
သည် နံပါတ်သုံးအကွက်ဖြစ်သည်။ အပင်မှမျိုးသည် လက်ရှိခန္ဓာမှနေ၍ သေတစ်ဖန်သက်တဆုံးထိ ရုပ်နာမ်ကိုမသိ ဖြစ်ပျက်မမိဘဲ ကံချည်းလုပ်
နေသည်။ ရုပ်နာမ်ကို မသိသူသည် ဖြစ်ပျက်မိဖို့ခက်ပါသည်၊ ရုပ်နာမ်မသိ ဖြစ်ပျက်မမိသူသည် သက်သက် ကံကိုချည်းလုပ်နေသည်။ ကုသိုလ်ကံ
ကို လုပ်တဲ့အခါလည်း လုပ်လိုက်သည်၊ ထမင်းကျွေးခါလည်း ကျွေးလိုက်သည်၊ အသက်ကို သတ်တဲ့အခါလည်းသတ်လိုက်သည်၊ လက်ရှိခန္ဓာ
ကို အရင်းတည်ပြီး ကုသိုလ်ကံလုပ်လိုက် အကုသိုလ်ကံလုပ်လိုက်ဖြစ်သည်၊ လက်ရှိခန္ဓာသည် နှစ်အကွက် ကံလုပ်မှုသည် သုံးအကွက်ဖြစ်ပါ
သည်။
      ယခုလက်ရှိခန္ဓာမှာ အလုပ်လုပ်မှု ပြောဆိုမှု စိတ်ကကြံတွေးမှုတို့သည် နေ့တိုင်းပေါ်နေသည်၊ အလုပ်လုပ်မှုသည် ကာယကံ၊ ပြောမှုသည် ဝစီကံ၊ စိတ်ကကြံတွေးမှုသည် မနောကံဖြစ်သည်။ ကာယကံ ဝစီကံ မနောကံတည်းဟူသော ကံသုံးပါးတို့သည် စာထဲမှာမဟုတ် ကိုယ့်ခန္ဓာထဲ
မှာဖြစ်သည်၊ ထိုကံသုံးပါးတို့သည် လက်ရှိခန္ဓာအပင်ကနေ၍ မျိုးစေ့ဖြစ်နေပါသည်။ နှစ်အကွက် လက်ရှိခန္ဓာအပင်မှ ဉာဏ်အသီးမသီးဘဲ ကံ
သီးသီးနေသည်၊ အတိတ်ဘဝကလည်း ကံသီးသီးခဲ့၍ ယခု လက်ရှိဒုက္ခရောက်နေရသည်။ ယခုခန္ဓာအပင်မှတစ်ဖန် သုံးအကွက် ကံသီးသီးနေ
ခြင်းသည် အပင်မှမျိုးဖြစ်သည်၊ အနာဂါတ်ဘဝမှာ အပင်ပေါက်မယ်ဖြစ်သည်၊ နံပါတ်လေးအကွက်သို ဆက်သွားသည်။ အပင်မှမျိုးသည် နံပါတ်
နှစ်နှင့်သုံးအကွက်၊ မျိုးမှအပင်သည် နံပါတ်သုံးအကွက်နှင့်လေးအကွက်ဖြစ်သည်၊ တစ်ဘဝလုံး ခန္ဓာအားလုံးသည် မျိုးကိုရှာ၍ အပင်စိုက်ရန် လုပ်
နေကြပါသည်။
      သားသမီး ဆွေမျိုးဉာတကာတို့ ငါ့နောက်က တစ်ယောက်လည်းမလိုက် ငါ့ကံကို ငါယူသွားမယ်ပြောခြင်းသည် သူ့အဆိုနှင့်သူ ဟုတ်တော
ဟုတ်ပါသည်၊ သို့သော် ထိုကံသည် အနာဂါတ်၌ ခန္ဓာကိုပေးလျှင် ဆင်းရဲကိုပေးခြင်းဖြစ်သည်။ ဆင်းရဲပြောရခြင်းအကြောင်းသည် သေသောခန္ဓ
ာ ရနေ၍ဖြစ်သည်၊ အတိတ်ကကံကြောင့် ယခုခန္ဓာရရှိနေသည်၊ ယခုခန္ဓာသည် မုချသေရမယ်ဖြစ်သည်၊ ယခုခန္ဓာ၌ နောက်ခန္ဓာဖြစ်ရန် ကံကိုလု
ပ်သော် နောက်ခန္ဓာဖြစ်၍ သေရမယ်ကို မသိဖြစ်၍ နောက်ဘဝကို ယူသွားမယ်ပြောဖြင်းဖြစ်သည်။
      သေတောသေရမယ် မသေလို့ကမလွတ် ပြောပါလိမ့်မယ်၊ သေသော်လည်း ကံကောင်းဘို့လိုသည်ဖြစ်လျှင် အသေကို သံဝေဂမရဖြစ်သည်။
အတိတ်ကလည်းသေခဲ့ပြီ ယခုလည်း သေဖို့ပြင်နေသည်၊ မသေအောင်လုပ်ပါလားပြောသော် မသေအောင်ကလုပ်၍မရ အားလုံးသေနေရသည်
 ပြောပါလိမ့်မယ်၊ ထိုစကားကို နားထောင်ကြည့်သော် သူသည် မသေအောင်လုပ်နည်းကို မသိပါ၊ ကံကို စုဆောင်းဖို့ဘဲ သိနေပါသည်။
     မသေအောင်လုပ်နည်းကို မသိမှုသည် ကိုယ်တစ်ယောက်တည်းမဟုတ် မိသားစု တစ်ခုလုံးဖြစ်သည်။ ဘုရားကတော့ မသေအောင်လုပ်နည်း
ကိုသိ၍ ဘုရားဖြစ်သည်၊ သို့သော် ထိုဘုရားနှင့်မတွေ့လျှင်လည်း မသေအောင်လုပ်နည်းကို မသိနိုင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိခန္ဓာမှ "အပင်
မှမျိုး မျိုးမှအပင် အပင်မှမျိုး မျိုးမှအပင်" အမျှင်မပြတ်ဘဲ ဤခန္ဓာဖြစ်စဉ်ကြီး သွားနေသည်။ ကံကြောင့်နာမ်ရုပ် လက်ရှိခန္ဓာသည် နာမ်ရုပ်ဖြစ်သည်၊
ဤနာမ်ရုပ်သည် အတိတ်က သင်္ခါရကံကြောင့်ဖြစ်သည်။ နံပါတ်တစ်အကွက် ကံသည်မျိုးစေ့၊ နံပါတ်နှစ်အကွက် နံရုပ်သည် အပင်ဖြစ်သည်။ နံရု
ပ်ကြောင့်ကံ လက်ရှိခန္ဓာနှစ်အကွက်သည် နာမ်ရုပ်ဖြစ်သည်၊ ထိုနှစ်အကွက်နံရုပ်မှ သုံးအကွက် ကံထွက်လာသည်။
      စေတနာကို ကံခေါ်သည်၊ နံပါတ်တစ်အကွက်က စေတနာသည်လည်း အသေနေရာသို့ပို့သည်၊ နံပါတ်သုံးအကွက်က စေတနာသည်လည်း
