စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သုဝဏ္ဏဆရာတော်
လင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်(cox's bazar)မြို့ ဇယသုခကျောင်း၌
၂၀၀၇ ခု မေလ ၈ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ ဟောကြားအပ်သော
ပဋိစ္စသမုပ္ပါဒ်တရားတော်
ဝဋ်သုံးဝ- အပိုင်းတစ်စက်ဝိုင်းကိုကြည့်ရအောင်၊ နှစ်ရပ်မူလမှာ အဝိဇ္ဇာမူလကြောင့် ဝေဒနာထိတစ်ပိုင်း၊ တဏှာမူလကြောင့် မရဏထိတစ်ပိုင်းဖြစ်သည်၊ အဝိဇ္ဇာ
မူလကြောင့် ဝေဒနာထိသည် ယခုခန္ဓာ ရနေမှုဖြစ်သည်၊ ယခုခန္ဓာသည် ဝေဒနာနှင့်သေ၍ ဘဝကောင်းနှင့် စည်းစိမ်ကောင်းကိုရှာလျက် တဏှာ
နှင့်သွားဖို့ပြင်နေသည်၊ ဘဝကောင်းနှင့် စည်းစိမ်ကောင်းကို သွားဖို့ပြင်မှုသည် တဏှာမှ မရဏထိဖြစ်သည်။ လက်ရှိခန္ဓာကိုယ်ကို အဝိဇ္ဇာပျော က်အောင် တရားကျင့်သုံးလိုလျှင် ခန္ဓာငါးပါးမှာ သတိကပ်ပြီးမှတ်သော် ဖြစ်ပျက်ကို မြင်မယ်ဖြစ်သည်၊ ဖြစ်မှုပျက်မှု အရှုခံကိုသိလျှင် အရှုခံက ဖြစ်
ပျက်ဒုက္ခ သိဉာဏ်က မဂ္ဂထွက်ပါသည်၊ ထိုအခါ တဏှာ မာန ဒိဋ္ဌိ အားလုံးသေပြီးလျှင် သံသရာ၌ အပရန္တစက် ငြိမ်းသွားမယ်ဖြစ်သည်။
ဝဋ်သုံးဝ၌ မြှားကြီးကို အလယ်က နှစ်ခြမ်းခွဲထားသည်အတိုင်း လောလောဆယ် နားလည်ထားပါ၊ အဝိဇ္ဇာကို မြှားနှင့်ထိုးပြထားသည်၊ အဝိဇ္ဇ
ာသည် ကိလေသဝဋ်၊ သင်္ခါရသည် ကမ္မဝဋ်၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာသည် ဝိပါကဝဋ်၊ ပုဗ္ဗန္တစက်၌ ကိလေသဝဋ်တစ်ပါး က
မ္မဝဋ်တစ်ပါး ဝိပါကဝဋ် ငါးပါးဖြစ်သည်။ အပရန္တစက်၌ တဏှာ ဥပါဒါန်သည် ကိလေသဝဋ်၊ ကမ္မဘဝသည် ကမ္မဝဋ်၊ ဇာတိ ဇရာ မရဏသည် ဝိပါ
ကဝဋ်၊ အပရန္တစက်၌ ကိလေသဝဋ်နှစ်ပါး ကမ္မဝဋ်တစ်ပါး ဝိပါကဝဋ် သုံးပါးဖြစ်သည်။
အင်္ဂါတစ်ဆယ့်နှစ်ပါးမှာ ဇရာမရဏကိုပေါင်း၍ တစ်ပါးယူသည်၊ ဝဋ်မှာကျလျှင် ဇရာတစ်ပါး မရဏတစ်ပါး နှစ်ပါးခွဲယူသည်၊ ဝဋ်၌ ဇရာသည် လည်း ဒုက္ခတစ်မျိုး မရဏသည်လည်း ဒုက္ခတစ်မျိုးဖြစ်သောကြောင့် နှစ်ပါးခွဲယူပါသည်။ ယခုလက်ရှိခန္ဓာ လူဖြစ်နေမှုသည် ပုဗ္ဗန္တစက်၌ နံပါတ်နှစ်
အကွက်ဖြစ်သည်၊ ယခုခန္ဓာသည် အတိတ်က ကိလေသဝဋ်နှင့် ကမ္မဝဋ်ရှိခဲ့သည်၊ ယခုလက်ရှိခန္ဓာသို့မရောက်မီ သတ္တဝါတို့သည် အတိတ်ခန္ဓာ
မှာ တရားကိုမလုပ်ဘဲ ကိလေသဝဋ်နှင့် ကမ္မဝဋ်ကိုချည်း လုပ်နေခဲ့သည်။ ကိလေသဝဋ်နှင့် ကမ္မဝဋ်ကို လုပ်နေခဲ့သောစကားသည် စာစကားဖြ စ်သည်၊ စာစကားကို ခန္ဓာဉာဏ်ရောက်သိဖို့ လိုလာပါသည်။
စိတ်ကို ပူပန်စေတတ်တဲ့သဘောကို ကိလေသာခေါ်သည်၊ စိတ်သည် အေးငြိမ်၍ နေဖို့မရဖြစ်သည်၊ ကိလေသာကြောင့် စိတ်သည် ပူပန်ရ သည်၊ လောဘကြောင့် ဒေါသကြောင့် မောဟကြောင့် မာနကြောင့် စိတ်သည် ပူပန်ရသည်၊ စိတ်ကို ပူပန်စေတတ်တဲ့ သဘောရှိသောကြောင့် ကိလေသာခေါ်ပါသည်။ သူသည် ချမ်းသာအောင်မထား စိတ်ကို နှိပ်စက်နေသည်၊ ထို့ကြောင့် အဝိဇ္ဇာ လောဘ ဒေါသ မာန ဒိဋ္ဌိတို့သည် စိတ်ကို ပူပန်စေတတ် နှိပ်စက်တတ်သော တရားဖြစ်သည်၊ ထိုကို ပါဠိစကားနှင့် ကိလေသာခေါ်ပါသည်။