အသေနေရာသို့ပို့သည်။ စေတနာသည် နိဗ္ဗာန်ကိုပို့သည်လို့ ဘုရားမဟောပါ၊ ဘုရားမဟောကြားဘဲ ကိုယ်က ငါ့စေတနာကောင်းလျှင် တဖြည်း
ဖြည်းနှင့် နိဗ္ဗာန်ကို ရောက်လိမ့်မယ်ထင်နေသည်၊ ကိုယ်က တရားကိုနာကြည့်မှ စေတနာသည် သင်္ချိုင်းကိုဘဲပို့သည်။ ကုသိုလ်စေတနာသည် လူ
နတ်ဗြဟ္မာကိုပို့သည်၊ အကုသိုလ်စေတနာသည် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကိုပို့သည်၊ လူနတ်ဗြဟ္မာကို ရောက်လျှင်လည်း သေပါသည်၊ င
ရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကို ရောက်လျှင်လည်း သေပါသည်၊ စေတနာသည် ကောင်းကောင်းဆိုးဆိုး နိဗ္ဗာန်ကို မပို့ဖြစ်သည်။ စေတနာကို
မဂ္ဂသစ္စာလို့ ဘုရားမဟောပါ၊ ကိုယ်က တရားကိုမနာဖူး၍ မသိဖြစ်သည်။ မဂ္ဂသစ္စာသည် ပညာဖြစ်ပါသည်။
      ကံဦးစီး၍ ကံမျိုးစိုက်နေသည်ကို သေမျိုးလို့မသိဘဲ ငါချမ်းသာအောင်လုပ်နေသည်သာ သိသွားသည်၊ ဤသဘောသည် ဘုရားတရားကို မနာ
ရ၍ဖြစ်သည်။ တရားကိုမနာရမီ အသိသည်လွဲပါစေ၊ ယခု တရားကို နာရပြီဖြစ်လျှင် ယနေ့ကစ၍ ရှေ့ကို အသိမလွဲအောင်လုပ်မှ လက်ရှိခန္ဓာကြီး
ကနေ၍ နောက်နောင် ဇရာမရဏသို့ မရောက်နိုင် ဖြစ်လိမ့်မယ်ဖြစ်သည်၊ ဇရာမရဏသို့ လည်ပတ်နေခြင်းသည် ကံမကောင်း၍မဟုတ် အသိမှာ
းနေ၍ဖြစ်သည်။ သူသူကိုယ်ကိုယ်က အဗြင်းဗြင်း ကံကောင်း၍ အသေကလွတ်သည်ပြောကြသည်၊ အပြောသာဖြစ်သည် ကံကောင်းသောသူ
သည် အသေကမလွတ်ပါ၊ ယခုခန္ဓာသည် ကံကောင်း၍ လူ့ခန္ဓာကို ရရှိနေသည်၊ သို့သော်လည်း အသေသည် ရှေ့မှာရှိနေပါသည်။ တကယ်လို့
ကံကောင်းလို့သာ အသေကလွတ်မယ်ဖြစ်လျှင် ငါရို့သည် မသေရဖြစ်ရပါမယ်၊ ကံမကောင်း၍ အပါယ်လေးပါး၌ကျရောက်သော အပါယ်သတ္တဝါ
များသာ သေရမယ်ဖြစ်သည်၊ ယခု ငါရိုသည် အလျှင်အမြန် သေဖို့ဖြစ်နေပါသည်။
      ကံကောင်း၍ အသေကလွတ်တယ် ပြောသောစကားသည် မင်္ဂလာစကားသာဖြစ်သည်၊ ထိုစကားကို နှိုက်နှိုက်ကာကာ မယုံရပါ၊ မင်္ဂလာအ
ဖြစ် သုံးသောစကားလို့ နားလည်ရပါမယ်၊ မသုံးလို့လည်းမဖြစ်ပါ လောက၌ ထိုသို့ သုံးနေကြပါသည်။ သုဘာသိတာစ ယာဝါစ၊ ဧတံမင်္ဂလ မု
တ္တမံ ဘုရားဟောထားသည်။ အပြစ်ကင်းအောင် ပြေတတ်ရမယ်၊ သူများနားထောင်သော် နားဝင်လည်း ချိုသာရပါမယ်၊ ထိုစကားသည် မင်္ဂလာစ
ကားဖြစ်သည်။ သစ္စာနှင့်ကြည်သော် ကံကြောင့် အသေဖြစ်သည်၊ အတိတ်ကံကြောင့် ယခု သေနေရသည်ကိုကြည့်၍ သိနိုင်ပါသည်၊ ဤသေရမှု
သည် ဗြဟ္မာသကြားက ဖန်ဆင်းပေးသည်လည်းမဟုတ် မိဘပေးသည်လည်းမဟတ်ပါ၊ ကိုယ်မသိမှုက ပေးပါသည်။
      ယခု အစပ်သုံးပါးဖြစ်သည်၊ တရားကိုယ်များကိုသိလျှင် လည်နေပုံကို သိမယ်ဖြစ်သည်၊ လည်နေသည်၌လည်း အစပ်နှင့်လည်ပါသည်။ စက်
ဝိုင်းကိုကြည့်ပါ ပထမ စာကိုနားလည်ရပါမယ်၊ ပရိယတ္တိယာ ဌိတော ယောဂက္ခေမော နတံ သေတိ၊ ပထမစာဖြစ်သည်။ စာသည် တရားနာမှုကို
ပြောသည်၊ တရားနာမှုက ရှေ့ဦးစွာ နားလည်ရသည်၊ တရားနာ၍ နားလည်ပြီးမှ ခန္ဓာဉာဏ်ရောက် နားလည်ရပါသည်၊ တရားမနာသော် တ
ရားကို နားမလည်နိုင်ဖြစ်သည်၊ ထို့ကြောင့် ပရိယတ်ကို ပထမသိရပါမယ်။ သင်္ခါရနှင့်ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့်တဏှာ တစ်စပ်၊ ကမ္မဘဝနှင့်
ဇာတိ တစ်စပ်၊ စာတတ်တဲ့သူကကြည့်ပါ စာတတ်တဲ့သူ စာကိုကြည်၍ ဖတ်ရနိုင်သည်၊ စာမတတ်လျှင်လည်း ဒုက္ခ၊ စာတတ်သည်ဖြစ်စေ စာမတ
တ်သည်ဖြစ်စေ ခန္ဓာကိုပြောသော် သိလိမ့်မယ်ဖြစ်သည်။
      သုံးပါးအစပ်ကို စက်ဝိုင်းကိုကြည့်၍ ကောက်ပြပါဆိုလျှင် သင်္ခါရနှင့်ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့်တဏှာ တစ်စပ်၊ ကမ္မဘဝနှင့်ဇာတိ တစ်စပ်
၊ ကျယ်အောင် နားလည်ရပါမယ်၊ စာကျယ်မှ ခန္ဓာလာကျယ်ပါသည်။ ငါရို့သာသနာမှာ ပိဋကတ်သုံးပုံကို သင်ယူသောအခါ ပထမ နှုတ်နှင့်ဆိုရသ
ည်၊ ဘုရားလက်ထက်ကလည်း ပိဋကတ်သုံးပုံကို တတ်သောပုဂ္ဂိုလ်များရှိသည်၊ ပိဋကတ်သုံးပုံကို ဘယ်လောက်ဘဲတတ်သည်ဖြစ်စေ တရားလု
ပ်မယ်ဖြစ်လျှင် နှုတ်နှင့်ပထမဆိုရသည်၊ နှုတ်တက်အောင်ဆို၍ ဉာဏ်သက်လာပြီးမှ တရားလမ်းထဲသို့ ရောက်သွားသည်၊ ယင်းကြောင့် ပထမ
နှုတ်နှင့်ဆိုရသည်ကို မပျင်းပါနဲ့၊။ အစပ်သုံးပါးသည် သင်္ခါရနှင့်ဝိညာဏ် တစ်စပ်၊ ဝေဒနာနှင့်တဏှာ တစ်စပ်၊ ကမ္မဘဝနှင့်ဇာတိ တစ်စပ်၊ ဤအ
စပ်သုံးပါးသည် စက်ဝိုင်းမှာရှိသော အစပ်ဖြစ်ပါသည်။
      ဤပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ထောင်ပြီးပြ၍ တကာ တကာမများသည် မြင်လည်းမြင်ရ ကြားလည်းကြားရ၍ အသိလည်းလွယ်ကူပါသည်၊ စ
က်ဝိုင်းမရှိဘဲ ဤအတိုင်း ဘုန်းကြီးပြောသွားလျှင် ချုပ်ထွေးပြီး တစ်ခုလည်းနားမလည်ဖြစ်နိုင်သည်၊ တရားဆုံးလျှင် သာဓုခေါ်ပြီး ထသွားကြလိမ့်
မယ်ဖြစ်ပါသည်။ အစပ်သုံးပါး၌ သင်္ခါရနှင့်ဝိညာဏ်တစ်စပ် ပြောဆိုခြင်းသည် စာစကားဖြစ်ပါသည်၊ တရားစကားနှင့်ပြောသော် ခန္ဓာကို ကြည့်ရ
လိမ့်မယ်ဖြစ်ပါသည်။
      ခန္ဓာကသင်္ခါရသည် အတိတ်ဘဝ၌ အဆုံးဖြစ်သည်၊ အတိတ်ဘဝ၌ သင်္ခါရအဆုံးဆိုသည်က သေခါနီး၌ ကံကိုအောက်မေ့၍ သေလာခဲ့သည်
၊ တရားကိုအောက်မေ့၍ သေလာခဲ့သည်မဟုတ်ပါ။ ကံ၌လည်း ကုသိုလ်ကံကို အောက်မေ့၍ သေလာသည်၊ ကုသိုလ်ကံကို အောက်မေ့၍ သေ
လာသည်ကို သိရခြင်းသည် တကာ တကာမတို့ခန္ဓာသည် ကုသိုလ်ကံ၏အကျိုး ဝိညာဏ်ဖြစ်နေပါသည်၊ လူ့ဘဝလူ့ခန္ဓာသည် ကုသိုလ်ကံ၏အ
ကျိုးဖြစ်၍ အတိတ်ဘဝ၌ သေခါနီး ကုသိုလ်သင်္ခါရကို အောက်မေ့၍ သေခဲ့ပါသည်။
      ကုသိုလ်ကံကောင်း၍ လူ့ဘဝကိုရောက်သည်လို့ တကာ တကာမတို့ပြောကြသည်၊ အကုသိုလ်ကံကို အောက်မေ့သေသော် အပါယ်လေးပါး
ကိုရောက်မယ်၊ ကုသိုလ်ကံကို အောက်မေ့သေသော် လူနတ်ဗြဟ္မာကို ရောက်မယ်ဖြစ်သည်။ အတိတ်ဘဝ၌ သင်္ခါရသည် ဘဝတစ်ခုလုံး၏ အ
ဆုံးဖြစ်သည်၊ အဆုံးကို ရွာစကားနှင့် နားလည်အောင်ပြောသော် သေသည်ဖြစ်သည်၊ စာစကားနှင့်ပြောလျှင် သင်္ခါရနှင့်သေခဲ့သည်၊ အရပ်စကား
နှင့်ပြောလျှင် ကံကိုအောက်မေ့နှလုံးသွင်း၍ သေခဲ့သည်၊ ထိုကံ၌လည်း ကုသိုလ်ကံကို နှလုံးသွင်းခဲ့သည်၊ ရရှိနေသောအကျိုးသည်  ကုသိုလ်အကျိုးဖြစ်နေ၍ ကုသိုလ်ကံကို နှလုံးသွင်းခဲ့ပါသည်။ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်သည် အကုသိုလ်ကံ၏ အကျိုးဖြစ်သည်၊
လူနတ်ဗြဟ္မာသည် ကုသိုလ်ကံ၏ အကျိုးဖြစ်သည်။
      ကုသိုလ်ကံကို နှလုံးသွင်းပြီးသေခဲ့၍ ယခု မိခင်ဝမ်း ပဋိသန္ဓေဝိညာဏ်ခန္ဓာ လာဖြစ်သည်၊ အတိတ်ဘဝ၌ ကုသိုလ်ကံ သင်္ခါရနှင့်သေ၍ ထို
ကုသိုလ်ကံ၏အကျိုးသည် ယခု လူဖြစ်နေသည်၊ ဘုရားစကားနှင့်ပြောသော် ဝိညာဏ်လာဖြစ်နေသည်၊ ကုသိုလ်ကံကြောင့် ယခု လူဖြစ်နေမှုသ
ည် သေဖို့နေရာ၌ လာဖြစ်နေသည်၊ လူ့ဘဝကို ရောက်သည့်လောက်ကပင် မသေပါလို့ လက်သီးဆုပ် တင်းခံ၍လည်း အသေက မလွတ်နိုင်ဖြစ်
ပါသည်။ အတိတ်ကသေပြီး ယခုတဖန် အသေနေရာမှာဖြစ်နေသည်၊ လူ့ဘဝထဲကို ဝင်လာမှုသည် အသေပေါက်ကို ဝင်လာသည်ဖြစ်၍ သာဓု
မခေါ်နိုင်ဖြစ်သည်။
      ဘုရားတရားကို မနာဖူး၍ မသိသောအခါတော့ပြောကြသည်၊ အတိတ်က ကုသိုလ်ကံကောင်း၍ မိခင်ဝမ်းထဲလာပြီး လူဖြစ်နေရမှုသည် ကေ