စိတ်ကို ပူပန်စေတတ် နှိပ်စက်တတ်သော လောဘ ဒေါသ မာနတို့သည် တစ်ကြိမ်နှိပ်စက်နေသည်မဟုတ် အကြိမ်ကြိမ် နှိပ်စက်နေသည်၊
အကြိမ်ကြိမ် နှိပ်စက်နေသည်သဘောကို ဝဋ်ခေါ်သည်။ ဝဋ္ဋ မာဗန္ဓ၊ ဝဋ္ဋံ၊ ဝဋ်ကို။ အာဗန္ဓံ၊ မပြတ်။ မပြတ်နှိပ်စက်သည်။ မပြတ်အဓိပ္ပါယ်သည် ခန္ဓာ
မငြိမ်းသမျှ ကိလေသာကို မဖယ်သမျှ တစ်ကြိမ်မဟုတ် အကြိမ်ကြိမ်ဖြစ်နေသည်ကို ဝဋ်ခေါ်ပါသည်။ သက်သက် ပူပန်အောင် နှိပ်စက်အောင် လု
ပ်နေသော အဓိပ္ပါယ်ပါနေသည်၊ ထို့ကြောင့် အဝိဇ္ဇာကို ကိလေသဝဋ်ခေါ်သည်။ သစ္စာမသိမှုသည် အကြီးအကျယ် ဒုက္ခပေးသည်၊ တစ်နေရာမ
ဟုတ် တစ်ဘဝမဟုတ် နေရာတိုင်း ဘဝတိုင်းမှာ သစ္စာမသိမှုကြောင့် နှိပ်စက်ခံနေရသည်။
သစ္စာကိုမသိမှုကြောင့် နှိပ်စက်ခံနေရသော် သစ္စာသည် ခန္ဓာဖြစ်သည်၊ ခန္ဓာသည် ဆင်းရဲအမှန် ဒုက္ခသစ္စာဖြစ်သည်။ ခန္ဓာကို ငါသူလို့မသိရ
ပါ၊ ငါရှိလျှင် ငါ့ဟာရှိသည်၊ ငါမရှိမှ ငါ့ဟာ ပြုတ်သွားမယ်ဖြစ်သည်။ ဘုရား၏အဆုံးအမ၌ ငါဆိုသောအစွမ်းအထင်းကို ရှေ့ဦးရှင်းရသည်၊ ငါမရှိပြီ
ဖြစ်သော် ငါ့ဟာ မနည်းပြုတ်၍သွားသည်၊ ထို့ကြောင့် ငါမဟုတ်ပါလို့ သိပေးရသည်။ နာမ်နှင့်ရုပ်ကို ငါပြောနေ၍ ပြောသည့်အတိုင်း သိနေကြ သည်၊ ထိုအပြောသည် အပြောသာဖြစ်၍ အဟုတ်အမှန်သည် နာမ်နှင့်ရုပ်ဖြစ်သည်။
မြင်မှု၌ နာမ်ရုပ်ပေါ်သည်၊ ကြားမှု၌ နာမ်ရုပ်ပေါ်သည်၊ နံမှု၌ နာမ်ရုပ်ပေါ်သည်၊ စားမှု၌ နာမ်ရုပ်ပေါ်သည်၊ လုပ်ကိုင်မှု၌ နာမ်ရုပ်ပေါ်သည်၊ ကြံ
တွေးမှု၌ နာမ်ရုပ်ပေါ်သည်၊ ငါသူမရှိ နာမ်ရုပ်သာရှိပါသည်။ နာမ်ရုပ်သာရှိသည်လို့သိသော် မသိသောအဝိဇ္ဇာသည် နှိပ်စက်ဖို့မရဖြစ်သည်၊ နာမ်
ရုပ်ကို နာမ်ရုပ်လို့သိဖို့ အဝိဇ္ဇာသည် မနည်းကြောက်သည်၊ နာမ်ရုပ်လို့သိသွားသော် အဝိဇ္ဇာသည် နှိပ်စက်ခွင့်မရနိုင်သည်ဖြစ်၍ ဖုံးထားလိုက် သည်၊ လူတည် သားတည် သမီးတည် အိမ်ရှင်တည် အိမ်ရှင်မတည်အစရှိသည်ဖြင့်ဖုံးထားလိုက်ပါသည်။
အကန်းသည် ဘုရားတရားကို မကြားဖူးသောအခါ အဟုတ်ထင်နေသည်၊ အဟုတ်ထင်သော် ကိုယ့်ကို ကိလေသဝဋ် အဝိဇ္ဇာက နှိပ်စက်ေ
နပါပြီ၊ ဒုက္ခေ အဉာဏံ။ လောကရေးရာမှာ စားရေး သောက်ရေး နေထိုင်ရေး သားရေး သမီးရေး အစီးအပွါးရေးတို့၌ မသိတတ်လျှင် မသိတတ်
မှုအတွက် ပူပန်ရသည်၊ ထိုပူပန်မှုသည်က တစ်ဘဝအတွက်သာဖြစ်သည်၊ အဝိဇ္ဇာအစစ် မဟုတ်သေးဖြစ်သည်။ အဝိဇ္ဇာသဘောက ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါမဟုတ်သည်ကို အဟုတ်လုပ်ပြီး လိမ်နေသောအခါ ငါရို့မှာ ဆရာမရှိဖြစ်နေသည်၊ ဆရာမရှိလျှင် ငါရို့ကို အဝိဇ္ဇာသည် လိမ် ချင်သလို လိမ်၍ရပါသည်။
မိဘဆရာသမားဆိုသော ဘုရားပွင့်လာ၍ ဘုရားစကားကို နားထောင်ကြည့်သောအခါမှသာ သိလာရသည်၊ သိသော် လိမ်၍မရဖြစ်သည်၊ မသိသော် လိမ်၍ရပါသည်။ ထို့ကြောင့် ကောသမ္ဗခဏ္ဍက၌ ရဟန်းတော်များ ရန်ဖြစ်ကြ၍ မြတ်စွာဘုရား ပါလိလေယျတောသို့ ထွက်သွားရသည် ကို ကြားဖူးကြပါလိမ့်မယ်၊ ထိုရဟန်းများ၌ သိသောရဟန်းသည် တစ်ပါးလည်းမပါဖြစ်သည်၊ မသိသောရဟန်းများချည်း ဖြစ်ကြသည်။ သိသူ၌ စာ