ာင်းသည်၊ ကောင်းသည်ဆိုခြင်းသည် သာဓုခေါ်ခြင်းဖြစ်သည်။ လူ့ဘဝဖြစ်နေသည်ဆိုခါ ကိုယ်က ဉာဏ်မရှိလိုက်သော် ကောင်းသည်လို့ပြော
လိုက်သည်၊ ဉာဏ်မရှိသူသည် လူ့ဘဝသည် သေပေါက်ကို ဝင်နေသည်ကိုမမြင်ဘဲ လူ့စည်းစိမ်ကို ရနေသည်သာမြင်ပါသည်။
      ဉာဏ်မရှိသူ သေပေါက်ကို မမြင်မှုသည် သေပေါက်သည် မရှိ၍မဟုတ် မသိ၍ဖြစ်သည်၊ မသိခြင်းအကြောင်းသည် သင်္ခါရကို အဝိဇ္ဇာက အု
ပ်ချုပ်နေ၍ဖြစ်သည်၊ ဘုရားက အဝိဇ္ဇာပစ္စယာ သင်္ခါရာဟောထားပါသည်။ ဘုရားက မင်းမှာ ဆရာမရှိသည်ဖြစ်၍ ကံကိုအားကိုပြီးသေလျှင် သေေ
ပါက်သို့ဝင်သွားသည်၊ ထို့ကြောင့် သင်္ခါရနှင့်ဝိညာဏ် စပ်သွားပါသည်။ သင်္ခါရနှင့်ဝိညာဏ်အစပ်သည် သေပေါက်သို့ဝင်သော အစပ်ဖြစ်သ
ည်၊ မသေချင်ပါလို့မလွတ်ပါ သေချင်သောအချိန်မှာ သေနိုင်ပါသည်။ ထို့ကြောင့် အမိဝမ်းထဲမှာလည်း သေနိုင်သည်၊ တစ်လ နှစ်လနှင့်လည်း
သေနိုင်သည်၊ တစ်နှစ် နှစ်နှစ်နှင့်လည်း သေနိုင်သည်၊ အချိန်မရွေး သေနိုင်ပါသည်၊ ထိုကဲသို့ အချိန်မရွေး သေနိုင်မှုအကြောင်းသည် သေပေါက်
ကို ဝင်နေ၍ဖြစ်သည်။
      မိခင်ဝမ်းတွင်းမှ စသည်လောက်ကပင် သေအောင်ထိ ချမ်းသာမရှိဖြစ်သည်၊ ထိုသဘောကို ငါရို့က အေးအေးဆေးဆေးသာ ထင်နေသည်၊
တရားကိုမနာဖူး၍ မသိဖြစ်ပါသည်။ မူစလင်ကရဘင်နေ့မှာ သတ်မယ်နွားကို ကုလားတို့ ဆွဲယူသွားကြသည်၊ ထိုနွားကို ဆွဲယူကြသောအခါ ရိုးရိုး
ဆွဲယူကြသည်မဟုတ်၊ နွားကိုရေချိုးပြီး ကျကျနနပန်းကုံးစွပ်လျက် ရှေ့ကနေ၍ ဆွဲသွားကြသည်။ ရေချိုးသောနေရာနှင့် သတ်မယ်နေရာသည် ကို
က်တစ်ရာရှိသည်ဆိုပါစို့၊ နွားသည် ကိုက်တစ်ရာကို ခြေတစ်လှမ်းချင်းသွားလေတိုင်း ချမ်းသာသို့မနီးဘဲ အသေသို့နီးလာသည်။ နွားကို မြက်လ ည်းကျွေးထားသည် ပန်းကုံးလည်းစွပ်ထားသည်ဖြစ်၍ နွားသည် ငါ့ကို အေးအေးဆေးဆေး ဆွဲယူသည်လို့သာ ထင်နေသည်၊ လိမ်မာသောနွား
ဖြစ်လျှင် ထိုနေရာကပင် ထွက်ပြေးသည်၊ နွားသည် ခြေတစ်လှမ်းချင်းလှမ်းတိုင်း သတ်မယ်နေရာနှင့် နီးနေသည်။ ထို့အတူ မိမိတို့ခန္ဓာကိုကြည့်
သော် မိခင်ဝမ်းတွင်းမှနေ၍ တရွေ့ရွေ့ တစ်နှစ် နှစ်နှစ်စသည်ဖြင့် အသက်ကြီးလာခြင်းသည် သေဖို့နေရာနှင့် နီးလာပါသည်။
      နွားကို ရေချိုးနေသည့်လောက်ကပင် သတ်မယ်နေရာသို့ ခြေလှမ်းတိုင်းမှာ ချမ်းသာမရှိ ဆင်းရဲနေသည်ပြောမှ မှန်မယ်ဖြစ်သည်။ နွားသည်
ပန်းကုံးလည်းစွပ်၍ အစာလည်းစား၍ စားနုလည်းပြန်၍ အေးအေးဆေးဆေး သွားနေသည်လို့မြင်ခြင်းသည် မမြင်တတ်၍ဖြစ်သည်၊ တကယ်မြ
င်တတ်လျှင် သနားမယ်ဖြစ်သည်၊ အကြောင်းက သေမယ့်နေရာသို့ သွားနေရ၍ဖြစ်သည်။ ထို့အတူ ကိုယ့်ခန္ဓာကိုကြည့်သော် စားမှု သောက်မှု
နေထိုင်မှု  စည်းစိမ်ပါဝါ ကိုယ့်အချိန်အဝါနှင့်ကိုယ် နေကြသည်၊ ထိုကိုယ့်အချိန်အဝါ အစီးအပွါးနှင့် နေထိုင်နေကြသည် အားလုံးကိုကြည့်သော်
တရွေ့ရွေ့ သေဖို့နေရာသို့ သွားနေသည်နှင်တူပါသည်၊ ထိုသွားနေသောလမ်းသည် ချမ်းသာသည်လို့ ကိုယ့်ကို ဆုံးဖြတ်နိုင်မယ်မဟုတ်ပါ။ နွား
လျှောက်နေသောလမ်းသည်လည်း အသေသို့သွားနေသည်ဖြစ်၍ ဆင်းရဲသောလမ်းဖြစ်သည်၊ မိမိတို့သည်လည်း တရွေ့ရွေ့ အသေသို့ သွားနေ
သည်ဖြစ်၍ ဆင်းရဲသောလမ်းဖြစ်ပါသည်။
      သင်္ခါရကနေ၍ ဝိညာဏ်ကိုစပ်လာသည်၊ နံပါတ်နှစ်အကွက်၌ တဖြည်းဖြည်းကြီးလာ၍ နံပါတ်သုံးအကွက်နှင့် အလုပ်လုပ်နေသည်၊ နံပါတ်နှ
စ်အကွက်လည်း ပစ္စုပ္ပန် နံပါတ်သုံးအကွက်လည်း ပစ္စုပ္ပန်ဖြစ်သည်။ ခန္ဓာရှိလျှင် လုပ်စားရသည်၊ ခန္ဓာသည် နှစ်အကွက်၊ လုပ်စားရမှုသည် သုံးအ