တတ်သူ ပိဋကတ်ကျွမ်းကျင်သူကို ပြောသည်မဟုတ်ပါ၊ ထိုရဟန်းထဲ၌ စာတတ်သူ ပိဋကတ်ကျွမ်းကျင်သူ အများကြီးပါသည်၊ နားရှင်းအော င်ပြောသော် အရိယာ တစ်ပါးမှမပါဖြစ်သည်၊ အားလုံး ပုထုဇဉ်များဖြစ်ကြသည်။
အဝိဇ္ဇာသည် ပူပန်စေတတ် နှိပ်စက်တတ်သည်ဖြစ်၍ ကိလေသာခေါ်သည်၊ ပူပန်မှုဖြင့် နှိပ်စက်ခြင်းသည် တစ်ကြိမ်မဟုတ် အကြိမ်ကြိမ် အ
ထပ်ထပ်ဖြစ်၍ ကိလေသဝဋ်ဖြစ်သည်။ အဝိဇ္ဇာမသိမှုကို သိအောင်မလုပ်သမျှ နှိပ်စက်မှုချည်း ခံနေရမယ်ဖြစ်သည်၊ သိအောင်လုပ်ရမယ်အချိ
န်သည် ယခုအချိန်ဖြစ်သည်။ သိအောင်လုပ်ရမယ်ဆိုသည်၌လည်း အလှူပေးနေရုံ သီလဆောက်တည်နေရုံ ပုတီးစိပ်တတ်နေရုံ မေတ္တပွါးတတ်
နေရုံနှင့် လိုက်မမှီဖြစ်သည်၊ အလှူသီလ ပုတီးမေတ္တာကို အခြေခံထားရပါသည်။ တိုက်အိမ်ကျောင်း ဆောက်သောအခါ ဖောင်ဒေးရှင်းထားပြီ
း ထိုဖောင်ဒေးရှင်းအထက်က ဆောက်သလို ထို့အတူ အလှူသီလပုတီးမေတ္တာကို အခြေခံထား၍ တရားနာပြီး အသိကိုပွါးယူရပါသည်။
ယခုအချိန်မှာမလုပ်သော် လုပ်ဖို့အချိန်မရှိပါ၊ စားမှု သောက်မှု နေထိုင်မှု မပြည့်စုံသောအခါ၌လည်း လုပ်၍မရဖြစ်သည်၊ အပါယ်လေးပါးကို
ရောက်သွားလျှင်လည်း လုပ်၍မရဖြစ်သည်၊ နတ်ပြည်၌လည်း အဝိဇ္ဖာမသိမှု နှိပ်စက်နေခြင်းကြောင့် လုပ်၍မရဖြစ်သည်။ သိအောင်လုပ်မယ်ဖြစ်
သော် ယခုလိုတရားနာ၍ သတိရတိုင်း ရုပ်နာမ်သည် ဖြစ်မှုပျက်မှုလို့ နှလုံးသွင်းသော် အဝိဇ္ဇာမသိမှုကို နိုင်စပြုသွားပါသည်။
သင်္ခါရသည် ပြုပြင်မှုဖြစ်သည်၊ ပြုပြင်မှုကို ကမ္မခေါ်သည်၊ ကမ္မသည် အလုပ်ဖြစ်သည်၊ ကမ္မက မပြတ်နှိပ်စက်နေသည်အတွက်ကြောင့် ကမ္မ
ဝဋ်ဖြစ်သည်၊ သင်္ခါရသည် ကမ္မဝဋ်ဖြစ်ပါသည်။ သစ္စာလေးပါးကို မသိ၍ ယခုလူဖြစ်လာသည်၊ နတ်ဖြစ်လာသည်၊ ဗြဟ္မာဖြစ်လာသည်၊ လူဖြစ်ေ
သာအချိန်မှစ၍ ခန္ဓာကိုယ်နှင့်လုပ်သော ကာယကံအလုပ် စကားပြောသော ဝစီကံအလုပ် စိတ်နှင့်ကြံတွေးသော မနောကံအလုပ်တို့ကို လုပ်လာ ရသည်၊ ဤခန္ဓာသည် တစ်ချက်မှ အေးအေးဆေးဆေး မနေရဖြစ်သည်၊ ထိုသဘောသည် ကမ္မဝဋ်ဖြစ်သည်။
တခြားတခြားသောအလုပ်ကို ဖယ်ပစ်၍ရသည်၊ ကမ္မဝဋ်ကို ဖယ်၍မရဖြစ်သည်၊ ထို့ကြောင့် ထိုင်နေရသည် ထနေရသည် ခြေလှမ်းလှမ်းနေ ရသည် အလုပ်လုပ်နေရသည် နေ့စဉ်သွားနေရသည် အိပ်နေရသည်၊ ထိုင်ထသွားလာခြင်းကို ဖယ်၍မရပါ၊ ထိုထိုင်ထသွားလာမှုသည် ကမ္မဝဋ်
ဖြစ်သည်။ ဤထိုင်ထသွားလာရခြင်းသည် တစ်ကြိမ်မဟုတ် အကြိမ်ကြိမ် ပြုလုပ်နေရသည်၊ အကြိမ်ကြိမ် ပြုလုပ်နေရသည်ကို ဝကို ဋသံချိပ်နှင့် သတ်ထားသော ဝဋ်ကိုခေါ်သည်။ ရခိုင်စကားမှာ ဝကို တဝမ်းတက်နှင့်သတ်သည်ကို ကျင့်ဝတ်၌ရေးသည်၊ ဝကို ပစောက်သတ်သည်ကို ပြားပြား
ဝပ်၌ရေးသည်၊ ဝကို ဋသံချိတ်နှင့်သတ်သည်ကို ဝဋ်လိုက်သည်၌ ရေးပါသည်။