ကွက်ဖြစ်သည်။ ထိုသို့ဖြစ်နေသော် အသေမရဏနှင့် နီးနေပါသည်၊ အသေမှ ထွက်ဖို့အပေါက် မရှိဖြစ်နေသည်။ နွားသည် သတ်ကွင်းသို့ မျက်ရ
ည်စက်စက်နှင့် လိုက်ရသလို ငါရို့လည်း မျက်ရည်စက်စက်နှင့် ခံနေရသည်။ ဝေဒနာပစ္စယာ တဏှာမှာ တစ်စပ်လာစပ်သည်၊ ရှေ့ကလည်း သင်္ခါ
ရပစ္စယာ ဝိညာဏံစပ်၍ သေပေါက်ကိုဝင်လာသည်၊ ယခုလည်း ဝေဒနာပစ္စယာ တဏှာလာစပ်၍ သေပေါက်ကို ဝင်သွားပါသည်။
      ဝေဒနာပစ္စယာအစပ်၌ မြှားထိုးထားသည်ကိုကြည့်ပါ၊ ထိုမြှားကနေ၍ အောက်ကိုသွားပြီး အပြာလိုင်းထဲမှာ ဝေဒနာပစ္စယာ တဏှာ ပဋိစ္စသ
မုပ္ပါဒ်လည်လမ်း ရေးထားသည်။ ဝေဒနာပစ္စယာ တဏှာသည် ဝေဒနာကနေ၍ တဏှာသို့စပ်သော်  ပဋိစ္စသမုပ္ပါဒ် လည်လမ်းပြောသည်၊ ထိုလမ်း သည် သေပေါက်ကို ရှာသောလမ်းဖြစ်သည်။
      သေပေါက်ရှာနည်းကိုကြည့်ပါ မျက်စိနှင့်မြင်လျှင် ခံစားမှုပေါ်သည်၊ ခံစားတိုင်း မြင်မှုကို လိုချင်သည်၊ ထိုသဘောသည် သေပေါက်ရှာနေမှုဖြ
စ်သည်။ ရူပတဏှာသည် စာထဲမှာမဟုတ် ကိုယ့်စိတ်ထဲမှာဖြစ်သည်၊ မြင်၍လိုချင်သမျှသည် သေပေါက်ကို ရှာနေခြင်းဖြစ်သည်၊ ဝေဒနာနှင့်တ
ဏှာအစပ်သည် သေပေါက်ကို ရှာနေသောအစပ်ဖြစ်သည်။ ထို့အတူ ကြား၍လိုချင်မှု နံ၍လိုချင်မှု စားရ၍လိုချင်မှု ဝတ်ရနေရထိုင်ရ၍လိုချင်မှု ဂု
ဏ်အသီးသီးကို လိုချင်မှုသည် သေပေါက်ကို ရှာနေခြင်းဖြစ်သည်။
      သေပေါက်ရှာမှု ခြောက်ခုရှိသည်၊ တစ်ပေါက်မှလည်း အပိတ်မရှိဘဲ အားလုံးအပွင့်ဖြစ်နေသည်၊ ရှေ့ကိုသွားသော် တဏှာ ဥပါဒါန် ကံ ရှေ့မှာ
သေပေါက်ဖြစ်သည်၊ ထိုသေပေါက်ကို တဏှာကရှာသည်။ ဘုရားစကားနှင့်ပြောသော် တဏှာဒုတိယော ပုရိသော၊ နံပါတ်နှစ်အကွက်သည် ကို
ယ့်ခန္ဓာဖြစ်သည်၊ နှစ်အကွက်ခန္ဓာမှ သုံးအကွက်တဏှာကိုသွား၍ အဖော်ယူသည်၊ ပညာကို အဖော်မယူပါ။
                                                    တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသရံ။
                                                    ဣတ္ထဘာဝည ထာဘဝံ၊ သံသာရံ နာတိဝတ္တတိ။
လက်ရှိခန္ဓာ၌ တဏှာကိုသွား၍ အဖော်ယူသော် သံသရာ၌ လည်သွားခြင်းသည် သေပေါက်သို့ ဝင်သွားခြင်းဖြစ်သည်။
      ရှေ့ကလည်း မသိမှုအဝိဇ္ဇာဦးစီး၍ သေပေါက်ကို ဝင်လာခဲ့သည်၊ ယခု ပစ္စုပ္ပန်ခန္ဓာ၌လည်း လိုချင်၍ သေပေါက်ကို ဝင်လာသည်၊ မသိ၍ဝင်
သည်ဖြစ်စေ လိုချင်၍ဝင်သည်ဖြစ်စေ တစ်ခုဝင်မှုမှလည်း မကောင်းဖြစ်သည်။ ယခု လူ့ဘဝရပါလို၏ နတ်ဘဝ ဗြဟ္မာဘဝရပါလို၏နှင့် သူဌေးသူ
ကြွယ် မင်းဧကရာဇ်ဘဝသည် ကောင်းသည်လို့မြင်မှုသည် မျက်စိမွေးခြင်းဖြစ်သည်၊ လက်ရှိခန္ဓာမှာ နားရှိသော်လည်း ဘုရာတရားကိုမနာဖူး၍
လူ့ဘဝ နတ်ဘဝ သူဌေးသူကြွယ်ဘဝကို သွားရှာခြင်းသည် သေပေါက်ကိုရှာခြင်းဖြစ်သည်။
      ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း ထိတွေ့တိုင်း ကြံတွေးတိုင်း
လိုချင်မှုသည် သေပေါက်ကိုရှာမှုဖြစ်သည်၊ ဝေဒနာနှင်ုတဏှာ အစပ်သည် သေပေါက်ကိုရှာမှုဖြစ်သည်။ တရားကို မကြားဖူသူက လောဘမရှိလျှ
င် လုပ်ကိုင်စားသောက်၍မရ ပြောလာသည်၊ လုပ်ကိုင်စားသောက်၍မရသော် မသေ၍လည်းမရ အဓိပ္ပါယ်ထွက်သည်၊ ထိုသို့ဖြစ်သော် အသေမ
ဆုံးဖြစ်သည်။ သေရသောလောဘသည်လည်း ရှိသင့်သလောက်တော ရှိရပါသည်၊ သို့သော်လည်း တရားကိုသိဖို့လိုပါသည်၊ လောဘကို တစ်
ခါတည်း ပယ်နေသည် ထိုသို့မဟုတ်ပါ၊ လောဘသည် များသည်မှ နည်းသွားဖို့လိုပါသည်၊ နည်းသည်မှ ပျောက်သွားဖို့လိုပါသည်။
      အမှန်သိလျှင် မလိုချင်သော လောဘရှိသည်၊ ကိုယ့်ကို အန္တရာယ်ရောက်ဖို့ ပစ္စည်းမျိုးဖြစ်သော် လိုချင်မှုမလာဖြစ်သည်၊ မလိုချင်မှုသည် အန္တ
ရာယ်ကို မြင်ရ၍ဖြစ်သည်။ ခန္ဓာဖြစ်မှု၌ ယခုခန္ဓာသည်လည်း သေရမယ်ဖြစ်သည်၊ နောင်လာမယ့် ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ခန္ဓာ လူနတ်
ဗြဟ္မာခန္ဓာသည်လည်း သေရမယ်ဖြစ်သည်၊ ၄င်းတို့ကို အသေခန္ဓာရယ်လို့ မြင်တတ်ရမယ်ဖြစ်သည်၊ သေသည်လောက် အန္တရာယ်များမှုသည် မ
ရြှိဖစ်သည်။ ယခုခန္ဓာသည် မသိ၍ သေနေပြန်သည်၊ နောင်လည်း တဏှာနှင့်တောင်းတ၍ ခန္ဓာရလာသော် သေရလိမ့်မယ်ဖြစ်သည်၊ ထိုသို့ဖြစ်
လျှင် အသေချည်း ထပ်လိမ့်မယ်ဖြစ်သည်၊ တရားနာသော် အသေထပ်သည်ကို မြင်မယ်ဖြစ်ပါသည်။
      ဘုရားစကားနှင့်ပြောသော် ကဋသီ ဝဍ္ဎိတာ အလောင်းထပ်သွားသည်၊ အတိတ်ဘဝ၌ သေခဲပြီ၊ ယခု လက်ရှိခန္ဓာသေလျှင် တခြားသူသေသ
ည်မဟုတ် ကိုယ်သေသော် ကိုယ်အလောင်းနှင့်ကိုယ် ပြန်လာထပ်သည်၊ ဤကနေသေ၍ နောက်ခန္ဓာရသော် နောက်ကိုယ့်အလောင်းနှင့်ကိုယ်
ပြန်ထပ်သည်။ အသုဘအလောင်းကို သင်္ချိုင်းကိုယူ၍ မြှုပ်ရန်တွင်းတူးလျှင် ထပ်ကျမယ်မြင်သောအခါ ထိုဘက်ကို နည်းနည်းရှေ့တိုးပြောကြသည်၊
သင်္ချိုင်းမှာကျတော အလောင်းထပ်ကျမယ်ကို ကြောက်ကြသည်၊ ဤမှာကျလျှင် ထပ်ကျမယ်ကို မကြောက်ကြပါ။ လူ့ဘဝစည်းစိမ် အကြိမ်ကြိမ်
နတ်ဘဝစည်းစိမ် အကြိမ်ကြိမ်ရလိုပါ၏ ဆိုခြင်းသည် တကာ တကာမတို့ သေသေချာချာကြည့်သော် သတိမမူ၍ အသေကို မမြင်ကြဖြစ်ပါသည်။
      ဘုရားသာသနာနှင့်တွေ့ကြုံ၍ ဘုရားသည် ပြောတတ်သူ မြင်အောင်ပြတတ်သူ ကြားအောင်ပြောတတ်သူ ဘုရားနှင့်တွေ့သည်ခါတောင်မှ
သတိမမူတတ်သော် မြင်အောင်ပြတတ်သူလည်း မရှိပြီ၊ ကြားအောင်ပြောတတ်သူလည်း မရှိပြီဖြစ်လျှင် သတိမူဖို့ကိုမပြောနဲ့ ရှိသောသတိပါ ပျေ
ာက်သွားလိမ့်မယ်ဖြစ်သည်။ သတိပျောက်သွား၍ ရောက်ရသောဒုက္ခကို သိချင်သော် ဤခန္ဓာကိုကြည့်ပါ၊ ဘုရားပွင့်၍ ပရိနိဗ္ဗာန် စံသွားမှုတို့သည်
 ဂင်္ဂါဝါဠု သဲစုမကရှိခဲပါပြီ၊ ဂင်္ဂါမြစ်နားမှာရှိသောသဲကို ရေတွက်၍ရမယ်ဖြစ်သည်၊ ဘုရားပွင့်သွားပြီးဖြစ်သည်ကို ရေတွက်၍ ရမယ်မဟုတ်ပါ၊ ထို
လောက် ဘုရားပွင့်ခဲပါပြီ။ ထိုပွင့်ပြီးသော ဘုရားထဲမှာ ကိုယ်မပါသွားပါ၊ ထိုမပါသွားခြင်းသည် ကိုယ်ညံ့၍ဖြစ်ပါသည်။
      ဘုရားက ကိုယ်နှင့်ပါဖို့သူကို အပါယူပါသည်၊ တစ်ယောက်တည်းကျံသော်လည်း ပရနိဗ္ဗာန်မစံဘဲ သုဘရဟန်းကို စောင့်နေသည်၊ သုဘတစ်
ယောက် ကျံနေသေးသည် တာဝန်မကျေသေး သုဘထံသို သွားသည်ကိုကြည့်သော် သိနိုင်ပါသည်။ ငါရို့ကိုကြည့်သောအခါ အသုံးမကျဖြစ်လျက်
 ပစ်ပယ်ထားခဲ့ပါသည်၊ ထိုသဘောသည် ငါရို့ သေပေါက်ကို ရှာနေ၍ဖြစ်ပါသည်။
      ဤကမ္ဘာမှာ ကကုသန် ကောဏဂုံ ကသ၁ပဘုရားများပွင့်၍ ပရိနိဗ္ဗာန်စံသွားပြီ၊ ယခု ဂေါတမဘုရားတစ်ပါးမှာ လာတွေ့သည်။ ဂေါတမဘုရာ
းသာသနာမှာ ဉာဏ်နှင့်တွေ့လျှင်တွေ့ မတွေ့သော် ဂေါတမကိုလည်း လွန်သွားမယ်ဖြစ်သည်၊ ဘုရားလေးပါးကိုတောင် ကျော်လွန်သွားသော် ဘု
ရားတစ်ပါးလောက်ကိုကျော်ဖို့ အလွယ်လဲဖြစ်သည်။ ဘုရားနှင့်မပါသွားခြင်းသည် ကံမကောင်း၍မဟုတ် ဉာဏ်မကောင်း၍ဖြစ်သည်။ ရင်လော
က်တင်မှ ခါးလောက်ကျသည် ရခိုင်စကားပုံ တစ်ခုရှိသည်၊ ထို့ကြောင့် ယခုကပင်မလုပ်လျှင် အဆင်မပြေနိုင်ဖြစ်သည်၊ ယခုကပင် ခန္ဓာကို သိ
ထားရမယ်ဖြစ်သည်။
      ဝေဒနာမှနေ၍ တဏှာကိုစပ်သွားခြင်းသည် တရားကိုမသိ၍ စပ်သွားခြင်းဖြစ်သည်၊ မသိသူသည် သေပေါက်ကိုရှာသည်၊ မသိသည်က အဝိ