အကြိမ်ကြိမ် အဖန်တလဲလဲ ကိုယ်နှုတ်စိတ်တို့ဖြင့် သေအောင်ထိ ပြုလုပ်နေရမှုသည် ကမ္မဝဋ်လိုက်နေသည်၊ ထို့ကြောင့် တချို့တလေပြော
ကြသည်၊ ဤအသက်အရွယ်ထိ အလုပ်နှင့်လက်မပြတ် ဝဋ်လိုက်တယ်ငါပြောကြသည်၊ ထိုအပြောသည် ဝဋ်ကိုသိ၍မဟုတ် ဒေါသအပြောဖြစ်
သည်။ သင်္ခါရကမ္မဝဋ်ကို လုပ်ပေးနေရမှုသည် သူတပါးအတွက်မဟုတ် ကိုယ့်အတွက်ဖြစ်သည်၊ ကိုယ့်အတွက် ကိုယ့်ခန္ဓာကိုယ်ကို ထပေးရသ ည် ထိုင်ပေးရသည် သွားပေးရ အိပ်ပေးရသည်၊ မအိပ်၍လည်းမရပါ အိပ်ပေးနေရသည်၊ ထိုသဘောတို့သည် ဝဋ်လိုက်နေမှုဖြစ်ပါသည်။
ပူပန်နှိပ်စက်သော မသိမှုအဝိဇ္ဇာနှင့် ပြုပြင်မှုသင်္ခါရသဘောသည် အတိတ်ခန္ဓာမှာ ရှိခဲ့သည်၊ ခန္ဓာသည် ဝိပါကဝဋ်ဖြစ်သည်၊ အတိတ်ခန္ဓာမှာ
ကိလေသဝဋ် ကမ္မဝဋ်နှင့် လှူဒါန်းခဲ့ပြီး သေလာပါသည်၊ ရပ်စကားရွာစကားနှင့်ပြောသော် အတိတ်ခန္ဒာမှာ လုပ်ကိုင်စားသောက်ယင်းနှင့် သေ လာသည်။ အတိတ်ခန္ဓာသည် ဝိပါကဝဋ်၊ လုပ်ကိုင်စားသောက်မှုသည် ကမ္မဝဋ်၊ ထိုအချိန်၌ သက်သက် ဝဋ်လိုက်နေသည်လို့ မသိမှုသည် အဝိဇ္ဇ
ာဖြစ်သည်၊ အဝိဇ္ဇာသည် ကိလေသဝဋ်ဖြစ်သည်၊ အတိတ်ခန္ဓာမှာ ဝိပါကဝဋ် ကမ္မဝဋ် ကိလေသဝဋ် ဝဋ်သုံးပါးနှင့်နေလာခဲ့သည်။
အတိတ်ခန္ဓာ၌ ဝဋ်သုံးပါးမှ အကြောင်းဖြစ်သော ကိလေသဝဋ် ကမ္မဝဋ်နှစ်ပါးကို ထုတ်ပြထားသည်၊ အတိတ်၌ အကြောင်းဖြစ်သော ကိလေ သဝဋ် ကမ္မဝဋ်နှစ်ခုနှင့် လုပ်ကိုင်စားသောက် သေဆုံးပြီးနောက် နှစ်နံပါတ်အကွက်၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာ ဝိပါကဝဋ်
ဖြစ်လာသည်။ ဝိပါကသည် အကျိုးဖြစ်သည်၊ ဝဋ်သည် အကြိမ်ကြိမ်ဖြစ်သည်၊ အကျိုးကံသည် အကြိမ်ကြိမ်ရနေသည်၊ ထိုကို ကိုယ်ကသဘောမေ ပါက်၍ လူ့ဘဝလူ့ချမ်းသာ အကြိမ်ကြိမ်ရလိုပါ၏ ဆုတောင်းသည်၊ ဝဋ်ဆိုက်နေသည်အထဲ၌ နောက်ဝဋ်ကိုတောင်းကြသည်။ နဂိုက ဝဋ်လိုက်နေ သည်အထဲမှာ မသိသူက ဤဝဋ်မျိုးကိုဘုရား အကြိမ်ကြိမ် ရလိုပါ၏လာသည်၊ ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်သည်။
အကျိုးဝဋ်ကို လူစကားနှင့်ပြောသော် လူကျိုး၊ နတ်စကားနှင့်ပြောသော် နတ်ကျိုး၊ ဗြဟ္မာစကားနှင့်ပြောသော် ဗြဟ္မာကျိုး၊ ငရဲစကားနှင့်ပြောေ သာ် ငရဲကျိုး၊ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်စကားနှင့်ပြောသော် တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ကျိုးဖြစ်သည်။ ဝဋ်ကို သတိမထားသောအခါ အ
သိသည် ဝဋ်ကိုထိမရောက်ဘဲ အကျိုးလောက်ကိုမြင်၍ လူကျိုးကို ချမ်းသာသည်လို့ ထင်မြင်နေသည်၊ နတ်ဗြဟ္မာအကျိုးကိုလည်း ချမ်းသာသည်လို့
မြင်သွားသည်၊ ထိုအမြင်သည် အမြင်မှား အဝိဇ္ဖာဖြစ်သည်။ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ်ကျိုးကို ဆင်းရဲမြင်သည်၊ ဘုရားက လူနတ်ဗြဟ္မာ အကျိုးဘဲဖြစ်စေ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ် အကျိုးဘဲဖြစ်စေ အကျိုးဟူသမျှသည် ဝိပါကဝဋ်ထဲမှာဖြစ်ပါသည်။