ဇ္ဇာ၊ သေပေါက်ရှာသည်က တဏှာ ဥပါဒါန် ကံဖြစ်သည်။ ကမ္မဘဝပစ္စယာ ဇာတိ၊ သေပါက်ကို စပ်သွားသည်၊ နံပါတ်သုံးအကွက် ကံကနေ၍ နံပါ
တ်လေးအကွက် ဇာတိကိုစပ်သွားသည်၊ နံပါတ်တစ်အကွက်နှင့် နံပါတ်နှစ်အကွက်ကို ကံကနေ၍ သေပါက်ကိုစပ်သွားသည်၊ နံပါတ်သုံးအကွက်
နှင့် နံပါတ်လေးအကွက်ကိုလည်း ကံကနေ၍ သေပေါက်ကို စပ်သွားပါသည်။
      သေပေါက်သို့စပ်သွားလျှင် ထွက်ပေါက်မရှိဖြစ်နေသည်၊ ထွက်ပေါက်ရှိသည်ကို ဉာဏ်ရှိသူမြင်သည်၊ ယင်းကြောင့် မိုးကုတ်ဆရာတော်ဘု
ရားကြီက မသိသူ ဉာဏ်မျက်စိမရှိသူသည် ဝေဒနာကနေ၍ တဏှာသို့စပ်ပြီး သေပေါက်ကို ရှာ၍သွားသည်။ သေပေါက်ကိုမရှာ သေပေါက်မှ
ထွက်သူသည် ဝေဒနာကနေ၍ ထွက်သွားပါသည်။ တဏှာကိုကြည့်ပါ တဏှာဘက်ကိုထိုးနေသော မြှားဦးတစ်ခုကို မြင်ပါလိမ့်မယ်၊ ထိုမြှားဦးမှ
အောက်ဘက်ကို မြှားနွယ်တစ်ခု ဆင်းသွားသည်၊ ဆင်းပြီး နံပါတ်နှစ်အကွက်အောက်မှာ ဝေဒနာနိရောဓာ တဏှာနိရောဓော ပဋိစ္စသမုပ္ပါဒ်ထွက်
လမ်း ရေးထားသည်၊ ဝေဒနာနိရောဓာ တဏှာနိရောဓောနှင့် သေပေါက်မှ မသေပေါက်သို့ ထွက်သွားသည်။
      ဝေဒနာနိရောဓသည် ရူပက္ခန္ဓာ၏ အဖြစ်အပျက်ကိုမြင်သည်၊ ဝေဒနာက္ခန္ဓာ၏ အဖြစ်အပျက်ကိုမြင်သည်၊ သညာက္ခန္ဓာ၏ အဖြစ်အပျက်ကိုမြ
င်သည်၊ သင်္ခါရက္ခန္ဓာ၏ အဖြစ်အပျက်ကိုမြင်သည်၊ ဝိညာဏက္ခန္ဓာ၏ အဖြစ်အပျက်ကိုမြင်သည်၊ အဖြစ်အပျက်ကိုမြင်ပြီး ထိုလမ်းက ဆုံးအောင်
လျှောက်၍ ထွက်သွားပါသည်။
      ယခု လက်ရှိခန္ဓာသည် သေရမယ်ကတော ကိန်းသေပေါက်ဖြစ်နေသည်၊ လက်ရှိခန္ဓာသည် တရားမလုပ်မီ မြင်လိုချင် ကြားလိုချင်နှင့် နေ့တို
င်းစပ်နေသည်။ နံပါတ်နှစ်အကွက် ခန္ဓာငါးပါး၌ မျက်စိရှိသည်၊ မျက်စိရှိလျှင် မကြည့်ဘဲလည်း နေလို့မရဖြစ်သည်၊ ကြည့်ပြန်သော်လည်း နံပါတ်
သုံးအကွက်မှာ လာစပ်သည်။ နံပါတ်သုံးအကွက်ကို စပ်သွားလျှင် သေပေါက်ကိုရှာနေသည်၊ ထိုသို့ဖြစ်နေသော် မစပ်အောင် ကြည့်တပ်ဖို့လိုလ
ာပါသည်။
       နံပါတ်နှစ်အကွက်မှ မျက်စိနှင့်မြင်ပြီဆိုပါစို့၊ မြင်လျှင် မြင်စိတ်ပေါ်သည်၊ မျက်စိသည် ရုပ်တရား၊ မြင်စိတ်သည် နာမ်တရားဖြစ်သည်။ ရှေ့က
မျက်စိကို ငါ့မျက်စိယူထားသည်၊ စိတ်ကိုလည်း ငါ့စိတ်ယူထားသည်၊ အပြောမှာသာပြောရသည် ဝမ်တွင်းမှာမယူရပါ၊ မျက်စိကို ဖွင့်ကြည့်လိုက်
သော် ရုပ်နှင့်နာမ်ပေါ်ပါသည်။ ကြားတတ်ဖို့လိုပါသည် မကြားဖူးလျှင်လည်း မသိနိုင်ဖြစ်သည်၊ မကြားဖူးသော် ငါ့မျက်စိ ငါ့ဟာချည်းဖြစ်နေပါ သည်။ မျက်စိဖွင့်ကြည့်သော် ရုပ်နှင့်နာမ် ဖြစ်ပေါ်နေသည်ကို ကံကြောင့်နာမ်ရုပ်၊ တရားကိုသိသောအပိုင်းသို့ ရောက်နေပါသည်။
      ရှေ့က နာမ်ရုပ်လို့မသိ ငါ ငါ့ဟာသိသည်၊ ရှိနေသောနာမ်ရုပ်သည် ပျောက်နေသည်၊ ထိုသဘောသည် မျက်စိကန်းနေမှုဖြစ်သည်။ ယခု မျက်
စိပွင့်သောအခါ ကံကြောင့် နာမ်ရုပ်ဖြစ်နေသည်၊ မျက်စိသည်ရုပ် မြင်စိတ်သည်နာမ်၊ ထိုနာမ်ရုပ်သည် ကိုယ့်ခန္ဓာမှာဖြစ်နေသည်။ မြင်နေသောအ
ခါ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အသက် ဇီဝလိပ်ပြာမဖြစ် ရုပ်နာမ်ဖြစ်သည်။ တရားကို မနာဖူးသောအခါ ရုပ်နာမ်ဖြစ်နေသည်ကို မသိဖြစ်သ
ည်၊ မသိသည်ကို အပြစ်တင်စရာလည်းမရှိပါ၊ တရားကိုနာရအောင် တရားကိုမရှာသည်ကိုသာ ကိုယ့်အတွက် အပြစ်တင်ရမယ်ဖြစ်သည်။ ယခု
တရားကိုနာရ၍ သိထားရမယ်က မျက်စိဖွင့်လျှင် ယောက်ျားမိန်းမမပေါ် ရုပ်နှင့်နာမ်ပေါ်သည် ရုပ်နှင့်နာမ်ဖြစ်သည်။
      မျက်စိကို မှိတ်ထားလိုက်သည် သို့မဟုတ် တဖက်သို့လှည့်လိုက်လျှင် မမြင်လိုက် အမြင်မရှိလိုက်ဖြစ်သွားသည်၊ ထိုအခါ ရုပ်နာမ်ပျက်သွား