ဝိပါကဝဋ်ကို နားလည်အောင်ပြောသော် ဒုက္ခရောက်နေမှုဖြစ်သည်၊ တစ်ခါတလေ ကိစ္စတစ်ခုခုကြောင့် သွားလိုသောကိစ္စကို သွားချင်သော်လည်း အလုပ်နှင်လက် မပြတ်လုပ်နေရ၍ မသွားနိုင်ဖြစ်ရသည်။ ထိုအခါ အလုပ်နှင့်လက် မပြတ်လုပ်နေရသည်ကို ငါဝဋ်လိုက်နေ သည်ပြောသောအခါ ကြားသူသည် ချမ်းသာနေသည်လို့မသိဘဲ ဒုက္ခရောက်နသည်လို့ သိသွားသည်၊ ထို့ကြောင့် တရားအသိနှင့်ပြောသော် ဝဋ် သည် ဒုက္ခဖြစ်သည်။ သို့သော် ယခုလက်ရှိခန္ဓာကိုယ်ကို ဝဋ်လို့မသိတတ်ဖြစ်သည်၊ မသိအောင် အဝိဇ္ဇာက ဖုံးထားသည်၊ အဝိဇ္ဇာက မစားရ မသောက်ရ မနေရမသည်ကို ဝဋ်အဖြစ့်ဖုံးထားသည်၊ စားရသောက်ရ လိုတိုင်းရနေမှုသည် ဝဋ်မဟုတ် လျှော့ထားသည်၊ ဘုရားတရားကို နားေ ထာင်ကြည့်၍ နှလုံးသွင်းမှ ဖယ်ပစ်ခွာပစ်၍ မရသောဝဋ်ဖြစ်သည်ကို နားလည်ရသည်။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖသ၁ ဝေဒနာတို့သည် အကျိုးဝိပါကဝဋ်ဖြစ်သည်။ ဝိညာဏ်နှင့်နာမ်ရုပ်ကို နားလည်လွယ်အောင် မိခင်ဝမ်း တွင်း စရောက်သည်လောက်ကပင်ဖြစ်သည်၊ မိခင်ဝမ်းတွင်မှာ စကြာမင်းလောင်းသည် ဆောင့်ကြောင့်ထိုင်၍ ပဋိသန္ဓေ ယူနေသည်ဆိုပါစို့။ ပဋိ
သန္ဓေယူနေသော ထိုစကြာမင်းလောင်းကို ဉာဏ်နှင့်ကြည့်သော် သူသည် အေးအေးဆေးဆေး နေရသည်မဟုတ် ဆောင့်ကြောင့်ထိုင်နေရ သည်၊ သူသူကိုယ်ကိုယ်က ပြောကြသည်၊ ဒုက္ခခံမှ သုခရမယ်စကားဖြစ်သည်၊ ဆောင့်ကြောင့်ထိုင်၍ အောင့်အည်းသေးခံလိုက် စကြာမင်းဖြစ် မယ်၊ ဆောင့်ကြောင့်ထိုင်နည်းကိုက မထိုင်နိုင်ဖြစ်သည်။ ယခုတကာ တကာမတို့ အောက်ကလည်းအခင်းနှင့် အထက်ကလည်း လေပင်ကာမှ
လေပေး၍ထားသော်လည်း နာရီဝက်ထိုင်လျှင်တောင် အဆင်မပြေဖြစ်လာ၍ ထချင်စိတ်ပေါ်လာသည်။
မိခင်ဝမ်း၌ အောက်ကလည်း အခင်းမပါဖြစ်သည်၊ ပါသောအခင်းသည်လည်း မိခင်၏အစာအိမ်ဟောင်းကို ဖင်ခုထိုင်နေသည်၊ အပေါ်၌ မိခင်
စားလိုက်သော စားဖတ်ဝါးဖတ်ကို ခေါင်းပေါ်တင်၍ အလယ်၌ထိုင်နေသည်၊ အထက်ကလည်းအမှိုက်ပုံ အောက်ကလည်းအမှိုက်ပုံ အမှိုက်နှစ်ပုံ
ကြား ဆောင့်ကြောင့်ထိုင်နေသည်။ မြို့ထဲရွာထဲ၌ အမှိုက်နှစ်ပုံကြား ထိုင်နေသော လူတစ်ယောက်သည် "အိုလူတို့ ဤနေရာမှာ ချမ်းသာသည်၊ ဤနေရာမှာ လာထိုင်ကြပါ" ဟု ပြောလာသော် ကြားသူက ထိုသူသည် အရူးဖြစ်မယ် မပြောသော်လည်း စိတ်ထဲမှာ မှတ်မယ်ဖြစ်သည်။ ထိုင်နေ
သူက မသိတတ်၍ ချမ်းသာသည်ဟုထင်နေသည်၊ အမှိုက်နှစ်ပုံကြား ထိုင်နေသောသူသည် ချမ်းသာနေသည်မဟုတ် ဝဋ်လိုက်နေခြင်းဖြစ်ပါသ
ည်။
အထက်မှာ အစာသစ် အောက်မှာ အစာဟောင်း အမှိုက်နှစ်ပုံကြား၌ ဆောင့်ကြောင့်ထိုင်၍ တစ်နာရီနှင့်မဆုံး နှစ်နာရီနှင့်မဆုံး ကိုးလဆယ်
လ မိခင်ဝမ်းထဲ၌ ထိုင်နေရသည်၊ ယခု တကာ တကာမတို့ သံသရာဝဋ်ကျွတ်ကြောင့်ကို လုပ်မယ်ဖြစ်သောအခါ အေးအေးဆေးဆေး တစ်နာရီ
လောက် ထိုင်နေသည်ကိုပင် မခံနိုင်ဖြစ်၍ ထပြေးကြသည်။ မိခင်ဝမ်း၌ဖြစ်သော် ထပြေး၍လည်းမရဖြစ်သည်၊ ကိုးလလွယ် ဆယ်လဖွား အကျိုး
ဝိပါကဝဋ်ဆိုက်နေ၍ ထပြေး၍မရဖြစ်ပါသည်။ ဤစည်းစိမ်ကြောင့် ဇောတိကစည်းစိမ် အကြိမ်ကြိမ်၊ မင်းစည်းစိမ် အကြိမ်ကြိမ် ရပါလို၏ဆိုသော်
ထိုနေရာမှာ မထိုင်ဘဲ မရနိုင်ဖြစ်သည်။
ထိုသဘောကို ဝဋ်လိုက်နေသည်လို့ မမြင်ခြင်းသည် အဝိဇ္ဇာသတ္တိဖြစ်သည်၊ ထိုနေရာမှာမထိုင်ဘဲ စကြာမင်းလည်း မဖြစ်နိုင်ဖြစ်သည်။ လာဘ်ကြီးသော သီဝလိအရှင်ကို သိကြပါလိမ့်မယ်၊ လာဘ်ကြီးလို၍ သီဝလိဂါထာကို ရွတ်ဖတ်ကြသည်၊ သီဝလိလို လာဘ်ကြီးလိုလျှင် ခုနစ်နှ
စ်နှင့်ခုနစ်ရက် ဆောင့်ကြောင့်ထိုင်နေရမယ်ဖြစ်သည်။ ထိုမှာက ကိုးလဆယ်လဖြစ်သည်၊ ကိုယ်က ဆယ်နာရီတောင် မထိုင်နိုင်ဖြစ်သည်။ ဒုက္ခ
ကိုမမြင်၍ အမြင်ကန်းနေပါသည်၊ လောဘတိုက်တွန်း အမြင်ကန်းစကားသည် သူများကိုပြောသည်မဟုတ် ကိုယ့်ကို ပြောခြင်းဖြစ်ပါသည်။
မိခင်ဝမ်းတွင်း၌ ထွက်ပြေး၍လည်း မရသည်ဖြစ်၍ ဝဋ်ကြီးဆိုက်နေသည်လို့ ဆိုစေအုံ့၊ ကိုးလလွယ် ဆယ်လဖွား၍ အပြင်သို့ရောက်သော်
ပက်လက်လန်လျက် ထိုင်ချင်သော်လည်း ထိုင်မရဖြစ်သည်၊ ကျင်ကြီးမှန်း ကျင်ငယ်မှန်းမသိ ကျင်ကြီးကျင်ငယ်ကို ကစားနေသည်၊ ယခု ကျင်ကြီး
ကျင်ငယ်ကို ကစားဆို မကစားနိုင်ဖြစ်သည်၊ ထိုသဘောတို့သည် အကျိုး ဝိပါကဝဋ်ဖြစ်သည်။ ထိုသို့ဖြစ်နေမှုသည် ချမ်းသာနေသည်မဟုတ် ဒုက္ခ
ရောက်နေသည်၊ ဒုက္ခရောက်နေသည်ကို မသိခြင်းသည် အဝိဇ္ဇာဖြစ်ပါသည်။
ကျင်ကြီးကျင်ငယ်ဖြစ်၍ ဒုက္ခရောက်သည်ကို ဖယ်ပစ်လိုက်ပါမယ်၊ အခင်းသည် စိန်ကတီပါခင်း၍ဖြစ်သော် ပျော်မယ်ဖြစ်သည်၊ မင်းသားကေ
လး ရွှေပခက်မှာ စိန်ကတီပါခင်း၍ ရွှေပခက်ကြိုးနှင့်ဖြစ်သော် ပျော်နယ်ဖြစ်သည်၊ ထိုအခါ ဘုန်းကြီးစကားကိုလည်း မကိုင်၊ ဝဋ်ကိုလည်း မြင်မယ်
မဟုတ်ဖြစ်သည်။ တစ်ဦးတစ်ယောက်က ဝဋ်ကောင်ပြောလာလျှင် ငါတို့ကိုလာမတိုင်းနဲ့ မင်္ဂလာမရှိသောစကားဆိုလျက် အမှန်ပြောသူကို အိမ်ေ
ပ်ါက လိုက်ချမယ်ဖြစ်သည်၊ သေချာတွက်ကြည့်သော် ဝိပါကဝဋ်ဖြစ်ပါသည်။
မြတ်စွာဘုရားလက်ထက်က ကောသလမင်း၏နန်းတော်၌ ခလေးနှစ်ယောက်ကို မွေးဖွားသည်၊ တစ်ယောက်သည် မင်းသားဖြစ်၍ နောက်
တစ်ယောက်သည် ကျွန်မသားဖြစ်သည်၊ သူတို့နှစ်ယောက်သည် တရားအားထုတ်၍ လာသူများဖြစ်ကြသည်။ အခမ်းထဲ၌ တစ်စုံတစ်ယောက်မှ မရှိသောအခါ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းချိတ်၍ ကြည့်ကြသည်၊ တစ်ယောက်သည် ရွှေပခက်နှင့်ဖြစ်၍ နောက်တစ်ယောက်သည် ကြိမ်ပခက်နှင့်ဖြစ်သည်။ ရွှေပခက်နှင့်ဖြစ်သော မင်းသားက ကြိမ်ပခက်နှင့်သူကို လှမ်းပြောလိုက်သည် "ငါ့လူ တရားကျင့်သောအခါ ငါမပြော လား၊ ကိုယ့်မှာရှိသော ပစ္စည်းပစ္စယတို့ကိုလည်း သူတစ်ပါးကို စွန့်ကြဲရသည်လို့လေ၊ ထို့သို့စွန့်မှ ကိုယ့်မှာ အကျိုးဖြစ်သည်လို့ပြောသောအခါ ငါ့စ ကားကို နားမထောင်ခဲ့၊ ယခု ငါ့လူသည် ကြိမ်ပခက်ကိုရောက်နေသည်၊ ငါ့ကိုကြည့်ပါ ငါသည် ရွှေပခက်နှင့်ဖြစ်သည်" ဟု ပြောလိုက်သည်။