သည်။ ထိုသဘောကို လယ်တီဆရာတော်ဘုရားက မျက်စိနှင့်မြင်သောအခါ ရုပ်နာမ်ဖြစ်နေသည်၊ မမြင်လိုက်သောအခါ ရုပ်နာမ်ပျက်နေသည်၊
သို့သော် လူတို့သည် မျက်စိနှင့်မြင်သောအခါ ရုပ်နာမ်ဖြစ်နေသည်လို့မသိ၊ မမြင်လိုက်သောအခါမှာလည်း ရုပ်နာမ်ပျက်နေသည်လို့ မသိတတ်
ကြဆုံးမသည်။
      ငါမမြင်လိုက်ပြီ ငါမြင်နေသည်သာသိသွားသည်၊ ငါမဟုတ် ရုပ်နာမ်ဖြစ်သည်။ ပြောသောအခါ ငါနှင့်ပြော၍ သိသောအခါ ရုပ်နာမ်ဖြစ်သည် လို့ သိပေးရသည်။ မြင်သောအခါ ရုပ်နာမ်ဖြစ်နေသည်၊ မမြင်လိုက်သောအခါ ရုပ်နာမ်ပျက်နေသည်၊ ရုပ်နာမ်ဖြစ်၍ ရုပ်နာမ်ပျက်နေမှုကို ဖြစ်ပျက်
ပါ ဖြစ်ပျက်ပါဆိုသည်နှင့် မတူဖြစ်သည်။ မျက်စိနှင့်မြင်သောအခါ ရုပ်နာမ်ဖြစ်နေသည်၊ မမြင်လိုက်ပြီဖြစ်သောအခါ ရုပ်နာမ်ပျက်နေမှုသည် အမှန်
ရှိသည်၊ သို့သော် ကိုယ်က ရုပ်နာမ်ဖြစ်ပြီး ရုပ်နာမ်ပျက်တယ်လို့ ယနေ့ထိ မသိဖြစ်နေသည်၊ မသိသည်က အဝိဇ္ဇာဖြစ်ပါသည်။
      မသိလျှင် မသိဖာသာမနေ ငါမြင်သည် ငါ့မျက်စိနှင့်မြင်သည် ငါကိုယ်တိုင်မြင်သည်၊ ယင်းကြောင့် ဒုက္ခရောက်ရပါသည်၊ ထိုသဘောသည် နံ
ပါတ်သုံးအကွက်သို့စပ်သွား၍ သေပေါက်ကို ရှာသွားသည်။ သေပေါက်ပိတ်လိုလျှင် ရုပ်နာမ်ဖြစ်သည် ရုပ်နာမ်ပျက်သည်အသိကိုဖော်ပြီး သိလို
က်ရသည်။ ရုပ်နာမ်ဖြစ်သည် ရုပ်နာမ်ပျက်သည်ကို ဝမ်းထဲမှာသိသောအခါ ထိုအသိသည် ဝိဇ္ဇာဖြစ်သည်။ စက္ခုံ ဥဒပါဒိ၊ ပညမျက်စိပေါ်နေသည်၊
ဤပညာမျက်စိသည် ရုပ်နာမ်အဖြစ်နှင့်အပျက်ကိုသိသော ပညာမျက်စိဖြစ်သည်၊ ပညာမျက်စိသည် မိခင်မွေးပေးသော မျက်စိမဟုတ် ဘုရားပေး
သော မျက်စိဖြစ်သည်။ ပညာမျက်စိနှင့် ကြည့်ပေးလိုက်သော် ညာဏံ ဥဒပါဒိ၊ ဉာဏ်ပေါ်လာသည်။ ပညာ ဥဒပါဒိ၊ ဝိပသ၁နာပညာပေါ်လာသည်
။ ဝိဇ္ဇာ ဥဒပါဒိ၊ အဝိဇ္ဇာပျောက်၍ ဝိဇ္ဇာရောက်လာသည်။ အာလောကော ဥဒပါဒိ၊ ဖြစ်ပျက်ကိုမြင်၍ လင်း၍ဖြစ်သွားသည်။
      ကြားဖူး၍သိလျှင် ကိုယ်ကြည့်၍ရပါသည်၊ မမေ့ပါစေနဲ့ ကိုယ်ဖြစ်နေမှုသည် ငါသူမဟုတ် သက်သက် တရားဖြစ်နေသည်။ မြင်လိုက်တယ် မမြင်လိုက်၊ ကြားလိုက်တယ် မကြားလိုက်၊ နံလိုက်တယ် မနံလိုက်၊ စားလိုက်တယ် မစားလိုက်၊ လုပ်လိုက်တယ် မလုပ်လိုက်အားလုံးသည် ရုပ်
နာမ်ဖြစ်နေမှုဖြစ်သည်။ ရုပ်နာမ်ဖြစ်ပျက်နေသည်ကို ကိုယ်က သိပေးရသည်၊ ရှေ့က သိပေးရဖို့မှန်း မသိခဲ့ပါ၊ ယခု သိပေးရမှန်း သိသည်ဖြစ်၍ သိ
ပေးသောအခါ မသိမှုအားလုံးသည် အားနည်းသွားပါသည်။
      မသိမှုအားနည်းသွားသော် သိမှုဝင်လာသည်၊ ထိုသဘောကို စက္ခုံ ဥဒပါဒိ၊ ညာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါ
ဒိ၊ ဉာဏ်ချည်းဝင်လာသည်။ ဉာဏ်ဝင်နေသောအခါ တဏှာ မာန ဒိဋ္ဌိ ဝင်ခွင့်မရပါ၊ ဝင်ပေါက်ကို ဉာဏ်ကပိတ်ထားပါသည်၊ ပိတ်ထားသော
အခါ ဝေဒနာနိရောဓာ တဏှာနိရောဓော ပဋိစ္စသမုပ္ပါဒ်ထွက်ပါသည်၊ အသေပေါက်ကို ရှာမှုကနေ၍ ထွက်ခြင်းဖြစ်သည်။
      ထို့ကြောင့် ဖြစ်ပျက်ကိုမြင်လျှင် နိဗ္ဗာန်တံခါးပွင့်၍ အသေတံခါးပိတ်သည်၊ ဖြစ်ပျက်ကိုမမြင်လျှင် အသေတံခါးပွင့်နေပါသည်။ အသေတံခါးပွင့်
နေသည်ကို ဘုရားလည်း ကယ်၍မရပါ၊ ဘုရားက ကိုယ့်အလုပ်ကိုကိုယ်လုပ် ငါက ပြောပေးသူသာဖြစ်သည်၊ ငါကိုယ်တိုင်လည်း ကြည့်မပေးနိုင်
အမိန်းရှိပါသည်။ ယင်းကြောင့် သူကြည့်လျှင် သူမြင်မယ် ကိုယ်ကြည့်လျှင် ကိုယ်မြင်မယ်ဖြစ်သည်၊ ကိုယ့်အတွက် တံခါးပွင့်အောင် ဉာဏ်စိုက်ပြီ
း တရားထိုင်ကြရအောင်။ ယခု အချိန်စေ့၍ တရားထိုင်ကြရအောင်။
     

     

No comments:

Post a Comment