ကြိမ်ပခက်မှာရှိသောသူက "ပခက်ကို အထင်ကြီးပြီး မာနတက်နေသည်၊ အားလုံးစုံသည် ဓာတ်တရားသာဖြစ်တယ်" ဟု ပြန်ပြောလိုက် သည်။ ဓာတ်ဆိုသောစကားသည် ရုပ်ဓာတ် နာမ်ဓာတ်ဖြစ်သည်၊ ကြိမ်ပခက်မှာရှိသူသည် ရိတ်ခနဲ တရားထွက်သွားသည်၊ မာနတက်မနေနှင့် သက်သက် ရုပ်ဓာတ်နာမ်ဓာတ်ဖြစ်သည်လို့ ဆိုလိုပါသည်။
တရားကိုမြင်လိုလျှင် ရုပ်ဓာတ် နာမ်ဓာတ်ကို မြင်အောင်ကြည့်ရသည်၊ ရုပ်နာမ်သိပြီး ရုပ်နာမ်၏အဖြစ်အပျက်ကို မြင်အောင်ကြည့် ဆိုသော
စကားဖြစ်သည်။ ခန္ဓာအဖြစ်ဖြင့် သံသရာ၌ ကျင်လည်သောအခါ ရွှေဘယက် ရွှေလင်ပန်း ရွှေကြိုးတို့ကို ရမယ်ဖြစ်သည်၊ ၄င်းတို့သည် အကျိုးဝိ
ပါကဝဋ်လိုက်သည်လို့ မသိဖြစ်သည်၊ မသိမှုသည် အဝိဇ္ဇာသတ္တိဖြစ်သည်။
မိခင်ဝမ်းမှ ဝဋ်လိုက်၍ အပြင်ကိုရောက်သောအခါ မျက်စိနှင့်မြင်တတ်လာသည် နားနှင့်ကြားတတ်လာသည် နှာခေါင်းနှင့်နံတတ်လာသည်
လျှာနှင့်စားတတ်လာသည် ခန္ဓာကိုယ်နှင့် လုပ်တတ်ကိုင်တတ်လာသော်လည်း ဝဋ်မကျွတ်သေးဖြစ်သည်၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်
သည် အကျိုးဝိပါကဝဋ်ဖြစ်သည်။ မိခင်ဝမ်းတွင်း၌ ဆောင့်ကြောင့်ထိုင်နေသောခန္ဓာနှင့် ယခုခန္ဓာသည် အတူဖြစ်သည်၊ ကိုယ့်ကိုယ်က ဝဋ်ထဲမှာ
ပါနေ၍ ဝဋ်ကို သိဖို့ခက်သည်။ သူခိုးသူခိုးချင်း ခိုးနေသည်လို့မသိပါ အစီးအပွား လုပ်နေသည်လို့သိသည်၊ မုဆိုးမုဆိုးချင်း ဒုစရိုက် လုပ်နေသည် လို့မသိ အစီးအပွား လုပ်နေသည်လို့သာ သိပါသည်၊ သူတို့ကို ဘဲကလူမှ သူခိုးမုဆိုးမြင်ပါသည်။
သူသူကိုယ်ကိုယ်က ကိုယ့်ဟာနှင့်ကိုယ် အေးအေးဆေးဆေးဖြစ်လျက် ကိုယ်ကိုယ်တိုင် ဝဋ်ထဲပါနေ၍ ဝဋ်လို့မသိဖြစ်သည်၊ ဘုရားအရိယာ
သူတော်ကောင်းတို့ကမှ ခန္ဓာရနေမှုသည် ဝဋ်လိုက်သည်လို့ သိကြပါသည်။ ဘုရားတရားကိုကြား၍ နှလုံးသွင်းသော် သဠာယတန၌ မျက်စိရှိ သည်၊ ထိုမျက်စိသည် ချမ်းမဟုတ် ဆင်းရဲဝိပါကဝဋ်ဖြစ်သည်။ မြင်နေရမှု ကြားနေရမှု လုပ်နေရမှုတို့သည် ဝဋ်လိုက်နေခြင်းဖြစ်သည်၊ ဝဋ်လိုက်
နေသည်စကားကို ကြားတောကြားသည် သို့သော် ဗြုန်းစားကြီး နားမလည်နိုင်ဖြစ်သည်။ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတန၌ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်သည် ဝိပါကဝဋ်လိုက်မှုဖြစ်သည်၊ မွေးဖွားသည်ကပင် ယနေ့ထိ ဝဋ်လို့မသိဖြစ်သည်၊ မွေးဖွားသည်ကပင် မျက်
စိကန်းလာမှ ထိုသူကို ဝဋ်ကောင်ချေအဖြစ် သိကြသည်။
ဝဋ်ကောင်ချေတစ်ယောက် အငယ်ကပင် မျက်စိကန်းမွေးဖွားလာ၍ ငါတော ဒုက္ခရောက်ရမယ် ဆိုင်သူများက ညီးတွားမယ်ဖြစ်သည်၊ မိမိကို
ယ်ကတော့ ဝဋ်ကလွတ်သလိုလို ကိုယ့်ကို ဝဋ်လို့မသိဖြစ်နေသည်၊ မျက်စိကန်းသူကိုမှ ဝဋ်ဖြစ်နေသည်၊ မျက်စိပွင်သူကိုတော့ ဝဋ်ကလွတ်နေ သည်၊ ဘုရားပြောစကားနှင့် အဝေးကြီးဖြစ်နေပါသည်။ မျက်စိရှိ၍ ဝဋ်ဆိုပြီး မျက်စိကို ထုတ်ပစ်ရမယ် ဆိုလိုသည်မဟုတ်ပါ၊ မျက်စိသည် ငါသူမ
ဟုတ် သက်သက် ဝဋ်လိုက်နေသည်လို့ နားလည်ရမယ်ဖြစ်သည်၊ နား နှာခေါင်း လျှာ ကိုယ်သည်လည်း ငါသူမဟုတ် ဝိပါကဝဋ်လိုက်နေပါ သည်။
မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် လုပ်ကိုင်စိတ် ကြံတွေးစိတ်တို့သည် ငါသူမဟုတ် ဝိပါကဝဋ်ကိုရနေသည်၊ အားလုံပေါင်းသော်
မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရုပ်တရား၊ စိတ်သည် နာမ်တရား ရုပ်နာမ်ဖြစ်သည်။ ရုပ်နာမ်ဖြစ်မှုသည် အကျိုးဝိပါကဝဋ်ဖြစ်သည်၊ အကျိုး
ဝိပါကဝဋ်သည် မိခင်ဝမ်းတွင်း ပဋိသန္ဓေနေသည်ကပင် မသေမချင်းထိဖြစ်သည်။ ဝဋ်ကိုကျွတ်လိုလျှင် ဝဋ်ကိုသိအောင်လုပ်ရသည်၊ ဝဋ်ကိုဝဋ်လို့
သိသော် ကမ္မဝဋ် ကျွတ်မယ်ဖြစ်သည်၊ အကြောင်းဝဋ်ကျွတ်သော် အကျိုးဝိပါကဝဋ်လည်း ကျွတ်သွားမယ်ဖြစ်သည်။ အတိတ်က ကိလေသဝဋ် က
မ္မဝဋ်ကြောင့် ဝိပါကဝဋ်ရရှိနေမှုသည် သေတဖန်သက်တဆုံးဖြစ်သည်၊ ထို့ကြောင့် ခလေးကအစ ဇရာအိုထိ ကိုယ့်ခန္ဓာနှင့်ကိုယ် ကိုယ့်ဝဋ်နှင့် ကိုယ်ဖြစ်သည်။
ခန္ဓာမှာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ရှိသည်ဖြစ်၍ ဝဋ်ဖြစ်သည်၊ ဘုရားနှင့်ရဟန္တာ၌ ကိလေသဝဋ်နှင့် ကမ္မဝဋ်မရှိ ဝိပါကဝဋ်ရှိပါ သည်၊ ကိလေသဝဋ်နှင့် ကမဝ္မဋ်သည် တရားကိုလုပ်၍ ငြိမ်းသွားပြီဖြစ်သည်၊ ပရိနိဗ္ဗာန်စံသော် ဝိပါကဝဋ်လည်း ငြိမ်းသွားမယ်ဖြစ်သည်၊ ထိုအခါ
ဝဋ်သုံးပါးငြိမ်းရာ နိဗ္ဗာန်ထွက်ပါသည်။ ငါရို့သည် ဝိပါကဝဋ်ကိုရရှိနေပြီး တရားကိုမလုပ်ဘဲ ဝိပါကဝဋ်နှင့် ကမ္မဝဋ်ကိုချည်း သေတဖန်သက်တဆုံး
မြင်လိုချင် ကြားလိုချင် လုပ်နေသည်၊ နဂိုဝိပါကဝဋ်ကို ဝဋ်လို့မသိဘဲလုပ်နေသည်၊ ဝဋ်ကို ဝဋ်လို့မသိသည်က အဝိဇ္ဇာ၊ လိုချင်သည်က တဏှာ၊ ကိ
လေသဝဋ်ဖြစ်ပါသည်။
ခန္ဓာငါးပါးမှာ ဝိပါကဝဋ်လို့မသိသော အဝိဇ္ဇာရှိနေသည်ဖြစ်၍ လိုချင်မှု စွဲလမ်းမှု တဏှာ ဥပါဒါန်နှင့် အဝိဇ္ဖာသည် ပေါင်းမှန်းမသိ ပေါင်းသွား
သည်၊ အဝိဇ္ဇာနှင့်ပေါင်းသော် အပရန္တစက်၌ တဏှာ ဥပါဒါန်နှစ်ပါးသည် ကိလေသဝဋ်ဖြစ်သည်၊ ထိုသို့ဖြစ်သော် အဝိဇ္ဇာ တဏှာ ဥပါဒါန်သုံးပါး
သည် ကိလေသဝဋ်သုံးပါးဖြစ်သည်။ ကိလေသဝဋ်သုံးပါးသည် ပုဗ္ဗန္တစက်နှင့် အပရန္တစက်ကို ဆက်သွားသည်ဖြစ်၍ ထွက်လမ်းပိတ်သွားသည်၊
တရားကိုမလုပ်လျှင် ထွက်၍မရနိုင်ဖြစ်သည်။ ဝေဒနာမှ တဏှာကိုကျော်လျှင် ထွက်၍မရဖြစ်သည်၊ တဏှာကိုမကျော်နိုင်အောင် နံပါတ်နှစ်အကွ
က် လက်ရှိခန္ဓာ၌ တရားလုပ်မှ အငြိမ်းဓာတ်ရသည်ကို ဘုရားပွင့်လာ၍ သိခွင့်ရပါသည်။
ခန္ဓာရနေမှုသည် သက်သက် ဝဋ်ဒုက္ခကြီးလို့ နားလည်ရမယ်ဖြစ်သည်၊ ဝဋ်ဒုက္ခဖြစ်ရခြင်းသည် ရုပ်နာမ်ဖြစ်ပျက်နေ၍ဖြစ်သည်၊ ရုပ်နာမ်ခန္ဓာ
ရှိနေ၍ မယူရပါ၊ ရုပ်နာမ်ခန္ဓာရှိနေ၍ ယူသူသည် တရားကို မကြားဖူးသူ အယူဖြစ်သည်။ ဖြစ်ပျက်နေသည်ကို မြင်အောင်ကြည့်ရသည်၊ ဖြစ် ပျက်နေသည်ကိုမြင်သော် ကိလေသဝဋ် တဏှာ ဥပါဒါန်ပြုတ်သည်၊ ကိလေသဝဋ်ပြုတ်သော် ကမ္မဝဋ်ပြုတ်သည်၊ ကမ္မဝဋ်ပြုတ်သော် ဝိပါကဝဋ်
လည်း ပြုတ်ပါသည်၊ ထိုအခါ ဝဋ်သုံးပါးငြိမ်းရာ နိဗ္ဗာန်ထွက်ပါသည်။ ယခု အချိန်စေ့၍ တရားထိုင်ကြရအောင်။